ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
The Substance (2024) ⭐IMDB: 7.8/10 (37 k Votes) 🎬 #Drama #Horror #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedKingdom #France ⏰ 2 နာရီ 22 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကြီး ဟော်ရာ ရုံရှင်ကားအသစ် အကြည်ထွက်ပါပြီ။ မင်းသမီးကြီး ဒယ်မီမိုး နဲ့ Once Upon a Time… in Hollywood ရုပ်ရှင်ထဲက Pussycat လေး Margaret Qualley တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ကြောက်စရာ ခန္ဓာကိုယ်အပြောင်းအလဲ တွေနဲ့ ရွံစရာတွေ ပါတာမို့ နှလုံးခိုင်မှ ကြည့်ကြပါလို့ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အယ်လီဇဘတ်ဟာ နာမည်ကြီးမင်းသမီးဖြစ်ခဲ့ပေမဲ့ အသက်အရွယ် ကြီးရင့်လာတဲ့အခါ သူ့နေရာမှာ ကောင်မလေးငယ်ငယ်လှလှလေးနဲ့ အစားထိုးဖို့ တီဗီအစီအစဉ်တစ်ခုကနေ ကန်ထုတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူ့ကို ထူးဆန်းတဲ့ ဆေးတစ်မျိုး ကမ်းလှမ်းလာပါတယ်။ အဲဒီဆေးရဲ့ အစွမ်းကတော့ ဆေးသုံးလိုက်တဲ့သူရဲ့ ဆဲလ်တွေကို ပွားလာစေပြီး အဲဒီဆေးထိုးခံတဲ့သူရဲ့ နောက်ထပ် ဗားရှင်းလူတစ်ယောက် ကိုယ်ပွားထွက်ပေါ်လာတာပါပဲ။ အဲဒီကိုယ်ပွားက ပိုလှမယ် ပိုတော်မယ် ပိုပြီးပြည့်စုံတဲ့ ဗားရှင်းဖြစ်လာပါမယ်။ ဒါပေမဲ့ အရေးကြီးတဲ့သတ်မှတ်ချက်ကတော့ မူလလူနဲ့ ကိုယ်ပွားဟာ တစ်ယောက်ကို တစ်ပတ်စီ အချိန်ပေးရပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ ကိုယ်ပွားလေးဟာ တဖြည်းဖြည်း ပိုအောင်မြင်လာပြီ အချိန်တွေကို ပိုလောဘကြီးလာတဲ့အခါ မူရင်းလူမှာ ယိုယွင်းတာတွေ ဆိုးရွားလာပြီး ကိုယ်ပွားမှာလဲ ခန္ဓာကိုယ်မတည်ငြိမ်တာတွေဖြစ်လာပါတယ်။ အဲဒီကနေမှ ပိုပိုပြီး အရုပ်ဆိုးတဲ့ ရက်စက်တဲ့အဖြစ်အပျက်တွေ ဖြစ်လာတဲ့အခါ...
White Snake: Afloat (2024) ⭐IMDB: 6.8/10 (141 Votes) 🎬 #Animation #Comedy #Fantasy #Romance 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 13 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ပရိသတ်တွေ မေးမေးနေတဲ့ မြွေဖြူမလေး အတွဲ ၃ ရောက်လာပါပြီ…ပထမတွဲမှာ ဆုံတွေ့ခဲ့တဲ့ ယုံကျိုးက မြွေဖမ်းသမားလေးအားရွှမ်းကတော့ ရှောင်ပိုင်အတွက် အသက်စတေးခဲ့တယ်… ဒုတိယတွဲမှာ သူ့မမ မြွေဖြူမလေးကို ရှာပုံတော်ထွက်တဲ့ ရှောင်ချင်းနဲ့ ရှောင်ပိုင် ပြန်ဆုံစည်းခဲ့တယ်…ဒီတတိယတွဲမှာ မဆုံးသေးတဲ့ အားရွှမ်းရှာပုံတော်ကို မြွေဖြူမလေးက ဆက်ဖွင့်ခဲ့ပါတယ်…ကျောက်စိမ်းဆံထိုးလေးရဲ့ လမ်းပြမှုကြောင့် စေတနာသမားတော်လေး ရွှီရှန်းနဲ့ ဆုံတွေ့ခဲ့ပြီး…မြင်လျှင်မြင်ချင်း လွန်ခဲ့တဲ့ နှစ် ၅၀၀ က အားရွှမ်းဆိုတာကို သိခဲ့တယ်… ဖူးစာလူးလာ ဒူးကာမရဆိုသလို မြင်မြင်ချင်းပဲ ချစ်မိတယ် ဖြစ်သွားတဲ့ရွှီရှန်းဟာဆိုရင် သူ့ပိုင်မိန်းကလေးကို ဇနီးမယားဖြစ်လက်ထပ်ယူဖို့ခဲအိုနဲ့ မိတ်ဆက်ပေးပြီး အကြင်လင်မယားဖြစ်သွားခဲ့တယ်…နောက်တော့ အားလုံးသိတဲ့အတိုင်း ရွာထဲ ပလိပ်ရောဂါတွေ စဖြစ်လာပြီး ရွှီသမားတော်ကဆေးဖော် ဆေးရှာ ဆေးကုနဲ့ အလုပ်များသလို ပါရမီဖြည့်ဖက်မြွေဖြူမလေးလည်း တတ်စွမ်းတဲ့ဖက်က ကူခဲ့ပါတယ်… နောက်တော့ … ဖာဟိုင်နဲ့ တွေ့ရမှာပေါ့… ဘယ်လိုတွေ့မလဲ…ရွှီရှန်းကရော မူရင်းဝတ္ထုထဲကလိုမျိုး မြွေဖြူမလေးကို ရိုက်သတ်မှာလား…ဇာတ်လမ်းတွေထဲကလိုမျိုး ကာကွယ်မှာလား…ဖာဟိုင်ကရော ရှောင်ချင်းနဲ့ မေတ္တာမျှမှာလား…ဒါမှမဟုတ် ထန်စန်းကိုယ်တော်လိုမျိုး မေတ္တာရှေ့ထားမိစ္ဆာတိုင်းကိုသနားပြီး လွှတ်ပေးတတ်တဲ့ မေတ္တာရှင်ဖြစ်မှာလား…အတူတူကြည့်ပြီး မျှဝေကြတာပေါ့...
Vey Dharuvey (2024) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Action #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vey Dharuvey (2024)“ကာမာရက်ဒီရှန်ကာ” အသစ်ထွက်ရှိထားတဲ့ တေလဂူး ဟာသရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရှန်ကာ့ကို သူ့အဖေကအင်ဂျင်နီယာကျောင်းထားပေမယ့် ကျောင်းမပြီးနိုင်ဘဲနောက်ဆုံးပြောမရတဲ့အဆုံး အလုပ်ရှာဖို့ ဦးလေးရှိရာဟိုက်ဒရာဘတ်မြို့ကို ပို့လိုက်ရပါတယ် ရောက်ရောက်ချင်း မိန်းမလှလေးတွေပေါတဲ့ ဟိုက်ဒရာဘတ်မှာရှရူတီဆိုတဲ့ မိန်းကလေးကို သဘောကျသွားပြီး ဖူးသစ်စအချစ်ဇာတ်လမ်းကနေ … မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူဘယ်လိုမျိုး လျှို့ဝှက်အရှုပ်တော်ပုံတွေဆီ ရောက်သွားမလဲ သူနေထိုင်ရာပတ်ဝန်းကျင်ကောင်းကျိုးအတွက် ရှန်ကာတစ်ခုခုလုပ်ပြနိုင်မလားဆိုတာကတော့ ပရိသတ်ကြီးပဲဆက်လက်ကြည့်ရှုအားပေးလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Gorre Puranam (2024) ⭐IMDB: 5.8/10 (3 k Votes) 🎬 #Bollywood #Drama #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 41 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gorre Puranam (2024) “သိုးဖြူကလေး ရမ်”IMDb – 5.9/10 ပိတ်ရက်မှာ စိတ်အပန်းဖြေစရာ ထူးထူးခြားခြား တလေဂူးလ်ရုပ်ရှင်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ သိုးတစ်ကောင် ထောင်ကျတာ ခင်ဗျားတို့ကြားဖူးလား။ဟုတ်ပါတယ် ဒီထဲမှာ သိုးတစ်ကောင်ထောင်ချခံလိုက်ရပါတယ်။ ဇာတ်ကြောင်းပြန်ရရင် အဲဒီသိုးရဲ့နာမည်က ရမ်တဲ့။ ရွာထဲမှာ ခွေးတစ်ကောင်သေသွားပြီးခွေးသေတာက သတင်းစာတွေထဲထိပါလို့ ရွာနာမည်ကြီးသွားတယ်ဆိုတာ ကြားပြီးသိုးကလေး ရမ့်စိတ်ထဲမှာ သတင်းစာတင်မဟုတ်ဘူး တီဗီတွေထဲထိနာမည်ကြီးအောင်လုပ်ပြမယ်ဆိုတဲ့စိတ် ဝင်သွားပါတယ်။ တခြားသိုးတွေ စားကျက်မှာ အစာငုံ့စားနေတဲ့အချိန်ရမ်ကတော့ တောင်ကုန်းပေါ်ကနေ ခေါင်းထောင်ကြည့်ပြီးလှပတဲ့ နေရာသစ်ဆီကို ငေးမျှော်တမ်းတနေခဲ့တာပေါ့။ တစ်နေ့မှာ ပွဲတော်အတွက် ယဇ်ပူဇော်ဖို့ သိုးလာဝယ်တဲ့အချိန်ရမ်တစ်ကောင်ပါသွားပြီးလွတ်မြောက်ဖို့ ကြိုးစားတဲ့အခါမှာတော့။သိုးတစ်ကောင်က ဘာလို့ထောင်ကျတာလဲ။ နာမည်ကြီးတစ်ကောင်ဖြစ်လာဖို့ရမ့်ရဲ့ရည်မှန်းချက်ပြည့်မှာလားဆိုတာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Serpent's Path (1998) ⭐TMDB: 68% User Score 🎬 #Crime #Drama #Thriller 🗓 1998 🎞 movie 🌎 #Japan ⏰ 1 နာရီ 25 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Serpent’s Path (1998) IMDb Rating (7.0) / Rotten Tomatoes (81%) Japanese horrorတွေဟာ ဟော်ရာလောကကို လွှမ်းမိုးမှုကြီးခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ ငြင်းမရဘူး။ ဂျပန်ဟော်ရာတွေက ဆိုက်ကိုလိုဂျစ်ကယ်ဟော်ရာဘက်ကို အလေးပေးပြီး ဇာတ်ကောင်တွေရဲ့ စိတ်အားပြိုင်မှုကို အခြေတည်တည်ဆောက်တတ်တာများတယ်။ ၁၉၅၀ဝန်းကျင် ဂျပန်ရုပ်ရှင်လောကရဲ့ ဟော်ရာတွေမှာတော့ တစ္ဆေဇာတ်လမ်းတွေ , သဘာဝလွန်တွေ , ဂေါ်ဇီလာတို့လို ခိုင်ဂျူတွေ များခဲ့တယ်။ လက်ရှိခေတ်ရဲ့ Master of Horrorလို့ သတ်မှတ်ကြတဲ့ psychological horrorတွေချည်းရိုက်တဲ့ ခိရိုရှိကူရိုဆာဝါကတော့ သူ့ဟော်ရာတွေကို မတည်ငြိမ်တဲ့ နောက်ခံအခြေအနေတွေ အဖြေမပေးသွားတဲ့ အမေးတွေ , ဒီအခြေအနေဆီ တွန်းပို့လိုက်တဲ့ ဇာတ်ကောင်တွေရဲ့ စိတ်အနေတွေနဲ့ တည်ဆောက်တတ်တယ်။ တစ်ချို့ကတော့ ခိရိုရှိကူရိုဆာဝါဟာ ဟော်ရာကားရိုက်ဖို့ သူ့ပရိသတ်ကို ခြောက်ပြစရာမလိုတော့တဲ့ အနေကို ရောက်နေပြီလို့ ပြောကြတယ်။ ကျွန်တော်လည်း အဲဒီလိုပဲမြင်ပါတယ်။ Seperent’s Path (1998)နဲ့ Eyes of the Spider (1998)ကို ခိရိုရှိက သူ့ရဲ့နာမည်ကျော် Cureကို ရိုက်ပြီး နောက်နှစ်မှာ ရိုက်ခဲ့တယ်။ ထူးတာက ဒီ၂ကားမှာ အဓိကဇာတ်ကောင်က အတူတူပဲ။ ဇာတ်နောက်ခံအကြောင်းအရာလည်း အတူတူပဲ။ ဒါပေမဲ့ ဇာတ်လမ်းကတော့ လုံးဝကွဲပြားခဲ့တယ်။ ဒီလိုမျိုး အခြေခံတူတဲ့၂ကားကို တစ်နှစ်တည်း ထုတ်လိုက်တာက တော်တော်ထူးခြားသလို သတ္တိလည်းမသေးဘူးလို့ ပြောရမှာပဲ။ အဲဒီထက်ပိုသတ္တိကောင်းတာက ဒီနှစ်မှာ Seperent’s Pathကို ပြင်သစ်သရုပ်ဆောင်တွေပါ ထည့်သုံးပြီး ပြင်သစ်စကားပြောနဲ့ သူ့ကားကို သူ့ဘာသာသူပြန်ရိုက်ခဲ့တာပါပဲ။ မကြည့်ခင်ကတော့ သူ့မှာပြင်စရာတစ်ခုခုရှိလို့လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း ဒီဇာတ်၂ခုမှာ အသစ်မှာ ပိုရှင်းလင်းသွားတာကလွဲလို့ ဘာမှမပြောင်းလဲသွားဘူး။ ဒီပိုရှင်းလင်းသွားတဲ့အချက်ကိုလည်း ကျွန်တော်တော့ သိပ်သဘောကျလှတယ်မဟုတ်ဘူး။ သူ့ဟန်ပျက်ပါတယ်။ ဒါပေမဲ့ ခိရိုရှိအနေနဲ့ မရိုက်ဘဲပျောက်နေတဲ့နှစ်တွေရှိခဲ့သလို ဒီနှစ်မှာတော့ တစ်နှစ်တည်း သုံးကားတောင်ထွက်ဖို့ရှိတော့ ( Chimeနဲ့ အခုကားကတော့ ထွက်ပြီးပြီ) အပြစ်ပြောရလည်း ခက်ပါတယ်။ ဘာလို့ဆို ထွက်ပြီးတဲ့ ဒီကားနဲ့ Chimeကတော့ သာမန်လူတစ်ယောက်ကနေ မူမမှန်တဲ့အခြေအနေတစ်ခုကို ဘယ်လိုရွေ့သွားနိုင်လဲပြထားတဲ့ ကားတွေဖြစ်နေတော့ ဒီလိုပုံစံမျိုးကိုသူပြန်ရိုက်ကြည့်ချင်ခဲ့လို့လည်း ဖြစ်နိုင်တယ်။ 98ကားရဲ့ ကွဲပြားတဲ့ အသိရခက်ခြင်းအရသာကို ပေးစွမ်းနိုင်တဲ့ အဓိကအချက်တွေထဲ Sho Aikawaရဲ့ နိဂျိမဇာတ်ကောင်က တော်တော်လေး အေးစက်ပြီး အသိရခက်နေတာကြောင့်လည်း ပါလိမ့်မယ်။ ၂၀၂၄ကားမှာတော့ ဇာတ်ကောင်က ဒီလိုဇာတ်ကောင်အဖြစ်ကနေ ပိုပြီး သာမန်ဆန်တဲ့လူတစ်ယောက်အဖြစ်ကို လျောဆင်းသွားတယ်။ သူ့နောက်ပိုင်းကားတွေအရတော့ ခိရိုရှိကတော့ ဒါကိုလိုချင်တာဖြစ်နိုင်ပေမဲ့ ပရိသတ်အနေနဲ့ ကျွန်တော်တော့ မလိုချင်လှဘူး။ ပြောရရင် ၉၈ကားမှာတော့ ခိရိုရှိဟာ ဇာတ်ကောင်ရဲ့အသိရခက်မှုနဲ့ အေးစက်မှုကို အသုံးချသွားပေမဲ့ ၂၀၂၄ကားမှာတော့ ခိရိုရှိဟာ ဒီနှစ်တွေထဲ သူရိုက်ခဲ့တဲ့ပုံစံတွေအတိုင်း ဘာမှမထူးခြားတော့တဲ့ သာမန်လူတစ်ယောက်ကနေ ရွေ့သွားတဲ့ အရွေ့ကိုပဲ တင်ပြသွားတယ်။ ဆိုတော့ သူ့ဟော်ရာတွေဟာ ဟော်ရာအဖြစ်ရိုက်ပြထားတာမဟုတ်တဲ့ လောကကြီးက ဟော်ရာတွေကိုပဲ တင်ပြတဲ့ အဆင့်ကိုရောက်သွားတယ်လို့ မြင်တာပါပဲ။ နောက်ထွက်မယ့် Cloud (2024 )လည်း ဒီလိုပဲလာဦးမယ် ထင်ပါတယ်။ ဇာတ်အိမ်ကတော့ တော်တော်လေးကျဉ်းသလို အဖြစ်အပျက် ငါးခုထက်မပိုတာမို့ ကားအရသာမပျက်စေဘဲ ဇာတ်အိမ်ကို ပြောပြဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ပြောနိုင်တာက psychological horror ဖန်ဆိုရင်တော့ ၉၈ကားကိုကြည့်သင့်ပြီး ခိရိုရှိကူရိုဆာဝါ ဖန်ဆိုရင်တော့ ၉၈ကားကြည့်ပြီးလည်း ၂၄ကားကို ဆက်ကြည့်သင့်ပါတယ်။ သူ့အရွေ့ကို ကျွန်တော်တို့ မြင်ရမှာပါပဲ။ တစ်ချက်ရှိတာက ၂၄ကားမှာ ဇာတ်ကောင်သာ ပိုသာမန်ဆန်သွားတာမဟုတ်ဘဲ Serpent’s Path ဆိုတဲ့ အဓိပ္ပာယ်ကိုပါ သူ့ဘာသာ အဓိပ္ပာယ်ပြန်ဖွင့်ပေးသွားခဲ့တယ်။ ၉၈ကားမှာတော့ မဖြေထားတဲ့အမေးတွေက များပေမဲ့ ခေါင်းစားနေစရာတော့ မလိုပါဘူး။ အနုပညာဖန်တီးမှုတွေတိုင်းက ဖန်တီးသူတည်ဆောက်ထားတဲ့ အပေါ်ယံမျက်နှာပြင်ကြောတွေပါပဲ။ သူ့အနက်ကို ခံစားသူက ကိုယ်ပိုင်နည်းလမ်းနဲ့ ကိုယ်သွားချင်သလို သွားခွင့်ရှိတဲ့ အရာတွေပါပဲ။ အငြင်းပွားစရာတော့ မရှိဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။)...
