ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Sci-Fi Vixens from Beyond (2024) ⭐IMDB: 5.5/10 (20 Votes) 🎬 #Adult #Horror #Romance #ScienceFiction #SciFi 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 15 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (၁၈ ယောက်စုကြည့်ရမယ့် ဇာတ်လမ်းဖြစ်တဲ့အတွက် မိသားစု/ကလေးများ ကြည့်ရှုရန် မသင့်ပါ) တခြားဂြိုလ်ကနေ ကမ္ဘာမြေ ဂြိုလ်စနစ်ထဲကို ရောက်ရှိလာတဲ့ ပရော်ဖက်ဆာနဲ့ ကျောင်းသူလေး။ ကျောင်းသူလေးကို ကမ္ဘာမြေ ယဉ်ကျေးမှုဘာညာအကြောင်း စာတမ်းရေးခိုင်းတယ် ဒါကြောင့် သူ့ကို ကမ္ဘာမြေပေါ် သွားလည်ပတ်ခွင့် ပြုမယ်ပေါ့။ အဲဒီမှာတင် ဂြိုလ်သားကျောင်းသူလေး ကမ္ဘာမြေအကြောင်း သိမှတ်စရာတွေ ယူပြီး ကမ္ဘာမြေပေါ် ရောက်ခဲ့ရာကနေ ယောက်ျားလေး ၁ ယောက် မိန်းကလေး ၂ ယောက်နဲ့ ဆက်တွေ့ပြီး ဘာတွေဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TRA ပဲဖြစ်ပါတယ်။)...
Songs of Earth (2023) ⭐IMDB: 7.1/10 (812 Votes) 🎬 #Biography #Documentary 🗓 2023 🎞 movie 🌎 #Norway ⏰ 1 နာရီ 34 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Songs of Earth (2023) IMDb Rating (7.1) / Rotten Tomatoes (100%) “Song of the Earth” (2023, Norway) Documentary ဟောဒီ ရုပ်သံမှတ်တမ်းက နော်ဝေရဲ့ အံ့ချီးလောက်စရာ အလွန်ထူးခြားတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုအကြောင်းပါပဲ။ လွန်လွန်ကျူးကျူးပြောရရင် အိပ်မက်မြေလို့ခေါ်နိုင်မယ့် သဘာဝအလှတွေ ပတ်ဝန်းကျင်တွေနဲ့ လူသားတို့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ အနက်ရှိုင်းဆုံးသရုပ်ဖော်ထားတဲ့ မှတ်တမ်းတစ်ခုပါ။ ဒီမှတ်တမ်းရုပ်ရှင်မှာ ကျောက်တုံးထူထပ်တဲ့ တောင်တန်းများကနေ ရေခဲတောင်တွေဖြစ်လာပုံတွေ၊ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝတရားရဲ့ ကောင်းကျိုးဆိုးကျိုးများကိုပါ ပြသပေးထားတာမလို့ သဘာဝရဲ့ လှပမှုနဲ့ တန်ဖိုးကို လူတွေစိတ်ဝင်စားအောင် သွေးဆောင်နိုင်တဲ့မှတ်တမ်းရုပ်ရှင်ဆိုလည်း မမှားပါဘူး။ သဘာဝအပေါ်ကို လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် ဘယ်လိုသက်ရောက်မှုတွေရှိလာတယ်ဆိုတာရယ်၊ ပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်ရတယ်ဆိုတာနဲ့ပတ်သက်ပြီး သဘောထားတစ်ရပ် လူကြီးမင်းရင်မှာ အမြစ်တွယ်စေမှာလည်း ဖြစ်ပါတယ်။ ဒီမှတ်တမ်းကို ဘာလို့ကြည့်သင့်လဲလို့ မေးလာရင်တော့ နော်ဝေနိုင်ငံရဲ့ သဘာဝတရားအပေါ် ဘယ်လိုထိန်းသိမ်းထားသလဲဆိုတဲ့ မူဝါဒကိုမြင်နိုင်မယ်။ သဘာဝပတ်ဝန်းကျင်ထဲမှာ ရာသီဥတုပြောင်းလဲမှုအပေါ် လူသားတို့လုပ်ရပ်တွေက ဘယ်လို သက်ရောက်မှုမျိုးဖြစ်စေတယ်ဆိုတာ လေ့လာနိုင်ပြီး ကမ္ဘာ့အနာဂတ်အပေါ်မှာ အာရုံစိုက်မှုတစ်ခုကို ဖော်ကျူးနိုင်လို့ပါ။ ဆွစ်ဇာလန်ကိုပဲ လှတယ်လို့သက်မှတ်ထားရင် ဒီမှတ်တမ်းရုပ်ရှင်ထဲက နော်ဝေရဲ့ တောင်တန်းတွေ ရေခဲတောင်တွေ၊ သိပ်ကိုပြေပြစ်အချိုးကျတဲ့ မြက်ခင်းတွေရဲ့အလှတရားကို ခံစားကြည့်လိုက်ပါဦးနော်။ ဒီမှတ်တမ်းထဲမှာတော့ သမီးနဲ့ အဖေတို့နှစ်ယောက်သား တစ်နှစ်တာ အတူစကားပြော၊ အတိတ်တွေဖလှယ်ပြီး နေထိုင်ရာမြေသမိုင်း၊ မိသားစုနောက်ခံသမိုင်းတွေ ပြန်လှန်ပြောပြသွားတာ တွေ့ရမှာပါ။ လှပတဲ့ရှုခင်းများနဲ့ ဗဟုသုတများ ပေးစွမ်းနိုင်တဲ့မှတ်တမ်းရုပ်ရှင်မလို့ ရွေးချယ်ကြည့်ရှုသင့်ပါကြောင်း။ (အညွှန်းနဲ့ဘာသာပြန်ကတော့Arr Khun Winchesterပဲဖြစ်ပါတယ်။)...
