fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Run & Gun (2022) ⭐IMDB: 5.1/10 (808 Votes) 🎬 #Action #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Run and Gun (2022) မင်ဒဲလားသက်ရောက်မှု(Mindela effect) ဆိုတာ ကြားဖူးပါသလားမင်ဒဲလားက ထောင်ထဲမှာပဲ ၁၉၈၀ ခုနှစ်မှာသေဆုံးသွားတယ်လို့ လူသန်းပေါင်းများစွာက ယုံကြည်ကြတယ်တဲ့ဒါပေမဲ့ မင်ဒဲလားက အမှန်တကယ်မှာ တောင်အာဖရိကနိုင်ငံရဲ့ သမ္မတပါဖြစ်ခဲ့ပါသေးတယ်လူတွေအဲ့လိုအထင်မှားကြတာက ကောလဟာလကြောင့်လဲဖြစ်နိုင်သလိုနောက်သီအိုရီတစ်ခုက ကျွန်တော်တို့စကြာဝဠာကြီးက ‌အပြိုင်ယူနီဗာ့စ်တစ်ခုအဖြစ်ကွဲထွက်သွားပြီး အဖြစ်အပျက်တွေက ကွဲပြားနေရတာပါတဲ့ကျွန်တော်အခုရေးပြနေတာတွေက ခုဇာတ်ကားရဲ့ plot နဲ့ ဘာမှမဆိုင်ပါဘူးဇာတ်လမ်းက အရင်ကဆိုးသွမ်းခဲ့တဲ့လူမိုက်ကြီးတစ်ယောက်က မိသားစုနဲ့အေးချမ်းစွာနေထိုင်နေတဲ့အချိန်မှာပဲအထုပ်တစ်ခုကိုသွားယူဖို့ လူမိုက်ဆရာကြီးတစ်ယောက်က လာခိုင်းစေပါတော့တယ်အဲ့မှာသောက်တလွဲတွေ ပြသနာတွေပေါင်းစုံနဲ့ အဲ့အထုပ်ထဲပါတာကမင်ဒဲလားသက်ရောက်မှုကို သက်သေပြနိုင်မဲ့အရာလားဘာလား စသည်ဖြင့် မရိုးရအောင်ကြည့်ရှုရမှာပါ Entertainment ဖြစ်တဲ့ အပစ်အခတ်အက်ရှင်တွေလဲ ပါမယ်ကောင်းဘွိုင်အထာ ကန္တာရထဲ မိုက်ကြရမ်းကြတာတွေလဲပါမဲ့ဒီဇာတ်ကားလေးက စိတ်အပန်းဖြေကြည့်ရှုဖို့အတွက်တော့ ကောင်းမွန်မှာပါ အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။

Kamu Tidak Sendiri (2021) ⭐IMDB: 5.2/10 (47 Votes) 🎬 #Drama #Thriller 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #Indonesia ⏰ 1 နာရီ 41 မိနစ် 03 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kamu Tidek Sendiri (2022) -အင်ဒိုနီးရှားဇာတ်ကားထဲမှာ ဒီကားသဘောအကျဆုံးပဲ ။အင်ဒိုနီးရှားနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် အထူးသဖြင့် ငလျင်၊ဒါတွေကြောင့် လူတွေထိခိုက်သေဆုံးရတာတွေ ၊ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့သူတွေ ခံစားရတာတွေ ၊ကိုယ်ချစ်တဲ့သူ တန်ဖိုးထားရတဲ့သူတွေကို မေ့လျော့ပစ်ပယ်မထားသင့်ဘူးဆိုတာတွေ၊ စတာစတာတွေကိုအရိုးရှင်းဆုံး ဘာလှည့်ကွက် ဘာဝှက်ကွက်မှမပါပဲ ရိုက်ပြထားတာပါ။ ဇာတ်လမ်းက ဓာတ်လှေကားမှာ စပြီးတော့ ဓာတ်လှေကားမှာပဲ ဆုံးသွားတာပါ။မင်းသားကြီး Ryan Reynolds ရဲ့ Burn ကိုတောင် သွားသတိရမိတယ် အဲ့လောက်တော့ မမွန်းကျပ်ဘူးပေါ့လေ။ -ဇာတ်အိမ်ကတော့ မင်းသမီးက ကုမ္ပဏီမှာ အထက်လူကြီးတစ်ယောက်၊မသိတဲ့သူကိုစကားပြောဖို့ဝန်လေးသူ ။အပေါက်ဆိုးတယ် ဆက်ဆံရေးမကောင်းဘူးလို့ သတ်မှတ်ခံထားရတဲ့သူ။တစ်နေ့ မနက်ဖြန်အမှီအလုပ်အပြီးသတ်ရမှာဆိုတော့ ညနက်မှအလုပ်ကဆင်းမယ့်အချိန်ဓာတ်လှေကားကနေအဆင်း တစ်လွှာတည်းအလုပ်လုပ်ကြတဲ့ကောင်လေးနဲ့ကြုံဓာတ်လှေကားစီးနေတုန်း ငလျင်လှုပ်ရာ ကြုံရဆုံရ လူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ကြလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။

I, Challenger (2022) ⭐IMDB: 6.0/10 (86 Votes) 🎬 #Comedy 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 43 မိနစ် 05 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 I, Challenger (2022) ဆစ်ဒ် ဆိုတဲ့သတ်လတ်ပိုင်းလူကတော့ သူ့ကိုယ်သူအရှုံးသမားအဖြစ် အပြည့်အဝခံယူထားသူပါ။အလုပ်ကမရှိ၊ သူ့အလုပ်က စက်ရုပ်နဲ့အစားထိုးခံလိုက်ရလို့အလုပ်ပြုတ်သွားတယ်။လတ်တလောအလုပ်ကတော့ ဆယ်ကျော်သက်တွေကိုဆေးခြောက်ရောင်းတဲ့အလုပ်။ဘော်ဒါဆိုတော့လဲ သူနဲ့ဂိမ်းတွဲဆော့နေကျ ၁၆ နှစ်အရွယ်ကောင်လေးတစ်ယောက်ပဲရှိတယ်။ဆော်ကလဲမရှိ။ သူကလဲကြံရာမရ ပေါက်ကရတွေအကုန်လုပ်တဲ့သူပါ။Tinder ကနေလဲ သကြားမေမေရှာကြည့်သေးတယ်။ မအိုကေ။ ထီတွေဆိုတာလဲ လတိုင်းထိုးတာ။ နောက်ဆုံးတော့ ကံကောင်းခြင်းရဖို့ ဂူဂဲလ်မှာရှာရင်း ရုရှားကဗီဒီယိုတွေကိုသွားတွေ့တယ်။ရုရှားကလူတွေက သူတို့ကိုယ်သူတို့၂၄ နာရီကြာ အခေါင်းထဲထည့်မြှပ်နှံပြီး ကံကောင်းခြင်းကိုရသွားကြတယ်တဲ့။အခေါင်းထဲကပြန်ထွက်လာတာနဲ့ အလုပ်တွေအချစ်ရေးတွေအရာရာမှာကံကောင်းလာတယ်။သေချာတာပေါ့ ဆစ်ဒ်ကလဲ သူ့တစ်ဦးတည်းသော သူငယ်ချင်းကောင်လေးရဲ့ အကူအညီကိုယူပြီးသူ့ကိုယ်သူ ၂၄ နာရီကြာ မြှုပ်နှံဖို့ ကြိုးစားလိုက်ချိန်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။

The Twelve Stories of Glen Anggara (2022) ⭐IMDB: 6.9/10 (78 Votes) 🎬 #Drama #Romance 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Indonesia ⏰ 1 နာရီ 59 မိနစ် 02 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Twelve Stories of Glen Anggara (2023) ဒါလေးကတော့ မနှစ်ကမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။နာမည်လေးက The Twelve Stories of Glen Anggaraတဲ့။ဒီကားလေးက Romance/Drama အမျိုးအစားလေးဖြစ်ပြီးရုပ်ရှင်ရဲ့ Dialogue တွေက တကယ့်ကိုရင်ထဲထိပါတယ်။ IMDbမှာဆိုရင်လည်း 7.1/10 တောင်ရရှိထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ အသက်ရှင်ဖို့အချိန်သိပ်မကျန်တော့တဲ့ ရှန်နာ့ရဲ့ ​မသေခင်လုပ်သွားချင်တဲ့ ဆန္ဒဆယ့်နှစ်ခုကိုသူ့ရဲ့ ချစ်သူကောင်လေး ဂလန်က ရအောင်လိုက်ပြီး ဖြည့်ဆည်းပေးတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီ ဆန္ဒဆယ့်နှစ်ခုက ဘာတွေဖြစ်မလဲ။နောက်ပြီး ဂလန်ကရော ရှန်နာ့ရဲ့ ဆန္ဒတွေအကုန် ပြည့်ဝအောင်လုပ်ပေးနိုင်မလားဆိုတာကို ပျော်ရွှင်ဖွယ်ကောင်းစွာကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ အညွန်း နဲ့ ဘာသာပြန်ကတော့Xavier Zyပဲ ဖြစ်ပါတယ်။

Hide and Never Seek (2016) ⭐IMDB: 5.0/10 (155 Votes) 🎬 #Horror 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 #SouthKorea ⏰ 1 နာရီ 28 မိနစ် 05 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hide and Never Seek (2016) ကလေးဘဝကလူတိုင်းကစားဖူးတဲ့ တူတူပုန်းတမ်းကို Horror Version လေးတစ်ဖြတ်အနေနဲ့ ကြည့်ရှုရဦးမှာပါ။VJ Glow ဟာ “Glow World” ဆိုတဲ့ horror channel တစ်ခုရဲ့ အစီအစဉ်တင်ဆက်သူဖြစ်ပါတယ်။channel ကနေ ဝင်ငွေရဖို့အတွက် သူနဲ့ Producerဘတ် တို့က ထူးခြားဆန်းပြား ခြောက်ခြားစရာcontent အသစ်တွေကို ရှာဖွေနေခဲ့ကြတာပါ။တစ်နေ့မှာတော့ သူတို့ Channel ကို Video တစ်ခုပေးပို့လာခဲ့ပါတယ်။video ထဲမှာတော့ အထက်တန်းကျောင်းသူလေး ၂ ယောက်က တစ်ယောက်တည်းတူတူပုန်းတမ်းလို့ဆိုတဲ့ ဝိဉာဉ်လောကနဲ့ဆက်သွယ်ပြီးကစားရတဲ့တူတူပုန်းတမ်းကိုကစားနေခဲ့တာပါ။အဲဒီ video ထဲမှာရိုက်ကူးမိထားတဲ့ ခြောက်ခြားစရာအဖြစ်အပျက်ကို VJ Glow တို့တွေက စိတ်ဝင်စားသွားကြပြီးChannel မှာတင်ဆက်ဖို့အတွက် Video ထဲကအဆောက်အဦးကို ကိုယ်တိုင်သွားရောက်စူးစမ်းကြပါတော့တယ်။အဲဒီကျိန်စာသင့်အဆောက်အဦးထဲမှာပဲ live broadcast လွှင့်ကြရင်းနဲ့ဘယ်လို ထူးထူးဆန်းဆန်းကြောက်မက်ဖွယ်တွေဖြစ်လာမလဲ …..Video ထဲကကျောင်းသူလေးကိုရော ကယ်တင်နိုင်မလား ….ဆိုတာတွေကိုရုပ်ရှင်တစ်ခုလုံးကို ကင်မရာနဲ့ရိုက်ကူးတင်ဆက်ထားတဲ့ပုံစံအနေနဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာကြန်ကတော့ThantSinပဲ ဖြစ်ပါတယ်။

