ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
The Outsiders (1983) ⭐TMDB: 72% User Score 🎬 #Crime #Drama 🗓 1983 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကားက S.E Hinton ရဲ့ နာမည်တူဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး 1960 ခုနှစ် ဝန်းကျင်မှာ ဇာတ်အိမ် တည်ထားပါတယ်။ Greaserလို့ ခေါ်တဲ့ အမေရိကရဲ့ လမ်းသရဲလူငယ်လေးတွေ နဲ့ Soc လို့ခေါ်တဲ့ အထက်တန်းလွှာ လူငယ်တွေရဲ့ ရန်ပွဲ ပဋိပက္ခကို နောက်ခံထားပြီး သူငယ်ချင်း ညီအစ်ကို ဆက်ဆံရေးတွေကို လှပအောင် ရိုက်ထားတာပါ။ Castတွေ အနေနဲ့လည်း အများသိပြီးသား နာမည်ကျော်တွေ ပါဝင်ထားပြီး The Godfather တို့ Apocalypse Now တို့ရဲ့ Director Francis Ford Coppola ပဲ ရိုက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်း ဆက်ရရင် Ponyboy နဲ့ Johnny ဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ဟာ သူတို့ သူငယ်ချင်းအဖွဲ့ထဲမှာ အငယ်ဆုံးတွေ ဖြစ်သလို Socs တွေရဲ့ အနိုင်ကျင့်ရိုက်နှက်တာကိုလည်း ခံနေရသူတွေပါ။ တစ်ည ရုပ်ရှင်ရုံက အပြန်မှာ Socs တွေနဲ့ ကြုံပြီး တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Socsထဲက တစ်ယောက်က သေဆုံးသွားတဲ့ အခါမှာ အရာအားလုံး ပြောင်းလဲသွားပြီး Greasers တွေနဲ့ Socs တွေရဲ့ ထိပ်တိုက် ရန်ပွဲ ဖြစ်လာပါတော့တယ်။...
Pitch Perfect 2 (2015) ⭐IMDB: 6.4/10 (172 k Votes) 🎬 #Comedy #Musical #Music 🗓 2015 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pitch Perfect 2 ဟာ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့သော အမေရိကန်ဟာသကားဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တွင် ထွက်ရှိခဲ့သော Pitch Perfect ၏ နောက်ဆက်တွဲကားလည်း ဖြစ်ပါတယ်။ ဂီတ-ဟာသ များတွင် ယခုထက်ထိ ဝင်ငွေ အများဆုံးရရှိထားသော ဇာတ်ကားဖြစ်ပါတယ်။ IMDb Rating 6.5/ 10 ရရှိထားပြီး Rotten Tomatoes တွင် 66% Rating ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ Cappella သီဆိုခြင်း ကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ Cappella သီဆိုခြင်း ဆိုတာကတော့ တူရိယာ မပါဘဲ အဖွဲ့တစ်ဖွဲ့တွင်ပါဝင်သော လူများကပဲ သီချင်းများကို သီဆိုခြင်း၊ ပါးစပ်ဖြင့် Beatbox သံလုပ်ခြင်းအပါအဝင် တူရိယာသံလုပ်ခြင်းများကို ကိုယ်တိုင်ဖန်တီး၍ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတ Barack Obama ၏ မွေးနေ့ပွဲတွင် Bella အဖွဲ့က ဖျော်ဖြေဆင်တင်ဆက်ရာမှ ဖြစ်ပွားခဲ့ရသော အမှားတစ်ခုကြောင့် Bella အဖွဲ့၏နာမည်ကျဆင်းခဲ့ရပြီး ဖျော်ဖြေရေးခရီးစဉ်များကို ပိတ်ပင်ခဲ့သောကြောင့် နာမည်ကောင်း ပြန်လည် ရရှိဖို့ရန်အတွက် ကမ္ဘာ့ Cappella ပြိုင်ပွဲတွင် အနိုင်ရရှိစေရန် အစွမ်းကုန် ကြိုးစားအားထုတ်ရပါတော့တယ်။ Jesse J ၏ Flashlight သီချင်းကို အဓိကဇာတ်ဝင်တေး အဖြစ်ခံစားရမှာဖြစ်ပြီး အခြားနာမည်ကြီးသီချင်းများစွာ ကိုလည်း ပုံစံအသစ်ဖြင့် နားဆင်ရမှာပဲဖြစ်ပါတယ်။ ထို့အပြင် လွတ်လပ်သော လူငယ်ကျောင်းသားဘဝ၊ Teamworking၊ သူငယ်ချင်းချစ်ခြင်းမေတ္တာတို့ကို ဟာသနှောကာ ရူစားရမှာပဲဖြစ်ပါတယ်။...
Wonderful Radio (2012) ⭐IMDB: 6.0/10 (392 Votes) 🎬 #Comedy #Romance #Drama 🗓 2012 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 3 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love-On Air (2012)****************** ဒီကားလေးထဲမှာတော့ F4 မှာပါဝင်ခဲ့တဲ့ Lee Min Jung နဲ့အတူ … The K2, The king of eternal monarch တို့မှာပါဝင်ခဲ့တဲ့ Lee Jung Jin.. ပရိတ်အချစ်တော် Lee kwang soo နဲ့အတူ တခြားသော သရုပ်ဆောင်များစွာ… ပါဝင်ရိုက်ကူးထားတာမလို့ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါဦးနော် ဇာတ်လမ်းအညွှန်း————— ရှင်းဂျင်အာဆိုတဲ့ကောင်မလေးက ကိုရီးယားမှာနာမည်အကြီးဆုံး… မိန်းကလေးအဆိုတော်အဖွဲ့ Purple ရဲ့ leaderတစ်ယောက်ပေါ့။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ disband ဖြစ်သွားပြီးနောက်.. ဂျင်အာက Wonderful radio အစီအစဉ်မှာ DJ တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ရေဒီယိုပရိုဂရမ်ရဲ့ rating တွေ ကျနေတာကို ကယ်တင်ဖို့အတွက်… အီဂျယ်ဟျော့ဆိုတဲ့ PD တစ်ယောက်အသစ်ရောက်လာပါတော့တယ်။ စတွေ့ကတည်းက အကြောမတည့်ကြတဲ့ PD နဲ့ DJ တို့ကတောက်ကဆလေးတွေ စတင်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ ဂျယ်ဟျော့က ဂျင်အာကို ပရိုဂရမ်အတွက် အိုင်ဒီယာအသစ်ထုတ်လာခိုင်းပါတော့တယ်။ ခေါင်းစားနေရတဲ့ဂျင်အာက အမေဖြစ်သူ သီချင်းဆိုနေတာကို ကြည့်ပြီး အိုင်ဒီယာလေးရသွားပါတယ်။ အဲဒီအစီအစဉ်လေးက တဖြည်းဖြည်းလူကြိုက်များလာပြီး ပြန်အောင်မြင်လာတဲ့အခါမှာတော့ …. အပင်မြင့်လေ လေတိုက်လေဆိုတဲ့အတိုင်း အတိုက်အခိုက်တွေပေါ်လာပါတော့တယ်။ အတိုက်အခိုက်တွေကြား ဂျင်အာ ဘယ်လိုရပ်တည်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာဆက်လက်ကြည့်ရှုကြပါရှင်။ ဇာတ်လမ်းအညွှန်းကို May Thet မှ ရေးသားပေးထားပါတယ်။...
The Riot (2023) ⭐TMDB: 68% User Score 🎬 #Action #Drama #History 🗓 2023 🎞 movie 🌎 #Norway ⏰ 1 နာရီ 48 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Riot (2023) IMDb Rating (6.5) လျှပ်စစ်မီးမရှိ တယ်လီဖုန်းလိုင်းတွေမရှိတဲ့ခေတ်ဟောင်းကနေ ခေတ်သစ်ကိုကူးလာမယ့် ၁၉ရာစုမှာ ဒီလျှပ်စစ်မီးတွေ တယ်လီဖုန်းလိုင်းတွေအတွက် လိုအပ်တဲ့ကြေးနီကို Companyကြီးတွေက အပြိုင်အဆိုင် တူးထုတ်ခဲ့ကြတယ်။ ဒီလိုအပြိုင်အဆိုင်တွေကြားမှာ ငထွားခါးနာခဲ့ရတာတော့ မိုင်းလုပ်သားတွေပါပဲ။ Companyကြီးတွေရဲ့ လောဘနောက်မှာ မိုင်းလုပ်သားတွေဟာ နှစ်ပဲခြောက်ပြားငွေနဲ့ အသက်ကိုရင်းပြီး တူးနေရတဲ့ အခြေအနေဖြစ်လာခဲ့တယ်။ ဒီဒဏ်တွေကို ခံနေရတဲ့ မိုင်းလုပ်သားတွေဟာ သူတို့အခွင့်အရေးကို သူတို့သိလာပြီး ပုန်ကန် ဆန္ဒပြကြရာက မိုင်းတွင်းလုပ်ငန်းတွေရဲ့ အချိုးအကွေ့တစ်ခု၊ အလုပ်သမားအားလုံးရဲ့ ပြယုဂ်တစ်ခုဖြစ်လာခဲ့တဲ့ ဆန္ဒပြမှုတစ်ခုအကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ပဲဖြစ်ပါတယ်။)...
A Record of Sweet Murder (2014) ⭐IMDB: 6.3/10 (575 Votes) 🎬 #Drama #Horror #Thriller #Crime 🗓 2014 🎞 movie 🌎 #Japan #SouthKorea ⏰ 1 နာရီ 26 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Record of Sweet Murderer (2014)********************************* စိတ္တဇဆေးရုံကနေထွက်ပြေးလွတ်မြောက်ပြီး စိတ္တဇလူသတ်သမား ဘတ်ဆန်းဂျွန်း… ဘတ်ဆန်းဂျွန်းက သူလူသတ်ရတဲ့ အကြောင်းအရင်းတွေကို လူတွေကိုပြောပြချင်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ် သတင်းထောက်လည်းဖြစ်တဲ့ ဂင်ဆိုယွန်းထံ ဖုန်းခေါ်ခဲ့ပါတယ်။ အင်တာဗျူးလုပ်ပေးဖို့အတွက်လည်း ဂျပန်လူမျိုးကင်မရာသမားတစ်ယောက်ကိုပါ ခေါ်ခဲ့ဖို့… ဂင်ဆိုယွန်းကို တောင်းဆိုခဲ့ပါတယ်။ သတင်းထောက်ဖြစ်တဲ့ ဆိုယွန်းကလည်း သူတောင်းဆိုတဲ့အတိုင်း… သူနဲ့ရင်းနှီးတဲ့ ဂျပန်လူမျိုးကင်မရာသမား တာရှီရိုကိုခေါ်ပြီး ချိန်းဆိုတဲ့နေရာကိုသွားခဲ့ပါတယ်။ ဘတ်ဆန်းဂျွန်းရဲ့လူလိုက်သတ်ရတဲ့အကြောင်းပြချက်ကလည်းထူးခြားလှပါတယ်။ အဲဒီအကြောင်းအရင်းကိုဆိုယွန်းအပါအဝင် ဘယ်သူမှမယုံကြည်ကြပါဘူး။ သူလူသတ်ရတဲ့အကြောင်းအရင်းက ဘာတွေဖြစ်မလဲ….အလောင်းရှာမတွေ့သေးဘဲ.. သူသတ်လာတဲ့လူတွေ ဘယ်နှယောက်တောင်ရှိပြီလဲ…. ဘယ်လိုလူမျိုးကိုရွေးသတ်တာလဲ… ဆိုယွန်းနဲ့ တာရှီရိုရော အန္တရာယ်ကင်းနိုင်ပါ့မလား…ဘတ်ဆန်းဂျွန်းရဲ့ လူသတ်ရတဲ့… အကြောင်းအရင်းကရော…ယုတ္တိရှိနေမလား…ရူးနှမ်းမှုသက်သက်ပဲလားဆိုတာ… ဒီ Thriller, Drama ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြရအောင်နော်...
Sunshine Love (2014) ⭐IMDB: 6.0/10 (130 Votes) 🎬 #Drama #Romance #Uncategorized #Youth #Fantasy #Comedy 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 25 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sunshine Love (2014)******************** ကေဒရာမာဖန်သာဆိုရင် မသိသူတဲ့သူမရှိတဲ့ မင်းသားကြီး Oh Jung-Se ရဲ့ …. Fantasy/Romantic-Comedy ဇာတ်ကားဟောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း————- Kil-Ho(Oh Jung-Se) ကတော့ ငယ်ငယ်တုန်းက အိပ်မက်တွေ များစွာရှိခဲ့သလောက်… အခုချိန်မှာဆိုရင်တော့ ဘာမှဖြစ်မြောက်လာခြင်းမရှိဘဲ….ဖြေတိုင်းကျနေတဲ့… အစိုးရဝန်ထမ်းစာမေးပွဲကို ပြန်ဖြေဖို့ကြိုးစားနေတဲ့လူငယ်တစ်ယောက်ပေါ့။ တစ်ရက်မှာတော့ ကောလိပ်ကျောင်းသားဘဝက သူ့နောက်ကို တစ်ကောက်ကောက်လိုက်နေခဲ့တဲ့.. ရေသန့်စက်လို့နာမည်အဓိပ္ပာယ်ရတဲ့ ကောင်မလေး Jung-Sook (Jo Eun-Ji) နဲ့ ပြန်တွေ့ကြပါတယ်။ ကံမကုန်သေးလို့ ကြံကြံဖန်ဖန် ပြန်ဆုံကြတဲ့သူတို့ဟာ တစ်ယောက်ကိုတစ်ယောက်… အပြန်အလှန် ချစ်မြတ်နိုးသွားကြပေမဲ့လည်း အလုပ်လက်မဲ့ကောင်လေးနဲ့ … ဘဝကို အဆင်ပြေပြေလည်ပတ်နိုင်နေတဲ့ကောင်မလေးတို့ကြားက…အချစ်က.. သာမန်အတွဲတွေလို ကြည်နူးနိုင်ပါ့မလား။ ချစ်သူကောင်မလေးနဲ့ ယှဉ်ရင်တောင်… မျက်နှာငယ်စရာဖြစ်နေတဲ့ Kil-Ho ကရော မခံချင်စိတ်နဲ့ ဘယ်လိုကြိုးစားသွားမလဲဆိုတာကို … ဟာသဆန်ဆန်၊ဒရာမာဆန်ဆန်၊ရိုမန့်တစ်ဆန်ဆန် ရသလေးတွေနဲ့ ကြည့်ရှုခံစားသွားနိုင်မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကို Yati Naing မှ ရေးသားပေးထားပါတယ်...
