fa
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
V/H/S/Beyond (2024) ⭐IMDB: 6.0/10 (4 k Votes) 🎬 #Horror #ScienceFiction #Thriller 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica #UnitedStates ⏰ 1 နာရီ 54 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 6.1 /10, Rotten Tomatoes 89% Shudder ရဲ့ V/H/S Franchise ကို ကြိုက်နှစ်သက်သူတွေအတွက် ၇ ကားမြောက်ဖြစ်တဲ့ V/H/S/Beyond က ယခုနှစ်မှာ ထွက်ရှိလာခဲ့ပါပြီ။ သူ့ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း found footage တွေကို စုစည်းထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် “Abduction” “Stork” “Dream Girl” “Live and Let Dive” “Fur Babies” “Stowaway” ဆိုပြီး ဗီဒီယို ၆ ခုကိုမြင်တွေ့ရမှာပါ။ ထွက်ပြီးသမျှ ရုပ်ရှင်တွေထဲမှာတော့ လေးကားမြောက်ဖြစ်တဲ့ V/H/S/94 က အပြုသဘောဆန်တဲ့ မှတ်ချက်အများဆုံး ရရှိထားပြီး လက်ရှိအချိန်ထိတော့ ယခုရုပ်ရှင်ကလည်း အပြုသဘောဆန်တဲ့ မှတ်ချက်တွေ ရနေဆဲပါ။ V/H/S ရဲ့ ထုံးစံအတိုင်း စိတ်အနှောင့်အယှက်ဖြစ်စရာ မြင်ကွင်းတွေ ပါဝင်တာကို သတိပြုပေးကြဖို့ တိုက်တွန်းလိုပါတယ်။ “Abduction” ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ – ၁၉၅၀ ပြည့်နှစ်လောက်မှာ တရုတ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူတွေက တော်ရန်တိုကို ပြောင်းလာကြပြီး ပိုက်ဆံရှိတဲ့အတွက် အဲ့ဒီမှာအိမ်ကြီးတစ်လုံးကို ဝယ်ယူကာ နေထိုင်ခဲ့ကြပါတယ်။ နှစ်တွေကြာလာတော့ မိဘတွေက သေဆုံးသွားပြီး အိမ်ကြီးကိုတော့ သားအကြီးဆုံးကို အမွေအဖြစ် ပေးခဲ့ပါတော့တယ်။ သားအကြီးဆုံးက အိမ်ကိုရောင်းချဖို့လုပ်နေစဉ်အတွင်း အဲ့ဒီအိမ်မှာပဲနေထိုင်ခဲ့တာပါ။ ညဘက်ရောက်လာရင် ခြောက်လှန့်မှုတွေ၊ အိမ်ထဲကို ထူးဆန်းတဲ့ ကျူးကျော်ဝင်ရောက်မှုတွေခံစားလာရတဲ့အတွက် အဖြေရှာကြည့်ဖို့ရာ သူမအိပ်ခင် သူ့အိပ်ခန်းထဲမှာပဲ ကင်မရာ ၂လုံးကို တပ်ဆင်ခဲ့တဲ့အခါ …. များမကြာမီပါပဲ အဲ့ဒီသားအကြီးဆုံးကလည်း ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ပါတယ်။ သူနောက်ဆုံးရိုက်ခဲ့တဲ့ ဗီဒီယိုမှာ ဘာတွေပါနေမလဲ။ “Fur Babies” ဆိုတဲ့ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်မှာဆိုရင် – အိမ်မွေးတိရိစ္ဆာန်စောင့်ရှောက်ပေးရေးဂေဟာဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးက သူမရဲ့ ဂေဟာကိုကြော်ငြာထားတဲ့ ဗီဒီယိုကိုတင်လိုက်တဲ့အချိန် လူတစ်စုက သူမနောက်ဖက်က ရုပ်လုံးသွင်းထားတဲ့ခွေးလေးတွေကို ကြည့်ပြီး တရားမဝင်အလုပ်တွေကို လုပ်နေတာလားဆိုတာကို စုံစမ်းဖို့အတွက် သူငယ်ချင်း ၂ ယောက်နဲ့ ခွေးလေးတစ်ကောင်ကို လွှတ်လိုက်ပါတော့တယ်။ ဟိုကိုရောက်သွားတဲ့အခါ သူမက သူမခွေးလေးတွေကို သေသွားပြီးနောက် မြေမမြှုပ်ပစ်ရက်လို့ ရုပ်လုံးသွင်းရတာပါလို့ ပြောပြီး ခွေးလေးတွေကို လေ့ကျင့်ပေးတဲ့ မြေအောက်ခန်းကို လိုက်ကြည့်ကြဖို့ ခေါ်သွားပြီးနောက် … ဘာတွေဆက်ဖြစ်မလဲ။ ကျန်တဲ့ ဗီဒီယို ၄ ခုမှာရော စိတ်ဝင်စားစရာ ဘယ်လိုအကြောင်းအရာမျိုး ပါဝင်မလဲဆိုတာကို ဆက်လက်ရှုစားလိုက်ပါဦး။
...

Teacup (2024) ⭐IMDB: 6.9/10 (698 Votes) 🎬 #Mystery #SciFi #Fantasy #Drama #Horror #Thriller 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 34 မိနစ် 29 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yellowstone စီးရီးကြီးရဲ့ ထုတ်လုပ်သူ Ian McCulloch နဲ့ ဟော်ရာဒါရိုက်တာကြီး James Wan တို့ ဖန်တီးထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဟော်ရာ စီးရီးအသစ် ဖြစ်ပါတယ်။ တစ်ပတ်တစ်ပိုင်းနဲ့ ၈ ပိုင်းလာမှာပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအစမှာတော့ တိရစ္ဆာန်ဆရာဝန်အမျိုးသမီးတစ်ယောက်၊ သူ့ရဲ့ခင်ပွန်း၊ သမီး နဲ့ သားတို့ ဆိတ်တွေ မြင်းတွေ မွေးတဲ့ ခြံတစ်ခုမှာ နေထိုင်ကြတာကနေ အစပြုပါတယ်။ သူတို့အနားတဝိုက်က တိရစ္ဆာန်တွေရော သူတို့ရဲ့ ဆိတ်တွေမြင်းတွေရော ဘာကိုကြောက်လို့ကြောက်မှန်းမသိ အရမ်းကြောက်နေကြပြီး ထူးထူးဆန်းဆန်းတွေ ပြုမူနေကြပါတယ်။ အဲဒီနောက်မှာတို့ သူတို့ ခြံဘေးက တောအုပ်ထဲကနေ ထူးဆန်းတာတွေ ကြောက်စရာတွေ ဆက်တိုက်ဖြစ်လာပါတယ်။ ဇာတ်လမ်းက အစကတည်းက အရမ်းစိတ်ဝင်စားစရာကောင်းအောင် ပဟေဠိဆန်ဆန် ရိုက်ကူးထားတာမို့ အများကြီး မဖတ်တော့ဘဲ ကိုယ်တိုင် တစိမ့်စိမ့်နဲ့လိုက်တွေးလိုက်ကြောက်တာ ပိုကောင်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါ။
...

