ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Quantum Cowboys (2022) ⭐IMDB: 6.3/10 (159 Votes) 🎬 #Adventure #Animation #ScienceFiction #Western #Comedy #SciFi 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Criticsနဲ့Audienceတွေရဲ့တခဲနက် အားပေးမှုတွေ ရထားတဲ့ animation ကိုမှ live actionနဲ့ပေါင်းစပ်ကာ ပုံစံအဆန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း Killers of the Flower Moon, Fancy Dance, The Last Manhunt, The Walking Outတို့ထဲက Lily Gladstoneအပြင် Twilight saga ရုပ်ရှင်ထဲက Kiowa Gordonနှင့်အတူ Geoff Marslett၊ David Arquette၊ Patrick Pageတို့လို သရုပ်ဆောင်တွေနဲ့ ဇာတ်ကိုကွန့်မြူးအောင် ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကို မပြောခင်မှာ အချိန်နဲ့ အပြိုင်စကြာဝဠာအကြောင်းကို နည်းနည်းတော့ ပြောဖို့လိုမယ်။ အချိန်ဆိုတာက ဘာလဲ၊ ကျွန်တော်တို့ သိထားသလို အမြဲတသတ်မတ်တည်း သွားနေတဲ့အရာလား ဒါမှမဟုတ် အချိန်ဆိုတာက ဖန်တလဲလဲ ပြန်ဖြစ်တတ်တဲ့ loopလိုမျိုးလား၊ အချိန်ဆိုတာက ဘာလဲ၊ အချိန်ကို အသွားပြန်လုပ်လို့ရလား၊ အချိန်က ကွေးနိုင်ဆန့်နိုင်တဲ့အရာလား။ အပြိုင်စကြာဝဠာတွေကရော အချိန်နဲ့ပတ်သက်နေလား၊ အချိန်ကြောင့် အပြိုင်စကြာဝဠာတွေဖြစ်လာတာလား၊ အပြိုင်စကြာဝဠာတွေကြောင့် အချိန်တွေက ဖြစ်လာတာလား။ အချိန်စီးကြောင်းကရော ဘယ်သူက သတ်မှတ်ပေးတာလဲ။ Marvelက He who remains လို လူတစ်ယောက် ရှိနေလား။ အပြိုင်စကြာဝဠာတွေ အချင်းချင်းတိုက်မိကုန်ရင် ဘယ်လိုဖြစ်လာမလဲ၊ ပင်မ အချိန်စီးကြောင်းကို မတိုက်မိ၊ မထိခိုက်အောင် ဘယ်သူက လုပ်ပေးတာလဲ။ ဒီရုပ်ရှင်က ဇာတ်ကြောင်းထက်စာရင် အချိန်နဲ့အပြိုင်စကြာဝဠနဲ့ ပတ်သက်နေတော့ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းသွားတယ်။ ဖရန့်နဲ့ ဘရူနိုနဲ့က မြင်းချီးကြုံးဖော်ကြုံးဖက်သူငယ်ချင်းတွေ။ သူငယ်ချင်း ၂ယောက်ထဲမှာ ဖရန့်ဆိုတဲ့ တစ်ယောက်က နည်းနည်းလောဘကြီးတယ်။ တနေ့ မြို့ထဲမှာ ဘလက်ကီလို့ခေါ်တဲ့ အဆိုတော်ဖျော်ဖြေနေတာကို တမြို့လုံးက သွားကြည့်ကြတယ်၊ အဲအချိန်မှာ ဖရန့်က လူမရှိတဲ့ဆိုင်ကို ဓားပြဝင်တိုက်ရင်း ဖမ်းမိသွားတယ်။ ဖရန့်ကို ဖမ်းရင်း မတော်တဆ ဘလက်ကီက ကြားထဲက ဆုံးသွားရရှာတယ်။ ဒီလိုနဲ့ ၃နှစ်ကြာတော့ ဖရန့်က ထောင်ထဲကလွတ်လာပြီး ဘရူနိုနဲ့ပြန်တွေ့တယ်။ အဲအချိန်မှာ ဘရူနိုက ဘလက်ကီ သေပြီလို့ပြောပေမယ့် ဖရန့်ကတော့ မဟုတ်ဘူး မသေသေးဘူးပဲငြင်းတယ်။ ပြောမရတဲ့အဆုံး ဖရန့်နဲ့ဘရူနိုက ဘလက်ကီကို လိုက်ရှာကြတယ်။ အဲဒီလိုနဲ့သေပြီးသားလူကိုပြန်ရှာသလိုဖြစ်ပြီး paradoxတွေဖြစ်လာပြီး အချိန်ကမောက်ကမတွေဖြစ်လာရင်း အချိန်စီးကြောင်းကြီးကို ထိခိုက်မိလာတယ်။ ဒီလိုနဲ့ ဆက်လက်ပြီး ဇာတ်လမ်းက ဆက်တည်သွားတာပါ။ ဘလက်ကီက တကယ်သေပြီလား၊ ဖရန့်တို့ ဘလက်ကီတို့ ပြန်ရှာလို့တွေ့မှာလား၊ paradox ကရော ဘယ်လိုတွေကြောင့်ဖြစ်သွားတာလဲ၊ အချိန်က ဒီဇာတ်လမ်းထဲမှာ ဘယ်လိုအလုပ်လုပ်တာလဲ၊ HWRလိုမျိုး ပုဂ္ဂိုလ်ကရော အချိန်စီးကြောင်းတွေ မတိုက်မိအောင် ဖရန့်နဲ့ဘရူနိုကို ဘယ်လိုတားမလဲ။ ဒီလိုမျိုးအရာတွေကို တင်ပြပုံအဆန်းလေးကိုမှ လိုက်ပြီးစဥ်းစားစီးမြောလို့ရမယ့် ရုပ်ရှက်ကားကောင်း တစ်ခုဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...