Dances with Wolves (1990) ⭐TMDB: 78% User Score 🎬 #Adventure #Drama #Western 🗓 1990 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 3 နာရီ 55 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dances with Wolves (1990) IMDb Rating (8.0) / Rotten Tomatoes (87%) Oscar ဆု 7 ဆုနဲ့ ရုပ်ရှင်ဆုပေါင်း 44 ခု ရရှိခဲ့တဲ့ 1990 ခုနှစ်က Adventure, Drama, Western ဇာတ်ကားတစ်ကားပါ။ ဂျွန် ဘန်ဒါအမည်ရတဲ့ အရာရှိတစ်ယောက်ဟာပြည်တွင်းစစ်တွေ ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသတစ်ခုကိုမိမိဆန္ဒအလျောက် တာ၀န်ထမ်းဆောင်ဖို့ သွားခဲ့ပါတယ်။ဟိုကိုရောက်တော့ လူမပြောနဲ့ တိရစ္ဆာန်တစ်ကောင်တစ်မြီးမှတောင်မရှိတဲ့အခြေအနေကို ကြုံတွေ့လိုက်ရပါတော့တယ်။တာ၀န်အရလာတာဖြစ်တဲ့အတွက် ဂျွန်ဟာ နောက်ကြောင်းပြန်မလှည့်ပဲသူရယ် မြင်းတစ်ကောင်ရယ် ရိက္ခာတွေနဲ့အတူ နေရစ်ခဲ့ပါတော့တယ်။ ဂျွန် ဘန်ဒါတစ်ယောက် အဲ့ဒီဒေသမှာနေရင်းလူတွေအတွက် အန္တရာယ်ရှိလှပါပြီဆိုတဲ့သားရဲကောင်တွေ လူရိုင်းတွေနဲ့ တွေ့ဆုံပုံတွေ၊ဘာသာစကားမတူတဲ့ လူရိုင်းတွေမိမိကို အန္တရာယ်မပေးအောင် သူတို့နဲ့ လိုက်လျောညီထွေနေရင်းမိတ်ဆွေအပေါင်းအသင်း ဖြစ်သွားပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။ Kevin Costner ကိုယ်တိုင် ဇာတ်လိုက်မင်းသားရောဒါရိုက်တာအဖြစ်ပါ လက်စွမ်းပြထားတဲ့ Dances With Wolves ကိုDirector’s cut Version နဲ့ တင်ဆက်ထားတာမလို့ ၄ နာရီနီးပါး အမုန်းထိုင်ကြည့်ရမှာပါ။...
Serpent's Path (2024) ⭐IMDB: 6.2/10 (73 Votes) 🎬 #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #France #Japan ⏰ 1 နာရီ 54 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Serpent’s Path (2024) IMDb Rating (6.2) Japanese horrorတွေဟာ ဟော်ရာလောကကို လွှမ်းမိုးမှုကြီးခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ ငြင်းမရဘူး။ ဂျပန်ဟော်ရာတွေက ဆိုက်ကိုလိုဂျစ်ကယ်ဟော်ရာဘက်ကို အလေးပေးပြီး ဇာတ်ကောင်တွေရဲ့ စိတ်အားပြိုင်မှုကို အခြေတည်တည်ဆောက်တတ်တာများတယ်။ ၁၉၅၀ဝန်းကျင် ဂျပန်ရုပ်ရှင်လောကရဲ့ ဟော်ရာတွေမှာတော့ တစ္ဆေဇာတ်လမ်းတွေ , သဘာဝလွန်တွေ , ဂေါ်ဇီလာတို့လို ခိုင်ဂျူတွေ များခဲ့တယ်။ လက်ရှိခေတ်ရဲ့ Master of Horrorလို့ သတ်မှတ်ကြတဲ့ psychological horrorတွေချည်းရိုက်တဲ့ ခိရိုရှိကူရိုဆာဝါကတော့ သူ့ဟော်ရာတွေကို မတည်ငြိမ်တဲ့ နောက်ခံအခြေအနေတွေ အဖြေမပေးသွားတဲ့ အမေးတွေ , ဒီအခြေအနေဆီ တွန်းပို့လိုက်တဲ့ ဇာတ်ကောင်တွေရဲ့ စိတ်အနေတွေနဲ့ တည်ဆောက်တတ်တယ်။ တစ်ချို့ကတော့ ခိရိုရှိကူရိုဆာဝါဟာ ဟော်ရာကားရိုက်ဖို့ သူ့ပရိသတ်ကို ခြောက်ပြစရာမလိုတော့တဲ့ အနေကို ရောက်နေပြီလို့ ပြောကြတယ်။ ကျွန်တော်လည်း အဲဒီလိုပဲမြင်ပါတယ်။ Seperent’s Path (1998)နဲ့ Eyes of the Spider (1998)ကို ခိရိုရှိက သူ့ရဲ့နာမည်ကျော် Cureကို ရိုက်ပြီး နောက်နှစ်မှာ ရိုက်ခဲ့တယ်။ ထူးတာက ဒီ၂ကားမှာ အဓိကဇာတ်ကောင်က အတူတူပဲ။ ဇာတ်နောက်ခံအကြောင်းအရာလည်း အတူတူပဲ။ ဒါပေမဲ့ ဇာတ်လမ်းကတော့ လုံးဝကွဲပြားခဲ့တယ်။ ဒီလိုမျိုး အခြေခံတူတဲ့၂ကားကို တစ်နှစ်တည်း ထုတ်လိုက်တာက တော်တော်ထူးခြားသလို သတ္တိလည်းမသေးဘူးလို့ ပြောရမှာပဲ။ အဲဒီထက်ပိုသတ္တိကောင်းတာက ဒီနှစ်မှာ Seperent’s Pathကို ပြင်သစ်သရုပ်ဆောင်တွေပါ ထည့်သုံးပြီး ပြင်သစ်စကားပြောနဲ့ သူ့ကားကို သူ့ဘာသာသူပြန်ရိုက်ခဲ့တာပါပဲ။ မကြည့်ခင်ကတော့ သူ့မှာပြင်စရာတစ်ခုခုရှိလို့လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း ဒီဇာတ်၂ခုမှာ အသစ်မှာ ပိုရှင်းလင်းသွားတာကလွဲလို့ ဘာမှမပြောင်းလဲသွားဘူး။ ဒီပိုရှင်းလင်းသွားတဲ့အချက်ကိုလည်း ကျွန်တော်တော့ သိပ်သဘောကျလှတယ်မဟုတ်ဘူး။ သူ့ဟန်ပျက်ပါတယ်။ ဒါပေမဲ့ ခိရိုရှိအနေနဲ့ မရိုက်ဘဲပျောက်နေတဲ့နှစ်တွေရှိခဲ့သလို ဒီနှစ်မှာတော့ တစ်နှစ်တည်း သုံးကားတောင်ထွက်ဖို့ရှိတော့ ( Chimeနဲ့ အခုကားကတော့ ထွက်ပြီးပြီ) အပြစ်ပြောရလည်း ခက်ပါတယ်။ ဘာလို့ဆို ထွက်ပြီးတဲ့ ဒီကားနဲ့ Chimeကတော့ သာမန်လူတစ်ယောက်ကနေ မူမမှန်တဲ့အခြေအနေတစ်ခုကို ဘယ်လိုရွေ့သွားနိုင်လဲပြထားတဲ့ ကားတွေဖြစ်နေတော့ ဒီလိုပုံစံမျိုးကိုသူပြန်ရိုက်ကြည့်ချင်ခဲ့လို့လည်း ဖြစ်နိုင်တယ်။ 98ကားရဲ့ ကွဲပြားတဲ့ အသိရခက်ခြင်းအရသာကို ပေးစွမ်းနိုင်တဲ့ အဓိကအချက်တွေထဲ Sho Aikawaရဲ့ နိဂျိမဇာတ်ကောင်က တော်တော်လေး အေးစက်ပြီး အသိရခက်နေတာကြောင့်လည်း ပါလိမ့်မယ်။ ၂၀၂၄ကားမှာတော့ ဇာတ်ကောင်က ဒီလိုဇာတ်ကောင်အဖြစ်ကနေ ပိုပြီး သာမန်ဆန်တဲ့လူတစ်ယောက်အဖြစ်ကို လျောဆင်းသွားတယ်။ သူ့နောက်ပိုင်းကားတွေအရတော့ ခိရိုရှိကတော့ ဒါကိုလိုချင်တာဖြစ်နိုင်ပေမဲ့ ပရိသတ်အနေနဲ့ ကျွန်တော်တော့ မလိုချင်လှဘူး။ ပြောရရင် ၉၈ကားမှာတော့ ခိရိုရှိဟာ ဇာတ်ကောင်ရဲ့အသိရခက်မှုနဲ့ အေးစက်မှုကို အသုံးချသွားပေမဲ့ ၂၀၂၄ကားမှာတော့ ခိရိုရှိဟာ ဒီနှစ်တွေထဲ သူရိုက်ခဲ့တဲ့ပုံစံတွေအတိုင်း