fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Batla House (2019) ⭐IMDB: 7.2/10 (12 k Votes) 🎬 #Action #Bollywood #Drama #Thriller #Crime #History 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 19 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (Unicode) တကယ်တော့ ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ကို အခြေပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ့က ဒေလီမြို့မှာ ပေါက်ကွဲမှု ငါးကြိမ်ဖြစ်ပွားပြီးတဲ့ နောက်ပိုင်း စက်တင်ဘာလ ၁၉ရက်နေ့က ဒေလီမြို့၊ ဂျမီယာနဂါးအရပ်မှာရှိတဲ့ ဖြစ်ပွားခဲ့တဲ့ Batla House encounter case (Batla House ပစ်ခတ်ဖမ်းဆီးမှု) သို့မဟုတ် Operation Batla House (Batla House စစ်ဆင်ရေး) ကို အခြေခံထားတာပါ။ အဲ့ဒီစစ်ဆင်ရေးမှာ အကြမ်းဖက်သမားလို့ရဲတွေဘက်က ယူဆထားခဲ့တဲ့ Jamia Millia Islamia University (ဂျမီယာမီလ်လာအစ္စလာမ်မီယာတက္ကသိုလ်)က ကျောင်းသားငါးယောက်ကို ပိတ်ဆို့ဖမ်းဆီးရင်း နှစ်ဦးနှစ်ဖက် ပစ်ခတ်တဲ့ အခြေအနေကို ရောက်သွားတယ်။ ဒီဖြစ်စဉ်မှာ ကျောင်းသား ၂ယောက်ကို အသေဖမ်းမိတယ် ၊ ၂ယောက်က လွတ်သွားပြီး ၊ ကျန် ၁ ယောက်ကို အရှင်ဖမ်းမိတယ် ။ ရဲတွေဘက်မှာလည်း စစ်ဆင်ရေးကို ဦးဆောင်တဲ့ အရာရှိတစ်ယောက် ကျဆုံးပြီး ၊ တစ်ယောက်က တရားအစွဲခံရတယ်။ အဲ့ဒီအချိန်တုန်းက ဒေလီရဲတပ်ဖွဲ့ကို ပြည်သူက အယုံအကြည်ကင်းမဲ့နေချိန်မို့ ဒါဟာ ရဲတွေဘက်က နိုင်ငံရေးလှည့်ကွက်တစ်ခုကို ဖန်တီးပြီး ပြည်သူတွေနဲ့နိုင်ငံရေးသမားတွေကို လှည့်ဖြားတယ်လို့ပဲ အားလုံးက ယူဆလိုက်ကြတယ်။ ဂျမီယာမီလ်လာအစ္စလာမ်မီယာတက္ကသိုလ်က ကျောင်းသားတွေ ၊ ကျောင်းဆရာတွေနဲ့ နိုင်ငံရေးသမားတွေ ဆူပူအုံကြွလာတယ်။ အပြစ်မဲ့ ကျောင်းသားတွေကို သတ်ရပါ့မလားဆိုပြီး ဆန္ဒပြကြတယ်။မီဒီယာကနေ အော်ကြတယ်။ အဖက်ဖက်က အစိုးရကို ဖိအားတွေ ပေးလာတဲ့အချိန်မှာ ဒီစစ်ဆင်ရေးကို ဦးဆောင်တဲ့ အရာရှိမိုဟန်ချန်းရှာမားတစ်ယောက် အပြစ်မဲ့ ကျောင်းသား၅ယောက်ကို သတ်ခဲ့တဲ့ စွပ်စွဲချက်ကြောင့် တရားရုံးမှာ တရားရင်ဆိုင်ရမယ့် အခြေအနေအထိ ဖြစ်လာခဲ့တော့တယ်။ အဖြစ်အပျက်ကို အခြေခံပြီး ၊ ဒီစစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ အရာရှိ မိုဟန်ချန်းရှာမားနေရာကို မင်းသားကြီး ဂျွန်အေဗရာဟမ်က ဆန်ဂျေးကူးမားရ်ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဖြစ်ရပ်မှန်ဇာတ်ကားဆိုတော့ အစပိုင်းမှာ ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေသလို ခံစားရနိုင်ပေမယ့် ဇာတ်လမ်းရဲ့ ဆွဲငင်နိုင်မှုက အတော်ကြီးကို အားကောင်းလှပါတယ်။ အဆုံးသတ်အထိ ကြည့်ပြီးသွားရင်တော့ ရသတစ်ခုခုကို ခံစားရမယ်လို့ယုံကြည်မိပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူ ပါ။) (Zawgyi) တကယ်တော့ ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ကို အခြေပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ ့က ဒေလီမြို ႔မှာ ပေါက်ကွဲမှု ငါးကြိမ်ဖြစ်ပွားပြီးတဲ့ နောက်ပိုင်း စက်တင်ဘာလ ၁၉ရက်နေ ့က ဒေလီမြို ့၊ ဂျမီယာနဂားအရပ်မှာရှိတဲ့ ဖြစ်ပွားခဲ့တဲ့ Batla House encounter case (Batla House ပစ်ခတ်ဖမ်းဆီးမှု) သို ့မဟုတ် Operation Batla House (Batla House စစ်ဆင်ရေး) ကို အခြေခံထားတာပါ။ အဲ့ဒီစစ်ဆင်ရေးမှာ အကြမ်းဖက်သမားလို ့ရဲတွေဘက်က ယူဆထားခဲ့တဲ့ Jamia Millia Islamia University (ဂျမီယာမီလ်လာအစ္စလာမ်မီယာတက္ကသိုလ်)က ကျောင်းသားငါးယောက်ကို ပိတ်ဆို ့ဖမ်းဆီးရင်း နှစ်ဦးနှစ်ဖက် ပစ်ခတ်တဲ့ အခြေအနေကို ရောက်သွားတယ်။ ဒီဖြစ်စဥ်မှာ ကျောင်းသား ၂ယောက်ကို အသေဖမ်းမိတယ် ၊ ၂ယောက်က လွတ်သွားပြီး ၊ ကျန် ၁ ယောက်ကို အရှင်ဖမ်းမိတယ် ။ ရဲတွေဘက်မှာလည်း စစ်ဆင်ရေးကို ဦးဆောင်တဲ့ အရာရှိတစ်ယောက် ကျဆုံးပြီး ၊ တစ်ယောက်က တရားအစွဲခံရတယ်။ အဲ့ဒီအချိန်တုန်းက ဒေလီရဲတပ်ဖွဲ ႔ကို ပြည်သူက အယုံအကြည်ကင်းမဲ့နေချိန်မို ့ ဒါဟာ ရဲတွေဘက်က နိုင်ငံရေးလှည့်ကွက်တစ်ခုကို ဖန်တီးပြီး ပြည်သူတွေနဲ ့နိုင်ငံရေးသမားတွေကို လှည့်ဖြားတယ်လို ့ပဲ အားလုံးက ယူဆလိုက်ကြတယ်။ ဂျမီယာမီလ်လာအစ္စလာမ်မီယာတက္ကသိုလ်က ကျောင်းသားတွေ ၊ ကျောင်းဆရာတွေနဲ ့ နိုင်ငံရေးသမားတွေ ဆူပူအုံကြွလာတယ်။ အပြစ်မဲ့ ကျောင်းသားတွေကို သတ်ရပါ့မလားဆိုပြီး ဆန္ဒပြကြတယ်။မီဒီယာကနေ အော်ကြတယ်။ အဖက်ဖက်က အစိုးရကို ဖိအားတွေ ပေးလာတဲ့အချိန်မှာ ဒီစစ်ဆင်ရေးကို ဦးဆောင်တဲ့ အရာရှိမိုဟန်ချန်းရှာမားတစ်ယောက် အပြစ်မဲ့ ကျောင်းသား၅ယောက်ကို သတ်ခဲ့တဲ့ စွပ်စွဲချက်ကြောင့် တရားရုံးမှာ တရားရင်ဆိုင်ရမယ့် အခြေအနေအထိ ဖြစ်လာခဲ့တော့တယ်။ အဖြစ်အပျက်ကို အခြေခံပြီး ၊ ဒီစစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ အရာရှိ မိုဟန်ချန်းရှာမားနေရာကို မင်းသားကြီး ဂျွန်အေဗရာဟမ်က ဆန်ဂျေးကူးမားရ်ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ ့ ပါ၀င် သရုပ်ဆောင်ထားပါတယ်။ ဖြစ်ရပ်မှန်ဇာတ်ကားဆိုတော့ အစပိုင်းမှာ ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေသလို ခံစားရနိုင်ပေမယ့် ဇာတ်လမ်းရဲ ႔ ဆွဲငင်နိုင်မှုက အတော်ကြီးကို အားကောင်းလှပါတယ်။ အဆုံးသတ်အထိ ကြည့်ပြီးသွားရင်တော့ ရသတစ်ခုခုကို ခံစားရမယ်လို ့ယုံကြည်မိပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ပေးထားကြသ