Tipline Mysteries: Dial 1 for Murder (2024) ⭐IMDB: 6.8/10 (654 Votes) 🎬 #Drama #Mystery #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 24 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအညွှန်းကတော့ မက်ဒီဆိုတဲ့ သတင်းပေးဆက်သွယ်ရေးလိုင်းမှာ အလုပ်လုပ်နေတဲ့ ကောင်မလေးဆီကို တစ်ညမှာ အမည်မသိသတင်းပေးတစ်ယောက်က ရတနာဆိုင် ဓားပြတိုက်ခံရတော့မယ်ဆိုပြီး ဖုန်းဆက်လာပါတယ်။ ဆက်တဲ့အတိုင်းပဲနောက်နေ့မှာ တကယ်ဖြစ်လာတဲ့ အခါ မက်ဒီကလည်း မူခင်းတွေကို စိတ်ဝင်စားတဲ့သူပီပီ စုံထောက် ဘိခ် နဲ့ပေါင်းပြီး တရားခံကိုဖော်ထုတ်တဲ့ Crime Detective အမျိုးအစား ရုပ်ရှင်လေးပါ...
TikTok Star Murders (2024) ⭐IMDB: 6.6/10 (145 Votes) 🎬 #Crime #Documentary 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်ကြောင့် စုံလုံကန်းတာ နဲ့ အချစ်အတ္တကြီးတာတွေဟာ လက်တွေ့ အွန်လိုင်းခေတ်ကြီးမှာ ဘယ်လိုအခြေအနေထိ အဆုံးစွန်ရောက်နိုင်မလဲဆိုတာကို ဒီ documentary ကားလေးမှာ တွေ့ရပါတယ်။ တနည်း အားဖြင့် “အတ္တ” ဆိုတဲ့အရာဟာ တစ်ခုတည်းမဟုတ်ပဲ ရေပြင်ညီအတန်းကြီးလို ဒွန်တွဲပြီး လူတွေကို ခြစားစေပါတယ် ဆိုတာတွေကို ဒီမှာ ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမှာပါ။...
The Price of Nonna's Inheritance (2024) ⭐IMDB: 5.2/10 (699 Votes) 🎬 #Comedy #Crime 🗓 2024 🎞 movie 🌎 #Italy ⏰ 1 နာရီ 30 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။ တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကို တင်ပြထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အမေနေရာမှာ သရုပ်ဆောင်တဲ့ Jamie Lee Curtis ကလည်း ဆယ်ကျော်သက်ပုံစံကို အမိအရ သရုပ်ဆောင်နိုင်တာကို တွေ့ရမှာဖြစ်ပြီး သမီးနေရာမှာ သရုပ်ဆောင်တဲ့ Lindsay Lohan ကလည်း စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ ဆယ်ကျော်သက်ဘဝကို ရင့်ကျက်တဲ့ အမူအရာနဲ့ အမေတစ်ယောက်လိုပုံဖော်ရင်း သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်အိမ်လေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် အချိန်ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်လို့ Heart Warming ဖြစ်တဲ့ ဒီဇာတ်ကားလေးကို ကိုယ့်မိဘ မဟုတ်လည်း ချစ်ခင်ရသူတွေနဲ့အတူတူ အချိန်ပေးကြည့်ဖြစ်ရင် ပိုကောင်းမယ်လို့ အကြံပေးရင်းနဲ့ပဲ ကဲ ရှုစားလိုက်ကြပါဦးဗျာ။...
