fa
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Billion Dollar Bluff (2024) ⭐IMDB: 4.3/10 (73 Votes) 🎬 #Crime #Thriller #Drama 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 27 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စတော့ခ်ဟုမ်းမ် ဆိုင်ဒရုမ်းဆိုတာကို Money Heist ပရိသတ်တွေဆိုရင် သေချာပေါက် သိကြပါတယ်။ ပြန်ပေးဆွဲခံရတာ၊ ဓားပြတိုက်ခံရတာ၊ အဖမ်းခံရတာလို အခြေအနေမျိုးမှာ ဓားစာခံတွေဘက်က ဖြစ်လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားရောဂါ တစ်မျိုးပေါ့။ ဒီရောဂါကို ခံစားရတဲ့သူတွေက သူတို့ကို ဖမ်းခေါ်ထားတဲ့ . . . သူတို့ကို အန္တရာယ်ပြုနိုင်တဲ့လူတွေနဲ့ တစ်ဖက်တည်း သွားပူးပေါင်းလိုက်တာမျိုး၊ ကူညီပေးတာမျိုးတွေ လုပ်လေ့ရှိတာပါ။‘Billion Dollar’ Bluff လို့ခေါ်တဲ့ ပြီးခဲ့တဲ့ လပိုင်းကမှ ထွက်ထားတဲ့ ရုပ်ရှင်ကလဲ အဲဒီအိုင်ဒီယာပေါ်မှာ အများကြီး အခြေခံထားပါတယ်။ ဆာရှာဂျွိုင်းအမည်ရတဲ့ ကောင်မလေးက ‘ဖလစ်ခ်မို’ လို့ အမည်ရ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုပေါ်မှာ သန်းနဲ့ချီတဲ့ ဖော်လိုဝါကို ပိုင်ဆိုင်ထားတဲ့ ဆိုရှယ်အင်ဖလူဝမ်ဇာမလေးပါ။ အင်ဖလူဝမ်ဇာတွေရဲ့ ထုံးစံအတိုင်း လိုက်ဖ်တွေလွှင့်၊ သူ့ရဲ့ နေပုံထိုင်ပုံတွေနဲ့ ပတ်သက်လို့ စတေးတပ်စ်တွေ အမြဲတင်နေတော့ လူတွေကလဲ အဟုတ်မှတ်ကြပါတယ်။ဘီလျံနာသူဌေးကြီး တစ်ဦးရဲ့ သမီးအဖြစ်လဲ သိထားကြတာပါ။ ဒါပေမဲ့ တကယ့်တကယ်တမ်းက အဲဒီဆာရှာဂျွိုင်းဆိုတာ နာမည်အတုဖြစ်ပြီး အဲဒီကောင်မလေးကလဲ ဘီလျံနာသမီး ဟုတ်မနေပါဘူး။ ဒီလိုအယောင်ဆောင်ရင်းပဲ လူတွေရဲ့ စိတ်ဝင်စားမှုကို ရနေတဲ့ ဆာရှာတစ်ယောက် ပွဲတစ်ခုကို သွားရင်း အပြန်မှာ ပြန်ပေးဆွဲခံရပါတယ်။ ပြန်ပေးဆွဲသမားတွေက သူ့ကို တကယ့်သူဌေးသမီးမှတ်ပြီး ငွေညှစ်ဖို့ ဖမ်းခေါ်လာခဲ့ကြပေမဲ့ အဖြစ်မှန်တွေ သိသွားတဲ့အခါ . . .မီဒီယာရဲ့ အတန်ရှင်ကို တအားလိုချင်တဲ့ ဆာရှာနဲ့ ငွေလိုအပ်နေတဲ့ ပြန်ပေးသမားတို့ ပေါင်းမိကြပြီး တကယ့် ဒိတ်ဒိတ်ကြဲလှပါချည်ရဲ့ဆိုတဲ့ သူဌေးတွေရဲ့ အိမ်တွေကို တစ်အိမ်ပြီး တစ်အိမ် လိုက်ဖောက်ထွင်းပါတော့တယ်။ အဓိကဇာတ်ကောင် ဆာရှာဂျွိုင်းနေရာမှာ The Last Man စီးရီးက Bukola Ayoka က ပါဝင်ထားပြီး ပြန်ပေးသမားခေါင်းဆောင်အဖြစ်နဲ့ Kim’s Convenience မှာ ဆစ်ဒ်နေအဖြစ် သိခဲ့ကြတဲ့ Nicolette Pearse ကို မြင်ရပါလိမ့်မယ်။ Stefan Brogren ရိုက်ကူးထားပြီး Mariam Barry က တွဲဖက်ကူညီပေးထားပါတယ်။ ဇာတ်လမ်းဇာတ်ကွက်အရတော့ ပျင်းစရာ မကောင်းပေမဲ့ အချိန်ပိုမှ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားလို့တော့ မယုတ်မလွန် ပြောပါရစေ။ စတော့ခ်ဟုမ်းမ် ဆိုင်ဒရုမ်းဆိုတာကို Money Heist ပရိသတ်တွေဆိုရင် သေချာပေါက် သိကြပါတယ်။ ပြန်ပေးဆွဲခံရတာ၊ ဓားပြတိုက်ခံရတာ၊ အဖမ်းခံရတာလို အခြေအနေမျိုးမှာ ဓားစာခံတွေဘက်က ဖြစ်လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားရောဂါ တစ်မျိုးပေါ့။ ဒီရောဂါကို ခံစားရတဲ့သူတွေက သူတို့ကို ဖမ်းခေါ်ထားတဲ့ . . . သူတို့ကို အန္တရာယ်ပြုနိုင်တဲ့လူတွေနဲ့ တစ်ဖက်တည်း သွားပူးပေါင်းလိုက်တာမျိုး၊ ကူညီပေးတာမျိုးတွေ လုပ်လေ့ရှိတာပါ။ ‘Billion Dollar’ Bluff လို့ခေါ်တဲ့ ပြီးခဲ့တဲ့ လပိုင်းကမှ ထွက်ထားတဲ့ ရုပ်ရှင်ကလဲ အဲဒီအိုင်ဒီယာပေါ်မှာ အများကြီး အခြေခံထားပါတယ်။ ဆာရှာဂျွိုင်းအမည်ရတဲ့ ကောင်မလေးက ‘ဖလစ်ခ်မို’ လို့ အမည်ရ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုပေါ်မှာ သန်းနဲ့ချီတဲ့ ဖော်လိုဝါကို ပိုင်ဆိုင်ထားတဲ့ ဆိုရှယ်အင်ဖလူဝမ်ဇာမလေးပါ။ အင်ဖလူဝမ်ဇာတွေရဲ့ ထုံးစံအတိုင်း လိုက်ဖ်တွေလွှင့်၊ သူ့ရဲ့ နေပုံထိုင်ပုံတွေနဲ့ ပတ်သက်လို့ စတေးတပ်စ်တွေ အမြဲတင်နေတော့ လူတွေကလဲ အဟုတ်မှတ်ကြပါတယ်။ ဘီလျံနာသူဌေးကြီး တစ်ဦးရဲ့ သမီးအဖြစ်လဲ သိထားကြတာပါ။ ဒါပေမဲ့ တကယ့်တကယ်တမ်းက အဲဒီဆာရှာဂျွိုင်းဆိုတာ နာမည်အတုဖြစ်ပြီး အဲဒီကောင်မလေးကလဲ ဘီလျံနာသမီး ဟုတ်မနေပါဘူး။ ဒီလိုအယောင်ဆောင်ရင်းပဲ လူတွေရဲ့ စိတ်ဝင်စားမှုကို ရနေတဲ့ ဆာရှာတစ်ယောက် ပွဲတစ်ခုကို သွားရင်း အပြန်မှာ ပြန်ပေးဆွဲခံရပါတယ်။ ပြန်ပေးဆွဲသမားတွေက သူ့ကို တကယ့်သူဌေးသမီးမှတ်ပြီး ငွေညှစ်ဖို့ ဖမ်းခေါ်လာခဲ့ကြပေမဲ့ အဖြစ်မှန်တွေ သိသွားတဲ့အခါ . . . မီဒီယာရဲ့ အတန်ရှင်ကို တအားလိုချင်တဲ့ ဆာရှာနဲ့ ငွေလိုအပ်နေတဲ့ ပြန်ပေးသမားတို့ ပေါင်းမိကြပြီး တကယ့် ဒိတ်ဒိတ်ကြဲလှပါချည်ရဲ့ဆိုတဲ့ သူဌေးတွေရဲ့ အိမ်တွေကို တစ်အိမ်ပြီး တစ်အိမ် လိုက်ဖောက်ထွင်းပါတော့တယ်။ အဓိကဇာတ်ကောင် ဆာရှာဂျွိုင်းနေရာမှာ The Last Man စီးရီးက Bukola Ayoka က ပါဝင်ထားပြီး ပြန်ပေးသမားခေါင်းဆောင်အဖြစ်နဲ့ Kim’s Convenience မှာ ဆစ်ဒ်နေအဖြစ် သိခဲ့ကြတဲ့ Nicolette Pearse ကို မြင်ရပါလိမ့်မယ်။ Stefan Brogren ရိုက်ကူးထားပြီး Mariam Barry က တွဲဖက်ကူညီပေးထားပါတယ်။ ဇာတ်လမ်းဇာတ်ကွက်အရတော့ ပျင်းစရာ မကောင်းပေမဲ့ အချိန်ပိုမှ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားလို့တော့ မယုတ်မလွန် ပြောပါရစေ။
...

Creep (2004) ⭐TMDB: 59% User Score 🎬 #Horror #Mystery #Thriller 🗓 2004 🎞 movie 🌎 #Germany #UnitedKingdom ⏰ 1 နာရီ 26 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မြေအောက်ရထားဘူတာမှာ ပျားပန်းခတ်လှုပ်ရှားနေတဲ့လူတွေကြားမှာ ဆေးစွဲနေသူ၊ အိမ်ခြေရာမဲ့တွေရှိသလို ဟိုးအောက်ကို ဆက်သွားလိုက်ရင် ရေဆိုးပိုက်မှာ နေတဲ့ ပုံပျက်ပန်းပျက်မကောင်းဆိုးဝါးတစ်ကောင်လည်း ရှိနေတယ် ခပ်လှလှကောင်မလေး Kate မှာတော့ ဘတ်မန်းမင်းသား ဂျော့ကလူနေး ရောက်နေတယ်ဆိုလို့ သူရှိတဲ့နေရာဆီသွားဖို့ရာအတွက် ညမြေအောက်ရထားဘူတာကို အပြေးကလေးလာရင်းမှ ရထားစောင့်နေတဲ့ ထိုင်ခုံတန်းလေးမှာ အိပ်ပျော်သွားလေရဲ့… နိုးလာတော့ ညဥ့်နက်သန်းခေါင် ဘယ်သူမှ မရှိတော့ဘူး ဂိတ်တံခါးတွေလည်း အားလုံးပိတ်နေပြီ ထွက်မရပြုမရ အိပ်မက်ဆိုးသဖွယ် တစ်ညတာကနေ Kate လွတ်မြောက်နိုင်မှာလား
...

Wild Eyed and Wicked (2023) ⭐IMDB: 3.5/10 (422 Votes) 🎬 #Drama #Fantasy #Horror #Thriller #Mystery 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသစ်ထွက်ရှိထားတဲ့ ဟော်ရာဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် လီလီဟာ လက်စဘီယန်တစ်ယောက်ဖြစ်ပြီး ဓားရေးလေ့ကျင့်ပေးတဲ့ နည်းပြပါ ဆုံးသွားတဲ့ သူ့အမေကတော့ မကောင်းဆိုးဝါးအဖြစ် သူ့အိပ်မက်တိုင်းမှာ လာရောက်ခြောက်လှန့်လေ့ရှိတယ် မခေါ်မပြောတော့တဲ့ အဖေဖြစ်သူက တစ်နေ့မှာ လီလီ့အမေရဲ့ နှစ် ၂၀ ပြည့်ဈာပနအတွက် အရင်အိမ်ကို ပြန်လာခိုင်းတဲ့အခါ… အဖေ့ကို မုန်းနေတဲ့ လီလီ သူ့အဖေနဲ့ဆက်ဆံရေးကို ဘယ်လိုပြန်တည်ဆောက်မှာလဲ အိပ်မက်ထဲက မကောင်းဆိုးဝါးကိုရောအလယ်ခေတ် ချပ်ဝတ်တန်ဆာတွေသုံးပြီး အထာကျကျ ဘယ်လိုနှိမ်နင်းသွားမလဲ ဆိုတာကို ပရိသတ်ကြီး အားပေးကြပါဦးလို့
...

Godsend (2004) ⭐TMDB: 49% User Score 🎬 #Drama #Horror #ScienceFiction #Thriller 🗓 2004 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပေါလ်နဲ့ ဂျက်စီတို့မှာ အဒမ်ဆိုတဲ့သားလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာပဲ အဒမ်က အသက် ၈ နှစ်ပြည့်မွေးနေ့ကျင်းပကာ နောက်တစ်ရက်မှာ မတော်တဆတစ်ခုဖြစ်ပြီး ဆုံးပါးသွားပါတော့တယ်။ ယူကျုံးမရဖြစ်နေတဲ့ လင်မယားနှစ်ယောက်က သူတို့သားလေးရဲ့ ဆဲလ်ကိုပွားလိုက်ပြီး ချွတ်စွတ်တူတဲ့ ကလုန်းတစ်ယောက်ကို တရားမဝင် ထပ်မံမွေးဖွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အဒမ် (ကလုန်း) အသက် ၈ နှစ်ပြည့်ပြီး ကျော်လွန်တဲ့ရက်ကစလို့ ကျောင်းမှာရော အိမ်မှာပါ အပြုအမူတွေက အရမ်းကို ဆိုးဝါးလာပါတော့တယ်။ သူတို့ သားလေးရဲ့ အမူအကျင့်တွေပြောင်းလဲလာပုံကို လင်မယားနှစ်ယောက် လိုက်လံစုံစမ်းရင်းနဲ့ ဘာတွေကို သိလာရမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Horror/ Sci-fi ဖြစ်ပြီးတော့ ကလုန်းဖန်တီးပေးတဲ့ ဆရာဝန်ကြီးအဖြစ် Robert De Niro က အဓိကဇာတ်ဆောင်တစ်ဦးနေရာက ပါဝင်ထားပါသေးတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။
...

Killer Body Count (2024) ⭐IMDB: 4.9/10 (320 Votes) 🎬 #Horror #Thriller #Comedy 🗓 2024 🎞 movie 🌎 #Canada #SouthAfrica ⏰ 1 နာရီ 49 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Killer Body Count ဆိုတဲ့ လူငယ်တွေကိုလိုက်သတ်တဲ့လူသတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ကမ်မီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ မိတဆိုးလေးဖြစ်ပြီး ဖခင်ဖြစ်သူ”ဘရိုင်ယန်”နဲ့အတူတူ​နေပါတယ် ဘရိုင်ယန်ဟာ ကမ်မီ့ကို လိင်မှုကိစ္စစွဲလန်းနေသူဟုအထင်မှားပြီး ဝေးလံခေါင်ဖျားတဲ့နေရာမှာရှိတဲ့ ကတ်သလစ်ကုသရေးစင်တာကိုပို့ခဲ့ပါတယ် အဲ့ဒီမှာ ကမ်မီလိုပဲ လိင်မှုကိစ္စကိုအလွန်အကျွံစွဲလန်းတာကြောင့်ဆိုပြီး စင်တာကိုရောက်လာတဲ့အခြားဆယ်ကျော်သက်များလည်းရှိပါတယ် အဲ့ဒီစင်တာကိုတော့ တော်နီနဲ့ယူဂျင်းတို့မောင်နှမနှစ်ယောက်ကဦးစီးပြီးအုပ်ချုပ်ပါတယ် ဒါပေမဲ့ နတ်ဆိုးမျက်နှာဖုံးစွပ်ထားတဲ့လူတစ်ယောက်က အဲ့ဒီစင်တာမှာ လိင်မှုကိစ္စကျူးလွန်တဲ့သူတွေကို လိုက်လံသတ်ဖြတ်နေပါတယ် အဲ့ဒီအကြောင်းကိုစင်တာကိုရောက်နေတဲ့လူငယ်တွေသိသွားတဲ့အခါမှာ ဘယ်လိုလွတ်အောင်ပြေးကြမလဲ လိုက်သတ်နေတဲ့လူကရော ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းတချို့ကြောင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်တော်ပါဘူး
...