Breaking Infinity (2023) ⭐IMDB: 4.8/10 (408 Votes) 🎬 #SciFi #Thriller #ScienceFiction #Mystery 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 25 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Breaking Infinity (2023)လူတစ်ယောက် ဆေးခန်းထဲမှာ နိုးလာတယ်။  သူဘာလို့ ဒီကိုရောက်လာလဲ သူဘာတွေဖြစ်ခဲ့လဲ သူ မမှတ်မိဘူး။ သူသိလိုက်ရတာက အာဏာကြီးတဲ့လူတွေက သူဘာတွေဖြစ်ခဲ့လဲ ဘာတွေလုပ်ခဲ့လဲ သိချင်နေကြတယ်ဆိုတာပဲ။ ဒီလိုနဲ့ သူက သူဘာတွေဖြစ်ခဲ့လဲ သိအောင်လုပ်ဖို့ကြိုးစားတယ်။ အဲဒီကနေမှ သူက သိပ္ပံပညာရှင်ဖြစ်ခဲ့တာ သူသိလိုက်ရတယ်။ သူထွင်ခဲ့တဲ့ ကွမ်တမ် အချိန်ခရီးသွားစက်ထဲ သူဝင်ပြီး သူပျောက်သွားခဲ့တယ်ဆိုတာကို သူသိလိုက်ရတယ်။ ဒီလိုနဲ့ ဘာတွေဖြစ်ခဲ့လဲ သူပြန်မှတ်မိအောင်လုပ်ရင်း အချိန်ခရီးသွားစက်ထဲ သူပြန်ဝင်သွားခဲ့တယ်။ အတိတ် ပစ္စုပ္ပန် အနာဂတ် ဒီအရာတွေကနေ သူ့ဇာတ်လမ်းကို သူပြန်သိအောင်လုပ်ဖို့ကြိုးစားခဲ့တယ်။သူဟာ အတိတ်က ပစ္စုပ္ပန်ကိုဖန်တီး အနာဂတ်က ပစ္စုပ္ပန်ကိုဖန်တီး  ပစ္စုပ္ပန်က အတိတ်ကိုဖန်တီး ပစ္စုပ္ပန်က အနာဂတ်ကိုဖန်တီး  အနာဂတ်က အတိတ်ကိုဖန်တီး ဘာတွေဘယ်လိုဖြစ်နေမှန်းမသိတဲ့ ဒီအချိန်ဆိုတဲ့အရာကြီးထဲ  သူ့မေးခွန်းတွေအတွက် အဖြေကိုရှာဖို့လုပ်တာကို ကြည့်ရမှာပါ
...

Youngblood (1986) ⭐TMDB: 61% User Score 🎬 #Drama #Romance #Sport 🗓 1986 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟော်ကီကစားတာကို အပြင်းအထန် ကြိုက်နှစ်သက်ပြီး ဘဝကို ဟော်ကီကစားပြီးရှင်သန်ချင်တဲ့ ယန်းဘလတ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်လူငယ်‌လေးတယောက် ဟော်ကီအသင်းကြီးမှာ ချေစွမ်းပြဖို ဖိတ်ခေါ်ခံလိုက်ရတဲ့ အချိန်မှာတော့ အဲ့အခွင့်အ‌ရေးကို အမိအရဖမ်းပြီး သူထွက်သွားခဲ့ပါတယ် အသင်းကြီးရောက်တဲ့အချိန် သူထင်ထားတဲ့ ဟော်ကီကစားတာနဲ တကယ့်လက်တွေ့ကစားတာနဲ့ ကွဲလွဲနေတာကို သိလိုက်ရတဲ့ အချိန် ယန်းဘလတ်ဘယ်လိုတုံပြန်မလဲ နိုင်ငံကျော် ဟော်ကီကစားသမားပဲ ဖြစ်လာမလား ဒါမိုမဟုတ် လက်လျော့ပြီးအိမ်ပြန်လာမှာလားဆိုတာကို စောင့်ကြည့်ရမယ့် အားကစားကြိုက်သူတွေအတွက် သဘောကျချင်စရာ ဇာတ်ကားတစ်ကားပါ
...

The Finest Hours (2016) ⭐IMDB: 6.7/10 (72 k Votes) 🎬 #Action #Drama #History #Thriller 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Finest Hours (2016) ~ IMDb – 6.7/10, Rotten Tomatoes – 64% ~ ၁၉၅၂ ခုနှစ်က ကိပ်ကုပ် မြို့အနီးမှာ ရေနံတင်သင်္ဘောကြီးနှစ်စီး မှောက်တဲ့အချိန် ကမ်းခြေစောင့်တပ်က ကယ်ဆယ်ဖို့ ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ မာဆာ နဲ့ ပင်ဒယ်တန် ဆိုတဲ့ သင်္ဘောနှစ်စီး မှောက်သွားတာပါ။မာဆာ သင်္ဘောမှောက်တာကို သတင်းစောစောရလို့ ကယ်ဆယ်ရေးတွေ စုပြုံပြီးသွားကြတဲ့အတွက် ပင်ဒယ်တန်သင်္ဘောကို ကယ်ဆယ်ရေးလွှတ်ဖို့အတွက် အဖွဲ့သား အလုံအလောက်မရှိတော့ပါဘူး။ အဲဒါကြောင့် အနီးစပ်ဆုံး မြို့က ကမ်းခြေစောင့်တပ်ကို အကူခေါ်ပါတယ်။ အဲဒီစခန်းမှာလည်း သင်္ဘောတစ်စင်းက မာဆာသင်္ဘောကယ်ဆယ်ရေး လိုက်သွားလို့ မရှိတဲ့အတွက် ကျန်တဲ့ သင်္ဘောတစ်စင်းနဲ့ သင်္ဘောသားလေးယောက်က ပင်ဒယ်တန်သင်္ဘောကို ကယ်ဆယ်ဖို့ထွက်ရပါတော့တယ်။ ဒါပေမဲ့ သူတို့ထွက်ရမယ့်နေရာကနေ သင်္ဘောပျက်ဆီသွားမယ်ဆိုရင် ရေတိမ်ကို ဖြတ်ရမှာပါ။ ပုံမှန်အချိန်ဆို ပြဿနာမရှိပေမဲ့ ဟာရီကိန်းအဆင့်နီးနီး နှင်းမုန်တိုင်းတိုက်နေတဲ့အချိန်မှာတော့ အဲဒီနေရာကို ကျော်ဖို့က အန္တရာယ်များပါတယ်။ သူတို့အတွက် အန္တရာယ်များပေမဲ့ အကူအညီလိုနေတဲ့ ပင်ဒယ်တန်က သင်္ဘောသားတွေကိုကယ်ဖို့ ရေတိမ်ကိုဖြတ်ပြီး သွားကယ်ခဲ့ပါတယ်။ ပင်လယ်ထဲမှာ သံလိုက်အိမ်မြောင်မရှိဘဲ စခန်းနဲ့အဆက်အသွယ်မရဘဲ သင်္ဘောပျက်ကို ရှာတွေ့ပြီး ၁၂ ယောက်စာ သတ်မှတ်ထားတဲ့ သင်္ဘောလေး၊ အယောက် ၂၀ လောက်ပဲ အများဆုံးဆန့်နိုင်တဲ့ သင်္ဘောနဲ့ သင်္ဘောသား ၃၂ ယောက်ကို ကယ်တင်နိုင်ခဲ့တဲ့ ကမ်းခြေစောင့်တပ်ရဲ့ အအောင်မြင်ဆုံး ကယ်ဆယ်ရေးအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ Chris Pine, Casey Affleck, Ben Foster နဲ့ Eric Bana တို့လို လူသိများပြီးသား သရုပ်ဆောင်တွေ ခေါင်းဆောင် ပါဝင်ထားပြီး Fright Night, I, Tonya နဲ့ Cruella စတဲ့ ကားကောင်းတွေ ရိုက်ခဲ့တဲ့ Craig Gillespie ရဲ့ လက်ရာ ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

