ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
The Turnaround (2024) ⭐TMDB: 71% User Score 🎬 #Drama #Documentary 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 25 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “The Turnaround” (2024)* ဟာ ဘက်စကက်ဘောအသင်းတစ်သင်းရဲ့ အခက်အခဲတွေနဲ့ ပြန်လည်ထူထောင်ရေးအကြောင်းကို ပြသထားတဲ့ စိတ်လှုပ်ရှားဖွယ် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အသင်းက တကယ့်ကို လက်လျှော့ပြီး ပျက်စီးမယ့်အထိ ရောက်နေချိန်မှာ *Michael B. Jordan* ရဲ့ Coach Marcus ဟာ ဦးဆောင်ပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားပါတယ်။ သူ့အနားမှာ *Zendaya* က သတင်းထောက်အဖြစ် ပါဝင်ထားပြီး အသင်းရဲ့ အခက်အခဲတွေ နောက်ကွယ်က ပုံရိပ်တွေကို ဖော်ပြပေးပါတယ်။ *Ryan Coogler* ရဲ့ ဦးဆောင်မှုနဲ့ အတူ ဒီဇာတ်ကားဟာ အားကစားစိတ်ဓာတ်ပြတဲ့ အခန်းတွေကို ပြသသလို၊ ရဲရင့်မှုကိုလည်း ထင်ဟပ်စွာ ဖော်ပြပေးထားပါတယ်။ The Turnaround ဟာ အသင်းတစ်သင်းတည်းတင်မဟုတ်ပဲ လူသားတစ်ဦးရဲ့ စွမ်းအားနဲ့ အတူတူ ရှုံးနိမ့်မှုတွေကို ကျော်ဖြတ်နိုင်စွမ်းကို ပြသတဲ့ ရင်ဖိုစေတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။...
Taking Chance (2009) ⭐TMDB: 72% User Score 🎬 #Drama #War #TVMovie 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက မြန်မာမင်းသားဖိုးကျော် နဲ့တူတဲ့ Kevin Bacon ရဲ့ဇာတ်ကားလေးပါ။ ဒီဇာတ်က စစ်ကားဆိုပေမဲ့ စစ်တိုက်တာ မပါတဲ့ War Drama အမျိုးအစားလေးပါ။ 9/11 ကိစ္စအပြီးမှာ US ရဲ့ Marine တပ်တွေက အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ တပ်တွေချထားပြီး အဲ့က သူပုန်သောင်းကျန်းသူတွေနဲ့ တိုက်ကြပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ ဘယ်သူကမှန်တယ် မှားတယ်ဆိုတာထက် စစ်ပွဲထဲမှာ သေသွားရတဲ့စစ်သားတွေ ဘက်ကနေ ရိုက်ပြထားပါတယ်။ ဖြစ်ရပ်မှန်ဇာတ်ကားလည်းဖြစ်ပြီး အီရန်မှာ တိုက်ပွဲကျသွားတဲ့ တပ်ကြပ် ချန့်ဖက်ပ် က သူသေဆုံးသွားတဲ့ အချိန်မှာ အသက် ၁၉ ပဲ ရှိပါသေးတယ်။ သူရဲ့ အလောင်းကို သူ့မွေးရပ်မြေကို ပြန်ပို့ပေးဖို့ ဗိုလ်မှူးမိုက်ကယ်စတိုဘီ( Kevin Bacon ) က ကိုယ်တိုင် တောင်းဆိုပြီး လိုက်ပို့ပေးတဲ့ ဇာတ်လမ်းလေးကို ရိုက်ထားတာပါ။ ဗိုလ်မှူးမိုက်ကယ်စတိုဘီက တိုက်ပွဲကနေအနားယူပြီး စစ်သား စိစစ်သူအနေနဲ့ လုပ်ကိုင်နေရင်း ရှေ့တန်းမှာ အသက်ငယ်ငယ်နဲ့ တပ်သားတွေ သေဆုံးနေရတာကို အပြစ်ရှိသလိုခံစားနေရသူပါ။ ဒီ ဇာတ်လမ်းနဲ့ Kevin Bacon က အကောင်ဆုံးသရုပ်ဆောင်ရွှေကမ္ဘာလုံးဆုကိုလည်းရရှိထားပါတယ်။ ဒီဇာတ်ကားကြည့်ပြီး မျက်ရည်တော့ နည်းနည်းဝဲမိမှာသေချာပါတယ်။ ကြည့်ရှူခံစားလိုက်ကြပါဦး။...