Yumi's Cells: The Movie (2024) ⭐IMDB: 5.0/10 (8 Votes) 🎬 #Animation #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 33 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yumi’s Cells: The Movie (2024) ****************************** ဒီ Animation လေးကတော့ webtoon မှာ အောင်မြင်မှုအကြီးကြီးရပြီး အဲဒီကနေတဆင့် Drama, Musical တို့ထွက်ရှိထားပြီး အခု Animated movie version ပါ ထွက်ရှိလို့လာပါပြီ။ Drama ထဲမှာတော့ Kim Go Eun၊ Ahn Bo Hyun နဲ့ JinYoungတို့ ပါဝင်ထားပြီး Season 2ခု ထွက်ရှိခဲ့တဲ့ဇာတ်ကားကောင်းလေးမလို့ မကြည့်ရသေးရင်လည်း ကြည့်ရှုဖို့ ညွှန်းချင်ပါတယ်နော်။ Movie Version မှာလည်းပဲ ကုမ္ပဏီ ဝန်ထမ်းမ‌လေး ယူမီရဲ့ ဦးနှောက်ထဲမှာရှိနေတဲ့ ချစ်စရာကောင်းတဲ့ ဆဲလ်မျိုးစုံနဲ့အတူ ယူမီရဲ့ နေ့စဉ်ဘဝကို ခံစားကြည့်ရှူရဦးမှာဖြစ်ပါတယ်။ စိတ်ခံစားချက်တွေကို မဖော်ပြတတ်တဲ့ ယူမီနဲ့ သူ့ဦးနှောက်ထဲက ဆဲလ်လေးတွေရဲ့ လမ်းညွှန်လုပ်ဆောင်ချက် အဖုံဖုံကို ရသမျိုးစုံနဲ့ ကြည့်ရှူရဦးမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Treasure Htet မှ ရေးသားထားပေးပါတယ်)
...

Inu-oh (2021) ⭐IMDB: 7.1/10 (2 k Votes) 🎬 #Animation #Drama #Fantasy #Music #History #Musical 🗓 2021 🎞 movie 🌎 #Japan ⏰ 1 နာရီ 39 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Inu-oh (2021) အေးချမ်းတဲ့ ဒါနိုအူရာရွာ‌လေးမှာ နေထိုင်တဲ့ တိုမိုနာတစ်ယောက် တစ်နေ့မှာ မတရားမှုနဲ့ကြုံတွေ့လိုက်ရတာကြောင့် အဖေသေပြီး မျက်စိအမြင်ကွယ်ခဲ့ရပါတယ်။မတရားသေဆုံးသွားရတာကြောင့် ငြိမ်းချမ်းရာမရနိုင်တဲ့ အဖေအတွက် လက်စားချေရမဲ့တိုမိုနာတစ်ယောက် ဟီကဲတွေရဲ့ ပျောက်ဆုံးသွားတဲ့ရွာတွေကို လိုက်လံရှာဖွေနေပါတယ်။တစ်နေ့ ဘီဝါဘုန်းတော်ကြီး ထီအိချီနဲ့ တွေဆုံပြီး တပည့်အဖြစ်လက်ခံသင်ကြားရင်းဘီဝါတီးခတ်ဖျော်ဖြေသူတစ်ယောက် ဖြစ်လာပါတော့တယ်။ ကျောမှာအကြေးခွံ ဗိုက်မှာအမွေးအမျှင်တွေနဲ့ မျက်စိကလည်း ရှိသင့်တဲ့နေရာမှာမရှိခြေတံလက်တံတွေ ရှည်လျားပြီး လူနဲ့မတူတာကြောင့် မကောင်းဆိုးဝါးလို့အများက သမုတ်ခံထားရတဲ့ အီနူအို။ ကျိန်စာမိထားတယ်လို့ သတ်မှတ်ခံထားရတဲ့အကျည်းတန်ရုပ်ရည်ကြောင့် မျက်နှာဖုံးစွပ်ထားရသူ အီနူအိုတစ်ယောက်ဘီဝါတီးခတ်နေတဲ့ တိုမိုနာနဲ့အတွေ့ အနုပညာဂီတပိုးတွေ နိုးကြွလာပါတော့တယ်။ အီနူအိုနဲ့ တိုမိုနာနှစ်ယောက်ပေါင်းလို့ ကျဆုံးဟီကဲစစ်သည်တွေရဲ့ ဇာတ်လမ်းကိုကပြဖျော်ဖြေရင်း သာမန်ပြည်သူတွေကြားမှာ တစ်စတစ်စနာမည်ကြီးလာပါတော့တယ်။ပြည်သူတွေရဲ့ အသည်းကျော် အီနူအိုဇာတ်အဖွဲ့ရဲ့ ကောင်းသတင်းက ရှိုးဂန်းတွေဆီကိုရောက်သွားလေတော့ ရှိုးဂန်းကြီးရဲ့ အိမ်တော်မှာ လာဖျော်ဖြေဖို့ အဖိတ်ခံရပါပြီ။တောင်းဆိုချက်ကတော့ တစ်ခုတည်းပါပဲ။ နောက်ဆုံးအပိုဒ်မှာ အီနူအို မျက်နှာဖုံးချွတ်ပြီး ဖျော်ဖြေရမှာပါ။ ငြိမ်းချမ်းရာမရနိုင်တဲ့ ဟီကဲဝိညာဉ်တွေအစား တစ်လောကလုံးသိအောင်ဇာတ်လမ်းတွေ ပြောပြရင်း ဖျော်ဖြေနေတဲ့ အီနူအိုနဲ့ တိုမိုနာတို့မိတ်ဆွေနှစ်ဦးရဲ့ဂီတတွေဟာ တိုင်းပြည်အာဏာစုစည်းရမဲ့ ရှိုးဂန်းတွေအတွက် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်လာတဲ့အခါ ….. (အညွှန်းနဲ့ ဘာသာပြန်ကို Juno Saurus ရေးသားထားပါတယ်)
...