Girl Haunts Boy (2024) ⭐IMDB: 6.5/10 (244 Votes) 🎬 #Fantasy #Romance #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #SouthKorea #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Girl Haunts Boy ကတော့ Michael Cimino နဲ့ Peyton List တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဆယ်ကျော်သက်လေးနှစ်ယောက်ရဲ့ လွမ်းမောစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့်အချစ်ကားလေးဖြစ်ပြီး Fantasy ၊ Romance နဲ့ Comedy အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဖခင်ဆုံးပါးသွားတဲ့ခိုးလ်ဟာ အမေနဲ့အတူ အိမ်ဟောင်းကြီးတစ်ခုကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ခိုးလ်ရဲ့အိပ်ခန်းသစ်ထဲမှာ ဘီးဆိုတဲ့ရာစုနှစ်သက်တမ်းရှိတဲ့ သရဲမ ချောချောလေးနဲ့တွေ့ဆုံခဲ့ပြီး အထီးကျန်နေတဲ့ခိုးလ်အတွက် ကြီးမားတဲ့စိတ်ခွန်အားဖြစ်စေခဲ့တာကြောင့် ခိုးလ်ဟာ ဘီးကို ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ခိုးလ်ရဲ့သူငယ်ချင်းလီဒီယာရဲ့ကူညီမှုကြောင့် ဘီးဟာ ကျိန်စာသင့်နေတာဖြစ်ပြီး ကျိန်စာကလွတ်မြောက်အောင်လုပ်လို့ ရတဲ့နည်းလမ်းရှိတယ်ဆိုတာသိလိုက်ရချိန်မှာတော့ ခိုးလ်တစ်ယောက် ဘီးကိုချစ်တဲ့စိတ်နဲ့ဆွဲခေါ်ထားမှာလား၊ လွတ်မြောက်ရာကိုထွက်သွားခွင့် ပေးမှာလားဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

Out Come the Wolves (2024) ⭐IMDB: 4.6/10 (786 Votes) 🎬 #Horror #Thriller #Action 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 27 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Out Come the Wolves ( 2024 ) တစ်နေ့သောအခါမှာ ဆိုဖီဆိုတဲ့ အမျိုးသမီးဟာ သူ့သတို့သားလောင်းရယ် သူ့အချစ်ဦးရယ်ကို သူငယ်ငယ်က‌ နေခဲ့တဲ့အိမ်လေးကို ဖိတ်လိုက်တယ်။ ဆိုဖီတို့က ဘိုးစဉ်ဘောင်ဆက် အမဲလိုက်တဲ့ အလုပ်ကိုလုပ်တယ်။ ဒါပေမဲ့ ဆိုဖီက သမင်တစ်ကောင်ရဲ့ အကြင်နာအကြည့်တွေမှာ တရားပေါက်ပြီး အမဲမလိုက်တော့ရုံတင်မဟုတ်ဘဲ သားသတ်လွတ်သမဖြစ်သွားတယ်။ မြို့ပေါ်တက် အလုပ်လုပ်ရင်းနေရင်း သူ့သတို့သားလောင်းနဲ့ ညားခဲ့တာပေါ့။ ညားတော့မယ့်အကြောင်းကို ရွာက အချစ်ဦးကို ပြောပြရင်း အချစ်ဦးနဲ့ သတို့သားလောင်းကို ဆုံပေးဖို့ ရွာကိုပြန်လာခဲ့တယ်။ မင်းက ငါ့စော်ကိုယူသွားတယ် မင်းက ငါ့စော်ကိုစားထားတယ် အငြင်းပွားကြရင်း အချစ်ဦးနဲ့သတို့သားလောင်းက မတည့်ကြဘူး။ ဒီလိုနဲ့ဆိုဖီက သူ့အချစ်ဦးနဲ့ သတို့သားလောင်းကို လေးနဲ့မြှားနဲ့ သေနတ်နဲ့ပေးပြီး တောထဲကို လွှတ်လိုက်တယ်။ မတည့်တဲ့လူနှစ်ယောက်ကို လက်နက်အပြည့်အစုံနဲ့ တောထဲလွှတ်လိုက်ပြီးမှ ပြန်မလာလို့ စိတ်ပူနေတဲ့ဆိုဖီ တောထဲလိုက်သွားတဲ့အခါမှာတော့
...