ဘာမှမထူးခြားတော့တဲ့ သာမန်လူတစ်ယောက်ကနေ ရွေ့သွားတဲ့ အရွေ့ကိုပဲ တင်ပြသွားတယ်။ ဆိုတော့ သူ့ဟော်ရာတွေဟာ ဟော်ရာအဖြစ်ရိုက်ပြထားတာမဟုတ်တဲ့ လောကကြီးက ဟော်ရာတွေကိုပဲ တင်ပြတဲ့ အဆင့်ကိုရောက်သွားတယ်လို့ မြင်တာပါပဲ။ နောက်ထွက်မယ့် Cloud (2024 )လည်း ဒီလိုပဲလာဦးမယ် ထင်ပါတယ်။ ဇာတ်အိမ်ကတော့ တော်တော်လေးကျဉ်းသလို အဖြစ်အပျက် ငါးခုထက်မပိုတာမို့ ကားအရသာမပျက်စေဘဲ ဇာတ်အိမ်ကို ပြောပြဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ပြောနိုင်တာက psychological horror ဖန်ဆိုရင်တော့ ၉၈ကားကိုကြည့်သင့်ပြီး ခိရိုရှိကူရိုဆာဝါ ဖန်ဆိုရင်တော့ ၉၈ကားကြည့်ပြီးလည်း ၂၄ကားကို ဆက်ကြည့်သင့်ပါတယ်။ သူ့အရွေ့ကို ကျွန်တော်တို့ မြင်ရမှာပါပဲ။ တစ်ချက်ရှိတာက ၂၄ကားမှာ ဇာတ်ကောင်သာ ပိုသာမန်ဆန်သွားတာမဟုတ်ဘဲ Serpent’s Path ဆိုတဲ့ အဓိပ္ပာယ်ကိုပါ သူ့ဘာသာ အဓိပ္ပာယ်ပြန်ဖွင့်ပေးသွားခဲ့တယ်။ ၉၈ကားမှာတော့ မဖြေထားတဲ့အမေးတွေက များပေမဲ့ ခေါင်းစားနေစရာတော့ မလိုပါဘူး။ အနုပညာဖန်တီးမှုတွေတိုင်းက ဖန်တီးသူတည်ဆောက်ထားတဲ့ အပေါ်ယံမျက်နှာပြင်ကြောတွေပါပဲ။ သူ့အနက်ကို ခံစားသူက ကိုယ်ပိုင်နည်းလမ်းနဲ့ ကိုယ်သွားချင်သလို သွားခွင့်ရှိတဲ့ အရာတွေပါပဲ။ အငြင်းပွားစရာတော့ မရှိဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။)...
Never Let Go (2024) ⭐IMDB: 5.6/10 (4 k Votes) 🎬 #Horror #Thriller #Drama 🗓 2024 🎞 movie 🌎 #UnitedStates #Canada #France #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟော်ရာရုပ်ရှင်ကားသစ်တစ်ကားလာပါပြီ။ ဒါရိုက်တာကတော့ The Hills have eyes တို့ Oxygen တို့ကို ရိုက်ခဲ့တဲ့ Alexandre Aja ပါပဲ။ Catwoman မင်းသမီး Halle Berry နဲ့ ကလေးသရုပ်ဆောင် နှစ်ယောက်ဖြစ်တဲ့ Percy Daggs IV ရယ် Anthony B. Jenkins တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ရုပ်ရှင်ကတော့ အရင်က ထွက်ဖူးတဲ့ကားတွေလိုပဲ သရဲအစစ်လား စိတ္တဇလားဆိုတာကို ဇာတ်ကားအဆုံးထိ စဉ်းစားရအောင် ပဟေဠိနဲ့ ပြထားတဲ့ ကားမျိုးပါပဲ။ တောနက်ကြီးထဲမှာ အမေတစ်ယောက် သားနှစ်ယောက်နေကြတယ်။ သူတို့မိသားစုဟာ ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်နေတဲ့ မိသားစုအဖြစ် အချင်းချင်းသိကြပါတယ်။ ကျန်တဲ့လူတွေအားလုံးကို မိစ္ဆာတစ်ကောင်က အချင်းချင်း သတ်အောင်လုပ်လိုက်ပြီလို့ ပြောပါတယ်။ သူတို့တွေကိုလည်း ရှေးဟောင်းသစ်သားနဲ့အိမ်က ကာကွယ်ထားလို့သာ မိစ္ဆာက မလာနိုင်တာပါတဲ့။ ဒီတော့ သူတို့က အပြင်ကိုထွက်ရင်လည်း အိမ်နဲ့ တွဲချည်ထားတဲ့ ကြိုးအရှည်ကြီးနဲ့ပဲ ထွက်လို့ရပါတယ်။ အဲဒီကြိုး ပြုတ်တာနဲ့ မိစ္ဆာက သူတို့ကို ပြုစားပြီး အချင်းချင်းသတ်ခိုင်းမှာလို့ သိထားကြပါတယ်။ ဒီတော့ ဝေးဝေးလံလံသွားမရတဲ့ သားအမိ သုံးယောက် အသက်ရှင်ဖို့အတွက် အနီးအနားမှာ ခွေးလေး ကိုဒါကို အမဲလိုက်ခိုင်းရင်း အပင်စိုက်စား အသီးရှာစားနဲ့ အသက်ရှင်နေရ ပါတယ်။ ဒီလိုနဲ့ အစာရေစာပြတ်ပြီးခက်ခဲလာတဲ့အချိန်မှား သား နှစ်ယောက်ထဲက တစ်ယောက်က ကြိုးကို လက်လွှတ်ပြီး စားစရာရှာဖို့ ကြိုးစားလာတဲ့အခါ သူတို့တွေ စိတ်ပူနေတဲ့ မိစ္ဆာနဲ့ တကယ်ရင်ဆိုင်ရမလား ဆိုတာ...
10 Cloverfield Lane (2016) ⭐IMDB: 7.2/10 (362 k Votes) 🎬 #Drama #Horror #Mystery #SciFi #Thriller #ScienceFiction 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 20 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 10 Cloverfield Lane (2016) IMDb Rating (7.2) / Rotten Tomatoes (90%) စကားလုံးတွေ ကင်းမဲ့နေတဲ့ New Orleans မြို့ရဲ့ညနေခင်းတစ်ခုရဲ့မြစ်ရေပြင်ကို သူမနေတဲ့ Apartment ခန်းလေးကနေလှမ်းမြင်နေရတယ်။ ဒါပေမဲ့ သူမကတော့ ထိုရှုခင်းလေးကို ခံစားဖို့စိတ်မဝင်စား။ ခရီးဆောင်အိတ်ထဲကို အဝတ်အစားတစ်ချို့ခပ်မြန်မြန်သွပ်ထည့်နေလေတယ်။ အနီးအနားမှာ ရှိတဲ့ ပေကြိုးနှစ်ကြိုးစ သုံးကြိုးစကို လှမ်းမြင်ရတော့ သူမသည် အဝတ်အထည်ချုပ်ခြင်း စသော Designer အလုပ်ကို လုပ်ကိုင်သူ (သို့မဟုတ်) စိတ်ဝင်စား လေ့လာနေသောသူတစ်ယောက်ဖြစ်နိုင်သည်ဆိုသည်ကို ခန့်မှန်းနိုင်ပေတယ်။ ကဗျာကယာ ထုပ်ပိုးပြီး ခရီးဆောင်အိတ်ကို ဆွဲပြီး အခန်းထဲက ထွက်သွားတော့ စားပွဲပေါ်မှာ တင်ထားခဲ့တာက စေ့စပ်လက်စွပ် (သို့မဟုတ်) လက်ထပ်လက်စွပ် တစ်ကွင်းနဲ့အိမ်သော့တစ်ချောင်း … ညက မှောင်သထက်မှောင်လာတယ်။ သူမတစ်ယောက်တည်း မောင်းနေတဲ့ကားဘီးလေးက Louisiana ရဲ့တောလမ်းကတ္တရာပေါ်မှာ။ ထိုစဉ် Phone call တစ်ခုဝင်လာတယ်။ (နာမည်က Ben တဲ့)။ သူမ ကိုင်လိုက်ပါတယ်။ စကားကတော့ တစ်ခွန်းမှ မပြောဘူး။ သူမက ကားမောင်းနေတော့ Phone Speaker ထားတာကြောင့် Ben ဆိုတဲ့ ဟိုဘက်ကလူပြောတဲ့ စကားတွေကတော့ အတိုင်းသားကြားနေရတယ်။ “Michelle, please come back.” ထို့နောက်ဆက်ပြောတာက “Running away isn’t going to help anything.” တဲ့။ ချစ်သူရည်းစား ထွက်သွားတော့ ပြန်လာဖို့ကို Boyfriend