fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Boyz 4 (2023) ⭐IMDB: 7.1/10 (84 Votes) 🎬 #Bollywood #Comedy 🗓 2023 🎞 movie 🌎 #India #UnitedKingdom ⏰ 2 နာရီ 10 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Boyz 4 (2023) “ကျွတ်ပလွတ် တသိုက်”IMDb- 7.2/10 Boyz franchiseရဲ့ လေးကားမြောက်ထွက်ရှိလာပါပြီ။ငရှုပ်ကောင်တွေ ဒီထဲမှာလည်း လူငယ်သဘာ၀ ဘယ်လိုတွေမွှေကြမလဲဆိုတာ ရိုက်ကူးတင်ဆက်ထားပါတယ်။ တစ်နှစ်ပတ်လုံး စာတကုပ်ကုပ်ကြိုးစားခဲ့တဲ့ ကဘီးရ်တစ်ယောက် စာမေးပွဲအောင်စာရင်းထွက်လာတော့ဘာစာမှမလုပ်တဲ့ ဒွန်ဂါနဲ့ ဒိုင်ယာဆိုတဲ့ငမွေထိုးနှစ်ကောင်ရဲ့နောက်မှာရောက်နေရော။ဘာမှကောင်းကျိုးမပေးတဲ့ကောင်တွေဆိုပြီး သူငယ်ချင်းအဖြစ်ကရပ်စဲပြီး လန်ဒန်ကိုထွက်သွားတယ်။ဒွန်ဂါနဲ့ ဒိုင်ယာကလည်း တက်မရှိလက်နဲ့လှော်မယ်ဆိုတဲ့ကောင်တွေ။ မရ ရတဲ့နည်းနဲ့လန်ဒန်ကို လိုက်သွားကြတယ်။ ကဘီးရ်တစ်ယောက် လန်ဒန်မှာ ကူနယ်လ်ဆိုတဲ့ကောလိပ်ကလူဆိုးဗိုလ်နဲ့ ဘော်ဒါတွေဖြစ်နေပြီးကူနယ်လ်ဆိုတဲ့ကောင်ကလည်း သူ့ကိုယ်သူ အိန္ဒိယသားဖြစ်နေတာကြီးကို မုန်းတဲ့ကောင်။ဖြစ်ချင်တော့ မမြင်ချင် မခင်ချင်လို့မှ ထွက်သွားတဲ့ ကဘီးရ်တစ်ယောက်ဒွန်ဂါနဲ့ဒိုင်ယာဆိုတဲ့ ငရှုပ်နှစ်ကောင်နဲ့ တစ်ကျောင်းထဲ အတူတူတက်ရတဲ့အခါ…။ဒွန်ဂါနဲ့ ဒိုင်ယာကလည်း ကူနယ်လ်နဲ့ဘော်ဒါတွေဖြစ်သွားပြီး ကူနယ်လ်က သူတို့သုံးကောင်ကိုသူ့ရှော်တီလေး ဂရေ့စ်နဲ့မိတ်ဆက်ပေးတဲ့အခါမှာတော့ အဲဒီဂရေ့စ်ဆိုတဲ့ ဆော်လေးကကဘီးရ်ရဲ့ အချစ်ဦးဖြစ်နေခဲ့တဲ့အခါ…။ကျောင်းတော်ကြီးမှာ ဘယ်လိုတွေမွှေကြနှောက်ကြ ပြဿနာတွေရှာကြမလဲဆိုတာကို ကြည့်ရှုကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Samara (2023) ⭐IMDB: 8.1/10 (263 Votes) 🎬 #Bollywood #SciFi #Thriller #ScienceFiction 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 56 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Samara (2023) “ဇာတ်ရှုပ်”===================== IMDb 8.6 အန်တိုနီဆိုတဲ့ ရဲအရာရှိဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ အစွန်အဖျားဒေသကမြို့လေးတစ်မြို့ကို တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီမြို့လေးမှာ လူတွေဟာ ထူးဆန်းတဲ့ပုံစံနဲ့ တစ်ယောက်ပြီးတစ်ယောက် သေနေပါတယ်။အန်တိုနီဟာ အဲဒီ လူတွေသေနေရတဲ့အကြောင်းအရင်းကို ဖြေရှင်းဖို့ကြိုးစားရာကနေဇီဝစစ်ပွဲဖြစ်လာနိုင်တဲ့ နောက်ကွယ်ကကိစ္စတွေကို ဖော်ထုတ်မိကုန်ပါတော့တယ်။ ဒီ Samara ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ Charles Joseph ရဲ့ ပွဲဦးထွက် သိပ္ပံစိတ်ကူးယဉ်သည်းထိတ်ရင်ဖိုရုပ်ရှင်ပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေကပရိသတ်တွေအတွက် အမြင်စိမ်းနေနိုင်ပေမဲ့ ဇာတ်လမ်းက စပိုင်ဇာတ်လမ်းဆန်ဆန်နဲ့ဇာတ်အိမ်ခိုင်တဲ့အတွက် ပရိသတ်တွေ သဘောကျနိုင်မယ့် ရုပ်ရှင်လေးတစ်ခုပါပဲ…။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, V, BpL နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Aarya 2 (2009) ⭐TMDB: 68.0% User Score 🎬 #Action #Bollywood #Comedy #Romance 🗓 2009 🎞 movie 🌎 #India ⏰ 2 နာရီ 37 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Arya 2 (2009) “သုံးပွင့်ဆိုင်” အာလူးအာဂျွန်ရဲ့ လူကြိုက်များပြီး IMDb 7.4 rotten tomatoes 83%လို ratingကောင်းတွေပိုင်ဆိုင်ထားတဲ့old but gold ရုပ်ရှင်လေးတစ်ကားကို Bollywood ချစ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြန်ပါပြီ။ ဒီမှာတော့ ဇာတ်လိုက်ကျော်ကြီးအာလူးအာဂျွန်ကို လုံးဝကွဲထွက်နေတဲ့ ကာရိုက်တာ 2 ခုအနေနဲ့ မြင်တွေ့ရမှာပါ။ မိဘမဲ့ကျောင်းလေးတစ်ခုမှာ ငယ်စဉ်ကတည်းက ဉာဏ်များလွန်းပြီး toxicတဲ့ အာရ်ယာဆိုတဲ့ကောင်လေးဟာ မထုံတတ်တေး အဂျေးဆိုတဲ့ကောင်လေးကိုပီကေတစ်ခုနဲ့ မရမကအကွက်ဆင်ပြီး သူငယ်ချင်းလုပ်ပြီး ကပ်နေလိုက်ပါတယ်။ မအူမလည်နဲ့ခံလိုက်ရတာပေမဲ့ အဂျေးကတော့ အာရ်ယာကိုကွေ့ပတ်ရှောင်လေ ပြေးမလွတ်လေမလို့ အခွင့်ကောင်းစောင့်ပြီးပြေးဖို့ချောင်းနေတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာသူတို့နှစ်ယောက်ထဲက တစ်ယောက်က ချမ်းသာတဲ့အိမ်မှာ မွေးစားခံရဖို့ဖြစ်လာချိန်မှာ အာရ်ယာတစ်ယောက်အဂျေးကိုသွားခွင့်ပေးလိုက်ပြီး သူကတော့ကျန်နေရစ်ပါတယ်။ ‌အဂျေးကတော့ အာရ်ယာလက်ကလွတ်ပြီဆိုတဲ့အတွေးနဲ့ မွေးစားခံလိုက်တာပေါ့။ ဒါပေမဲ့ ကိုယ်စီအရွယ်ရောက်လာချိန်မှာတော့ အဂျေးဆီကို ပြဿနာတစ်ခုနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အာရ်ယာ၊ နဂိုထဲကမှ ပြဿနာရှာတတ်မကောင်းတာအစုံတတ်တဲ့လူမိုက်ဆန်ဆန်အာရ်ယာတစ်ယောက် ဘွားခနဲပြန်ပေါ်လာချိန်မှာ အဂျေးတစ်ယောက် ခေါင်းကိုက်ရပြန်ပေမဲ့ ထုံးစံအတိုင်းပဲရှောင်မရတာမလို့ သူ့ကုမ္ပဏီမှာ အလုပ်ခန့်လိုက်ရပြန်ပါတယ်။ ဒါပေမဲ့ အာရ်ယာမကောင်းတာကို သက်သေပြနိုင်ရင် အလုပ်ထုတ်မယ်ဆိုတဲ့ကတိနဲ့ပါ။ အဂျေးနားကပ်ရရေးတို့အရေးဆိုတဲ့ အာရ်ယာတစ်‌ယောက် Mr. perfectမျက်နှာဖုံးနဲ့ ရုံးမှာလူတိုင်းလေးစားအားကျရတဲ့စံပြလုပ်သား ကိုပြည့်စုံလွန်းဂိုက်ဖမ်းပါတော့တယ်။ဒီလိုနဲ့ ဒီကြောင်နဲ့ကြွက်သူငယ်ချင်းနှစ်ယောက်ကြားထဲ ဂီသာဆိုတဲ့မိန်းမလှလေးရောက်လာချိန်မှာတော့ ကိုပြည့်စုံလွန်းမျက်နှာဖုံးအောက်က အာရ်ယာတစ်ယောက်ဗီဇလေးတွေပေါ်လာပါတော့တယ်။ ဒီ 3 ယောက်ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေး ဘာဆက်ဖြစ်မလဲဆိုတာကတော့ အားလုံးအတူကြည့်ရှုလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Territory (2023) ⭐IMDB: 7.9/10 (29 Votes) 🎬 #Bollywood #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 50 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Territory (2023) “စားကျက်”IMDb – 8.2/10 လူသားစားတဲ့ ကျား၊ တရားမဝင်အမဲလိုက်တဲ့သူတွေ၊အစိုးရဝန်ထမ်းတွေရယ်နဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာ။ဘေးပတ်ဝန်းကျင်မှာလည်း ရွာငယ်လေးတွေရှိပေမယ့်အဆုံးမရှိတဲ့တောနက်ကြီးလွှမ်းခြုံထားပြီး အဲဒီရွာလေးဘေးမှာတော့ ကျားတွေကျက်စားပါတယ်။ခန့်မှန်းခြေ ကျားပေါင်း သုံးဆယ်ကျော်ရှိပြီး ကျားတစ်ကောင်ရဲ့ စားကျက်က၃၈မိုင်ပတ်လည် ဝန်းကျင်လောက်ရှိပါတယ်။ ဒီကျားတွေထဲကမှ လူတွေကိုရန်ပြုစားသောက်တဲ့ ကျားတစ်ကောင်ပေါ်လာတဲ့အခါ…။ဘေးမဲ့ပေးထားတဲ့ ကျားတွေကို တရားမဝင်သတ်ဖြတ်အမဲလိုက်နေတဲ့ ဘယ်ကမှန်းမသိတဲ့မုဆိုးတွေရောက်လာတဲ့အခါ…။ တောခေါင်းတွေ လိုက်လံစုံစမ်းနေတဲ့ကြားကမှ အထက်တရားရုံးချုပ်ကနေ စီဘီအိုင်အရာရှိတစ်ဦးကိုကျားတွေသတ်ခံနေရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်တဲ့အခါ…။သူတို့တွေရဲ့ စားကျက်လုကြပုံကို တောတွင်းအလှတွေနဲ့ ရှုမြင်ခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Toro (2016) ⭐IMDB: 5.9/10 (3 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2016 🎞 movie 🌎 #Spain #France ⏰ 1 နာရီ 46 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Action၊ crime movieလေးကိုမှ ညီအစ်ကိုကြားသံယောဇဥ်တွေကိုပါ မြင်တွေ့ရမယ့် စပိန်မူဗီလေးပါ…။ တိုရိုဆိုတာကတော့ ညီအစ်ကိုသုံးယောက်မှာ အငယ်ဆုံးဖြစ်ပြီး မူးယစ်ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အားထားရတဲ့ ညာလက်ရုံးဖြစ်ပါတယ်…။ တိုရိုတို့ညီအစ်ကိုသုံးယောက်ဟာ ဒုစရိုက်မှုတွေသာလုပ်နေရပေမယ့် အေးအတူပူအမျှဆိုတဲ့အတိုင်း ညီအစ်ကိုအချင်းချင်း ဖေးဖေးမမရှိကြသူတွေပါ…။ တစ်ရက်မှာတော့ တိုရိုဟာဒီလိုဒုစရိုက်အမှုတွေပဲလုပ်နေရတာ ငြီးငွေ့လာတဲ့နောက် ဒီအလုပ်ကနားဖို့သူ့သူဌေးကိုပြောပါတယ်…။ သူ့သူဌေးကလည်းလက်ခံလိုက်ပြီး နောက်ဆုံးအကြိမ်အဖြစ်အလုပ်တစ်ခု ခိုင်းလိုက်ပါတော့တယ်….။ ကံဆိုးချင်တော့ ဒီနောက်ဆုံးအလုပ်မှာမှ ရဲတွေနဲ့ပက်ပင်းတိုးလာတဲ့အခါ….။ တိုရိုတို့ညီအစ်ကိုသုံးယောက် ရဲလက်ကထွက်ပြေးနိုင်ပါ့မလား…. ထွက်ပြေးရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ John Wickဆန်ဆန် Transporterဆန်ဆန်အက်ရှင်ခန်းတွေနဲ့အတူ ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ...

Thunder (2022) ⭐IMDB: 6.4/10 (209 Votes) 🎬 #Drama #History 🗓 2022 🎞 movie 🌎 #Switzerland ⏰ 1 နာရီ 29 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Thunder (2022) ~ IMDb – 6.5/10, Rotten Tomatoes – 100% ~ 2022 မှာ ထွက်ရှိထားပြီး Awards ​တွေလည်း အများကြီးရထားတဲ့ Thunder ဆိုတဲ့ Swiss ဒရာမာကား​လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မိသားစုအ​ခြေအ​နေကို ​ဖြေရှင်းဖို့ မယ်သီလရှင်​ကျောင်းမှာနေနေရင်း နှစ်အ​တော်ကြာ မိသားစုနဲ့ကွာ​ဝေး​နေတဲ့ အယ်လီဇဘတ်တစ်​ယောက် ရုတ်တရက် အမ ​သေဆုံးမှု​ကြောင့် အိမ်ကိုပြန်လာခဲ့ရပါတယ်။ ရွာကိုပြန်​ရောက်​တော့ ငယ်သူငယ်ချင်း ၃​ယောက်နဲ့ ပြန်လည်​​ပေါင်းစည်းမိပြီး သူ့အမရဲ့ ထူးဆန်းတဲ့ ​သေဆုံးမှု​​နောက်ကိုလိုက်ရင်း သူမရဲ့ ဆန္ဒ​တွေ ခံယူချက်​တွေအ​ပေါ်ထားတဲ့ စိတ်ကလည်း ​ပြောင်းလဲသွားခဲ့ပါတယ်။ ရွာရဲ့ဓ​လေ့ရိုးရာစည်းကမ်း​တွေကလည်း မွန်းကြပ်စရာ​ကောင်းတာ​ကြောင့် အယ်လီဇဘတ်တစ်​ယောက် တစ်ကိုယ်‌တော်စွန့်စားပုံ​​လေးကို ရိုက်ပြထားတဲ့ ဒရာမာကား​ကောင်း​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...