Prathibha Tutorials (2024) ⭐IMDB: 6.8/10 (67 Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 52 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Prathibha Tutorials 2024ပညာရဲရင့်ပွဲလယ်တင့် IMDb 7.4/10 ကျောင်းသားတွေစာသင်ကြတယ်ဆိုတာက ပန်းတိုင်အမျိုးမျိုးအတွက်ပါပဲဆရာဝန် အင်ယာ စသဖြင့်ရည်မှန်းချက်ကိုယ်စီနဲ့ပေါ့ဒီကားကလည်းဒီလိုရည်မှန်းချက်တစ်ခုကြောင့် အသက်၄၀လောက်မှစာထသင်ချင်တာပါ မလေယာလမ်းဆိုတော့ ဘာတွေပညာပေးပြီးဘယ်လိုတွေရယ်နေရမယ်ဆိုတာဒေါင်းကြည့်ကြဖို့ မမေ့နဲ့နော်အကြောင်းကဘယ်ကစမလဲဆိုရင် သူများမယားကိုဖွန်သွားကြောင်တာကစပါလိမ့်မယ် ခိုးတွဲနေတဲ့မယားက ယောကျာ်းအိမ်မှာရှိကြောင်း မလာနဲ့ဆိုတဲ့အကြောင်းကိုစာနဲ့ပို့ခဲ့ပေမဲ့ စာမဖတ်တတ်လေတော့ စာပို့တယ်ဆိုပြီးပျော်ကာရွှင်ကာနဲ့အိမ်ကိုခိုးသွားပြီး ယောက်ျားဖြစ်သူနဲ့တည့်တည့်တိုးပြီး အထိုးခံရပါလေရောဒီလိုနဲ့ ညီလိုပေါင်းနေတဲ့ကောင်လေးက စာသင်မှဖြစ်မယ်စာတတ်ရင်ဒီလိုမဖြစ်ဘူးဆိုပြီး ရွာကကျောင်းကိုဝယ်ပြီးအဲဒီမှာစာသင်ပေးဖို့လုပ်ပါတယ် အဲဒီကျောင်းကလည်းပိုင်ရှင်ရှိပါတယ် ကွယ်လွန်သွားတဲ့ဖခင်ရဲ့လမ်းပြမှုကြောင့်ကျောင်းနာမည်ကိုချိန်းပြီး နည်းပြသင်တန်းကျောင်းဖွင့်ဖို့လုပ်နေချိန်ပေါ့သူတို့ကလည်းမရောင်းချင် ဟိုဘက်ကလည်းအတင်းဝယ်ချင်နဲ့ဘယ်လိုအခွီဇယားတွေဆက်ဖြစ်သွားမယ်ဆိုတာကိုတော့… ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

Vivekanandan Viralaanu (2024) ⭐IMDB: 4.2/10 (192 Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vivekanandan Viralanu (2024)ဗီဗက်ကန်နန်ဒန်‌ကျော်ကြားနေပြီ============================= ဒါရိုက်တာ Kamal ရဲ့ငါးနှစ်အကြာမှပြန် Come Back တဲ့အသစ်စက်စက် Comedy ကား‌လေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် သာမန်လူတစ်ယောက်ဖြစ်တဲ့ ဗီဗစ်ကန်နန်ဒန်တစ်ယောက်သူ့ရဲ့သာမာန်ဘဝလေးမှာပဲနေထိုင်ရင်း ရုတ်တရက်ဆိုသလို ညတွင်းချင်းပဲအင်တာနက်ပေါ်မှာ ကျော်ကြားသွားပါတော့တယ် နာမည်ကောင်းနဲ့တော့မဟုတ်ပါဘူး နာမည်ဆိုးကြီးနဲ့ပါ ဒီလိုဖြစ်ရတာသူ့အပြစ်လို့မဆိုသာပေမဲ့သူ့အပြစ်လဲမကင်းပြန်ပါဘူး ဗီဗက်ကန်တစ်ယောက်ပူပူနွေးနွေးအိမ်ထောင်ကျထားခါစဖြစ်ပေမဲ့ တွေ့သမျှအချောလေးတိုင်းနဲ့ပယော်ပရည်လုပ်ချင်နေတဲ့အကျိုးဆက်လို့လဲပြောလို့ရပါတယ် ဒီကိစ္စကဘယ်လောက်ထိကြီးသွားသလဲဆိုရဲတွေပါပါဝင်လာတဲ့အထိပါပဲ ဗီဗက်ကန်တစ်ယောက်သူအစစ်အမှန်နဲ့ လူအများသိထားတဲ့သူ ဘဝနှစ်ခုကို ဘယ်လိုချိန်သားကိုက်အောင်ချိန်ညှိဖို့ကြိုးစားသွားမှာလဲ?ပြဿနာတွေကိုရောအဆုံးမှာဖြေရှင်းနိုင်ပါ့မလား? ဆိုတာ ရင်တစ်ထိပ်ထိပ်နဲ့ ဟာသနှောရင်းကြည့်ရှုရမှာပါ (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)
...

Wild Things 2 (2004) ⭐TMDB: 51% User Score 🎬 #Crime #Drama #Mystery 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲကွဲပြားသွားတာဖြစ်တဲ့အတွက် သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။အခုတင်ဆက်ပေးမယ့် အပိုင်း ၂ မှာတော့ ဘရစ်တနေဟေဗာ ဆိုတဲ့ မီလျံနာသူဌေးကြီးတစ်ဦးရဲ့မယားပါသမီးအထက်တန်းကျောင်းသူလေးကိုတွေ့မြင်ရမှာပါ။ဘရစ်တနီရဲ့မိခင်က မကြာသေးခင်ကမှ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပြီး အခုချိန်မှာတော့ပထွေးဖြစ်သူနဲ့ နှစ်ဦးတည်းနေထိုင်နေတာဖြစ်ပါတယ်။ဘရစ်တနီကအထက်တန်းကျောင်း ဘော်လီဘောအဖွဲ့ဝင်တစ်ဦးဖြစ်သလိုအပေါင်းအသင်းလည်းဝင်ဆန့်တဲ့အတွက် ကျောင်းမှာနာမည်ကျော်တွေထဲကတစ်ယောက်ပါ။ သူ့ရဲ့ငယ်စဉ်ဘ၀က ဆင်းရဲခဲ့တဲ့အတွက်အဲ့ဒါကိုအားနည်းချက်လိုအမြဲထုတ်ဖော်တိုက်ခိုက်ပြီး သူ့ကိုမနာလိုနေတဲ့ မာယာကင်း ဆိုတဲ့ပြိုင်ဘက်ကျောင်းသူတစ်ယောက်လည်း သူ့မှာရှိနေပါတယ်။တစ်နေ့တော့ သူ့ပထွေးဖြစ်သူ သန်းကြွယ်သူဌေးကြီးဟာ ခရီးသွားစဉ်မတော်တဆမှုနဲ့သေဆုံးသွားခဲ့ပြီး အမွေကိစ္စရှေ့နေတွေနဲ့ရှင်းလင်းတဲ့အချိန်မှာသူ့အတွက် တစ်နှစ်စာ ထောက်ပံ့ကြေး ၂၅၀၀၀ ကလွဲလို့ဘာမှချန်မထားခဲ့ပဲ ကျန်တဲ့စည်းစိမ်မှန်သမျှကို သူ့မှာသွေးသားရင်းရှိခဲ့ရင် အဲ့ဒီလူကိုသာလွှဲပြောင်းဆက်ခံစေမှာဖြစ်ကြောင်းသိလိုက်ရပါတယ်။ အဲ့ဒီသွေးသားရင်းဆိုတဲ့သူက တကယ်တမ်းထွက်ပေါ်လာမှာလား? အဲ့ဒီလူဟာ ဘယ်သူဖြစ်နေမလဲ?ပထွေးဖြစ်သူရဲ့သေဆုံးမှုဟာလည်း သာမန်မတော်တဆမှုတစ်ခုပဲလား အစရှိတာတွေကို အဆုံးသတ်အထိ မြုပ်ကွက်တွေ ပဟေဠိတွေအပြည့်နဲ့ရှုစားရမှာပါ။Erotic Thriller အမျိုးအစားဖြစ်တဲ့အတွက် အဖော်အချွတ်လေးတွေအနည်းငယ်ပါဝင်ပါတယ်။
...