Chhichhore (2019) ⭐IMDB: 8.3/10 (56 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 23 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (Unicode) IMDb – 8.4/10 Genere – Drama အတိတ်ရထားကို စီးခွင့်သာ ရမယ်ဆိုရင် ကျောင်းသားဘဝဟာ လူတိုင်းရဲ့ ဘူတာ ဖြစ်မှာပါ။ ဘဝရဲ့ အကောင်းဆုံး အမှတ်တရတွေဟာ ကျောင်းသားဘဝမှာပဲ ဖြစ်တည်ကြတာမလား။ မိသားစုလို ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ ရှိမယ်။ ဘဝရဲ့ လက်တွဲဖော်ကို စပြီး ရှာတွေ့ခဲ့တယ်။ အားကစားပွဲတွေမှာ အတူယှဉ်ပြိုင်ခဲ့ကြတယ်။ ကျောင်းအနုပညာပွဲတွေမှာ အတူပါဝင်ခဲ့ကြဖူးတယ်။ ကျောင်းသားဘဝ အတိတ်မှတ်တမ်းဟာ ပြန်ဖတ်လို့ မရိုးအီနိုင်တဲ့ စာအုပ်တစ်အုပ်ပဲ။ ———————————————– ဒီဇာတ်ကားထဲမှာတော့ အဓိကဇာတ်ကောင်တွေကို Engineering College ကျောင်းသားတွေ အဖြစ် မြင်ရမယ်။ အရှုံးသမားအမည်ခံ ၊ တစ်ကျောင်းလုံးရဲ့ အဆိုးဆုံး အဆောင် H4 လေးရဲ့ ချစ်ခင်မှု၊ပျော်ရွှင်ကြမှု၊ စည်းလုံးမှု ဒါတွေကို မြင်ရမယ်။ အရက်သမားရယ်၊ အချိန်ပြည့် အပြာစာအုပ်တွေ ထိုင်ဖတ်နေတဲ့ကောင်ရယ်၊ အရှုံးသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သုံးနှစ်လုံး စီနီယာလုပ်နေတဲ့သူရယ်၊ အမြဲလိုလို ငိုငိုပြီး ရိုးအ,လွန်းတဲ့ ကောင်ရယ်၊ အနိုင်ကျင့်ဗိုလ်ကျလွန်းတဲ့ကောင်ရယ်၊ H4ကို စိတ်ကုန်ရင်း H4ကို ချစ်တတ်သွားတဲ့ကောင်ရယ်၊ ဒါဟာ အရှုံးသမား ၆ယောက်၊ H4ရဲ့ အာဏာရှိတွေ။ သူတို့ဟာ အရှုံးသမားလို့ အခေါ်ခံနေရတာကို ခံပြင်းနေကြသူပါ။ ဘက်စုံထူးချွန်ပြိုင်ပွဲမှာ အနိုင်ရရင်တော့ ဒီနာမည်ဆိုးကို ဖျောက်ဖျက်နိုင်ကြလိမ့်မယ်လို့ သူတို့ ယုံထားတယ်။ ဒါပေမဲ့ အနိုင်ရဖို့ မပြောနဲ့ဦး၊ အားကစားနဲ့ ပတ်သက်ပြီး အရည်အချင်း ရှိသူတွေက နည်းနေသေးတယ်။ ဒီလိုနဲ့ ပြိုင်ပွဲနီးကပ်လာရာမှာတော့…. —————————————————- ဒီဇာတ်ကားကို နောက်ကြောင်းပြန်ပြီး ဖော်ပြထားပါတယ်။ ဒါကလည်း အရှုံးသမားလို့ အခေါ်ခံရမှာကို ကြောက်နေတဲ့ ကလေးတစ်ယောက်ကို အားပေးစကားပြောပုံနဲ့ တင်ဆက်ထားတာပါ။ ကျောင်းသားဘဝရဲ့ ပျော်ရွှင်မှုတွေကို ဖော်ပြရမှာ ရယ်စရာလေးတွေပါမယ်။ သို့ပေမယ့် အပေါစားဆန်တဲ့ ဟာသတွေ တော့ မဟုတ်ပါဘူး။ ကဲ… ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေ ကျေနပ်စေနိုင်တဲ့ ဇာတ်ကားတစ်ကားဆိုတာ ယုံကြည်ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီ။ (အညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူ ပါ။) (Zawgyi) IMDb – 8.4/10 Genere – Drama အတိတ်ရထားကို စီးခွင့်သာ ရမယ်ဆိုရင် ကျောင်းသားဘဝဟာ လူတိုင်းရဲ့ ဘူတာ ဖြစ်မှာပါ။ ဘဝရဲ့ အကောင်းဆုံး အမှတ်တရတွေဟာ ကျောင်းသားဘဝမှာပဲ ဖြစ်တည်ကြတာမလား။ မိသားစုလို ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ ရှိမယ်။ ဘဝရဲ့ လက်တွဲဖော်ကို စပြီး ရှာတွေ့ခဲ့တယ်။ အားကစားပွဲတွေမှာ အတူယှဥ်ပြိုင်ခဲ့ကြတယ်။ ကျောင်းအနုပညာပွဲတွေမှာ အတူပါဝင်ခဲ့ကြဖူးတယ်။ ကျောင်းသားဘဝ အတိတ်မှတ်တမ်းဟာ ပြန်ဖတ်လို့ မရိုးအီနိုင်တဲ့ စာအုပ်တစ်အုပ်ပဲ။ ———————————————– ဒီဇာတ်ကားထဲမှာတော့ အဓိကဇာတ်ကောင်တွေကို Engineering College ကျောင်းသားတွေ အဖြစ် မြင်ရမယ်။ အရှုံးသမားအမည်ခံ ၊ တစ်ကျောင်းလုံးရဲ့ အဆိုးဆုံး အဆောင် H4 လေးရဲ့ ချစ်ခင်မှု၊ပျော်ရွှင်ကြမှု၊ စည်းလုံးမှု ဒါတွေကို မြင်ရမယ်။ အရက်သမားရယ်၊ အချိန်ပြည့် အပြာစာအုပ်တွေ ထိုင်ဖတ်နေတဲ့ကောင်ရယ်၊ အရှုံးသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သုံးနှစ်လုံး စီနီယာလုပ်နေတဲ့သူရယ်၊ အမြဲလိုလို ငိုငိုပြီး ရိုးအ,လွန်းတဲ့ ကောင်ရယ်၊ အနိုင်ကျင့်ဗိုလ်ကျလွန်းတဲ့ကောင်ရယ်၊ H4ကို စိတ်ကုန်ရင်း H4ကို ချစ်တတ်သွားတဲ့ကောင်ရယ်၊ ဒါဟာ အရှုံးသမား ၆ယောက်၊ H4ရဲ့ အာဏာရှိတွေ။ သူတို့ဟာ အရှုံးသမားလို့ အခေါ်ခံနေရတာကို ခံပြင်းနေကြသူပါ။ ဘက်စုံထူးချွန်ပြိုင်ပွဲမှာ အနိုင်ရရင်တော့ ဒီနာမည်ဆိုးကို ဖျောက်ဖျက်နိုင်ကြလိမ့်မယ်လို့ သူတို့ ယုံထားတယ်။ ဒါပေမဲ့ အနိုင်ရဖို့ မပြောနဲ့ဦး၊ အားကစားနဲ့ ပတ်သက်ပြီး အရည်အချင်း ရှိသူတွေက နည်းနေသေးတယ်။ ဒီလိုနဲ့ ပြိုင်ပွဲနီးကပ်လာရာမှာတော့…. —————————————————- ဒီဇာတ်ကားကို နောက်ကြောင်းပြန်ပြီး ဖော်ပြထားပါတယ်။ ဒါကလည်း အရှုံးသမားလို့ အခေါ်ခံရမှာကို ကြောက်နေတဲ့ ကလေးတစ်ယောက်ကို အားပေးစကားပြောပုံနဲ့ တင်ဆက်ထားတာပါ။ ကျောင်းသားဘဝရဲ့ ပျော်ရွှင်မှုတွေကို ဖော်ပြရမှာ ရယ်စရာလေးတွေပါမယ်။ သို့ပေမယ့် အပေါစားဆန်တဲ့ ဟာသတွေ တော့ မဟုတ်ပါဘူး။ ကဲ… ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေ ကျေနပ်စေနိုင်တဲ့ ဇာတ်ကားတစ်ကားဆိုတာ ယုံကြည်ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီ။ (အညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူ ပါ။)

Brian Banks (2018) ⭐IMDB: 7.2/10 (8 k Votes) 🎬 #Bollywood #Drama #Sport #Biography 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Brian Banks(2018)အညႊန္း ********************** IMDb….6.5 (zawgyi) ဇာတ်လမ်းအကျဥ်းကတော့အမေရိကန်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ဘရိုင်ယန်ကိသ်ဘန့်စ်ရဲ့ဖြစ်ရပ်မှန်ကိုယ်ရေးအတ္ထုပတ္တိအကြာင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်ဘရိုင်ယန်ဟာ ငယ်စဥ်ကတည်းက အမေရိကန်ဘောလုံးကစားတာကို အရမ်းဝါသနာပါခဲ့သူဖြစ်ပြီးထူးချွန်တဲ့ကစားသမားတစ်ဦးလဲဖြစ်ခဲ့ပါတယ်…NFLကပရိုအသင်းတစ်သင်းဖြစ်တဲ့ USCကတောင်ခေါ်ယူတဲ့အထိနီးစပ်ခဲ့တာပါ…ဒါပေမယ့်ငယ်ရွယ်တဲ့အချိန်မှာ ကံကြမ္မာရဲ့ လှည့်စားမှုတစ်ခုကြောင့်ဘရိုင်ယန်ရဲ့ဘဝအိမ်မက်တွေ ပျောက်ဆုံးခဲ့ရတယ်…အကြောင်းကတော့သူ့ကိုအမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားသူတစ်ဦးအဖြစ် တရားစွဲဆိုခြင်းခံလိုက်ရပါတယ်.. ဒါကြောင့်ပဲ သူဝါသနာထုံတဲ့ အားကစားကိုဆက်လက်ကစားခွင့်မရခဲ့တော့ပါဘူး…ဒါပေမယ့် ဘရိုင်ယန်ဟာလက်လျှော့ခြင်းမရှိခဲ့ဘဲသူမကျူးလွန်ခဲ့တဲ့ ဒီနာမည်အမည်းစက်ဆိုးကြီးကို ချေဖျက်ဖို့ဘယ်လိုရှေ့ဆက်တိုက်ပွဲဝင်သွားမလဲဆိုတာကိုတော့…ဒီကားက စိတ်၀င်စားစရာဖြစ်ရပ်မှန် ဖြစ်တဲ့အပြင်ဘရိုင်ယန်ရဲ့ လှုပ်ရှားရုန်းကန်ပုံတွေကို လေးစားစရာတွေ့မြင်ရသလိုတစ်ချို့အရာတွေကျပြန်တော့ လည်း တကယ့်ကို သံေ၀ဂရစရာတွေပါပဲ…ခံစားကြည့်ကြပါဦး…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aungပဲဖြစ်ပါတယ်…. (unicode) ဇာတ်လမ်းအကျဉ်းကတော့အမေရိကန်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ဘရိုင်ယန်ကိသ်ဘန့်စ်ရဲ့ဖြစ်ရပ်မှန်ကိုယ်ရေးအတ္ထုပတ္တိအကြာင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်ဘရိုင်ယန်ဟာ ငယ်စဉ်ကတည်းက အမေရိကန်ဘောလုံးကစားတာကို အရမ်းဝါသနာပါခဲ့သူဖြစ်ပြီးထူးချွန်တဲ့ကစားသမားတစ်ဦးလဲဖြစ်ခဲ့ပါတယ်…NFLကပရိုအသင်းတစ်သင်းဖြစ်တဲ့ USCကတောင်ခေါ်ယူတဲ့အထိနီးစပ်ခဲ့တာပါ…ဒါပေမယ့်ငယ်ရွယ်တဲ့အချိန်မှာ ကံကြမ္မာရဲ့ လှည့်စားမှုတစ်ခုကြောင့်ဘရိုင်ယန်ရဲ့ဘဝအိမ်မက်တွေ ပျောက်ဆုံးခဲ့ရတယ်…အကြောင်းကတော့သူ့ကိုအမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားသူတစ်ဦးအဖြစ် တရားစွဲဆိုခြင်းခံလိုက်ရပါတယ်.. ဒါကြောင့်ပဲ သူဝါသနာထုံတဲ့ အားကစားကိုဆက်လက်ကစားခွင့်မရခဲ့တော့ပါဘူး…ဒါပေမယ့် ဘရိုင်ယန်ဟာလက်လျှော့ခြင်းမရှိခဲ့ဘဲသူမကျူးလွန်ခဲ့တဲ့ ဒီနာမည်အမည်းစက်ဆိုးကြီးကို ချေဖျက်ဖို့ဘယ်လိုရှေ့ဆက်တိုက်ပွဲဝင်သွားမလဲဆိုတာကိုတော့…ဒီကားက စိတ်ဝင်စားစရာဖြစ်ရပ်မှန် ဖြစ်တဲ့အပြင်ဘရိုင်ယန်ရဲ့ လှုပ်ရှားရုန်းကန်ပုံတွေကို လေးစားစရာတွေ့မြင်ရသလိုတစ်ချို့အရာတွေကျပြန်တော့ လည်း တကယ့်ကို သံဝေဂရစရာတွေပါပဲ…ခံစားကြည့်ကြပါဦး…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aungပဲဖြစ်ပါတယ်….