State of Impurity (2022) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2022 🎞 movie 🌎 #Argentina #Spain ⏰ 2 နာရီ 23 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 State of Impurity (2022) Estado impuro ဒီတစ်ခါမှာတော့ hispanic အရှုပ်တော်ပုံဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ဒီရုပ်ရှင်က အာဂျင်တီးနား Indie ရုပ်ရှင်အမျိုးအစားလေးဖြစ်ပြီး အဖော်အချွတ်တွေပါဝင်တာကြောင့် မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ ဇာတ်လမ်းကတော့ မိတ်ဆွေသူငယ်ချင်း စုံတွဲသုံးတွဲ မိတ်ဆုံစားတဲ့ပွဲကနေ တော်ကီတွေပစ်ကြရင်း ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုအပေါ် အခြေခံထားတာဖြစ်ပါတယ်။ဒီစုံတွဲထဲက တစ်တွဲဟာ တခြားသူတွေနဲ့ ခံယူချက်မတူဘဲ တစ်လင်တစ်မယားစနစ်အကြောင်းနဲ့ ပတ်သက်ပြီး စကားစစ်ထိုးရာကနေနောက်ထပ် ဘယ်လိုမျိုး အခြေအတင်တွေ ဖြစ်လာဦးမလဲဆိုတာကို Indie ဖလင်တို့ထုံးစံအတိုင်း အတွေးများများ တော်ကီများများနဲ့တင်ဆက်ထားပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)...
Videoverse: Mixtape (2023) ⭐IMDB: 6.2/10 (53 Votes) 🎬 #Adult #Fantasy 🗓 2023 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 11 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating (6.2) *ဗီဒီယို ကမ္ဘာ* ပုံမှန် အလွမ်းအဆွေး အချစ်ဇာတ်လမ်း အက်ရှင်ကားတွေရိုးလာရင် ဒါမျိုး Fantasy ကားလေးတွေ အပျင်းပြေကြည့်ကြည့်ပါ။ ဇာတ်ကားတစ်ကားထဲမှာ ဇာတ်ကြောင်း ၃ ခုကိုထည့်သွင်းယှဉ်တွဲပြထားတာတဲ့ ပုံစံမျိုးလေးပါ။ ဒါပေမဲ့ ပေးချင်တဲ့အသိမက်ဆေ့က တစ်ခုထဲပါ။ No man is an island ဆိုတဲ့စကားအတိုင်း မိတ်ဆွေအပေါင်းအသင်းတွေဟာ ကျွန်တော်တို့အတွက် အရေးကြီးကြောင်း ပေါ့ပေါ့ပါးပါး မီးမောင်းထိုးပြသွားတဲ့ဇာတ်လမ်းလေးပါ။ ဇာတ်ကြောင်းလေးတွေကိုတော့ အမျိုးသမီးအချော အလှလေးတွေကို ကြည့်ရင်း ဆက်လက်ခံစားစေလိုပါတယ်။ sex scene မပါပေမဲ့ အဖော်အချွတ်အခန်းလေးတွေ အနည်းငယ်ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ရန်တော့ မသင့်လျော်ပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna ဖြစ်ပါတယ်။)...
Sanam Teri Kasam (2016) ⭐IMDB: 7.6/10 (17 k Votes) 🎬 #Bollywood #Drama #Musical #Romance 🗓 2016 🎞 movie 🌎 #India ⏰ 2 နာရီ 34 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sanam Teri Kasam (2016)================= imdb 7.6/17k 2016ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဇာတ်အိမ်ရိုးရိုးလေးနဲ့ကြည့်ဖူးသူတိုင်း မျက်ရည်မကျရင်တောင် ရင်ထဲထိစေမဲ့ဇာတ်လမ်းလေးတပုဒ်ကို quality udpateရင်း ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်…. ရှေးရိုးစွဲတွေရှိလွန်းတဲ့ အာရှယဉ်ကျေးမှုကြား လူငယ်စုံတွဲတွေအသည်းခဏခဏကွဲရတာကို စာအုပ်ထဲမှာဖြစ်စေ အပြင်လောကမှာဖြစ်စေကိုယ်တွေ့ဖြစ်ဖြစ် ကြုံဖူးကြမှာပါ ဒီရုပ်ရှင်လေးကလဲ ရှေးရိုးစွဲတွေနဲ့ အပေါ်ယံပုံစံကိုပဲ ကွက်မြင်တတ်တဲ့လူမျိုးတွေကြောင့် နာကျင်ခဲ့ရတဲ့ ချစ်သူစုံတွဲလေးကိုရိုးရိုးရှင်းရှင်းရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပါ… ဇာတ်လမ်းသဘောကိုတော့ အားလုံးသိပြီးသားပဲမလို့အထူးတလည် ညွှန်းဆိုပြန်ရေးမပြနေတော့ပါဘူး. Quality ကိုလဲ Blu Ray ပြန်လည်တင်ဆက်ထားတာမို့သိမ်းထားဖို့ပဲဖြစ်ဖြစ် မိုးအေးအေးနဲ့ခံစားချင်လို့ပဲဖြစ်ဖြစ်ပြန်လည်ဒေါင်းလော့ဆွဲပြီး ကြည့်ရှုခံစားကြည့်ဖို့တော့ညွှန်းလိုက်ပါရစေ...
An American Werewolf in London (1981) ⭐TMDB: 74% User Score 🎬 #Comedy #Horror 🗓 1981 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror နဲ့ Comendy ကို သေချာပေါင်းစပ်ရိုက်ကူးထားပြီး သူ့ခေတ်ရဲ့ မိတ်ကပ်နည်းပညာနဲ့ အကောင်းဆုံး werewolf transformation အခန်းတစ်ခုကို ရိုက်ပြသွားခဲ့တဲ့အပြင် အကောင်းဆုံးမိတ်ကပ် အော်စကာဆုကို ရရှိခဲ့တဲ့ သမန်းဝံပုလွေရုပ်ရှင်ကားကောင်းတကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် ကောလိပ်ကျောင်းသားနှစ်ယောက်ဖြစ်တဲ့ ဂျက်ခ်နဲ့ ဒေးဗစ်တို့ ဗြိတိန်ကိုခရီးထွက်လာကြရင်း လပြည့်ညမှာ သမန်းဝံပုလွေ တိုက်ခိုက်တာခံလိုက်ရပါတယ်။ ဂျက်ခ်ကတော့ သေသွားခဲ့ပေမဲ့ ဒေးဗစ်ကတော့ ဆေးရုံမှာပြန်နိုးလာခဲ့ပြီး ဒဏ်ရာအလိမ်းလိမ်းနဲ့အသားတွေပဲ့ကျနေတဲ့ ဂျက်ခ်က သမန်းဝံပုလွေကျိန်စာကြောင့် undead ဘဝကနေမလွတ်မြောက်နိုင်တဲ့အကြောင်းအပြင် သမန်းဝံပုလွေ မျိုးဆက်ကိုဖြတ်နိုင်မှ ကျိန်စာပြယ်မဲ့အကြောင်း လာပြောတဲ့ အိပ်မက်ဆိုးတွေမက်နေခဲ့ပါတယ်။ ဒေးဗစ်ကရော ဂျက်ခ်ပြောခဲ့သလို သမန်းဝံပုလွေ ကျိန်စာကို ပြယ်အောင်လုပ်နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ သွေးထွက်သံယိုပြကွက်တွေပေါပေါများများပါဝင်လို့ ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်ပါဘူး။...