Ferry 2 (2024) ⭐IMDB: 5.7/10 (3 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #Netherlands #Belgium ⏰ 1 နာရီ 35 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 MDb 5.7အခုတခါ တင်ဆက်ပေးသွားမှာကတော့ မူးယစ်ရာဇာဂမ်းစတားအက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်Netflixက သိပ်မကြာခင်ကမှ ပူပူနွေးနွေးထုတ်လွှင့်ထားတာဖြစ်ပြီးတော့ရိတ်တင်လဲ မဆိုးလှတာကြောင့် ညွှန်းပေးလိုက်ရပါတယ် Ferry သူက အရင်ကမူးယစ်မှောင်ခိုလုပ်နေသူတဦးမထင်မှတ်ထားတဲ့ဘဝအတက်အကျနဲ့အန္တရာယ်များလှတာကြောင့် ဒီလောကကနေ အနားယူပြီးဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေချိန်တူမဖြစ်သူ Jezebel ရောက်ရှိလာပြီး ပိုက်ဆံလာချေးရာမှဆေးမှောင်ခိုလုပ်နေကြောင်းသိပြီး တားမြစ်ရာကနေ မထင်မှတ်ပဲဒီလောကထဲ ပြန်ဝင်မိသွားပြီး အန္တရယ်နဲ့ အခက်အခဲတွေ ကြုံတွေရပုံကိုအက်ရှင်တလှည့် မိသားစုစိတ်ဓာတ်တလှည့်နဲ့မြိုင်မြိုင်ဆိုင်ဆိုင်တင်ဆက်သွားမှာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...
The Tigger Movie (2000) ⭐TMDB: 65% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက ကျွန်တော်တို့ငယ်ငယ်က အတော်လေး သဘောကျခဲ့ရတဲ့ Winnie The Pooh ကာတွန်းဇာတ်လမ်း တွေထဲက Tiggerလေးကို အဓိကထားပြီး ရိုက်ကူးထားတဲ့Animationဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ အမြဲပျော်ပျော်နေတတ်ပြီး စပရိန်လိုမျိုး အမြီးတစ်ချောင်းနဲ့ အမြဲခုန်ပေါက်နေတတ်တဲ့၊ အမြဲရှေ့နောက်မကြည့်တတ်ဘဲ သူများတကာကို မရည်ရွယ်ဘဲ ဒုက္ခပေးမိသလို အမြဲတမ်း ဖြစ်တတ်တဲ့ Tiggerလေးတစ်ကောင် ဆောင်းတွင်းတစ်ခုကို အရောက်မှာတော့ သူ ငယ်စဉ်ကတည်းက မတွေ့ခဲ့ဖူးတဲ့ သူ့မိသားစုဝင်တွေကို ပြန်တွေ့ချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာတာကြောင့် အပြောကျယ်လှတဲ့ ဧကတစ်ရာတောထဲမှာ မိသားစုပျာက်ရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။ သူ့ကို ကူရှာပေးတဲ့သူကတော့ သားပိုက်ကောင်မေမေကြီး ကန်ဂါရဲ့သားလေး ရူးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ကောင်သားတစ်တောလုံးအနှံ့ ရှာပုံတော်ထွက်ရင်း သူတို့ရှာနေကြတဲ့ တစ်ဂါးမိသားစုတွေနဲ့ ပြန်ဆုံတွေ့နိုင်ကြမှာလား။ ဘယ်လိုအလွဲအချော်တွေ ဖြစ်ကြဦးမလဲဆိုတာ မိသားစုနဲ့အတူ ငယ်ဘဝရဲ့အမှတ်တရအနေနဲ့ ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။...
The Summer We Died (2024) ⭐IMDB: 5.5/10 (362 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 13 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Summer We Died (2024) IMDb Rating (5.7) Dillon Brown ဒါရိုက်တာ ဖန်တီးထားတဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး လူငယ်များရဲ့ အချစ်၊ အန္တရာယ်နှင့် သေဆုံးမှုအကြောင်းတွေ ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ရီနိုမြို့မှာ ဖြစ်ပွားတဲ့ လူငယ်များရဲ့ ရင်သပ်ရှုမောဖွယ် အချစ်ဇာတ်လမ်းများ၊ အန္တရာယ်များနှင့် သေဆုံးမှုများကြား မှာချာချာလည်အောင် ကြည့်ရပါမယ်။ Amanda Morgan (M) နှင့် Grace Winters (Darlin’) တို့ရဲ့ သရုပ်ဆောင်မှုတွေကြောင့် မလို့ စိတ်စားဖွယ်ကောင်းစေပြီး၊ သူတို့ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်၊ အချစ်နှင့် မတူညီသော အတွေးအခေါ်များကိုမြင်ရမယ် ။ ဇာတ်လမ်းအတွင်းမှာ လူငယ်တွေ ရင်ဆိုင်နေကြတဲ့ အန္တရာယ်တွေ စိတ်ကူးယဉ်ပုံတွေ၊ မျှော်လင့်ထားတာတွေဖြစ်မလာဘူးလို့ ထင်နေရင်ဒီကားကိုကြည့်လိုက်ပါ ပိုပြီးတော့မျှော်လင့်ချက်ပျောက်သွားချင်ရင်ပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