Zero (2018) ⭐IMDB: 5.2/10 (29 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 32 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ တော်တော်များများသိနှင့်ပြီးသားဖြစ်မှာပါ။ လူပြောသူပြောများကြီး ဝေဖန်မှုအမျိုးမျိုးရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ နာမည်ကြီး cast တွေအသုံးပြုထားတာဖြစ်ပြီး မင်းသားကြီး Shah Rukh Khan, မင်းသမီးချော Anushka Sharma, Karina Kaif စသည်တို့အပြင် နာမည်ကြီးသရုပ်ဆောင်တွေကိုဘဧည့်သရုပ်ဆောင်အဖြစ်ထည့်သွင်းထားပြီး ငွေကြေးများစွာအကုန်အကျခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Rating အမျိုးမျိုး Review အမျိုးမျိုးတွေရှိနေတာကြောင့် ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ သက်ကြီးပုဖြစ်တဲ့ SRK တစ်ယောက်အသက်၄ဝနားငပ်သည်အထိ မိဘအိမ်မှာ ဘာမှမယ်မယ်ရရမလုပ် ဘာပညာမှမတတ်လုပ်ချင်ရာလုပ်နေလာပြီးနောက် သိပ္ပံပညာရှင်မလည်းနဲ့တွေ့ပြီးနောက် မမျှော်လင့်ထားတဲ့ကံကြမ္မာအလှည့်အပြောင်းတွေကြား နီးစပ်သွားကြပြီ ပြောင်းလဲသွားပုံလေးကို ရိုက်ကူးထားတာပါ။ Romance/ Drama ဇာတ်ကားလေးဖြစ်ပြီး SRK ပရိသတ်တွေလည်း စောင့်မျှော်နေကြမယ့် ဇာတ်ကားလေးလည်းဖြစ်မယ်ထင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရ နဲ့ ကိုတင်မျိုးလွင် ပါ)

Mehbooba (2018) ⭐IMDB: 4.8/10 (329 Votes) 🎬 #Bollywood #Drama #Family #Romance #War #Action 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 28 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb rating : : 6.4/10Google users : : 87% liked “ဟိမဝနၲာသစ္စာ”လို့ နာမည်ပေးရမလားပဲဗျာ။ 2019 ရဲ့ အစဒီလိုအခါသမယမှာပဲအိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေထဲကနေရင်ထဲကို တိုးဝှေ ့ တိုက်ခတ်သွားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။. . . ဟုတ္ပါတယ္။ အသစ်စက်စက် ထွက်ရှိလာတဲ့ Mehboora ဆိုတဲ့ အချစ်အက်ရှင် ဇာတ်ကားလေးပါ။ ပါဝင်တဲ့ မင်းသားမင်းသမီးတွေကအသစ်စက်စက်လေးတွေဆိုပေမယ့်သူတို့ရဲ့ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်သွားပုံက ရင်ကိုထိမှန်စေတဲ့ အားထုတ်မှုပါပဲ။ ဒီကားမှာလေးဟာစစ်ရေးနဲ့ဘာသာရေးကို အဓိကထားပြီး အချစ်ရေးနဲ့ ရောသမကာ အကောင်းမွန်ဆုံး ဖွဲ ့သီရိုက်ကူးထားတဲ့ ကားကောင်းလေး တစ်ကားပေါ့ ခင်ဗျာ။ ” ဇာတ္လမ္းအညႊန္း “ ရိုရှန်းဆိုတဲ့ ကောင်လေးဟာညစဥ်အိပ်မက်ဆိုးတွေ မက်တယ်။ အိပ္မက္ထဲမွာ သူ အသတ္ခံရသတဲ့။ ထူးခြားနေတယ်လို့ ပြောရမလား. . . သူဟာ တစ်ခြားသူတွေနဲ့ မတူပဲသွားပုံလာပုံ နေပုံထိုင်ပုံတွေကစစ်သားတစ်ယောက်လိုပဲ။ စရိုက်ကလည်း မတရားတာမြင်ရင်လက်ပိုက်ကြည့်မနေနိုင်တဲ့ စရိုက်မျိုး။ တစ်ကြိမ်မှာ အာဖရင်းကို လူဆိုးလူရမ်းကားတွေလက်ကနေ သူကယ်ခဲ့ဖူးသေးတယ်။ တောင်တက်ရတာကို ဝါသနာပါတဲ့သူ့မှာဟိမဝန္တာတောင်ကို တက်ချင်တဲ့ အိပ်မက်လည်း ရှိတယ်။ စစ်သားလည်း ဖြစ်ချင်တော့ကျောင်းပြီးတာနဲ့ တပ်ထဲကို ဝင်လျှောက်တယ်။ ကပ္ပတိန်အဖြစ် ရာထူးခန့်အပ်ခံရပြီးတာဝန်ကျရာ ဒေသကို မသွားရခင်လေးမှာ သူငယ်စဥ်က မက်ခဲ့ဖူးတဲ့ အိပ်မက်ကိုဖြည့်ဆည်းဖို့ ဟိမဝန္တာတောင်ကို တက်ဖို့ကြိုးစားတော့တာပဲ။ သူ ့အိပ်မက်ထဲမှာ ဟိမဝန္တက လူတစ်ယောက်ကိုပေးထားတဲ့ ကတိအကြောင်း ပါနေတာကိုး။ အဲ့ဒီတစ်စုံတစ်ယောက်ကိုပေးခဲ့တဲ့ ကတိက “ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်ငါအရောက်ပြန်လာခဲ့မယ်”တဲ့။ ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့ နှင်းတွေကြားထဲကနေ ဟိမဝန္တာတောင်ကို တက်ခဲ့ကြတယ်။ အဲ့ဒီမှာ မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာ တစ်ခုတွေ့မြင်လိုက်ရပါတော့တယ်။ 1971 ခုနှစ် အိန္ဒိယ – ပါကစ္စတန် စစ်ပဲြကာလကိုအခြေခံထားတဲ့ သနားစရာ အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ထွက်လာဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီနှစ်နိုင်ငံနှစ်ခု သဘောထားကွဲလွဲပြီးဘာသာရေးကစလို့ မီးခိုးကြွက်လျှောက်ပြသနာတွေတန်းစီတက်ရာကနေစစ်မီးကြီး ဟုန်းဟုန်းတောက်ခဲ့တဲ့ ကာလတစ်ခုမှာပေါ့။——————————- ပထမပိုင်းမှာ ဒီအကြောင်းကို ရိုက်ပြအပြီး ဒါရိုက်တာကစစ်ကြီးပြီးဆုံးသွားတဲ့ မျက်မှောက်ခေတ်ကို ရိုက်ပြပြန်တယ်။ လောကကြီးထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်ပေါင်းများစွာရှိတဲ့ အနက်က. . .တချို့သော အကြောင်းအရာတွေကို အခြေခံပြီးဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းလေးကို အဆုံးထိကြည့်လိုက်ရင်တော့. . .ဒီဇာတ်လမ်းမှာ သနားစရာတွေ၊ ဆို့နင့်ကြေကွဲစရာတွေ၊ဘာသာရေးနဲ့ ပက်သက်တဲ့မှားယွင်းတဲ့ အတွေးအခေါ်တွေ စတဲ့ အကြောင်းအရာများစွာကိုနားလည် ခံစားမိစေပါလိမ့်မယ်။ အညွန်းနဲ့ ဘာသာပြန်ကတော့ Myin Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ။