Manodrome (2023) ⭐IMDB: 4.9/10 (925 Votes) 🎬 #Drama #Thriller #Mystery 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Manodrome (2023) အာဖရိက အကယ်ဒမီမှာ Best Film ဆုရဖူးတဲ့ တောင်အာဖရိကဒါရိုက်တာ John Trengove ရဲ့ ဟောလိဝုဒ်ဘက်မှာ ပထမဆုံးရိုက်တဲ့ရုပ်ရှင်ပါ။ ထုံးစံအတိုင်း မိန်းစထွင်းမ်တက်ရိုက်တဲ့ ဘဲတွေရဲ့ အထာအတိုင်း ပျော့ကွက်လေးတွေရှိသွားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က မင်းသားတွေက Jesse Eisenberg နဲ့ Adrien Brody တို့လို တကယ့်ထိတ်ထိတ်ကြဲတွေ။ ဇာတ်ကလည်း သိပ်အားရစရာတော့ ရှိမနေပေမဲ့ သူတို့ဘာလို့ ဝင်သရုပ်ဆောင်လဲဆိုတာကတော့ ပဟေဠိပဲ။ အိုင်ဆန်ဘတ်အတွက်ကတော့ တန်တယ်လို့ပြောရမယ်။ ဒီရုပ်ရှင်ကတော့ ပြီးခဲ့တဲ့နှစ်က သူရိုက်ခဲ့တဲ့ကားလောက် ကောင်းမနေပေမဲ့ ဝေဖန်ရေးသမားတွေကတော့ အိုင်ဆန်ဘတ်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အများကြီး ချီးကျူးထားကြတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း အိုင်ဆန်ဘတ် စကေးအပြထားဆုံးရုပ်ရှင်လို့တောင် ဆိုကြတယ်။ ဇာတ်က Psychological Thriller ဆန်ဆန်သွားထားတော့ ဒိသွားရင်လည်း မတရားဒိမယ့်ဇာတ်၊ အခုတော့ အလှမ်းကျယ် အလယ်လပ်လောက်ဖြစ်သွားပေမဲ့ သရုပ်ဆောင်တွေရဲ့ ဝိတ်နဲ့ မဆိုးလှတဲ့ အနေတစ်ခုရောက်သွားတယ်။ ဘာလင် အင်တာနေရှင်နယ် ရုပ်ရှင်ပွဲတော်မှာလည်း ပြခဲ့သေးတယ်။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Taxi Driver နဲ့ ယှဉ်ပြောကြတယ်။ ဇာတ်လမ်းကတော့ အဖေမဲ့ကြီးပျင်းလာပြီး ဘဝဒဏ်ကိုမျိုးစုံခံခဲ့ရတဲ့ ကောင်လေးဟာ အလုပ်ကပြုတ်ပြီး တက္ကစီသမားလုပ်နေတယ်။ သူ့မိန်းမကလည်း နေ့စေ့လစေ့ကလေးမွေးတော့မှာဖြစ်သလို ကလေးပစ္စည်းတွေရဲ့ ကုန်ဈေးနှုန်းကလည်းကြီး သူ့ဝင်ငွေကလည်းသိပ်မရှိတော့ ဒုက္ခအတိနဲ့ ဘဝကြီးထဲ ထွက်ပေါက်မဲ့နေတဲ့ လူပေါ့။ ဒီနောက် ကူကယ်ရာမဲ့ဖြစ်နေတဲ့ သူ့ဘဝထဲ ကယ်တင်ရှင်လိုလို အသင်းအဖွဲ့တစ်ခုနဲ့ တိုးတယ်။ ဒီအဖွဲ့ကလည်း စားတော့စားတယ်။ အဖွဲ့ဝင်အကုန်လုံးက မိန်းမတွေကလေးတွေကိုအပြီးအပိုင်ပစ်ပြီး ပျော်ပျော်ကြီးလာပျော်ပါးနေကြတဲ့လူတွေ။ အဲဒီလူတွေက သူ့ကို ဒီအဖွဲ့ထဲသွင်းဖို့ကြံကြတယ်။ သူလည်း စိတ်မပါတပါဖြစ်နေရာကနေ သူ့မိန်းမဆီက လေးစားမှုလည်းမရတော့တဲ့နောက် စိတ်ကပါလာတယ်။ အဲဒီနောက် သူနဲ့အဲဒီအဖွဲ့နဲ့ သူ့မိန်းမကြားက စိတ္တဇဆန်ဆန်အဖြစ်တွေကို ဂျက်စီကာအိုင်ဆန်ဘတ်ရဲ့ အားလုံးသိပြီးသား သရုပ်ဆောင်စကေးနဲ့ ခင်းကျင်းပြသွားတဲ့ကားတစ်ကားပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...

Fumiko's Legs (2018) ⭐IMDB: 5.0/10 (130 Votes) 🎬 #Adult #Asian #Drama 🗓 2018 🎞 movie 🌎 #Japan ⏰ 1 နာရီ 22 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားကို ခေါင်းစဉ်တပ်ရရင် “စွဲလန်းကြသူများ”လို့ရေးလို့ရမယ်ထင်တယ်။ဘာတွေများစွဲလန်းနေကြတာလဲဆိုတော့ ခြေထောက်တဲ့။ဟုတ်ပါတယ်… စာပြန်ဖတ်မနေပါနဲ့ ခြေထောက်ကိုစွဲလန်းကြတာပါ။ယောကျ်ားလေးတွေအများကြီး ချဉ်းကပ်တာကိုခံရတဲ့ ဖူမီကိုကသူ့ခြေထောက်ကိုပဲ စွဲလန်းကြမှန်းသိတော့ တကယ်စိတ်ရှုပ်ခဲ့ရတာပေါ့… ဖူမီကိုက မိသားစုကံမကောင်းပါဘူး။ အမေကလည်း အမေကောင်းမပီသတဲ့အပြင်သူ့ခန္ဓာကိုယ်ကိုပါရောင်းစားဖို့ အမြဲလုပ်နေတာပါ။ ဒီလိုနဲ့ အသက် ၇၀ အရွယ်ရှိတဲ့ဆူကာဂိုရှီအဘိုးအိုတစ်ဦးနဲ့ ဖူမီကို ဆုံမိပါတော့တယ်။ ဆူကာဂိုရှီက အနုပညာကိုရူးသွပ်ပြီး ဖူမီကိုရဲ့ခြေထောက်က အနုပညာပဲဆိုပြီးချဉ်းကပ်ပါတော့တယ်။ကင်ဆာရောဂါနဲ့မကြာခင်သေရတော့မှာမို့ သူ့ဘေးနားမှာ ခြေထောက်လေးနဲ့ပဲ ပြုစုပေးပါ…အမွေတွေအကုန်ပေးပါမယ်လို့ပြောတာနဲ့ ဖူမီကိုလည်း လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဆူကာဂိုရှီက ပိုပိုပြီးကျန်းမာလာတော့ ဖူမီကိုတစ်ယောက်လည်း ပိုပိုပြီးနေရခက်လာပါတယ်။အိမ်ကြီးတစ်လုံးတည်းမှာ သေမလိုဖြစ်ပြီးမှ ကျန်းမာရေးဇွတ်ကောင်းနေတဲ့ ဆူကာဂိုရှီရယ် သူ့တူရယ် ဖူမီကိုရယ်သုံးယောက်စုံကြတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲ? ဆွဲဆောင်မှုရှိတဲ့ခြေထောက်တစ်စုံကလူတွေကို ဘယ်လောက်တောင် ရူးသွပ်သွားစေလဲဆိုတာ ကြည့်လိုက်ပါတော့နော်…. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ...