A True Scary Story: Summer Special Edition (2022) ⭐⁉️ 🎬 #Horror 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #⁉️ ⏰ 1 နာရီ 47 မိနစ် 01 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A True Scary Story : Summer Special Edition (2022)——————————————————-သရဲကားအရှည်ကြီးတွေထက် သရဲကားအတိုလေးတွေကြည့်ရတာကြိုက်တဲ့ ပရိသတ်တွေအတွက်ကိုယ်တွေ့ဖြစ်ရပ်မှန် သရဲဇာတ်လမ်းတိုလေးတွေကို ပြန်ပြောပြတဲ့ ဂျပန်အစီအစဥ်ကနေ ကောင်းနိုးရာရာဇာတ်လမ်းတွေကို စုထုတ်ထားတဲ့ကားပါ။ ရှိုးကနေ ပြောပြတဲ့ဇာတ်လမ်းတွေကို စုစည်းထားတာမလို့တစ်ချို့နေရာတွေမှာ အဆက်အစပ်မရှိတဲ့ကြားဖြတ်ဇာတ်လမ်းတွေလည်းပါပေမယ့်စိတ်ရှည်သည်းခံပြီး ကျော်သာကြည့်လိုက်ကြပါလို့။ တစ်ခုရှိတာက ဒီကားကသာမန်သရဲကားမဟုတ်ဘဲ ရှိုးကိုပေးပို့လာတဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်သရဲအကြောင်းကို ပြောပြနေတာမလို့Narrator အပေါ်မူတည်ပြီး မတင်မကျဇာတ်သိမ်းတွေ တစ်ချို့ဟာတွေကျ ဘာမှနားမလည်လိုက်သိဘဲ ပြီးသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ပါးစပ်ရာဇဝင်သရဲဇာတ်လမ်းတွေနဲ့ အလကားနေဖြဲခြောက်တဲ့သရဲအကြောင်းတွေလည်း အများကြီးပါပေမယ့် အပျင်းပြေကြည့်လို့တော့ရပါတယ်။ အညွှနိး နဲ့ ဘာသာပြန်ကတော့Moe Pwint Phyuပဲ ဖြစ်ပါတယ်။

Varisu (2023) ⭐IMDB: 6.5/10 (30 k Votes) 🎬 #Action #Bollywood #Drama 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 49 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Varisu (2023)Action, DramaIMDb 6.5/10 (30K) ခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးဗီဂျေးနဲ့မင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားတို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ရုံဝင်ငွေ ကုဋေ၃၀ ဝန်းကျင်အမြတ်ရခဲ့တဲ့ ကားလေးပဲဖြစ်ပါတယ်။ ဖခင်နဲ့ ပြဿနာတက်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ ထွက်လာတဲ့ဗီဂျေးဟာ ၇နှစ်အကြာမှာ မိသားစုထဲကို ပြန်ဝင်လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။တစ်ဖက်မှာလည်း ဖခင်နဲ့အစ်ကိုနှစ်ယောက်ကအစိုးရတင်ဒါကိစ္စအတွက် ပြိုင်ဘက်တွေနဲ့ အပြင်းအထန်ယှဥ်ပြိုင်နေရပါတယ်။ ဒါပေမဲ့ သူ့မိသားစုဟာ အလုံးစုံအန္တရယ်တွေနဲ့ ရင်ဆိုင်ရတော့မှာကို မသိရှိကြပါဘူး။ဒီတော့ ဖြစ်လာမယ့်ဘေးဒုက္ခက ဘာတွေဖြစ်လာမလဲ။သူကရော ဘာကြောင့် ၇နှစ်ကြာပြီးမှ အိမ်ကို ပြန်လာခဲ့တာလဲ။လှည့်ကွက်တွေ မြှုပ်ကွက်တွေနဲ့ ကြည့်ရဦးမှာမို့ ရှုစားပေးကြပါဦးနော်

Chasing Mavericks (2012) ⭐IMDB: 7.1/10 (33 k Votes) 🎬 #Biography #Drama #Sport 🗓️ 2012 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Chasing Mavericks(2012) ************************ လှိုင်းကြီးလှေအောက် တောင်ကြီးဖဝါးအောက် စကားဟာ လူသားတွေရဲ့ အားမာန်ကိုပြသတဲ့စကား ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစကားဟာ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ဘက်ကမ်းခြေက မားဗရစ်ခ်(Mavericks) လှိုင်းလုံးကြီးတွေကို စီးနင်းဖို့ ကြိုးစားတဲ့ လှိုင်းစီးသမားတွေအတွက် အမြဲတမ်းမမှန်ကန်ပါဘူး။ ဂျေးမော်ရီယာတီ ဟာ ဖခင်ရဲ့ စွန့်ပစ်မှုကြောင့် သောကရောက်နေတဲ့ မိခင်နဲ့ အတူနေထိုင်သူဖြစ်ပြီး ရေလွှာလှိုင်းစီးရတာကို ကလေး ကတည်းက နှစ်သက်သူဖြစ်ပါတယ်။ တစ်ရက်မှာ သူရဲ့အိုင်ဒေါဖြစ်တဲ့ လှိုင်းစီးသမား ဖရော့စ်တီတို့ လှိုင်းစီးသွားတာ လိုက်ချောင်းရင်း ဧရာမကြီးမားတဲ့ မားဗရစ်ခ်ရေလှိုင်းတွေကို ဖရော့စ်တီစီးလေ့ရှိတာကို သိသွားပါတယ်။ ဒါနဲ့ပဲ ဖရော့စ်တီ့ဆီမှာ အပူကပ်ပြီး သူ့ကို မားဗရစ်ခ်ရေလှိုင်းကို စီးနိုင်တဲ့အထိသင်ပေးဖို့ ပူဆာပါတော့တယ်။ တစ်ဖက်မှာ လည်း ဖရော့စ်တီဟာ သူ့မိန်းမဖြစ်သူကို အန္တရာယ်ရှိတဲ့ရေလှိုင်းတွေ ထပ်မစီးတော့ဘူးလို့ ကတိပေးထားပြီးသား ဖြစ်နေပါတယ်။ ဂျေးမော်ရီယာတီကတော့ ဘယ်လိုဖြစ်နေနေ မားဗရစ်ခ်ရေလှိုင်းတွေကို စီးဖို့ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်ပါတယ်။ မားဗရစ်ခ်ရေလှိုင်းတွေကို သူတကယ်စီးနင်းနိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေ သူရင်ဆိုင်ခဲ့ရလဲ၊ သူဖြစ်ချင်တဲ့ရေလွှာလှိုင်းစီးသမားဘဝကို လွယ်လွယ်ကူကူတက်လှမ်းနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုရမှာပါ။ဒီဇာတ်ကားဟာ ရေလွှာလှိုင်းစီးသမား ဂျေးမော်ရီယာတီ(Jay Moriarity)ရဲ့ အတ္ထုပ္ပတ္တိဖြစ်ပါတယ်။ သူ့ဘဝအနိမ့်အမြင့်၊ အတက်အကျနဲ့ အချစ်ရေးကိစ္စတွေကို ရှုစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးရင်း ဖရော့စ်တီနေရာက ရိုက်ကူးတဲ့ Gerard Butler ဟာ ရေနစ်မှုဒဏ်ကြောင့် သေမလိုဖြစ်ခဲ့ပြီး လအတော်ကြာ ကုသမှု ခံယူခဲ့ရပါတယ်။