Thirteen Generals of Han Dynasty (2019) ⭐TMDB: 70% User Score 🎬 #Action #Drama #War 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CMကနေ ယခုတစ်ခေါက် တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့သမိုင်းဖြစ်ရပ်ကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့ ရှေးခတ်စစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်တော့ အေဒီ၇၄ခုနှစ်ဝန်းကျင်ကဟန့်မင်းဆက်ကို ပြန်လည်ထူထောင်ပြီးကာလအတွင်း အနောက်ဘက်မြို့လေးဖြစ်တဲ့ စူးလဲမြို့လေးကို တပ်အင်အားကြီးမားတဲ့မော့ပေစစ်တပ်က ဝိုင်းထားခဲ့တာ လအတော်ချီနေခဲ့ပါပြီ တပ်အင်အားနှစ်သောင်းကျော်ရှိတဲ့ မော့ပေတပ်ကြီးကတပ်အင်အား၃၀၀ပဲရှိတဲ့ ဟန့်ပြည်ရဲ့တပ်လေးကိုအနိုင်မတိုက်နိုင်ရတဲ့အကြောင်းအရင်းကတော့လက်ရုံးရည်ရော နှလုံးရည်ရောပြည့်စုံတဲ့ စစ်သူကြီး ကန်ကုန်းကြောင့်ပါပဲဟန့်မင်းဆက်ရဲ့ နန်းတွင်းမှာလည်း တိုင်းပြည်ရေးရာတွေရှုပ်ထွေးနေချိန်နဲ့ သွားတိုက်တဲ့အချိန်မှာတော့လော့ယန်မြို့ကနေ တပ်ကူလွှတ်ဖို့အချိန်ကြန့်ကြာနေခဲ့ပါတယ် ဒီလိုနဲ့ တိုက်ပွဲတိုင်း ရှုံးပွဲမရှိတဲ့ မော့ပေတပ်ကြီးနဲ့ ဗျူဟာကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ ကန်ကုန်းရဲ့ တဖြေးဖြေးနဲ့လူအင်အားလျော့နည်းလာတဲ့ ဟန့်ပြည်တပ်လေးလာတိုက်လိုက် တပ်ဆုတ်လိုက်နဲ့နေရင်းအချိန်တစ်နှစ်ပြည့်လုနီးပါးဖြစ်လာတဲ့အချိန်မှာတော့မော့ပေတပ်ကြီးက နောက်ဆုံးအနေနဲ့ စစ်ပွဲကို အပြီးသတ်ဖို့စစ်ချီလာခဲ့ချိန်မှာတော့ တပ်သား၁၃ ယောက်နဲ့ စူးလဲမြို့ကိုမော့ပေတပ်ရန်ကနေခုခံကာကွယ်နေတဲ့ ကန်ကုန်းတို့ လက်နက်ချလိုက်ရပါတော့တယ် ကံကောင်းစွာနဲ့ပဲ လော့ယန်က တပ်ကူတွေရောက်ရှိလာချိန်မှာတော့ဟန့်ပြည်ရဲ့မြေပေါ်ကနေ ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့ပါတော့တယ်သမိုင်းဖြစ်ရပ်မှန်ကို နောက်ခံရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့လို့စစ်ကားကြိုက်နှစ်သက်သူတွေနဲ့ သမိုင်းနောက်ခံကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရှုဖို့ ညွှန်းပေးချင်ပါတယ်နော်...
Rekha (2023) ⭐IMDB: 6.4/10 (791 Votes) 🎬 #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rekha 2023 ရေခါ IMDb -6.4/10 သူများအလုပ်ကို စပ်စပ်စုစုရှိတတ်တဲ့ ရပ်ကွက်စီစီတီဗီတွေများတဲ့ရပ်ကွက်မှာနေရတဲ့ရေခါဟာရှက်ရွံ့တတ် ကြောက်တတ်တဲ့ သာမန်မိန်းကလေးတွေမတူတဲ့ မိန်းကလေးတစ်ယောက် ပတ်ဝန်းကျင်က ဘယ်လောက်ပဲ အတင်းအဖျင်းတွေပြောပြောရေခါကတော့ သူ့ရဲ့ရပ်တည်ချက်အတိုင်းပဲ လုပ်တတ်တဲ့သူပါ။ ရှေးရိုးစွဲတဲ့ အမေကြီးကတော့ ရေခါနဲ့မကြာခဏစကားများတတ်ပေမဲ့သူ့ကိုအမြဲအလိုလိုက် နားလည်ပေးတဲ့အဖေကိုတော့ အရမ်းချစ်တဲ့ အဖေချစ်သမီးလေးပေါ့။ ရှေးရိုးစွဲလူကြီးတွေကြားမှာ နေရသူပီပီ ရေခါက သူ့မှာချစ်သူရှိတာကိုထုတ်မပြောဘဲ ညတိုင်းဖုန်းနဲ့ပဲတီတီတာတာလုပ်နေပေမဲ့ ချစ်သူအာဂျွန်ကတော့ ဖုန်းနဲ့စကားပြောရတာလောက်နဲ့ မတင်းတိမ်နိုင်ပဲတစ်လက်မပေးတစ်မိုင်လိုချင်လာပြီး အဓမ္မရယူဖို့ကြံလာတဲ့အခါ… အရာရာတိုင်းမှာ ဆုံးဖြတ်ချက်ပြတ်သားခဲ့တဲ့ ရေခါတစ်ယောက် အချစ်နဲ့ပတ်သက်ပြီးမရေရာမသေချာရာကနေ စလိုက်တဲ့မီးပွားက ဘယ်လောက်ထိပြဿနာကြီးသွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ ToMo ~ KKKZတို့ပဲဖြစ်ပါတယ်။)...
In a Violent Nature (2024) ⭐IMDB: 5.8/10 (9 k Votes) 🎬 #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gore Slasher တွေအထွက်နည်းနေတဲ့အချိန်မှာတော့ အသစ်စက်စက်ဒီကားလေးဟာ Slasher ကြိုက်တဲ့သူတွေအတွက် ရေငတ်ပြေစေမှာပါ။ Personal အရတော့ Jason X တို့ Wrong Turn တို့လောက်တော့ သိပ်အားမရတာအမှန်ပဲ။ ဒါပေမယ့် ဒါရိုက်တာကလည်းတက်သစ်စ၊ ဘက်ဂျက်ကလည်းနည်းတော့ ဒီလောက်ကွာလတီရတာကိုပဲ မဆိုးဘူးလို့ဆိုရမယ့်ပုံပါ။ ဇာတ်လမ်းအရလည်း Prequel အတွက်လမ်းခင်းပေးထားတာတွေ့ရပါတယ်။ CM ပရိသတ်ကြီးကြိုက်မယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ လူငယ်တစ်စုပျော်ပွဲစားထွက်ရင်း မယူသင့်တဲ့နေရာကပစ္စည်းကိုယူမိတဲ့အခါ မကျွတ်မလွတ်သေးတဲ့လူသတ်သမားဟာ ပြန်အသက်ဝင်လာပြီးတော့ သူ့ပိုင်နက်ထဲလာသမျှလူ အကုန်သတ်ပါတော့တယ်။ ဒါပါပဲ။ အဓိကကတော့ လူငယ်ခြေတက်ဒါရိုက်တာလေးရဲ့ Low budget movie လေးဟာ ဘယ်လောက်ကွာလတီရှိတယ်၊ ဘယ်လိုတွေပီပြင်အောင်လုပ်နိုင်တယ်ဆိုတာကို slasher ကြိုက်သူတွေအတွက် ရေငတ်ပြေ ခံစားကြရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ Alex666 ပါ။...