Inside Out (2015) ⭐IMDB: 8.1/10 (805 k Votes) 🎬 #Action #Adventure #Animation #Comedy #Family #Drama #Fantasy 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့တော့ CM ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.. နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရခဲ့သလို..ရုပ်ရှင်ဝေဖန်ရေးတွေကလည်း ချီးကျူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် .. Animation တကားအနေနဲ့လည်း ထူးထူးခြားခြား IMDb Rating မှာ 8.5 အထိ တောင်ရောက်ရှိထားတာမို့ ကောင်းလားမကောင်းလားဆိုတာ လုံးဝစဉ်းစားနေစရာလိုမှာလည်းမဟုတ်တဲ့အပြင်..ကြည့်သင့်တဲ့ Animation ဖြစ်ကြောင်းအသိ ပေးချင်ပါတယ်။ အညွှန်းလေးအရင်ခံစားကြည့်ရအောင်အညွှန်းကနည်းနည်းတော့ရှည်ပါတယ်.. သေသေချာချာခံစားချင်ရင် တော့စာကိုအဆုံးထိဖတ်ဖို့အကြံပေးလိုက်ပါတယ်.. ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။ The Incredibles ဇာတ်ကား Review တုန်းက Pixar ရဲ့ အကြောင်း ပရိတ်သတ်ကြီးကို ပြောပြခဲ့ဖူးပါတယ်။ ဒီကုမ္ပဏီကရိုက်တဲ့ ကာတွန်းတိုင်းက ဇာတ်လမ်းကောင်းပြီး အနုပညာရသမြောက် တယ်လို့ အားလုံးသိထားကြပါတယ်။ ဒီကားကလည်း ဒီအတိုင်းပဲ အနုပညာရသမြောက်အောင် ရိုက်ကူးထားနိုင်သလို၊ တကယ့် ဝမ်းနည်းကြည်နူး စရာ ကောင်းပြီး၊ ခံစားချက်ရသစုံပေးနိုင်အောင် ရိုက်ကူးထား နိုင်တာတွေ့ရပါတယ်။ Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက Pixar အတွက်သာမက ကာတွန်းကားတွေအားလုံးထဲမှာပါ အကောင်းဆုံး လို့ သတ်မှတ်ထားကြတာဖြစ်ပြီး Original Idea ဖြစ်တဲ့ Toy Story 1 က အကောင်းဆုံး လို့သတ်မှတ်ထားကြပါတယ်။ ကျွန်တော်ဘာလို့ဒီအကြောင်းကို ပြောရလည်းဆိုရင် ဒီ Inside Out က Toy Story ဇာတ်လမ်းတွေနဲ့တန်းတူ ကောင်းတဲ့ ကာတွန်းကားဖြစ်ပြီး အနုပညာရှုထောင့်ကကြည့်ကြည့်၊ ဖျော်ဖြည်ရေး ရှုထောင့်ကကြည့်ကြည့် ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်။ ဒီကားက ကာတွန်းကားဖြစ်လို့ လူတော်တော်များများက ကလေးတွေအတွက်ပဲလို့ ထင်ကြမှာပါ။ တကယ်တော့ ဒီကားက ကလေးရော လူကြီး ပါကြည့်ဖို့သင့်တော်ပြီး၊ လူကြီးတွေ အရွယ်ရောက်ပြီးသား လူတွေက ဒီကားကိုပိုပြီး နားလည်မှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဇာတ်လမ်းက လူရဲ့ စိတ်ထဲမှာရှိတဲ့ ခံစားချက်လေးတွေ အကြောင်းရိုက်ထားတာဖြစ်ပြီး၊ အသက်ကြီးလာတာနဲ့အမျှ ခံစားချက်တွေပြောင်းလာပုံ၊ ဒီစိတ်ခံစားချက်တွေက ကဘယ်လိုအရေးပါပုံကို စိတ်ဝင်စားစရာ ဇာတ်လမ်းလေးနဲ့တင်ဆက်ထား တာဖြစ်ပါတယ်။ ဒါကြောင့် ဇာတ်လမ်းမပြောခင်မှာ ကြိုပြီးပြောချင်ပါတယ်၊ ဒီကားလေးကိုကြည့်ဖြစ်အောင်ကြည့်ကြပါ။ ကလေးရော လူကြီးပါ ကြည့်သင့်ပြီး၊ ကလေးတွေလည်း ကြိုက်မှာဖြစ်သလို လူကြီးတွေလည်း နားလည်ခံစား နိုင်မှာဖြစ်ပါတယ်။ ဒီကားကြည့်နေရင်းနဲ့ ပရိတ်သတ်တော်တော်များများ မျက်ရည်ဝဲရသလို ဇာတ်လမ်းအဆုံးမှာ စိတ်ကျေနပ်မှုကို ရစေမှာဖြစ်ပါတယ်။ မိသားစုတူတူကြည့်နိုင်ပါတယ်။ အသဲမာတဲ့သူတောင်မှ ဒီကားကြည့်ပြီးရင် အနည်းနဲ့အများတော့ ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဇာတ်လမ်းဇာတ်အိမ်က Riley ဆိုတဲ့ကောင်မလေးနဲ့ သူ့ရဲ့ စိတ်ခံစားချက်လေးတွေအကြောင်း တင်ဆက်ထားပြီး Riley က အမေရိကန်နိုင်ငံ အလယ်ပိုင်း ပြည်နယ်တစ်ခုဖြစ်တဲ့ Minnesotaမှာ နေထိုင်ပါတယ်။ လူတွေရဲ့စိတ်မှာJoy (Happiness, Color-Gold), Sadness (Color-Blue), Fear (purple), Disgust (Green), Anger(Red) ဆိုပြီး basic feeling ၅မျိုးရှိတယ်လို့ ကာတွန်းကဆိုထားပါတယ်။ ဇာတ်လမ်းအစမှာ မွေးကာစ Riley လေးမှာ Joy ဆိုတဲ့ပျော်ရွှင်မှုလေး စတင်ဖြစ်ပေါ်လာသလို၊ Sadness ကလည်း ကပ်ပါလာပါတယ်။ ဒါကြောင့် မွေးကာစမှာ တစ်ချိန်လုံး ငိုနေကြတာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ကလေးဘဝ ပြေးလွှားဆော့ကစားရင်း မသိတဲ့အရာကို ကြောက်စိတ်လေးတွေရှိသလို၊ မစားချင်တာကို အဖေအမေက ကျွေးရင် ရွံရှာတဲ့စိတ်ဖြစ်လာပြီး၊ ဒေါသလည်းထွက်လာတတ်တယ်ဆိုတာကို သဘာဝကျကျ ပီပီပြင်ပြင် သရုပ်ဖော်ထားပါတယ်။ ဒီနောက်မှာတော့ ဇာတ်လမ်းကနေ လူတွေရဲ့ Personality လို့ခေါ်တဲ့ ကိုယ်နေဟန် စိတ်နေသဘောထား စတာတွေက ကလေးဘဝ မှတ်ဉာဏ်လေးကနေ ဖြစ်တည်လာတည်လို့ဆိုပြီး ဥပမာလေးတွေပေးထားပါတယ်။ ကလေးဘဝမှာ အဖေအမေနဲ့ စနောက်ပြောင်ရင်းနဲ့ သူမမှာ အပြောင်အပျက်လုပ်တဲ့စိတ်ကလေးရှိလာပြီး ဒါလေးက အမြစ်တွယ်သွားပြီး သူမရဲ့ စိတ်နေစိတ်ထားထဲမှာ ပါလာသလို၊ သူ့အဖေက ကလေးဘဝမှာ ရေခဲပြင် ဟော်ကီကို ကစားစေခဲ့တာကြောင့် သူမကျောင်းတက်တဲ့အခါမှာ ဒီကစားနည်းကို နှစ်သက်လာသလို ဒီကစားနည်းမှာလည်း ထူးချွန်ခဲ့ပါတယ်။ ဒါ့အပြင် လူတွေမှာ အရေးအကြီးဆုံးဖြစ်တဲ့ မိသားစုနဲ့ သူငယ်ချင်းဖွဲတဲ့ Memory ကလည်း သူမထံမှာရှိနေသလို အမှန်အတိုင်းဝန်ခံတတ်တဲ့ အကျင့်ကလည်း သူမရဲ့ Core memory ထဲမှာရှိနေပါတယ်။ ဒီနေရာမှာ Core Memory တွေဆိုတာက သူမရ...

Haraa (2024) ⭐IMDB: 7.1/10 (611 Votes) 🎬 #Action #Bollywood #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 2 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Haraa (2024) တစ်ကိုယ်တော်ပုစ္ဆာရှင်းတမ်းGenre – Thriller, ActionIMDB – 7.8/10 အသစ်စက်စက်ထွက်ရှိထားတဲ့ တမီးလ်စကားပြော သည်းထိတ်ရင်ဖို အိန္ဒိယ အက်ရှင်ကားလေး ဖြစ်ပါတယ်။မင်းသားကြီး Mohan တစ်ယောက် ၁၄ နှစ်ကြာ ဇာတ်ကားမရိုက်ပဲ အနားယူနေခဲ့ရာကနေယခုမှ ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကွိုင်တာပူရ်မြို့မှာ ဘုရားပွဲ စီတန်းလှည့်လည်မှာကို ရဲတွေတသိုက်ပြဿနာမတက်အောင် လုံခြုံရေးတွေ တင်းကြပ်စွာ ချမှတ်ပြီး အလုပ်တွေ များနေကြတယ်။အဲဒီမှာလည်း ပဟေဠိဆန်ဆန်နဲ့ ရမ်ဆိုတဲ့ဘဲတစ်ပွေဟာ သမီးဖြစ်သူ အဆုံးစီရင်ပြီး ဆုံးပါးခဲ့ရတာကိုပူဆွေးနေခဲ့တဲ့အတွက် တစ်ကိုယ်တော် စုံစမ်းထောက်လှမ်းနေတယ်။ သူ့နောက်ကိုလည်း ရဲလိုလိုဘာလိုလို လူတွေအုပ်လိုက်က အသည်းအသန် လိုက်ဖမ်းနေကြတယ်။ သမီးလေးဖြစ်သူ သေဆုံးမှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ရမ်တစ်ယောက်ကြက်သွန်နွှာသလို တစ်ဆင့်ချင်း ဖော်ထုတ်နေရင်းနဲ့ မြေအောက်လောက လူမိုက်ဂိုဏ်းတွေရဲ့ နိုင်ငံရေးမသမာမှုတွေရဲ့ ကမ္ဘာထဲကို တစ်စတစ်စ ချည်းနင်းဝင်ရောက်မိခဲ့တဲ့အချိန်မှာတော့….။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)
...