An American Werewolf in Paris (1997) ⭐TMDB: 60% User Score 🎬 #Comedy #Fantasy #Horror 🗓 1997 🎞 movie 🌎 #France #Germany #Luxembourg #Netherlands #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1981 ခုနှစ်မှာထွက်ရှိခဲ့တဲ့ An American Werewolf in London ရဲ့ sequel ရုပ်ရှင်ဖြစ်ပြီး ဒီတကြိမ်မှာတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ 1981 ရုပ်ရှင်အပြီး လန်ဒန်မြို့မှာ ဒေးဗစ် ကတ်စလာ ေ-သဆုံးသွားခဲ့တဲ့နောက် ဒေးဗစ်ရဲ့ ချစ်သူ အဲလက်စ် ပရိုက်စ်က ဒေးဗစ်နဲ့ရခဲ့တဲ့ သမီးလေး ဆာရာဖင်းနဲ့အတူ ပဲရစ်မြို့ကိုပြောင်းနေခဲ့တာကနေ ဆာရာဖင်းအရွယ်ရောက်လာပြီးနောက်ပိုင်းကို ဇာတ်လမ်းဆက်ထားတာပါ။ 1981 ရုပ်ရှင်ကိုပဲကျောရိုးယူထားပြီး ရိုက်ကူးထားတာဖြစ်ပေမဲ့ အထူးပြုလုပ်ချက်တွေ ၊ မိတ်ကပ်တွေက 1981 ရုပ်ရှင်ကို မမှီဘူးဆိုပြီး ဝေဖန်မှုတွေရှိခဲ့တဲ့ ရုပ်ရှင်ကားပဲဖြစ်ပေမဲ့လည်း ကောင်း၊ မကောင်းကိုတော့ ကိုယ်တိုင်ကြည့်ပြီးမှ ဆုံးဖြတ်လိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေပေါပေါများများပါဝင်လို့ ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်ပါဘူး။...
Succubus (2024) ⭐IMDB: 4.5/10 (438 Votes) 🎬 #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Olivia Grace Applegate ၊ Ron Perlman စတဲ့နာမည်ကြီး သရုပ်ဆောင်တွေပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ခရစ်တိုဖာက သူထောင်ထားတဲ့ကုမ္ပဏီကပြိုလဲ ၊ ဇနီးသည်ကလည်း ကွာရှင်းမယ့်အခြေအနေဖြစ်နေပြီး စိတ်ဓာတ် အတော်ကျဆင်းနေပါတယ်။ အဲ့အချိန်မှာ အိမ်ထောင်ကွဲထားတဲ့ အချစ်ဆုံးသူငယ်ချင်း အက်ဒီက သူ့အိမ်ထောင်ရေးအကြံပေးချက်အတိုင်း စိတ်ညစ်တာတွေပြေပျောက်သွားဖို့ လိုင်းပေါ်ကအလန်းဇယားတွေကို ရှာခိုင်းပါတယ်။ ဇနီးသည်နဲ့ခဏတာအဆင်မပြေတဲ့ကာလပဲမို့လို့မလုပ် ချင်ပေမယ့် အက်ဒီရဲ့အတင်းအကျပ်တိုက်တွန်းမှုကြောင့် dating app တစ်ခုမှာအကောင့်ဖွင့်လိုက်ပါတယ်။ လိုက် add နေရင်းနဲ့ ဆော်လေး တစ်ပွေနဲ့ဆုံဖြစ်ပြီး စကားပြောဖြစ်တယ်။ ခဏအကြာမှာ ဒေါက်တာ ဇက်ဖာဆိုတဲ့အကောင့်တစ်ခုက ခရစ်တိုဖာကို လက်ရှိစကားပြောတဲ့ ကောင်မလေးကိုထပ်မဆက်သွယ်ဖို့နဲ့ ကောင်မလေးက အန္တရာယ်ရှိကြောင်း လာသတိပေးတယ်။ ခရစ်တိုဖာက ဒေါက်တာဇက်ဖာရဲ့စကားကိုမယုံတဲ့ အခါမှာတော့...