Bhoothnath Returns (2014) ⭐IMDB: 6.6/10 (6 k Votes) 🎬 #Bollywood #Comedy #Drama #Fantasy 🗓 2014 🎞 movie 🌎 #India ⏰ 2 နာရီ 32 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bhoothnath Returns (2014)*************************ဒီဇာတ်ကားလေးကတော့ 2008က ထွက်ရှိထားတဲ့Bhoothnathဆိုတဲ့ ဇာတ်ကားရဲ့ အဆက် Comedy/Dramaအမျိုးအစား ဟင်ဒီဇာတ်ကားတစ်ကားဖြစ်ပြီးIMDb ratingကလည်း 6.6အထိ ရရှိထားပါတယ်။ Bhoothnath 2008ထဲမှာဆိုရင် ဘူးသ်နားသ်ဟာကလေးတစ်ယောက်ကို ခြောက်ပေမဲ့ အဲ့ကလေးကမကြောက်ခဲ့တာကြောင့် ကလေးတစ်ယောက်ကိုတောင်ကြောက်အော်မခြောက်နိုင်ဘူး ဆိုပြီး တခြားသရဲတွေကလှော်ပြောင်သရော်ကြပါလေရော။ အဲ့လိုနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ရာကမ္ဘာမြေကို ပြန်လည်ဆင်းသက်ပြီး သရဲအဖြစ် ပြန်လည်ခြောက်လှန့်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ဒီလိုနဲ့ ကမ္ဘာမြေကို ရောက်လာပြီးတော့ အက္ကရူးသ်ဆိုတဲ့ ကောင်လေးကို ခြောက်လှန့်ခဲ့ပေမယ့် အက္ကရူးသ်ကမကြောက်ခဲ့ပဲဘူးသ်နားသ်နဲ့ သူငယ်‌ချင်းတောင်ဖြစ်သွားကြပြီး သရဲခြောက်ပါတယ်ဆိုပြီးနာမည်ကြီးတဲ့နေရာတွေမှာ ဆက်မခြောက်တော့အောင် နှစ်ယောက်သားလိုက်လံကူညီကြပြီး အခအကြေးငွေကြေးတွေလည်း ရလာပါတော့တယ်။ တစ်နေ့မှာတော့ ဘောင်းဝ်ဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်ကသူ့ရဲ့ ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ ရှိနေတဲ့ သရဲကိုရှင်းထုတ်ပေးနိုင်ရင် ရူပီ သိန်း၂၀ ပေးမယ်လို့ ကမ်းလှမ်းလာရာမှာတော့… ဘယ်လို အရှုပ်အထွေးတွေနဲ့ ဆက်လက် ကြုံတွေ့ကြရမလဲ… ဘူးသ်နားသ်တို့အဖွဲ့ သရဲကို ရှင်းထုတ်နိုင်မှာလား… ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြရမလဲ…ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့… ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Brave Citizen (2023) ⭐IMDB: 8.7/10 (55 Votes) 🎬 #Action #Comedy #Drama 🗓 2023 🎞 movie 🌎 #Korea #SouthKorea ⏰ 1 နာရီ 53 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Brave Citizen 2023 အိုလံပစ်ချန်ပီယံလောင်းဖြစ်ခဲ့ပေမယ့် ပြဿနာတစ်ခုကြောင့် အားကစားလောကကနေ နှုတ်ထွက်လိုက်တဲ့ ဆိုရှီမင်(Shin Hye Sun) ဟာမူယောင်းအထက်တန်းကျောင်းမှာ အချိန်ပိုင်းစာရိတ္တဆရာမအနေနဲ့ ခက်ခက်ခဲခဲအလုပ်ရခဲ့ပါတယ်။ ကျောင်းမှာလည်း မိဘကျောထောက်နောက်ခံနဲ့ ဆိုးချင်တိုင်းဆိုး ရမ်းကားချင်တိုင်းရမ်းကားလွန်းတာကြောင့်ဆရာတွေပါမကျန် တစ်ကျောင်းလုံးရဲ့ ရွံကြောက်ဖြစ်နေတဲ့ ကျောင်းသားဟန်ဆူဂန်းတို့အဖွဲ့က အနိုင့်ကျင့်စိုးမိုးနေတာပါ။ အချိန်ပြည့်ဆရာမဖြစ်ဖို့အတွက် ကျောင်းမှာဖြစ်နေတဲ့ မတရားမှုတွေအကုန်လုံးကိုမျက်စိကိုမှိတ် နားကိုပိတ်ပြီး မသိချင်ယောင်ဆောင်ဖို့ပဲ ဆုံးဖြတ်ခဲ့ပေမယ့်ကိစ္စတစ်ခုကြောင့် ဟန်ဆူဂန်းနဲ့ ထိပ်တိုက်တိုးမိသွားတဲ့အခါ. . . . . ဆရာမဆိုဂျီမင်တစ်ယောက် တကယ်ပဲ မတရားမှုကိုမသိချင်ယောင်ဆောင်သွားနိုင်မလားအချိန်ပြည့်ဆရာမဖြစ်လာနိုင်ပါ့မလားဆိုတာကတော့. . . . . ပရိသတ်တွေရဲ့အချစ်တော် မာမားနဲ့ အထိန်းတော်ကြီးတို့ရဲ့ နှစ်ယောက်တွဲအမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ဗီလိန်အချောလေးရဲ့ visual ကိုပါ တစ်ချက်ခုတ်နှစ်ချက်ပြတ်ရှုစားနိုင်မယ့် ဇာတ်ကားလေးဖြစ်တာကြောင့် CM ကနေ ခုပဲကြည့်ရှုအားပေးလိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ThantSiinပဲ ဖြစ်ပါတယ်။...