Kamen Rider Kabuto: God Speed Love (2006) ⭐TMDB: 65% User Score 🎬 #Action #Adventure #Drama #SciFi #ScienceFiction 🗓 2006 🎞 movie 🌎 #Japan ⏰ 1 နာရီ 20 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျွန်တော်တို့ ငယ်ငယ်တုန်းက နှံကောင်ပါဝါရိန်းဂျားဆိုပြီးတော့ ခေါ်ကြတဲ့ Kamen Rider ပါဝါရိန်းဂျားကားလေးပါ။ ဒီဇာတ်ကားက series နဲ့တော့ မတူတဲ့ Alternate timeline တစ်ခုမှာတည်ထားတာပါ။ ဒီဇာတ်လမ်းမှာကတော့ ဥက္ကာခဲကြီးတစ်ခုကကမ္ဘာကို ဝင်တိုက်ပြီးတော့ ပင်လယ်ထဲက ရေတွေအကုန်ခမ်းသွားပါတယ်။ ဒီ ဥက္ကာခဲကြီးနဲ့အတူ Worms ပိုးကောင်တွေ ပါလာပြီး လူသားတွေကို တိုက်ခိုက်ပါတယ်။ ဒီအန္တရာယ်ကို ကာကွယ်ဖို့ ZECT အဖွဲ့ကိုတည်ထောင်ပြီး Kamen Rider တွေက ပိုးကောင်တွေကို တိုက်ခိုက်ပါတော့တယ်။ ဒါပေမဲ့ ဒီအဖွဲံ့ကနေပဲ သဘောထားမတိုက်ဆိုင်ပဲ Neo-ZECT ဆိုပြီးကွဲထွက်လာတဲ့ အဖွဲ့က မူရင်း ZECT ကို တိုက်ခိုက်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ Series မှာမပါတဲ့ Hercus နဲ့ Ketaros ဆိုတဲ့ Rider နှစ်ယောက်အသစ်ပါပါတယ်။ တကယ်တည်းဇာတ်လမ်းက ပိုးကောင်တွေ ကျူးကျော်တာထက် ပိုကြီးတာကို Neo-ZECT ကသိသွားတဲ့အခါ ဘယ်သူက ကမ္ဘာကြီးကို သစ္စာဖောက်တာလဲ ဘယ်သူက လူဆိုးလဲဆိုတာကို စိတ်လှုပ်ရှားစရာကြည့်ရှူရမှာပါ။...
Hemet, or the Landlady Don't Drink Tea (2024) ⭐IMDB: 4.5/10 (53 Votes) 🎬 #Comedy #Crime #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hemet, or the Landlady Don’t Drink Tea (2024) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထဲမှာထွက်ရှိထားတဲ့ Horror Zombie ကားလေးဖြစ်ပါတယ်။ မင်းသမီး Kimberly Weinberger နဲ့ မင်းသား Brian Patrick Butler တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာအနေနဲ့ကတော့ Tony Olmos ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ညှင်းပန်းနှိပ်စက်တတ်တဲ့ မြေပိုင်ရှင်အမျိုးသမီးတစ်ယောက်ဟာ နိုင်ငံအတွင်းမှာဖြစ်နေတဲ့ ကပ်ဘေးတစ်ခုရဲ့ ဖရိုဖရဲ အခြေအနေတွေကို အသုံးချပြီးတော့ သူ့ရဲ့ အိမ်ငှါးတွေကို ထင်သလိုချယ်လှယ် ချုပ်ကိုင်နေပါတော့တယ်။ အိမ်ငှါးတွေကြားထဲမှာ သတင်းအမှားတွေနဲ့ ယုံမှားသံသယတွေဖြစ်စေပြီးတော့ နောက်ဆုံးမှာတော့ လူတွေသေကုန်တဲ့အထိပါဖြစ်စေခဲ့ပုံတွေကို စိတ်ဝင်စားစွာ ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။)...
El Paraiso (2023) ⭐IMDB: 6.8/10 (270 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Italy ⏰ 1 နာရီ 44 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 El Paraiso (2023) “၅၂၈ မေတ္တာဘုံ” အီတလီကားတွေ ထုံးစံအတိုင်း ခပ်ဖြည်းဖြည်းချင်း စီးမျောခံစားရမဲ့ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့သားအမိနှစ်ယောက်ရဲ့ ရိုးရှင်းတဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ပြီးသူတိုရဲ့ဘ၀အခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုဒရာမာနှောပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကို ဂျူလီယိုတိုသားအမိ ဘားမှာကဲနေတဲ့ပုံနဲ့ အစပျိုးထားပါတယ်။အမေတစ်ခု သားတစ်ခုဘ၀မှာ သူတိုနှစ်ဦးဟာ တစ်ခါတလေ သူငယ်ချင်းပေါင်းပေါင်းတတ်တဲ့သားအမိမျိုးပါ။ ဒါပေမဲ့ သားအမိတွေရဲ့ထုံးစံအတိုင်းအမြဲတည့်နေတာတော့ မဟုတ်ပါဘူး။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ။ အသက်သာကြီးပေမဲ့ အမေကိုမခွဲနိုင်မခွာရက်တဲ့ဂျူလီယိုဟာ မားမားဘွိင်းကြီး ဖြစ်မှန်းမသိဖြစ်နေတာပါ။တခြားသူနဲ့ လည်ပတ်ပျော်ပါးတာထက် သူ့အမေနဲ့ နေချိန်က ပိုများပါတယ်။တစ်နေ့တော့ သူတိုသားအမိကြား မိန်းကလေးတစ်ယောက် အလည်ရောက်လာပါတယ်။မားမားဘွိင်းတွေရဲ့ထုံးစံအတိုင်း အမေဖြစ်သူနဲ့မိန်းကလေးကြား ဂျူလီယိုတစ်ယောက် ဗျာများရပါတော့တယ်။ ဒီလိုနဲ့ သူတို့သားအမိကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုခပ်မျောမျောလေး ဆက်လက်ခံစားကြည့်ရှုကြရမှာပါ။ရိုးရိုးအချစ်ကားလားဆိုတော့လည်း မဟုတ်ပါဘူးနော်… အီတလီဒရာမာတွေရဲ့ထုံးစံအတိုင်း ကြည့်နေရင်းနဲ့မှ emotional ဘက်ကိုသွားတဲ့ဇာတ်ကွက်အလှည့်အပြောင်းတွေ မထင်မှတ်တဲ့ပြဿနာတွေကိုဖြည်းဖြည်းချင်း ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ KKKZ ~ Cym တို ဖြစ်ပါတယ်။...