Toxic (2022) ⭐IMDB: 6.5/10 (571 Votes) 🎬 #Drama #Mystery #Thriller 🗓 2022 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 48 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Toxic (2022)************ ဒီတစ်ခါမှာတော့ ကိုရီးယားနိုင်ငံမှာ စိုထိုင်းမှုထိန်းစက် ပိုးသတ်ဆေးကြောင့်လူအများအပြားရောဂါခံစားရပြီး သေဆုံးသွားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးတော့ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် .. ဒီဇာတ်လမ်းထဲမှာတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်မင်းသမီးလေးWork later drink now ထဲမှ Lee Sun-Bin နဲ့အတူသရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Racket boys မှ Kim Sang-kyung,all of us are dead, vigilante က Yoon Kyung-ho နဲ့vagabond, taxi driver မှ Jang Hyuk-jin အပြင်တခြားသော ဝါရင့်သရုပ်ဆောင်ကြီးတွေလည်း ပါဝင်အားဖြည့်ထားတာမလို့လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် .. ဇာတ်လမ်းအညွှန်း************Jung Tae-Hun (Kim Sang-Kyung) ရဲ့ သားဖြစ်သူက အဆုတ်ရောဂါကို ခံစားနေရပြီးအဲဒီရောဂါကြောင့်ပဲ ဇနီးဖြစ်သူကိုပါ ဆုံးရှုံးထားရတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ် ..အဆုတ်ရောဂါဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို လိုက်ရှာရင်းနောက်ဆုံးမှာတော့ စိုထိန်းမှုထိန်းစက်မှာပါဝင်တဲ့PHMG ဆိုတဲ့ အဆိပ်ဓါတ်ငွေ့ကြောင့်ဆိုတာကို သိလိုက်ရပါတယ် .. Jung Tae-Hun (Kim Sang-Kyung)ရဲ့ ခယ်မဖြစ်သူHan Young-Ju (Lee Sun-Bin) က အရင်က အစိုးရရှေ့နေတစ်ယောက်ဖြစ်ခဲ့ပြီးအစ်မဖြစ်သူသေဆုံးပြီးနောက်မှာတော့ စိုထိုင်းမှုထိန်းစက်ကြောင့် နစ်နာခဲ့ရတဲ့ပြည်သူတွေအတွက်ခဲအိုဖြစ်သူနဲ့အတူတူ အမှန်တရားကို ဖော်ထုတ်ပေးတဲ့ဥပဒေအကျိုးဆောင်တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ် .. တစ်ဖက်မှာလည်း ပြည်သူတွေ ထိခိုက်ခံစားရမယ်ဆိုတာကို သိလျက်နဲ့စီးပွားရေးအကျိုးအမြတ်တစ်ခုတည်းကိုပဲ ကြည့်ခဲ့တဲ့စိုထိုင်းမှုထိန်းစက် ပိုးသတ်ဆေးလုပ်ငန်း O2ကလည်းအမှန်တရားကို ဖုံးကွယ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ် .. အဲဒီလိုနဲ့ အစ်မနဲ့တူဖြစ်သူ အပါအဝင် နစ်နာသူတွေဘက်က ရပ်တည်ပေးတဲ့ ရှေ့နေမလေးကO2ကို နောက်ဆုံးမှာ ပြစ်ဒဏ်ခံရအောင် လုပ်နိုင်မလားo2က ရော ဘယ်လိုနည်းလမ်းတွေနဲ့ ပြစ်ဒဏ်ကို ရှောင်တိမ်းသွားမလဲဆိုတာကိုဒီဖြစ်ရပ်မှန် ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. (အညွှန်းကို May Thet Khaing မှ ရေးသားပေးထားပါတယ်)...
A Tour Guide (2023) ⭐IMDB: 6.6/10 (38 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 34 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Tour Guide (2023)******************* Less Than Evil ဇာတ်ကားနဲ့ လူသိများလာတဲ့ မင်းသမီး Lee Seol ရဲ့ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တရုတ်စကား တတ်ကျွမ်းထားပြီးစကားပြန် လက်မှတ်ပါ ရရှိထားတဲ့ ဟန်ယောင်း(Lee Seol)ကတော့ကိုရီးယားမှာ ခရီးသွား စကားပြန်အဖြစ် လုပ်ကိုင်ရင်းနေထိုင်နေတဲ့ ကောင်မလေးပါ။ မြောက်ပိုင်းကနေ ပြောင်းရွှေ့လာတဲ့ ဟန်ယောင်းဟာ စကားပြန် အလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုရင်း တောင်ကိုရီးယားနိုင်ငံမှာ နေသားကျအောင်ကြိုးစားခဲ့ပေမဲ့လည်း မောင်လေးနဲ့ အဆက်အသွယ်ပြတ်တောက်သွားတဲ့ အချိန်ကစပြီးစိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါအပြ် တရုတ်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံကြားက နိုင်ငံရေး တင်းမာမှုတွေကြောင့်ခရီးသွား အရေအတွက်ကလည်း လျော့နည်းလာပြီး ဟန်ယောင်းရဲ့ စားဝတ်နေရေးကိုပါထိခိုက်လာခဲ့ပါတယ်။ မြောက်ပိုင်းကနေ ပြောင်းရွှေ့လာတဲ့ ဟန်ယောင်းတစ်ယောက် ဒီစိန်ခေါ်မှုတွေကိုဘယ်လို ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှူပေးကြပါဦးနော် .. (အညွှန်းကို Treasure Htet မှ ရေးသားပေးထားပါတယ်)...
