fa
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Scrooged (1988) ⭐TMDB: 68% User Score 🎬 #Comedy #Drama #Fantasy #Romance 🗓 1988 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Scrooged (1988) ~ IMDb – 6.9/10, Rotten Tomatoes – 71% ~ ခရစ္စမတ်ကတော့ ထပ်ရောက်လာပေမဲ့ ခရစ္စမတ်ရဲ့အရသာကိုလည်း အပြည့်အဝရပြီး တကယ်လည်းကောင်းတဲ့ ရုပ်ရှင်တွေက မထွက်သလောက်ရှားနေပါပြီ။ ကျွန်တော်တို့တွေ မကြည့်ရသေးတဲ့ထဲလည်း ကုန်သလောက်ဖြစ်နေပြီ။ ခရစ္မမတ်ရဲ့အရသာကိုလည်း အပြည့်အဝရသလို တကယ်လည်းကောင်းတဲ့ Superman ပထမဆုံးကားရဲ့ ဒါရိုက်တာ Richard Donner ရဲ့ Scrooged ကိုတော့ ကြည့်ပြီးတဲ့သူထက် မကြည့်ရသေးတဲ့သူပိုများမယ်လို့ ထင်ပါတယ်။ ပါရာမောင့်က ထုတ်ထားတဲ့ ဒီကားက ခရစ္စမတ်ရဲ့အရသာအပြည့်ရတာလည်းမဆန်းပါဘူး။ ခရစ္စမတ်ရဲ့အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကိုပဲ မော်ဒန်ဗားရှင်းနဲ့ Black Comedy နှောပြီး ရိုက်ထားတာကိုး။ ထုံးစံအတိုင်း ခရစ္စမတ်ကာလမှာ အတိတ် အနာဂတ် ပစ္စုပ္ပန် ခရစ္စမတ်တစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းခံရတဲ့ လူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ ပိုလည်းလက်တွေ့ကျလာသလို ကြည့်ရတာလည်းပိုအရသာရှိပါတယ်။ ဘီလ်မာရေးရဲ့ သရုပ်ဆောင်ချက်ကြောင့်လည်း ပါတယ်။ ဒီကားမှာ တခြားခရစ္စမတ်ကားတွေထက် ထူးခြားတဲ့အချက်က နောက်ဆုံးသီချင်းကို တစ်ကားလုံးပါသမျှလူတွေ အတူတူဆိုသွားကြတာပါပဲ။ ဒါကသိပ်တော့မထူးခြားသလိုဖြစ်နေမှာပေမဲ့ သူတို့အတူတူဆိုကြတဲ့ သီချင်းက ခရစ္စမတ်နဲ့သိပ်လိုက်ဖက်သလို သိပ်လှတဲ့သီချင်းဖြစ်နေတာက ပိုထူးခြားသွားစေတာပါပဲ။ Jackie DeShannon ရဲ့ “Put a Little Love in Your Heart” ပါပဲ။ 1969 တုန်းက Hot 100 မှာ နံပါတ်၄ချိတ်ခဲ့တဲ့ သီချင်းဖြစ်သလို ကမ္ဘာကြီးကို အချစ်တွေနဲ့ ဖြည့်ချင်ခဲ့တဲ့ သီချင်းလည်းဟုတ်တော့ ခရစ္စမတ်နဲ့သိပ်လိုက်တဲ့သီချင်းဖြစ်နေတယ်။ ကမ္ဘာကြီးက အချစ်တွေနဲ့ပြည့်နေတယ်လို့တော့ မလိမ်ချင်ပါဘူး။ အခုရော နောင်ရော ကမ္ဘာမှာ အချစ်ထက် ကျန်တာတွေနဲ့ ပိုပြည့်ဝနေမှာပါပဲ။ တစ်ခါတလေတော့လည်း ကမ္ဘာကြီးထဲ အချစ်လေးနည်းနည်းထည့်ကြည့်လိုက်တာ မမှန်တောင် မမှားဘူးပေါ့။ Put a little love in your heart… And the world will be a better placeAnd the world will be a better placeFor you and meYou just wait and see Take a good look aroundAnd if you’re looking downPut a little love in your heart… (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