Supernatural (2005) ⭐TMDB: 83% User Score 🎬 #Drama #Mystery #SciFi #Fantasy 🗓 2005 🎞 Series 🌎 #UnitedStatesofAmerica ⏰ 43 မိနစ် 5 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော်စီးရီး Supernatural ကို BluRay 1080p/720p Quality နဲ့ CM Version အဖြစ် စဆုံးပြန်လည်တင်ဆက်လိုက်ပါပြီ။Supernatural စီးရီးကို ၂၀၀၅ ခုနှစ်ကနေစတင်ထုတ်လွှင့်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ဇာတ်သိမ်းနိုင်ပါတယ်။ စီစင်အနေနဲ့ ၁၅ ခုထိရှိပြီး အပိုင်းပေါင်း ၃၂၇ ပိုင်းရှိပါတယ်။အညွှန်းကိုတော့Myanmar Varient Entertainment FB Pageကနေ ခံစားရေးဖွဲ့ထားတာနဲ့မိတ်ဆက်ပေးခဲ့ချင်ပါတယ်။+++++++++++++++++++++++🎬 Supernatural သို့ လွမ်းခြင်း (၁၅ နှစ်တာ အမှတ်တရ) နိုဝင်ဘာ ၃၀၊ ၂၀၂၂။ ◼ CW ရဲ့ အပိုင်းအများဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Supernatural ဟာ မြန်မာပရိသတ်တွေကြားမှာ နေရာတစ်ခုအမြဲရယူခဲ့တယ်ဆိုတာ ငြင်းစရာအကြောင်းမရှိခဲ့ပါဘူး။ အများစုက “မိစ္ဆာမုဆိုး” “ပညာသည်နှစ်ဦး” စတဲ့ နာမည်အသီးသီးနဲ့သိကြသလို တချို့တွေကလည်း Supernatural နာမည်နဲ့ပဲ ကြည့်ခဲ့ကြပေမယ့် ကာလတစ်ခုအထိ Supernatural ဟာ ပရိသတ်ရဲ့ဘဝအစိတ်အပိုင်းတစ်ခုအထိ ရှိနေဦးမှာပါပဲ။ ◼ Supernatural ဟာ Bible, folklore တွေ၊ myth တွေကို parody လုပ်ပြီးတင်ဆက်ထားတဲ့ series ဖြစ်ပေမယ့် တဖြေး​ဖြေးနဲ့ လူ့ဘဝမှာတွေ့ကြုံရတတ်တဲ့ အချိုးအကွေ့တွေ၊ ပျော်စရာတွေ၊ အခက်အခဲတွေ၊ ပူဆွေးဝမ်းနည်းမှုတွေ၊ သံယောစဥ်တွေကို ထောက်ပြပြီး လမ်းတစ်ခုကိုပြပေးခဲ့တယ်။ Sam နဲ့ Dean ရဲ့ ညီအစ်ကိုသံယောစဥ်၊ monster တွေရဲ့ တိုက်ခိုက်မှုတွေထက် ထင်မှတ်မထားတဲ့ လူကောင်းလို့ထင်ရတဲ့သူတွေရဲ့ရက်စက်မှုတွေက ပိုပြီးနာကျင်ရကြောင်းတွေကို ပရိသတ်ကသဘောကျကြတာပါ။ ◼ Supernatural ဟာ Sam နဲ့ Dean တို့ရဲ့ အမေ Mary တစ်ယောက် သေဆုံးရာကနေ စတင်ပါတယ်။ Season 1 ကနေ 3 အထိ သာမန်ရိုးရိုးမကောင်းဆိုးဝါးတွေ၊ ဝိညာဥ်တွေ၊ စုန်းတွေ၊ နတ်ဆိုးတွေနဲ့ ဒဏ္ဍာရီလာနတ်ဘုရားတွေနဲ့ စတင်ပြီး Season 4 ကနေ တောက်လျှောက် Angel နဲ့ Archangel အရှုပ်အထွေးတွေ၊ သမ္မာကျမ်းလာကမ္ဘာပျက်ကပ်တွေ၊ Four Horsemen တွေလည်း ပါဝင်လာသလို မယုံနိုင်စရာဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ အချိုးအကွေ့လည်း ကြာလေလေများလာလေလေပါပဲ။ Season 12 မှာ Monster တွေထက် လူအချင်းချင်းတွယ်ရတာကိုပိုအသားပေးထားတာမို့လို့ဇာတ်အေးချင်သယောင်ရှိပေမယ့် မယုံနိုင်အောင်ကို ဇာတ်အလှည့်အ​ပြောင်းတွေများပြားပါတယ်။ Season 13 ကနေစပြီး ဇာတ်ရှိန်ဆက်တိုက်တက်လာပါတယ်။ ◼ ရုပ်ရှင်တစ်ကား၊ စာတစ်အုပ်ပြီးသွားရင် နောက်ထပ်ရုပ်ရှင်အသစ်တစ်ကား၊ နောက်ထပ်စာအုပ်အသစ်တစ်အုပ်အမြဲစတင်ကြရတယ်၊ ဘဝဆိုတာ စာအုပ်တစ်အုပ်၊ ရုပ်ရှင်တစ်ကားထက် အဆပေါင်းများစွာပိုလေးနက်တယ် ဆိုတာကို Chuck နဲ့ Winchester တွေရဲ့ အားပြိုင်မှုတွေကနေတစ်ဆင့် ပရိသတ်ကိုပြသပေးတယ်။ ကျွန်တော်တို့တွေ များသောအားဖြင့် အခက်အခဲတစ်ခုကြုံလာတဲ့အခါမှာ ဘုရား တ တတ်ကြတယ်။ တကယ်လို့ ကိုယ်ကိုးကွယ်ယုံကြည်အားကိုးနေတဲ့သူက ကိုယ့်ကို သမမယ့်သူတစ်ယောက်ဖြစ်နေတဲ့အခါမှာ ဘာတွေခံစားရမလဲ၊ ဘာတွေကြုံတွေ့ရပြီး ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာ Sam နဲ့ Dean တို့ဆီကနေ ပညာယူတတ်ကြရင်သိပ်ကောင်းမှာပါပဲ။ ◼ Supernatural ဆိုတာ Impala တစ်စီး၊ မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေ၊ အိန်ဂျယ်တွေနဲ့ Winchester တွေထက် ပိုတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင်ပိုပြည့်စုံမယ်လို့ယူဆမိတယ်။ အထူးသဖြင့် Supernatural ဟာ ကျွန်တော့်ဘဝနဲ့ ကျွန်တော့်ရဲ့ရုပ်ရှင်ကြည့်မှုအပိုင်းကို အများကြီးသက်ရောက်မှုရှိခဲ့ပါတယ်။ ကျွန်တော် Supernatural ဆိုတာကို ၇တန်းကျောင်းသားဘဝမှာ မှုန်ဝါးဝါးအခွေဗားရှင်းနဲ့စပြီးကြည့်ခဲ့တာပါ။ Supernatural မကြည့်ခင်က ကျွန်တော်သရဲအရမ်းကြောက်တယ်၊ အင်္ဂလိပ်ကားတွေရော မြန်မာကားတွေကသရဲတွေကိုပါ ကျွန်တော်ကြောက်တယ်။ Supernatural ရဲ့ ပထမဆုံးအပိုင်း Woman in White ကို စကြည့်ခါစက ကြောက်စရာကြီးပဲ လို့ ထင်ရပေမယ့် တကယ့်တကယ်မှာ ကြောက်နေရင် သရဲကကိုယ့်ကိုဖျင်တက်ကြိတ်မှာပဲ ဆိုပြီး Supernatural ကနေ သရဲမကြောက်တတ်တဲ့စိတ်ကိုရလာခဲ့တာပါပဲ။ ◼ Television Show တစ်ခုဖြစ်ပြီး ဘတ်ဂျက်နိမ့် series တစ်ခုဖြစ်တဲ့အတွက် VFX အပိုင်းမှာ အားနည်းပေမယ့်လည်း Supernatural နဲ့ ပတ်သက်ပြီး ပရိသတ်ကိုထိစေတဲ့အချက်တွေထဲမှာ Classic Rock သီချင်းတွေ၊ Country စတိုင် တင်ဆက်ပြသမှုတွေ၊ monster တွေကို လူပုံစံနဲ့ပြသထားပေမယ့် monster တွေကို ကြောက်စရာကောင်းအောင်ဖန်တီးထားမှုတွေကိုထည့်ထားရပါမယ်။ Supernatural ရဲ့ မူလအစီအစဥ်က Season ငါးခုစာပဲရှိခဲ့ပေမယ့် ပရိသတ်ရဲ့တုံ့ပြန်အားပေးမှုရလဒ်ကောင်းခဲ့တဲ့အတွက် Season ၁၅ ခုအထိ ထွက်ရှိခဲ့ပါတယ်။ H.H. Holmes လို၊ Eliot Ness လို၊ Jack the Ripper လို၊ Adolf Hitler လို တကယ့်လက်တွေ့ဘဝက လူတွေကိုပါထည့်ပြီး The Sandman နဲ့ Evil Dead တို့ကိုအခြေခံဖန်တီးထားတဲ...