The Last Queen (2022) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Adventure #Drama #History 🗓 2022 🎞 movie 🌎 #Algeria #France #Qatar #SaudiArabia #Taiwan ⏰ 1 နာရီ 53 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Last Queen (2023) ~ IMDb – 6.4/10, Rotten Tomatoes – 60% ~ ဒဏ္ဍာရီလိုလို ဖြစ်ရပ်မှန်လိုလို ရှိခဲ့တဲ့ အယ်လ်ဂျီးယားနိုင်ငံက မင်းသမီး ဇာဖီယာရဲ့အကြောင်းပါ။ အမျိုးသမီးတွေနေရာမရတဲ့ ရှေးခေတ်မူဆလင်အသိုင်းအဝိုင်းမှာ ဘုရင်မ ဖြစ်ခဲ့တဲ့သူတစ်ယောက်ပေါ့။ သူက အယ်လ်ဂျီးယားနိုင်ငံက ဘုရင်ရဲ့ ဒုတိယမြောက်မိဖုရား၊ ပင်မနန်းတော်မှာတောင် နေခွင့်မရတဲ့သူပါ။ အယ်လ်ဂျီးယားကို စပိန်တွေ ကျူးကျော်တဲ့အချိန် ဘုရင်က ပင်လယ်ပျော် အာရုဂ်ျဘာဘာရိုဆာရဲ့ အကူအညီနဲ့ စပိန်တွေကိုတိုက်ထုတ်တယ်။ပင်လယ်ဓားပြ အာရုဂ်ျက နန်းတော်ကို ရောက်တော့ ဘုရင်ကိုလုပ်ကြံပြီး ထီးနန်းယူဖို့ကြံတယ်။ အဲဒီအချိန်မှာ မိဖုရားခေါင်ကြီးက ထွက်ပြေးသွားပြီး ဇာဖီယာက နန်းတော်မှာကျန်ခဲ့ပြီး ပြည်သူတွေရဲ့ အချစ်ကို ရခဲ့တဲ့အတွက် ဘုရင်မဖြစ်လာပါတယ်။ ဇာဖီယာက နန်းသက်သိပ်မကြာပေမဲ့ ဘုရင်မ (ဆူလ်တန်နာ) ဖြစ်ခဲ့တဲ့အကြောင်းလေးပါ။ သမိုင်းဒရာမာဖန်တွေ ကြည့်သင့်တဲ့ အယ်လ်ဂျီးယားကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Demonte Colony (2015) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Bollywood #Horror #Thriller 🗓 2015 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Demonte Colony (2015)“ဒီမွန့်စံအိမ်ကြီး” IMDb 7.0 တမီးလ် horror ရုံတင်ကားဟောင်းလေးကိုတောင်းဆိုမှုလေးတွေရှိနေတာဖြစ်တဲ့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် မကြာသေးခင်ကမှ ဒုတိယကားထွက်ထားတာဖြစ်ပြီး အဲဒီကားကိုလည်း တင်ဆက်ပေးခဲ့ပြီးပါပြီ ဇာတ်လမ်းအကျဥ်းကတော့ ရုပ်ရှင်ရိုက်ချင်ပေမယ့် ပရိုဂျူဆာရှာမရတဲ့ ရာဂါဗာ၊အလုပ်မှာအဆင်မပြေတဲ့ စက်ပြင်သမားဆာဂျစ်၊ အယ်ဒီတာတစ်ယောက်ဖြစ်တဲ့ဗီမယ်နဲ့ ကြုံရာကျပန်းလုပ်တဲ့ ဆရီနီတို့ … သူငယ်ချင်းလေးယောက်သား တစ်ညမှာ စိတ်ပြေလက်ပျောက် အရက်သွားသောက်ကြပြီးအိမ်ကိုတန်းမပြန်ဘဲ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဒီမွန့်စံအိမ်ကြီးကို ရောက်သွားပါတယ်အကောင်းပကတိအိမ်ပြန်ရောက်ခဲ့ပေမယ့် မကောင်းဆိုးဝါးဝိညာဥ်ပါ ကပ်ပါလာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာ CM ပရိသတ်ကြီး ဆက်လက်ခံစားလိုက်ကြပါဦး ဒါပြီးလို့ရှိရင် ဇာတ်အိမ်လည်းပိုကျယ်ပြီး ပိုအောင်မြင်ခဲ့တဲ့ ဒုတိယကားပါ ဆက်လက်အားပေးကြပါဦးခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ KKKZ ~ ToMo ~ Alex ~ Bluri တို့ပဲ ဖြစ်ပါတယ်...
Demonte Colony 2 (2024) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Bollywood #Thriller #Horror 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Demonte Colony 2(2024)”ဒီမွန့် စံအိမ်ကြီး အပိုင်း ၂” ============================================= IMDb 7.7 ရရရှိထားတဲ့ တမီလ်စကားပြောရုံတင်ရုပ်ရှင်ကားတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့Demonte Colony ရုပ်ရှင်ရဲ့ တိုက်ရိုက်အဆက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုလည်း ပထမ Demonte Colony ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ အာဂ်အဂျေးဂါနန်နာမူသူကပဲဆက်လက်ရိုက်ကူးထားတာဖြစ်ပဲ ပထမရုပ်ရှင်မှာရခဲ့တဲ့သည်းထိတ်ရင်ဖိုသရဲကားဆိုတဲ့အရသာကို ဆက်လက်ပေးစွမ်းနိုင်ဆဲပါပဲ။ ဒီ နံပါတ် ၂ မှာတော့ ဆုံးပါးသွားတာ ခြောက်နှစ်ရှိပြီဖြစ်တဲ့ ခင်ပွန်းအတွက် ဖြေမဆည်နိုင်သေးတဲ့ဒယ်ဘီဆိုတဲ့မိန်းကလေးဟာ သဘာဝလွန်အစီအရင်တွေသုံးကာ ခင်ပွန်းဖြစ်သူနဲ့ ဆက်သွယ်ဖို့ကြိုးစားရင်းလူတစ်ယောက်နဲ့တွေ့ကာ ဒီမွန့်စံအိမ်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ကြပုံကို မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Roman Holiday (2017) ⭐TMDB: 68% User Score 🎬 #Comedy #Crime #Drama 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Roman Holiday (2017)******************** လူမိုက်လုပ်နေပေမဲ့ နဂိုစိတ်ထားက အရမ်းကောင်းနေကြတော့… ပြန်ပေးဆွဲတာတောင် ဓားစာခံတွေကို ပျော်အောင်ထားပေးမယ့်… သူငယ်ချင်းသုံးယောက်ရဲ့ ကိုရီးယားဟာသ ဇာတ်ကားလေးဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ movie ပေါင်းများစွာမှာ ပါဝင်ခဲ့ကြတဲ့ မင်းသားတွေဖြစ်တဲ့… Im Chang Jung နဲ့ Gong Hyung Jin တို့အပြင်… ဟာသcharacter တွေနဲ့ လူသိများတဲ့ မင်းသား Jung Sang Hoon တို့က.. သုံးယောက် squad အနေနဲ့ chemistry မိမိပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း————– အင်ဟန် (Im Chang Jung), ဂီဂျူ (Gong Hyung Jin)နဲ့ ဒူမန် (Jung Sang Hoon) တို့က.. ငယ်ငယ်ကတည်းက မိဘမဲ့ကျောင်းမှာ ခင်မင်ခဲ့ကြတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေပါ။ မိဘတွေမရှိဘဲ ကြီးပြင်းလာကြတဲ့ သူတို့အတွက် တခြားငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေ မရှိပေမဲ့.. ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် အမြဲဘေးမှာအဆင်သင့်ရပ်တည်ပေးခဲ့ကြတဲ့… ညီအစ်ကိုလိုသူငယ်ချင်းတွေတော့ ပိုင်ဆိုင်ခဲ့ကြတယ်။ တစ်နေ့မှာတော့ သူတို့သုံးယောက်က.. ပိုက်ဆံသယ်လာတဲ့ ကုန်တင်ကားတစ်စီးကို ဓားပြတိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဓားပြတိုက်တဲ့နေရာမှာ အောင်မြင်သွားခဲ့ပေမဲ့ ရဲတွေကချက်ချင်း သူတို့နောက်ကနေလိုက်ဖမ်းကြတော့ .. “Roman Holiday”ဆိုတဲ့ နိုက်ကလပ်ထဲကို ဝင်ပုန်းနေဖို့ရာ ဖြစ်လာခဲ့တယ်။ နိုက်ကလပ်ထဲမှာရှိတဲ့သူတွေကို သူတို့ရဲ့ဓားစာခံတွေအနေနဲ့ အသုံးချပြီး… ရဲတွေနဲ့ဘယ်လိုညှိနှိုင်းမှုတွေ ပြုလုပ်သွားကြမလဲ။ ဓားစာခံတွေကရော နိုက်ကလပ်ထဲမှာ… ဘယ်လိုရှင်သန်ကြမှာလဲ။ ရဲတွေကရော ဓားစာခံတွေကို ကယ်တင်ဖို့ ဘယ်လိုကြိုးစားကြပြီး… ပြန်ပေးသမားတွေနဲ့ ဘယ်လိုညှိနှိုင်းကြမလဲဆိုတာ ဒီကားလေးမှာ ကြည့်ရှုလိုက်ပါဦးနော်… ဓားပြတိုက်တာတွေ ပြန်ပေးဆွဲတာတွေပါလို့ မှုခင်းကားကြီးလို့ မထင်လိုက်ပါနဲ့နော်…. ဟာသတွေနဲ့မို့လို့ စိတ်အပန်းဖြေဖို့ ပေါ့ပေါ့ပါးပါး ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက်… ကွက်တိဖြစ်မယ့်ဇာတ်ကားလေးဆိုတာ အာမခံပါတယ်…. ဇာတ်လမ်းအညွှန်းကို Vanessa မှရေးသားထားပါတယ်။...