Panchayat Jetty (2024) ⭐IMDB: 5.7/10 (631 Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 17 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Panchayat Jetty (2024)”ဗာလာတို့ရွာ”============================= အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော ကျေးလက်ဟာသရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အဘက်ဘက်က တိုးတက်ပြီး မြို့အင်္ဂါရပ်တိုင်းနဲ့ကိုက်ညီတဲ့ကီရယ်လာမြို့ကြီးနဲ့ မြစ်တစ်စင်းပဲခြားတဲ့ ကျွန်းပေါ်မှာကိုဒွန်ဂတ်ဆယ်ရီဆိုတဲ့ မြို့ငယ်လေးရှိပါတယ်။ မြို့ဆိုပေမဲ့ အိမ်တိုင်းမှာ အိမ်သာမရှိ၊ မြို့ကိုသွားချင်ရင် လှေနဲ့ပဲသွားရ၊မီးသင်္ဂြိုဟ်ချင်ရင်တောင် အဝေးကြီးကို သွားသင်္ဂြိုဟ်ရတဲ့ရွာသာသာ တောမြို့လေးပေါ့။ ဒီရုပ်ရှင်ကိုတော့ အဲဒီမြို့လေးရဲ့ အုပ်ချုပ်ရေးအဖွဲ့ရွေးကောက်ပွဲမတိုင်ခင်ကာလကို ဇာတ်အိမ်တည်ထားပါတယ်။ မြို့ရွေးကောက်ပွဲမတိုင်ခင်မှာ အတိုက်အခံပါတီဝင်တွေကကီရယ်လာမြို့နဲ့ချိတ်ဆက်တဲ့ တံတားဆောက်ဖို့နဲ့ မြို့အတွက်မီးသင်္ဂြိုဟ်စက် ဆောက်ပေးဖို့ ဆန္ဒတွေပြရင်း တလွဲတချော်တွေဖြစ်ပုံ၊နိုင်ငံရေးယှဉ်ပြိုင်ကြပုံတွေကို ဒီရုပ်ရှင်ထဲမှာ ဟာသနှောပြီးမြင်ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Shutter Island (2010) ⭐TMDB: 82% User Score 🎬 #Drama #Mystery #Thriller 🗓 2010 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shutter Island (2010) IMDb Rating (8.1) / Rotten Tomatoes (69 %) Shutter Island က ဒါရိုက်တာ Martin Scorsese အကောင်းဆုံးကားတွေထဲက တစ်ကားပါ။ Shutter Island လို့ခေါ်တဲ့ကျွန်းတစ်ကျွန်းက အရူးဆေးရုံကို Teddy ( Leonardo ) နဲ့ Chuck ( Mark Ruffalo ) အရာရှိ ၂ ယောက် ရောက်လာတယ်။ သူတို့အလုပ်က Rachel Solando လို့ခေါ်တဲ့ လူနာပျောက်သွားတဲ့အမှုကို လာစစ်ဆေးဖို့။ အဲဒီအရုးဆေးရုံ တစ်နည်းအားဖြင့် စိတ်ဝေဒနာရှင်အပြင်းစားတွေကို ကုတဲ့ဆေးရုံမှာ Dr. John Cawley စိတ်ရောဂါအထူးကု ဆရာ၀န်ခေါင်းဆောင်။ သူ့အထက်မှာ ဆေးရုံအုပ်နဲ့ ဘုတ်အဖွဲ့ပဲ ရှိတော့တယ်။ မာရှယ်အရာရှိဖြစ်တဲ့ Teddy ( Leo ) က ပျောက်သွားတဲ့လူနာ Rachel Solando ကို ရှာဖွေဖို့ Chuck က သူ့လက်ထောက်အဖြစ် အနီးကပ်လိုက်ပါ ကူညီပေးရတယ်။ Spoiler Alert* ဒီကားဟာ Plot Twist နဲ့ ကြည့်တဲ့သူကို ရှုတ်ထွေးသွားစေတယ်။ သေချာမကြည့်ရင် နားလည်မှာမဟုတ်ဘူး။ ဒီကားမှာ Teddy ( Leo ) က ရူးနေတာပါ။ သူရူးသွားတဲ့အကြောင်းရင်းလည်း ရှိတယ်။ အဲဒီရူးသွားတဲ့အကြောင်းကိုပဲ Plot Twist လုပ်ထားတာဖြစ်ပါတယ်။Teddy ရူးနေတဲ့အကြောင်းကို သူ မီးပြတိုက်သွားပြီး Dr. John Cawley နဲ့ တွေ့သွားချိန်မှာ အားလုံးရှင်းရှင်း လင်းလင်း ပြောပြသွားပြီးပါပြီ။ ဇတ်ကားက အဲမှာတင် ရှင်းနေပြီးပါပြီ။ Teddy ( Leo ) ဘာကြောင့်ရူးသွားလဲ။ Teddy ( Leo ) ရဲ့ နာမည်အရင်းက Andrew Laeddis ပါ။ သူ့မှာ Dolores Chanal လို့ခေါ်တဲ့ မိန်းမနဲ့ သားသမီး ၃ ယောက်ရှိတယ်။ သူ မရူးခင်ကတည်းက သူ့မိန်းမ Dolores Chanal က စိတ်ဖောက်ပြီးအရင်ရူးနေတာပါ။ ရူးသွားတဲ့ သူ့မိန်းမဟာ တစ်နေ့မှာ သူ့တို့အိမ်၀င်းထဲက ကန်ထဲမှာ သူ့သားသမီး ၃ ယောက်လုံးကို ရေနစ်သတ်လိုက်ပါတယ်။ သူပြန်လာချိန်မှာ သူ့ကလေးတွေ ရေထဲနစ်သေနေတာတွေ့ပြီး ဒေါသနဲ့ သူ့မိန်းမကိုပါ ပစ်သတ်လိုက်တယ်။ သူကိုယ်တိုင်လည်း စိတ်အကြီးအကျယ်ထိခိုက်၊ စ်ိတ်ဒဏ်ရာရ Trauma ဖြစ်ပြီး ရူးသွားပါတယ်။ သူ့နာမည်ရင်းနဲ့ သူ့မိန်းမ၊ သူ့သားသမီး အားလုံးကိုလည်း မေ့သွားပါတယ်။ တစ်ခါတခါတော့သတိရတတ်ပါတယ်။သူရူးတာက အများနဲ့မတူ အန္တရာယ်ရှိတဲ့အတွက် Shutter ကျွန်းပေါ်က Ashecliffe လို့ခေါ်တဲ့ အရူးဆေးရုံ၊ စိတ္တဇဆေးရုံကို ပို့ခံရတာပါ။ ဒါပေမယ့် သူ့ကို ဒီအတိုင်းတန်းပို့လို့မရပါဘူး။ ဇတ်လမ်းတစ်ခုထွင်ပြီး သူ့ကိုယ်သူ ဘယ်သူဆိုတာ သိလာအောင် ပြန်ရှာခိုင်းတာပါ။ သူ့အတွက် ဆရာ၀န်တွေ ထွင်လိုက်တဲ့လုပ်ဇတ်(ဇတ်လမ်း) ကိုလည်း ကြည့်ပါဦး။ ဆေးရုံက ပျောက်သွားတဲ့လူနာရဲ့ နာမည်က Rachel Solando တဲ့ Rachel ဆိုတာ သူ့သမီးရဲ့ နာမည် ဖြစ်နေတယ်။ Leonardo ရဲ့ စိတ်ကူးယဉ်ကမ္ဘာLeonardo ဟာ သူ့ရဲ့ စိတ်ကူးယဉ်ကမ္ဘာ Fantasy World မှာ အသက်ရှင်နေတာပါ။ ဒါကို ဆ၇ာ၀န်တွေက သူပြန်အမှတ်ရလာအောင် Reality လက်တွေ့ကမ္ဘာထဲရောက်လာအောင် ကူညီပေးနေတာပါ။စိတ်ကူးယဉ်ကမ္ဘာထဲကလူတွေနဲ့ စကားပြောမယ် လက်တွေ့ဘ၀ကလူတွေနဲ့လည်း ပေါင်းမယ်ဆိုတဲ့ စ်ိတ်ဝေဒနာရှင်တစ်မျိုးပါ။ ကြုံလို့ ပြောရရင် ပြီးခဲ့တဲ့ သူစိမ်းအိမ် ဇတ်ကားကြည့်နေုတုန်းက လူသတ်မိသားစု ဖြစ်ပျက်နေပုံကို ကြည့်ပြီး ချက်ချင်းသွားသတိရတာ Shutter Island နဲ့ A Beautiful Mind ဇတ်ကားကပါ။ မရှိတာ ( စိတ်ကူးကမ္ဘာ )ကို အရှိ ( reality ) ဆိုပြီး ယုံကြည်နေတဲ့ psycho character ချင်း အတူတူပါပဲ။ဇတ်ကားအကြောင်း ပြန်ဆက်မယ်။ Leo ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ သူ့ကိုယ်သူ Teddy Daniels အဖြစ် ခံယူထားပြီး သူန့ တတွဲတွဲ သွားလာနေတဲ့ ( သူ့ကို အနီးကပ်စောင့်ကြည့်ဖို့ထားတဲ့ ) ဆရာ၀န် Sheehan ကိုတော့ Chuck အဖြစ်ပဲ သိထားတယ်။ သူ့မိန်းမဟာ သူ့အိမ်မက်မှာဖြစ်စေ၊ သူ့စိတ်ကူးကမ္ဘာမှာ ဖြစ်စေ တစ်ခါတရံပေါ်လာတတ်ပြီး သူ့မိန်းမနာမည် ဘယ်သူဆိုတော့ မေ့နေတယ်။ သူ့စိတ်ကူးမ္ဘာမှာ သူ့မိန်းမက အသတ်ခံရတယ်လို့ ပုံဖော်ထားပြီး သတ်လိုက်တဲ့သူက Andrew Laeddis ( သူမဟုတ်ဘူး တစ်ခြားတစ်ယောက် ) လို့ မှတ်ယူထားပြန်တယ်။ သူ့စိတ်ကူးမှာ သူ့မိန်းမကို မီးတောက်လောင်နေတဲ့ ပုံစံနဲ့ တွေ့တွေ့နေရတာက သူ့မိန်းမ Dolores Chanal က သူတို့နေအိမ်ကို စိတ်ဖောက်ပြီး မီးရှို့ခဲ့တဲ့အတွက်ကြောင့်ပါ။ ဒီအကြောင်းကို မီးပြတိုက်မှာ Chuck က ပြောသွားပါတယ်။ ဇတ်အိမ်အရ ဆက်စပ်၊ ဆီလျော်မှုလည်း ရှိပါတယ်။ Teddy ( Leo ) ရူးနေကြောင်း အခန်းတော်တော်များမှာ သတိထားကြည့်ရင် သိနိုင်ပါတယ်။ ဆရာ၀န် John Cawley နဲ့ ပထမဆုံး တွေ့တော့ ပျောက်သွားတဲ့ Rachel Solando အကြောင်းရှင်းပြချိန်မှာ Teddy က သူ့စိတ်ကူးထဲ ပုံဖော်ပြီး ခေါင်းကိုက်သွားလို့ အက်စ်ပရင် တောင်းပါတယ်။ နောက်ဒါရိုက်တာက အရိပ်အမွက်တစ်ခု ထပ်ပြပါတယ်။ Solando အခန်းထဲရှာတော့ “The law of 4; who is 67? ဆိုတဲ့စာတွေ့တယ်။ ဆေးရုံမှာ စိတ္တဇ လူနာ ၆၆ ယောက်ရှိတယ်။ Who is 67? တဲ့။ ၆၇ ယောက်မြောက်လူနာက သူ့ကိုယ်သူ Andr...