Un/Dressed (2024) ⭐IMDB: 4.7/10 (132 Votes) 🎬 #Drama #Romance #Thriller 🗓 2024 🎞 tv movie 🌎 #Germany ⏰ 1 နာရီ 43 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Un/Dressed (2024) ဂျာမနီကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ညှို့အားပြင်း မင်းသမီးရဲ့ ဖုဖောင်းမို့အစ်တဲ့ ကိုယ်ခန္ဓာ ဗလာကျင်းအလှကို ဝေဝေဆာဆာမြင်တွေ့ရပြီး ချစ်တင်းနှောအခန်းတွေ ဟိုနေရာ ဒီနေရာ ပါနေလို့ ဆယ့်ရှစ်ယောက်စုပြီးမှ ကြည့်ရှုသင့်ပါကြောင်း။ ငယ်ရွယ်တဲ့ ဖက်ရှင်ဒီဇိုင်နာ အမျိုးသမီးငယ်လေး အယ်လ် က ပြင်သစ်ကနေ ပြန်လာပြီးနောက် အဘွားဖြစ်သူရဲ့ မာဂို ဖက်ရှင်ကုမ္ပဏီကြီးကို ရုတ်တရက် ဆက်ခံလိုက်ရတယ်။ အယ်လ် ဟာ လူချမ်းသာမိသားစုဖြစ်တဲ့ ဝစ်တ် မိသားစုက ဆင်းသက်လာတဲ့ သီလို နဲ့ မကြာခင်လက်ထပ်တော့မယ့် ဆက်ဆံရေးမျိုး ရှိနေခဲ့တာပါ။ ဒါပေမဲ့ စီးပွားရေးအဖွဲ့ကြီးနှစ်ခုရဲ့ ငွေကြေးခဝါချမှု လှည့်ကွက်တွေကြားမှာ ဖက်ရှင်ကုမ္ပဏီလေး မာဂို က ဆူးကြားက ဘူးခါးလို ကြားညပ်နေခဲ့တာပေါ့။ ဒီလိုသပွတ်အူကုမ္ပဏီကိုမှ ဦးဆောင်လည်ပတ်ရတော့မယ့် အယ်လ် တစ်ယောက် လက်တွဲဖော် သီအို အပေါ် သံသယဖြစ်စရာတွေဖြစ်လာခဲ့ပါတယ်။ ဒီလိုပဲ ဘယ်ကနေ ရောက်လာမှန်းမသိဘဲ အယ်လ် ရဲ့ဘဝနဲ့ နှလုံးသားထဲကို ဝင်လာခဲ့တဲ့ သက်တော်စောင့် လုံခြုံရေးမှူး ဘန် ကလည်း ဘဝတစ်ကွေ့မှာ ပါဝင်လာပြန်တာပေါ့။ ဒီလိုနဲ့ စီးပွားရေးလှည့်ကွက်တွေကြားမှာ အဘွားဖြစ်သူက အသက်ပေးလိုက်ရ၊ ချစ်သူကလည်း မယုံရဘူးလား ယုံရမလား မသဲကွဲချိန်၊ သက်တော်စောင့်လေး ဘန် နဲ့ မဖြစ်သင့်တာတွေ ဖြစ်လိုက်မိတဲ့ မိန်းကလေး အယ်လ် ရဲ့အကြောင်း ဟောဒီဇာတ်ကားမှာ ကြည့်ရှုရဖို့ရှိပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Arr Khun Winchesterဖြစ်ပါတယ်။)
...

Phoebe in Wonderland (2008) ⭐TMDB: 72% User Score 🎬 #Drama 🗓 2008 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 PHOEBE တော့ စည်းကမ်းတွေကို မလိုက်နာတဲ့ မိန်းကလေး (Elle Fanning) ရဲ့ အံ့မခန်းပုံပြင်တစ်ပုဒ်ပါ သူမပတ်ဝန်းကျင်ရှိ အုပ်ချုပ်မှုအစွဲအလမ်းကြီးသောကမ္ဘာနှင့် ထိပ်တိုက်တွေ့မှုများကြောင့် ဖီဘီကို သူမရဲ့ ထက်မြက်ပေမယ့်ကြောက်နေတဲ့ မိခင် (Huffman) က Phoebe အား သင်ကြားပေးဖို့ သူမရဲ့ သမားရိုးကျမဟုတ်တဲ့ ပြဇာတ်ဆရာ (Clarkson) ထံမှာ ပဥာသင်ယူစေခဲနောက်
...