The Beast (2023) ⭐IMDB: 6.6/10 (4 k Votes) 🎬 #Drama #Romance #ScienceFiction #SciFi #Thriller 🗓 2023 🎞 movie 🌎 #France #Canada ⏰ 2 နာရီ 26 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မနှစ်က ထွက်ရှိထားတဲ့ Sci-fi/Romance ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ မင်းသမီး Léa Seydoux နဲ့ မင်းသား George MacKay တို့ ဦးဆောင်ပါဝင်ထားပြီး rotten tomatoes – 86% ရရှိထားပါတယ်။ Artificial Intelligence တွေ စိုးမိုးတဲ့ ခေတ်မှာ လူသားတွေဟာ ခံစားချက်တွေကို ခြိမ်းခြောက်မှု တစ်ခုအနေနဲ့ မြင်နေကြပါတယ်။ ဒီ ခံစားချက်တွေကို ရှင်းထုတ်ပြီး DNA ကို သန့်စင်ဖို့ အတွက် Gabrielle ဟာ သူ့ရဲ့ အရင်ဘဝတွေကို ခုန်ကူးရမှာဖြစ်ပါတယ်။ သူ့ရဲ့ အတိတ်ဘဝမှာ မသေဆုံးဘဲ ထာဝရရှင်သန်နေတဲ့ အချစ်ကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်တွေပဲ ကြုံခဲ့ရပါတော့တယ်။
...

Road Wars: Max Fury (2024) ⭐IMDB: 1.9/10 (250 Votes) 🎬 #Action #Adventure #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကပ်ဘေးကြီးအပြီးမှာ လူသားတွေတစထက်တစလျော့နည်းလာခဲ့တယ်။ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်မှုတွေနဲ့အတူ ရှင်ကျန်ရစ်တဲ့ လူနည်းစုတွေစုပေါင်းပြီး နယ်မြေတွေအုပ်စိုးနေခဲ့ကြတာပေါ့။ ဒီဇာတ်လမ်းကတော့ ရှင်ကျန်ရစ်ခဲ့တဲ့အုပ်စုတွေထဲက အုပ်စုတစ်စုရဲ့ဇာတ်လမ်းပါ။ သူတို့အုပ်စုမှာ ချမှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာဘဲ အပြစ်မဲ့တဲ့သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့အတူ လူတစ်ယောက်ကို နယ်နှင်ဒဏ်ပေးခဲ့လိုက်ကြတယ်။ နယ်နှင်ဒဏ်ပေးတဲ့အချိန်မှာပဲ တိုက်ခိုက်မှုတွေဖြစ်ပြီး ခေါင်းဆောင်တစ်ယောက် ဆုံးပါးသွားခဲ့ပေမဲ့ နယ်နှင်ဒဏ်ပေးခံရတဲ့သူကတော့ နာကျည်းမှုတွေနဲ့ လွတ်မြောက်သွားခဲ့ပါတယ်။ အချိန်ကာလတစ်ခုအကြာမှာတော့ သေဆုံးသွားသူရဲ့ ကျန်နေခဲ့တဲ့ သမီးနှစ်ယောက်အရွယ်ရောက်လာပြီး လက်စားချေလိုမှုတွေနဲ့ သူ့ကိုနယ်နှင်ဒဏ်ပေးလိုက်တဲ့ ကျန်ရစ်တဲ့ခေါင်းဆောင်တွေကို လိုက်ရှာနေခဲ့တဲ့လူနဲ့ ထိပ်တိုက်တွေ့ကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

The Girl in the Trunk (2024) ⭐IMDB: 3.4/10 (190 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Denmark ⏰ 1 နာရီ 30 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဝေးပြေးလမ်းမပေါ်က ထရပ်ကားတစ်စီးအထဲမှာ ပိတ်မိနေတဲ့သတိုသမီး၀တ်စုံနဲ့ကောင်မလေးတစ်ယောက် ၊ ဖုန်းတစ်လုံး နဲ့ ပြန်ပေးဆွဲသူ။ ကာယကံရှင်ဖြစ်သူ အမန်ဒါအနေနဲ့လွှတ်မြောက်ဖို့ပြန်ပေးဆွဲသမားရဲ့ ကစားပွဲကိုလိုက်ပါကစားပေးဖို့လိုအပ်လာတဲ့အခါ။ အတိတ် နဲ့ ပစ္စုပ္ပန် နှစ်ခုလုံးဆီကလွှတ်မြောက်ဖို့ကြိုးစားနေတဲ့ အမန်ဒါ။ သူမလိုအပ်‌နေတာကိုကိုရှာဖွေသွားနိုင်မလားဆိုတာ… အညွှန်းနဲ့ဘာသာပြန်ကတော့ Yanni ဖြစ်ပါတယ်
...

What Happens in Miami (2024) ⭐IMDB: 4.4/10 (146 Votes) 🎬 #Thriller #TVMovie 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 30 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.3 ရရှိထားတဲ့ Thriller ရုပ်ရှင်တစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ကျောင်းသူသူငယ်ချင်းတစ်စုက ကျောင်းပိတ်ရက်မှာ မိုင်ယာမီကမ်းခြေကို နွေရာသီအပန်းဖြေခရီးထွက်လာကြပါတယ်။ ဒီအချိန်မှာ သူငယ်ချင်းတွေထဲကတစ်ယောက်ဖြစ်တဲ့ ရိုင်ယန်ဆိုတဲ့ ‌ဆယ်လီမိန်းကလေးဟာ ပျောက်ဆုံးသွားခဲ့တဲ့ပါတယ်။ ရိုင်ယန်မပျောက်ဆုံးခင်မှာ သူမဟာ မိုင်ယာမီက ‌မူးယစ်ဆေးရောင်းသမားတစ်ယောက်နဲ့တွဲသွားတွဲလာလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရိုင်ယန်ပျောက်ဆုံးသွားပြီးနောက်မှာတော့ ကျန်သူငယ်ချင်းတွေဟာ အဓိကသံသယရှိသူတွေအဖြစ် စုံစမ်းစစ်ဆေးတာကို ခံကြရပါတော့တယ်။ ရိုင်ယန်ရဲ့အမှုနောက်ကွယ်မှာ ဘယ်လိုအရှုပ်တော်ပုံတွေရှိနေတာလဲ၊ ရိုင်ယန်ကရော ဘာကြောင့်ပျောက်ဆုံးသွားခဲ့တာလဲ၊ နောက်ဆုံးမှာရော ရိုင်ယန်ကိုရှာတွေ့သွားပါ့မလား၊ အဓိကတရားခံကရော ဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
...