Malta (2024) ⭐IMDB: 6.8/10 (162 Votes) 🎬 #Drama #ScienceFiction 🗓 2024 🎞 movie 🌎 #Colombia #Argentina #Norway ⏰ 1 နာရီ 37 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Malta 2024 (Imdb 6.8/10) အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Rating တွေ မဆိုးလှတဲ့ စပိန်စကားပြောဇာတ်ကားကောင်းလေးတစ်ခုပါပဲ ဘဝသရုပ်ဖော်လို့ပဲ ပြောရမလားလက်တွေ့ဘဝရိုက်ချက်တွေပဲ ပြောရမလား ဇာတ်လမ်းလေးက ဘာမှမထူးဆန်းပေမယ့်ကိုယ်တိုင်ပဲ စိတ်ထိုင်ညစ်ရမှာလိုလိုဇာတ်ကောင်တွေလိုပဲ ကိုယ်ပါရောလမ်းပျောက်နေသလိုလိုခံစားရမှာပါ ဇာတ်လမ်းလေးကလည်း ရိုးရိုးလေးပါ မာရီယာနာဆိုတဲ့ကောင်မလေးတစ်ယောက်ကBroken Family မှာ‌ နေတာဖြစ်ပြီး သူ့အနေနဲ့အိမ်ကလည်းထွက်သွားချင်သူကိုယ်တိုင်ဆီကနေလည်း အဝေးထွက်သွားချင်နေတဲ့အခါမှာမော်တာကျွန်းစုတွေကို ပထမဆုံးခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် သဘာဝကို သဘဝကျကျရိုက်ကူးပြထားတာမို့ မိသားစုနဲ့အတူမကြည့်သင့်တဲ့ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်
...

That Christmas (2024) ⭐IMDB: 6.8/10 (16 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 36 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 That Christmas (2024) IMDb Rating (6.6) / Rotten Tomatoes (66%) နှစ်ကုန်မှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖို့ မကြာသေးခင်ကမှထွက်ရှိထားတဲ့ဇာတ်ကားလေးတင်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့ IMDb 6.8/10ရရှိထားပြီး ပေါ့ပေါ့ပါးပါးနဲ့အေးအေးဆေးဆေးကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်းပြောရရင်တော့ ခရစ်စမတ်အကြိုနေ့မှာ လူတိုင်းဟာကိုယ့်အစီအစဉ်နဲ့ကိုယ် ပျော်ရွှင်ဖွယ်ရာပွဲတွေလုပ်ဖို့စီစဉ်နေကြတဲ့အချိန် မထင်မှတ်ထားတဲ့ ရာသီဥတုကြောင့်နှင်းမုန်တိုင်း၂ခါတိုက်ပြီး လူတိုင်းလိုလိုရဲ့အစီအစဉ်တွေပျက်သွားပြီး အားလုံးစိတ်ညစ်ကုန်ကြ‌ပါတယ်။ ဒါပေမဲ့ ခရစ်စမတ်ဆိုတာပျော်ပွဲရွှင်ပွဲတွေနဲ့မဆိုင်ပဲ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ်နဲ့အတူရှိနေဖို့သာအဓိကဖြစ်ပြီး နေတတ်ရင်အရာရာတိုင်းကပျော်ရွှင်ဖို့ကောင်းကြောင်းကို ရသအစုံနဲ့ရိုက်ပြထားပါတယ်။ ဒီတော့ အားလုံးလဲဒီဇာတ်ကားလေးနဲ့အတူတူလိုက်ပါစီးမျောပြီးကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mastero ဖြစ်ပါတယ်။)
...

The Traveller (2024) ⭐TMDB: 54% User Score 🎬 #Action #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 15 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Am Nobody (2023) ဒရာမာစီးရီးမှာ တစ်ခေါက် အောင်မြင်မှုတွေဆွတ်ခူးခဲ့တဲ့စာရေးဆရာ မီအာရေးသားထားတဲ့ ဤဇဗ္ဗူမှာ ပြိုင်စံရှားတဲ့လူ ( ယိရန်ကျစ်ရှ)အွန်လိုင်းဝတ္ထုကို အခု Under One Person (2024)ဆိုတဲ့ နာမည်နဲ့ရုပ်ရှင်ကားအဖြစ် ရိုက်ကူးတင်ဆက်ထားတာလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… Painted Skin: The Resurrection (2012)၊Creation of the Gods Ⅰ: Kingdom of Storms (2023) တို့ရဲ့ဖန်တီးရှင် ခေါင်းကိုင်ဖခင်ကြီး ဒါရိုက်တာကြီး ဝူအာ့ရှန်ရဲ့ နောက်ထပ် လက်ရာတစ်ခုဖြစ်တာမို့…သဘာဝလွန်ကို ပြန်ရိုက်ရင် ဘာလိုနေမှန်းမသိဘူးဆိုတဲ့သူတွေရင်ခုန်စွာ စောင့်ကြည့်နိုင်မယ့်ကားကောင်းလေးပါလို့ ထပ်ဆင့် ညွှန်းလိုက်ပါတယ်… သရုပ်ဆောင်တွေကလည်း အလန်းလွန် အလွန်လန်းနဲ့ မျက်နှာသစ်တွေကစပြီးဟိုတစ်ချိန်က မြဝတီရုပ်မြင်သံကြားခေတ်က ကြွေခဲ့ရတဲ့ အချစ်ဦးတွေပါပြန်ပါလာတာမို့ ရူပါဒါနလည်း ရက်ရက်ရောရော လှူဒါန်းထားတဲ့ကားကြီးပါ… ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆို…ပေါပေါတောတောနေတတ်တဲ့ ကျန်းချူရန်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးက တကယ်တော့ သူလိုကိုယ်လိုပါပဲ…အနိုင်ကျင့်ခံရရင် ထွက်ပြေးတတ်တယ်…စာသင်ချိန်မှာ အတန်းလစ်တတ်တယ်…ဒါပေမယ့် တစ်နေ့မှာ သူ့အဖိုးအခေါင်းဖောက်ခံရတဲ့အချိန်ကစပြီး…သူ့ဘဝလေးက အဖိုးတစ်ခု သူတစ်ခုဆိုတော့လည်း အဖိုးအုတ်ဂူဆီ သွားတာပေါ့သူ့အဖိုးအခေါင်းဖောက်တဲ့သူကို လက်ပူးလက်ကြပ်မိရာကနေ…သူ့ဘဝထဲမှာ ဖုန်းပေါင်ပေါင်ဆိုတဲ့ အရူးမတစ်ယောက်ပေါ်လာတော့တာပဲ… နောက်တော့ သူကပျောက်ဆုံးနေတဲ့ ရှားပါးအစွမ်းတစ်ခုရဲ့ အမွေဆက်ခံသူဖြစ်နေပါတယ်တဲ့….ဒါ့အပြင် ဒီလောကမှာ သူများနဲ့မတူထူးခြားသဘာဝလွန်အစွမ်းတွေပိုင်ဆိုင်ထားတဲ့သူတွေက အများကြီးရှိသေးတယ်တဲ့…ဒီတော့ ကျန်းချူရန်က သူတို့ပြောသလို ဆက်ခံသူပဲ…တကယ်ဆက်ခံသူဆို ရန်သူပင်လယ်ဝိုင်းနေတဲ့လောကအလယ်မှာသူတစ်ယောက်တည်း ဘယ်လိုကျော်ဖြတ်သွားမှာလဲ…ဖုန်းပေါင်ပေါင်ကရော သူနဲ့ ဘယ်လိုပတ်သက်နေတာလဲ…ဖုန်းပေါင်ပေါင်က ဘယ်သူလဲ….ဇာတ်လမ်း မသိသေးတဲ့သူတွေလည်းကြည့်ကြပါ… သိပြီးသားသူတွေလည်းပုံစံတစ်မျိုးပြောင်းတင်ဆက်ထားတာကို ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်
...