The Whale (2022) ⭐IMDB: 7.9/10 (35 k Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 05 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Whale (2022) ~ IMDb – 7.9/10, RT – 65%, Meta – 60% ~ Directed By “Darren Aronofsky” ဖြစ်စေချင်ဝာာကတော့ ဘာမှဆက်ဖတ်မနေပါနဲ့။ ဒီတိုင်းသာ ကောက်ကြည့်လိုက်ပါ။ ပေါင်၆၀၀လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ “ဝေလငါး ( သို့ ) ဝမ်းနည်းခြင်းအက်ဆေး” ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်လို့ စကားဦးပျိုးလိုက်ရင် မှန်ပါ့မလား။ ဟင့်အင်း… မမှန်တာ သေချာတယ်။ ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်ထင်ရပေမဲ့ တကယ်တမ်းကျ လူဝကြီးက ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ လူဝကြီးအကြောင်းပြောပြရရင် လူဝကြီးက အလေးချိန် ပေါင်၆၀၀ရှိတယ်။ ဇနီးဟောင်းတစ်ယောက်၊ သမီးတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ရှိတယ်။ လူဝကြီးမှာ ကောင်လေးတစ်ယောက်ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့ဘူး။ လူဝကြီးစကားအရတော့ အဲဒါကြောင့်ပဲ သူ့ကိုယ်အလေးချိန် တက်လာခဲ့တယ်တဲ့။ လူဝကြီးရဲ့ အ၀လွန်နေတဲ့ကိုယ်ပေါ်မှာ ဖက်ခွက်နာ၊ ပြည်တည်နာ၊ အဆီကျိတ်၊ အသားဆွေး အရေပြားရောဂါမျိုးစုံ ကျက်စားနေကြတယ်။ လူဝကြီးအကြောင်းဆက်မပြောခင် ကျွန်တော် လူဝကြီး အကြိုက်ဆုံး အက်ဆေးတစ်ပုဒ်ကို အရင်ပြချင်တယ်။ ” မိုဗီဒစ်ဆိုတဲ့စာအုပ်မှာ စာရေးဆရာက ပင်လယ်ပြင်က သူ့အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြထားတယ်။ ဒီစာအုပ်ဟာ စာရေးဆရာနဲ့ သူ့သူငယ်ချင်းတို့ရဲ့ ကပ္ပတိန်အာဟတ်လို့ခေါ်တဲ့ ခြေထောက်တစ်ဖက်မရှိတဲ့ ပင်လယ်ဓားပြနဲ့အတူ ဝေလငါးဖမ်းထွက်တဲ့အကြောင်းပေါ့။ အာဟတ်ရဲ့ ဘဝပန်းတိုင်က ဝေလငါးကြီးကို သတ်ဖို့ပဲ။ ဒီအဖြစ်က ဝမ်းတော့ဝမ်းနည်းစရာပဲ။ အာဟတ်က သူ့ကို ဘယ်လောက်တောင် သတ်ချင်နေလဲ အဟိတ်တိရိစ္ဆာန် ဝေလငါးကြီးမှ မသိရှာပဲလေ။ သနားစရာသတ္တဝါကြီးပါပဲ။ တကယ်တမ်းဆို အာဟတ်လည်း သနားစရာကောင်းပြန်တာပါပဲ။ ဝေလငါးကြီးကို သတ်လိုက်နိုင်ရင် သူ့ဘဝကြီး အဓိပ္ပာယ်ရှိသွားမယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာကိုး။ တကယ်တမ်းကျ ဘာတစ်ခုမှ ထူးခြားသွားမှာမဟုတ်ဘူး။ အင်မတန်ဝမ်းနည်းဖို့ကောင်းတဲ့စာအုပ်ပေါ့။ ဇာတ်ကောင်တွေဟာလည်း အင်မတန် သနားစရာကောင်းတယ်။ ဝမ်းနည်းစရာအကောင်းဆုံးဇာတ်ဝင်ခန်းကတော့ ဝေလငါးကြီး ဘယ်လိုဘယ်ပုံပါလို့ ပုံဖော်ထားတာကလွဲ ဘာမှမပါတဲ့ ပျင်းစရာဇာတ်ဝင်ခန်းတွေပေါ့။ စာရေးဆရာဟာ စာဖတ်သူ ရှေ့မှာကြုံလာရမယ့် သူပြောပြမယ့် ဝမ်းနည်းစရာဇာတ်လမ်းကနေ ခဏလောက်ဖြစ်ဖြစ် ဆိုင်းငံ့ပေးဖို့ ကြိုးစားနေတာကို သိနှင့်နေခဲ့တာကိုး “ လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ကြိုက်တယ်။ သေတော့မလိုလိုဖြစ်တဲ့ အချိန်တိုင်းမှာ လူဝကြီးနောက်ဆုံးတောင်းဆိုတာက ဒီအက်ဆေးကို ဖတ်ပြပေးဖို့ပဲ။ ဒီအက်ဆေးကို ခင်ဗျားသေချာဖတ်ကြည့်ပြီးပြီဆို လူဝကြီး ဒီအက်ဆေးကို ဘာလို့ကြိုက်လဲ ခင်ဗျားနားလည်လောက်ပြီ။ လူဝကြီးပြောခဲ့တဲ့ စကားတွေထဲ တော်တော်လှတဲ့ စကားတစ်ခွန်းရှိတယ်။ ” လူတွေဟာ လူတွေကို ဂရုမစိုက်ဘဲ မနေနိင်ပါဘူး “တဲ့။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးမှာ ရေးသူဟာ မိုဗီဒစ်အကြောင်းပြောပြတယ်။ ဒါပေမဲ့ သူ့ပြောပြပုံက စာရေးဆရာအပါအဝင် မိုဗီဒစ်ထဲက ဇာတ်ကောင်တိုင်းကို နားလည်ပေး ဂရုစိုက်ပေးနေတဲ့ ပြောပြပုံမျိုး။ ဒီအက်ဆေးကို ဘယ်သူရေးလဲဆိုတဲ့ အချက်ကို ဖယ်ထားလိုက်ရင်တောင် ဒီအက်ဆေးဟာ သိပ်ချစ်စရာကောင်းနေတယ်။ ဒီလိုနဲ့ပဲ ပေါင်၅၈၀လုံး ချစ်ခြင်းတွေနဲ့ ပြည့်နေတဲ့ လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ချစ်ခဲ့တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာဆရာဖြစ်တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာကိုချစ်တယ်။ ဘာသာစကားတစ်ခုကိုချစ်ရင် အရေးအသားကိုလည်းချစ်ရမှာပေါ့။ ဒီတော့ လူဝကြီးဟာ အက်ဆေးတွေကို ချစ်တယ်။ လူဝကြီးဟာ စကားလုံးတွေကို ချစ်တယ်။ လူဝကြီးဟာ အက်ဆေးနဲ့ အသက်မွေးတယ်။ အက်ဆေးနဲ့ ပတ်သက်ပြီး လူဝကြီးရဲ့ ခံယူချက်ကရှင်းတယ်။” ဒီအဆိုင်းမန့်လည်း အရေးမကြီးဘူး။ ဒီသင်ခန်းစာလည်း အရေးမကြီးဘူး။ အရေးကြီးတာက မင်းတို့ရေးတဲ့ စာတွေရိုးရိုးသားသားနဲ့လှနေဖို့ပဲ “တဲ့။ တော်တော်သဘောကျဖို့ကောင်းတဲ့ စကားပဲ။ ဘယ်စာမျိုးမှာမဆို စကားလုံးထက် ရိုးသားမှုက ပိုအရေးကြီးတယ်မလား။ ဒါပေမဲ့ ရိုးသားဖို့က အခက်ဆုံးပဲ။ လူဝကြီးကိုယ်တိုင်တောင် အမြဲမရိုးသားနိုင်ခဲ့ဘူး။ လူဝကြီးရဲ့ သမီးလေးကတော့ သိပ်ရိုးသားတယ်လို့ပြောရမလား သိပ်ရက်စက်တယ်လို့ပြောရမလား။ လူဝကြီးရဲ့ သမီးလေးဟာ လူဝကြီးပုံကိုရိုက်ပြီး ” ငရဲမှာ သူ့ကိုမီးရှိ့တဲ့အချိန်ကျရင် ဝက်ဆီတွေထွက်လာလိမ့်မယ် “လို့ တင်လိုက်တယ်။ ဒီပို့စ်ကို လူဝကြီးက ” ငါ့သမီးက စာအရေးအသားကောင်းချက် “လို့ တုံ့ပြန်တယ်။ လူဝကြီးဟာ သူမသေခင်မှန်တာတစ်ခုခုတော့ လုပ်သွားချင်ခဲ့တယ်။ သူ့သမီးကို ” လူတွေက သူ့ကို ဂရုစိုက်ပြီး သူက လူတွေကို ဂရုစိုက်မယ့် “အရပ်မှာ နေစေချင်ခဲ့ခြင်းနဲ့ပေါ့။ ဒီလိုနဲ့ လူဝကြီးဟာ ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေထဲ မလိုချင်တဲ့ဇာတ်ဝင်ခန်းတွေ, ရက်စက်တဲ့ဇာတ်သိမ်းတွေ ပါကောင်းပါနေပါလိမ့်မယ်။

Harry Brown (2009) ⭐IMDB: 7.2/10 (89 k Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2009 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom ⏰ 1 နာရီ 43 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Harry Brown (2009) ================ တော်ဝင်ရေတပ်သားဟောင်းကြီး ဟယ်ရီဘရောင်းဟာ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အထီးကျန်လှတဲ့ဘဝကို ပင်စင်ယူထားတဲ့ သူငယ်ချင်းလီယိုနာ့အက်ဝယ်လ်နဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဟယ်ရီတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အရမ်းသောင်းကျန်းပြီး ဆိုးသွမ်းတဲ့ လူငယ်လေးတွေအုပ်စုရှိပါတယ်။ လူ့အသက်တွေကို ကစားစရာလိုသတ်မှတ်ပြီး သေနတ်တစ်လက်နဲ့ ဆေးမူးပြီးလုပ်ချင်တာလုပ် ထင်ရာစိုင်းနေတဲ့လူငယ်လေးတွေပါ။ ဒီလိုမျိုး ပြဿနာပဲရှာချင်နေတဲ့ ကောင်လေးတွေက ပင်စင်စားဖြစ်ပြီး အင်အားနည်းတဲ့ မစ္စတာအက်ဝယ်လ်ကိုလည်း အနိုင်ကျင့်နှောင့်ယှက်ကြပါတယ်။ တစ်ရက်မှာတော့ ဟယ်ရီဆီကို စုံထောက်နဲ့ စုံစမ်းရေးအရာရှိတို့က မိတ်ဆွေမစ္စတာအက်ဝယ်လ်သေဆုံးသွားကြောင်းလာအကြောင်းကြားပါတယ်။ ဟယ်ရီတစ်ယောက် တစ်ဦးတည်းသောမိတ်ဆွေကိုဆုံးရှုံးလိုက်ရတဲ့အချိန်ကနေစပြီး ဘယ်လိုတွေပြောင်းလဲမလဲ.. မိတ်ဆွေအတွက်ရော ရေတပ်သားဟောင်းကြီးအနေနဲ့ ဘယ်လိုအကွက်ကျကျလက်တုံ့ပြန်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်…