The Legend of Lake Hollow (2024) ⭐IMDB: 3.8/10 (200 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒဏ္ဍာရီလာ ဟော်လိုးရေကန် ဒီကားလေးကတော့ ၂၀၂၄ခုနစ်ကထွက်ထားတဲ့ တုန်လှုပ်ချောက်ခြားစရာ သရဲကားလေးပါ ဒီဇာတ်ကားကိုတော့ Legacy (2013)၊ change is good (2018) တို့နဲ့နာမည်ကြီးတဲ့ ဒါရိုက်တာ Chris Halloကရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ မာခ့် ကာဆန် ဒမ် သူငယ်ချင်းတစ်စုက ဝေးလံခေါင်သီတဲ့ဟော်လိုးရေကန်ဘေးနားက သစ်သားအိမ်တစ်အိမ်မှာ အပျော်ခရီးထွက်လာကြတယ် ဒမ်က သူ့စေ့စပ်ထားတဲ့ ရှေးယ်နဲ့ ရှေးသူငယ်ချင်း လော်ရီရယ်တို့ကိုပါ ခရီးထဲခေါ်လာတယ် ပျော်ပျော်ပါးခရီးစဉ်ဖြစ်မယ်လို့ ထင်ထားတဲ့သူတို့ချင်းတစ်စု ရေကန်ပတ်ဝန်းကျင် ကင်မရာတွေကနေတစ်ဆင့် သရဲတစ္ဆေနှင့် နတ်ဆိုးပုံရိပ်များကို မြင်တွေ့လာကြသော်အခါ….. သူတို့သူငယ်ချင်းတစ်စု ဒီဖြစ်ရပ်ဆိုးကြီးနှင့် တုန်လှုပ်ချောက်ချားစွာ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကိုတော့ The Legend of Lake Hollow ဇာတ်ကားတွင် သည်းထိတ်ရင်ဖို ခံစားကြည့်ရှုနိုင်ပါတယ် ဇာတ်လမ်းအညွှန်းအား April Snowက ရေးသားတင်ပြထားပါသည်။...
Kinderfanger (2023) ⭐IMDB: 3.7/10 (261 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 34 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆွံ့အနားမကြားသင်တန်းကျောင်းဆရာမလေး အိုလီဗီယာဟာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့ အရင်းနှီးဆုံးသင်တန်းကျောင်းသား မားရ်ကပ်စ်ကို လိုက်ရှာရင်း ဝါးလေ့စ်ဆိုသူနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဝါးလေ့စ်နဲ့ တွေ့ဆုံမှုကနေတစ်ဆင့် ကလေးပျောက်တရားခံ “ပုလွေသမား” လို့ခေါ်တဲ့ ကြောက်စရာသတ္တဝါအကြောင်းသိခဲ့ရပြီး မားရ်ကပ်စ်ကိုပြန်ခေါ်ဖို့ အတူတူကြိုးစားခဲ့ကြပါတယ်။ “ပုလွေသမား”ဆီကနေ မားရ်ကပ်စ်ကို ကယ်နိုင်မလား၊ အိုလီဗီယာဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုနိုင်မယ့် ခပ်သွက်သွက် Horror ဇာတ်လမ်းလေးပါ။...
Underground (1995) ⭐TMDB: 77% User Score 🎬 #Comedy #Drama #Fantasy #War 🗓 1995 🎞 movie 🌎 #FederalRepublicofYugoslavia #France #Germany #Bulgaria #Czechia #Hungary #UnitedKingdom #UnitedStates #CzechRepublic #Yugoslavia ⏰ 2 နာရီ 51 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 8/10ဒုတိယကမ္ဘာစစ် နာဇီတွေ ဥရောပမှာအင်မတန်တန်ခိုးထွားနေချိန်…. နာဇီဆန့်ကျင်ရေးအတိုက်အခံ ယူဂိုစလပ်ကွန်မြူနစ်တွေကို လက်နက်မှောင်ခိုထုတ်ပြီးရောင်းတဲ့ ”မာကို”နဲ့ ”ဘလက်ကီ”(ဆိုးဖော်ဆိုးဖက်သူငယ်ချင်းနှစ်ယောက်) ဘလက်ကီတစ်ယောက် နာဇီနှိပ်စက်ခံရပြီး မာကို့အိမ်အောက်က လက်နက်မှောင်ခိုထုတ်တဲ့ဧရာမမြေအောက်ခန်းကြီးထဲမှာ ဆေးကုရင်း တခြားရဲဘော်တွေနဲ့အတူ နေထိုင်ဖို့ဖြစ်လာရာကနေ မာကိုဟာ ဘလက်ကီတို့တစ်သိုက်ကို သွေးအေးအေးနဲ့အချိုသပ်ပြီး ရက်ရက်စက်စက် ကြိုးကိုင်ဖို့ကြိုးစားခဲ့ပါတော့တယ်….. ဒီရုပ်ရှင်ဟာ dark comedy,drama ဖြစ်ပြီး ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ်နောက်ခံနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကိုအခွင့်ကောင်းယူပြီိး ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့တဲ့ လူတန်းစားနဲ့ သူတို့ကြောင့်ဘဝပျက်သွားရတဲ့လူတန်းစားနှစ်ရပ်အကြောင်းကို dark comedy ဝေဝေဆာဆာနဲ့ ဇာတ်ကောင်တစ်ခုချင်းစီ ပီပီပြင်ပြင်ပုံဖော်ထားတာမို့ ကြည့်ရတာတန်မဲ့ ကားကောင်းတစ်ကားပါပဲ...