Singham (2011) ⭐IMDB: 6.8/10 (18 k Votes) 🎬 #Action #Bollywood #Drama #Crime 🗓️ 2011 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 22 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်​လမ်​းက​တော့ ​ငွေ​ကြေးချမ်​းသာတဲ့ ဒုစရိုက်​သမား​တွေက လာဘ်​စားတဲ့ရဲ​တွေနဲ့​ပေါင်​းပြီး ဥပ​ဒေကိုဂရုမစိုက်​ ထင်​တိုင်​းကြဲ​​နေကြပါတယ်​ ဒါကိုမခံနိုင်​တဲ့ သမာသမတ်​ကျတဲ့ရဲတစ်​​ယောက်​က သူတို့ကိုဆန်​႔ကျင်​ဖို့ကြိုးစားတဲ့အခါမှာ​တော့ အဲဒီရဲကို လာဘ်​စားတယ်​ဆိုပြီးလုပ်​ကြံအမှုဆင်​ကာ ​​ထောင်​ချဖို့ကြိုးစားပါ​တော့တယ်​ ဘယ်​လိုမှ​ဖြေရှင်​းလို့မရ​တော့တဲ့ အဆုံးမှာ​တော့ လုပ်​ကြံတရားစွဲခံရတဲ့ရဲဟာ သူ့ရုံးခန်​းမှာတင်​ ကို်​ယ်​့ကိုကိုယ်​သတ်​​သေသွားခဲ့ပါတယ်​ သုံးနှစ်​ကြာပြီး​နောက်​မှာ အဲဒီရဲရဲ့မိန်​းမပြန်​အစ​ဖော်​တဲ့အတွက်​​ကြောင်​့ ​နောက်​တစ်​ခါဒီအမှုကို ပြန်​စစ်​ဖို့တာဝန်​ကျတဲ့သူက​တော့ ရဲအရာရှိ ဘာဂျီရိုဆင်​းဂမ်​ ပဲဖြစ်​ပါတယ်​… ဆင်​းဂမ်​ဟာ သတ်​​သေသွားတဲ့ရဲအရာရှိ​ဟောင်​းရဲ့ ရုံးခန်​းမှာထိုင်​ပြီး ဒီဒုစရိုက်​သမား​တွေရဲ့ နည်​းမျိုးစုံခြိမ်​း​ခြောက်​ဒုက္ခ​ပေးတဲ့ကြားက ဘယ်​လိုပြန်​ပြီး အပြစ်​​ပေးနိုင်​​အောင်​လုပ်​သွားမလဲကို​တော့ ဇာတ်​ကားထဲမှာဆက်​ကြည်​့သွားကြပါလို့ ဘာသာပြန်ကတော့ May Thu ဖြစ်ပြီး အညွှန်းကို Chanyein Soe မှ ရေးပေးထားပါတယ်

96 (2018) ⭐IMDB: 8.5/10 (32 k Votes) 🎬 #Bollywood #Drama #Romance 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 32 မိနစ် 06 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းနာမည်ကိုက ခပ်ဆန်းဆန်းနဲ့။ ကျွန်တော်လည်း ဒီဇာတ်လမ်းစကြည့်တော့ ဘာကားပါလိမ့်ပေါ့။ 96 ရဲ႕ အ႐ွည္က 1996 Batch။ ၁၉၉၆ မှာ ဆယ်တန်းတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေရဲ့ Reunion အကြောင်း။ 80 Born. 90 Born တွေဆိုရင် ဒီဇာတ်လမ်းကြည့်ရင် အခြားသူတွေထက် ပိုပြီးတော့ ရင်ခုန်ရမယ်။ ကြည်နူးရမယ်။ လွမ်းဆွတ်ရမယ်။ ဘာလို့လဲဆိုတော့ 90’s Kids တွေကိုး။ ကိုယ်ကိုယ်တိုင်လည်း ဒီကားကြည့်တာ တကယ်ရင်ခုန်ရတယ်။ ခုနေများ သူငယ်ချင်းတွေ အကုန်ပြန်ဆုံဖို့ဆိုတာ လွယ်မှမလွယ်ဘဲကိုး။ သူငယ်ချင်းတွေပြန်ဆုံဖြစ်တာနဲ့အတူတူ ရည်းစားဟောင်းတွေလည်း ပြန်ဆုံနိုင်ကြသေးတယ်။ ရည်းစားဦးနဲ့လည်း ပြန်ဆုံနိုင်သေးတယ်။ ဖွင့်မပြောဖြစ်တဲ့ Crush များရှိလို့ရှိရင် သူသာ အပျိုကြီးဆိုရင် ရင်ခုန်ခွင့်ရှိသေးတယ်နော့။ ဒီဇာတ်ကားကြည့်ပြီး သူငယ်ချင်းတွေ ပြန်ဆုံဖို့တောင် စိတ်ကူးယဥ်မိတယ်။ ငယ်ချစ်နဲ့များ ပြန်ဆုံရလေမလားပေါ့။ ဒီဇာတ်လမ်းမှာ မင်းသားက ဓါတ်ပုံဆရာ လူပျိုကြီး၊ မင်းသမီးက သူ့ရဲ့ Crush လက်ရှိမှာ အိမ်ထောင်သည် ကလေးတစ်ယောက်အမေ။ သူတို့နှစ်ယောက် ပြန်ဆုံဖို့ ဒီ Reunion က ဖန်တီးလာခဲ့တဲ့အခါ…. အချစ်ဆိုတာ ဘယ်လောက်နူးညံ့သိမ်မွေ့ကြောင်း၊ ဘယ်လောက်ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းကြောင်း၊ မေတ္တာစစ်စစ်နဲ့ ချစ်တဲ့အချစ်တွေရဲ့ တန်ဖိုးက ဘယ်လောက်မြင့်မားကြောင်း ဒီဇာတ်လမ်းထဲမှာ တွေ့ရပါမယ်။ အချစ်ဇာတ်လမ်းကောင်းကောင်းလည်း ကြည့်ချင်ရင်၊ ဆယ်တန်းတုန်းက ကျောင်းသားဘဝ နဲ့ ကိုယ့်သူငယ်ချင်းကြီးတွေကို လွမ်းတယ်ဆိုရင် ဒီဇာတ်လမ်းက လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားထဲမှာ ပါပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ Ko Myo Nyunt ပါ)

Kedarnath (2018) ⭐IMDB: 6.7/10 (14 k Votes) 🎬 #Bollywood #Drama #Romance 🗓️ 2018 🎞️ movie 📺 720p HD 🌎 #India ⏰ 1 နာရီ 54 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇတ်လမ်းလေးက မကြာသေးခင်ကမှ ရုံတင်သွားတဲ့ ရုပ်ရှင်ကားပါ မကြာသေးခင်ကမှ ရုပ်ထွက်အကြည် ထွက်လာလို့CM Fan တွေ အတွက် တင်ဆက်ပေးလိုက်ပါတယ်… ဇတ်လမ်းလေးကတော့ မန်ဆူး လို့ ခေါ်တဲ့ ကောင်လေးနဲ့မူကူး လို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက် တို့ နဲ့ စတင်ထားတယ်… ကျနော်တို့ မြန်မာနိုင်ငံမှာဆို အထင်ကရ ကျိုက်ထီးရိုးဘုရား ကိုဘုရားဖူးတွေက လမ်းလျှောက်တက်ကြတယ် အသက်ကြီးသူတွေကတော့ ကားတို့ဆိုက်ကယ်တို့ နဲ့ အဆင်ပြေသလိုပေါ့ ဒီဇတ်လမ်းထဲမှာလဲ အရှင်ရှီဗား ကို ဝတ်ပြု ကိုးကွယ်ဖို့ အတွက်လူတွေဟာ တောင်ပေါ်ကို ခြေလျင် တက်ကြတယ်အရှင်ရှီဗား ရဲ့ ဝတ်ကျောင်းဆောင် ကို ရောက်ဖို့ လမ်းလျှောက်တက်ကြသလိုအသက်ကြီးရွယ်အိုတွေကတော့ အထမ်းသမား နဲ့ တက်ရတယ်…အဲ့ဒီ အထမ်းသမားတွေထဲမှာ မန်ဆူး လို့ ခေါ်တဲ့ ကောင်လေး တစ်ယောက်လဲ အပါပေါ့… အထမ်းသမားတွေဟာ မန်ဆူး ကို မြင်ရင် နှာခေါင်းရှုံ့သွားကြတယ်ဘာလို့လဲ ဆိုတော့ ဘုရားဖူးဖို့ လိုက်ပို့တဲ့ အထမ်းသမားကမွတ်စလာမ် ကောင်လေး ဖြစ်နေလို့ပါ… ဒါပေမဲ့ တောင်ပေါ် ရောက်တဲ့ အခါကျရင် မန်ဆူး ကို လူတွေကပိုပြီး ချစ်သွားကြတော့တာပဲ…ဘာသာတရားကို ပုံမန်လူတွေ သိတာ ကိုင်းရှိုင်းတာထက်ကို မန်ဆူး က ပိုပြီး လေးစားတက် ကြည်ညို တက်ပါတယ် ဘုရားဖူးတွေကို ဘုရားစာတွေ တစ်လမ်းလုံးရွတ်ဖတ်ပြတယ်ဘုရားအကြောင်းတွေ ရှင်းပြတယ်…ဒီလို နဲ့ ဘုရားဖူးတွေကို စိတ်ချမ်းသာမှုအပြည့်ပေးတက်သူလေးပေါ့… အဖေ မရှိ တစ်ဦးထဲသော အမေကိုလုပ်ကျွေးနေတဲ့ အထမ်းသမားလေး မန်ဆူး ဟာအမေ့ကိုလဲ ပိုက်ဆံ အပြည့်အဝ မပေးနိုင်ပါဘူး သူချစ်တဲ့ ဘုရားဖူးတွေဆို အမြဲ စျေးလျှော့ပေးရတာနဲ့မုန့်ဝယ်ကျွေးရတာနဲ့ ပိုက်ဆံ အပိုကျန်တာ သူများထက်နည်းပါတယ် အမေ့ အဆူခံရတာလဲ အမြဲတမ်းပေါ့… ဒီလို လူရိုးလေး မန်ဆူး ဟာ တစ်ရက်မှာတော့စွာတေးမလေး မူကူး နဲ့ တွေ့တော့တာပဲမူကူးဆိုတာကလဲ ဘုရားလူကြီး ရဲ့ သမီးအငယ်ဆုံးမန်ဆူး နဲ့ဆို ဘာသာခြားတဲ့ အပြင် မူကူး တို့ မိသားစု တွေက ဘာသာခြားဆို သိပ်ကြည့်လို့ရတဲ့သူတွေမဟုတ်ပြန် ဒီတော့ကာ စွာတေးမလေး မူကူး နဲ့လူရိုးလေး မန်ဆူး တို့ ရဲ့ ဇတ်လမ်းကို အဘဆရာသာရစ် က ဘာသာပြန်ပေးထားပြီးအညွှန်းကို Thit San Khant မှ ရေးပေးထားလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး….