Pulse (2001) ⭐TMDB: 66% User Score 🎬 #Horror #Mystery #SciFi #Thriller 🗓 2001 🎞 movie 🌎 #Japan ⏰ 2 နာရီ 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိချိ၊ ရာဘဲ၊ ဂျွန်ကိုနဲ့ တာဂုချိတို့ သူငယ်ချင်းလေးယောက် အလုပ်လုပ်နေရင်း တာဂုချိတစ်ယောက်ဆီက အဆက်အသွယ်မရလို့ ဂျွန်ကိုတစ်ယောက် တာဂုချိရဲ့အိမ်ကို လိုက်သွားပါတော့တယ်။ အဲ့လိုလိုက်သွားတဲ့အချိန်မှာ တာဂုချိ ကိုယ့်ကိုယ်ကို သတ်သေတာကိုမြင်လိုက်ရပြီး အထိတ်တလန့်ဖြစ်သွားပါတော့တယ်။ တာဂုချိရဲ့သေဆုံးမှုအပြီးမှာ တိတ်ခွေတစ်ခုကြည့်ရင်း တာဂုချိရဲ့သေဆုံးမှုက ထူးဆန်းနေတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ရာဘဲနဲ့ ဂျွန်ကိုတို့ရဲ့ပုံစံတွေကလည်း မူမမှန်သလိုဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း ခါဝါရှီမကလည်း ကွန်ပျူတာစမ်းသုံးကြည့်ရင်း ဝက်ဘ်ဆိုက်တစ်ခုက ရုတ်တရက်ပေါ်လာပါတယ်၊ ဝက်ဘ်ဆိုက်က သူ့အလိုလိုပေါ်လာတာဖြစ်တဲ့အတွက် နောက်ရက်မှာ ကွန်ပျူတာမေဂျာကျောင်းသားတွေကို သွားမေးရင်း ဟာရုအဲဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့လာပါတယ်။ ဟာရုအဲက ပရိုဂရမ်တစ်ခုကိုလေ့လာနေပြီး သရဲတွေအကြောင်းလည်း စိတ်ဝင်စားသူတစ်ယောက်ပါ။ ဒီလိုနဲ့ ဟာရုအဲနဲ့ခါဝါရှီမတို့ အဲဒီဝက်ဘ်ဆိုက်အကြောင်းပြောရင်း ဟာရုအဲတစ်ယောက် ထူးဆန်းလာပါတော့တယ်။ အထီးကျန်တဲ့သူတွေရဲ့ စိတ်နှလုံးသားအနက်ရှိုင်းဆုံးထဲကိုလှည့်စားတတ်တဲ့ဝိညာဉ်တွေရဲ့လက်ထဲကနေ မိချိနဲ့ခါဝါရှီမတို့ သူတို့ရဲ့သူငယ်ချင်းတွေကို ကယ်တင်နိုင်ပါ့မလား။ သူတို့နှစ်ယောက်ကိုယ်တိုင်ကရော ဘေးကင်းနိုင်ပါ့မလား၊ ဘယ်လိုမျိုးခြောက်လှန့်မှုတွေနဲ့ကြုံတွေ့ရမလဲ
...

The Birth of Kitaro: Mystery of GeGeGe (2023) ⭐IMDB: 7.2/10 (450 Votes) 🎬 #Action #Adventure #Comedy #Drama #Fantasy #Horror #Mystery #Animation #Thriller 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 45 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ Horror Anime လေးတစ်ကားဖြစ်ပြီး တော်တော်လေးကောင်းတဲ့ ကားဖြစ်ပါတယ် ဇာတ်လမ်း အညွှန်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နာမည်ကြီး ဆေးဝါးလုပ်ငန်း လုပ်ကိုင်တဲ့ မိသားစုတစ်ခုရဲ့ မိသားစု ခေါင်းဆောင် အဘိုးကြီးသေသွားတဲ့အခါမှာ နောက်ဆက်ခံသူနဲ့ မိတ်ဖွဲ့ဖို့ သွေးဘဏ်တစ်ခုမှာ အလုပ်လုပ်တဲ့ Mizuki ဆိုတဲ့ လူတစ်ယောက်ဟာ ဒီမိသားစုရှိတဲ့ ရွာကို ထွက်လာခဲ့ပြီး အဲဒီရွာကိုရောက်ပြီးတဲ့ နောက်မှာ ထူးဆန်းတာတွေကို ကြုံရပါတော့တယ် အဲဒီရွာမှာ သူဘာတွေကြုံတွေ့ရမလဲ ဒီမိသားစုနဲ့ ဒီရွာမှာ ဘာတွေကို လျှို့ဝှက်ထားတာလဲ ဒီဆေးဝါးလုပ်ငန်းရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေတာလဲ သူကရော သူလာခဲ့သလို မိတ်ဖွဲ့သွားနိုင်မှာလား ဆိုတာကို မထင်ထားတဲ့ အလှည့် အပြောင်း များစွာနဲ့ ရင်တမမ ကြည့်ရမှာပါ
...

Bhairathi Ranagal (2024) ⭐IMDB: 7.3/10 (1 k Votes) 🎬 #Bollywood #Drama #Action 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bhairathi Ranagal (2024) “ရှာမှရှားတဲ့ သူလိုလူ” ဇာတ်အိမ်ကောင်းကောင်းကောင်းကိုမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက်ဘောလိဝုဒ် အက်ရှင်-ဒရာမာဇာတ်လမ်းတစ်ပု‌ဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။တရားဥပဒေဘက်ကကြည့် လူဆိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့အများပြည်သူအတွက် သူရဲကောင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ဘ၀ဇာတ်ကြောင်းကိုအလှည့်အပြောင်းများစွာနဲ့ တင်ဆက်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူဆိုးတစ်‌ယောက်အဖြစ် တရားဥပဒေက တံဆိပ်တပ်ခံထားတဲ့ဘဟိုင်ရာသီရာနဂယ်ဟာ ငယ်စဉ်ကတည်းက ထောင်ထဲမှာ ကြီးပြင်းခဲ့ရသူပါ။သူ့ရွာအကျိုးအတွက် အကြမ်းဖက်သလိုဖြစ်ခဲ့ရာက ထောင်းနန်းစံခဲ့ရတဲ့ရာဂနယ်ဟာ ထောင်ထဲမှာ အလကားမနေဘဲ ဥပဒေပညာကို ကြိုးစားသသင်ယူခဲ့ပါတယ်။ထောင်ကထွက်လာချိန်မှာလည်း ရှေ့နေအဖြစ် သူ့ရပ်ရွာအကျိုးကို ဆောင်ရွက်ခဲ့ပါတယ်။သူ့ရပ်ရွာက ပြည်သူတွေအတွက်တော့ သူဟာ နတ်ဘုရားတစ်ပါးလို ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာတင်ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းကဘ၀မလှခဲ့တဲ့ ရာနဂယ်တစ်ယောက် ရှေ့နေဘ၀မှာလည်းအ‌လှည့်အပြောင်းများစွာ ကြုံတွေ့လာရပါတယ်။ အစကတည်းက ကံကြမ္မာရဲ့မျက်နှာသာပေးခြင်းကို မခံရတဲ့ ရာနဂယ်ကိုကံတရားက ဘယ်လိုကျီစားဦးမှာလဲ… တရားမျှတမှုနဲ့ မတရားမှုတွေကြားမှာဘယ်လိုဓားစာခံဖြစ်ဦးမှာလဲ… ရှေ့ဆက်ပြီး သူ ဘယ်လိုကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)
...