Get Over It (2001) ⭐TMDB: 56% User Score 🎬 #Comedy #Romance 🗓 2001 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ တော်တော်လေးကြည့်လို့ကောင်းတဲ့ Rom/Com ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့် ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ် ဇာတ်ညွှန်း ဘာ့ခ်နဲ့ အယ်လီဆင်တို့နှစ်ယောက်ဟာ ငယ်စဉ်ကတည်းက ခင်ခဲ့တဲ့သူငယ်ချင်းတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်က အရမ်းကိုခင်ပေမယ့် တစ်ရက်မှာ ကံကြမ္မာကြောင့် သူတို့နှစ်ယောက်ဝေးကွာခဲ့ရပါတယ်။ ဒါပေမယ့် နှစ်တွေကြာပြီးနောက်မှာတော့ အယ်လီဆင် နဲ့ ဘာ့ခ် တို့နှစ်ယောက် ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ နှစ်ယောက်ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ဘာ့ခ်ကတော့ တစ်သက်တာမြဲမယ့် ဆက်ဆံရေးတစ်ခုလို့ထင်ခဲ့ပေမယ့် တကယ်တမ်းက (၆) လပဲခံခဲ့ပါတယ်။ (တချို့ဆို ၆ လတောင်မကြာပါဘူး) ဒီလိုနဲ့ကျောင်းမှာ ရှိတ်စပီးယားရဲ့ “နွေလယ်ည အိမ်မက်” ပြဇာတ်ကဖို့ရှိလာခဲ့ပါတယ်။ ထိုချိန်မှာ အယ်လီဆင်ဟာလည်း တီးဝိုင်းတစ်ခုမှာ ပါခဲ့တဲ့ စထရိုက်ကာ ဆိုတဲ့ ဘဲတစ်ဗွေနဲ့တွဲနေပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးက ပြဇာတ်မှာပါခဲ့ပေမယ့် အနပညာပါရမီနဲ့ပြည့်စုံတဲ့ ဘာ့ခ်ဟာ သီချင်းလည်းမဆိုတတ်သလို သရုပ်လည်းမဆောင်တတ်ပါဘူး။ ဒါပေမယ့် သူ့ကိုကူညီဖို့ သူငယ်ချင်းရဲ့ ညီမလေး ကယ်လီ ရှိနေခဲ့ပါတယ်။ ဒီလိုနဲ့ ကယ်လီရဲ့ အကူအညီနဲ့ အတူ ဘာ့ခ်တစ်ယောက် အယ်လီဆင်ကိုပြန်ရသွားမှာလား။ ဘယ်လိုတွေလွဲကြဦးမှာလဲဆိုတာကိုခံစားကြည့်လိုက်ကြပါ။
...

Tanaav (2022) ⭐IMDB: 8.3/10 (10 k Votes) 🎬 #Crime #Drama #Action #Thriller 🗓 2022 🎞 tv series 🌎 #India ⏰ 33 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tanaav 2024 (တင်းမာခက်ထန်သော ဇာတ်လမ်းလေးတစ်ပုဒ်) ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ စီစင်၂ခုထွက်ရှိထားတဲ့မှုခင်းဒရာမာစီးရီးအကြမ်းစားလေးဖြစ်ပါတယ်။ အရင်က အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကဘီးရ်ဟာအလုပ်ကနေအနားယူပြီးတော့ အေးဆေးစွာနဲ့ ယိုလုပ်ရောင်းရင်းမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေသူတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်ရက်မှာ သူအရင်က နှိမ်နင်းခဲ့ပြီးလို့ သေသွားပြီလို့ထင်နေတဲ့အူမာရီယာဇ်ပန်သာဟာ မသေဘဲ ပြန်ပေါ်လာတဲ့အချိန်မှာသူဟာ ပြန်လည်ပြီးတော့ အထူးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ အူမာရီယာဇ်ကို နှိမ်နင်းနိုင်ဖို့အတွက်နဲ့ ကဘီးရ်တို့အဖွဲ့ မစ်ရှင်စတင်လုပ်ဆောင်ပါတော့တယ်။မစ်ရှင်စတင်လုပ်ဆောင်တဲ့အချိန်မှာ အူမာရဲ့ညီဖြစ်သူက စေ့စပ်ပွဲလုပ်ဖို့ ပြင်ဆင်နေတာကိုသိတဲ့အခါမှာညီကိုအရမ်းချစ်တဲ့ အူမာဟာ ဒီပွဲကိုလာမှာပဲဆိုပြီးတော့ စေ့စပ်ပွဲမှာ ထောင်ဖမ်းဖို့ လုပ်ပါတော့တယ်။ ဒီလိုနဲ့ ကဘီးရ်တို့တပ်ဖွဲ့က အူမာကို ဖမ်းနိုင်သွားမှာလား …….ဆက်လက်ပြီးတော့ရော ဘယ်လိုအရှုပ်တော်ပုံတွေဖြစ်လာဦးမလဲဆိုတာကို ကြည့်ရှုရမယ့် စီးရီးကောင်းလေးတစ်ခုပါပဲ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)
...

Dragon Ball Daima (2024) ⭐IMDB: 8.8/10 (983 Votes) 🎬 #Animation #Action #Adventure #Comedy #SciFi #Fantasy 🗓 2024 🎞 tv series 🌎 #Japan ⏰ 32 မိနစ် 26 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 8.5/10IGN 7/10 ဒီစီးရီးကတော့ ဆရာAkira Toriyamaမကွယ်လွန်ခင် နောက်ဆုံးကိုင်ပေးသွားခဲ့တဲ့ ပရောဂျက်မလို့ မထွက်ခင်ကတည်းက မျှော်နေမိတယ်လို့ပြောရင်လည်းမမှားပါဘူး။ နည်းနည်းသောက်ကြီးသောက်ကျယ်ပြောရရင်တော့ Dragon Ballရဲ့သမိုင်းကြောင်းက အတော်ကိုကြီးပါတယ်။ Animeဆိုတာပေါ်တာကြာပြီဖြစ်ပေမဲ့ တကမ္ဘာလုံးမှာပါ animeတွေလူစသိခဲ့တာက Dragon Ballကြောင့်ပါ။ ပြီးတော့ Dragon Ballဟာ တရုတ်ဂန္ဓဝင်ဝတ္ထု Journey to the west ကို အခြေခံထားတာဖြစ်တဲ့အပြင် အရမ်းကိုပေါက်သွားခဲ့တာမလို့ တရုတ်ပြည်မကရုပ်ရှင်အဖွဲ့တဖွဲ့ဟာ ငါတို့ဆီကနေဇာတ်လမ်းယူထားတဲ့ကာတွန်းတောင်ပေါက်နေတာဆိုတော့ ငါတို့လည်းဘာလို့မရိုက်နိုင်ရမှာလဲဆိုပြီး အာရှမှာအရမ်းပေါက်ခဲ့တဲ့Journey to the west ဂန္ဓဝင်စီးရီးပေါ်လာခဲ့တာပါ။ ဒီစီးရီးရဲ့ဇာတ်လမ်းက အစပဲရှိသေးတော့ အကျဉ်းကိုတိုတိုပဲ ‌ပြောပြပါတော့မယ်။ မိစ္ဆာဘုရင်တပါးပေါ်လာပြီး Gokuတို့ဟာ အန္တရာယ်ပေးနိုင်တဲ့သူတွေအဖြစ်ကြောက်ရွံ့ပြီး Dragon Ballတွေကိုစုစည်းကာ Gokuတို့ကို အသက်ငယ်သွားအောင်ဆုတောင်းခဲ့ရာကနေ ဒီဇာတ်လမ်းဖြစ်လာတာပါ။ ကျန်တာတော့ တပတ်တခါအသစ်ထွက်မှမျှော်တော့နော်။
...