Raanjhanaa (2013) ⭐IMDB: 7.6/10 (33 k Votes) 🎬 #Bollywood #Drama #Romance 🗓️ 2013 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 20 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Raanjhanaa (2013)( အချစ်ဆုံး မင်းတစ်ယောက်သာ)••••••••••••••••••••••••••••••••••••••••••••••••••••••• ( Drama စစ်စစ် မှ သိပ်ကြိုက်တဲ့ သူတွေအတွက်တော့ အညွှန်း မလိုပါဘူး။ ) အဖြောင့်အတန်း မရှိလှတဲ့ မျှော်လင့်ချက်တွေကြား မွန်းကြပ်နေတဲ့ကောင်လေးတစ်ယောက်ရဲ့ ပုံပြင်လေးပေါ့ဗျာ။ ဒီဇာတ်လမ်းကို ကြားပြီးရင် မင်း ဟာ တစ်ခုခု ကို ခံစားဆုပ်ကိုင်လာမိမယ်။ ဆို့နင့်နင့် နဲ့ ဘ၀ တစ်ခုကို လက်၀ယ် ရချင်ရလာလိမ့်မယ်။ ဒါဟာ ကံ ကြမ္မာတစ်ခုရဲ့ စုတ်ချက်သီခြယ်ခြင်းတွေပါပဲ။ Zoya ဆိုတဲ့ ကောင်မလေးကို တစ်ဖက်သတ် ချစ်မိခဲ့တဲ့ ကောင်လေး Kundan ……… ပါးအချက်ပေါင်း 15 ချက်ရိုက်ခံပြီးမှ နာမည်လေးတစ်ခုကို မြတ်မြတ်နိူးနိုး သိခွင့်ရခဲ့တယ်။ ဒါပေမယ့် အကြိမ်ကြိမ် လွဲချော်နေတတ်တဲ့ ကံစီရင်ချက်က 16 ခါမြောက် ပါးတစ်ချက်ကို ထပ်မံ မိတ်ဆက်ပေးခဲ့တယ်။ ဒါဟာ လူမျိုးဘာသာ ကွဲပြားမှုကြောင့် Zoya လက်ဖ၀ါးနုနု နဲ့ရိုက်ခဲ့တဲ့ တုံ့ပြန် ချက်တစ်ခု ပါပဲ။ Kundan က ဟင္ဒီ။ Zoya က မူဆလင္။ ဒါပေမယ့် တဇွတ်ထိုး ဆန်တတ်တဲ့ Kundan အတွက်တော့ ချစ်ခြင်းမေတ္တာမှာ လူမျိုးလည်းမရှိ ဘာသာ တရားလည်း မရှိခဲ့ပါဘူး။ Zoya ရှေ့ဆီကို အရောက်သွားပြီး လက်ကောက်၀တ်ရဲ့ သွေးကြောထဲမှာ ချစ်ခြင်းတရား ရှိကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့ကြောင့်မို့ Zoya ဟာ Kundan ရဲ့ အချစ်ကို လက်ခံခဲ့တယ်။ ဘ၀ ရဲ့ ပျော်ရွှင်ခြင်းဟာ အခိုက်အတန့်ပဲလို့ ဆိုရမလား။ Zoya ရည်းစား ရနေပြီအကြောင်း သူမ မိသားစုတွေက သိရှိသွားခဲ့တယ်။ အဆိုးဆုံးက လူမျိုး မတူတာပါပဲ။ ဒီတော့ သူမ မိသားစုက Zoya ကို အလီဂတ်မြို့ဆီ ပို့ ဖို့ စီစဥ်လိုက်ပါတယ်။ ရထားကြီး က တရွေ့ရွေ့ သွားရင်း ေ၀းကွာခြင်းက အလွမ်းဆန်နေခဲ့တယ်။ နောက်ဆုံး နှုတ်ဆက်စကား ဆိုနေခဲ့တဲ့ Kundan အတွက်တော့ ဒီမြင်ကွင်းဟာ ၈ နှစ်တာ ကြာခဲ့ပါတော့တယ်။ အခ်ိန္ကာလ အလီလီ။ ဒါပေမဲ့ Kundan ရဲ့ ဘယ်ဖက်ရင်အုံထဲမှာတော့ အချစ်ဦး Zoya တစ်ယောက်တည်း ။ ဒီလိုနဲ့ Zoya ပြန်လာချိန် မှာတော့ Zoya ရဲ့ ရင့်ကျက်မှုက Kundan အဖို့ ချစ်ခြင်းမရှိခဲ့တော့ဘူး။ ငယ်ငယ် က ရူးသွပ်မှု တစ်ခုလို အချစ်ကို Zoya သဘောထားလိုက်တော့တယ်။ Kundan ကိုလည်း ခင်မင်သူ တစ်ဦး အဖြစ်နဲ့ပေါ့။ Kundan ကတော့ အချစ်ကို ပြန်လည် ကြိုးစားဆဲပါ။ ဒါပေမယ့် Zoya ရဲ့ ပြောပြချက် အရ သူ သိရတာက Zoya မှာ လူမျိုးဘာသာတူ ချစ်သူ တစ်ဦး ရှိနေပြီဆိုတာပါပဲ။ သူမ ချစ်သူ ဟာလည်း အရှိန်အ၀ါ ကြီးတဲ့ လူငယ်ပါတီခေါင်းဆောင် တစ်ယောက် ပါ။ ဘ၀ဟာ ပစ်မှတ်မရှိတဲ့ လေးတင်ပွဲလို အရာ ရာ ဟာ မျှော်လင့် ကွဲကြေစရာ ဖြစ်ခဲ့ပါတယ်။ သို့ပေမဲ့ Zoya ပျော်ရွှင်စေဖို့ဆို ဘာမဆို ပေးဆပ်ဖို့ အသင့်ဖြစ်နေတဲ့ Kundan က တော့Zoya နဲ့သူ့ ချစ်သူ ပေါင်းဖက်စေဖို့ ကူညီပေးခဲ့ပါတယ်။ ဒါပေမဲဲ႔ ဒီလိုအချိန်လေးမှာမမျှော်လင့်ထားတဲ့ အခြေအနေ နဲ့ကြုံ ကြိုက် လာခဲ့တဲ့အခါမှာတော့ …………!!!!! ( အညွှန်းကို ဒီမှာတင် ရပ်ထားပါရစေ။ ဇာတ်လမ်းက အညွှန်းထက် ပို လေးနက်သည်မို့ပေးဆပ်အချစ်ကို ပိုမို ခံစားစေချင်ပါတယ်။ တကယ့် ရသ ဆန်တဲ့ အချစ်တွေ အကြောင်း သိမြင်ဖို့ဒီဇာတ်ကားက လမ်းခင်းစေသလိုပါပဲ။ ဒရာမာတွေ သိပ်မကြိုက်တတ်တဲ့ ကျွန်တော့်အတွက်တောင် ဒီဇာတ်ကားဟာ အရိႈက်ထိစေပါတယ်။ပေးဆပ်ခြင်း ကြည်နူးခြင်းတွေနဲ့ မျှော်လင့်ခြင်းသဲ့သဲ့ ရှင်သန်နေတဲ့ လူတစ်ယောက်လို ဇာတ်ကားမှာ စီးမျောကြည့်ပါက ပိုအသက်၀င်စေမှာပါ။ ဆုတွေကလည်း 7 ဆု ရထားပြီး ဇကာတင် ဆု က 32 ဆုအထိ ထင်မြင်ချက်တွေရထားတဲ့ကားပါ။ ဘ၀ ဟာ ပျော်ရွှင်စရာတွေနဲ့ ပြည့်မှာလား။ မျှော်လင့်ချက်သဲ့သဲ့လေးကို ခုခံမှုယဲ့ယဲ့လေးနဲ့ ဘယ်အချိန်ထိ ပေးဆပ်နိုင်မှာလဲ ဆိုတာ ကျွန်တော် တို့တွေးမိခဲ့ဖူးလား။ နှစ်နှစ်ကာကာနဲ့ လူတစ်ယောက်ကို ဘယ်လောက်ထိ ချစ်ခဲ့ဖူးကြပါလဲ။ ဘ၀ဟာ တွေးတိုင်းမရောက် ရောက်တိုင်းလည်း မပြည့်၀နိုင်သေးပါဘူး။ ကျွန်တော် တို့ သင် တို့ ဘ၀ တွေကရော ? ဒါ့ပြင် သင်တို့ ကျွန်တော်တို့မှာရှိဖူးတဲ့ အချစ်ဆုံး တစ်ယောက်ရဲ့ ဘ၀ကရော …………? ပဲ့ တင်သံ က ရှိပါတယ်။ ဒါ့ထက် နှလုံးသားက ခံစားတတ်ဖို့ လို ခဲ့တာ မဟုတ်ပါ၏ လော။ #Linnkhayan ရုပ်ရှင်အညွှန်းကို Linnkhäyañ မှတင်ဆက်ပေးထားပါတယ်။ (ဘာသာျပန္သူကေတာ့ ကိုေဇာ္ထူး ပါ)