The Last Year of Darkness (2023) ⭐TMDB: 69% User Score 🎬 #Uncategorized #Documentary 🗓 2023 🎞 movie 🌎 #China #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမေရိကန်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Ben Mullinkossonရဲ့တရုတ်နိုင်ငံ ချန်တူးမြို့ပြမှာနေတဲ့လူငယ်လေးတွေရဲ့ဘဝကိုမှတ်တမ်းတင်ပုံဖော်ထားတဲ့ Documentary ဇာတ်ကားဖြစ်ပါတယ်။ အမေရိကန်ဒါရိုက်တာတစ်ယောက်ကချပြတဲ့ တရုတ်လူငယ်တွေရဲ့ဘဝဆိုတဲ့အတိုင်းပုံမှန်သမာရိုးကျမြင်နေကျ တရုတ်ကားတွေနဲ့ လုံးဝကွဲထွက်နေတဲ့ပုံစံနဲ့မြင်ရမှာပါ။တရုတ်ဇာတ်ကားတွေမှာချပြလေ့မရှိတဲ့ LGBT လူငယ်တွေရဲ့ဘဝအကြောင်းကိုFunky Townဆိုတဲ့ ကလပ်တစ်ခုကိုအခြေခံပြီးတော့ ပုံဖော်ပြထားတာဖြစ်ပြီးတော့ဘဝရဲ့ဖိအားတွေ မြို့ပြရဲ့ဖိအားတွေကြားမှာ ပြိုလဲနေတဲ့လူငယ်လေးတွေဟာကိုယ့်စိတ်ကိုယ်ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးစားတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။
...

Y2K (2024) ⭐IMDB: 4.9/10 (7 k Votes) 🎬 #Comedy #Horror #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #USA #UnitedStates #NewZealand #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Y2K (2024)IMDb Rating – 5.2 /10 ၁၉၉၉ ဒီဇင်ဘာအကုန် ၂၀၀၀ အကူးမှာကွန်ပြူတာတွေအကုန် ပျက်ပြီးကမ္ဘာကြီးတစ်ခုလုံးထိခိုက်မယ်ဆိုတဲ့သတင်းပြန်ခဲ့တာကို ၉၀ ဖွားတွေအကုန်မှတ်မိကြမယ်ထင်ပါတယ်။ အဲ့သတင်းကို ကျောရိုးယူပြီး ရိုက်ကူးတင်ဆက်ထားတဲ့ဒီရုပ်ရှင်ကားမှာတော့ မင်းသား Jaeden Martell နဲ့ အခုတလောလူတော်တော်များများ မေတ္တာပို့နေကြတဲ့စနိုးဝှိုက်မင်းသမီးလေး Rachel Zegler တို့ရဲ့Horror/ Comedy ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့ ‘အီလိုင်’နဲ့ ‘ဒန်နီ’တို့သူငယ်ချင်းနှစ်ယောက်က ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးညကိုရုပ်ရှင်တွေပဲ ကြည့်ရင်း အတူတူကုန်ဆုံးကြဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့နေ့မနက်မှာပဲ အီလိုင်ရဲ့ ခရပ်ရှ်/ တစ်ကျောင်းလုံးရဲ့အချောအလှကွင်းလေး/ ‘လော်ရာ’က အီလိုင်ကို နှစ်သစ်ကူးပါတီတစ်ခုကိုလာရောက်ဖို့အတွက် ဖိတ်သွားတဲ့အခါ သကောင့်သားနှစ်ယောက်ကအိမ်မှာမနေကြတော့ဘဲ ပါတီကိုသွားကြပါတော့တယ်။ သူတို့တွေ ပါတီရောက်လို့ ၂၀၀၀ ပြည့်နှစ်ကိုကူးပြောင်းသွားပါမှကမ္ဘာပျက်ကိန်းနဲ့ကြုံရတဲ့အခါ… (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။)
...

Maria (2024) ⭐IMDB: 6.5/10 (9 k Votes) 🎬 #Biography #Drama #Music #Musical 🗓 2024 🎞 movie 🌎 #Italy #Germany #Chile #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maria (2024) IMDb Rating (6.5) / Rotten Tomatoes (75 %) Venice Film Festival မှာ premiere လုပ်ခဲ့ပြီး မင်းသမီးကြီး အန်ဂျလီနာဂျိုလီ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Musical Drama တစ်ပုဒ်ဖြစ်ပါတယ်။ တစ်ချိန်က ကမ္ဘာကျော်ခဲ့ဖူးတဲ့ အော်ပရာအဆိုရှင် မာရီယာကာလက်စ်ရဲ့ နောက်ဆုံးနေ့ရက်တွေကို အသားပေး ရိုက်ကူးထားပါတယ်။ အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ မာရီယာဟာ တစ်ချိန်က သူဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့ အော်ပရာလောကကို ပြန်ဝင်ရောက်ဖို့ ကြိုးစားပေမဲ့ ကျန်းမာရေးအခြေအနေကြောင့် စိတ်တွေ ဂယောင်ခြောက်ခြားဖြစ်ပြီး တကယ်ဖြစ်နေတာတွေနဲ့ သူ့စိတ်ထဲက ထင်ယောင်မှားတွေကို ခွဲခြားမသိနိုင်တဲ့ အခြေအနေကို ရောက်ရှိလို့နေပါတယ်။ ဒါပေမဲ့လည်း သိပ်ကို ခေါင်းမာတဲ့ မာရီယာအတွက်တော့ အော်ပရာဟာ ဘဝတစ်ခု ဖြစ်နေခဲ့ပါတယ်။ သူဖြစ်ချင်တာတွေကို သူ့စိတ်ထဲမှာ စီကာစဉ်ကာနဲ့ အကောင်ထည်ဖော်နေတယ်။ မာရီယာဟာ သူဖန်တီးထားတဲ့ သူ့ရဲ့ စိတ်ကူးယဉ်လူသားတွေနဲ့ စကားတွေပြောတယ်။ ဒီလို အခြေ‌အနေတွေဖြစ်နေပေမဲ့ မာရီယာဟာ ဆရာဝန်ပြဖို့ကိုလည်း ခါးခါးသီးသီးငြင်းတယ်။ သူ့ရဲ့ စိတ်နဲ့ ဒေါသကို သည်းခံနိုင်သူက သူ့ရဲ့ အိမ်စေနဲ့ ဘဏ္ဍာစိုးပဲ ရှိတော့တဲ့အခြေအနေဖြစ်လာတယ်။ သူ့အမြင်သူ့အတွေးမှာတော့ သူက အော်ပရာအဆိုရှင်ကောင်းတစ်ယောက်ဆိုပေမဲ့ လူ့ပတ်ဝန်းကျင်အမြင်မှာကျ ကျန်းမာရေးချို့တဲ့နေပြီဖြစ်တဲ့ မိန်းမကြီးတစ်ယောက်သာသာ ဖြစ်လာတယ်။ ဒီအဖြစ်အပျက်တွေကို ပစ္စုပ္ပန်တစ်လှည့် အတိတ်တစ်လှည့်နဲ့ ရိုက်ကူးပြပြီး သနားစရာကောင်းတဲ့ မာရိယာရဲ့ ဘဝကို စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Act Molemy မှ တင်ဆက်ထားပါတယ်။)
...