Dil to Pagal Hai (1997) ⭐IMDB: 7.0/10 (23 k Votes) 🎬 #Bollywood #Comedy #Drama #Musical #Romance 🗓️ 1997 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 59 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “ရာဟူး(လ်)ပါ၊ နာမည်တော့ကြားဖူးမှာပေါ့”ဒီဒိုင်ယာလော့ဟာ ဒီဇာတ်ကားကြည့်ဖူးသူတိုင်း မမေ့နိုင်စရာပါ အချစ်ဆိုတာဘာလဲအချစ်လား၊ ဘာများလဲဗျအချစ်ဆိုတာ ဘဝပါပဲ ဘုရားဟာ နှလုံးသားတိုင်းရဲ့ ဖူးစာဖက်တွေကို ဟိုးအစကတည်းကစီမံထားပြီးသားပါ တစ်ယောက်ကိုတစ်ယောက် ရှာဖွေ့ဖို့ပဲလိုအပ်တာပါ တနေနေရာရာမှာ တစ်ယောက်ယောက်ဟာ သင့်ဘဝလက်တွဲဖော်အဖြစ်ရှိနေပါတယ်။ ဆုပေါင်းများစွာသိမ်းပိုက်ထားပြီး ယခုချိန်ထိနာမည်ကျော်လူကြိုက်များနေစဲဖြစ်တဲ့King Khanရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် IMDb 7.1 / 10 အထိရရှိထားပြီး အချိန်ပြည့်နားထဲစွဲနေစေမယ့်သီချင်းတွေဒရာမာစစ်စစ်တွေမှကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်ကတော့ လုံးဝလက်လွတ်မခံသင့်ပါဘူး SRK ဟာ Romance King ဖြစ်သလို သူ့ Romance ကားတွေဟာလည်းအခုချိန်ထိ လူကြိုက်များစဲ အောင်မြင်နေစဲပါပဲ Madhuri Dixit Karisma Kapoor တို့၏ ငယ်ဘဝကအလှအပများ သူမတူလွန်းတဲ့ နောက်ခံသီချင်းများ၊ ယခုအချိန်ထိ နာမည်ကျော်နေတဲ့ သီချင်းများနဲ့ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးစေနိုင်ပါဘူး ဇာတ်လမ်းလေးကတော့ရာဟူး(လ်)၊ နီရှား၊ ပူဂျားနဲ့ အဂျေးတို့ကြားထဲကစိတ်ဝင်စားဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ် ဒီဇာတ်ကားကောင်းမကောင်းဆိုတာ အများစုသိပြီးသားဆိုတော့ ထပ်မညွှန်းတော့ပါဘူး လုံးဝမကြည့်ရသေးဘူးဆိုရင်တော့ သေချာပေါက်ကြည့်လိုက်ပါ တကယ်သဘောကျလိမ့်မယ်ဆိုတာ အာမခံပါတယ် (သီချင်းတွေအားလုံးဟာ အမှန်အကန်တွေမို့လို့ အားလုံးကို ဘာသာပြန်ပေးထားပါတယ်) (အညွန်းနဲ့ ဘာသာပြန်ကေတော့ ကိုဇော်ထူး ပါ)

Saaho (2019) ⭐IMDB: 5.0/10 (21 k Votes) 🎬 #Action #Bollywood #Thriller 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 50 မိနစ် 04 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (Unicode) ၂၀၁၉ ထွက် ဘာဟုဗာလီမင်းသားကြီး Prabhasရဲ့ ရုံတင်ကား အကြည်ထွက်လာလို့ မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating – 5.2/10 Language – Telugu Genere – Action / Thriller ———————————— ဇာတ်လမ်းအကျဉ်း မင်းသားကြီးကို ဒီကားမှာတော့ အလွတ်တမ်း စုံထောက် တစ်ယောက်အနေနဲ့ မြင်ရမှာပါ။ ဓားပြမှု တစ်ခုကို လိုက်ဖို့ ရဲတွေ ဖက်က ကမ်းလှမ်းတော့ ရဲအရာရှိမလေးရဲ့ ရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံကြောင့် လက်ခံခဲ့ပါတယ်။ ဒီကြားထဲ မွန်ဘိုင်းမြို့ထဲ ခြေရှုပ်နေကြတဲ့ ဂန်းစတားတွေလည်း ရှိနေသေးတယ်။ အင်အားကြီး Roy Group ဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။ အချင်းချင်းတွေ ကွဲနေကြတယ်။ ပြီးတော့ Black Box လို့ ခေါ်တဲ့ Keyတစ်ခုကို လိုက်ရှာနေကြတယ်။ မင်းသားကြီးဟာ ဓားပြမှုကို စတင် ဖော်ထုတ်ရာကနေ… ဂန်းစတားတွေရဲ့ ပြဿနာထဲ တစ်စိတ်တစ်ပိုင်း ဝင်ပါသွားခဲ့ရာမှာတော့….. မြှုပ်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦး။ ——————————– ရုံတင်ကာလမှာတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း နာမည်ကြီးမင်းသားဆိုတော့ သိပ်ပြီး ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူး။ ဝင်ငွေအရ အောင်မြင်မှု အတိုင်းအတာ တစ်ခု ရရှိခဲ့ပါတယ်။ မင်းသားကြီးရဲ့ ပရိသတ်တွေ၊ ဘာဟုဗာလီပြီးကတည်းက ပျောက်နေတာမို့ တောင်းဆိုထားတဲ့ သူတွေ အတွက်ရော ကျွန်တော်တို့အနေနဲ့ တာဝန်ကျေအောင် အကောင်းဆုံး ကြိုးစားပေးလိုက်ပါပြီ။ (အညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူ ပါ။) (Zawgyi) ၂၀၁၉ ထွက် ဘာဟုဗာလီမင်းသားကြီး Prabhasရဲ့ ရုံတင်ကား အကြည်ထွက်လာလို့ မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating – 5.2/10 Language – Telugu Genere – Action / Thriller ———————————— ဇာတ်လမ်းအကျဥ်း မင်းသားကြီးကို ဒီကားမှာတော့ အလွတ်တမ်း စုံထောက် တစ်ယောက်အနေနဲ့ မြင်ရမှာပါ။ ဓါးပြမှု တစ်ခုကို လိုက်ဖို့ ရဲတွေ ဖက်က ကမ်းလှမ်းတော့ ရဲအရာရိွမလေးရဲ့ ရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံကြောင့် လက်ခံခဲ့ပါတယ်။ ဒီကြားထဲ မွန်ဘိုင်းမြို့ထဲ ခြေရှုပ်နေကြတဲ့ ဂန်းစတားတွေလည်း ရိွနေသေးတယ်။ အင်အားကြီး Roy Group ဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။ အချင်းချင်းတွေ ကွဲနေကြတယ်။ ပြီးတော့ Black Box လို့ ခေါ်တဲ့ Keyတစ်ခုကို လိုက်ရှာနေကြတယ်။ မင်းသားကြီးဟာ ဓါးပြမှုကို စတင် ဖော်ထုတ်ရာကနေ… ဂန်းစတားတွေရဲ့ ပြႆနာထဲ တစ်စိတ်တစ်ပိုင်း ဝင်ပါသွားခဲ့ရာမှာတော့….. မြှူပ်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦး။ ——————————– ရုံတင်ကာလမှာတော့ ဝေဖန်မှုတွေရိွခဲ့ပါတယ်။ ဒါပေမဲ့လည်း နာမည်ကြီးမင်းသားဆိုတော့ သိပ်ပြီး ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူး။ ဝင်ငွေအရ အောင်မြင်မှု အတိုင်းအတာ တစ်ခု ရရိွခဲ့ပါတယ်။ မင်းသားကြီးရဲ့ ပရိသတ်တွေ၊ ဘာဟုဗာလီပြီးကတည်းက ပျောက်နေတာမို့ တောင်းဆိုထားတဲ့ သူတွေ အတွက်ရော ကျွန်တော်တို့အနေနဲ့ တာဝန်ကျေအောင် အကောင်းဆုံး ကြိုးစားပေးလိုက်ပါပြီ။ (အညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူ ပါ။)

Kalank (2019) ⭐IMDB: 3.5/10 (16 k Votes) 🎬 #Bollywood #Drama #Romance 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 46 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2019ခုနှစ်မှာ Endgame နဲ့ အပြိုင် ရုံတင်ပြီးဝေဖန်မှု အမျိုးမျိုး ကြုံခဲ့ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကြီး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်ကြတဲ့ မင်းသားမင်းသမီးတွေကိုတော့အထူးတလည် မိတ်ဆက်စရာ မလိုဘူး ထင်ပါတယ်။ ဇာတ်ကောင် တစ်ခုချင်းစီကို မိတ်ဆက်ပေးရမယ် ဆိုရင်ဇဖာရ်(ဗာရွန်)ကတော့ ပန်းပဲဆရာ တစ်ယောက်ဖြစ်ပြီးပြည်တန်ဆာတွေနဲ့ ရင်းနီွးနေတဲ့ နာမည်ဆိုးရပ်ကွက်နေ အစ္စလာမ် ဘာသာဝင်တစ်ယောက်၊ မိဘစွန့်ပစ်ခံ(တရားမဝင်မွေးဖွားသူ) အဖြစ် မြင်တွေ့ရမှာပါ။ အလီယာကိုတော့ နာကျင်မှုတွေနဲ့ ခံစားနေရတဲ့ရု(ပ်) အဖြစ် မြင်ရမှာပါ။ အစ်မတော်ရဲ့ နောက်ဆုံးဆန္ဒကို ဘဝနဲ့ ရင်းပြီးဖြည့်ဆည်းပေးလိုက်ရသူပါ။ ဆန်းဂျေးကိုတော့ ရု(ပ်)ရဲ့ ယောက္ခမ နေရာမှာမြင်ရမှာပါ။ အာဒိသယကိုတော့ ဆန်ဂျေးရဲ့သား သတင်းစာတိုက်ပိုင်ရှင် ဒေ့ဗ်အဖြစ် မြင်တွေ့ရမှာပါ။ ဒေ့ဗ်ဟာ မင်းသမီးကြီး Sonakshi (ဆာ့သ်ယာ)ရဲ့ခင်ပွန်းပါ။ တစ်ဖက်မှာ အိန္ဒိယသွေးစည်းရေးကို ကြိုးပမ်းနေပြီးတစ်ဖက်မှာ ဇနီးဆန္ဒကို ဖြည့်ဆည်းနေကြသူတွေပါ။ ဟီး တော်တော် နားလည်ရခက်တဲ့ ဆက်ဆံရေးတွေဗျ။ ဒီလိုနဲ့ အလီယာမှာ ဆန္ဒတစ်ခု ဖြစ်လာခဲ့တယ်။ ဒါကလည်း ဇာတ်လမ်းကို အထွတ်အထိပ်ထိဆွဲခေါ်သွားမယ့် ဆန္ဒတစ်ခုပါ။ သူတို့တွေရဲ့ အရှုပ်တော်ပုံကြီးကိုမျက်ဝါးထင်ထင် မြင်တွေ့ခံစား ကြည့်ကြပါဦးဗျာ။ ဝေဖန်မှုတွေ မျိုးစုံ ခံခဲ့ရပေမဲ့တချို့အတွက်တော့ အကြိုက်မတွေ့နိုင်ပေမဲ့တချို့အတွက်လည်း မညိုငြင်ရက်စရာ ဖြစ်နေမှာမို့Spoiler တွေ မန့်မသွားဖို့ တောင်းဆိုချင်ပါတယ်။ (အညွန်း အားနည်းနေရင် အချိန်မရလို့ဆိုတာခွင့်လွတ်ပေးပါ။တစ်ညတည်း အပြီး ဘာသာပြန်ခဲ့ကြတာဖြစ်တဲ့အတွက်စာသား တစ်စုံတစ်ရာ လိုအပ်ချက်ရိွရင်လည်းခွင့်လွှတ်ပေးကြပါ။) (အညွန်းနဲ့ ဘာသာပြန်ကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)