Fatal Intuition (2015) ⭐IMDB: 5.8/10 (486 Votes) 🎬 #Drama #Mystery #Thriller #Crime 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fatal Intuition (2015) ******************** CM ပရိသတ်ကြီးအတွက် 2015 ခုနှစ်မှာ ထွက်ရှိထားပြီးမင်းသားကြီး Yu Hae Jinနဲ့ Joo Won တို့ ပါဝင်ထားတဲ့Fatal Intution ဆိုတဲ့ သည်းထိတ်ရင်ဖိုမှုခင်းဇာတ်လမ်းလေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ ဂျန်ဝူနဲ့ အွန်းဂျီတို့ဟာ မိဘတွေ ဆုံးသွားပြီးကတည်းကမောင်နှမနှစ်ယောက်တည်း ပျော်ရွှင်စွာ ဖြတ်သန်းနေကြပါတယ်။ ညီမဖြစ်သူ အွန်းဂျီကို လာထိရင် လုံးဝသည်းမခံနိုင်တဲ့ အစ်ကိုဖြစ်သူ ဂျောင်ဝူက သူတို့နဲ့ သွေးဝေးပေမဲ့ ဆွေမျိုးတော်စပ်တဲ့ မြောင်ဂယူကိုတော့ သည်းခံပြီး နေလာခဲ့ရပါတယ်။ တစ်ဖက်မှာလည်း လူတွေ ဘယ်လိုသေမလဲဆိုတာကို ကြိုမြင်နိုင်တဲ့ အီရှီအွန်းကို ရပ်ကွက်ထဲက စုန်းမဆိုပြီးတော့ အဆက်အဆံမလုပ်ကြပေမဲ့ အွန်းဂျီကတော့ ရင်းရင်းနှီးနှီးနဲ့ ပြောဆိုခဲ့လို့ ရင်းနှီးသွားခဲ့ပါတယ် .. ဒီလိုနဲ့ တစ်ရက်မှာ မောင်နှမနှစ်ယောက် စကားများပြီး ဂျောင်ဝူက အွန်းဂျီကို အိမ်ထဲမှာ ပိတ်ထားခဲ့ပါတော့တယ်။ ရက်ပိုင်းလောက်အကြာမှာတော့ အွန်းဂျီကို သေဆုံးလျက် တွေ့ခဲ့ရပြီး သူ့ဘဝလေး ပျက်စီးသွားခဲ့ရပါတော့တယ်။ ရဲတွေက မြောင်ဂယူကို တရားခံအဖြစ် စွပ်စွဲပြီး ဖမ်းခဲ့ပေမဲ့ တရားခံအစစ်က မြောင်ဂယူမဟုတ်တာကို သိနေတဲ့ ဂျောင်ဝူက သူ့ညီမကို သတ်ခဲ့တဲ့ တရားခံကို သူကိုယ်တိုင် ဘယ်လိုဖမ်းမလဲ။ အကြားအမြင်ရနေတဲ့ ရှီအွန်းကရော ဘယ်လိုတွေ ကူညီပေးမလဲဆိုတာ စိတ်ဝင်တစားနဲ့ ကြည့်ရှုလိုက်ကြပါဦးနော် .. (အညွှန်းကို Estel မှ ရေးသားပေးထားပါတယ်)...
Close Your Eyes (2017) ⭐IMDB: 5.5/10 (130 Votes) 🎬 #Crime #Drama #Mystery #Thriller #Uncategorized 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 1 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Close Your Eyes (2017)***********************အခုတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားဟောင်းလေးကတော့2017 တုန်းက ထွက်ခဲ့တဲ့ Close Your Eyesဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ B1A4ရဲ့ အဖွဲ့ဝင်ဟောင်း ချာဆွန်းနူ(ဘာရို)နဲ့Twinkling Watermelon ဇာတ်လမ်းတွဲထဲက မင်းသမီးလေး ဆောအင်နာတို့ပဲဖြစ်ပါတယ်။ ဂင်ဟျွန်းဝူဟာ ဈေးဝယ်စင်တာထဲမှာ သီချင်းဆိုဖျော်ဖြေတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာ သူသီချင်းဆိုပြီးလို့ ခဏနားနေတဲ့အချိန် ယောက်ျားတစ်ယောက်က သူ့ဘေးနားလာပြီး အဲဒီလူရေးနေတဲ့ လူသတ်ဝတ္ထုအကြောင်းပြောပြလာပါတယ် .. ထိုအချိန်ကစပြီး ဂင်ဟျွန်းဝူနေထိုင်ရာ ရပ်ကွက်မှာလည်း ကွင်းဆက်လူသတ်မှုကြီးတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ ကိုယ်ကြားသိထားတဲ့ဝတ္ထုဇာတ်လမ်းထဲကအတိုင်း အပြင်မှာ လူသတ်မှုဖြစ်နေတဲ့အပြင် လူသတ်မှုရဲ့နစ်နာသူတွေကပါ ကိုယ့်အနီးနားကသူတွေဖြစ်နေတဲ့အခါ… ဂင်ဟျွန်းဝူတစ်ယောက် ဘာဆက်လုပ်မလဲ… လူသတ်သမားကရော ဘယ်သူဖြစ်မလဲဆိုတာကိုတော့ Close Your Eyes ကားလေးမှာ အဖြေရှာလိုက်ကြည့်ကြပါစို့နော် .. (အညွှန်းကို Double M မှ ရေးသားပေးထားပါတယ်)...
Risque Hospital (2019) ⭐TMDB: 0% User Score 🎬 #Adult #Drama #Romance 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 11 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [18+] Risque Hospital (2019) *****************************ဟာနဲဒါနဲ့ ဂျောင်အူတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ ကလေးရဖို့ ကြိုးစားနေကြပါတယ်တစ်ရက်မှာတော့ ခင်ပွန်းဖြစ်သူ ဂျောင်အူ ဖောက်ပြန်နေတာကိုဟာနဲဒါက ကိုယ်တိုင် တွေ့လိုက်ရပြီးတော့ ဂျောင်အူကို သတ်ဖို့ ကြိုးစားခဲ့ပါတယ် ..ဒါပေမဲ့ ဂျောင်အူက မသေဘဲ သတိမေ့ပြီး အောက်ပိုင်းသေသွားပါတယ် ..ဟာနဲဒါကလည်း ကိုယ့်ကိုကိုယ် သတ်သေဖို့လုပ်ရာကနေ မအောင်မြင်ဘဲ ဆေးရုံတက်လိုက်ရပါတော့တယ် ..ဒီလိုနဲ့ ဆေးရုံမှာ ဟာနဲဒါက သတိမေ့နေတဲ့ ခင်ပွန်းဖြစ်သူကိုဘယ်လိုတွေ လက်စားချေဖို့ လုပ်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော်...