Gladiator II (2024) ⭐IMDB: 6.7/10 (155 k Votes) 🎬 #Action #Adventure #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #Morocco #Canada #Malta #UnitedStatesofAmerica ⏰ 2 နာရီ 31 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gladiator II (2024) IMDb Rating (6.9) / Rotten Tomatoes (71 %) ဒါရိုက်တာ ရစ်ဒလီစကော့ရဲ့ ဂလက်ဒီအိတ်တာဒုတိယမြောက်ဇာတ်ကားလာပါပြီ။ရောမခေတ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ခါလက်ဆီယံတိုက်ကွင်းကြီးထဲက ဂလက်ဒီအိတ်တာတွေအကြောင်းကို အခြေခံထားပြီးရောမနိုင်ငံရေး သမိုင်းနဲ့ ရောမွှေထားတဲ့ ရုပ်ရှင်ကြီးပါ။မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဇာတ်ကောင်း မက်စီးမပ် ဒက်စီးမပ် အော်ရဲလိယက်ကတော့ ပထမရုပ်ရှင်မှာ သေဆုံးသွားပြီးပါပြီ။177-192 အေဒီဝန်းကျင်မှာ ပထမရုပ်ရှင်ဇာတ်အိမ်တည်ခဲ့သလို အခုရုပ်ရှင်ကတော့ ၁၆ နှစ်အကြာ 211 AD အဆုံးနားမှာ တည်ဆောက်ထားတာပါ။သရုပ်ဆောင်တွေကတော့ ပေါမက်စကယ်၊ ပီဒရို ပက်စကယ်၊ ဒန်ဇယ်ဝါရှင်တန်တို့လို ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားတာပါ။တိုက်ခိုက်ခန်းတွေရော ဇာတ်လမ်းရော သရုပ်ဆောင်ရောအားလုံးကောင်းတာမို့ ကြိုက်ကြမှာ သေချာပါတယ်။ဒီရုပ်ရှင်မှာသုံးတဲ့ ဆက်တင်တွေကလည်း Kingdom of Heaven (2005) ရိုက်တုန်းက ဆက်တင်ဆောက်ထားတာကို သူ ပြန်ဖျက်ရင် ဈေးကြီးလို့မော်ရိုကိုအစိုးရကို ၁၀ ဒေါ်လာနဲ့ရောင်းစားခဲ့တဲ့ ဆက်တင်ပါပဲ။ အဲဒီနေရာကိုပဲ အစိုးရဆီက ပြန်ငှားသုံးလိုက်တာပါ။ ဇာတ်လမ်းအကျဉ်း ဧကရာဇ် ကွန်မိုးဒပ် ကျဆုံးအပြီး အင်ပါယာ ဂေတာ နဲ့ ကာရာကယ်လာလက်ထက်မှာ မိဖုရား လူစဲလာဟာ ဗိုလ်ချုပ် အာကေးစီးရပ်နဲ့အတူ လက်ထပ်ထားပြီးရောမတိုင်းပြည်တစ်ခုလုံးက ဗိုလ်ချုပ် အာကေးစီးရပ်နဲ့ လူစဲလာကိုချစ်ခင်ကြပါတယ်။ဒါပေမဲ့ အာဏာရှင်စနစ် ဧကရာဇ်စနစ်တွေရဲ့ ဆိုးမွေတွေကြောင့် တိုင်းပြည်တစ်ခုလုံး ချွတ်ခြုံကျပြီး ပုန်ကန်ကြလုဆဲဆဲအခြေအနေမှာ ရှိနေတာပါ။အာကေးစီးရပ်ကလည်း ဧကရာဇ်နှစ်ပါးကိုဖြုတ်ချဖို့ပါ ကြံစည်နေပါပြီ။အဲဒီအချိန်မှာပဲ စစ်သုံ့ပန်းတွေထဲက ဟန်နိုဆိုတဲ့ စစ်သည်တော်ဟာ ပြိုင်ကွင်းထဲမှာ အောင်ပွဲတွေ ဆက်တိုက်ရလာသလိုရောမ နန်းဆက်နဲ့ နိုင်ငံရေးအတွက်ပါ အရေးပါတဲ့လူတစ်ယောက် ဖြစ်နေတာ သိလိုက်ရပါတယ်။ဟန်နိုကလည်း သူ့ဇနီးအတွက် အာကေးစီးရပ်နဲ့ ဧကရာဇ်တွေကို လက်စားချေဖို့ ကြိုးစားနေချိန်မှာကလဲ့စား၊ နိုင်ငံရေး နဲ့ လွတ်လပ်တဲ့ရောမနိုင်ငံကို ယုံကြည်သူတွေကြားမှာ တိုက်ပွဲတွေ ပေါ်ပေါက်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ…….။ WEB-DL ရုပ်သံအစစ်ဖြစ်တဲ့ Ksub မပါတဲ့ Clean Version ကို ထပ်မံတင်ဆက်လိုက်ပါတယ်။
...