Fashion King (2014) ⭐IMDB: 5.3/10 (386 Votes) 🎬 #Comedy #Drama #Youth #Romance 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 52 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fashion King (2014)******************* ဒီတစ်ခေါက်မှာတော့ အားလုံးပေါ့ပေါ့ပါးပါးနဲ့ ကြည့်နိုင်မဲ့… comedy ကားေဟာင်းလေးကို တင်ဆက်ပေးသွားပါ့မယ်ရှင့်။ Midnight Studioမှ မင်းသားချော Joo Wonမှ… အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး… အားလုံးသိကြတဲ့ Ahn Jae Hyeon, Park Se Youngတို့အပြင် Sulliကိုပါ အလွမ်းပြေ မြင်တွေ့ကြရမှာဖြစ်ပြီး… ဇာတ်ပို့ဇာတ်ရံများကအစ ကေဒရမ်မာဖန်ဆို သိမှာအသေအချာပါပဲနော်။ ဇာတ်လမ်းအကျဉ်း —————– အူဂီမြောင်ဟာ အထက်တန်းကျောင်းမှ အပယ်ခံတစ်ယောက်ဖြစ်ပြီး.. ဘဝကိုဖြစ်သလို သူရဲဘောကြောင်စွာဖြတ်သန်းနေရင်းကမှ… သဘောကျရတဲ့သူပေါ်လာပါတော့တယ်။ ထိုမိန်းကလေးနဲ့ တွဲနိုင်ဖို့ မိမိအဆင့်အတန်းကို မြှင့်တင်ဖို့ရာမှ.. ဖက်ရှင်ဘုရင်အဖြစ်ဝင်ပြိုင်ရန် ဆုံးဖြတ်ပြီး.. အပြင်းအထန်ကြိုးစားပုံများကို မြင်တွေ့ရရုံသာမက… ဖက်ရှင်လောက၏ အကြောင်းအရာများ အပြိုင်အဆိုင်များ.. ဇာတ်ဆောင်များ၏ ပြိုင်ဆိုင်မှုများကို ဟာသလေးနှောရင်း… ကြည်နူးစွာ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကို Khin Ni မှ ရေးသားပေးထားပါတယ်...
In Her Place (2014) ⭐IMDB: 6.8/10 (176 Votes) 🎬 #Drama #Family #Life 🗓 2014 🎞 movie 🌎 #Canada #SouthKorea ⏰ 1 နာရီ 56 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 In Her Place (2014)******************* ဒီတစ်ခါမှာတော့ ဒရမ်မာတစ်လိုင်းဇာတ်အေးဇာတ်ငြိမ်လေးကြိုက်တဲ့ပရိသတ်တို့အတွက်… Drama, Adoption အမျိုးအစားလေးတစ်ကားကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးထဲမှာတော့..Pyramid Game(2024)က အလုပ်ထွက်သွားတဲ့ဆရာမလေးနဲ့.. ဘဲ့ဟာရင်းရဲ့အဖွားအဖြစ်သရုပ်ဆောင်ခဲ့ကြတဲ့ Ahn Ji Hye၊ မင်းသမီးကြီး Yoon Da Kyung တို့အပြင်.. အခြားသောအနုပညာရှင်များဖြစ်ကြတဲ့ Gil Hae-Yeon, Chang Hwan Kim, Kim Gyeong-ikတို့… အဓိကပါဝင်ပြီး သရုပ်ဆောင်ထားကြပါတယ်။ Canadian Screen Awards မှာ nomination ဝင်ခဲ့ဖူးတဲ့ရုပ်ရှင်ဖြစ်ပြီး… ကနေဒါရုပ်ရှင်ဒါရိုက်တာ Albert Shin ရဲ့လက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း————– ဆိုးလ်မြို့ပေါ်ကချမ်းသာတဲ့လင်မယားဟာ ကျေးလက်ဒေသလေးတစ်ခုမှာနေတဲ့… သားအမိဆီကိုလျှို့ဝှက်စွာရောက်ရှိလာကြပါတယ်။ အကြောင်းကတော့ ဆက်ကျော်သက်ကောင်မလေးရဲ့ကိုယ်ဝန်ကိုစောင့်ယူပြီး… ကလေးကိုမွေးစားကြဖို့အတွက်ပါ။ ကိုယ်ဝန်လွယ်ထားစဥ်တစ်လျှောက်လုံး.. အတူနေပြီးစောင့်ကြည့်လိုက်တဲ့အခါမှာတော့… သူတို့သဘောတူညီချက်တွေနဲ့ ကွဲလွဲနေတဲ့အပြင် ကောင်မလေးကလည်း တစ်ခုခုမှားယွင်းနေတာကိုသိလာတော့တယ်။ စီစဥ်ထားကြတဲ့အတိုင်းကလေးမွေးလာပြီး..ကိစ္စတွေအဆင်ချောစွာနဲ့ပြီးဆုံးသွားပါ့မလား။ ဘယ်လိုအလှည့်အပြောင်းဖြစ်လာဦးမလဲဆိုတာ…ကြည့်ရှုလိုက်ကြရအောင်နော်။ ဇာတ်လမ်းအညွှန်းကို HAN မှ ရေးသားပေးထားပါတယ်...