Superman/Batman: Public Enemies (2009) ⭐TMDB: 70% User Score 🎬 #Action #Animation #Drama #ScienceFiction #Adventure #Family 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 8 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Superman/Batman: Public Enemies(2009)IMDb: 7.1/10Rotten Tomatoes: 67%Superman/Batman: Public Enemies(2009) ဟာ DC Universe Animated Original Movies ရဲ့ခြောက်ကားမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ စူပါမန်းနဲ့ဘတ်မန်းတို့ နှစ်ယောက်ရဲ့လက်တွဲညီမှုကိုတွေ့ရမှာဖြစ်ပါတယ်။အတော်လေးလည်းကောင်းမွန်လှတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်းဥက္ကာခဲ ကြီးတစ်ခု ကမ္ဘာကိုတည့်တည့်ကြီးဝင်လာနေပါတယ်။ဂေါ့သမ်တစ်မြို့လုံးလည်း ကဗြောင်းကိုသတ်နေပါတယ်။အားလုံးထဲမှာအဆိုးဆုံးကတော့ လက်စ်လူသာတစ်ယောက်အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်လာတာပါပဲ။ စူပါဟီးရိုးဆိုရင်ကြည့်မရတဲ့ လက်စ်လူသာတစ်ယောက် စူပါဟီးရိုးတွေကို လိုက်လံဖမ်းဆီးပါတော့တယ်။လူသာဟာစူပါမန်းကိုလူသတ်ကောင်လို့ အကွက်ဆင်ပြီး လူထုနဲ့သွေးခွဲလိုက်ပါတော့တယ်။တစ်ဖက်မှာက ဥက္ကာခဲ၊ တစ်ဖက်မှာက အာဏာရော ဉာဏ်ရည်ရောပြည့်စုံတဲ့ လက်စ်လူသာ၊အဲဒီလူနှစ်ယောက်ကို စူပါမန်းနဲ့ဘတ်မန်းတို့နှစ်ယောက်ဘယ်လိုများ ရင်ဆိုင်သွားမှာလဲ။...
Borders of Love (2022) ⭐TMDB: 60% User Score 🎬 #Drama #Adult 🗓 2022 🎞 movie 🌎 #Czechia #CzechRepublic #Poland ⏰ 1 နာရီ 35 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ Hranice Lásky လို့ခေါ်တဲ့ erotic drama ရုပ်ရှင်ကားလေးဖြစ်ပါတယ် အင်္ဂလိပ် နာမည်ကတော့ Borders of Love ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့… Petr နဲ့ Hana ကတွဲတာကြာပြီဖြစ်တဲ့အတွဲတစ်တွဲဖြစ်ပါတယ် တနေ့မှာသူတို့သူငယ်ချင်းအတွဲဆီကနေတစ်ခြားသူတွေနဲ့လွတ်လွတ်လပ်လပ်အတူအိပ်ကြောင်းကြားပြီးတဲ့နောက်မှာသူတို့လည်းကိုယ်တိုင်စမ်းကြည့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ဒီလိုနဲ့တခြားသူတွေနဲ့ဘယ်လောက်အထိတစ်ယောက်နဲ့တစ်ယောက်လက်ခံနိုင်လဲ သူတို့နှစ်ယောက်ဆက်ဆံရေးဘယ်လိုဖြစ်မလဲကိုစိတ်ဝင်စားစရာကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်...
For Love & Honey (2024) ⭐IMDB: 6.4/10 (481 Votes) 🎬 #Drama #Romance 🗓 2024 🎞 tv movie 🌎 #Canada #Malta #UnitedStates ⏰ 1 နာရီ 24 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘာဇာတ်အိမ်အရှုပ်အထွေးတွေလှည့်ကွက်တွေမှမပါပဲ နားရက်မှာစိတ်အပန်းပြေစေ ဖို့ romance ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအညွှန်းကတော့ ကျွန်းပေါ်မြို့လေးတစ်ခုမှာ မိခင်ရဲ့အမွေဖြစ်တဲ့ ပျားမွေးမြူရေးခြံကို ဆက်ခံထားပြီး အလုပ်ထဲမှာပဲ တစ်ဘဝလုံး နှစ်မြှုပ်ထားတဲ့ အီဗာ။ မြို့ရဲ့စာကြည့်တိုက်ကပျားအုံတစ်ခုကိုထိန်းသိမ်းဖို့သွားယူရင်း ရှေးခေတ်နံရံဆေးရေးပန်းချီတစ်ခုကိုရှာတွေ့ပြီးနောက် မြို့ကိုအလည်ရောက်နေတဲ့ သမိုင်းပညာရှင်လေး အော်စတင်နဲ့တွေ့ဆုံခဲ့တယ်။ အော်စတင်ကလည်း ဒီပန်းချီဟာ သူ့ရဲ့သုတေသနအတွက်အရေးကြီးတယ်လို့ ယုံကြည်ထားပြီး နယ်ခံ အီဗာကို ကျွန်းတစ်လျှောက် လေ့လာရေးအတွက် ကူညီပေးဖို့တောင်းဆိုလာပါတော့တယ်။ အချစ်နဲ့ဝေးကွာနေတာကြာပြီဖြစ်တဲ့ အီဗာ ဘုကလန့်တစ်ဇွတ်ထိုးပညာရှင်လေး အော်စတင်နဲ့တွေ့ပြီးနောက် ရင်ခုန်သံတွေတစ်ဖန်ပြန်ပြီးနိုးထလာမလားဆိုတာ ကျွန်းတစ်ဝိုက် စွန့်စားခန်းလေးနဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ပါဦး။...