Jerry Maguire (1996) ⭐TMDB: 70% User Score 🎬 #Comedy #Drama #Romance 🗓 1996 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 19 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jerry Maguire (1996) IMDb Rating (7.3) / Rotten Tomatoes (85 %) ဒီကားထဲမှာ မင်းသား Tom Cruise က Jerry Maguire အမည်နဲ့ အားကစား အေးဂျင့်အဖြစ်သရုပ်ဆောင်ထားတယ်စကားလုံးလှလှတွေကိုအသုံးပြုပြီး အောင်မြင်တဲ့အားကစားသမားတွေနဲ့ အားကစားအသင်းတွေကြားမှာ ငွေကြေးကစားနေတဲ့သူတစ်ယောက်ပေါ့….အချစ်ဆိုတာကိုလည်း စာရွက်ပေါ်က ဂဏန်းတွေလို တွက်ချက်ပြီး အကျိုးအမြတ်ယူတတ်သူ…..သူဟာနာမည်ကျော်အေးဂျင့်အဖြစ်ကာလတစ်ခုထိနေနိုင်ခဲ့ပေမဲ့ တစ်နေ့တော့ဘယ်သူမှ သူနဲ့စာချုပ်မချုပ်ချင်လောက်အောင် ဆိုးတဲ့အခြေအနေရောက်သွားတယ်……… ကျွန်တော်တို့ရှင်သန်ရင်း ဘဝတစ်ခုတည်ဆောက်တဲ့အခါမှာ အချစ်ရယ် အလုပ်ရယ် ငွေကြေးရယ် ကြားမှာ ပင်ပန်းနွမ်းနယ်နေတယ်……..နှလုံးသားနဲ့ဦးဏှောက်ပေါင်းစပ်မှုကြောင့် စကားတွေပြောတယ် ဟန်အမူအရာတွေပေါ်ပေါက်လာတယ်….တစ်ချို့သောအလုပ်တွေမှာ ဦးဏှောက်ကရာနှုန်းပြည့်ဆုံးဖြတ်ပေးပေမဲ့ နှလုံးသားကြောင့် ယိမ်းယိုင်ခဲ့တာ ရှိတယ်နှလုံးသားရဲ့ အသိပေးမှုအောက်မှာလည်း ဦးဏှောက်ရဲ့ တစ်ချို့သော တလွဲ မာနတွေအတ္တတွေကြောင့်ပြိုလဲခဲ့တာရှိတယ်… ကိုယ့်အတွက် တကယ့်ပျော်ရွှင်မှုဆိုတာအဲ့အချိန်ရောက်ရင် လက်တစ်ကမ်းအလိုမှာပဲ လေတစ်ချက်အဝှေ့ခံလိုက်ရတဲ့အခိုးအငွေ့လေးလိုပဲပျောက်သွားတတ်တယ် ပျော်ရွှင်မှုရဖို့အတွက် အတ္တတွေ မာနတွေကို အချိန်ကိုက် ခဝါချတတ်ဖို့လိုသလိုကိုယ့်နှလုံးသားရဲ့လိုအပ်ချက်အစစ်အမှန်ကိုလည်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်…ကျွန်တော်ဘာလို့ဒါတွေပြောနေတာလဲဆိုတော့ ဒီကားကိုကြည့်လိုက်ရင် ခင်ဗျားတို့သဘောပေါက်သွားမယ်ထင်တယ် ဒီဇာတ်ကားမှာ တွမ်ခရုဟာ Golden Globe Award for Best Actor ဆုရသွားတယ်ဒါ့အပြင် ရုပ်ရှင်ဆုပေါင်း ဆယ့်တစ်ဆုလည်းရခဲ့တယ် IMDb…Rotten…စတဲ့ Rating တွေလည်းကောင်းတယ်…ဒီအချက်အလက်တွေအရ ကြည့်ဖို့ထိုက်တန်လားဆိုတာ မေးခွန်း ၂ခါထုတ်စရာမလိုပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wai Phyo Maung မှ တင်ဆက်ထားပါတယ်။)
...

Idiot Girls and School Ghost: School Anniversary (2024) ⭐TMDB: 77% User Score 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 30 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Idiot Girls and School Ghost: School Anniversary (2024) ******************************************************* I.O.Iရဲ့ Kim Do Yeon, WJSNရဲ့ Eunseoတို့ ပါဝင်ထားတဲ့ ကျောင်းတွင်း သရဲ ဟာသ ဇာတ်ကား အသစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်ရှင်။ စီနီယာ ကျောင်းသူတွေ ဖြစ်ကြတဲ့ ဂျီယွန်း အွန်းဗြောနဲ့ ဟျွန်းဂျောင်းတို့ သူငယ်ချင်း ၃ယောက်ဟာ ကျောင်းတွင်း သရဲဇာတ်လမ်း တစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ကျောင်းရဲ့ နှစ်ပတ်လည်နေ့မှာ သရဲနဲ့ တူတူပုန်းတမ်း ကစားရင်း အနိုင်ရရှိခဲ့မယ်ဆိုရင် သူတို့ဟာ တက္ကသိုလ်ဝင် စာမေးပွဲကို အမှတ်ပြည့်နဲ့‌ အောင်မြင်ကြမှာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ သူတို့ ၃ယောက်ဟာ ဂျပန် နတ်ဘုရားကို မြင်ဖူးတဲ့ ဂျူနီယာမလေး မင်ဂျူရဲ့ အကူအညီကို ရယူပြီး ကျောင်းထဲက သရဲနဲ့ တူတူပုန်းတမ်း ကစားကြပါတော့တယ်။ ကျောင်းနှစ်ပတ်လည်နေ့မှာ သရဲနဲ့ တူတူပုန်းတမ်း ကစားရင်း ကောင်မလေးတွေ အနိုင်ရရှိသွားမှာလား..။ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့  Treasure Htet မှ ရေးသားပေးထားပါတယ်။)
...

The Crossroads (2024) ⭐IMDB: 5.9/10 (63 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 37 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Crossroads (2024) IMDb Rating (5.7) 2024 ထွက် Drama ရုပ်ရှင်အသစ်တစ်ကားတင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း PTSD ရှိတဲ့ စစ်ပြန် နွားကျောင်းသားဟောင်းတစ်ယောက်က ကားလမ်းကြုံတားစီးလာတဲ့ အဆိုတော်ကောင်မလေးတစ်ယောက်နဲ့ လမ်းမှာတွေ့ခဲ့တယ်။ ပြီးတော့ သူလည်း လမ်းကြုံခေါ်လာခဲ့ပြီး သူရဲ့ရိုးရှင်းတဲ့ဘဝထဲကို ခေါ်လာခဲ့မိပါတယ်။ ကောင်မလေးဟာ သူဦးတည်သွားနေတဲ့ ခရီးကိုဆက်သွားဖို့ လုပ်ခဲ့ပေမဲ့ Covid 19 ရောဂါကြောင့် ဆက်သွားလို့မရဘဲ ကောင်လေးအိမ်ဆီမှာ နေနေခဲ့ရပါတယ်။ ဒီလိုနဲ့ ဘဝအခက်အခဲတွေကို ပြောကြရင်းနဲ့ တူညီတာတွေများနေတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုမျိုးအဆင့်တက်သွားမလဲဆိုတာကို ကြည်နူးစွာနဲ့ ကြည့်ရူရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Maverick ဖြစ်ပါတယ်။)
...

A corporate slave overwhelmed-Mei Itsukaichi (DASS-502-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 17 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mei Itsukaichi ဆိုတဲ့ JAV မင်းသမီးလေးကတော့ လှတယ် ချစ်စရာကောင်းတယ် အနေတော်ဆိုက်လေးနဲ့ သနားကမားရုပ်လေးကြည်ကြည်လင်လင်လေးနဲ့ ရိုက်လိုက်ရင်တော့အကြမ်းတွေချည်းပါပဲ။ DASS-502-Decensored ဒီဇာတ်လမ်းမှာတော့ သူမကို တဖက်သတ်စိတ္တဇဆန်ဆန်စွဲလန်းနေတဲ့ လူပျိုသိုးကြီးနဲ့ ရင်ဆိုင်တွေ့ရပုံတွေကို သနားစဖွယ်ရိုက်ကူးထားပြီး မျက်မှန်လေးနဲ့အေးစက်စက်သရုပ်ဆောင်သွားပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ကြည့်ရှုဖို့သာဖြစ်ပြီး အပြင်လောကနဲ့ဆက်စပ်မှုမရှိကြောင်းကြိုတင်သတိပေးအပ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