My Boyfriend Is a Sex Worker 2 (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 51 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Boyfriend is a Sex Worker 2 (2024) My Boyfriend Is A Sex Worker 1-2 ဟာ The IdeaFirst Company နဲ့ Viva Films တို့ပူးတွဲထုတ်လုပ်တဲ့ LGBTQ+ anthology “Open Secrets” ရဲ့နောက်ဆုံးနှစ်ကားဖြစ်ပါတယ်။ Bigayan,Pwede G, Pwede B,Table for 3 အစရှိတဲ့ဇာတ်ကားတွေကိုတော့တင်ဆက်ပေးပြီးသားဖြစ်ပါတယ်။ ဇာတ်လမ်းအားလုံးဟာ တစ်ခုချင်းအဆက်အစပ်မရှိတဲ့ သီးခြား BL ဇာတ်လမ်းတွေဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Gio ဆိုတဲ့ အွန်လိုင်းပေါ်က adult content creator ကောင်လေးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်မိတဲ့ Ace ဆိုတဲ့လူငယ်လေးတစ်ယောက်အကြောင်းပါ။ ဖြစ်ချင်တော့ Ace မိဘတွေဟာ ဒိတ်ဒိတ်ကြဲချမ်းသာတဲ့ အရှိန်အဝါအသိုင်းအဝိုင်းကြီးနိုင်ငံရေးမိသားစုတွေဖြစ်နေတာပါပဲ။ ပုံရိပ်ကိုအထိခိုက်မခံနိုင်သလိုရှေးရိုးလည်းစွဲတဲ့ Ace အမေကြီးနဲ့သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ? Gio အနေနဲ့ Ace ရဲ့စည်းစိမ်ဂုဏ်ဒြပ်တွေကိုမက်မောလို့မဟုတ်ပဲ အချစ်စစ်မှန်ပါတယ်ဆိုတာ ဘယ်လိုသက်သေထူကြမလဲ? ပတ်ဝန်းကျင်ရဲ့မုန်တိုင်းတွေကို သူတို့ကြံ့ကြံ့ခံရင်ဆိုင်နိုင်ကြပါ့မလားဆိုတာတွေကိုဟာသနှောပြီးတင်ဆက်ထားပါတယ်။ ထိုင်းတို့၊ဟောင်ကောင် ထိုင်ဝမ်တို့က BL ကားနုနုရွရွလေးတွေကိုရိုးလာပြီဆိုရင် အပြောင်းအလဲအဖြစ် အမှောင်ကြီးမှောင်ပြထားတဲ့ “Open Secrets” anthology ကိုမြည်းစမ်းကြည့်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Hear Me: Our Summer (2024) ⭐IMDB: 7.5/10 (152 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hear Me: Our Summer (2024) ****************************** IMDb… 7.5 Weak Hero Class, Revenantထဲက မင်းသား Hong Kyung၊ Our Blues, The Frog ဇာတ်လမ်းတွဲထဲက Roh Yoon Seo၊ IZ*ONE Kim Min Ju တို့ Main Cast အနေနဲ့ ပါဝင်ထားပြီး ချိုချိုမြိန်မြိန် Romance ဇာတ်လမ်းလေးကိုမှ ဘဝအကြောင်းလေးပါ ရောယှက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ယုံးဂျွန်း (Hong Kyung) က ဘဝမှာ သူ ဘာဖြစ်ချင်လဲဆိုတာကို မသိသေးတဲ့ ကောင်လေးဆိုပေမဲ့ မိဘတွေရဲ့ စားသောက်ဆိုင်မှာ မိဘတွေကို ကူညီရင်း အချိန်ပိုင်း အလုပ်ဝင်လုပ်နေသူပါ။ တစ်နေ့မှာတော့ ရေကူးကန် တစ်ကန်ကို မု့န်သွားပို့ရင်း ယောရွန်း (Roh Yoon Seo) ဆိုတဲ့ ကောင်မလေးကို တွေ့သွားပြီး မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ်။ ယောရွန်းက ဆွံ့အ နားမကြားတဲ့ ကောင်မလေးဆိုတာကို သိသွားတဲ့ အချိန်မှာတော့ ယုံးဂျွန်းဟာ တစ်ချိန်က သူ သင်ခဲ့ဖူးတဲ့ လက်ဟန်ပြ ဘာသာစကားကို အသုံးချပြီး ယောရွန်းကို ချည်းကပ်ပါတော့တယ်။ ညီမ ဖြစ်သူကို စောင့်ရှောက်ရင်း အလုပ်တွေကြား ဗျာများတတ်တဲ့ ယောရွန်းကရော ယုံးဂျွန်းကို နှလုံးသားတံခါး ဖွင့်ပေးမှာလား.. သူတို့ နှစ်ဦးရဲ့ ဇာတ်လမ်းလေးက ဘယ်လို ဘယ်ပုံ ခရီးဆက်မလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ရှူစားလိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။)...