Disclaimer (2024) ⭐IMDB: 7.1/10 (795 Votes) 🎬 #Drama #Mystery #Thriller 🗓 2024 🎞 tv mini series 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 45 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Disclaimer (2024)IMDb – 7.2/10 အသစ်ထွက်ရှိလာတဲ့ Cate Blanchettနဲ့ Kevin Klineတို့ အဓိကပါဝင်ထားပြီး အပိုင်းခုနစ်ပိုင်းနဲ့psychological thrillerအမျိုးအစား ဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်။ Harry Potter and the Prisoner of Azkaban (2004)ရုပ်ရှင်ရဲ့ ဒါရိုက်တာကြီး Alfonso Cuarónရဲ့လက်ရာဖြစ်တာမို့ ကြည့်ဖို့တန်မဲ့ စီးရီးဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ရဲ့အတိတ်ကနာကြည်းစရာတွေနဲ့ သူတို့ရဲ့ အပြစ်ရှိစိတ်၊ လက်စားချေလိုမှုတွေနဲ့အားပြိုင်ကြပုံကို မြင်တွေ့ကြရမှာပါ။နာမည်ကျော် မှတ်တမ်းဆောင်းပါးသတင်းထောက်တစ်ယောက်ဖြစ်တဲ့ ကတ်သရင်းဆိုတဲ့အမျိုးသမီးတစ်ယောက်က သူ့ကျော်ကြားမှုတွေနဲ့အတူ သားဖြစ်သူကို ထိန်းကျောင်းဖို့ကြိုးစားနေတဲ့အချိန်။ခင်ပွန်းဖြစ်သူမသိအောင် ဖုံးကွယ်ထားခဲ့တဲ့အကြောင်းအရာတွေက ဘယ်သူထုတ်ဝေလိုက်မှန်းမသိတဲ့၀တ္ထုထဲမှာပါလာပြီး အတိတ်ရဲ့ အရိပ်က သူ့အပေါ်လွှမ်းမိုးလာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်)
...

Frasier (2023) ⭐IMDB: 6.8/10 (9 k Votes) 🎬 #Comedy 🗓 2023 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 25 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Frasier (2023)===========IMDb Rating – 7.0/10 1993-2004 ကထွက်ခဲ့တဲ့ Fraiser sit-coms ရဲ့ နောက်ဆက်တွဲ sitcomစီးရီးဖြစ်ပါတယ်။ Fraiser စီးရီးက ၂၀၀၀ ခုနှစ်အစောပိုင်းကထွက်ခဲ့တဲ့နာမည်ကြီး sitcom စီးရီးတွေထဲမှာ Friend, The Office.Fresh Princeof Bel-air စတဲ့ sitcoms တွေနဲ့ အပြိုင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။နာမည်ကြီးဒေါက်တာဖရေဆာခရိန်းရဲ့  တီဗီအစီအစဉ်တင်ဆက်သူဘဝကို sitcomsဇာတ်လမ်းတွဲအဖြစ် ဖန်တီးထားပြီး Ratiing တွေမှာဆိုလည်း ၈.၅ အထိရခဲ့တဲ့အထိအောင်မြင်ခဲ့ပါတယ်။ အခုထွက်ရှိလာတဲ့ Fraser စီးရီးက ဖခင်နေရာကို ရောက်လာတဲ့ ဖရေဆာခရိန်းဟာ ချီကာဂိုက နာမည်ကြီးတီဗီ အစီအစဉ်တင်ဆက်သူဘဝကနေအနားယူပြီး သားရှိတဲ့ နယူးယောက်မြို့ကိုရောက်လာပါတယ်။ မပြေလည်သေးတဲ့ သားအဖေနှစ်ယောက်ကြား ဆက်ဆံရေးကိုပြေလည်အောင်ညှိနှိုင်းရင်း သူငယ်ငယ်ကတက်ခဲ့တဲ့ ဟားဗက်တက္ကသိုလ်မှာ လက်ချာဆရာဖြစ်လာတဲ့ အခါမှာ..ဘဝအသစ်တစ်ဖန်ပြန်စရင်း ဖရေဆာခရိန်းတစ်ယောက် sitcomsလောကထဲကို ပြန်ဝင်လာခဲ့ပါပြီ။ Sitcoms ဇာတ်လမ်းတွဲတွေကို ကြည့်နေကြဆိုရင်တော့ ဒီဇာတ်လမ်းတွဲကလည်း သေချာပေါက်စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းထဲမှာပါပြီး၊ ဖရေဆာခရိန်းကြီးရဲ့ စကားလုံးအသုံးအနှုန်းအပြောအဆိုတွေက တစ်ခွန်းဆိုတစ်ခွန်းထိထိမိမိရှိပြီး ရယ်စရာ Dad Jokes တွေအပြည့်ပါဝင်နေပါတယ် … (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)
...