The Order (2024) ⭐IMDB: 6.8/10 (12 k Votes) 🎬 #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #Canada #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Order (2024) IMDb Rating (7.3) / Rotten Tomatoes (90%) မင်းသားကြီး ဂျုလော နဲ့ နစ်ကလက်ဟော့တို့ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံ Crime, Drama, Thriller ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ အမေရိကန် သမိုင်းမှာ နာမည်ကြီးအမဲစက်တွေဖြစ်တဲ့ ၁၉၈၀ ဝန်းကျင်လူဖြူကြီးစိုးရေးဝါဒီ၊ အစွန်းရောက် နာဇီလက်သစ်တွေရဲ့ ပြဿနာတွေကို အခြေခံထားတာဖြစ်ပါတယ်။ ၁၉၈၀ ကျော်မှာ ပေါ်ပေါက်ခဲ့တဲ့ The Order ဆိုတဲ့ အစွန်းရောက် ဂျူးမုန်းတီးရေးအဖွဲ့ကို အက်ဖ်ဘီအိုင်နဲ့ ရဲတွေလိုက်လံ နှိမ်နင်းရပုံကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်း အက်ဖ်ဘီအိုင်အေးဂျင့် ဟက်စ်ဟာ ဂျေမီဆိုတဲ့ ရဲသားလေးနဲ့ပေါင်းပြီး ဓားပြမှုတွေကို စုံစမ်းရာကနေ ဓားပြမှုတွေဟာ ရန်ပုံငွေစုတဲ့သဘောဖြစ်နေပြီး အကြီးအကျယ် အကြမ်းဖက်မဲ့ အစီအစဉ်တွေ တစ်နိုင်ငံလုံးကိုတိုက်ခိုက်မဲ့အစီအစဉ်တွေပါရှိနေတဲ့ အစွန်းရောက်အဖွဲ့ကို ခြေရာခံမိသွားပါတယ်။ သူတို့ခြေရာခံနေစဉ်အတွင်းမှာပါ ဘဏ်ဓားပြမှုတွေ ဆက်တိုက်ဖြစ် လုပ်ကြံမှုတွေပါဖြစ်လာပြီး နောက်ဆုံး လက်နက်ကိုင် တော်လှန်ရေးအဆင့်အထိ ရောက်လာခါနီးမှာ အပြန်အလှန်တိုက်ပွဲတွေဖြစ်ပြီး ဖမ်းဆီးရပုံတွေကို ပြသထားတာပါ။ ၁၉၈၀ အထာတွေနဲ့ ဇာတ်လမ်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းကြည့်ချင်ရင် ဒီကားကိုလက်လွှတ်မခံသင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။)
...

12 Dares of Christmas (2023) ⭐IMDB: 5.4/10 (222 Votes) 🎬 #Romance #TVMovie #Comedy 🗓 2023 🎞 tv movie 🌎 #USA #Canada ⏰ 1 နာရီ 29 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 12 Dares of Christmas (2023) ခရစ်စမတ်ရဲ့စိန်ခေါ်‌မှုလေး ၁၂ ရပ် ဒီတစ်ခါမှာတော့ ခရစ်စမတ်အငွေ့အသက်သဘောကျသူပရိတ်သတ်တို့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ခရစ်စမတ်ရုပ်ရှင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အာလာရာဟာ သူငယ်ငယ်တည်းကတက်ခဲ့‌တဲ့ကျောင်းလေးမှာဆရာမ လုပ်ပြီး ဘဝကိုငြိမ်သက်အေးဆေးစွာဖြတ်သန်းနေသူပါ။တစ်နေ့သူတို့ကျောင်းက ပရိုဂရမ်တစ်ခုမှာသူ့ကိုပါဝင်ခိုင်းခဲ့ပါတယ်။ ပြင်သစ်ကကျောင်းသားတွေနဲ့ exchange ပရိုဂရမ်လေးမှာသူက ပါဝင်ရမှာဖြစ်သလို သူ့လုပ်ဆောင်မှုပေါ်မူတည်ပြီးဒုကျောင်းအုပ်ရာထူးရမရကိုလည်း မျှော်လင့်လို့ရပါသေးတယ်။အဲဒီအချိန်မှာပဲ ပြင်သစ်က ကျောင်းသားတွေရဲ့ဆရာနဲ့သူနဲ့တွေ့ဖို့ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း အားလပ်ရက်တိုင်းပြန်လာနေကျ သူ့ညီမလေးချယ်လ်ဆီကဒီနှစ်တော့ ခရစ်စမတ်စိန်ခေါ်မှု ၁၂ ခုကိုလုပ်ဖို့ သူ့ကိုတိုက်တွန်းခဲ့ပါတယ်။အဲဒီထဲကတစ်ခုဖြစ်တဲ့ လူ ၁၂ ယောက်ကို သူ့ဖုန်းနံပါတ်ပေးရမယ်ဆိုတဲ့စိန်ခေါ်မှုအရသူဟာ ဘားမှာသူ့ဖုန်းနံပါတ်လိုက်ပေးနေတုန်း တိုက်တိုက်ဆိုင်ဆိုင်၁၂ယောက်မြောက်လူချောလေးက ပရိုဂရမ်ကြောင့်သူနဲ့တွေ့ဖို့ရှိတဲ့ ပြင်သစ်ကဆရာ ဖြစ်နေပါတယ်။ ဒီလိုနဲ့သူတို့မိတ်ဆက်ကြပြီးစကားပြောကြရင်း တကယ်ကပရိုဂရမ်ကိုဒီနှစ်လုပ်မယ်၊မလုပ်ဘူး၊ အီးမေးလ်မှာပို့တာဒီလိုပါနဲ့ငြင်းခုံရင်းနှစ်ယောက်သားနားလည်မှုတွေကွဲလွဲကာ စကားများကြပါတော့တယ်။ သူတို့နှစ်ယောက် ဘယ်လိုနားလည်မှုလွဲကြဝာာလဲ၊ ဘယ်လိုဖြေရှင်းကြမလဲ၊အာလာရာရဲ့ညီမ ဖြစ်သူချယ်လ်ဆီလုပ်မယ့် စိန်ခေါ်မှု ၁၂ ခုက ဘာတွေဖြစ်မလဲ၊အာလာရာကရော အားလုံးကိုပြီးဆုံး အောင်မြင်ပါ့မလားဆိုတာစိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်တွေကတော့ STAR~ToMo~KKKZ~Cym တို့ပဲဖြစ်ပါတယ်။
...

Girls Will Be Girls (2024) ⭐IMDB: 7.1/10 (1 k Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #India #France #Norway #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Girls Will Be Girls (2024) IMDb Rating (7.1) / Rotten Tomatoes (100%) ဒီဇာတ်ကားလေးကတော့ 2024 ဒီဇင်ဘာလ ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ အိန္ဒိယ အချစ်ဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Preeti Panigrahi, Kani Kusruti ,Kesav Binoy Kiron တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Shuchi Talati ပါ။ ဇာတ်လမ်းအကျဉ်း အသက် 18 နှစ်အရွယ် Mira လေးဟာ သူ့ရဲ့ အရမ်းစည်းကမ်းတင်းကြပ်တဲ့ ကျောင်းမှာ အတော်ဆုံးကျောင်းသူတွေထဲက တစ်ယောက်ဖြစ်ပြီးတော့ ကျောင်းသားခေါင်းဆောင်နေရာကိုပါ ရခဲ့ပါတယ်။ Mira ဟာ လူငယ်သဘာဝအရ စိတ်ကစားမှုတွေ ဖြစ်လာပြီးတော့ ဟောင်ကောင်ကပြောင်းလာတဲ့ Sri ဆိုတဲ့ကောင်လေးကို ချစ်မိသွားပါတော့တယ်။ ဒါပေမယ့်လည်း Mira ရဲ့ သိလိုစိတ်ပြင်းပြမှုတွေ ကလန်ကဆန်ပြုချင်မှုတွေ အရွယ်ရောက်လာမှုတွေက သူ့အမေရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် နှောက်ယှက်ခြင်းကို ခံရပါတော့တယ်။ လူငယ်သဘာဝ နဲ့ မိဘနဲ့ သားသမီးကြားက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတွေကို ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။)
...