The Final Cut (2004) ⭐TMDB: 60% User Score 🎬 #Drama #Mystery #ScienceFiction #Thriller 🗓 2004 🎞 movie 🌎 #Canada #Germany #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူသားတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ထဲကို မိုက်ခရိုချစ်ပ်လေး ထည့်လိုက်ပြီးတော့ လူသားတွေရဲ့ မွေးဖွားလာတဲ့အချိန်မှစ ဘဝတလျှောက်လုံးကို မှတ်တမ်းတင်ထားနိုင်တဲ့ အချိန်ကာလတစ်ခုမှာ ဒီဇာတ်လမ်းကို တည်ထားပါတယ်။ Implant ထည့်ထားတဲ့ လူသားက သေဆုံးသွားရင်တော့ ကွယ်လွန်သူမိသားစုရဲ့ ခွင့်ပြုချက်နဲ့ ကွယ်လွန်သူရဲ့ ဘဝအတွေ့အကြုံတွေ၊ အပျော်ရွှင်ရဆုံး အချိန်တွေ၊ အမှတ်တရတွေ၊ ဂုဏ်ယူရတဲ့ အခိုက်အတန့်တွေကို ပြန်ယူထားပြီး မိသားစုက သိမ်းထားခွင့် ရှိပါတယ်။ အဲ့လိုမျိုး အမှတ်တရတွေကိုပဲ တည်းဖြတ်ပေးရတဲ့ လူတွေကို Cutter လို့ ခေါ်ပြီးတော့ အဓိကဇာတ်ဆောင် အယ်လန်ဟက်ခ်မန်း (Robin Williams) က အတော်ဆုံးကတ်တာ/ တည်းဖြတ်သူ ဖြစ်ပါတယ်။ အယ်လန်က ငယ်ရွယ်စဉ်အချိန်မှာတုန်းက မတော်တဆမှုတစ်ခုဖြစ်ဖူးတာကြောင့် စိတ်ဒဏ်ရာလည်း ရှိထားသူပါ။ သူ့အနေနဲ့ ချားလ်စ်ဘန်နစ်စတာ ဆိုတဲ့ ရှေ့နေတစ်ယောက် ကွယ်လွန်သွားလို့ သူ့ဘဝရဲ့ အမှတ်တရအချိန်တွေကို တည်းဖြတ်မှုပြုဖို့ ဇနီးဖြစ်သူက သူ့ကို လာရောက်ငှားရမ်းတဲ့အခါ… ဖလက်ချာ (Jim Caviezel) က အဲ့လူရဲ့ ဘဝကို သူက တည်းဖြတ်ချင်ပါတယ်ဆိုပြီး အယ်လန်ဆီက အင်ပလန့်ကို ခိုးယူဖို့ကြိုးစားလာတဲ့အခါ… ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Thriller/ Sci-fi ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။
...

The Hangman (2024) ⭐IMDB: 3.3/10 (537 Votes) 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သားအဖနှစ်ယောက် တောတွင်းတစ်နေရာမှာ စခန်းချရင်း မနက်နိုးလာတဲ့အခါ သားလုပ်တဲ့သူ ပျောက်သွားလို့ ဖခင်ဖြစ်သူ လီယွန်က အနီးအနားမှာ လိုက်ရှာရင်း အကူအညီတောင်းကြည့်လိုက်တဲ့အခါ နယ်ခံအချို့က Hangman လို့ခေါ်တဲ့ နတ်ဆိုးတစ်ကောင်ကို ကိုးကွယ်ကာ ထိုနတ်ဆိုးကို ငရဲကနေ လွှတ်ပေးဖို့ ကြိုးစားနေတဲ့အပြင် သူ့သားကိုလည်း ထိုနတ်ဆိုးကိုးကွယ်သူတွေက ဖမ်းသွားတာကို သိလိုက်ရပါတော့တယ်။ သူ့သားလေးကို နတ်ဆိုးကိုးကွယ်သူတွေက ဘာလို့လိုချင်တာလဲ။ လီယွန်ကရော သူ့သားလေးကို နတ်ဆိုးကိုးကွယ်သူတွေနဲ့ နတ်ဆိုးလက်ထဲကနေ ကယ်တင်ပေးနိုင်ပါ့မလား။ နတ်ဆိုးကရော ငရဲကနေ လွတ်ပြီးကမ္ဘာမြေပေါ်ကို တက်လာမလား စတာတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။
...

Vera Drake (2004) ⭐TMDB: 72% User Score 🎬 #Drama 🗓 2004 🎞 movie 🌎 #UnitedKingdom #France ⏰ 2 နာရီ 5 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကဦးစားပေးပြီး ရိုက်ပေးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင် ၁၉၅၀ခုနှစ်ဝန်းကျင်က လန်ဒန်မှာ ဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ကြင်နာတတ်ပြီး တစ်ကိုယ်ကောင်းဆန်မှုလုံးဝမရှိတဲ့ သဘောအကောင်းဆုံးလူပေါ့။သူက သူများအိမ်တွေမှာ သန့်ရှင်းရေးလုပ်ရပေမယ့် အိမ်ရှင်တွေကရော သူ့မိသားစုကရော ချစ်ခင်တာကိုခံရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူနဲ့ရင်းနှီးတဲ့သူတွေမသိကြတာတစ်ခုက သူမဟာ ကိုယ်ဝန်မလိုချင်တဲ့မိန်းကလေးတွေကို သူတို့သဘောအတိုင်း ကိုယ်ဝန်ဖျက်ချပေးတာတွေကို လျို့ဝှက်စွာလုပ်နေခဲ့တာပါ။ သူမအနေနဲ့ကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ ပိုက်ဆံတောင်မယူဘဲ မိန်းကလေးတွေကိုအခမဲ့ဖျက်ချပေးပြီး ကူညီပေးနေတာပေါ့။တစ်ကယ်တမ်း အဲဒီလိုဖြစ်သလိုဖျက်ချတာက အရမ်းအန္တရာယ်ရှိကြောင်းကို အရမ်းနောက်ကျပြီးမှသိလိုက်ရတဲ့အပြင် ရဲတွေကပါလိုက်ပြီးစုံစမ်းနေတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုဖြစ်သွားမလဲ? တစ်သက်လုံးချစ်ခင်လေးစားလာတဲ့ သူ့မိသားစုကရော ခွင့်လွှတ်နိုင်မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။ ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကဦးစားပေးပြီး ရိုက်ပေးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင် ၁၉၅၀ခုနှစ်ဝန်းကျင်က လန်ဒန်မှာ ဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ကြင်နာတတ်ပြီး တစ်ကိုယ်ကောင်းဆန်မှုလုံးဝမရှိတဲ့ သဘောအကောင်းဆုံးလူပေါ့။ သူက သူများအိမ်တွေမှာ သန့်ရှင်းရေးလုပ်ရပေမယ့် အိမ်ရှင်တွေကရော သူ့မိသားစုကရော ချစ်ခင်တာကိုခံရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူနဲ့ရင်းနှီးတဲ့သူတွေမသိကြတာတစ်ခုက သူမဟာ ကိုယ်ဝန်မလိုချင်တဲ့မိန်းကလေးတွေကို သူတို့သဘောအတိုင်း ကိုယ်ဝန်ဖျက်ချပေးတာတွေကို လျို့ဝှက်စွာလုပ်နေခဲ့တာပါ။ သူမအနေနဲ့ကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ ပိုက်ဆံတောင်မယူဘဲ မိန်းကလေးတွေကိုအခမဲ့ဖျက်ချပေးပြီး ကူညီပေးနေတာပေါ့။ တစ်ကယ်တမ်း အဲဒီလိုဖြစ်သလိုဖျက်ချတာက အရမ်းအန္တရာယ်ရှိကြောင်းကို အရမ်းနောက်ကျပြီးမှသိလိုက်ရတဲ့အပြင် ရဲတွေကပါလိုက်ပြီးစုံစမ်းနေတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုဖြစ်သွားမလဲ? တစ်သက်လုံးချစ်ခင်လေးစားလာတဲ့ သူ့မိသားစုကရော ခွင့်လွှတ်နိုင်မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။
...