လုပ်သူက သနားကြင်နာစွာနဲ့တောင်းဆိုနေဟန်ပါပဲ။ သူမ Phone ကို ချလိုက်တယ်။ နောက်တစ်ခါ Phone ပြန်ဝင်လာတော့ သူမ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်နေပြီ။ အာရုံတွေ ထွေပါးလာပြီး စဉ်းစားရကြပ်နေတုန်း အချိန်မှာ သူမကားကို တစ်ခြားကားတစ်စီးက ဝင်တိုက်လိုက်တယ်။ ကစဉ့်ကလျားဖြစ်သွားတဲ့ သူမရဲ့ကားလေး လမ်းမပေါ်ကနေထိုးကျပြီး အမှောင်ထုထဲသို့မှောက်ကျသွားတယ်။ (10 Cloverfield Lane) သူမ သတိရလာတော့ အခန်းကျဉ်းလေးတစ်ခုတည်းရဲ့အိပ်ယာလေးပေါ်မှာ ရောက်နေတယ်။ သူမ ဒဏ်ရာရရှိနေတဲ့ ခြေထောက်တစ်ဖက်ကို ပတ်တီးစည်းထားပေမဲ့ ရုန်းဖို့ကြိုးစားလိုက်တဲ့အခါ သူမရဲ့ခြေထောက်ကို နံရံနဲ့ခြေထိပ်ခတ်ထားတယ်ဆိုတာ သိလိုက်ရတယ်။ သူမရဲ့မလှမ်းမကမ်းနားမှာ ရှိနေတဲ့ သူမရဲ့ပစ္စည်းတွေထဲက ဖုန်းကိုရအောင်ယူနိုင်ပေမဲ့ Signal မရှိသောကြောင့် မည်သူ့ကိုမှ အကူအညီခေါ်ရန်မဖြစ်နိုင်တော့။ ထိုစဉ် သူမရဲ့ထိုအခန်းလေးကို သော့ခတ်ထားတဲ့ လေးလံသော သံတံခါးကြီး ပွင့်လာတော့ လူဝကြီးတစ်ယောက် ဝင်လာတယ်။ “ရှင် ကျွန်မကို ဘာလုပ်မှာလဲ?” လို့ မေးလိုက်တဲ့ သူမရဲ့မေးခွန်းကို ထိုလူဝကြီး ဖြေလိုက်တဲ့ အဖြေက “ငါ မင်းကို အသက်ရှင်အောင် ထားဖို့”တဲ့။ ထို့နောက် ထိုလူကြီးက ရှင်းပြတယ်။ အပြင်မှာ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်တဲ့။ ကြီးမားတဲ့ တစ်ခုပဲတဲ့။ ဘယ်သူတွေလဲတော့ အတိအကျမပြောနိုင်ဘူးတဲ့။ Chemical စစ်ပွဲ (ဒါမှမဟုတ်) Nuclear စစ်ပွဲကြီးတစ်ခု ဖြစ်နိုင်တယ်တဲ့။ သေချာတာတစ်ခုကတော့ အပြင်မှာ ရှိတဲ့ လူသားတွေအကုန်လုံးသေကုန်ကြပြီတဲ့။ အခု သူမရောက်ရှိနေတဲ့ နေရာက စစ်ပွဲတွေရဲ့ရန်ကို ရှောင်ပုန်းနေထိုင်ရန် တည်ဆောက်ထားသော Bunker တစ်လုံးပဲဖြစ်တယ်ဆိုပြီး ပြောပြတယ်။ အခန်းထဲက ထိုလူကြီးထွက်သွားတော့ သူ့နာမည်ကို လှမ်းပြောပြတယ်။ “Howard” တဲ့။ ———————————————————————————- ဒီဇာတ်ကားနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ 3 လ လောက်ကထိ ကျွန်တော်တို့ဘာမှ မသိခဲ့ရပေ။ January လလယ်လောက်က ဖြစ်မယ်ထင်တယ်။ Online မှာ 10 Cloverfield Lane ဆိုပြီး Trailer လေးတစ်ခု ပေါ်လာတယ်။ Cloverfield ဆိုတဲ့ နာမည်ပါနေတော့ ပထမဆုံးထင်လိုက်တာက 2008 လောက်ကထွက်ခဲ့တဲ့ Director Matt Reeves ရဲ့Cloverfield ဆိုတဲ့ Found Footage Style ဂြိုလ်သားကားရဲ့အဆက်ဖြစ်မယ်လို့ထင်လိုက်မိတယ်။ ဘာလို့လဲဆိုတော့ ထုတ်လုပ်သူ J. J. Abrams နဲ့ Director Matt Reeves တို့က ထိုဇာတ်ကားရဲ့Sequel ကို ရိုက်ကူးမယ်လို့ပြောလာခဲ့တာ ကြာပြီလေ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်မှာတော့ ထို sequel အကြောင်းလူပြောနည်းသွားပြီး လူတွေရဲ့စိတ်ဝင်စားမှုနယ်ပယ်ကနေ တိတ်တဆိတ်ထွက်ခွာသွားခဲ့တယ်။ (လွန်ခဲ့တဲ့ 2 လခန့်လောက်အထိပေါ့။) ဒါဟာ အမှန်တော့ ကျွန်တော်တို့သတိမထားမိတဲ့ ရုပ်ရှင်ပညာရဲ့ လှည့်ကွက်တစ်ခုပဲ။ နောက်တစ်ခု ထပ်မေးပါရစေ။ Director Dan Trachtenberg ဆိုတာ ကြားဖူးလားလို့။ ကျွန်တော်လည်း အမှန်တိုင်းပဲ ဖြေပါ့မယ်။ ကျွန်တော်တစ်ခါမှ မကြားဖူးပါဘူး။ ဘယ်ကြားဖူးပါ့မလဲ? ဒီဇာတ်ကားဟာ သူ့ရဲ့ပထမဆုံး Director အဖြစ် ရိုက်ကူးတဲ့ ဇာတ်ကားလေ။ ထူးခြားတာတွေက ဇာတ်ကားတစ်ကားမှာ ဇာတ်ကောင်တွေနည်းလေး ပိုပြီး ကောင်းအောင်ရိုက်ကူးနိုင်လေပဲ။ ကျွန်တော်တို့တွေ 2000s ပြည့်နှစ်နောက်ပိုင်းရဲ့First T...
The Radleys (2024) ⭐IMDB: 5.0/10 (767 Votes) 🎬 #Comedy #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 52 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားလုံးပဲ ဗန်ပိုင်းယားဆိုတာ တကယ်ရှိတယ်လို့ ယုံကြပါသလား ။ ဒီနေ့ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ The Radleys ရုပ်ရှင် ကားထဲမှာတော့ ဗန်ပိုင်းယားဆိုတာ မိသားစုလိုက် မျိုးရိုးလိုက်ပြီး ဖြစ်တဲ့ အခြေအနေတစ်ခုပါတဲ့ ။ တစ်မိသားစုလုံး ဗန်ပိုင်းယားတွေ ဖြစ်နေတဲ့ ရက်ဒလေ မိသားစုဟာ သာမန်နဲ့ တူအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းပြီး လူယောင်ဆောင် နေကြတာဖြစ်ပါတယ် ။ ဒီလိုကနေ တစ်ရက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ဗန်ပိုင်းယားမှန်း မသိသေးတဲ့ သမီးဖြစ်သူ ကလာရာက ပါတီမှာ တွေ့တဲ့ ကောင်လေးတစ်ယောက်ကို ကိုက်သတ်ပစ်ပါတော့တယ် ။ သမီးဖြစ်သူ အမှုပတ်ပြီး ထောင်နန်းစံရမှာ စိုးရိမ်တဲ့ မိဘနှစ်ပါးကလည်း ဦးလေးဖြစ်သူ ဝီလ်ကို လှမ်းခေါ်ပြီး အလောင်းဖျောက်ဖို့ အကူအညီ တောင်းရပါတယ် ။ ဒါပေမဲ့ ဝီလ် နဲ့ ကလေးတွေရဲ့အမေဖြစ်သူ ဟယ်လင်ရဲ့ ဇာတ်ကြောင်းက ထင်သလောက် မရိုးရှင်းတဲ့အခါ လင်မယားကြားမှာ ဘာတွေဖြစ်လာမလဲ ။ ရက်ဒလေမိသားစုရဲ့ နေထိုင်ပုံနဲ့ အများကြီး ကွာခြားနေတဲ့ ဝီလ်ဟာ ကလေးတွေအတွက် မကောင်းတဲ့ နမူနာတစ်ခု ဖြစ်လာတဲ့အခါ ကလေးတွေ အတုခိုးမှားပြီး ဘာတွေ ဖြစ်လာကြမလဲ ဆိုတာကိုတော့ The Radleys ရုပ်ရှင်မှာ အားလုံး ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်...