The Apocalypse Box (2024) ⭐IMDB: 3.2/10 (217 Votes) 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 26 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးက လက်တလောမှထွက်ရှိလာတဲ့ ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ သေတ္တာတစ်လုံးကို လိုက်ရှာတဲ့ပုံနဲ့စတင်ထားပါတယ်။ ဒီသေတ္တာအကြောင်းက လျှို့ဝှက်သဲဖိုဖြစ်ပြီး ဆန္ဒတွေကိုဖြည့်ပေးနိုင်တဲ့ သေတ္တာလို့ဆိုပါတယ်။ ဟယ်လီနာနဲ့ ပီရာ့စ်တို့က အင်္ဂလန်မှာ ၀န်ကြီးချုပ်ရာထူးအတွက် ကြိုးစားနေကြတဲ့လင်မယားဖြစ်ပါတယ်။ ဟယ်လီနာက ရွေးကောက်ပွဲကမ်ပိန်းအတွက် သိပ်အသုံးမ၀င်တဲ့အပြင် လူထုကလည်း သူ့ကိုသဘောမကျတဲ့အတွက် ယောက်ျားဖြစ်သူက လူအနည်းငယ်နဲ့ အနီးကပ်တွေ့ဆုံပွဲစီစဉ်ထားပါတယ်။ ဒါပေမဲ့ ယောက်ျားဖြစ်သူရဲ့အကြံအစည်က ပေါ့သေးသေးပဲ မဟုတ်ဘဲ နောက်ကွယ်မှာအကြံကြီးရှိနေတဲ့အခါ ဟယ်လီနာဖြစ်သူတစ်ယောက် တခြားလူတွေအပြင် ဘယ်ကမှန်းမသိတဲ့သေတ္တာကြီးနဲ့ သန်းခေါင်ချိန်အထိ နှစ်ပါးသွားဖို့ဖြစ်လာခဲ့ပါတယ်။ လျှို့ဝှက်ချက်တွေနဲ့သေတ္တာကြီး ဝိမသားလောဘသားကောင်လူတွေနဲ့ ဟယ်လီနာတစ်ယောက် သူလိုချင်တာရပါ့မလားဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။...
My Boyfriend Is a Sex Worker (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama #Comedy #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 51 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Boyfriend is a Sex Worker (2024) My Boyfriend Is A Sex Worker 1-2 ဟာ The IdeaFirst Company နဲ့ Viva Films တို့ပူးတွဲထုတ်လုပ်တဲ့ LGBTQ+ anthology “Open Secrets” ရဲ့နောက်ဆုံးနှစ်ကားဖြစ်ပါတယ်။ Bigayan,Pwede G, Pwede B,Table for 3 အစရှိတဲ့ဇာတ်ကားတွေကိုတော့တင်ဆက်ပေးပြီးသားဖြစ်ပါတယ်။ ဇာတ်လမ်းအားလုံးဟာ တစ်ခုချင်းအဆက်အစပ်မရှိတဲ့ သီးခြား BL ဇာတ်လမ်းတွေဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Gio ဆိုတဲ့ အွန်လိုင်းပေါ်က adult content creator ကောင်လေးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်မိတဲ့ Ace ဆိုတဲ့လူငယ်လေးတစ်ယောက်အကြောင်းပါ။ ဖြစ်ချင်တော့ Ace မိဘတွေဟာ ဒိတ်ဒိတ်ကြဲချမ်းသာတဲ့ အရှိန်အဝါအသိုင်းအဝိုင်းကြီးနိုင်ငံရေးမိသားစုတွေဖြစ်နေတာပါပဲ။ ပုံရိပ်ကိုအထိခိုက်မခံနိုင်သလိုရှေးရိုးလည်းစွဲတဲ့ Ace အမေကြီးနဲ့သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ? Gio အနေနဲ့ Ace ရဲ့စည်းစိမ်ဂုဏ်ဒြပ်တွေကိုမက်မောလို့မဟုတ်ပဲ အချစ်စစ်မှန်ပါတယ်ဆိုတာ ဘယ်လိုသက်သေထူကြမလဲ? ပတ်ဝန်းကျင်ရဲ့မုန်တိုင်းတွေကို သူတို့ကြံ့ကြံ့ခံရင်ဆိုင်နိုင်ကြပါ့မလားဆိုတာတွေကိုဟာသနှောပြီးတင်ဆက်ထားပါတယ်။ ထိုင်းတို့၊ဟောင်ကောင် ထိုင်ဝမ်တို့က BL ကားနုနုရွရွလေးတွေကိုရိုးလာပြီဆိုရင် အပြောင်းအလဲအဖြစ် အမှောင်ကြီးမှောင်ပြထားတဲ့ “Open Secrets” anthology ကိုမြည်းစမ်းကြည့်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Whispers of Betrayal: The Drug Underworld (2024) ⭐TMDB: 0% User Score 🎬 #Action #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 25 