Bhoothnath (2008) ⭐TMDB: 61.0% User Score 🎬 #Bollywood #Comedy #Drama #Fantasy #Family #Horror 🗓 2008 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Boothnath(2008)IMDb – 6.4/10 ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဟောလီးဝုဒ်ရဲ့နာမည်ကျော်တွေဖြစ်တဲ့အမီတာဘဂျမ်း၊ရှာရွတ်ခန်းနဲ့ဂျုဟီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့Boothnathဆိုတဲ့ ဟာသသရဲကားပဲဖြစ်ပါတယ် အိမ်ကြီးတစ်အိမ်ကိုပြောင်းလာကြတဲ့ အာဒိတျတို့မိသားစုမှာ အာဒိတျဟာအလုပ်ကိစ္စကြောင့်ခရီးထွက်သွားချိန်မှာတော့ ထိုအိမ်မှာဇနီးဖြစ်သူအန်ဂျလီနဲ့သားဖြစ်သူဘန်ကူးတို့သာ ကျန်ခဲ့ပါတော့တယ်တစ်ညမှာတော့ဘန်ကူးဟာ ရေခဲမုန့်ဆင်းစားရင်း သရဲဖြစ်သူနာသ်နဲ့ စတင်တွေ့ဆုံချိန်မှ‌တော့သရဲနဲ့ကလေး သူတို့နှစ်ယောက်ဘယ်လိုတွေဆက်ဖြစ်ကြမလဲ နာသ်ဆိုတဲ့သရဲရဲ့နောက်ကွယ်မှာရောဘယ်လိုဇာတ်လမ်းတွေရှိခဲ့မလဲဆိုတာ ဟာသဇာတ်နှောကာခံစားချက်အပြည့်နဲ့ ကြည့်ရှု့ကြရမှာဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Khin Khinဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

The Sea of Trees (2015) ⭐IMDB: 6.1/10 (17 k Votes) 🎬 #Drama #Fantasy #Mystery #Thriller 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ချစ်ရတဲ့သူ့ကို ချစ်လို့ရတုန်းမှာ အစွမ်းကုန် ချစ်ပေးဖို့ ပြောကြတာဟာ ဆုံးရှုံးလိုက်ရသူတွေရဲ့ ရင်နဲ့ရင်းပြီးပြောခဲ့ကြတဲ့ စကားပါပဲ။ အချစ်တွေနဲ့ ထူထောင်ထားတဲ့ အိမ်ထောင်တစ်ခုဟာ အချိန်တစ်ခုကြာမြင့်လာတဲ့အခါ နွေးထွေးတွေ ချစ်ခြင်းတွေအစား၊ အေးစက်တဲ့ ချစ်ခြင်းတွေကသာ အစားထိုး ဝင်ရောက်လာခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားကို ပြော၊ မပြော စဉ်းစားတွေဝေနေစရာမလိုအောင်လို့ဆိုပြီး သိသာသိစေထ မမြင်စေနဲ့ ဆိုတဲ့ အခြေအနေနဲ့ပဲ အသေးစိတ်လေးတွေအစ ဖြည့်ဆည်းပေးနေတဲ့ အချစ်ရေးတစ်ခုဟာ ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲ တွေးမိဖူးလား။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့က အာအိုခီကာဟာရာဆိုတဲ့တောင်ဟာ ကမ္ဘာအနှံ့အပြားက ဆူဆိုက်လုပ်လိုသူတွေ လာကြတဲ့ နေရာတစ်ခုပဲဖြစ်တယ်။ အမေရိကန်သား အာသာဘာနန်ဟာလဲ အဲအကြောင်းရင်းနဲ့ပဲ အာအိုခီကာဟာရာတောင်ကို ရောက်လာခဲ့တယ်။ တောင်ထဲရောက်ရောက်ချင်းပဲ လမ်းပျောက်နေတဲ့ ဂျပန်လူမျိုး တခုမီ နာခါမူရာ နဲ့ တွေ့ခဲ့ပြီး နှစ်ယောက်စလုံး လမ်းပျောက်သွားခဲ့တယ်။ အေးစက်စက်တောင်ကြီးထဲ မိုးပါရွာလို့၊ ဒီလိုအခြေအနေအောက်မှာ နှစ်ယောက်သား အချင်းချင်းရိုင်းပင်းရင်း ထွက်လမ်းကို အတူတူရှာခဲ့တယ်။ တခုမီက ပြောခဲ့တယ်။ “ချစ်ရတဲ့သူတွေနဲ့ အနီးစပ်ဆုံးအချိန်က ကျုပ်တို့ဘဝရဲ့ အမှောင်မိုက်ဆုံးသောအချိန်တွေမှာပဲ။ သေဆုံးသွားခဲ့ပြီးသားသူတွေတောင်မှ” တဲ့။ တခုမီက ပြောခဲ့တယ်။ “ဝိဉာဉ်တစ်ခု ဖြတ်သွားရင် အဲနေရာမှာ ပန်းပွင့်တယ်လို့ ပြောကြတယ်” တဲ့။ တခုမီကို ခြုံပေးခဲ့တဲ့ သူ့ဂျာကင်အောက်က ပင်လေးတစ်ပွင့်။ ဇနီးဖြစ်သူက ‌သူ့ကို မေးခဲ့တယ်။ “ကျွန်မ အကြိုက်ဆုံး အရောင်ကို သိလား၊ ကျွန်မ အကြိုက်ဆုံး ရာသီဥတုကို သိလား” တဲ့။ တခုမီက ပြောခဲ့တယ်။ “သူ့မှာ မိသားစုရှိတယ်။ သူ့မိန်းမနာမည်က ခီရို၊ သမီးလေးနာမည်က ဖူရူ”တဲ့ အဓိပ္ပါယ်ကတော့ အဝါရောင်နဲ့ ဆောင်းရာသီတဲ့။ အားလုံးပဲ ရာသီဥတုအေးမြတဲ့ ညဘက်လေးမှာ တငြိမ့်ငြိမ့်နဲ့ အချစ်တစ်ခုကို ခံစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။...

Bad Cat (2016) ⭐IMDB: 7.0/10 (8 k Votes) 🎬 #Action #Adventure #Animation #Comedy #Fantasy 🗓 2016 🎞 movie 🌎 #Turkey ⏰ 1 နာရီ 23 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက က​လေးကြည့်လို့မရတဲ့ ကာတွန်းဇာတ်ကားပါ။ ၂၀၁၆ခုနှစ်က တူရကီနိုင်ငံက ဖြန့်ချိခဲ့တဲ့ Animationဖြစ်ပြီး IMDb 7နဲ့ RTမှာ 44% ရထားပါတယ်။ ဇာတ်လမ်းက PG 15 ratingဖြစ်ပြီး အ​ဆဲအဆို​တွေ ​အ​တော်သုံးထားပြီး သတ်ဖြတ် တာ​တွေလည်း ပါပါတယ်။ ဇာတ်​ကြောင်းက​တော့ အရက်​သောက် ​ဆေးချ ခိုးဆိုးလုနှိုက် အလုပ်​တွေပဲ အမြဲလုပ်​နေတဲ့ ရှဲရိုဆိုတဲ့​ ကြောင်ဆိုးတစ်​ကောင် တစ်​နေ့မှာ ​ကြောင်မ​လေးတစ်​ကောင်ကို နှာဘူးထဖို့အသွားမှာ ​ကြောင်မ​လေးခမျာ သူ့ရုပ်ရည်မြင်ပြီး လန့်ဖျပ်ထွက်​ပြေးရာမှ ဓါတ်လိုက်​သေဆုံးသွားပါ​တော့တယ်။အဲဒီမှာ ​ကြောင်မ​လေးရဲ့ သခင်နဲ့ ထိပ်တိုက်တိုးပြီး ဘိုင်ဝမ်းဆွဲရာက​နေ သခင်ဖြစ်သူပါ တိုက်​ပေါ်ကပြုတ်ကျ​ပြီး ဦး​နှောက်ပွင့်သေဆုံးသွားပါ​တယ်။ ဒါ​ပေမဲ့ အ​တော်​လေးအစွဲကြီးလှတဲ့ ​ကြောင်မ​​လေးရဲ့သခင်က ​ခေါင်းပွင့်တာ​တောင် ဇွန်ဘီအ​နေနဲ့ပြန်အသက်ဝင်လာပြီး ရှဲရို တစ်​ကောင်ကို လိုက်သတ်ပါ​တော့တယ်။ ဇာတ်လမ်းက​တော့ ခပ်စားစားပါပဲ။ အ​ပြောအဆိုတွေနဲ့ ​အောက်လုံးစကား​တွေကို ရေလည်သုံးထားလို့ က​လေး​တွေကို ပြလို့ရတဲ့ ကာတွန်းကား မဟုတ်တာကို ထပ်​လောင်း​ညွှန်းလိုက်ရပါ​တယ်။...