Head Over Heels (2024) ⭐IMDB: 6.2/10 (411 Votes) 🎬 #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 24 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ IMDb မှာ rating ခပ်မြင့်မြင့်ရရှိထားတဲ့ romance genre ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ Samantha Wan က Director အဖြစ် တာဝန်ယူရိုက်ကူးပေးထား ပြီးတော့ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားချော Olivier Renaud နဲ့ မင်းသမီးချော Rebecca Dalton တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Addie ဆိုတဲ့ကောင်မလေး တစ်ယောက်မှာ ဖိနပ်ဒီဇိုင်နာဖြစ်ချင်တဲ့ အိပ်မက်တစ်ခုရှိပါတယ်။ တစ်နေ့ သူဟာ နာမည်ကြီးဖိနပ်ကုမ္ပဏီမှာ အလုပ်ရသွားပြီးတော့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အခွင့်အရေးတစ်ခု ရလာပါတယ်။ ကုမ္ပဏီမှာအလုပ်လုပ်ရင်းနဲ့ Austin ဆိုတဲ့ ကောင်လေးရဲ့အကူအညီနဲ့ အတူ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့ story လေးကို ကြည့်ရှုကြရမှာပါ။ အခက်အခဲတွေ၊ ပြိုင်ဆိုင်မှုတွေ၊ အကောက်ကြံမှုတွေကြားက ကိုယ့်အိပ်မက်အတွက် အလျှော့မပေးပဲ ကြိုးစားရုန်းကန်ပုံတွေကို ပေါ်လွင်အောင် ရိုက်ကူးထားနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။...
Head Over Heels (2024) ⭐IMDB: 6.2/10 (411 Votes) 🎬 #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 24 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ IMDb မှာ rating ခပ်မြင့်မြင့်ရရှိထားတဲ့ romance genre ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ Samantha Wan က Director အဖြစ် တာဝန်ယူရိုက်ကူးပေးထား ပြီးတော့ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားချော Olivier Renaud နဲ့ မင်းသမီးချော Rebecca Dalton တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Addie ဆိုတဲ့ကောင်မလေး တစ်ယောက်မှာ ဖိနပ်ဒီဇိုင်နာဖြစ်ချင်တဲ့ အိပ်မက်တစ်ခုရှိပါတယ်။ တစ်နေ့ သူဟာ နာမည်ကြီးဖိနပ်ကုမ္ပဏီမှာ အလုပ်ရသွားပြီးတော့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အခွင့်အရေးတစ်ခု ရလာပါတယ်။ ကုမ္ပဏီမှာအလုပ်လုပ်ရင်းနဲ့ Austin ဆိုတဲ့ ကောင်လေးရဲ့အကူအညီနဲ့ အတူ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့ story လေးကို ကြည့်ရှုကြရမှာပါ။ အခက်အခဲတွေ၊ ပြိုင်ဆိုင်မှုတွေ၊ အကောက်ကြံမှုတွေကြားက ကိုယ့်အိပ်မက်အတွက် အလျှော့မပေးပဲ ကြိုးစားရုန်းကန်ပုံတွေကို ပေါ်လွင်အောင် ရိုက်ကူးထားနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။...
Beezel (2024) ⭐IMDB: 4.7/10 (575 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စုန်းမွေးထားတဲ့အိမ် သရဲမွေးပြီးအစာကျွေးတယ် စုန်းမွေးပြီးအစာကျွေးတယ်ဆိုတဲ့ အကြောင်းအရာတွေဟာ ကျွန်တော်တိုငယ်ဘဝမှာ အမြဲတမ်း ကြားဖူးနေတဲ့ယုံတမ်းပုံပြင်တွေပေါ့။ ဒီလိုယုံတမ်းတွေဟာ ကိုယ်တွေအာရှဘက်မှာသာမက အနောက် နိုင်ငံတွေမှာလည်းရှိပါတယ်။ အခုဇာတ်လမ်းလေးကတော့ အဲလိုမျိုးယုံတမ်းတစ်ခုကို ပုံဖော်ရိုက်ကူးထားတာပါ။ နယူးအင်္ဂလန်မှာရှိတဲ့အိမ်ကြီးတစ်လုံးရဲ့ မြေအောက်ခန်းထဲက စုန်းမဟာ သူအသက်ရှင်ဖိုအတွက် အိမ်ကိုလာတဲ့လူတွေကို စားသုံးရပါတယ်။ ပထမတော့စားသုံးတယ်ဆိုပေမယ့် နောက်ပိုင်း မှာတော့ အိမ်မှာရှိတဲ့အိမ်ပိုင်ရှင်က ရည်ရွယ်ချက်ရှိရှိအဲဒီစုန်းကို မွေးထားသလိုဖြစ်လာပါတော့တယ်။ Horror ကားတွေကို စောင့်နေတဲ့သူတွေအတွက်တော့ ကြည့်လိုကောင်းမယ့် ဇာတ်ကား မျိုးပါပဲ။ သွေးသံရဲရဲသတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက် ကလေးသူငယ်တွေနဲ့ ကြောက်တတ်သူတွေကြည့်ဖိုတော့ မသင့်ပါဘူး။...
Boogie Nights (1997) ⭐TMDB: 76% User Score 🎬 #Drama 🗓 1997 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 36 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Boogie Nights (1997) IMDb Rating (7.9) / Rotten Tomatoes (94%) မင်းသား Mark Wahlberg ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားကို တင်ပေးထားလိုက်ပါပြီ ဒီကားကတော့ အက်ဒီအဒမ်စ်ဆိုတဲ့ကောင်လေးကို ညစ်ညမ်းကားဒါရိုက်တာဂျက်ခ်ဟော်နာက တွေ့ရှိသွားပြီး ခေါ်လာခဲ့ရာမှ နာမည်ကြီးအပြာမင်းသားဖြစ်သွားတဲ့အကြောင်းကိုရိုက်ပြထားတာပါ။Pornography ဖန်တီးတဲ့အကြောင်းတွေ ထဲထဲဝင်ဝင်ရိုက်ပြထားတဲ့အပြင် အဖော်အချွတ်အခန်းတွေအများကြီးပါတဲ့အတွက် ကလေးတွေနဲ့ကြည့်ရှူဖို့တော့ မသင့်တော်ပါဘူး.. Imdb 7.9/10 ရထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အခုအချိန်အထိလည်း Masterpiece ကားလို့တင်စားခံနေရတုန်းပါ။...
Arrival (2016) ⭐IMDB: 7.9/10 (790 k Votes) 🎬 #Drama #Mystery #SciFi #ScienceFiction 🗓 2016 🎞 movie 🌎 #USA #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 47 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 Arrival (2016) IMDb Rating (7.9) / Rotten Tomatoes (94%)Mystery/Science fiction Arrival ဆိုတာ လေဆိပ်မှာဆိုရင်တော့ ဆိုက်ရောက်ပေါ့ဗျာ.. ဒီဇာတ်ကားထဲမှာလဲ တစ်စုံတစ်ဦးက တစ်နေရာရာကို ဆိုက်ရောက်လာတာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုမြင်တွေ့ရမှာပါ။ အမှန်ပြောရရင် ကျွန်တော်ဒီကားကို Trailer လည်းမကြည့်ဖြစ်တော့ ဇာတ်ကားမကြည့်ခင်အထိ အာကာသနဲ့ ပတ်သက်တဲ့ ဇာတ်ကားလို့ပဲထင်ခဲ့ဖူးတယ်။ တကယ်တမ်းမှာ ကမ္ဘာမြေကို ရောက်ရှိလာတဲ့ ဧည့်သည်တွေနဲ့ ပတ်သက်တဲ့ ဇာတ်ကားဖြစ်နေတာပါ။.. ဇာတ်ကားအမျိုးအစားကို Mystery/Science fiction လို့ ဖော်ပြကြပေမယ့် ကျွန်တော်ကတော့ Drama ဇာတ်ကားကောင်းတစ်ကားကို ကြည့်ခွင့်ရလိုက်တယ်လို့ပဲ ခံစားရပါတယ်။ Director Denis Villeneuve က ရိုက်ကူးပြီး မင်းသမီး Amy Adams နဲ့ မင်းသား Jeremy Renner တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့…. Dr. Louise Banks ရဲ့ ဘဝဇာတ်ကြောင်းနဲ့ အစပြုထားပါတယ်။ သူမက ကလေးငယ်တစ်ဦးရဲ့ မိခင်တစ်ယောက်ဖြစ်ပြီး သမီးလေးကို တစ်ဦးတည်း ထိန်းကြောင်းနေတဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။ လက်မှာ လက်ထပ်လက်စွပ်လည်းဝတ်ထားပြီး ခင်ပွန်းအကြောင်းကို မရိုက်ပြထားတော့ မုဆိုးမ / တစ်ခုလပ်အနေနဲ့ပဲ ဘဝကို သမီးလေးနဲ့ အတူဖြတ်သန်းနေပုံတွေကို အဆင့်ဆင့်ဖော်ပြထားကာ နောက်ဆုံးမှာ သူ့သမီးလေးက ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါမှာ ရောဂါဝေဒနာတစ်ခုကိုခံစားရပြီး ဆေးရုံတက်နေရင်းနဲ့ သူမရဲ့ လက်ထက်မှာပဲသေဆုံးသွားခဲ့ပါတယ်။ သူမက ဘာသာဗေဒနဲ့ပတ်သက်ပြီး Doctor ဘွဲ့ရရှိထားတာဖြစ်ပြီး တက္ကသိုလ်တစ်ခုမှာ စာပြလျက်ရှိပါတယ်။တစ်နေ့တော့ သူမရဲ့ စာသင်ခန်းမှာ သာမန်ထက်ကျောင်းသားတွေ ပိုနည်းနေပြီး စာသင်နေရင်းနဲ့ တွေ့ရှိရတဲ့ သတင်းတစ်ခုကတော့..