Lucifer (2019) ⭐IMDB: 7.5/10 (12 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 52 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၁၉ ထွက်India ဇာတ်ကား Lucifer နဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက Box Office မှာ အောင်မြင်မှု အတော်ရထားတဲ့ ဇာတ်ကားလေးပါ။ Original Songtrack အလန်းစားတွေလည်းပါပါတယ်။ ဇာတ်လမ်းကတော့ Kerala ဆိုတဲ့ ပြည်နယ်ဝန်ကြီးချုပ် P.K.Ramdas သေဆုံးသွားတာကစပါတယ်။ သူတို့စကားအတိုင်းပြောရမယ်ဆိုရင် အဲဒီနယ်ရဲ့ ဘုရားသခင်ပေါ့။ အဲဒီ ဘုရားသခင်မှာ သားသမီးနှစ်ယောက်ရှိတယ်။ စစ္တပ္တစ္တပ္ရွိတယ္။ သူ့ရဲ့ ဂုဏ်ကိုမြှင့်ပေးမယ့် တမာန်တော်တွေလည်းရှိတာပေါ့။ ဘုရားသခင်ရဲ့ နိုင်ငံက ကြီးလွန်းတော့ သူခိုးတွေက တမာန်တော်ဟန်ဆောင်ပြီး ဝင်လာကြတယ်။ တစ်နေ့မှာတော့ အဲဒီ ဘုရားသခင်သေဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တမာန်တော်ဟန်ဆောင်နေတဲ့ သူခိုးတွေက နိုင်ငံကိုသိမ်းပိုက်ဖို့ ကြိုးစားကြပါတော့တယ်။ အဲဒီလို ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေကို ထိန်းသိမ်းနိုင်တဲ့သူကတော့ တစ်ယောက်ပဲရှိပါတယ်။ သူ့ကို ဟိန္ဒူမှာဆို မဟီရာဝဏ၊ အစ္စလာမ်မှာဆိုရင်တော့ အစ်ဘလီ၊ ခရစ်ယာန်မှာဆိုရင် Lucifer လို့ တင်စားပြောလို့ရတဲ့ Stephen Nedumpally ပါပဲ။ သူတို့ရဲ့တိုက်ပွဲကတော့ အကောင်းနဲ့အဆိုးကြားက တိုက်ပွဲမဟုတ်ဘဲ အဆိုးနဲ့အဆိုးကြားကတိုက်ပွဲလို့ပြောလို့ရပါတယ်။ နိုင်ငံရေးအရှုပ်အရှင်းတွေနဲ့ မသမာမှုတွေကြားက ဇာတ်လမ်းကောင်း အက်ရှင်ကောင်းကောင်း ကြည့်ရမယ့် ဇာတ်ကားလို့ပြောချင်ပါတယ်။ (အာသာျပန္ကေတာ့ Sane Khet ပါ)

Maharshi (2019) ⭐IMDB: 7.2/10 (9 k Votes) 🎬 #Action #Bollywood #Drama 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India #UnitedStates ⏰ 2 နာရီ 57 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating – 7.9/10 2018မှာ ဝန်ကြီးချုပ်ဇာတ်ရုပ်နဲ့ မြင်တွေ့ခဲ့ရတဲ့မာဟေ့ရှ်ဘာဘူကို Maharahi-2019မှာတော့ ဇာတ်ရုပ်အမျိုးမျိုးနဲ့ တွေ့မြင်ရမှာပါ။ မင်းသမီးချောကတော့ တေလဂူးအချစ်ဇာတ်လမ်းကြိုက်သူတွေ သိပြီးသားဖြစ်မှာပါ။ ဇာတ်ရုပ်အမျိုးမျိုးနဲ့ အတူ ခွန်အားတွေ၊ရသတွေကိုလည်းပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး။ ဇာတ်လမ်းက ရှည်လျားပေမဲ့ဘယ်နေရာမှာမှ ပိုနေတဲ့ ဇာတ်ဝင်ခန်း မတွေ့မိပါဘူး။ ကဲ အဆင်ပြေရင် အညွန်းလေး တစ်ချက် လာမယ်။————————————————— မာဟေ့ရှ်ကို ဇာတ်လမ်းရဲ့ စစချင်းမှာနာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့စီအီးအိုအဖြစ်ရွေးချယ်ခံရတယ်ဆိုတာတွေကို ရှေးဦးစွာမြင်ရမှာပါ။ သူဟာ ဒီလို ဘဝရောက်ခဲ့ဖို့ ကြိုးစားခဲ့ရတဲ့အခြေခံဘဝကလည်း ဆိုးရွားခဲ့ပါတယ်။ ဒါကြောင့်လည်း သူ ဖြစ်ချင်ခဲ့တာကို ကြိုးစားပြီးဖြစ်ခွင့်ရခဲ့တာပါ။ ကျောင်းသားဘဝမှာ လွမ်းဆွေးစရာတွေ၊ပြန်မရနိုင်တဲ့ သူငယ်ချင်းကောင်းတွေ၊အချစ်ရေးတွေနဲ့။ကူညီပေးခဲ့တဲ့ ဆရာတွေနဲ့။ မိသားစုဖက်မှာဆိုရင် ပြန်တောင်းလို့မရနိုင်တော့တဲ့ နောင်တတွေနဲ့။ ဒါပေမဲ့ သူ.. အောင်မြင်မှုတစ်ခုတည်း အတွက်ဘဝကို ရုန်းကန်လာတဲ့အခါလက်လွှတ်ခဲ့ရတာတွေလည်း အများသား။ အောင်မြင်တယ်ဆိုတာကို ငွေတစ်ခုနဲ့ပဲ ဆုံးဖြတ်ကြတာလား … ။ အဖက်ဖက်မှာ အောင်မြင်ဖို့ဆိုတာလည်းသူ့အတွက် မလွယ်လှ။ မိဘ…၊ ချစ်သူ…၊ သူငယ်ချင်း..၊ အောင်မြင်မှုဘာတွေဟာ အရေးပါခဲ့လဲ သူမသိခဲ့။ အတိတ်ကို ပြန်တွေးရင် တွေးလေ ဆွေးစရာတွေနဲ့ပဲပြည့်နေတဲ့ သူ့ရဲ့ အောင်မြင်မှု၊ ဖြစ်သင့်တာကို ဦးစားပေးရင်ဖြစ်ချင်တာကိုလည်း လုပ်ရဦးမယ်မလား။ နှလုံးသားရဲ့ လိုအင်ကို ချိုချဥ်ကျွေးပြီးလျှူိထားချင်လို့မှ မရဘဲ။ ကဲ ရီရီွဆိုတဲ့ ကမ႓ာ့ထိပ်သီးကုမ္ပဏီ အော်ရီဂျင်ရဲ့စီအီးအို… ခရီးဆက်ပါပြီ။ —————————————————— ဒီဇာတ်ကားထဲမှာတော့ မိဘနဲ့ သားသမီး၊သူငယ်ချင်းကောင်းစိတ်ဓါတ်၊အချစ်ရေးတွေအပြင်အိန္ဒိယနိုင်ငံရဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝကိုပါ နိုင်ငံရေးနဲ့တွဲပြီး မြင်ရမှာပါ။ ဇာတ်လမ်းထဲ အကြောင်းအရာများပြီးအကြောင်းရင်းတစ်ခုစီမှာရသတစ်ခု ပေးထားတယ်လို့ မြင်မိပါတယ်။ တေလဂူး ပြည်နယ်ဇာတ်ကားမို့ သူတို့ရဲ့ သဘာဝအတိုင်း အချစ်၊ ဘဝသရုပ်ဖော် စတာတွေနဲ့ပြည့်နှက်နေပြီး အက်ရှင်၊အကတွေလည်း ပါပါသေးတယ်။ အက်ရှင်တွေမှာ အိုဗာတွေပါတာတော့သူတို့ရဲ့ သဘာဝမို့ နားလည်ကြည့်ရမှာပါ။ ဒီဇာတ်ကားဟာ အိန္ဒိယဇာတ်ကားအများစုအားရစရာမရိွတဲ့ 2019ခုနှစ်မှာတော့ကျေနပ်စရာ ဇာတ်ကားတစ်ကား အဖြစ် မြင်မိပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)

Hippi (2019) ⭐IMDB: 4.8/10 (152 Votes) 🎬 #Action #Bollywood #Comedy #Romance 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 20 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဗြိတိန်ကဗျာဆရာကြီး ဂျွန်မီလ်တန်က ပြောဖူးတယ်။ မိန်းကလေးတစ်ယောက်ကို စချစ်မိရင် “နိဗ္ဗာန်”ပဲ။ မိန်းကလေးတစ်ယောက်နဲ ့ ချစ်သူဖြစ်သွားပြီဆိုရင်တော့ “နိဗ္ဗာန် ပျောက်ဆုံးသွားပြီ”တဲ့။ ဂြ်န္မီလ္တန္မွ မဟုတ္ပါဘူး။ အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့သူတွေဆိုတာ ဟိုးအရင်ကလည်း ရှိခဲ့တယ် ၊ အခုလည်း ရှိနေတယ် ၊ နောင်လည်း ရှိနေဦးမှာပဲ မလား. ? တစ်စုံတစ်ယောက် . . . ကိုယ့်သူငယ်ချင်းရဲ ႔ ချစ်သူဖြစ်ခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်က သင့်ကိုလာပြီးတော့ ချစ်ရေးဆိုမယ်ဆိုရင်…. အဲ့ဒီလူကို သင့်ဘက်က ချစ်နေရင်တောင် သူငယ်ချင်းကို ငဲ့ကွက်ပြီး ငြင်းပယ်မှာလား . . .? ဒါမှမဟုတ် သင့်နှလုံးသား အလိုအတိုင်း အဲ့ဒီလူကို ပြန်ချစ်လိုက်မှာလား ? အရှုပ်အထွေးတွေကြားမှာ နေပျော်တတ်ကြတဲ့ ကျွန်တော်တို ့ပုထုဇဥ်တွေကြားမှာ ဒီလိုမျိုး လွန်ဆွဲမှုတွေနဲ ့ မကြာမကြာဆိုသလို ကြုံတွေ ့ရတတ်ပါတယ် ။ ဒီဇာတ်ကားမှာတော့ စော်ကြည်ဘဲကြီး ဟစ်ပီနဲ ့ ဆိုင်ကယ်ခရေစီဖြစ်တဲ့ ကောင်မလေး အမ်မူဒါတို ့ကြားက အချစ်ရေးကိစ္စကို အဓိက ဇာတ်အိမ်တည်ပြီးရိုက်ပြထားတာကို မြင်တွေ ့ရမှာ ဖြစ်ပါတယ် ။ ခေါင်းဆောင်အဖြစ်နဲ ့ပါ၀င်သရုပ်ဆောင်ထားသူက RX 100 ဇာတ်ကားနဲ ့ပရိတ်သတ်ရင်ထဲကို ရောက်ခဲ့ဖူးသူ တေလဂူမင်းသားချော Kartikeya Reddy Gummakonda ဖြစ်ပြီး မင်းသမီးကလည်း Jalebi ဇာတ်ကားထဲမှာ အာနူးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Digangana Suryavanshi ဖြစ်ပါတယ်။ တေလဂူ အချစ်ကားလေးတွေကို ကြိုက်တတ်တဲ့ ပရိတ်သတ်အတွက် ကျေနပ်စရာ ဇာတ်ကားလေး တစ်ကားပါပဲ ။ အိုဗာအက်ရှင် တစ်ခန်းနှစ်ခန်းကို နားလည်ပေးပြီး ခံစားမယ်ဆိုရင်တော့ ပရိတ်သတ်အားလုံးအတွက် ကြည့်ပျော်ရှုပျော်ရှိလှတဲ့ ဇာတ်ကားတစ်ကားဖြစ်လာမှာပါ။ ကိုမြင့်သူက အများဆုံးရေးပေးထားပြီး ညီညီကိုးမှ အနည်းငယ် ဝင်ယောင်ထားပါတယ်