Girl with a Pearl Earring (2003) ⭐TMDB: 66.0% User Score 🎬 #Biography #Drama #Romance 🗓 2003 🎞 movie 🌎 #UnitedKingdom #Luxembourg #France #Belgium #UnitedStates #UnitedKingdom ⏰ 1 နာရီ 41 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ပရိတ်သတ်ကြီးအတွက် Scarlett Johansson ရဲ့ အရင်က ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB 6.9/10, Rt 73 % ရရှိထားတဲ့ Romance/Drama ကားလေးဖြစ်ပြီး မင်းသမီး Scarlett Johansson၊ မင်းသား Colin Firth (Kingsman: Secret Service/ Pride and Prejudice) နဲ့ မင်းသား Cillian Murphy (Peaky Blinders/ Oppenheimer) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒက်ချ် ပန်းချီဆရာ Johannes Vermeer ရဲ့ နာမည်ကြီး လက်ရာတစ်ခုဖြစ်တဲ့ Girl with a Pearl Earring ဆိုတဲ့ပန်းချီကားကို အခြေခံပြီး ဖန်တီးထားတဲ့ Tracy Chevalier ရဲ့ နာမည်တူဝတ္တုကို ဒါရိုက်တာ Peter Webber က ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပဲဖြစ်ပြီး ဆုပေါင်း ၁၇ ဆု ရရှိခဲ့ကာ ဆန်ကာတင် ၄၆ ခု (အော်စကာဆု အပါအဝင်) ဝင်ခဲ့တာပါ။ ၁၆၆၅ ခုနှစ်ဆီက ဟော်လန်နိုင်ငံရဲ့ ပန်းချီဆရာတစ်ယောက်အိမ်မှာ အစေခံအဖြစ်ရောက်လာတဲ့ ဂရိဒ်ဆိုတဲ့ ကောင်မလေးနဲ့ ပန်းချီပညာရှင် သူ သခင်ရဲ့ကြားက ဆက်ဆံရေးကို cinematography ကောင်းကောင်းနဲ့ တင်ဆက်ပြနိင်ခဲ့လို့ ဝေဖန်သူတွေရဲ့ ချီးကျူးမှုပေါင်းများစွာကိုလည်း ရရှိခဲ့တာပါ။ မူရင်းပန်းချီထဲက ကောင်မလေးက ပန်းချီဆရာရဲ့အိမ်က အစေခံကောင်မလေး ဟုတ်မဟုတ်ကိုတော့ ဘယ်သူကမှ အတည်ပြုနိုင်ခြင်းမရှိခဲ့သလို ဒီပန်းချီကားက ပန်းချီပညာရှင် Vermeer ရဲ့ နာမည်အကြီးဆုံးပန်းချီကားဖြစ်တယ်ဆိုတာကိုလည်း ဘယ်သူကမှ မငြင်းဆိုနိုင်ခဲ့ပါဘူး။ ဂရိဒ် (Scarlett Johansson) တိမ်တွေမှာ အရောင်ရှိတယ်တဲ့။ အရင်ကတော့ သူမ သတိမထားမိခဲ့ပါဘူး။ ဒါပေမယ့် သခင်က ပြောလို့ သေချာခံစားပြီးကြည့်တော့မှ တကယ်ဟုတ်တာပဲ။ တိမ်တွေမှာ အရောင်တွေရှိနေပါတယ်။ အိမ်ရဲ့စားဝတ်နေရေးကြောင့် သူများအိမ်မှာ အစေခံလာလုပ်နေရပေမယ့် သခင့်ရဲ့ပန်းချီတွေက သူမကို အလုပ်လုပ်နေရတယ်လို့ မခံစားရစေခဲ့ပါဘူး။ အရေးကြုံရင်လည်း သခင်က သူမဘက်က ရပ်တည်ပေးတတ်သေးတယ်လေ။ ဗာမီရား (Colin Firth) ပျင်းရိငြီးငွေ့ဖွယ် သူ့ဘဝထဲ သူမ ဝင်လာချိန်ကစပြီး သူ့ဘဝက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရတယ်။ အရောင်တွေကို နားလည်ပြီး အနုပညာကို ခံစားတတ်တဲ့ သူမက သူ့ရဲ့လက်ရာအမြောက်ဆုံးဖြစ်လာမယ့် ပန်းချီတစ်ချပ်ကို ဖန်တီးပေးခဲ့သူပေါ့။ ပီတာ (Cillian Murphy) အသားစိမ်းတွေနဲ့ပဲ အချိန်ကုန်နေတဲ့ အသားသည်သူ့ဘဝထဲ “အသားကမလတ်ဘူး”လို့ ပြောပြီး သူမ ဝင်လာခဲ့တာပါ။ မျက်လုံးဝိုင်းကြီးတွေနဲ့ ပင့်ကြည့်ပြီး သူမက ပြောတော့ သူတို့သားအဖ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အကောင်းစားအသားကို ထုတ်ပေးလိုက်ကြရတယ်။ သူမ ဘယ်သွားတတ်လဲ၊ ဘာလုပ်တတ်လဲ လိုက်စုံစမ်းပြီး သူမအနားပဲ ရှိနေချင်မိတာ သူ့အမှားမဟုတ်ဘူးလေ။ သူမက လှတာကိုး။ ဇာတ်လမ်းကို spoil မိမှာစိုးလို့ သိပ်အများကြီး မညွှန်းတော့ပါဘူးနော်။ မတ်မတ်ရဲ့ ငယ်ရွယ်နုပျိုတဲ့ အလှလေးကို ခံစားရင်း နောက်ဆုံး ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စီးမျောခံစားကြည့်လိုက်ကြပါဦးလို့။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...