ကမ္ဘာမြေပေါ်ကို အမည်မသိ ယာဉ်ပျံကြီး (၁၂)စင်း ရောက်ရှိနေပြီး မတူညီတဲ့ နိုင်ငံ (၁၂)ခုမှာ ဆင်းသက်ရပ်နားထားတယ်ဆိုတဲ့ .. သတင်းပါ။သက်ဆိုင်ရာ နိုင်ငံအသီးသီးက အစိုးရတွေကလည်း ဒီယာဉ်ပျံတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်သလို .. အံ့သြစရာကောင်းလောက်အောင် ကြီးမားနေတာကြောင့် ပြည်သူလူထုကလည်း အထိပ်တလန့်နဲ့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပါတယ်။ ဒါဟာ နိုင်ငံတစ်နိုင်ငံထဲရဲ့ အရေးမဟုတ်တော့ပဲ.. တစ်ကမ္ဘာလုံးရဲ့ အရေးဖြစ်တာကြောင်း United Nation (UN) ကဝင်ရောက်ကိုင်တွယ်နေသလို ကမ္ဘာ့နိုင်ငံအသီးသီးကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ်ပြီး သတင်းအချက်အလက်များ ဖလှယ်ကာ စုံစမ်းဖော်ထုတ်လျက်ရှိပါတယ်။ Dr. Louise Banks တို့ တက္ကသိုလ်ကလည်း အခြေအနေမတည်ငြိမ်မှုတွေကြောင့် ကျောင်းရှိလူကုန်ကို အိမ်ပြန်စေပါတယ်။ Dr. Louise Banks ကတော့ သူမတစ်ဦးတည်း နေထိုင်တဲ့ အိမ်ကို သက်သက်သာသာပဲပြန်လာခဲ့လိုက်ပါတယ်။ နောက်ရက်မှာတော့ သူမက တာဝန်အရ ကျောင်းကို ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် သူမတပည့်တွေကတော့ ဘယ်သူမှ ကျောင်းလာမတက်ကြတော့ပါဘူး.. သူမရုံးခန်းမှာရှိနေစဉ်မှာ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်အမျိုးသား (၃)ဦးရောက်ရှိလာခဲ့ပြီး သူမကို ဘာသာပြန်ပေးဖို့အလုပ်အပ်ပါတယ်။ ဒါပေမယ့် ဘာသာပြန်ပေးရမှာက အသံသွင်းထားတဲ့ စက်ထဲက ထူးထူးဆန်းဆန်းအသံတွေကိုပါ။ အချက်အလက်မပြည့်စုံပဲ.စကားပြောဆိုတဲ့သူကိုလည်း မတွေ့ရတာကြောင့် သူမက ဘာသာပြန်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ ငြင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ မနက်အစောပိုင်းမှာပဲ သူမရဲ့ အိမ်ကို ရောက်ရှိလာပြီး ဒီတစ်ခါတော့ အသံသွင်းထားတဲ့ File ကို ဘာသာပြန်ရမှာမဟုတ်ပဲ.. အသံထွက်တဲ့ နေရာအထိခေါ်သွားဖို့အတွက် ရောက်ရှိလာတာပါ… အဲဒီနောက်မှာတော့ …စစ်သုံးရဟတ်ယာဉ်ပေါ်မှာ Ian Donnelly ဆိုတဲ့ ရူပဗေဒသိပ္ပံပညာရှင်နဲ့ တွေ့ဆုံပြီး သူတို့အလုပ်အတူတွဲလုပ်ရမှာဖြစ်ပါတယ်။သူတို့နှစ်ဦးတွေ့ဆုံမှုမှာ ပထမဆုံးပြောတဲ့ Dialogue လေးတွေက စိတ်ဝင်စားစရာကောင်းတာကြောင့် ပြန်လည်ဖော်ပြလိုက်ပါတယ်။ Ian က Louise ရေးသားတဲ့ ဘာသာဗေဒ စာအုပ်ထဲက စာသားအချို့ကို ရွတ်ပြခဲ့ပါတယ်။ “ Language is the foundation of civilization. It is the glue that holds the People together. It is the First weapon drawn in a conflict” (ဘာသာစကားဆိုတာ.. လူ့အဖွဲ့အစည်းရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပြီး လူသားတွေကို အတူတကွရှိနေစေတဲ့ ကြားခံတစ်ခုပါ။ ရှုပ်ထွေးမှုတွေ အငြင်းပွားမှုတွေကိုဖြစ်စေတဲ့ ပထမဆုံးလက်နက်တစ်ခုလည်းဖြစ်တယ်။ ) Ian ရဲ့ စာသားအပေါ်မှတ်ချက်ကတော့ “It is great. Even if it is wrong” (မှားနေပေမယ့် ရေးထားတာအရမ်းကောင်းပါတယ်တဲ့) Louise က သံယောင်လိုက်ပြီး ပြန်မေးပါတယ်။ “It is wrong?” မှားနေတာလား ?? အဲဒီအခါမှာ Ian က သူ့ရဲ့ သဘောထားကို ပြန်ပြောခဲ့ပါတယ်။ “ The cornerstone of civilization isn’t langua...
Mathu Vadalara 2 (2024) ⭐IMDB: 7.0/10 (729 Votes) 🎬 #Action #Bollywood #Comedy #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mathu Vadalara 2 2024 (ဒလီသမားကိုကိုအေးဂျင့်များ) ဘာဘူနဲ့ ယေဆူတို့နှစ်ယောက်ဟာ အရင်ကတော့ ဒလီသမားတွေပေါ့။ဒလီလုပ်ရင်း မူးယစ်ဂိုဏ်းနဲ့ ကြုံတွေခဲ့ရလို့ ပရမ်းပတာတွေဖြစ်ခဲ့ရတဲ့ သူတို့နှစ်ယောက်။ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပြီးတော့ သူတို့ဘဝ တစ်ဆစ်ချိုးပြောင်းလဲမယ်လို့ထင်ခဲ့သော်လည်းအလုပ်က ထုတ်ခံလိုက်ရတဲ့အပြင် အိမ်ပိုင်ရှင်က မောင်းထုတ်တာကိုပါ ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ ရှိတဲ့လက်ကျန်ငွေလေးနဲ့ စားသောက်ရင်း နောက်ဆုံးလက်ကျန်ငွေလေးနဲ့ မြေပဲဝယ်စားရာကနေမြေပဲထည့်ပေးတဲ့ သတင်းစာအပိုင်းလေးမှာပါတဲ့ အလုပ်ခေါ်စာကိုမြင်ပြီး သွားလျှောက်ရာကနေလျှို့ဝှက်အေးဂျင့်တွေဖြစ်လာကြတဲ့ သူတို့နှစ်ယောက်။ လျှို့ဝှက်အေးဂျင့်ဖြစ်လာပေမယ့် လုပ်ရတဲ့အလုပ်နဲ့ ရတဲ့လစာ မကာမိတဲ့အတွက်သူတို့ဟာ အကျပ်ရိုက်နေပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာ ပြန်ပေးသမားကိုလိုက်ဖမ်းရာကနေ ပြန်ပေးငွေတွေ မီးလောင်ပြီး ဆုံးရှုံးလိုက်ရတဲ့အခါရုံးချုပ်က လူ့အသက်သာဦးစားပေး ပိုက်ဆံမဟုတ်ဘူးလို့ပြောလိုက်တဲ့ စကားအရ သူတို့ဟာ ပြန်ပေးငွေတွေထဲကနေမသိမသာငွေတချို့ကို ယူထားဖို့ လုပ်ကြပါတော့တယ်။ ဒီလိုအကြံအစည်တွေကို ရိပ်မိနေတဲ့ မိုက်ကယ်ဆိုတဲ့ အေးဂျင့်တစ်ယောက်ဟာဘာဘူနဲ့ ယေဆူကို ထောင်ဖမ်းဖို့လုပ်ရင်း သူတို့နှစ်ယောက် ဘယ်လိုတွေ ကွေ့ပတ်ပြီး ရှောင်သွားမလဲ …..ဘာဘူနဲ့ ယေဆူတို့ကရော ဘယ်လိုမစ်ရှင်တွေကို ကိုင်တွယ်ဖြေရှင်းရဦးမလဲ ……ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပြီးတော့ ဟာသမင်းသားကြီး Vennela Kishore လည်းပါတာဖြစ်လို့ မရယ်ရမှာတော့ စိတ်ပူစရာကိုမလိုတဲ့ ဟာသအက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