Rose's War (2023) ⭐IMDB: 5.7/10 (544 Votes) 🎬 #Thriller #Drama #History 🗓 2023 🎞 movie 🌎 #Ireland #UnitedKingdom ⏰ 1 နာရီ 38 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Baltimore ဟာ 1974 ခုနှစ် ဧပြီ 26 ရက်နေ့က အဖြစ်အပျက်ကို အခြေခံပြီး ချမ်းသာပြီး ငယ်ရွယ်တဲ့ မိန်းကလေး Rose Dugdale တစ်ယောက် IRA ကို ဝင်ပြီးနောက်ဆက်တွဲ အဖြစ်အပျက်တွေကို ရိုက်ကူးထားပါတယ် Rose Dugdale ဟာ IRA အဖွဲ့ဝင်ပြီးနောက် ရဲဘော် Eddie, Martin, Dominic တို့နဲ့အတူ Wicklow မြို့ Russborough အိမ်မှ ၁၉ရာစုရဲ့အနုပညာလက်ရာ ပန်းချီကားတွေကို ခိုးယူပြီး IRA အတွက် လက်နက်ထောက်ပံ့ပေးဖို့ ကြိုးပမ်းရာမှ သူတို့ရဲ့ကြိုးပမ်းမှုအောင်မြင်သွားမလား၊ အစိုးရဘက်က Rose တို့အဖွဲ့ကို လိုက်လံဖမ်းဆီးရာ သူတို့ကိုဖမ်းမိသွားမလားဆိုတာကိုတော့ Baltimore ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ရှုပေးကြပါဦး...
From the Shadows (2023) ⭐TMDB: 45% User Score 🎬 #Horror #ScienceFiction #Thriller 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 29 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hidden Wisdom လို့အမည်ရတဲ့ သဘာ၀လွန် အစွန်းရောက်ဂိုဏ်းတစ်ခုဟာ မီးလောင်မှုကြီးတစ်ခုနဲ့ကြုံတွေ့လိုက်ရပြီး အသက်သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်နိုင်ခဲ့တဲ့ ဂိုဏ်းသား လူငယ်ငါးယောက်နဲ့ ဒေါက်တာရို၀မ်လို့အမည်ရတဲ့ စိတ်ပညာပါမောက္ခတစ်ဦးက မှတ်တမ်းရုပ်ရှင်တစ်ခုရိုက်ကူးဖို့အတွက် Zoom meeting နဲ့တွေ့ကြပါတယ်။ ဒီလိုနဲ့ ဒေါက်တာရို၀မ်နဲ့ ဂိုဏ်းသားလူငယ်ငါးယောက်တို့ဟာ Hidden Wisdom မီးလောင်မှုကြီးနဲ့ လူသေမှုတွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆွေးနွေးရင်းကနေ အားလုံးရဲ့မျက်စိရှေ့မှာတင် ဒီကျန်ရစ်သူငါးယောက်ဟာ မမျှော်လင့်ထားတဲ့အသက်ဘေးတွေနဲ့ကြုံတွေ့ရပါတော့တယ်။ ဒါကတော့ ဘယ်ကနေ ဘယ်လိုရောက်လာလဲဆိုတာမသိတဲ့လူတစ်ယောက်ဟာ Zoom Meeting ခေါ်ဆိုနေချိန်အတွင်းမှာပဲ ဂိုဏ်းသားတစ်ယောက်ပြီးတစ်ယောက်ကို လိုက်လံသတ်ဖြတ်တာပါ။ ဒီလိုနဲ့ Hidden Wisdom ဂိုဏ်းရဲ့နောက်ကွယ်က အဖြစ်မှန်ကဘာလဲ၊ ဂိုဏ်းသားတွေကိုလိုက်သတ်နေတဲ့ သဘာ၀လွန်ပုဂ္ဂိုလ်ကရော ဘယ်သူလဲ၊ ဒေါက်တာရို၀မ်ကရော ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းပေးဖို့ရာ ကြိုးစားရမလဲ၊ နောက်ဆုံးမှာရော ဒီပဟေဠိတွေကို ဖြေရှင်းနိုင်သွားပြီး အသက်ဘေးကလွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Immortal (2004) ⭐TMDB: 57% User Score 🎬 #Action #Drama #ScienceFiction #SciFi #Thriller 🗓 2004 🎞 movie 🌎 #France #Italy #UnitedKingdom ⏰ 1 နာရီ 44 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အနာဂတ်ကာလကို အခြေခံပြီးတော့ နတ်ဘုရားတွေနဲ့ လူသားတွေကြားက ဖြစ်ရပ်ကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ၂၁ရာစုအနှောင်းပိုင်းကာလခေတ်ကို အခြေခံထားပြီးတော့ အဲဒီခေတ်အခြေအနေမှာ ကမ္ဘာကြီးကို နတ်ဘုရားတွေနဲ့ လူသားတွေက ပိုင်စိုးထားပါတယ်။ ဒီလိုနဲ့ နတ်ဘုရားတစ်ပါးဟာ မသေနိုင်ဖို့အတွက်နဲ့ လူသားအမျိုးသမီးတစ်ယောက်နဲ့ ကလေးရအောင်လုပ်ဖို့ ကြိုးစားဖို့ လိုအပ်လာပါတော့တယ်။ ဒီလိုလုပ်နိုင်ဖို့အတွက်လက်ခံကောင်လိုအပ်လာပြီး လက်ခံကောင်ကို ရှာဖွေကာ လူသားအမျိုးသမီးတစ်ယောက်ကို ချည်းကပ်ပြီး ကိုယ်ဝန်ရအောင် ကြိုးစားတဲ့အခါမှာတော့ ……… နတ်ဘုရားက လက်ခံကောင်အဖြစ်ရွေးထားတဲ့ လူသားကရော အသာတကြည်နဲ့ လက်ခံပေးလိုက်လား….. လူသားအမျိုးသမီးနဲ့ ကိုယ်ဝန်ရဖို့ကြိုးစားတဲ့နေရာမှာရော ဘယ်လိုတွေဖြစ်ပျက်မလဲ …. ဆိုတာတွေကို ကြည့်ရှုရမယ့် Sci-fi ဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်)...