Bharat (2019) ⭐IMDB: 4.7/10 (31 k Votes) 🎬 #Action #Bollywood #Drama #Comedy 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 34 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb rating – 5.7/10 Google Users – 74% Genere – Acrion/Drama မင်းသားကြီး Salman Khanနဲ့ မင်းသမီး Katrina Kaifတို့ အပြင် Sunil Grover တို့ သရုပ်ဆောင်ထားကြတဲ့ ရုံတင်ဇာတ်ကားကြီး အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။ ———————————————– လူတစ်ယောက် ဘဝတစ်ခု ဆိုပေမဲ့ ဘားရတ်ရဲ့ ဘဝက ဖြတ်သန်းရတဲ့ နယ်ပယ်အစုံမှာ မှတ်သားထားစရာ ဖြစ်ရပ်လေးတွေ ရှိတယ်။ ခု သူဟာ အသက်ကြီးကြီး လူအိုကြီး တစ်ယောက် ဖြစ်နေပြီ။ ငယ်ဘဝကတည်းက ခုထိတိုင် မပြောင်းလဲသေးတဲ့ အကြောင်းအရာတွေ အပြုအမူတွေ ရှိတုန်းပဲ။ တစ်နေ့ သူ့အဖေ ‘ ဒီဆိုင်လေးမှာ လာတွေ့မယ်၊ စောင့်နေပါ ‘ ဆိုတဲ့ စကားကို ငယ်ဘဝကနေ ခုထိ မမေ့သေးဘူး။ တနေ့ကျရင် သူ့အဖေနဲ့ သူ့ညီမ သူတို့ဆီ လာကြမယ်လို့ သူ ယုံကြည်ထားတုန်းပဲ။ ” မင်းက အကြီးဆုံးသားမို့ အားလုံးကို စောင့်ရှောက်နော်” ဆိုတဲ့ အန္တရာယ်ကြားကို ပြေးသွားရတဲ့ အဖေ့ရဲ့ စကားကို သူ တည်ရဦးမယ်။ သူ့အဖေကို ပေးခဲ့တဲ့ ‘စောင့်ရှောက်ပါမယ်’ဆိုတဲ့ ကတိက …. ဘာပဲဖြစ်ဖြစ် တည်ရမယ်မလား။ ခေတ်ကာလဆိုးတစ်ခုမှာ သူတို့တွေ ကွဲခဲ့ရပေမဲ့… ရွှေရောင်လက်တဲ့ ခေတ်မှာ အဖေနဲ့ ညီမကို ပြန်တွေ့ရမယ်လို့ သူ ယုံကြည်ထားဆဲပဲ။ ဒီလိုနဲ့ သူ ဖြတ်သန်းရုန်းကန်ခဲ့ရတဲ့ ဘဝတွေမှာ…… ————————————————– ကဲ ကိုယ်တိုင်ကိုယ်ကျ ခံစားရမယ်မလား။ ၂၀၁၉ ခုနှစ်မှာ မင်းသားကြီးရဲ့ ဒီဇာတ်ကားဟာ ဝေဖန်မှုတွေ အများကြီးရခဲ့တယ်။ မူရင်း Korea ကားကို အခြေခံထားတာဖြစ်လို့ မူရင်းကို မမီဘူးလို့ ပြောကြသလို … အကောင်းမြင်တဲ့ သူတွေလည်း ရှိတယ်။ ကိုယ့်အကြိုက်နဲ့ ကိုယ်မို့ ကွဲလွဲကြမှာပါ။ Remake လို့ ရေးလိုက်တာ Spoiler ဆိုပေမဲ့ လူတိုင်းသိပြီးသားမို့ ရေးလိုက်တာပါ။ မူရင်းကို မကြည့်ဖူးတော့ ဇာတ်ကားက ကြည့်လို့ကောင်းနေတယ်။ မူရင်းက ဒီထက်ပိုကောင်းမလားတော့ ကျွန်တော် မပြောတတ်။။ ကဲ… ကိုယ်က မူရင်းကြည့်ပြီးသားဖြစ်နေရင်တောင် အဆင့်အတန်းမဲ့ပြီး Spoilerတွေ မန့်ထဲ ရေးမသွားဖို့ တောင်းဆိုချင်ပါတယ်။ နှစ်နဲ့ချည်ပြီး ဆယ်လ်မန်ခန်းရဲ့ ပရိသတ်တွေလည်း စောင့်နေကြတာရှိသလို… Spoiler မမိဘဲ ကြည့်ချင်ကြသူတွေက အများကြီးပါ။ ကဲ… အောက်က Comment ထဲက Link လေးကို Copy ယူပြီး browser ကနေ Downloadချနိုင်ပါပြီ။ အညွှန်းနဲ့ မြန်မာမှု ပြုထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူတို့ ညီအစ်ကိုပါ။

De De Pyaar De (2019) ⭐IMDB: 6.5/10 (9 k Votes) 🎬 #Bollywood #Comedy #Romance #Drama 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 14 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (Unicode) MDb 6.7/10Google Users 90% ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိသတ်ကြီးအတွက် Rom-Com ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ ၂၀၁၉ ဝင်ငွေအကောင်းဆုံး ၁၀ ကား စာရင်းဝင်တစ်ကားဖြစ်သလို အချစ်ဟာသဇာတ်မြူးတွေသာရိုက်လေ့ရှိတဲ့ ဒါရိုက်တာ Akiv Ali ရဲ့ ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူး ပိုစတာပေါ်မှာ Romantic Comedy Movie ဆိုပြီးရေးရေးထားပြီးပေါပေါလောလောတွေ တင်ဆက်နေတဲ့ ကိုယ်တွေဆီက မြန်မာကားတွေအနေနဲ့ ဒီလိုကားတွေကနေ ပညာယူသင့်ပါတယ် Rom-Com ဆိုတာဘာလဲ ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ အိုကြီးအိုမတွေက ပေါတောတောတွေ လုပ်ပြစရာမလိုသလိုဗလတောင့်တောင့် အစ်ကိုကြီးတွေကလည်း ခြောက်ပြစရာမလိုပါဘူး သေခါနီးဘွားတော်ကြီးတွေ ရွပြဖို့မလိုသလိုချာတိတ်တွေက လူကြီးသူမတွေကို သောက်ပေါတွေပါလို့ အမြင်မှားအောင် ရိုက်ပြစရာမလိုပါဘူး ကုန်ကုန်ပြောရရင် ကလိထိုးပြီး မရယ်ရဖို့အရေးကြီးပါတယ် ဒီဇာတ်ကားထဲမှာ Rom-Com ဆိုတဲ့အတိုင်းRomance အခန်းတွေမှာလည်း ကြည်နူးစရာတွေဖြစ်စေသလိုComedy အခန်းတွေမှာလည်း တွေးတွေးပြီးရယ်ချင်စိတ်တွေဖြစ်စေပါတယ် ဒီတော့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ ဇာတ်ကားကောင်းတစ်ကားကို ခံစားကြည့်လိုက်ပါပေးလိုက်ရတဲ့အချိန် ၃ နာရီဝန်းကျင် အလကားမဖြစ်စေရဘူးလို့ အာမခံပါတယ် ဇာတ်လမ်းလေးပြောပြရရင် … အသက် ၅၀ အရွယ် အိမ်ထောင်ကွဲအမျိုးသားတစ်ဦးဖြစ်တဲ့ အာရှစ်(ရှ်)ဟာ အသက် ၂၆ အရွယ် အိုင်(ယ်)ရှားဆိုတဲ့ကောင်မလေးနဲ့ ချစ်ကျွမ်းဝင်သွားခဲ့ပါတယ် ၁၄ နှစ်အသက်ကွာခြားမှုကြောင့် ပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက်ကြားထိုးနှက်မှုပေါင်းများစွားလည်း ရှိနေပါတယ်။ အဲ့ဒိအချိန်မှာ အာရှစ်တစ်ယောက် အိုင်(ယ်)ရှားကို သူ့မိသားစုနဲ့တွေ့ပေးဖို့ခေါ်သွားတဲ့အခါမှာတော့ … (ဒီဇာတ်ကားဟာ အကြည်ထွက်တာကြာပြီဆိုပေမယ့် စာဖိုင်အမှန်မထွက်သေးလို့ဘာသာပြန်မရဘဲဖြစ်နေတာပါ အနီးစပ်ဆုံးစာဖိုင်ကို နားထောင်ပြီး အမှန်ဆုံးဖြစ်အောင် ဘာသာပြန်ပေးထားပါတယ်၊ လိုအပ်ချက်တစ်စုံတစ်ရာပါရှိပါက သည်းခံပေးကြပါကုန်) (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ) (Zawgyi) MDb 6.7/10Google Users 90% ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိသတ်ကြီးအတွက် Rom-Com ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ ၂၀၁၉ ဝင်ငွေအကောင်းဆုံး ၁၀ ကား စာရင်းဝင်တစ်ကားဖြစ်သလို အချစ်ဟာသဇာတ်မြူးတွေသာရိုက်လေ့ရှိတဲ့ ဒါရိုက်တာ Akiv Ali ရဲ့ ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူး ပိုစတာပေါ်မှာ Romantic Comedy Movie ဆိုပြီးရေးရေးထားပြီးပေါပေါလောလောတွေ တင်ဆက်နေတဲ့ ကိုယ်တွေဆီက မြန်မာကားတွေအနေနဲ့ ဒီလိုကားတွေကနေ ပညာယူသင့်ပါတယ် Rom-Com ဆိုတာဘာလဲ ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ အိုကြီးအိုမတွေက ပေါတောတောတွေ လုပ်ပြစရာမလိုသလိုဗလတောင့်တောင့် အစ်ကိုကြီးတွေကလည်း ခြောက်ပြစရာမလိုပါဘူး သေခါနီးဘွားတော်ကြီးတွေ ရွပြဖို့မလိုသလိုချာတိတ်တွေက လူကြီးသူမတွေကို သောက်ပေါတွေပါလို့ အမြင်မှားအောင် ရိုက်ပြစရာမလိုပါဘူး ကုန်ကုန်ပြောရရင် ကလိထိုးပြီး မရယ်ရဖို့အရေးကြီးပါတယ် ဒီဇာတ်ကားထဲမှာ Rom-Com ဆိုတဲ့အတိုင်းRomance အခန်းတွေမှာလည်း ကြည်နူးစရာတွေဖြစ်စေသလိုComedy အခန်းတွေမှာလည်း တွေးတွေးပြီးရယ်ချင်စိတ်တွေဖြစ်စေပါတယ် ဒီတော့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ ဇာတ်ကားကောင်းတစ်ကားကို ခံစားကြည့်လိုက်ပါပေးလိုက်ရတဲ့အချိန် ၃ နာရီဝန်းကျင် အလကားမဖြစ်စေရဘူးလို့ အာမခံပါတယ် ဇာတ်လမ်းလေးပြောပြရရင် … အသက် ၅၀ အရွယ် အိမ်ထောင်ကွဲအမျိုးသားတစ်ဦးဖြစ်တဲ့ အာရှစ်(ရှ်)ဟာ အသက် ၂၆ အရွယ် အိုင်(ယ်)ရှားဆိုတဲ့ကောင်မလေးနဲ့ ချစ်ကျွမ်းဝင်သွားခဲ့ပါတယ် ၁၄ နှစ်အသက်ကွာခြားမှုကြောင့် ပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက်ကြားထိုးနှက်မှုပေါင်းများစွားလည်း ရှိနေပါတယ်။ အဲ့ဒိအချိန်မှာ အာရှစ်တစ်ယောက် အိုင်(ယ်)ရှားကို သူ့မိသားစုနဲ့တွေ့ပေးဖို့ခေါ်သွားတဲ့အခါမှာတော့ … (ဒီဇာတ်ကားဟာ အကြည်ထွက်တာကြာပြီဆိုပေမယ့် စာဖိုင်အမှန်မထွက်သေးလို့ဘာသာပြန်မရဘဲဖြစ်နေတာပါ အနီးစပ်ဆုံးစာဖိုင်ကို နားထောင်ပြီး အမှန်ဆုံးဖြစ်အောင် ဘာသာပြန်ပေးထားပါတယ်၊ လိုအပ်ချက်တစ်စုံတစ်ရာပါရှိပါက သည်းခံပေးကြပါကုန်) (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)