Christmas Island (2023) ⭐IMDB: 6.9/10 (566 Votes) 🎬 #Romance #TVMovie #Comedy #Drama 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ္စမတ်လည်းနီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားလေးဖြစ်တဲ့ Christmas Island ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ ကိတ်ဂါဘရီယယ်ဆိုတဲ့ လေယာဉ်မှူးမလေးတစ်ယောက် သူဌေးမိသားစု​ဖြစ်တဲ့ ရှာ့ဘ်မိသားစုရဲ့ အားလပ်ရက်ခရီးကို တာဝန်ယူပို့ဆောင်ပေးရတဲ့အချိန်မှာအတ္တလန်တစ်သမုဒ္ဒရာမှာ မုန်တိုင်းပြင်းထန်စွာတိုက်ခတ်နေတာကြောင့် ဘယ်လိုမှ ပျံသန်းလို့မရဘဲ နီးစပ်ရာနေရာကို အရေးပေါ်ဆင်းသက်ရပါ​တော့တယ်။ ဆင်းသက်လိုက်တဲ့မြို့နာမည်က ခရစ္စမတ်ကျွန်းတဲ့ ခရစ္စမတ်ကျွန်းမှာ ရှိနေတဲ့အချိန်မှာ မြို့တော်ဝန်တို့အိမ်မှာတည်းခိုရပြီး အဲ့မှာနေရင်း ခရစ္စမတ်ကျွန်းမှာရှိတဲ့ ခရစ္စမတ်ကာလအတွက်ပြင်ဆင်ထားတဲ့အပြင်အဆင်တွေ အခမ်းအနားတွေကို တက်ရောက်ရင်း အဲ့မှာနေရင်း အဲ့ကမိသားစုနဲ့လည်း ခင်မင်ရင်းနှီးအသားကျသွားပါတယ် မြို့တော်ဝန်ရဲ့မောင်ဖြစ်သူ အိုလီဗာနဲ့ကိတ်ဟာလည်း ရက်တိုတိုအတွင်းမှာပဲ အနေနီးပြီး ရင်ခုန်သံတွေနိုးကြားလာတဲ့အခါ… ဒီဇာတ်ကားလေးဟာ ခရစ္စမတ်အားလပ်ရက်မိသားစုခရီးစဥ်အကြောင်းကိုပျော်ပျော်ပါးပါးရိုက်ကူးထားတာမလို့ အိမ်ကမိသားစုတွေနဲ့အတူ အပျင်းပြေကြည့်လို့ကောင်းမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်...

Sukhee (2023) ⭐IMDB: 7.8/10 (6 k Votes) 🎬 #Bollywood #Drama #Uncategorized #Comedy 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sukhee 2023(“ဒေလီက နုပျိုခဲ့သောနေ့ရက်များ”) Drama IMDb 8/10 ဒီတစ်ခါမှာတော့ ဖိုက်တင်ပလေးတဲ့ဇာတ်ကားမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရကျိုးနပ်စေမယ့်ဇာတ်ကားကောင်းလေးကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လူတိုင်း ကိုယ့်ရဲ့ငယ်ဘဝကို တစ်ခေါက်တော့ ပြန်သွားချင်မိကြမှာပါပဲ။ အသက်တွေကြီးလာတာနဲ့အမျှ ဝန်ထုပ်ဝန်ပိုးကိုယ်စီနဲ့စိတ်တွေဖိစီးလာတဲ့အခါ ငယ်ဘဝကို လွမ်းဆွတ်မိတတ်ကြပါတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်တဲ့ စူခီဟာခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးရင်း တစ်ဖက်မှာလည်း ခင်‌ပွန်းရဲ့အဘိုးဖြစ်သူကို ပြုစုစောင့်ရှောက်နေရတာပါ။ အိမ်ရဲ့ကိစ္စအဝဝကို လုပ်ကိုင်ပေးနေရပေမယ့်လည်း ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ငြူစူမှုကိုပဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ကျောင်းသားဟောင်းတွေတွေ့ဆုံပွဲအတွက် အဖိတ်ခံရတဲ့အခါ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်သတိရပြီး ပွဲကိုသွားရဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့လည်း အိမ်မှာမရှိမဖြစ်တဲ့လူတစ်ယောက်ဖြစ်တဲ့စူခီဟာ အိမ်ကိုပစ်ထားပြီး သွားဖို့က ခက်ခဲနေပါတော့တယ်။စူခီဘယ်လိုတွေကြိုးစားမလဲ။ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်ရနိုင်ဦးမလားဆိုတာကို ရသမျိုးစုံနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Thaik San~ Aditi~KKKZ နဲ့ Cherryတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

God's Petting You (2022) ⭐IMDB: 6.1/10 (84 Votes) 🎬 #Comedy #Crime #Thriller 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 32 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 6.1 ရရှိထားတဲ့ ဟာသကားလေးတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ချာလီတယောက် စိတ်ကုထုံးဆရာ‌၀န်နဲ့ တိုင်ပင်စကားပြောနေတာကနေ စထားပါတယ်။ ချာလီက သူ့ဘ၀ဟာ ကူညီရေးစင်တာမှာ လိပ်ပြာပုံတူတက်တူးနဲ့ မိန်းမတယောက်နဲ့တွေ့ပြီး ဘယ်လိုဒစ်လည်သွားခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြနေပါတယ်။ ချာလီဟာ ဘိန်းဖြူစွဲနေတဲ့ ဆေးသမားတစ်ယောက်ပါ။ တနေ့ကျ ကူညီရေးစင်တာက အရက် မူးယစ်ဆေး အစရှိတဲ့အရာတွေကို စွဲလမ်းနေတဲ့သူတွေကို ကူညီပေးတဲ့ စကားဝိုင်းမှာ လိင်ကိစ္စကိုစွဲလမ်းနေတဲ့ မိန်းမတစ်ယောက်နဲ့တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ဘိန်စားချာလီတယောက် လိင်ကိစ္စစွဲလမ်းနေတဲ့မိန်းမကို စွဲလမ်းသွားပြီးနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ ရာဇ၀တ်မှုတခုကို အတူကျူးလွန်ဖို့ တိုင်ပင်ကြပါတော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ဘယ်လိုအလွဲတွေတွေ့ရမလဲ နောက်ဆုံး ဘာတွေဖြစ်သွားမလဲ သူတို့နှစ်ယောက်ရဲ့ရာဇ၀င်က ဘာတွေလဲဆိုတာ ရယ်မောရင်း ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဟိုဒင်းဟိုဟာအခန်းတွေနဲ့ ညစ်ညမ်းတဲ့အသုံးအနှုန်းတွေ တပုံကြီးပါ၀င်တာကြောင့် ၁၈နှစ်အောက်ကြည့်ဖို့ မသင့်ပါဘူး)...

Paranormal Activity 2 (2010) ⭐IMDB: 5.7/10 (109 k Votes) 🎬 #Horror #Mystery 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Documentary ဆန်ဆန် ကိုယ်တိုင်ကြုံတွေ့နေ့ရသလိုမျိုး Vibe ရအောင် ရိုက်ကူးထားတဲ့ Parnormal activity 1 ပြီးတဲ့နောက်မှ သူ့ရဲ့နောက်ဆက်တွဲအဖြစ် ၂၀၁၀ မှာထွက်ရှိထားတဲ့ Paranormal Activity 2 ကိုပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ Jump scares တွေအများကြီးနဲ့ ဇာတ်အိမ်ကိုဖြေးဖြေးလေးနဲ့ ကြောက်ဖို့ကောင်းအောင်ခေါ်ဆောင်သွားမယ့် Horror filim မျိုးလေးပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့….Reys မိသားစုက သူတို့ရဲ့ကယ်လီဖိုးနီးယားတောင်ပိုင်းက အိမ်အသစ်လေးကိုပြောင်းရွှေ့လာခဲ့ကြပါတယ် မွေးကင်းစကလေးလေး သူတို့ရဲ့သားဦးလေး Hunter နဲ့အတူတူပေါ့ သူတို့မသိသေးတာကတော့ ဒီအိမ်ကြီးဟာသရဲခြောက်တယ်ဆိုတဲ့အချက်ကိုပါ သိပ်မကြာပါဘူး တစ်နေ့မှာတော့ သူတို့အိမ်မှာဖောက်ထွင်းမှူတစ်ခုကျူးလွန်သွားသလိုမျိုး ပစ္စည်းတွေကပြန့်ကျဲရှုပ်ပွလျက်ရှိနေပါတယ် အဖိုးတန်ပစ္စည်းတွေမပျောက်သွားပေမဲ့ သူတို့ကစိတ်မသန့်တော့တာကြောင့် လုံခြုံရေးအတွက် အိမ်မှာကင်မရာတွေတပ်ဆင်ပြီးစောင့်ကြည့်ခဲ့ကြပါတော့တယ် သူတို့အိမ်မှာ ဘယ်လိုအရာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။...