The Tooth and the Nail (2017) ⭐IMDB: 6.3/10 (294 Votes) 🎬 #Drama #Mystery #Thriller 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Tooth and the Nail (2017) ****************************** 2017 ခုနှစ်မှာ ပြသခဲ့ပြီး Thriller Mystery အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လေးမှာတော့ Ko Soo, Kim Ju Hyeok, Park Sung Woong, Moon Sung Geun နဲ့ မင်းသမီး Lim Hwa Youngတို့လို နာမည်ကြီး မင်းသား မင်းသမီးတွေက အဓိကပါဝင်ထားကြပါတယ်။ ဂျပန်ကိုလိုနီခေတ်ကနေ လွတ်လပ်ရေးရပြီးစကာလ ငွေစက္ကူအတုဖြန့်ချီမှု များပြားတဲ့ကာလကို နောက်ခံထားရိုက်ကူးထားပြီး မှုခင်းအကြောင်းအရာပါတဲ့ ဇာတ်လမ်းမို့ သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့.. အီဆော့ဂျင်ဟာ ငယ်ငယ်ကတည်းက ဆက်ကပ်မှာရောင်းစားခံရပြီး ကြီးပြင်းလာတဲ့ မျက်လှည့်ဆရာတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ပဟေဠိဆန်တဲ့ မိန်းမလှလေး ဂျောင်ဟာယောင်းနဲ့ ချစ်ကျွမ်းဝင်ပြီး လက်ထပ်ခဲ့ကြပါတယ်။ ခြေဦးတည့်ရာလျှောက်သွားရင်း ဖျော်ဖြေရတဲ့ ဖျော်ဖြေရေးသမားမို့ ဂျောင်ဟာယောင်းရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘူဆန်ကိုပြန်ပြီး ဖျော်ဖြေဖို့ သွားတော့တယ်။ ဒါပေမဲ့ ဘူဆန်ကိုပြန်ရောက်တဲ့အခါ အိုကာမိုထို ရှီဂယ်ရူလို့ခေါ်တဲ့ လူဆီကနေ စာတစ်စောင်ရရှိပြီးနောက် ဇနီးဖြစ်သူ ဂျောင်ဟာယောင်းက အသတ်ခံလိုက်ရတဲ့အခါ.. ဇနီးဖြစ်သူအသတ်ခံရတာက ငွေစက္ကူအတုလုပ်တဲ့ကြေးပြားတွေနဲ့ ဆက်စပ်နေမှန်း သိသွားပြီးနောက် အီဆော့ဂျင်ဟာ အိုကာမိုထို ရှီဂယ်ရူကို လိုက်ရှာပြီး ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်ပေမဲ့… ငွေကြေးချမ်းသာပြီး အဆက်အသွယ်များတဲ့ အိုကာမိုထိုအနားကို သာမန်မျက်လှည့်ဆရာလေးက ဘယ်လိုချဥ်းကပ်ပြီး လက်စားချေသွားမလဲ..။ ဂျောင်ဟာယောင်းရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ..။ ကြေးပြားတွေကိုရော ပြန်ရှာတွေ့နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ရအောင်နော်။...
Willie and Me (2023) ⭐IMDB: 5.0/10 (127 Votes) 🎬 #Adventure #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #Germany #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Willie and Me (2024) သူမနာမည်က ဂရေတာတဲ့ ဂျာမန်သူလေး….. ငယ်ငယ်ကတည်းက လင်ကံမကောင်းတဲ့အမေဖြစ်သူနဲ့ နေလာရတော့ မိဘမေတ္တာငတ်ရှာတဲ့ သူမအတွက် ကမ္ဘာတစ်ဖက်ခြမ်းက ဝီလီနယ်လ်ဆန်ဆိုတဲ့ နာမည်ကျော် အမေရိကန်ကန်းထရီးအဆိုတော်ရဲ့ သီချင်းတွေက သူမရဲ့အဖော်ပဲ။ ဝီလီသီချင်းတွေက သူမဘဝကို နေပျော်စေသလို သူမအမေကိုလည်း နေပျော်စေချင်တဲ့အတွက် ရေဒီယိုမှာ ဝီလီသီချင်းတွေလာတိုင်း အမေ့ကို နားဆင်စေတယ်။ ဒါပေမဲ့ သူ့အမေက သေကြောင်းကြံသွားတဲ့အခါ သူမဟာ ဝီလီရဲ့သီချင်းကို လုံးဝနားမထောင်တော့ဘူး။ အခုတော့ သူ့မဟာ အိမ်ထောင်အတည်တကျ သက်လတ်ပိုင်းအမျိုးသမီးလေးဖြစ်နေပါပြီ။ အချစ်မခံခဲ့ရတော့ သူတို့အိမ်ထောင်ရေးမှာ အချစ်ဆိုတာ ရှိလား မရှိလားဆိုတာ သူမသိရှာ။ သူ့ယောက်ျားကလည်း ဥစ္စာခြောက် မာနခဲ၊ တစ်နေ့တစ်နေ့ မယားဝတ္တရားကျေပွန်အောင်လုပ်ပြီး ဘဝကိုဖြတ်သန်းနေရာက နှစ်ပေါင်းများစွာကြာမှ ရုတ်တရက်ဆိုသလို ဝီလီရဲ့သီချင်းတွေက ရေဒီယိုမှာ ပြန်ပေါ်လာခဲ့တယ်။ နောက်ဆုံးနှုတ်ဆက်ဖျော်ဖြေပွဲတဲ့ လက်စ်ဗီးဂတ်မှာ ကျင်းပမှာတဲ့။ ဂရေတာတစ်ယောက် မီးစဟောင်းလေး ပြန်တောက်လောင်လာခဲ့တယ်။ သူမ ဘဝမှာ ဝီလီ့ကို မသေခင် တစ်ခါလောက်တော့ သွားတွေ့မှဖြစ်မယ်လို့ အတွေးပေါက်ဟန်တူတယ်။ တခါမှ မတောင်းဆိုဖူးတဲ့ ဂရေတာတစ်ယောက် သူမသူ့ယောက်ျားကို လက်စ်ဗီးဂတ်ကို လိုက်ပို့ပေးဖို့ပြောပေမဲ့ သကောင့်သားက လိုက်မပို့ပေးတော့… သူ့ယောက်ျား သည်းသည်းလှုပ် ပေါ့ရှ်ကားကို ယူရို ၇၅၀၀ နဲ့ ရောင်းစားပြီး အမေရိကကို ခြေဆန့်လာခဲ့တယ်။ ရောက်တာဖြင့်မကြာ လော့စ်အန်ဂျလိစ်မှာ ရှိစုမဲ့စု ငွေထုပ်ခိုးခံရ… လက်စ်ဗီးဂတ်က ဝီလီ့ဖျော်ဖြေပွဲက ရက်ပိုင်းအတွင်း စတော့မှာ သူမလက်ထဲ ခြူးတစ်ပြားတောင် မရှိဘူးဆိုတော့….ဘယ်လိုတွေဆက်ဖြစ်မလဲ….. ကျွန်တော်ကတော့ ကန်းထရီးသီချင်းသံလေး နားထောင်ပြီး ဘာသာပြန်နေရင်း နွေပူပူ တံလျှပ်ထနေတဲ့ အမေရိကန်အဝေးပြေးလမ်းပေါ်မှာ အိပ်မက်ပျောက်ရှာနေတဲ့ လူငယ်ဖြစ်သွားသလို ခံစားရတယ်။ ဒီဇာတ်ကားလေးက nostalgic ဖြစ်ပြီးတော့ အမေရိကန်အိပ်မက်ရေးရေးလေးကို ကြည့်နေရသလိုပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ပဲဖြစ်ပါတယ်)...