Super 30 (2019) ⭐IMDB: 7.9/10 (33 k Votes) 🎬 #Biography #Bollywood #Drama 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 34 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (Unicode) 2019 ခုနှစ်မှာ အောင်မြင်မှု တော်တော် ရခဲ့ပြီး 2017 ကတည်းက ပျောက်နေတဲ့ လက်ပွားမင်းသားခေါ် Hrithik Roshan ရဲ့ ရုံတင်ဇာတ်ကားကြီး အကြည်တက်ပြီမို့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကတော့ အိန္ဒိယနိုင်ငံရဲ့ သင်္ချာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပြန်လည်ပုံဖော်ထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ပါ။ IMDb Rating – 8.5/10 Google Users – 96% Genere – Drama ————————————————— အညွှန်းမရေးခင် ကြိုပြောချင်ပါတယ်။ ‌အညွှန်းမဖတ်ဘဲ ကြည့်တာက ပိုပြီး သင့်တော်မယ်လို့ ထင်မိပါတယ်။ ‌တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ ရှောင်နိုင်တာ အကောင်းဆုံးပါ။ Spoiler တော့မပါပါဘူးခင်ဗျ။ ‌ ‌ ‌ကဲ့ ပထမပိုင်းအတွက် အညွန်းလေး စပြီ။ ‌ ‌နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ ‌ သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ ‌နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ‌ ‌ ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် ‌သူ မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ‌ ကမ့်ဘရစ်ချ် (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက ‌သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ‌ ‌ လူဆင်းရဲတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပါတယ်။ ‌ ‌ ဒီလိုနဲ့ မမျှော်လင့်ဘဲ ဒုက္ခမိုးတွေ သူ့ဆီရွာသွန်းခဲ့ရာမှာတော့…. ဒုတိယပိုင်း(နောက်ပိုင်း)အတွက် ထပ်ညွှန်းရရင်တော့… ကိုယ်ပိုင်ခံစားမှုလေး ထည့်ပါရစေ။ ပညာရေးကို စီးပွားရေးအဖြစ် အသုံးချလာကြတဲ့ လူအသိုင်းအဝိုင်း၊ ပညာရွှေအိုး လူမခိုး လို့ပဲ ဆိုရိုးရှိခဲ့တာပါ။ ရွှေအိုးရှိမှ ပညာရ ဆိုတဲ့ စကားပုံတော့ မတွင်ကျယ်ခဲ့ဘူး။ ပတ်ဝန်းကျင်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ မျးလာတယ်။ ကျောင်းနေရင် ကျူရှင်မယူရတဲ့ ကလေးတွေမှာ လကုန်တိုင်း ကျူရှင် ဆရာ မျက်နှာမဲ့မှာကို ကြောက်လာကြရတယ်။ ကျူရှင်စရိတ်(လခ)ပေးနိုင်ဖို့ အိမ်ကနေ အတင်းတောင်းရင်း ကျူရှင်ပျက်ရာက ကျောင်းထွက်သွားရတဲ့အထိ မြင်ဖူးခဲ့တယ်။ အဲ့ဒီလို ကလေးတွေ ရှိကြတယ်။ ဒါတွေကို မြို့နယ်မှာ အတော်ဆုံး လူဆင်းရဲဘဝက ရုန်းကန်ခဲ့ရတဲ့ ဆရာအာနန်းကူးမား နားလည်ခဲ့ရာမှာတော့….. Super 30 အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ——————————————– စာသင်ပြပုံတွေကို ရောထွေးပြီး ရိုးအီနေအောင်မထည့်ထားဘဲ အဓိက အထွတ်အထိပ်ရောက်မှ လိုအပ်သလို ဆွဲယူပြတာတွေက တော်တော်လေး အံ့မခန်းပါ။ နောက်ခံတီးလုံးတွေလည်း သစ်တယ်။ မျက်ရည်ကျလောက်တဲ့ ဘဝသရုပ်ဖော်တွေကို ပရိသတ်ကို ဆွဲခေါ်သွားနိုင်တာက လေးစားဖွယ်။ အခက်အခဲတွေ မျိုးစုံကို ရင်ဆိုင်နေရတဲ့ ဆရာတစ်ယောက်အတွက် တပည့်တွေက အတူဖြေရှင်းကြပုံတွေက အတုယူဖွယ်။ ဒီဇာတ်ကားဟာ ပညာရေး(Education) ကို အခြေခံထားပြီး ဘဝသရုပ်ဖော်တွေ ကို ရင်ဘတ်ထဲ ထည့်တော့မှာမို့ ကိုယ်တိုင်သာ ခံစားကြည့်ဖို့ အောက်က မန့်ဘောစ်ထဲ ဒေါင်းလုဒ်လင့်ကို ကော်ပီယူပြီး ဒေါင်းယူနိုင်ပါပြီ။ (စာအရေးအသား ဖတ်ရဆိုးတာမျိုးရှိရင် ကြိုတင် တောင်းပန်ပါတယ်။ စကားတွေ အများကြီး ပြောပေမဲ့ စာက နည်းနေတာမျိုးတွေ ရှိတတ်လို့ နားလည်လွယ်အောင် ကြိုးစားရေးရင်း ဖတ်ရတာ မပြေမပြစ်ဖြစ်နေတတ်လို့ပါ) (အညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူ ပါ။) (Zawgyi) 2019 ခုနှစ်မှာ အောင်မြင်မှု တော်တော် ရခဲ့ပြီး 2017 ကတည်းက ပျောက်နေတဲ့ လက်ပွားမင်းသားခေါ် Hrithik Roshan ရဲ့ ရုံတင်ဇာတ်ကားကြီး အကြည်တက်ပြီမို့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကတော့ အိန္ဒိယနိုင်ငံရဲ့ သချၤာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပြန်လည်ပုံဖော်ထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ပါ။ IMDb Rating – 8.5/10 Google Users – 96% Genere – Drama ————————————————— အညွှန်းမရေးခင် ကြိုပြောချင်ပါတယ်။ ‌အညွှန်းမဖတ်ဘဲ ကြည့်တာက ပိုပြီး သင့်တော်မယ်လို့ ထင်မိပါတယ်။ ‌တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ ရှောင်နိုင်တာ အကောင်းဆုံးပါ။ Spoiler ေတာ့မပါပါဘူးခင္ဗ်။ ‌ ‌ ‌ကဲ့ ပထမပိုင်းအတွက် အညွန်းလေး စပြီ။ ‌ ‌နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သချၤာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ ‌ သူကိုယ်တိုင် သချၤာကို ဝါသနာပါတာမို့ ‌နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ‌ ‌ ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် ‌သူ မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ‌ ကမ့်ဘရစ်ချ် (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက ‌သချၤာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ‌ ‌ လူဆင်းရဲတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပါတယ်။ ‌ ‌ ဒီလိုနဲ့ မမျှော်လင့်ဘဲ ဒုက္ခမိုးတွေ သူ့ဆီရွာသွန်းခဲ့ရာမှာတော့…. ဒုတိယပိုင်း(နောက်ပိုင်း)အတွက် ထပ်ည