Your Lucky Day (2023) ⭐IMDB: 5.8/10 (296 Votes) 🎬 #Thriller #Crime 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Your Lucky Day (2023) ~ IMDb – 5.8/10, Rotten Tomatoes – 88% ~ ငွေဆိုတာ ဒုတိယဘုရားသခင်တဲ့။ ငွေအတွက်ဆိုရင် ဘာမဆိုစတေးမယ့်သူတွေ မနည်းမနောပါပဲ။ မက်လောက်စရာ မီလီယံချီတဲ့ငွေတွေဆိုရင်တော့ ဘာပြောစရာတောင်လိုမလဲပေါ့။ မီဂါဘောထီလက်မှတ်အကြီးဆုံးဆုက 156 မီလီယံဒေါ်လာပါ။ အဖိုးကြီးတစ်ယောက် စတိုးဆိုင်တစ်ဆိုင်မှာ ထီလက်မှတ်လာတိုက်ရင်း ဆုကြီးပေါက်တော့ ဆေးလုခံရလို့ဘူနေတဲ့ ဆေးသမားက သေနတ်တစ်လက်နဲ့၀င်လုပါတယ်။ အဲဒါကို ကိုလှရွှေတစ်ယောက်က ၀င်တားရင်း ဆေးသမားရော ကိုလှရွှေရောလျှောပါလေရော။ ဆေးသမားက ဆိုင်ထဲမှာရှိတဲ့ ဆိုင်ပိုင်ရှင်ရယ် ကိုယ်၀န်သည်ချစ်သူစုံတွဲတစ်တွဲရယ်ကို ဓါးစားခံအဖြစ်ထားထားပေမဲ့ ဝေစုခွဲပေးမယ်လို့ မက်လုံးပေးတာကြောင့် ကြံရာပါဖြစ်ကုန်ရင်းနဲ့ ‌လောဘအမှောင်ထဲတိုး၀င်မိကြပြီး လျှောပြီထင်တဲ့ရဲက‌လည်းပြန်နိုးလာတဲ့အခါမှာ ဇာတ်တွေရှုပ်ကုန်ကြပါတော့တယ်။ သရုပ်ဆောင်အနေနဲ့ကလည်း ဇူလိုင်ကမှ ကွယ်လွန်သွားခဲ့တဲ့ Euphoria သရုပ်ဆောင် Angus Cloud က အဓိကပါ၀င်ထားလို့ သူ့ရဲ့မျက်လုံးလှလှလေးနဲ့ ခပ်လေးလေးရှရှအသံကို အလွမ်းပြေကြည့်ရှုနိုင်မယ့်ကားလေးပါပဲ။ စိတ်အပန်းပြေစေမယ့်အပြင် ပညာယူစရာတွေလည်းရလို့ လက်လွတ်မခံသင့်တဲ့ကားလေးပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

The Great Indian Family (2023) ⭐IMDB: 6.7/10 (5 k Votes) 🎬 #Bollywood #Family #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Great Indian Family (or) အိန္ဒိယရဲ့ အကောင်းဆုံးမိသားစုIMDb – 6.9/10ဒီတစ်ခေါက်မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမယ့် ဇာတ်ကား‌‌လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗဒ်ဗက်ရ် ထရီပတ်သီ (ခ) ဘန်ဂျန်ကူးမားဆိုတဲ့ ကောင်လေးဟာ သူတို့နေထိုင်ရာမြို့လေးရဲ့ အလေးစားခံရဆုံးပုရောဟိတ်ကြီး စီရာရမ် ထရီပတ်သီရဲ့ သားတစ်ယောက်ပဲဖြစ်ပါတယ်။ ဗဒ်ဗက်ရ်ဟာ ငယ်ရွယ်စဉ်က မြွေလှေကားဂိမ်းကို သဘောကျနှစ်ခြိုက်သူ တစ်ဦးလည်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်သူအီရှ်ဝါယာမယ်ပနီဟာလည်း (တစ်ကျောင်းလုံးက ကောင်လေးတွေ သဘောကျရတဲ့ သူဌေးသမီးလေး) သူနဲ့ တစ်ကျောင်းတည်းတက်နေသူဖြစ်ပြီးတော့အီရှ်ဝါယာဟာ သူရဲ့ မွေးနေ့ကို ဗဒ်ဗက်ရ်ကို ဖိတ်ကြားလိုက်ပါတယ်။ ပုရောဟိတ်ကြီးရဲ့ သားဖြစ်တဲ့အလျောက် ဗဒ်ဗက်ရ်ဟာလည်း ပုရောဟိတ်လေးဖြစ်လာဖို့ ပွဲတော်ကျင်းပဖို့ အချိန်ရောက်လာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲအီရှ်ဝါယာရဲ့ မွေးနေ့နဲ့ ပွဲတော်လုပ်မယ့်နေ့က တိုက်ဆိုင်လို့ နေပါတယ်။ သူငယ်ချင်းဖြစ်သူရဲ့ မွေးနေ့ကို သွားဖို့အတွက် အားခဲထားပေမယ့်ပရောဟိတ်လေးအဖြစ် ခံယူဖို့ ကတုံးတုံးခံလိုက်ရရင်း အဖေဖြစ်သူဟာ မွေးနေ့ပွဲတစ်ခုကို ‌‌ရိုးရာပွဲပြုလုပ်ပေးဖို့အတွက် သွားရာကို သားဖြစ်သူကိုပါခေါ်သွားတဲ့အခါမှာ သူ့သူငယ်ချင်းဖြစ်သူရဲ့ မွေးနေ့ပွဲဖြစ်နေခဲ့ပါတော့တယ်။ ဗဒ်ဗက်ရှ်ဟာ မွေးနေ့မှာ ပူဇော်ဖို့လုပ်ရင်းရဲ့ ဓမ္မတေးဟာ သူ့အတွင်းထဲကနေ အလိုလိုပွင့်ကျလာရင်းနဲ့အဲဒီနေ့ကစလို့ သူဟာ ဓမ္မတေးဆရာ ဘန်ဂျန်ကူမားအနေနဲ့ ဓမ္မတေးတွေ သီဆိုပါတော့တယ်။ နောက်ပိုင်း မမျှော်လင့်ဘဲ မွတ်စလင်ရပ်ကွက်ကို ရောက်သွားပြီး ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီးတဲ့ နောက်မှာတော့ဘာတွေ ဘယ်လိုတွေ ဆက်ဖြစ်လာဦးမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလးတစ်ပုဒ် ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sai~Yunni~V~Alex~ToMo တို့ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...