Ezra (2023) ⭐IMDB: 6.4/10 (2 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Robert dinero , Bobby cannavale တို့ဦးဆောင်ထားတဲ့ ဒရမ်မာ ကားကောင်းလေးပါ .. ငယ်ငယ်က အော်တစ်ဇင်ရောဂါနဲ့ ကြီးပြင်းလာပြီး comedian ဖြစ်လာတဲ့ မက်စ်ဟာ သူ့သားလေး အက်ဇရာကို ရလာတဲ့အခါမှာလည်း မျိုးရိုးလိုက်ပြီး အော်တစ်ဇင်တစ်ယောက်ဖြစ်လာပါတယ် .. ကျောင်းမှာလည်း အက်ဇရာနဲ့တစ်ခြားကလေးတွေနဲ့မတည့်လို့ ကျောင်းပြောင်းရတာ ခဏခဏပါပဲ.. သာမန်လူ့လောကအသိုင်းအဝိုင်းမှာ သားကို၀င်ဆံ့စေချင်တဲ့ ဖခင်ဖြစ်သူ မက်စ်နဲ့ မိခင် ဂျန်နာနဲ့လည်း ကွာရှင်းလိုက်ကြပြီး ကလေးကို အုပ်ထိန်းခွင့်ကို ဂျန်နာကရသွားတာကြောင့် မက်စ် တစ်ယောက် အရူးမီးဝိုင်းဖြစ်နေသလိုပါပဲ ဒါပေမယ့် တစ်ဖက်မှာလည်း မက်စ်ဟာ အောင်မြင်တဲ့ comedian တစ်ယောက်ဖြစ်လာပြီး အမေရိကရဲ့ နာမည်ကြီး late night talkshowလုပ်တဲ့ ဂျင်မီကင်မယ်ကနေ သူ့ပွဲမှာ မက်စ်ကို ဖျော်ဖြေဖို့ကမ်းလှမ်းလာပါတယ်.. သားရှိတဲ့ နယူးဂျာစီကနေ လော့အိန်ဂျလိစ်ကို ပြောင်းရွှေ့ရတော့မယ့် မက်စ်ဟာ … တစ်ညမှာ အက်ဇရာကို ပြန်‌ေပးဆွဲသွားပြီး LA ကိုထွက်သွားပါတော့တယ် … မက်စ်ရဲ့နောက်ကို ရဲတွေပါလိုက်လာတာကြောင့် သားဖြစ်သူကိုခေါ်ပြီး စွန့်စားခန်းထွက်ကြမယ့် မက်စ်နဲ့ အက်ဇရာတို့ရဲ့ အဖေနဲ့သားကြားက ဆက်ဆံရေးနဲ့ မေတ္တာကို ကောင်းကောင်းပုံဖော်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်
...

The Consequences of Love (2004) ⭐TMDB: 76% User Score 🎬 #Drama #Thriller 🗓 2004 🎞 movie 🌎 #Italy ⏰ 1 နာရီ 44 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating(7.5/10)The Consequences of Love ကိုတော့ ဇာတ်ကောင်တခုအပေါ်မှာအခြေပြုပြီးဇာတ်လမ်းတွေကိုဖန်တီးတဲ့နေရာမှာနာမည်ကြီးတဲ့ ဒါရိုက်တာ Paolo Sorrentino ကရိုက်ကူးထားတာပါ၊ ဆွတ်ဇာလန်နိုင်ငံက ဟိုတယ်တခုမှာဇာတ်အိမ်ကိုအခြေတည်ထားပြီး သတ်လက်ပိုင်းအရွယ် အထီးကျန်ဆန်နေတဲ့ Titta Di Girolamo အကြောင်းကိုရိုက်ကူးထားတာပါ၊ Titta ဟာ မာဖီးယား‌ေတွနဲ့ ငွေရေးကြေးရေးပြဿနာတွေကြောင့် ဟိုတယ်မှာအကျယ်ချုပ်သဘောမျိုးအနေနဲ့နေနေရတာပါ၊မိန်းမနဲ့ကွဲနေတာကြာပြီး သာသမီးတွေ‌ရှိပေမယ့် အထီးကျန်နေရတဲ့လူတယောက်ဖြစ်ပါတယ်၊ဒီလိုနဲ့ဟိုတယ်ဘားကောင်တာက Sofia တယောက်နဲ့ရင်းနှီးစပြုလာပါတော့တယ်၊ဒီရင်းနှီးမှုက Titta တယောက်ရဲ့အထီးကျန်ဆန်မှုတွေကိုကုစားသွားနိုင်မလား သူတို့နှစ်ယောက်ကကောဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစောင့်ကြည့်သွားရမှာပါ၊ဇာတ်ကားကခပ်အေးအေးလေးနဲ့ တွေးတောနေတာတွေများတာမို့ ပျင်းစရာကောင်းတယ်လို့ထင်ရပေမယ့် ဒရမ်မာ၊အချစ်၊သည်းထိပ်ရင်ဖို ရသသုံးမျိုးလုံးကိုဖော်ကျုးထားတာကြောင့် ကြည့်ရူသင့်တယ့်ဇာတ်ကားလေးတကားပါ
...

Srikanth (2024) ⭐IMDB: 7.8/10 (7 k Votes) 🎬 #Biography #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Srikanth (2024)ဆရီကန့်သ် ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်‌ဆက်ပေး‌ချင်တဲ့ ဇာတ်ကားလေးကတော့IMDb rating မှာ 7.8 အထိ ရရှိထားတဲ့ 2024 ခုနှစ်ထွက် အိန္ဒိယဟိန္ဒူစကားပြောဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ဘိုလန့်စက်မှုလုပ်ငန်းတည်ထောင်သူအမြင်အာရုံချို့တဲ့တဲ့ စက်မှုလုပ်ငန်းရှင် ဆရီကန့်သ်ဘိုလာရဲ့ ဘဝဇာတ်ကြောင်းလေးကိုရိုက်ကူးဖော်ပြထားတာပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Rajkummar Rao က အဓိကပါဝင်သရုပ်ဆောင်ထားပြီးတွဲဖက်သရုပ်ဆောင်တွေအနေနဲ့ကတော့ Jyothika, Alaya F နဲ့ Sharad Kelkar စတဲ့သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဆရီကန့်သ်လေးဟာ မွေးလာကတည်းက လုံးဝမျက်စိမမြင်ဘဲ မွေးလာတာပါဒါကို ပတ်ဝန်းကျင်ကလူတွေသိတော့ သူ့မိဘနှစ်ပါးကို ဝိုင်းစွန့်ပစ်ဖို့ ပြောကြရော အဲဒီမှာ အဖေဖြစ်သူကလည်းမြေမြှုပ်သတ်ပစ်ဖို့ လုပ်တဲ့အခါ အမေဖြစ်သူက ငိုယိုပြီး မလုပ်ဖို့ တောင်းပန်တော့ သေမင်းခံတွင်းဝကနေ သီသီလေး လွတ်လာရတာပေါ့။ ကြီးလာတော့ ပညာသင်ရတဲ့အချိန် ဆရီကန့်သ်လေးက တခြားကလေးတွေထက် ပိုပြီး ထူးခြားနေခဲ့ပါတယ်။‌နောက်တော့ မျက်မမြင်ကျောင်းပြောင်းတက်ရင်း ကျောင်းစာမှာ ပိုမိုထူးချွန်လာသလို ကျောင်းရဲ့ ကျောင်းသားခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ ကံဆိုးချင်တော့ မျက်မမြင်ကျောင်းရဲ့ကျောင်းအုပ်နဲ့ အဆင်‌မပြေဖြစ်ပြီး ကျောင်းကနေ ထုတ်ခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ ဆရာမဒေဗီကာက သူ့ကို ပညာဆက်သင်ခိုင်းရင်း စာမေးပွဲကို 96 ရာခိုင်နှုန်းနဲ့ အောင်မြင်သွားပါတော့တယ်။ ကောလိပ်တက်ဖို့ ဘာသာရပ်ရွေးတဲ့အချိန် သိပ္ပံပညာရပ်ကို မျက်မမြင်မသင်ရဘူးဆိုတဲ့ ဥပဒေကြောင့် ဆရီကန့်သ်က အိန္ဒိယပညာရေးစနစ်ကြီးကို တရားစွဲရင်း ဆရီကန့်သ်တစ်ယောက် သူသင်ချင်တဲ့သိပ္ပံပညာသင်ကြားနိုင်ပါ့မလား….. သူ့ဘဝမှာရော နောက်ထပ် ဘယ်လိုအခက်အခဲမျိုးတွေ ကြုံရဦးမလဲဆိုတာ ဒီဇာတ်ကားလေးမှာပဲ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။
...