Killer Heat (2024) ⭐IMDB: 5.6/10 (4 k Votes) 🎬 #Crime #Drama #Mystery #Romance #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mystery/ Crime ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လမ်းထဲမှာတော့ Divergent ရုပ်ရှင်တွေနဲ့ The Fault in Our Stars တို့က မင်းသမီးချော ‘Shailene Woodley’၊ Bodyguard စီးရီးက မင်းသား ‘Richard Madden’ နဲ့ (500) Days of Summer နဲ့ Don Jon ဇာတ်ကားတို့က မင်းသား ‘Joseph Gordon-Levitt’ တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ –ဂရိနိုင်ငံက လူသူခေါင်ခိုက်တဲ့ကျွန်းတစ်ကျွန်းပေါ်မှာ ‘လီယို’ဆိုတဲ့ သူဌေးသားတစ်ယောက်က ကိရိယာမဲ့ တောင်တက်ရင်း ခြေချော်ကျကာ တောင်ပေါ်ကပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ်။ လီယိုမှာက ‘အီလီယက်စ်’လို့ခေါ်တဲ့ အမြွှာညီအစ်ကိုရှိပြီး သူ့အမြွှာရဲ့ ဇနီးလုပ်သူ ‘ပန်နီလိုပီ’ဆိုတဲ့ မိန်းမချောလေးနဲ့က တက္ကသိုလ်တက်စဉ်အရွယ်က သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဖြစ်ခဲ့ဖူးပါတယ်။ ‘နစ်ခ် ဘာလီ’ကတော့ နယူးယောက်ကနေ မိသားစုရေးရာပြဿနာတစ်ခုကြောင့် အေသင်ဘက်မှာ အလွတ်စုံထောက် လုပ်နေသူတစ်ဦး ဖြစ်ကာ ပန်နီလိုပီက သူမရဲ့ မတ် တစ်ဖြစ်လဲ သူမ တစ်ချိန်က ရင်းနှီးခဲ့ရတဲ့ မိတ်ဆွေတစ်ဦးဖြစ်သူ လီယိုရဲ့ သေဆုံးမှုကို စုံစမ်းဖို့အတွက် နစ်ခ်ကို ပိုက်ဆံအများကြီးပေးပြီး သူမတို့မိသားစုနေထိုင်ရာ ကျွန်းကြီးဆီကို ခေါ်လိုက်ပါတော့တယ်။ မိသားစုစီးပွားရေးမှာလည်း ဘာမျှဝင်မပါဘဲ အေးအေးဆေးဆေးနေတတ်တဲ့ လီယိုရဲ့ သေဆုံးမှုက တကယ်ပဲ မတော်တဆမှုလား သတ်ခံရတယ်ဆိုရင်ရော ဘယ်သူကသတ်လိုက်တာဖြစ်မလဲ အမေရိကားကနေ ထွက်ပြေးလာတဲ့ နစ်ခ်ရဲ့ ရာဇဝင်ကရော ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။...
Close-Up (1990) ⭐TMDB: 79% User Score 🎬 #Biography #Crime #Drama 🗓 1990 🎞 movie 🌎 #Iran ⏰ 1 နာရီ 39 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Close-Up (1990) ~ IMDb – 8.2/10, Rotten Tomatoes – 89% ~ အီရန်နယူးဝေ့ဟာ ၁၉၆၄မှာ Hajir Darioush ရဲ့ Serpent’s Skin နဲ့ စခဲ့တယ်။ ၆၅မှာပဲ သူက Social Documentaries နှစ်ကား ထပ်ရိုက်ခဲ့ပြီး Face 75 ကို ရိုက်ခဲ့တယ်။ ဒီရုပ်ရှင်တွေက အီရန်နယူးဝေ့ရဲ့ အုတ်မြစ်တွေလို့ အားလုံးလက်ခံထားကြတယ်။ နောက် Davoud Mollapour ရဲ့ Shohare Ahoo Khanoom ထွက်ပြီး ၁၉၆၉မှာ Dariush Mehrju က The Cow ကို ရိုက်ခဲ့တယ်။ အဲဒီမှာ အီရန်နယူးဝေ့က ခိုင်မာလာခဲ့တယ်။ ၁၉၇၀မှာတော့ Abbas Kiarostami က သူ့ရဲ့ပထမဆုံး ရုပ်ရှင်တို The Bread and Alley ကို ရိုက်ခဲ့တယ်။ အဲဒီနောက်ပိုင်း The Experience (1973), The Traveler (1974) အပါအဝင် တခြားရုပ်ရှင်ပေါင်းစုံ ဆက်တိုက်ဆိုသလို ဆက်ရိုက်ခဲ့တယ်။ ဒါပေမဲ့ Where is the Friend’s Home? (1987) ထွက်ပြီးနောက်ပိုင်းမှပဲ သူ့ကို နိုင်ငံတကာ ပရိသတ်က စလက်ခံခဲ့ကြတယ်။ အဲဒါနဲ့ခပ်ဆင်ဆင် Homework (1989) ဆိုတဲ့ ဒိုကူမန်ထရီတစ်ကားကိုရိုက်ခဲ့တယ်။ Close-Up (1990) ကလည်း ဒိုကူမန်ထရီလိုဖြစ်နေတော့ ဒီကာလမှာ သူ ဒိုကူမန်ထရီ ၂ကားဆက်တိုက်ရိုက်ခဲ့တယ်လို့ပြောရမယ်။ နောက် And Life Goes On (1992) နဲ့ Through the Olive Trees (1994) ကို ဆက်ရိုက်ခဲ့တယ်။ ဒီ၂ကားနဲ့ Where Is the Friend’s Home? (1987) က သူ့ရဲ့နာမည်ကျော် Koker Trilogy ဖြစ်လာခဲ့တယ်။ ဒီ Trilogy က ပြင်သစ်နဲ့ ဥရောပနိုင်ငံတွေမှာ အောင်မြင်ခဲ့တယ်။ နောက်ပိုင်း Taste of Cherry နဲ့ The Wind Will Carry Us တို့လို သူ့မာစတာပိစ်တွေကို ဆက်ရိုက်ခဲ့တယ်။ နောက် Ten (2002) နဲ့ Shirin (2008)… Certified Copy (2010) နဲ့ Like Someone in Love (2012) ကိုတော့ အီရန်ပြင်ပမှာ ရိုက်ခဲ့တယ်။ ၂၀၁၆မှာတော့ ဆုံးပါးသွားခဲ့ပြီး ၂၀၁၇မှာ သူ့ရဲ့နောက်ဆုံးရုပ်ရှင် 24 Frames ထွက်လာခဲ့တယ်။ ဒါက အီရန်နယူးဝေ့အစကနေ စရိုက်ခဲ့သလို အီရန်စီနီမာရဲ့ အခရာတစ်ယောက်ဖြစ်တဲ့ Abbas Kiarostami ရဲ့ ဒစ္စကိုဂရပ်ဖီပါပဲ။ Close-Up (1990) က တကယ့်အဖြစ်အပျက်ကို အဲဒီတကယ့်အဖြစ်အပျက်ထဲက လူတွေနဲ့ ဒိုကူမန်ထရီရိုက်ထားသလိုဖြစ်နေတဲ့ ဒိုကူမန်ထရီမကျ ဖစ်ရှင်မကျ ဒိုကူဖစ်ရှင် ရုပ်ရှင်အမျိုးအစားပဲ။ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာအယောင်ဆောင်ပြီး မိသားစုတစ်ခုကို လိမ်လည်ခဲ့တဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ကို ခြေရာကောက်တဲ့အကြောင်း ရိုက်ပြထားတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်ကို Abbas က စိတ်ဝင်စားစရာကောင်းအောင် Rashomon Effect သုံးပြီး တင်ပြသလို တင်ပြမှုမျိုးနဲ့ တင်ပြသွားခဲ့တယ်။ Abbas အတွက် ဒီကိစ္စက သိပ်တော့မဆန်းလှဘူး။ ကျွန်တော့်အမြင်အရတော့ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေဟာ ဒိုကူမန်ထရီတွေသာ မဖြစ်နေမယ်။ ရုပ်ရှင်တစ်ခုကိုတင်ပြပုံထက် တကယ့်ဘဝကို တင်ပြပုံနဲ့ အမြဲတူနေလို့ပါပဲ။ တခြားအီရန်ဒါရိုက်တာတွေနဲ့ သူကွဲထွက်နေတဲ့ အဓိကအချက်ကလည်း ဒီအချက်လို့ပဲ မြင်တယ်။ ဒုက္ခကို ဇာတ်နာအောင် တင်ပြမှုများတတ်တဲ့ အီရန်ရုပ်ရှင်တွေထဲ Abbas ကတော့ ဒုက္ခကို တင်ပြပေမဲ့ ဇာတ်ကြောင်းပြောသူတစ်ယောက်အနေနဲ့မဟုတ်ဘဲ ဒီအဖြစ်ကို လိုက်ကြည့်နေတဲ့သူတစ်ယောက်အနေနဲ့ပဲ တင်ပြနေကျပဲ။ ပြောရရင် Abbas ဟာ လောကဓံတွေကို တင်ပြပေမဲ့ ဘယ်တော့မှ အဆိုးသက်သက်နဲ့ အဆုံးမသတ်သွားဘူး။ဒါကိုကလည်း ကမ္ဘာကြီးဆန်နေတာပါပဲ။ 24 Frames လို ရုပ်ရှင်ဟာ သူ့ရဲ့နောက်ဆုံးအဆင့်ဆိုရင် Abbas ဟာ ဒီတစ်လျှောက်လုံးမှာလည်း ရုပ်ရှင်ဟာ သေသပ်လှပစွာတည်ဆောက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ သူမမြင်သွားဘူးထင်ပါတယ်။ Close-Up (1990)ကလည်း လိမ်လည်မှုတစ်ခု တရားခွင်တစ်ခုကို တင်ဆက်ထားပေမဲ့ အဆိုးအကောင်းတွေအတွက် ဇာတ်ကြောင်းပြောသူဘက်က အကဲဖြတ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ထားတဲ့ ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်း ရုပ်ရှင်မဟုတ်တဲ့ ရုပ်ရှင်လို့ ပြောလို့ရတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Blade of Fury (2024) ⭐TMDB: 70% User Score 🎬 #Action #Adventure #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တကယ့်အက်ရှင်ကားမှ ကြည့်ချင်ပါတယ်ဆို ရှောင်လင်ကိုယ်ရင်ကတုံးလေးကားထဲကကလေးသရုပ်ဆောင် ကတုံးလေးရဲ့ ၂၀၂၄ ခုနှစ်မှာထွက်တဲ့ ကားသစ်လေးကို ညွှန်ပေးလိုက်ပါတယ်…ဒီကားလေးကတော့ မိမိသည် မိမိဘာသာနေသော်လည်းပြဿနာက မိမိအား လာရှာသော်အခါ ဆိုတဲ့ အတိုင်းပါပဲ….ဇာတ်လိုက်မင်းသား ခွေးရူး ခေါ် ဖေရှင်း ကယနေ့ခေတ်အခေါ်ဆို ကြေးစားလူသတ်သမားပေါ့…ဒါပေမယ့် သူက ရုံးတော်က ဝရမ်းထုတ်ထားတဲ့အပြစ်သားတွေကိုပဲ တကူးတက သတ်ပေးတဲ့ ကြေးစားသမား… ဒီတော့ သူ့အလုပ်သူလုပ်ချိန်မှာပဲ… ပုလဲသူခိုးဆိုပြီး သွားဖမ်းတာ …သူခိုးသေပြီး ပုလဲရတနာမဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်…မလွှဲသာတော့လည်း ရုံးတော်ကို အပ်ခဲ့တာ..ဆုကြေးမရတဲ့အပြင် သူအပ်ခဲ့တဲ့ အမျိုးသမီးကိုလည်းညတွင်းချင်း တိတ်တဆိတ် ဖမ်းခေါ်သွားခဲ့ကြတယ်…နောက်တော့ သူ့ကိုသတ်ဖို့ပါ တခြားကြေးစားလူသတ်သမားတွေ ထပ်ငှားခဲ့ကြတယ်တဲ့…ဒီတော့ သူလည်း သူ့ကိုသတ်ဖို့ကြေးစားအထိငှားတဲ့သူကို ရှာရပါတော့တယ် ဒီအမျိုးသမီးကဘယ်သူလဲ… ဘာလို့ ထွက်ပြေးနေရတာလဲနောက်ပြီး သူ့ကိုဘယ်သူသတ်ဖို့ကြိုးစားတာလဲ….ဘာလို့ သတ်ဖို့ကြိုးစားတာလဲဆိုတာတွေကိုစုံစမ်းနိုင်ပါ့မလား ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့မလဲဆိုတာဒီဇာတ်လမ်းကောင်းလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားပါ...