Evaru (2019) ⭐IMDB: 8.1/10 (6 k Votes) 🎬 #Bollywood #Crime #Drama #Thriller #Mystery 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 55 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (Unicode) ၂၀၁၈ ခုနှစ်မှာ တေလဂူးအက်ရှင်ကားကောင်းတစ်ကားကို မှတ်မိကြမှာပါ။ ဘာအိုဗာအက်ရှင်မှ မပါတဲ့ Goodachari ပါ။ ဒီမင်းသားကို ထပ်ပြီးပြောပြရမယ်ဆို ဟင်ဒီမင်းသားချော တိုက်ဂါး နှစ်ကြိမ်နှစ်ခါ ပြန်ရိုက်ခဲ့ပြီး Remakeများစွာပြုခဲ့ကြတဲ့ Baaghi ရဲ့ မူရင်း သရုပ်ဆောင်ပါ။ IMDb Rating – 8.6/10 Google Users – 96% အညွန်း ———– ဒီမင်းသားနာမည်က Adivi Seshတဲ့။ ဒီဇာတ်ကားထဲမှာတော့ ရဲအရာရှိဗစ်ကရမ်နေရာက မြင်တွေ့ရမှာပါ။ ရဲအရာရှိ ဗစ်ကရမ် အဖြစ်မြင်ရမယ့် မင်းသားဟာ ငွေအတွက်ဆို ဘာမဆို လုပ်မယ့်သူမျိုး၊ ရှေ့နေတစ်ယောက် မဟုတ်ပေမဲ့ လူသတ်သမားကိုလည်း သူ အကြံကောင်းတစ်ချို့နဲ့ ကာကွယ်ပေးနိုင်တဲ့ ရဲအရှိမျိုး။ အတွေးဉာဏ်၊ဖြတ်ထိုးဉာဏ် ကောင်းကောင်းနဲ့ သူဟာ လူသတ်သမား ဆမ်မီရာဖက်က သူဟာ အကြံပေးအဖြစ် ရှိနေမှာပါ။ အသတ်ခံရတဲ့ ရဲအရာရှိ(တရားလို)ဖက်ကတော့ သက်သေတွေ၊သဲလွန်စတွေကို လုပ်ကြံတတ်တဲ့ ရှေ့နေနဲ့ပါ။ နှစ်ပေါင်း၂၀အတွင်း အိန္ဒိယတောင်ပိုင်းမှာ သူလိုက်ခဲ့ဖူးတဲ့ အမှု မှန်သမျှ ရှုံးနိမ့်ဖူးတာမရှိသေးဘူး။ တရားခံဖက်ကလည်း လူသတ်မှုကို ဥပဒေကို ချိုးဖောက်တဲ့ ရဲအရာရှိရဲ့မုဒိမ်းမှုအဖြစ် ပြောချင်နေတယ်။ မုဒိမ်းမှုကောင်ရဲအရှိတစ်ယောက်ကို သတ်ပစ်လိုက်တဲ့ မိန်းမတစ်ယောက်ရဲ့ အမှုကို ပုံဖော်ထားပြီး ဒီအမှုဟာ မှန်ကန်မှုရှိမရှိကို ရဲအရာရှိ ဗစ်ခရမ်က စုံစမ်းရာမှာတော့….. အမှုကွင်းဆက်တွေနဲ့အတူ…. ကဲ အပြောင်းအလဲလေးတွေရှိလာနိုင်သေးတော့ ဒီအညွန်းကို ဒီလောက်ပဲ ဖြတ်မယ်ဗျို့။ ————————————- ဒီဇာတ်ကားကို ဒီလောက်ထိ မမျှော်လင့်ခဲ့တာတော့ အမှန်ပါ။ ဒီမင်းသားဟာ ဇာတ်လမ်းရွေးတဲ့ နေရာမှာ တော်တယ်လို့ဆိုရမယ်။ ဒီဇာတ်ကားမှာ မင်းသမီးရွေးထားတာလည်း အရမ်းတော်ပါတယ်။အလိုက်ဖက်ဆုံးပဲ။ လှည့်ကွက်တွေ၊မြှုပ်ကွက်တွေကို ထည့်ထားပြီး မုဒိမ်းကျင့်လို့ သတ်ပစ်ပါတယ်လို့ စစချင်းမှာ ဖော်ပြထားတော့ ‘တခြားဘာကိုများ ဖော်ပြနေဦးမလဲ၊ ရှေ့ဆက် ဘယ်လိုဖြစ်မလဲ’ဆိုတဲ့ အသိက ဇာတ်လမ်းကို အဆုံးထိ ဆွဲခေါ်သွားခဲ့တယ်။ အဆုံးပြောချင်တာကတော့ ဒီမင်းသားဟာ ဇာတ်လမ်းရွေးတာ တော်သလို ကျွန်တော်တို့လည်း ဇာတ်ကားရွေးတာ မှန်တယ်လို့ ပြောလိုပါတယ်။ ဘော်ဒါတို့လည်း ဇာတ်ကားကောင်းကြိုက်သူ၊ အိန္ဒိယဇာတ်ကားကောင်းတွေကို ကြိုက်သူသာဆိုရင် ဒီဇာတ်ကားကြည့်လို့ နောင်တမရစေရဘူးလို့ အာမခံပါတယ်။ အညွှန်းကိုတော့ ညီညီကိုးမှ ရေးထားပြီး ဘာသာပြန်တွေကတော့ ညီညီကိုးနဲ့ မျိုးခန့်ပါ (Zawgyi) ၂၀၁၈ ခုနှစ်မှာ တေလဂူးအက်ရှင်ကားကောင်းတစ်ကားကို မှတ်မိကြမှာပါ။ ဘာအိုဗာအက္ရွင္မွ မပါတဲ့ Goodachari ပါ။ ဒီမင်းသားကို ထပ်ပြီးပြောပြရမယ်ဆို ဟင်ဒီမင်းသားချော တိုက်ဂား နှစ်ကြိမ်နှစ်ခါ ပြန်ရိုက်ခဲ့ပြီး Remakeများစွာပြုခဲ့ကြတဲ့ Baaghi ရဲ့ မူရင်း သရုပ်ဆောင်ပါ။ IMDb Rating – 8.6/10 Google Users – 96% အၫြန္း ———– ဒီမင္းသားနာမည္က Adivi Seshတဲ့။ ဒီဇာတ်ကားထဲမှာတော့ ရဲအရာရိွဗစ်ကရမ်နေရာက မြင်တွေ့ရမှာပါ။ ရဲအရာရိွ ဗစ်ကရမ် အဖြစ်မြင်ရမယ့် မင်းသားဟာ ငွေအတွက်ဆို ဘာမဆို လုပ်မယ့်သူမျိုး၊ ရှေ့နေတစ်ယောက် မဟုတ်ပေမဲ့ လူသတ်သမားကိုလည်း သူ အကြံကောင်းတစ်ချို့နဲ့ ကာကွယ်ပေးနိုင်တဲ့ ရဲအရိွမျိုး။ အတွေးဉာဏ်၊ဖြတ်ထိုးဉာဏ် ကောင်းကောင်းနဲ့ သူဟာ လူသတ်သမား ဆမ်မီရာဖက်က သူဟာ အကြံပေးအဖြစ် ရိွနေမှာပါ။ အသတ်ခံရတဲ့ ရဲအရာရိွ(တရားလို)ဖက်ကတော့ သက်သေတွေ၊သဲလွန်စတွေကို လုပ်ကြံတတ်တဲ့ ရှေ့နေနဲ့ပါ။ နှစ်ပေါင်း၂၀အတွင်း အိန္ဒိယတောင်ပိုင်းမှာ သူလိုက်ခဲ့ဖူးတဲ့ အမှု မှန်သမျှ ရံႈးနိမ့်ဖူးတာမရိွသေးဘူး။ တရားခံဖက်ကလည်း လူသတ်မှုကို ဥပဒေကို ချိုးဖောက်တဲ့ ရဲအရာရိွရဲ့မုဒိမ်းမှုအဖြစ် ပြောချင်နေတယ်။ မုဒိမ်းမှုကောင်ရဲအရိွတစ်ယောက်ကို သတ်ပစ်လိုက်တဲ့ မိန်းမတစ်ယောက်ရဲ့ အမှုကို ပုံဖော်ထားပြီး ဒီအမှုဟာ မှန်ကန်မှုရိွမရိွကို ရဲအရာရိွ ဗစ်ခရမ်က စုံစမ်းရာမှာတော့….. အမှုကွင်းဆက်တွေနဲ့အတူ…. ကဲ အပြောင်းအလဲလေးတွေရိွလာနိုင်သေးတော့ ဒီအညွန်းကို ဒီလောက်ပဲ ဖြတ်မယ်ဗျို့။ ————————————- ဒီဇာတ်ကားကို ဒီလောက်ထိ မမျှော်လင့်ခဲ့တာတော့ အမှန်ပါ။ ဒီမင်းသားဟာ ဇာတ်လမ်းရွေးတဲ့ နေရာမှာ တော်တယ်လို့ဆိုရမယ်။ ဒီဇာတ်ကားမှာ မင်းသမီးရွေးထားတာလည်း အရမ်းတော်ပါတယ်။အလိုက်ဖက်ဆုံးပဲ။ လှည့်ကွက်တွေ၊မြှူပ်ကွက်တွေကို ထည့်ထားပြီး မုဒိမ်းကျင့်လို့ သတ်ပစ်ပါတယ်လို့ စစချင်းမှာ ဖော်ပြထားတော့ ‘တခြားဘာကိုများ ဖော်ပြနေဦးမလဲ၊ ရှေ့ဆက် ဘယ်လိုဖြစ်မလဲ’ဆိုတဲ့ အသိက ဇာတ်လမ်းကို အဆုံးထိ ဆွဲခေါ်သွားခဲ့တယ်။ အဆုံးပြောချင်တာကတော့ ဒီမင်းသားဟာ ဇာတ်လမ်းရွေးတာ တော်သလို ကျွန်တော်တို့လည်း ဇာတ်ကားရွေးတာ မှန်တယ်လို့ ပြောလိုပါတယ်။ ဘော်ဒါတို့လည်း ဇာတ်ကားကောင်းကြိုက်သူ၊ အိန္ဒိယဇာတ်ကားကောင်းတွေကို ကြိုက်သူသာဆိုရင် ဒီဇာတ်ကားကြည့်လို့ နောင်တမ