The Sintern (2024) ⭐IMDB: 5.2/10 (100 Votes) 🎬 #Thriller #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 37 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Verity ဆိုတဲ့ အမျိုးသမီးငယ်လေးက ဘဝကို ဖြစ်သလို နေထိုင်ရင်း လမ်းပေါ်မှာ ခိုးဝှက် လုယက်မှုတွေကို Sam ဆိုတဲ့သူနဲ့ အတူ လုပ်နေတာပါ။ တစ်ရက် အမေဖြစ်သူဆီက အသံ message တစ်ခု လက်ခံရလာပါတယ်။ အမေဖြစ်သူဟာ နာမည်ကြီး Church ကျောင်းက သင်းအုပ်ဆရာ Dean Humphreys နဲ့ပတ်သတ်ပြီး ပြောသွားတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အမေဖြစ်သူကို ရှာလို့မရတော့ဘဲ Vကလည်း သူငယ်ချင်းဖြစ်တဲ့ Ruby ဆီ သွားပြီး အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက် ရှာပုံတော် ထွက်ကြရင်း Peter Fredrick ဆိုတဲ့ ရဲတစ်ယောက်က ဆက်သွယ်လာပြီး V ရဲ့ အမေကို ရှာတွေ့ထားကြောင်းပြောပြပါတယ်။ အမေ့ကို သေလျက်နဲ့ ပြန်တွေ့လိုက်တဲ့ V ဟာ သူ့အမေ သေဆုံးရခြင်း နောက်ကွယ်က ဖြစ်ရပ်တွေကို စုံစမ်းဖို့ သင်းအုပ်ဆရာ Dean Humphreys နဲ့ သူ့ရဲ့ မကောင်းမှုတွေကို ဖော်ထုတ်ဖို့ Hope of the Beloved ဆိုတဲ့ church ကျောင်းမှာ အလုပ်သင်အနေနဲ့ ဝင်ရောက် လုပ်ကိုင်ခဲ့ပါတော့တယ်။...
Crimson Rivers II: Angels of the Apocalypse (2004) ⭐TMDB: 61% User Score 🎬 #Action #Crime #Thriller 🗓 2004 🎞 movie 🌎 #France #UnitedKingdom #Italy ⏰ 1 နာရီ 40 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကြီးရုပ်ရှင် Leon: The Professional ထဲက မင်းသား Jean Reno ခေါင်းဆောင်ပါဝင်တဲ့ ပြင်သစ်စကားပြော လျှို့ဝှက်သည်းဖို/မှုခင်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ် ပြင်သစ်ဘုရားကျောင်းတစ်ခုရဲ့နံရံထဲမှာ အလောင်းတစ်လောင်းရှာတွေ့ပြီးနောက် ရဲအုပ်နီးမန်းစ်နဲ့ စုံထောက်ရီဒိုနှစ်ယောက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပါတော့တယ်။ ဒီလူသတ်မှုက ကွင်းဆက်လူသတ်မှုဖြစ်ပြီး ယေရှုရဲ့တမန်တော်တွေဆိုတဲ့ လူ ၁၂ နှစ်ယောက် တစ်ယောက်ပြီးတစ်ယောက်အသတ်ခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ ဘာသာရေးသိပ္ပံပညာရှင်မလေး မာရီတစ်ယောက် စုံစမ်းဖို့ပူးပေါင်းလာပါတော့တယ်။ လျှို့ဝှက်နက်နဲလွန်းတဲ့ ဒီအရှုပ်အထွေးမှာ တကယ်ပဲ အဖြေမှန်ပေါ်သွားမှာလား ပြင်သစ်ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း မညှာစတမ်း အနိဌာရုံတို့ကို ပေါ်ပေါ်လွင်လွင် ဒီကားမှာ မြင်တွေ့ရမှာပါ...