Strange Darling (2023) ⭐IMDB: 7.4/10 (9 k Votes) 🎬 #Crime #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Strange Darling (2024) IMDb Rating (7.5) / Rotten Tomatoes (95%) Horror, Thriller ကားသစ်တစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတာ ဟုတ်ချင်ဟုတ်မယ် မဟုတ်ချင်မဟုတ်ဘူးဆိုတဲ့ကားအမျိုးအစားပါပဲ။ ဇာတ်ကွက်ကို အစဉ်လိုက်ဖော်ပြတာမဟုတ်ဘဲ Non-linear အနေနဲ့ Chapter အခန်းတစ်ခုစီနဲ့ ၆ ခန်း ပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစဉ်လိုက်ကတော့ ကြည့်ပြီးရင် အလိုလို ရှင်းသွားမှာပါ။ ဒီအတိုင်းစီထားတာ ဖြစ်ပါတယ်။ Chapter 3: WILL YOU HELP ME? PLEASE? Chapter 5: HERE KITTY, KITTY Chapter 1: MISTER SNUFFLE Chapter 4: THE MOUNTAIN PEOPLE Chapter 2: DO YOU PARTY? Chapter 6: WHO’S GARY GILMORE? Epilogue: THE ELECTRIC LADY ဇာတ်လမ်းအကျဉ်း မိန်းကလေးငယ်တစ်ယောက်နဲ့ သက်လတ်ပိုင်းယောကျာ်းတစ်ယောက်တို့ ဘားမှ ခင်မင်လာပြီး ဟိုတယ်တစ်ခုမှ အပျော်ရှာဖို့ ဝင်တည်းကြတယ်။ နှစ်ယောက်လုံးက စိတ္တဇသမားတွေဖြစ်နေပြီး အပျော်ရှာတဲ့ညကနေ စိန်ပြေးလိုက်တမ်း လူတွေသတ်တမ်းကစားပွဲအဖြစ် ပြောင်းလဲသွားပါတော့တယ်။ သူတို့နှစ်ယောက် အချင်းချင်းသတ်ဖို့ ကြိုးစားရင်း တွေ့တဲ့သူတွေကိုလည်း ကြုံသလိုသတ်ရင်း ဗြောင်းဆန်နေတာကို ကြည့်ရမှာပါ။ ဒါမျိုးကြိုက်တတ်ရင်တော့ ကြည့်သာကြည့်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ပဲဖြစ်ပါတယ်။)...
Bleak Night (2011) ⭐TMDB: 73% User Score 🎬 #Drama #Mystery #Youth 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bleak Night (2011) *******************“မင်းကပါ ငါ့ကို ဒီလိုလုပ်လို မဖြစ်ဘူးနော် မင်းပဲဖြစ်ဖြစ်ရှိနေလို ငါအဆင်ပြေနေတာ ” ဂီထယ်ဆိုတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီးနောက် ဂီထယ်ရဲ့ဖခင်ဟာ သားဖြစ်သူအပေါ် ဖခင်ဝတ္တရားပျက်ကွက်ခဲ့တာကြောင့် အပြစ်ရှိစိတ်ခံစားခဲ့ရပါတယ် .. ဂီထယ်မှာ ဟီဂျွန်းနဲ့ ဒုံယွန်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီး ဟီဂျွန်းကတော့ ဂီထယ်မသေဆုံးခင် တစ်ပတ်အလိုမှာ ကျောင်းပြောင်းသွားခဲ့ပြီးတော့ ဒုံယွန်းကတော့ သူငယ်ချင်းဖြစ်သူဂီထယ်ရဲ့စျာပနကို မလာခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ဂီထယ့်အဖေဟာ သူငယ်ချင်းတွေရဲ့စကားတွေကနေတစ်ဆင့် သားဖြစ်သူသေဆုံးမှုကို သိသွားနိုင်မလား…. အရင်းနီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ သူတွေကရော ဘာတွေ ဖုံးကွယ်ထားကြသလဲ…. ဂီထယ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်အထက်တန်းကျောင်းသားလေးကရော ဘာတွေကြောင့် ဒီလိုသေဆုံးသွားရသလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် ။ ဆုပေါင်းများစွာသိမ်းပိုက်ထားတဲ့ ဒီရုပ်ရှင်ကားလေးမှာကတော့ ဂီထယ်အဖြစ်Taxi Driver 1/2 , Move To Heaven ထဲမှ မင်းသား Lee Je-Hoon ၊ ဟီဂျွန်းအဖြစ် Hellbound, The 8Show ထဲမှ Park Jeong-Min ၊ ဒုံယွန်းအဖြစ် Apple Of My Eye ,The Brave Yong Su-Jeong ထဲမှ Seo Jun-Young နဲ့ ဂီထယ့်အဖေအဖြစ် မင်းသားကြီး Cho Seong-Ha တို့မှ အဓိကထားပါဝင်ထားပြီး လူငယ်ဘဝမှာဖြစ်တတ်တဲ့ သူငယ်ချင်းအပေါ်ချစ်ခင်စိတ်, မနာလိုဝန်တိုစိတ်အပြင် မိဘတွေရဲ့မေတ္တာကိုအပြည့်အဝမရရှိတဲ့ ကလေးတစ်ယောက်ရဲ့စိတ်ကိုပါ မီးမောင်းထိုးပြထားတဲ့ ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ပါဦးနော်...