Geetha Govindam (2018) ⭐IMDB: 7.7/10 (15 k Votes) 🎬 #Bollywood #Drama #Romance #Comedy 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 14 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အိန္ဒိယကားကောင်းကောင်းလေးတွေ တောင်းတနေတဲ့ ပရိသတ်တွေအတွက်အလန်းစား တောင်ပိုင်းကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် Hello (2017), Hello Guru Prema Kosame (2018) တို့လို Drama, Romance ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူး မင်းသားကလည်း လောလောလတ်လတ် CM ကတင်ပေးထားတဲ့ Taxiwaala ထဲကမင်းသားချော Vijay Deverakona ပဲဖြစ်ပါတယ် ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလိုမဟုတ်ဘဲ အိုဗာအက်တင်တွေ လုံးဝကင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါ ဇာတ်လမ်းလေးကတော့ ငယ်ငယ်ကတည်းက မိခင်ဆုံးပါးသွားလို့ အဖေတစ်ယောက်တည်းရဲ့ အုပ်ထိန်းမှုဖြင့်ကြီးပင်းခဲ့တဲ့ ဗီဂျေး အသက်ရွယ် ၂၅ နှစ်အရွယ်လူပျိုတစ်ယောက် မိန်းကလေးတွေနဲ့ပတ်သတ်ရင် ဘာအတွေ့အကြုံမှမရှိဘဲ ရည်းစားရဖို့နေနေသာသာမိန်းကလေးတစ်ယောက်ကိုတောင် မပိုးမပမ်းတတ်သူ တခြားသူတွေနဲ့မတူဘဲ အိမ်ထောင်ရေးနဲ့ပတ်သတ်လို့အချစ်ရေးနဲ့ပတ်သတ်လို့ဇနီးမယားဆိုတဲ့အရာနဲ့ပတ်သတ်လို့ စိတ်ကူးယာဉ်ဆန်လွန်းသူ ငါသာ ရည်းစားထားရင် ဘယ်မိန်းကလေးမျိုးနဲ့မှအိမ်ထောင်ပြုရင် ဘယ်လိုမိန်းကလေးကိုပဲ အိမ်ထောင်ပြုမှာ စဖြင့် ရှေးဆန်တဲ့အတွေးအခေါ်တွေ တပြုံတပိုက်နဲ့ဘယ်လောက်ထိ မိန်းကလေးတွေနဲ့ပတ်သတ်ပြီး အတွေ့ကြုံနည်းလဲဆိုရင် စိတ်ဝင်စားလို့ ၆ လလောက်ပတ်လိုက်ခဲ့တဲ့ မိန်းကလေးက အိမ်ထောင်သည်ဖြစ်နေမှန်း မသိရှာဘူး အဲ့လောက်ထိ အဲ့ဒိလို ဗီဂျေးတစ်ယောက် တနေ့မှာ အင်မတန်ချစ်ရမယ့် ဂီသားဆုတဲ့မိန်းကလေးနဲ့ဆုံစည်းခဲ့ပါတယ် သူ့ရဲ့အလွဲလွဲအချော်ချော်တွေနဲ့ အယူအဆတွေနဲ့ ဂီသားနဲ့ ဗီဂျေး ပေါင်းစည်းခွင့်ရမလားဆိုတာကိုတော့ ….. (အမှန်အကန် Comedy, Drama ကားကောင်းတစ်ကားဖြစ်လို့ ပေးရတဲ့အချိန်ရုပ်ရှင် ဒေါင်းရကြိုးနပ်စေရမယ်လို့ ရဲရဲကြီး အာမခံပါတယ်) (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)

Taxiwala (2018) ⭐IMDB: 6.9/10 (4 k Votes) 🎬 #Bollywood #Comedy #Horror #Thriller 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 17 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating :: :: 7.5/10Google Users :: :: 95% ဒီကားလေးက တမီးလ်နာဒူးပြည်နယ်ကမင်းသားချော ဗီဂျေးရဲ့ 2018 မှာ ထွက်ခဲ့တဲ့ ကားကောင်းတွေထဲက တစ်ကားပါ။ ပထမ ရုံမတင်ခင် အွန်လိုင်းပေါ် ပျံ့သွားခဲ့ဖူးဖူးပေမဲ့ခုချိန်မှ စာအမှန်တက်လာခဲ့တာပါ။ ဇာတ္ကားနာမည္က Taxiwala ။ ဟုတ္တယ္။ နာမည်အတိုင်းပဲ တက္ကစီမောင်းသမားတစ်ယောက်ကြုံတွေ ့ရတဲ့ အဖြစ်အပျက်တစ်ခုအကြောင်းကို ရိုက်ပြထားတာ။ ဘာေတြထူးျခားလဲ။ ဟုတ္ကဲ့. . . ခေါင်းဆောင်မင်းသားကArjun Reddy တို့ Getha Govinda တို့မှာ သရုပ်ဆောင်တဲ့ နောက်တက်မင်းသား Vijay Deverakonda(ဗီဂျေး ဒီဗာရာကွန်ဒါ) ပါ။ အရှေ့မှာထွက်ခဲ့ဖူးတဲ့ အဲ့ဒီနှစ်ကားကိုခံစားဖူးသူတွေက မင်းသားဗီဂျေးရဲ့ သရုပ်ဆောင်စွမ်းရည်ကို သံသယဖြစ်မယ်မထင်ပါဘူး။ ပုံမှန် အလုပ်လက်မဲ့ ကောင်လေးတစ်ယောက် ဘဝကနေ ဦးလေးဖြစ်သူ အကူအညီနဲ့ ရရာအလုပ်ကိုဝင်လုပ်ရင်းဘယ်လိုမှ အဆင်မပြေတဲ့အချိန်ကြော်ငြာဘုတ်တစ်ခုပေါ်ကတွေ ့တဲ့လစာကောင်း တက္ကစီဒရိုင်ဘာဘဝကိုရောက်ခဲ့ရသူပေါ့။ တက္ကစီမောင်းရင်းနဲ့ အာနူးဆိုတဲ့မိန်းမချောလေးနဲ့လည်း မေတ္တာသက်ဝင်မိကြသေး။ ဒီအကြောင်းတွေကို ဇာတ်ကားရဲ့ပထမပိုင်း နာရီဝက်စာလောက်မှာ ကြည့်ရမှာပါ။ ဒီနေရာလောက်အထိ အချစ်ကားလို့ ထင်မိသွားတယ်။ ဒါပေမယ့် တက်တက်စင်အောင် လွဲပါတယ်။ သူအငှားမောင်းတဲ့ ကားကတစ်ခါတစ်လေ သရဲခြောက်သလိုထူးခြားဖြစ်စဥ်တွေ ဖြစ်လာတယ် ဒါဖြင့် သရဲကားလား။ မဟုတ်ပြန်ဘူး ခင်ဗျ။ သရဲကားဆိုရင် ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တွေကို ခေါ်မယ်။ ကားမှာစွဲကပ်နေတဲ့ သရဲတစ္ဆေကို မောင်းထုတ်မယ်။ဇာတ်သိမ်းမယ်။ ဒီလိုဇာတ်လမ်းတွေက ရိုးအီလာလို့ ထင်ပါရဲ့။ တစ်နာရီနောက်ပိုင်းလည်း ရောက်ရော. . . ဇာတ်လမ်းက ဖြတ်ကနဲ့ သိပ္ပံနယ်လွန်ဘက်ကို ကူးပြောင်းသွားပြန်ရော. . .။ ဝိညာဥ်ခွဲ(အရပ်အခေါ် လိပ်ပြာခွဲ)တာတွေ၊ သိပ္ပံနည်းကျ ကောက်နှုတ်ချက်တွေ၊သဘာဝအလွန်က အဖြစ်အပျက်တွေကမူရင်း ဇာတ်လမ်းကျောရိုးထဲကိုခုန်ပေါက် ကဆုန်စိုင်းပြီး ဝင်လာတယ်။ ဟိုတစ်စ ဒီတစ်စ ဆက်စပ်မရသလိုမျိုးမဟုတ်ဘူးနော်။ မထင်မှတ်တဲ့ ဇာတ်လမ်းအလှည့်မပြောင်းကြောင့် မူလဘူတ ဦးတည်လာတဲ့ဇာတ်လမ်းကျောရိုးကနေဖြောင့်ဖြောင့်ကြီး ခွဲထွက်ပြသွားတာ။ ဇာတ်ကားဟာ ကြောက်မက်ဖွယ်၊ သည်းထိတ်ရင်ဖိုနဲ့ဟာသလေးတွေလည်း နှောထားတဲ့အတွက်ကြည့်ရှုရတာ ပျင်းမနေစေပါဘူး။ မင်းသားနဲ့အတူ ဇာတ်လမ်းကို ပိုလှရိွစေဖို့အားဖြည့်ထားတာကတော့ မင်းသမီးချော ပရီယန်ကာပါ။(ဘောလိဝုဒ်က ပရီယန်ကာမဟုတ်ပါ) (အညွန်းနဲ့ ဘာသာပြန်ကတော့ Myin Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)

Vinaya Vidheya Rama (2019) ⭐IMDB: 3.2/10 (4 k Votes) 🎬 #Action #Bollywood #Drama 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 25 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကဲ စာမမှန်ရင် မကြည့်ဘူး၊ကွာလတီမကောင်းရင်မကြည့်ဘူး ဆိုသူတွေအတွက်စာအမှန်နဲ့ ကွာလတီကောင်းကောင်းနဲ့ ရပါပြီ။ ပထမဗားရှင်းမှာ စာမပါဘဲ ရုပ်ထွက်လည်းခုဗားရှင်းလောက် မကောင်းခဲ့ပါ။ စာအမှန်ကို စောင့်ပေးကြတဲ့အတွက်ကျေးဇူးအထူးပင် တင်ပါတယ်။ တေလဂူးမင်းသားချော ရမ်ချာရန်း အများအခေါ် ဘိုင်ရာဗာရယ်လို့ လူကြိုက်များတဲ့ မင်းသားရဲ့ ၂၀၁၉ မှာ ထွက်လာခဲ့တဲ့ကား ဆိုတာကို အထူးတလည် မိတ်ဆက်ဖို့ လိုမယ်မထင်ပါ။ ——————– သိပ်ကို ဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့ကလေး၄ယောက်မှာတနေ့တော့ ရထားလမ်းဘေးမှာ ကလေးတစ်ယောက် ကောက်ရခဲ့ပါတယ်။ ရမ်ချာရန်းပါပဲ။ သူ့ကို မွေးစားခဲ့တဲ့ ကလေး၄ယောက်ကိုအစ်ကိုကြီးတွေအဖြစ် သိပ်ကို ချစ်ရပါတယ်။ အိပ်မပျော်ခင် နောက်ဆုံးတွေးတဲ့ အတွေးနဲ့မနက်အိပ်ယာထချိန် အစောဆုံး တွေးတဲ့ အတွေးတောင်သူတို့ လေးယောက် အဖို့ပါ။ အဲ့သလောက်ကို ချစ်ပါတယ်။ သူတို့လေးယောက်ရဲ့ ဇနီးတွေနဲ့ အတူရမ်းချာရန်ဟာ နေထိုင်ခဲ့တယ်။ မိန်းမလား… ဟင့်အင်း စိတ်မဝင်စား ပညာရေးလား … ဟင့်အင်း စိတ်မဝင်စား ဘာဆို ဘာမှ မစဉ်းစားဘဲ အစ်ကို လေးယောက်အတွက်ပဲစဉ်းစားတတ်သူပါ။ သူတို့အတွက်ဆို အသက်တောင်ပေးမလောက်ပဲ။ တနေ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အစ်ကိုနဲ့လတ်တလော မဲဝင်ပြိုင်မယ့် ပါတီဝင်တွေနဲ့စကားများရာကစ… ပြဿနာတက်ခဲ့ရမှာတော့….. ကဲ ကိုယ်တိုင် ခံစားရမယ့် အချိန် ရောက်ရှိခဲ့ပါပြီဗျာ။ —————————– ဇာတ်ကားထွက်ခဲ့စဉ်မှာတော့ ဝေဖန်မှု အမျိုးမျိုးနဲ့ ကြုံခဲ့ရပေမဲ့ဒီမင်းသားကားကို မဖြစ်မနေကြည့်ချင်သူတွေ အများကြီးပဲဆိုတာ ယုံကြည်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myin Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)