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မူးယစ်ရာဇာတွေကြားက သူရဲကောင်းတစ်ယောက်အကြောင်းဇာတ်ကားလေးပဲဖြစ်ပါတယ်။အားရန်မှာ လွန်ခဲ့တဲ့ ၃နှစ်တုန်းက အားမေဆိုတဲ့ချစ်သူကောင်မလေးတစ်ယောက်ရှိခဲ့တယ်။အားမေက ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ အားမေပျောက်သွားပြီးတဲ့နောက်မှာအားရန်က ရှန်ဟိုင်းမြို့ရဲ့ မူးယစ်ခေါင်းဆောင်ကြီး အစ်ကိုကွေဆီမှာ တပည့်ခံခဲ့တယ်။ အားရန်နဲ့အားမေရဲ့ပြန်ဆုံခြင်းက မူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့အချိန်ဖြစ်မယ်လို့ မထင်ခဲ့မိဘူး။ဒီလိုနဲ့အားရန်ဟာ အားမေကိုကယ်ဖို့အတွက် အစ်ကိုကွေကိုသစ္စာဖောက်ခဲ့တယ်။အားမေရဲ့အစ်ကိုဖြစ်တဲ့သူ အစ်ကိုကျန့်ကလဲ အားရန်ကိုမယုံကြည်ပဲ ရဲဆိုပြီးသံသယဝင်နေပါတယ်။အားရန်တစ်ယောက်ဟာ အစ်ကိုကျန့်ရဲ့ယုံကြည်မှုကိုရဖို့ ဘယ်လိုအခက်အခဲတွေကြုံရမလဲ……ဒီအရာအားလုံးရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်တွေကရော ဘာတွေဖြစ်နေမလဲ...
Bina Band Chal England (2023) ⭐IMDB: 6.3/10 (832 Votes) 🎬 #Bollywood #Comedy #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bina Band Chal England (2023)“အင်္ဂလန်မှဖူးစာ” ဒီတစ်ခါမှာတော့ ပန်ချာပီ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ဂူမန်က ဂူလင်းဆိုတဲ့ကောင်မလေးနဲ့ UK မှာ စတွေ့ကာချစ်သူတွေ ဖြစ်လာကြတာဖြစ်ပြီး ကောင်မလေးမိဘတွေကUK မှာနေတဲ့ အရာရှိမျိုးရိုးဖြစ်ကာ ဂူမန့်မိဘတွေကတော့ပန်ဂျာ့ဘ်ပြည်က ကျေးလက်တောင်သူတွေပါ ဂူမန်က သူ့မိဘတွေဟာ စာမတတ်တဲ့ကျေးလက်နေသူတွေဖြစ်တယ်ဆိုတာကို ယောက္ခမလောင်းကိုမပြောဘဲဖုံးကွယ်ထားပြီး ရွာကမိဘနှစ်ပါးကိုသူလက်ထပ်တော့မယ့်အကြောင်း ဖုန်းဆက်လှမ်းပြောလိုက်တဲ့အခါမှာ ရွာကမိဘတွေက UK က သားဖြစ်သူ ပြန်မလာခင်မှာပဲဆွေမျိုးတွေအကုန်လိုက်ဖိတ်ပြီး အိမ်ကိုခေါ်ထားပြီးသားဖြစ်နေတော့ဘယ်လိုအလွဲတွေဆက်ကြုံရမှာလဲ ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Star ~ ToMo ~ Cym မှ ဖြစ်ပါတယ်...
Reset Force (2024) ⭐TMDB: 0% User Score 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 19 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကာရိုက်တာတိုင်းကို အသက်ဝင်အောင် ဖန်တီးနိုင်တဲ့ ရွှီဟိုင်ချောင်ရဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကမ္ဘာမြေကြီးအပေါ် စရှင်သန်တည်းက ကမ္ဘာကြီးအတွက်ဘာလုပ်ပေးခဲ့ဖူးလဲ…ဘာလုပ်ခဲ့တယ်ဆိုတာတော့မသိပေမယ့်…နေ့တိုင်း အမှိုက်တွေတော့ အမှိုက်ပုံးရှာမတွေ့ရင်ကြုံသလိုပစ်ကြတယ်မလား….နေ့တိုင်းလည်း သဘာဝတရားကြီးကို ဖျက်စီးနေတဲ့ကာဗွန်ဒိုင်ဓာတ်ငွေ့ထွက်စေတဲ့ စက်ပစ္စည်းတွေသုံးနေတယ်မလား… ဒီလိုဆိုရင်တော့ ဂုဏ်ယူပါတယ်… ဒီကားလေးကိုကြည့်လိုက်ကြပါတော့…ဒီကားလေးက ဒီလိုလူသားတွေရဲ့ နေ့စဉ်အပြုအမူကြောင့်နောက်အနှစ် ၁၀၀ ကြာတော့ ဘာဖြစ်သွားတယ်ဆိုတာရယ်…ဘယ်လိုမျိုး ကမ္ဘာကြီးကို ပြန်ကယ်တင်ဖို့ကြိုးစားရတယ်ဆိုတာရယ်ကိုပညာပေးတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ကားလေးမို့….ငယ်ငယ်က ပါဝါရိန်းဂျားအိပ်မက်မက်တဲ့သူတွေစိတ်ကူးပုံဖော်ဖို့ CM နဲ့အတူ ကြည့်လိုက်ကြပါစို့...