The Courier (2024) ⭐IMDB: 6.0/10 (3 k Votes) 🎬 #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #Spain #Belgium #France ⏰ 1 နာရီ 43 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကားဟာ စပိန်နိုင်ငံရဲ့ စီးပွားပျက်ကပ် နဲ့ ငွေကြေးခဝါချမှုတွေ ငွေကြေး လိမ်လည်မှုတွေကို နောက်ခံပြီး ဇာတ်လမ်းတည်ထားတာ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ Ivan ဆိုတဲ့ ဂေါဖ့်ကွင်းက အလုပ်သမားလေး ဖြစ်ပြီး တစ်နေ့မှာ မူးနေတဲ့ ကောင်စီဝင် တစ်ယောက်ကို ကားနဲ့ ပြန်ပို့ ရင်းနဲ့ သူ့ဘဝတိုးတက်လမ်းကို ရှာတွေ့သွားတာ ဖြစ်ပါတယ်။ Anne ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ပြီး သူဟာ ငွေကြေးတွေကို လက်ဆွဲသေတ္တာထဲ ထည့်ပြီး တစ်နေရာကနေ တစ်နေရာကို ကူးပြီး ပို့ပေးရတဲ့ အလုပ်ကို စလုပ်ပါတော့တယ်။ သူ့ရဲ့ ပထမဆုံး အလုပ် လုပ်ရင်း Escamez ဆိုတဲ့ လူနဲ့ သိကျွမ်းခဲ့ပါတယ်။ ဒီလူကလည်း ငွေကြေးတွေကို သယ်ပို့ပေးသူ ဖြစ်ပြီး ကော်မရှင်ခအနေနဲ့ ငွေကြေးရဲ့ 3% ကို ယူတာ ဖြစ်ပါတယ်။ Ivan က Yannick ဆိုတဲ့ Partner တစ်ယောက်နဲ့ တွေ့ပြီး သူတို့ ကိုယ်ပိုင် သယ်ပို့ပေးတဲ့ လုပ်ငန်းကို စလုပ်ခဲ့ပါတယ်။ အမြဲ အမြင့်တက်ဖို့ပဲ ချောင်းနေတဲ့ Ivan တစ်ယောက် Anne ဆီကနေ သင်ယူရတဲ့ ပညာတွေနဲ့ ဘယ်လို လူလည်ကျမလဲ၊ အဆုံးသတ်မှာရော ဇာတ်လမ်းက လှပါ့မလား။ ဖြစ်ရပ်မှန်ပေါ် အခြေခံ ရိုက်ထားတာလည်း ဖြစ်လို့ စိတ်ဝင်စားစရာ ပိုကောင်းပါတယ်။...
Twisted (2004) ⭐TMDB: 56% User Score 🎬 #Action #Adventure #Crime #Drama #Thriller #Mystery 🗓 2004 🎞 movie 🌎 #UnitedStates #Germany #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျက်စီကာ(Ashley Judd)က ကင်းလှည့်ရဲအဖြစ်ကနေ လူသတ်မှုစုံစမ်းစစ်ဆေးရေးဌာနကို ရာထူးတိုးပြောင်းရွှေ့သွားပြီး သိပ်မကြာခင်မှာပဲ သူမ ပထမဆုံးကိုင်ရတဲ့ လူသတ်မှုက သူနဲ့ တစ်ချိန်က One Night Stand သဘောမျိုး ပတ်သက်ခဲ့ဖူးတဲ့သူ တစ်ယောက် သတ်ခံရတာ ဖြစ်နေပါတယ်။ ဂျက်စီကာရဲ့ မိဘတွေက သူ ခြောက်နှစ်သမီး အရွယ်လောက်မှာတည်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီးတော့ သူ့ဖခင်ရဲ့ တွဲဖက်ဟောင်းဖြစ်တဲ့ ဂျွန် (Samuel L. Jackson) က သူမကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့တာပါ။ ဂျွန်က လက်ရှိမှာ ရဲချုပ်ကြီး ဖြစ်တဲ့အတွက် ဂျက်စီကာရဲ့ ရာထူးတိုးမှုကို မနာလိုတဲ့သူတွေကလည်း ရှိနေပါတယ်။ သူမအနေနဲ့ လူသတ်မှုကို သူမရဲ့ တွဲဖက် မိုက်ခ် (Andy Garcia) နဲ့ အတူ စုံစမ်းနေတုန်းမှာပဲ နောက်ထပ် လူသတ်မှုတွေက ဆက်တိုက်ဆိုသလို ဖြစ်လာပြီး သတ်ခံရသူတိုင်းက သူမနဲ့ One Night Stand ပတ်သက်ခဲ့သူတွေချည်းပါပဲ။ လူသတ်မှုစဖြစ်တဲ့အချိန်ကစလို့ သူမကလည်း ညဖက်တွေမှာ သတိလစ်သလို ဖြစ်ဖြစ်သွားပြီး ဘာကိုမှ မမှတ်မိတော့ပါဘူး။ လူသတ်မှုတွေကို ဘယ်သူက ကျူးလွန်နေတာလဲ။ သူမနဲ့ ပတ်သက်ခဲ့ဖူးတဲ့ ယောက်ျားတွေထဲက သူမကို အရူးအမူး စွဲလန်းနေသူလား။ သူမကိုယ်တိုင်လား။ သူမ မိဘတွေရဲ့ သေဆုံးမှုကရော ဒီလူသတ်မှုတွေနဲ့ ဆက်စပ်နေလား ဒါတွေကို ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားလေးကတော့ Thriller/ Mystery ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။...