Viswasam (2019) ⭐IMDB: 6.5/10 (10 k Votes) 🎬 #Action #Bollywood #Drama 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 31 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Drama/MysteryIMDb Rating – 7.1/10Google user – 88% တမီးလ်မင်းသားကြီး အာဂျီးကူးမားရဲ့ ယခုနှစ်မှာရုံတင်သွားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ မတင်တော့ဘူးလို့ ထားပေမဲ့ တောင်းဆိုသူတွေလည်းရိွနေတာမို့ တင်ဆက်ပေးလိုက်တာပါ။ ဇာတ္လမ္းအက်ဥ္း————————– သူကူးဒူရိုင်းဆိုတဲ့ လူလတ်ပိုင်းတစ်ယောက်…လူရမ်းကားကြီးတော့ မဟုတ်ရှာ။ဒါပေမဲ့ အားလုံးက ကြောက်ချစ်ရိုသေရသူပေါ့။ ရွာဘုရားပွဲမှာလည်း သူအစီအစဥ် ချပေးမှ…ရွာသားတွေ အပေါ်လည်း ဩဇာညောင်းချက်ကနှစ်ယောက် မရိွ။ ဘုရားပွဲကာလ ကျရောက်လာတော့….သူ့ဇနီးကို သွားခေါ်ဖို့ ပတ်ဝန်းကျင်က တိုက်တွန်းလာကြတယ်။ “တချိန်က နင်တို့အတူ ဘုရားပွဲမှာ ပျော်ရွှင်ခဲ့ကြသလိုခုနေ ငါ မသေခင် မြင်သွားခဲ့ချင်သေးတယ်” တဲ့။သူ့အဖွားက ပြောရှာတယ်။ မျက်နှာကိုသာ ပြုံးထားရတာရင်ထဲမှာတော့ မိုးတွေ ထစ်ချုန်းနေတာကို.. သူ ကိုယ်တိုင်ပဲ သိပါတယ်။ နေရာဒေသတစ်ခုကို ခရီးထွက်ဖို့ ယူစရာတွေ လိုပေမဲ့အတိတ်ကအချိန်ကို ခရီးထွက်ဖို့တော့ ရင်ဘတ်တစ်ခုရိွရင် ရတယ်မဟုတ်လား။ ရင်ထဲ ပူမိသမျှကို လူသိခံရမှာလည်း ခက်ပါရဲ့။ တချိန်က ရပ်ရွာကို လာပြီး အခမဲ့ဆေးကုခန်းလေးလာဖွင့်ခဲ့တဲ့ အရမ်းလှတဲ့ ဆရာဝန်မလေး။ ရပ်ရွာကို လာပြီး ဆေးကုခန်းလေး လာဖွင့်ခဲ့တာကသူကူးဒူရိုင်းရဲ့ နှလုံးသားထဲမှာတော့ …ယဥ်ကျေးလိမ္မာ သင်တန်း လာဖွင့်သလိုပေါ့ဗျာ။ တောကျွမ်းတဲ့ မုဆိုးလည်း သမင်ပျိုရဲ့မျက်လုံးလေးမှာ တောလည်ရတာပဲလေ။ လူမိုက်ကြီးပေမဲ့ ဆရာဝန်မလေးကို ချစ်မိတာမဆန်းပါဘူး။ သူ ခ်စ္ရတဲ့ အဲ့ဒီ ဆရာဝန္မေလးရယ္…. လောကအလယ်ကို အကြောင်းကံမလှဘဲရောက်လာခဲ့ရတဲ့ သမီးလေးရယ်….။ ဒါတွေဟာ အတိတ်ရဲ့ အရိပ်တွေ …. သူ ကိုယ်တိုင် မေ့ထားချင်ပေမဲ့ …သူ ကိုယ်တိုင် နာကျင်နေရတဲ့ သူ့ဝေဒနာတွေနဲ့…ဘဝဟာ တစ်ဆစ်ချိုး အခြေအနေရောက်ခဲ့ပြီ။ ဇနီးကို တောင်းပန်ချင်ပေမဲ့…သမီးကို တောင်းပန်ချင်ပေမဲ့..ခွင့်မလွှတ်နိုင်မှန်း သိနေတဲ့ စိတ်က…သူ့အတွက် အကျဥ်းကျနေခဲ့တာ ကြာခဲ့ပြီ။ မိုက်ကြွေးတွေ ပြန်ဆပ်နေရတဲ့ တစ်ချိန်က လူမိုက်ကြီးရဲ့ မချိတင်ကဲ ဘဝတစ်ခုကို ဇာတ်လမ်းထဲ ခံစားရမှာပါ။ ဇာတ်လမ်းလေးဟာ မိသားစုမေတ္တာဖက်ကို ဦးစားပေးပြီး သင်ခန်းစာပေးထားပါတယ်။ ထို့အပြင် အချစ်နဲ့ အတူ အက်ရှင်တွေလည်းရောထားပါတယ်။ အက်ရှင်ကြိုက်သူတွေရော ဒရာမာဇာတ်လမ်း၊ အချစ်ဇာတ်လမ်း ကြိုက်သူတွေပါအကြိုက်တွေ့တဲ့ ဇာတ်ကားကောင်းလေး တစ်ကားပါပဲလို့ ပြောရင်း……။———————————————- ဇာတ်ကားထဲ အသေကပ်လျက်ပါတဲ့ စာတန်းကိုကြည့်ပြီး စာတန်းထိုးလို့ ပြီးချိန် ကြည်တောက်ရှင်းနဲ့Soft Sub တက်လာခဲ့ပါတယ်။ ပထမ ထိုးထားတဲ့ စာဖိုင်နဲ့ ဒုတိယထွက်လာတဲ့ စာဖိုင်ကို ညိႇကာ နှစ်ခုပေါင်းပြီး အကောင်းဆုံး တင်ပေးလိုက်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myin Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)

Uri: The Surgical Strike (2019) ⭐IMDB: 8.2/10 (66 k Votes) 🎬 #Action #Bollywood #Drama #War #History 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 18 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating – 9/10Google Users – 98%Quality – Web-HD (For Screening Version) ရုံတင်ဆဲ ခိုးထွက်လာခဲ့ပြီး စာတန်းဖိုင်လေး မပါခဲ့တာခုတော့ မနေ့ကမှထွက်လာတဲ့ စာဖိုင်အမှန်လေး ရရချင်း အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်။ 2019 နှစ်စပိုင်းမှာ စစချင်း ဆောက်နဲ့ထွင်းဆိုသလိုအောင်ပွဲခံနေတဲ့ ဘောလိဝုဒ်နာမည်ကြီးရုပ်ရှင်ကား တစ်ကားပါပဲ။သူ့အောင်မြင်မှုတွေက အံ့မခန်းပါပဲ။ ——————————————————-“ဇာတ္လမ္းအက်ဥ္း” ” အိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ အိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ “ အသံတွေဟာ အရောင်မဲ့လည်း ခွန်အားပါလွန်းသည် ။ အထူးတပ်ဖွဲ့မို့လည်း ဗျုဟာ ကျွမ်းလှသည်။ သတိၱရေးရာမှာ မကြောင်သလို ဥာဏ မှာလည်း မညံ့။ ယောကျာ်း ဘာသား ဟူ၍ တဇွတ်ထိုးထိုးစစ်မဆင်။ စစ်ချီအား အလုံးအရင်း မသုံး။သို့သော် တိုးတက်သော နည်းပညာအပေါ် စနစ်ကျကျ အသုံးချသည်။ တိုက်လည်းတိုက်ရဲသလိုသေလည်း သေရဲ သော တပ်ဖွဲ့ဖြစ်သည်။ ဤ အထူး တပ်ဖွဲ့ အား ဦးဆောင်သူကတော့ ကပ္ပတိန် ဗီဟန် ။ ဗီဟန် ဟာ ရဲစွမ်း သတိၱိရှိသူ တစ်ယောက်။ တိုက်ပွဲ အတွေ့အကြုံ အရ လည်း အောင်ပွဲတွေ အလီလီ။ သို့သော် ဗီဟန် ရဲ့ ဒုက္ခကလည်း မသေးလှ ။ အမေဖြစ်သူက အယ်လ်ဇိုင်းမား ရောဂာ ဖြစ်ပွားနေပြီး ယောက်ဖဖြစ်သူမှာလည်း စစ်သွေးကြွေတို့ ခြုံခိုတိုက်ခိုက်မှုဗကြာင့် သေဆုံးခဲ့ရသည်။ ထို စစ်သွေးကြွတို့သည် အိန္ဒိယ နှင့် ပါကစ္စတန် နယ်စပ်ကြား တပ်အား အလစ် ၀င်ပြီး တိုက်ခိုက်ခဲ့ကြသည်။ ထို 2015 အခြင်းအရာသည် 2016 Uri : the surgical strike စစ်ဆင်ရေး၏ အခြေခံ အကြောင်းတရားဖြစ်လေတော့သည်။————————————————— ဇာတ်လမ်းတစ်ခု တိုက်ပွဲတစ်ခုကို သဏ္ဍာန်လုပ် သရုပ်တူစေဖို့တိုက်ပွဲသရုပ်ဖော်ချက်တွေနဲ့ နောက်ခံတီးလုံးတွေဟာအရမ်းကောင်းမွန်နေတာကို ခံစားမိပါတယ်။ အပစ်အခတ်တွေမှာလည်း ရိုက်ချက်တွေဟာပီပြင်လှပြီး တကယ့်စစ်ပွဲထဲ ရောက်နေသလို ခံစားမိပါတယ်။ မင်းသားတွေကို မြင်မြင်ချင်း လူတိုင်းကြိုက်ခဲ့ရတဲ့ Sanju (2018) ထဲမှာဆန်ဂျူးရဲ့ အချစ်ဆုံးသူငယ်ချင်း ကင်မလီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Vicky Kaushal နဲ့ဆန်ဂျူးရဲ့ အဖေ ဆူနေးဒတ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Paresh Rawal တို့နဲ့ အတူတပ်မတော်အရာရိွတွေအဖြစ်နဲ့ မင်းသမီးချောချောလေးတွေဟာ ဇာတ်လမ်းထဲ မြိုင်ဆိုင်နေမှာပါ။ ဘာသာပြန်ဆိုထားတဲ့သူတွေကတော့Sanju(2018)မှာ ပြန်ဆိုခဲ့ကြတဲ့ကိုဇော်ထူးနဲ့ ညီညီကိုးပါ။ ဇာတ်လမ်းအကျဥ်းကို ကိုလင်းခယံဆီမှ ကူးယူဖော်ပြပြီးဘာသာပြန်ဆိုသူတို့မှ ကျန်အချက်အလက်များကိုထပ်လောင်းပေါင်းထည့်ထားပါတယ်။ ဇာတ်ကားက သမိုင်းကြောင်းဖြစ်တာမို့ကြည့်ရှုသူများ နားလည်စေရန်သမိုင်းအချက်အအလက်များနဲ့ စစ်တပ်သုံး အတိုကောက်စာလုံးတွေကို အကျယ်တဝင့် ရှင်းလင်းချက်တွေကိုစေတနာနဲ့ ထပ်ဖြည့်ပေးထားပါတယ်။ (ဘာသာပြန်သူတွေကတော့ ကိုဇော်ထူးနဲ့ ညီညီကိုးပါ)