Colonia (2015) ⭐IMDB: 7.0/10 (58 k Votes) 🎬 #Biography #Drama #History #Romance #Thriller 🗓 2015 🎞 movie 🌎 #Germany #Luxembourg #UnitedKingdom #UnitedStates #France ⏰ 1 နာရီ 51 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Colonia (2015) ~ IMDb rating – 7/10 ~ ကျွန်တော်တို့ အရွယ်ပတ်ချာလည် လူတိုင်းရဲ့ Crush စုန်းမလေး Emma Watson သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ။ ချီလီနိုင်ငံမှာ တကယ်ရှိခဲ့တဲ့ အကြောင်းအရာကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအခြေတည်ထားရာကတော့ ချီလီမှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံရေးအကျဉ်းသားတွေ ဒါမှမဟုတ် အစိုးရနဲ့ ပြဿနာရှိတဲ့သူတွေကို ဖမ်းထည့်ပြီး နှိပ်စက် အစဖျောက်ပစ်တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Colonia Dignidad ဆိုတဲ့ လျှို့ဝှက် အကျဉ်းစခန်းတစ်ခုအကြောင်းပေါ့။ ဇာတ်ကားမှာတော့ မမ Emma က လေယာဉ်မယ်။ သူ့ရဲ့ ရည်းစားက ချီလီမှာ ဆန္ဒပြတာကို ကူပေးနေတဲ့ ဓာတ်ပုံဆရာ။ သူတို့နှစ်ယောက် အာဏာသိမ်းတဲ့အချိန်နဲ့ကြုံပြီး နှစ်ယောက်လုံး ဖမ်းခံရတဲ့ထဲပါသွားတယ်။ ဓာတ်ပုံဆရာက လှုပ်ရှားသူထဲမှာပါလို့ အဖမ်းခံလိုက်ရပြီး လေယာဉ်မယ်က လွတ်လာတယ်။ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာ စုံစမ်းကြည့်ရင်း ဘာသာရေးအဖွဲ့ဟန်ဆောင်ထားတဲ့ Colonia Dignidad အကြောင်းကိုသိလာရတယ်။ ဘာသာရေးအဖွဲ့လို့ ဟန်ဆောင်ထားတော့ သူ့ရည်းစားကို ကယ်ဖို့အတွက် အဲဒီအဖွဲ့ထဲဝင်ပြီး နှစ်ယောက်သား လွတ်အောင် ဘယ်လိုကြံကြလဲ ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Muoi: The Legend of a Portrait (2007) ⭐TMDB: 56% User Score 🎬 #Drama #Horror #Mystery #Thriller 🗓 2007 🎞 movie 🌎 #SouthKorea #Vietnam ⏰ 1 နာရီ 35 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Muoi: The Legend of a Portrait (2007) ************************************** ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Horror fan တွေအတွက်ကိုရီးယား horror ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် .. Yun Hee ဆိုတဲ့မိန်းကလေးဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပြီးသရဲဇာတ်လမ်းကောင်းကောင်းရေးဖို့ပြင်နေတဲ့သူပါ .. အဲဒီအချိန်မှာ ဗီယက်နမ်ရောက်ရှိနေတဲ့ Seo Yeon ဆိုတဲ့သူ့သူငယ်ချင်းဟာMuoi ဆိုတဲ့ ပုံတူပန်းချီကားထဲက ဝိညာဉ်မလေးအကြောင်းကိုပြောပြပြီးဗီယက်နမ်ကိုခေါ်ပါတော့တယ် .. ဗီယက်နမ်ရောက်ရှိပြီးနောက် Yun Hee နဲ့ Seo Yeon တို့ Muoi အကြောင်း ဘယ်လိုဖော်ထုတ်ကြမလဲ…. နောက်ကွယ်မှာ ဘာကိစ္စတွေရှိမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး .. အညွှန်းကို Eric မှ ရေးသားထားပါတယ်...
Oh! Brothers (2003) ⭐TMDB: 57% User Score 🎬 #Comedy #Drama #Family 🗓 2003 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Oh! Brothers (2003) ************************ Squid Game မှ မင်းသားကြီး Lee Jung Jae နဲ့ The Roundup, My Wife is a Gangster စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ မင်းသားကြီး Lee Beom Soo တို့ အတွဲညီညီနဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသဇာတ်ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့.. အိုဆန်းဝူ (Lee Jung Jae) ဟာ ချမ်းသာပြီး ဖောက်ပြန်နေတဲ့သူတွေရဲ့နောက်ကိုခိုးလိုက်ပြီး ဓာတ်ပုံရိုက်ရင်း အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဓာတ်ပုံဆရာတစ်ယောက်ပါ။ တစ်နေ့မှာတော့ ဆန်းဝူတစ်ယောက် သူ့အဖေဆုံးတဲ့သတင်းကို ကြားလိုက်ရပြီး အဖေရဲ့ နောက်မိန်းမကလည်း ဘယ်ကိုရောက်မှန်းမသိ ပျောက်သွားတဲ့အတွက် သူ့အဖေရဲ့အကြွေးတွေက သူ့ဆီကို ပုံကျလာပါတယ်။ ဒါကြောင့် သူ့မိထွေးကိုရှာဖို့ ရှားပါးရောဂါတစ်ခုကြောင့် အသက်၁၂နှစ်ပဲရှိသေးပေမဲ့ လူလတ်ပိုင်းယောက်ျားကြီးလို ရုပ်ရင့်နေတဲ့ အဖေတူအမေကွဲ ညီလေး အိုဘုံဂူ (Lee Beom Soo) ကို အရင်လိုက်ရှာရပါတော့တယ်။ ချက်ကလွဲပြီး ဘာဆို ဘာမှမတူကြတဲ့ သူတို့၂ယောက် ပထမဆုံးတွေ့ဆုံပြီး အကြွေးဆပ်ဖို့ ကြိုးစားရင်း ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာ ဟာသနှောပြီး ကြည့်ရှုရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို ToeToe Aung မှ ရေးသားပေးထားပါတယ်။)...
Never to Lose (2005) ⭐TMDB: 67% User Score 🎬 #Action #Crime #Drama #Thriller #Adventure 🗓 2005 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 53 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Never to Lose (2005) ********************** အက်ရှင် ဖိုက်တင် စုံထောက်ဇာတ်လမ်းတွေကိုမှ ခုံမင်တတ်တဲ့ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ၂၀၀၅ ခုနစ်ကထွက်ခဲ့တဲ့ နာမည်ကြီး ဝါရင့်မင်းသားကြီးတွေဖြစ်တဲ့ Noryang: Deadly Sea မှ Heo Joon Ho၊ Exhuma, Tazza ထဲမှာ Kim Min-Jun တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့.. စုံထောက်ဂင်ဟုံးဂျူဟာ လူသတ်မှုစုံစမ်းစစ်ဆေးရဲဌာနမှာ တာဝန်ထမ်းဆောင်နေပြီး စုံထောက်ဂင်ပါဝင်တဲ့အဖွဲ့ဟာ စွမ်းရည်ဆောင်လျော့ပါးမှုကြောင့် ဌာနတွင်းမှာ မျက်နှာပန်းမလှတဲ့အဖွဲ့ဖြစ်သလို စုံထောက်ဂင်ကိုယ်တိုင်ဟာလည်း အချစ်ရေးမပြေလည်တဲ့အတွက် စုံထောက်အလုပ်ကနေ နှုတ်ထွက်ချင်နေသူပါ။ အဖွဲ့ခေါင်းဆောင်ကလည်း ဌာနတွင်း သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်ရမှတ်ပြည့်မှ အလုပ်ပေးထွက်မယ်ဆိုတဲ့ စကားကြောင့် စုံထောက်ဂင်ခမျာ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့အချိန် ကံအကြောင်းထောက်မပြီး မူးယစ်ဆေး အရောင်းအဝယ်သမားတစ်ယောက်ကို ဖမ်းမိရင်း မူးယစ်ဆေး အကြီးအကျယ်ဖြန့် တဲ့ ဂေါင်ကြီးအကြောင်းကို သိလိုက်ရချိန်မှာတော့ စုံထောက်ဂင်တစ်ယောက် လုပ်ဆောင်ချက်ရမှတ်ပြည့်ဖို့ အားသွန်ခွန်စိုက် အမှုလိုက်ပါတော့တယ်။ စုံထောက်ဂင်ရဲ့ ကြိုးစားမှုအရာထင်သွားမလား..။ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ အခုပဲ ဇာတ်ကားထဲမှာ ခံစားကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Thinn မှ ရေးသားပေးထားပါတယ်။)...