Oh...My Wife (2024) ⭐TMDB: 0% User Score 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #Thailand ⏰ 1 နာရီ 35 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Oh My Wife (2024) ဒုမ်နဲ့အွန်က ကြင်စဦးလင်မယားဖြစ်ပြီး မိသားစုတစ်ခုတည်ဆောက်ဖို့ ပိုက်ဆံကြိုးစားရှာနေတဲ့လူငယ်အတွဲဖြစ်ပါတယ် ဒုမ်က အလုပ်ပြီးရင် ပါတီတက် ပျော်ပါးလိုက်စားသူမို့ အွန်ကတော့ ဒုမ်ကိုသဝန်လည်းတို လိုက်ကြည့်ကြပ်နေတတ်သူပေါ့ တစ်ရက် အကြီးအကျယ် စကားများရာမှာ ဒုမ်ရဲ့ စကားတစ်ခွန်းကြောင့် အွန်အက်စီးဒင့်ဖြစ်သေဆုံးပြီးနောက် ဒုမ်ရဲ့ခန္ဓာထဲ အွန်ဝင်ပူးပြီး လုပ်ချင်ရာလုပ်နေတော့တာပါပဲ ဒါကြောင့် ဒုမ်သူငယ်ချင်းတွေက နတ်ဆရာနဲ့ ဝိညာဉ်ခွဲဖို့ လုပ်ရာမှာတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ သိရဖို့ ဟာသအချစ်ရုပ်ရှင်လေးကို အပြီးထိ ဆက်လက်ကြည့်ရှူလိုက်ရအောင်ပါ အညွှန်း နဲ့ ဘာသာပြန်ကတော့Lei Wutyi Tunပဲ ဖြစ်ပါတယ်။...
Three Stooges Comedy Collection (2024) ⭐TMDB: 0% User Score 🎬 #Comedy 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 7 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Three Stooges Comedy Collection (2024) IMDb Rating (6.6) Three Stooges ဆိုတာ ၁၉၂၂ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်အထိ နာမည်ကျော်ကြားခဲ့သော အမေရိကန်ဟာသမင်းသားအဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်ဦ။ ဇာတ်ကားပေါင်း ၂၂၀ ကျော်ရိုက်ကူးခဲ့ပြီး နှစ်ပေါင်းတစ်ရာကျော်အထိ ပုရိတ်သတ်တွေရဲ့ ရင်ထဲကို လွှမ်းမိုးနိုင်ခဲ့တဲ့ ဟာသအဖွဲ့ဖြစ်ပါတယ်။ Three Stooges Comedy Collection ကတော့ သူတို့ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတိုတွေထဲက အကောင်းဆုံး ၄ ခုကို ရွေးချယ်ဖော်ပြထားတဲ့ ဟာသပေါင်းချုပ်ပဲဖြစ်ပါတယ်။ စိတ်ညစ်စရာများတဲ့ လောကကြီးမှာ ဘဝအမောတွေပြေစေဖို့ The Three Stooges Comedy Collection ကို ကြည့်ဖို့ အကြံပြုပေးချင်ပါတယ်။ A collection of 4 hilarious Three Stooges short films. Disorder in the court (1936) Brideless Groom (1947) Sing A Song Of Six Pants (1947) Malice in the Palace (1949) (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)...