Re-LOVE (2022) ⭐TMDB: 60% User Score 🎬 #Drama #Melodrama #Romance 🗓 2022 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 35 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Re-Love (2022)************** ဒီကားလေးမှာတော့ Breathlessဆိုတဲ့ရုပ်ရှင်ကိုရိုက်ကူးတဲ့ ဒါရိုက်တာမင်းသားကြီး Yang Ik Joon နဲ့ … The Uncanny Counter ထဲက မင်းသားကြီး Yoo Joon Sang တို့အပြင်… Im Seon Woo, Kim Sae Byeok, Kim Joon Han နဲ့ Chung Ye Jin တို့ကို… အဓိကသရုပ်ဆောင်တွေအဖြစ်မြင်တွေ့ရမှာ ဖြစ်ပါတယ်ရှင်။ ဒါရိုက်တာ Kim In Seon နဲ့အတူ ဒီရုပ်ရှင်ထဲ မင်းသားတွေအဖြစ်ပါဝင်တဲ့… Yang Ik Joon နဲ့ Yoo Joon Sang တို့က ဒါရိုက်တာတွေအနေနဲ့ မတူညီတဲ့… အချစ်ဇာတ်လမ်းသုံးမျိုးကို ရိုက်ကူးပြသထားတဲ့ Melodrama, Romance ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း————— ပထမဇာတ်လမ်းလေးမှာတော့ ရုပ်ရှင်ဒါရိုက်တာ ဆောအူ နဲ့ အီဂျွန် တို့ဟာ… သူတို့ရဲ့ အတွေ့အကြုံတွေကို ဇာတ်ညွှန်းအဖြစ်ပြောင်းလဲပြီး တွဲဖက်ရိုက်ကူးနေကြပါတယ်။ နားလည်မှုရှိတဲ့ချစ်ခြင်းတရားနဲ့ ခွဲခွာခြင်းသဘောကို…. သူတို့နှစ်ယောက်ရဲ့ ရှုထောင့်မှတစ်ဆင့် ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဒုတိယဇာတ်လမ်းလေးမှာတော့ ဟာနာက မတွေ့တာကြာတဲ့အဖေဖြစ်သူဆုံးသွားပြီးနောက်.. အဖေဖြစ်သူအိမ်ကိုရှင်းဖို့သွားရာကနေ ဘယ်လိုအမှတ်တရတွေက… သူနဲ့အတူတူပါလာမလဲဆိုတာကိုကြည့်ရမှာပါ။ နောက်ဆုံးဇာတ်လမ်းကတော့ အနေဝေးတဲ့ချစ်သူနှစ်ယောက်ကြား… အတိတ်ကပုံရိပ်တွေပြန်သတိရလွမ်းဆွတ်တာကို သီချင်းစာသားတွေနဲ့တူတူစီးမြောထားတာကိုတွေ့ရမှာပါ.. မတူညီတဲ့ အချစ်ဇာတ်လမ်းလေးတွေအတိုင်း လိုက်ပါစီးမြောရင်း ကြည့်ရှုလိုက်ကြပါဦးရှင်။ ဇာတ်လမ်းအညွှန်းကို Lucien မှရေးသားထားပါတယ်...
Stray Cat (2023) ⭐TMDB: 10% User Score 🎬 #Adult #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 42 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိမ်ခြေနည်းတဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုမှာနေကြတဲ့ ထရေစီတို့ဇနီးမောင်နှံ စီးပွားရေးအဆင်မပြေတာကြောင့် အိမ်မှာလွတ်နေတဲ့တစ်ခန်းကို လူငှားထားဖို့ ကြော်ငြာထားကြပါတယ်။ နောက်နေ့မှာပဲ လေပြေလိုလွင့်လာတဲ့ ဘရိဇီဆိုတဲ့ မိန်းမချောလေးတစ်ယောက် ရောက်လာပြီး သူတို့အိမ်မှာ ငှားနေတာပေါ့။ နောက်ရက်မှာတော့ သူတို့အိမ်တံခါးကို လာခေါက်တာက ရဲအရာရှိတစ်ယောက် အနီးနားမှာ လူတစ်ယောက်အသတ်ခံရတဲ့အတွက် တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်စုံစမ်းနေတာပါတဲ့။ ဒီမှာပဲ ထရေစီတစ်ယောက် ဘရိဇီဆိုတဲ့ မိန်းမချောလေးကို မသင်္ကာဘဲ စုံစမ်းကြည့်ချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်)...