Dandadan (2024) ⭐IMDB: 8.6/10 (2 k Votes) 🎬 #Animation #Action #Adventure #Comedy #SciFi #Fantasy #Romance #Thriller 🗓 2024 🎞 tv series 🌎 #Japan ⏰ 24 မိနစ် 12 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB – 8.8/10, MyAnimeList – 8.7/10 ဒန်တန့်တန်လေး မထွက်ခင်ကတည်းက နာမည်ကြီး Manga ကို Anime လုပ်မှာဆိုပြီး Hype ခဲ့ကြတာ အခု တကယ်ထွက်လာတော့လည်း Critic တွေကြား Fan တွေကြား အပိုင်း ၁ နဲ့တင် ပွဲခံနေကြပါပြီ။ ကျွန်တော်လည်း Manga မဖတ်ဖူးပါဘူး ဒါပေမဲ့ အပိုင်း ၁ ကြည့်လိုက်တာတော့ ချက်ချင်းကြွေမိသွားပါတယ်။ ဇာတ်လမ်းကလည်း အစကတည်းက ဝုန်းဒိုင်းကြဲ လာ ဖြစ်ချင်ရာဖြစ်မယ်ဆိုပြီး သောင်းကျန်းထားတာရယ်။ – ဘဲက ဖြတ်သွားလို့ဆိုပြီး ကြွေကွဲလူငယ်ဖြစ်နေတဲ့ Ayase Momo ဆိုတဲ့ စွာတေးလန်မလေးရယ် – အတန်းထဲမှာ အမြဲတမ်း အနိုင်ကျင့်ခံနေရတဲ့ အူစကူ မှန်ကြောင်လေး Ken Takakura ရယ် ကောင်မလေးက သရဲယုံတယ် ကောင်လေးက ဂြိုလ်သားယုံတယ် အဲဒါ ၂ ယောက်သား ရန်ဖြစ်ပြီး စိန်ခေါ်တယ် “သရဲမယုံတဲ့ကောင် သရဲခြောက်တယ်ဆိုတဲ့ နေရာသွား” “ဂြိုလ်သားမယုံတဲ့နင် ဂြိုလ်သား UFO ရှိတယ်ပြောနေကြတဲ့ နေရာသွား” ဆိုပြီး စလိုက်ရာကနေ ဒီဇာတ်လမ်း ဖြစ်လာတာပါပဲ။ အကြိုက်ဆုံးကတော့ Art Style နဲ့ ကာလာတွေပဲဗျို့ ပုံမှန်အချိန် မသိသာပေမဲ့ Fight Scene မှာ ရောစပ်ပြီး သုံးပြသွားတာတွေ အသေမိုက်။ ဇာတ်လမ်းလေးကလည်း သရဲတွေ ဂြိုလ်သားတွေ ရောသမမွှေထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် မင်းသားနဲ့ မင်းသမီးကြားမှာ ရိုမန်တစ်ဆန်ဆန်လေးလည်း ပါဦးမယ်ဆိုတော့ ပို ပြည့်စုံသွားတာပေါ့။ Opening သီချင်းကလည်း နာမည်ကျော် Mashle S2 အဖွင့်သီချင်းကို ဆိုပေးထားတဲ့ Creepy Nut အဖွဲ့ကပဲ ရေးစပ်သီဆိုပေးထားတာ (နာမည်ကျော်ဆို မြန်မာကတောင် သင်္ကြန်သီချင်း ခိုးပစ်တာကိုး)။ နောက်ပြီး သရဲအဘွားကြီးနေရာက စပရိုက်စ် VA တစ်ယောက် ပါလာပါသေးတယ် ကျွန်တော့်လို OP Fan ဆိုရင်တော့ ချက်ချင်း ရိပ်မိကြမယ် ထင်ပါတယ်။ စုစုပေါင်း ၁၂ ပိုင်း ထွက်ရှိမှာ ဖြစ်ပြီး အပတ်စဉ် အမြန်ဆုံး တင်ဆက်ပေးသွားမှာ ဖြစ်လို့ အားပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။
...

Call Me Bae (2024) ⭐IMDB: 6.1/10 (6 k Votes) 🎬 #Drama #Comedy #Romance 🗓 2024 🎞 tv series 🌎 #India ⏰ 44 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Call Me Bae (2024) “ဘေ့လို့ပဲခေါ်”IMDb – 6.1/10 Amazon Primeကနေထုတ်လွှင့်ခဲ့တဲ့ မင်းသမီးချော အန်နယာပန်ဒေးရဲ့တီဗီစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။၂၀၁၉ခုနစ်ကမှ Student of the Year 2(2019)နဲ့ သရုပ်ဆောင်လောကထဲဝင်လာတဲ့အသက်၂၅နှစ်အရွယ် အန်နယာက အခုဆို ဘောလိ၀ုဒ်ပရိသတ်တွေနဲ့ မစိမ်းလှတော့ပါဘူး။ ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့ ဘယ်လာ။ ဘယ်လာဆိုတာ မိသားစုတွေခေါ်တဲ့နာမည်။ပတ်ဝန်းကျင် အသိုင်းအဝိုင်းကိုတော့ ဘေ့လို့ခေါ်ခိုင်းပါတယ်။ ဘေ့တို့မိသားစုက ရာဂျက်စတန်ကနေ ဒေလီကိုပြောင်းလာကြတဲ့ ဆွေကြီးမျိုးကြီးမိသားစုကဆင်းသက်လာတာ။ဒါပေမဲ့ ပြဿနာတွေ အမွေလုတာတွေကြား ဘေ့တို့မျိုးဆက်ရောက်ချိန် မိသားစုက ဒေဝါလီခံရဖို့နီးနေခဲ့။ဘေ့ရဲ့ မွေးသမိခင်အားထုတ်မှုနဲ့ ဘေ့တစ်ယောက် ကြိုးစားမှုကြောင့် ကြီးကြီးတက်ချမ်းသာလွန်းလှတဲ့ချောင်ဒရီမိသားစုရဲ့ ချွေးမဖြစ်လာခဲ့ပြီး မိသားစုရဲ့ချမ်းသာမှုကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကြမ္မာငင်တဲ့တစ်ညရောက်လာပြီး ဇိမ်ခံကားခြောက်စီး၊ ရဟတ်ယာဉ်နဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေရှိတဲ့ဘေ့တစ်ယောက် ခွက်ဆွဲရမဲ့အခြေအနေရောက်သွားပါတော့တယ်။ယောကျ်ားကလည်း လက်မခံ၊မိသားစုကလည်း လက်မခံနဲ့ စွန့်ပစ်ခံလိုက်ရတဲ့ ဘေ့တစ်ယောက်ရောက်နေတဲ့အခြေအနေကို လက်ခံလိုက်ပြီး ဘေ့တစ်ယောက်ဘယ်လိုကြိုးစားမလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)
...

Invoking Yell (2023) ⭐IMDB: 4.8/10 (68 Votes) 🎬 #Crime #Horror #Mystery 🗓 2023 🎞 movie 🌎 #Chile ⏰ 1 နာရီ 24 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Invoking Yell (2023)IMDb Rating (4.7) / Rotten Tomatoes (88%)လူငယ်သုံးယောက် သီချင်းဖန်တီးဖို့အတွက် တောထဲဝင်သွားကြသောအခါ…Metal ဂီတဟာ ထင်ပေါ်ကျော်ကြားတဲ့ဂီတအမျိုးအစားတစ်ခုလို့ပြောရရင် မမှားပါဘူး။အဲ့ထဲက Blaငck metal ဆိုတဲ့အမျိုးအစားခွဲလေးတစ်ခုကတော့ သိပ်မပေါက်ရောက်တာကြောင့်ဝါသနာကြီးတဲ့ မိန်းကလေးတစ်စုက အဲ့ဂီတကို လူတွေကြားမှာ ရေပန်းစားလာအောင်ကြိုးစားပါတော့တယ်။သူတို့ရဲ့ပထမဆုံး ဒမ်မိုအတွက် ကာဗာပုံလေးတွေရိုက်ဖို့နဲ့ တောထဲတောင်ထဲက ခြောက်ခြားဖွယ်အသံတွေကိုဖမ်းယူရိုက်ကူးဖို့အတွက် သွားတဲ့အခါမှာ မထင်မှတ်ထားတာတွေဖြစ်လာပါတော့တယ်။ဒီဇာတ်ကားကို ကင်မရာတစ်လုံးနဲ့ကိုင်ပြီး မှတ်တမ်းတင်ပုံစံမျိုးရိုက်ထားတာဖြစ်‌တာကြောင့် found footage သရဲကားအမျိုးအစား‌ကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)
...