Get Fast (2024) ⭐IMDB: 3.5/10 (331 Votes) 🎬 #Action #Crime #Thriller #Drama 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 28 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Get Fast (2024) IMDb Rating (3.5) ဇာတ်လမ်းအစမှာတော့ လူနှစ်ယောက်က လူနှစ်ယောက်ဆီကနေ ဓားပြတိုက်ကြရာကနေစပါတယ်။ ဒီဇာတ်လမ်းထဲက မင်းသားကတော့ သူခိုးပါ။ Vic လို့ခေါ်တဲ့သူ့ရဲ့အဖော် အဘိုးကြီးတစ်ယောက်လည်းပါပါတယ်။ ဓားပြတိုက်ကြရင်း သူနဲ့သူ့အဖော်တို့က ကွဲပြီး သူကပိုက်ဆံရလိုက်ပေမယ့် အဘိုးကြီးကတော့အဖမ်းခံလိုက်ရပါတယ်။ တစ်ဖက်မှာလည်း အကျင့်ပျက်ရဲနှစ်ယောက်က ဒီပိုက်ဆံကိုလိုချင်တာကြောင့် နည်းအမျိုးမျိုးနဲ့လိုက်ဖမ်းပါတော့တယ်။ တခြားတစ်ဖက်မှာလည်း သူတို့ပိုက်ဆံလုလာတဲ့လူနှစ်ယောက်ရဲ့ အလုပ်ရှင် သူဌေးမက သူ့ရဲ့ပိုက်ဆံတွေကိုပြန်လိုချင်နေပါတယ်။ Vic ကသူ့လက်ထဲမှာအဖမ်းခံထားရတဲ့အပြင် ကံဆိုးချင်တော့ မင်းသားသတ်လိုက်တဲ့သူက သူ့ရဲ့မောင်ဖြစ်သူဖြစ်နေပါတယ်။ ဒါ့အပြင် သူ့ဆီမှာအလုပ်လုပ်တဲ့ ကောင်းဘွိုင်ကြီးလည်းရှိပါသေးတယ်။ မင်းသားအနေနဲ့ ထွက်ပြေးနေတုန်း ဘာမဆိုင်ညာမဆိုင်နဲ့ ကောင်လေးတစ်ယောက်ကို ဆွဲထည့်မိသလိုဖြစ်ပြီး ကောင်လေးကိုပါကာကွယ်ရပါတော့တယ်။ ဆိုတော့ မင်းသားနဲ့ ကောင်လေးကတစ်ဖက်၊ ရဲနှစ်ယောက်က တစ်ဖက်၊ သူဌေးမနဲ့ကောင်းဘွိုင်ကတစ်ဖက်… မင်းသားကလည်း Vic ကိုကယ်ချင်တယ်။ ရဲတွေကလည်း ပိုက်ဆံကိုလိုချင်တယ်။ သူဌေးမကလည်း လက်စားချေချင်တယ်။ ဒီကနေမှ သုံးပွင့်ဆိုင်ဇာတ်လမ်းဘယ်လိုဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲဆက်လက်ရှု့စားလိုက်ကြပါဦး။ ဒီဇာတ်လမ်းက အက်ရှင်အခန်းတွေကြီးပဲ အဆက်မပြတ်ပါတာမလို့ စကားပြောတာတွေပျင်းတယ်၊ ချတာပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားကောင်း လေးတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။)...
Spirit in the Blood (2024) ⭐IMDB: 4.8/10 (315 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Germany #Canada #France #UnitedKingdom ⏰ 1 နာရီ 38 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Spirit in the Blood (2024) IMDb Rating (4.8) အမ်မာဆန်ဆိုတဲ့ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးက သူ့အဖေရဲ့မွေးရပ်မြေလေးကို မိသားစုလိုက် ပြန်လာခဲ့ကြတယ်။ သူပြန်ရောက်ပြီးမကြာခင်မှာ အဲ့ဒီမြို့က ရီဘာကာဆိုတဲ့ ကောင်မလေးတစ်ယောက် ပျောက်ဆုံးသွားခဲ့တယ်။ ပျောက်ဆုံးသွားတဲ့ ကောင်မလေးရဲ့ တစစီဖြစ်နေတဲ့ အလောင်းကို တွေ့ရှိကြတဲ့အခါမှာ တစ်မြို့လုံးက သားရဲကောင်တစ်ကောင်ကောင် သတ်ခဲ့တာလို့ ယူဆထားချိန်မှာ အမ်မာဆန်က မကောင်းဆိုးရွားလုပ်တာလို့ ယုံကြည်နေခဲ့တယ် ရီဘာကာကို သတ်လိုက်တာက မကောင်းဆိုးရွားတစ်ကောင်ပဲလို့ ယုံကြည်နေတဲ့ အမ်မာဆန်တို့ အဖွဲ့က သူတို့ကိုယ်ထဲက စိတ်ဝိဉာဉ်ဆိုးကို ခေါ်ထုတ်ပြီး ဒီမကောင်းဆိုးရွားနဲ့ ရင်ဆိုင်ဖို့ လုပ်ကြတဲ့အခါ…. ရီဘာကာကို သတ်လိုက်တာက တစ်မြို့လုံးထင်ထားတဲ့ သားရဲကောင်လား ဒါမှမဟုတ် အမ်မာဆန်တို့ထင်နေတဲ့ မကောင်းဆိုးရွားကောင်လားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)...
Huntress (2024) ⭐IMDB: 2.8/10 (64 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 17 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Huntress (2024) အမေရိကန် စစ်တပ် ဆေးတပ်ဖွဲ့ အုပ်စုငယ်တစ်ခု က တပ်ခွဲကနေ ပြောင်းရွေ့ရင် နောက်ကျကျန်နေခဲ့ပါတယ်။ သူတို့က နီးစပ်ရာ တပ်ခွဲရှိရာကို မြန်မြန် သွားနေကြရင်း လမ်းမှာ ဂျာမန်ကောင်မလေးငယ်လေးတစ်ယောက်နဲ့ တွေ့ကြတဲ့အခါ မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ စစ်ပွဲကာလအတွင်းက အခြေအနေ လူတွေရဲ့စိတ်တွေ ဖိအားတွေ ခံစားချက်တွေကိုကြည့်ရှု ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Emma ဖြစ်ပါတယ်။)...