The Tooth and the Nail (2017) ⭐IMDB: 6.3/10 (294 Votes) 🎬 #Drama #Mystery #Thriller 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Tooth and the Nail (2017) ****************************** 2017 ခုနှစ်မှာ ပြသခဲ့ပြီး Thriller Mystery အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လေးမှာတော့ Ko Soo, Kim Ju Hyeok, Park Sung Woong, Moon Sung Geun နဲ့ မင်းသမီး Lim Hwa Youngတို့လို နာမည်ကြီး မင်းသား မင်းသမီးတွေက အဓိကပါဝင်ထားကြပါတယ်။ ဂျပန်ကိုလိုနီခေတ်ကနေ လွတ်လပ်ရေးရပြီးစကာလ ငွေစက္ကူအတုဖြန့်ချီမှု များပြားတဲ့ကာလကို နောက်ခံထားရိုက်ကူးထားပြီး မှုခင်းအကြောင်းအရာပါတဲ့ ဇာတ်လမ်းမို့ သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့.. အီဆော့ဂျင်ဟာ ငယ်ငယ်ကတည်းက ဆက်ကပ်မှာရောင်းစားခံရပြီး ကြီးပြင်းလာတဲ့ မျက်လှည့်ဆရာတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ပဟေဠိဆန်တဲ့ မိန်းမလှလေး ဂျောင်ဟာယောင်းနဲ့ ချစ်ကျွမ်းဝင်ပြီး လက်ထပ်ခဲ့ကြပါတယ်။ ခြေဦးတည့်ရာလျှောက်သွားရင်း ဖျော်ဖြေရတဲ့ ဖျော်ဖြေရေးသမားမို့ ဂျောင်ဟာယောင်းရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘူဆန်ကိုပြန်ပြီး ဖျော်ဖြေဖို့ သွားတော့တယ်။ ဒါပေမဲ့ ဘူဆန်ကိုပြန်ရောက်တဲ့အခါ အိုကာမိုထို ရှီဂယ်ရူလို့ခေါ်တဲ့ လူဆီကနေ စာတစ်စောင်ရရှိပြီးနောက် ဇနီးဖြစ်သူ ဂျောင်ဟာယောင်းက အသတ်ခံလိုက်ရတဲ့အခါ.. ဇနီးဖြစ်သူအသတ်ခံရတာက ငွေစက္ကူအတုလုပ်တဲ့ကြေးပြားတွေနဲ့ ဆက်စပ်နေမှန်း သိသွားပြီးနောက် အီဆော့ဂျင်ဟာ အိုကာမိုထို ရှီဂယ်ရူကို လိုက်ရှာပြီး ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်ပေမဲ့… ငွေကြေးချမ်းသာပြီး အဆက်အသွယ်များတဲ့ အိုကာမိုထိုအနားကို သာမန်မျက်လှည့်ဆရာလေးက ဘယ်လိုချဥ်းကပ်ပြီး လက်စားချေသွားမလဲ..။ ဂျောင်ဟာယောင်းရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ..။ ကြေးပြားတွေကိုရော ပြန်ရှာတွေ့နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ရအောင်နော်။...
Twilight Out of Focus (2024) ⭐IMDB: 6.4/10 (142 Votes) 🎬 #Animation #Romance 🗓 2024 🎞 tv series 🌎 #Japan ⏰ 23 မိနစ် 59 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 MyAnimeList – 7.5/10 Tasogare Out Focus ဆိုတဲ့ BL Manga ကို ပြန်လည်ပုံဖော်ထားတဲ့ ၁၂ ပိုင်းပါ BL Anime လေး ဖြစ်ပါတယ်။ ယောက်ျားလေး အထက်တန်းကျောင်းက ရုပ်ရှင်ကလပ်လေးတစ်ခုကို အခြေခံထားပြီး စုံတွဲ ၃ တွဲ ပုံစံမျိုး တင်ဆက်ထားတာပါ။ ပထမအတွဲလေးကတော့ ဒုတိယနှစ်ကျောင်းသားလေး ၂ ယောက် အဆောင်တစ်ခန်းတည်း အတူတူကျတယ် ဂေးတစ်ယောက်ဖြစ်တဲ့ Ootomo ကို Mao က ဘာမှဝေဖန်ရတာမျိုး မရှိသလို Mao ကလည်း Ootomo ကို မချစ်မိအောင်နေရမယ်ဆိုပြီး ကတိလေးတွေထားပြီး နေထိုင်ခဲ့ရာကနေ ဘယ်လိုဆက်ဖြစ်ကြမလဲ…။ ဒုတိယအတွဲလေးကတော့ စတွေ့ကတည်းက ဘုနဲ့ဘောက်ဆိုသလိုပဲ အရည်အချင်းရှိပြီး ဘယ်သူနဲ့မှ မတည့်တဲ့ Ichikawa ဟာ တတိယနှစ် ရုပ်ရှင်ကလပ်ဥက္ကဌနဲ့ ရန်ဖြစ်နေရာက အဆောင်တစ်ခန်းတည်း ယာယီကျပါတယ်။ ဒါပေမဲ့ အဲဒီမှာ လျှို့ဝှက်ထားတဲ့ အတိတ်လေးတစ်ခုကနေ တဖြည်းဖြည်း ရင်းနှီးလာခဲ့ရာမှာတော့ ဘာတွေ ဆက်ဖြစ်ကြမလဲ…။ တတိယအတွဲလေးကတော့ ဖြတ်ဖြတ်လူးပြီး ကောင်လေးလိုချင်နေတဲ့ Shion ဆိုတာ ဘဲလိုချင်လွန်းလို့ကို ယောက်ျားလေးကျောင်း ပြောင်းလာပြီး ကလပ်ပေါင်းစုံ ပတ်ဝင်ပေမဲ့ အဆင်မပြေပဲ ရုပ်ရှင်ကလပ်ထဲ ရောက်ခဲ့ရာမှာတော့ အနေအထိုင်အေး ထူးထူးခြားခြားရှိတဲ့ တတိယနှစ်အစ်ကိုကြီး Rei နဲ့ ဆုံတွေ့ခဲ့ရာကနေ ဘာတွေဆက်ဖြစ်မလဲ။ စသဖြင့် အထက်တန်းကျောင်းသားတွေ ရုပ်ရှင်ကလပ်မှာ ဘယ်လိုတွေ ကြိုးစားကျော်ဖြတ်ကြသလဲဆိုတာကို ဗဟိုပြုပြီး BL အချစ်ဇာတ်လမ်းလေးတွေကို တင်ဆက်ပေးထားတဲ့ Anime ပဲ ဖြစ်ပါတယ်ခင်ဗျာ။...