Vaazhai (2024) ⭐IMDB: 8.3/10 (2 k Votes) 🎬 #Bollywood #Mystery #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vaazhai (2024)”လေဟုန်ခွင်းငှက်ငယ်”=============================== ဖြစ်ရပ်မှန်တွေအပေါ်မှာ အခြေခံရိုက်ကူးထားတဲ့IMDb 8.5/10 ရ တမီလ် ကျေးလက်ကလေးရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ တမီလ်ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါ။အဲဒီရွာက ကလေးတွေဟာ ကျောင်းပိတ်ရက်တွေမှာ အနားမရဘဲပိုက်ဆံရမယ့်အလုပ်တွေ လုပ်ကြရပါတယ်။ ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံသီချင်းထဲကလို အရွယ်ရောက်လာရင်တောင်ပြန်တမ်းတစရာ ငယ်ဘဝနိဗ္ဗာန်ဘုံမရှိတဲ့ကလေးတွေပေါ့။အဲဒီထဲမှာ စီဒါဗာနန်ဆိုတဲ့ ငှက်ပျောခိုင်ထမ်းရတဲ့ကောင်လေးလည်းပါပါတယ်။ကျောင်းစာကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ နားချိန်ဆိုတာချိုနဲ့လားလို့မေးနေရတဲ့ဘဝမှာ စီဒါဗာနန်ဆိုတဲ့ကောင်လေးအရွယ်နဲ့မမျှထဲဝန်တွေထမ်းရပုံတွေ၊ ပြောင်းလဲပစ်သင့်တဲ့ စနစ်တွေ၊ကျေးလက်ရဲ့ အငွေ့အသက်တွေကို ဒီရုပ်ရှင်ထဲမှာ လှလှပပလေး ပုံဖော်ပြထားပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Mr. & Mrs. Smith (2005) ⭐TMDB: 67% User Score 🎬 #Action #Comedy #Crime #Thriller #Drama 🗓 2005 🎞 movie 🌎 #Switzerland #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mr. & Mrs. Smith (2005) IMDb Rating (6.5) / Rotten Tomatoes (60%) ကားဟောင်းတွေကို Quality update လုပ်ပေးနေရာမှာ ဒီတစ်ခါအလှည့်ကျလာတာကတော့ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ နာမည်ကြီး Action/Comedy Mr and Mrs Smith ကားလေးပါပဲ။ဒီဇာတ်ကားက ၂၀၀၅ ခုနှစ်ရဲ့ သတ္တမမြောက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပြီး IMDB 6.5/10 ရရှိခဲ့ပါတယ်။ဒီဇာတ်ကားနဲ့ပဲ နှစ်ယောက်သား အပြင်မှာတကယ် လက်တွဲခဲ့ကြပြီး အဆုံးသတ်ကတော့ အများသိထားတဲ့အတိုင်းပါပဲ။ မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းအကျဉ်းလေးပြောပြရရင်စတွေ့ပြီးလပိုင်းအကြာမှာတင် တစ်ယောက်နဲ့တစ်ယောက် အရူးအမူးဖြစ်ပြီးလက်ထပ်ခဲ့ကြတဲ့ စမစ်တို့ ဇနီးမောင်နှံက လက်ထပ်ပြီးနောက်မှာစုံတွဲတော်တော်များများ ခံစားခဲ့ရသလို ငြီးငွေ့ ပျင်းရိဖွယ် အိမ်ထောင်ရေးတစ်ခုကိုဖြတ်သန်းခဲ့ရပါတယ်။ အချစ်တွေလျော့လာပြီး တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်ချက်တွေတစ်ပုံတစ်ပင်နဲ့ အပေါ်ယံဆက်ဆံနေခဲ့ရာက တစ်နေ့မှာတော့ မမျှော်လင့်ထားတဲ့အဖြစ်တစ်ခုနဲ့ အချင်းချင်းရဲ့ သရုပ်မှန်ကို သိလိုက်ရပါတော့တယ်။ နှစ်ယောက်စလုံးက အဆင့်မြင့် လုပ်ကြံရေးသမားတွေ ဖြစ်နေပြီးဟန်ဆောင်ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတွေ ကွာကျကာ တစ်ဖက်နဲ့ တစ်ဖက်ကရန်သူတွေဖြစ်နေမှန်း သိလိုက်ရချိန်မှာတော့ သူတို့ရဲ့အေဂျင်စီတွေကသရုပ်မှန်ကို သိသွားတဲ့ တစ်ဖက်လူကို အသီးသီး ရှင်းပစ်ဖို့ အမိန့်ပေးခဲ့ပါတော့တယ်။အစက ချစ်လို့လက်ထပ်ခဲ့ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့လာရင်းရုတ်တရက် ကိုယ့်အိမ်ထောင်ဖက်ကို ကိုယ့်ရန်သူအဖြစ် သတ်ဖြတ်ရတော့မယ့်အချိန်မှာသူတို့ရဲ့ အဆင့်မြင့် လုပ်ကြံသတ်ဖြတ်ရေးစွမ်းရည်တွေကို အသုံးချပြီးပြိုင်ဘက်ကို သုတ်သင်ဖို့ ဘယ်လိုကြိုးစားကြမလဲ။နောက်ဆုံးမှာရော ဘယ်သူက အနိုင်ရသွားမလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ရုပ်ရှင်အညွန်းနဲ့ ဘာသာပြန်ကို Emily မှတင်ဆက်ထားပါတယ်။) Director’s Cut Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင် Version ထက် ၁၀ မိနစ်ခန့် အပိုပါပါတယ်။...
Dharmajuddha (2022) ⭐IMDB: 6.8/10 (1 k Votes) 🎬 #Bollywood #Drama #Thriller 🗓 2022 🎞 movie 🌎 #India ⏰ 1 နာရီ 49 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dharmajuddha 2024 မမေ့နိုင်သောညတစ်ည IMDb 6.8/10 အစ်မေးလ်ပူရ်ဆိုတဲ့ ရွာငယ်လေးမှာ ဘာသာရေးဂိုဏ်း၂ဖွဲ့ကအကြီးအကျယ်ပြဿနာဖြစ်ကြလို့ အစိုးရကတောင်ပုဒ်မတွေထုတ်ပြီးရဲကင်းတွေစောင့်ကြည့်ရတဲ့အနေအထားတစ်ခုထိဖြစ်ခဲ့တယ် နေရာအနှံ့မီးတောက်တွေ မီးခိုးတွေတလူလူနဲ့ ငရဲအလားပေါ့ဇာတ်လမ်းအစမှာတော့ အဘွားကြီးတစ်ယောက်အိမ်ကိုကိုယ်ဝန်ဆောင်မိခင်ကညဘက်ကြီးခြံတံခါးလာခေါက်အကူအညီတောင်းရင်းစထားပါတယ် အဓိကရုဏ်းကြားကိုယ်ဝန့်ရင့်မာနေချိန်ဗိုက်ကမခံမရပ်နိုင်အောင်နာလာတာကြောင့်ကျန်းမာရေးစင်တာကို လူမသိအောင်ခိုးထွက်ရင်းလူမိသွားခဲ့လို့ အပြေးအလွှားနဲ့ ယောကျာ်းဖြစ်သူနဲ့ ကွဲခဲ့ရတယ် ဒီလိုအဓိကရုဏ်းကိုစလာစေတာကလည်း သူ့အမျိုးသားပါပဲဒါကြောင့်ဘယ်အိမ်ကမှလက်မခံလို့ နောက်ဆုံးကယ်တင်ရှင်အဘွားကြီးအိမ်ကိုရောက်သွားခဲ့တာပါအဘွားကြီးရဲ့ သမီးကဒီအမျိုးသမီးနဲ့သူတို့စခဲ့တဲ့ဇာတ်လမ်းကိုသိနေတော့ မကြည်ဖြူချင်အဘွားကလည်း ညဘက်ဖြစ်တာကြောင့်ပြန်မလွှတ်ချင်နဲ့နောက်ထပ်သူတို့ဆီကိုရောက်ရှိလာမဲ့အကြောင်းတရားတွေကိုတော့ ဆက်လက်ရှုစားလိုက်ပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်...
Halinghing (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 5 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရန်ဒီဟာ ဓာတ်ပုံသတင်းထောက်တစ်ယောက်ဖြစ်ပြီး ဖိတ်သ်ဆန်ဒါဆိုတဲ့ နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့အကြောင်း ဓာတ်ပုံဆောင်းပါးရေးဖို့ အေဂျင်စီက သူ့ကိုတာဝန်ပေးခဲ့ပါတယ်။ ဖိတ်သ်ဆန်ဒါဟာ ရည်းစားဖြစ်သူကိုသတ်တဲ့အမှုနဲ့စွပ်စွဲခံရပြီး လူမြင်ကွင်းကအတန်ကြာပျောက်နေခဲ့တဲ့သူပါ။ ဒါကြောင့် သူ့အကြောင်းကိုတတ်နိုင်သမျှ သိုဝှက်ထားချင်တာကြောင့် ရန်ဒီနဲ့နှစ်ဦးချင်းတွေ့ဆုံအလုပ်လုပ်ဖို့ပဲတောင်းဆိုထားပါတယ်။ မိန်းမချင်းလိင်တူကိုသာစိတ်ဝင်စားတဲ့ ရန်ဒီတစ်ယောက် မင်းသမီးတစ်ယောက် မိန်းမလှတစ်ယောက်နဲ့ အနီးကပ်အတွင်းကျကျ အလုပ်လုပ်ရင်းနဲ့ မင်းသမီးရဲ့ဘ၀ဇာတ်ကြောင်းတွေ နောက်ကွယ်ကလျှို့ဝှက်ချက်တွေကိုပါ သိမြင်ရင်းနှီးလာ သံယောဇဉ်တွယ်လာချိန်မှာတော့..။ Aiko Garcia နဲ့ Jenn Rosa တို့ခေါင်းဆောင်ပါဝင်ထားတဲ့ဇာတ်ကားသစ်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