Aravindha Sametha (2018) ⭐IMDB: 7.3/10 (9 k Votes) 🎬 #Action #Bollywood #Drama 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 34 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb ratings:8.1/10Google Users:91% “Aravinda Sametha Veera Raghava(သို့မဟုတ်)၅ရူပီးရန်ကြွေးရှင်းတမ်း” ဒီတစ်ခါတော့ တောင်ပိုင်းရုပ်ရှင်တွေနဲ့ရင်းနှီးပြီးသားသူတွေသိမယ့် Jr.N.T.R Rama Rao ရဲ့ အက်ရှင်၊ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းက ရိုးရိုးလေးနဲ့ ဖိုက်တင်တွေကို လိုအပ်သလောက်ပဲ သုံးပြီးပြောသွားတဲ့ ဒိုင်ယာလော့တွေ၊ကြည့်ရှုသူကို ပေးချင်တဲ့ မက်ဆေ့တွေကကောင်းလွန်းလို့ပါ။ ရာဂားဗားဟာ နိုင်ငံခြားမှာ ပညာသင်ပြီး အိမ်ကို ပြန်လာတဲ့အခါမသင့်မမြတ် ဖြစ်နေတဲ့ ရွာနှစ်ရွာရဲ့ ရန်ကြွေးတွေအရရာဂားဗားနဲ့ သူ့အဖေရဲ့ လူယုံတော်တွေ လမ်းမှာ လုပ်ကြံခံရပါတယ်။ သူ့ကိုပါ ဒီရန်ကြွေးတွေကြားထဲ ဝင်ပါဖို့ခေါ်နေသလိုပါပဲ။ ဒါပေမဲ့ ခေတ်ပညာတတ် ရာဂားဗားဟာပညာတတ်တစ်ယောက် ပီသစွာ တုန့်ပြန်ခဲ့ပါတယ်။ ပြီးတော့ အချစ်နဲ့ တွေ့တဲ့အခါလူတိုင်းက သတ္တိခဲဖြစ်လာတတ်ကြသလိုအချစ်ကြောင့်ပဲ ကြည်နူးပျော်ရွှင်သွားတတ်တာကိုလည်းဖော်ပြထားပါတယ်။ သူ့ကြောင့်ပဲ ငါဟာ ပထမဦးဆုံးပြုံးဖူးတာပါတဲ့ ။ဒါပေမဲ့ ကံကြောင်းမလှချင်တော့….. တည်ငြိမ်သွေးအေးတဲ့ ဇာတ်ရုပ်မှာပီပြင်သလို ရက်စက်ပြီဟေ့ဆိုရင်နှစ်ယောက်မရှိတဲ့ ဗီရား ရာဂားဗားဆိုတဲ့ဇာတ်ရုပ်ကို Jr.N.T.R Ramarao ကအံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ထားသလိုသူနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ မင်းသမီးကနာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့Hritik Roshan ရဲ့Mohenjo Daro နဲ့Allu Arjun ရဲ့ DJ ဇာတ်ကားတွေမှာ ပါဝင်ခဲ့ဖူးတဲ့မင်းသမီးချော Pooja Hegde ဖြစ်ပြီးနောက်ထပ်ထွက်ရှိလာမယ့်Akshay Kumar ရဲ့ Housefull 4 နဲ့Mahesh Babu ရဲ့ Maharshi ဇာတ်ကားတို့မှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဘက်ဂျက် 95 crore အသုံးပြုပြီးရိုက်ကူးခဲ့တဲ့ ဒီကားက Box Office မှာ 158 crore ပြန်လည်ရရှိခဲ့တာမို့ အထိုက်အလျောက် အောင်မြင်မှု ရခဲ့တယ်လို့ ဆိုရမှာပါ။ တစ်ခုပြောချင်တာက ဒီမင်းသားရဲ့ နာမည်တစ်ခုရိွပါသေးတယ်။Young Tigerပါ။ နာမည်နဲ့လိုက်အောင် သွက်လက်မြန်ဆန်မှုကို မြင်တွေ့ရပါလိမ့်မယ်။ အိန္ဒိယတောင်ပိုင်းကားဖြစ်လို့အိုဗာအက်ရှင်တွေကို မကြိုက်ဘူးဆိုရင်တောင် ဒီကားကို ကြိုက်မိပါလိမ့်မယ်။ မြင်ဖူးနေကျ တောင်ပိုင်းကားတွေမှာလိုသတ်ဖြတ်နေရုံနဲ့ ဇာတ်လမ်းအဆုံးမသတ်ဘဲဒီကားမှာတော့ ထူးခြားနေပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myin Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)

Badla (2019) ⭐IMDB: 7.8/10 (29 k Votes) 🎬 #Bollywood #Crime #Drama #Mystery 🗓️ 2019 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 1 နာရီ 57 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Badla (2019)__________IMDB – 7.9/10========================= Badla -2019ဆိုတဲ့ ရုပ်ရှင်ကားဟာဘောလိဝုဒ်ပရိသတ်တွေကြား တော်တော်လေး လူသိများတယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ။ “မအိုသေး” ဆိုတဲ့ အလောင်းစည်သူမင်းကြီးရဲ့ ပြောစကားလိုအသက်ကြီးနေပြီဖြစ်ပေမဲ့ဒီနေ့ထိ မြင်တွေ့နေရတုန်း အမီတာဘချန်းနဲ့Mulk-2018ရဲ့ မင်းသမီးTapsee Pannuတို့ နှစ်ယောက်ကို အဓိက မြင်တွေ့ရမှာပါ။——————————————————– “ဇာတ်လမ်းအကျဉ်း” တစ်နှစ်တာ Focus Business Person ဆုကိုရရှိထားတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်နာဟာ လတ်တလောမှာ လူသတ်မှုတစ်ခုအတွက်သံသယရှိရသူအဖြစ် အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံထားရပါတယ်။ဖြစ်ရပ်ကဟိုတယ်အခန်းထဲမှာ သူရယ်၊ ပူနွေးနွေးသတ်ခံထားရတဲ့ အလောင်းတစ်ခုရယ်နဲ့အခန်းဟာ ပိတ်မိနေခဲ့ပါတယ်။ ဒါကို နိုင်နာက သူမသတ်ဘူးလို့ ငြင်းဆိုနေတယ်။ ဒီအတွက် သူ့ရှေ့နေ ဂျင်မီဟာ အရမ်းတော်တဲ့ ရှေ့နေ ဂု(ပ်)တာကို ငှားရမ်းခဲ့ပါတယ်။ရှေ့နေ ဂု(ပ်)တာဟာ သိပ်ကို တော်တဲ့ ရှေ့နေတစ်ယောက်ပါ။ အမှုမှန်ကို ဖော်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်သူပေါ့။နိုင်နာရဲ့ ထွက်ဆိုချက်အရ”သေဆုံးသူနဲ့ အာဂျွန်းနဲ့ သူနဲ့ကို ဟိုတယ်ကို ချိန်းဆိုပြီစောင့်ခိုင်းပါတယ်တဲ့။ ဒါပေမဲ့…ငွေကို လာရောက်မယူဘဲ စာတိုတစ်စောင်ကို ပို့ခဲ့ပါတယ်။ဒါဟာ ထောင်ချောက်တစ်ခုပဲ ဆိုတာ အာဂျွန်းသိနေတော့ ထွက်ပြေးဖို့ကြိုးစားရာမှာနိုင်နာဟာ တစ်စုံတစ်ခုနဲ့ ဦးခေါင်းကို ကိုင်ဆောင့်ခံရပြီးသတိလစ်သွားခဲ့ပါတယ်။ ပြန်ပြီး သတိလည်လာတော့ အာဂျွန်းဟာ ငွေတွေကြားမှာသေဆုံးနေခဲ့ပါပြီ” တဲ့။ နိုင်နာရဲ့ ထွက်ဆိုချက်ကို ရှေ့နေကြီး ဂု(ပ်)တာကြံဆစဉ်းစားရင်း သဲလွန်စများ လိုက်လံ ဖော်ထုတ်ရာမှာတော့…..။ အမှုသည် နိုင်နာနဲ့ ရှေ့နေကြီး ဂု(ပ်)တာတို့ အတူအမှုမှန်ကို ရှာဖွေဖော်ထုတ်ရင်းပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။ အချိန်ကာလ သေးသေးလေးမှာတောင်ဇာတ်လမ်းက မျိုးစုံပြောင်းလဲသွားနိုင်တာမို့ဘယ်အခန်းကိုမှ လက်လွတ်မခံဖို့ ပြောချင်ပါတယ်။——————————–” Spoiler Alert “စပိန်ဇာတ်ကားဖြစ်တဲ့The Invisible Guest (2016)ကို ပြန်လည်ရိုက်ကူးထားတာလို့ ဖော်ပြထားပါတယ်။ မူရင်းဇာတ်ကားကို ကြည့်ဖူးတဲ့ သူတွေအတွက်တော့စိတ်ဝင်စားမှု အားနည်းသွားနိုင်ပေမဲ့မူရင်းကို မကြည့်ဖူးတဲ့ သူတွေအတွက်တော့အားရစေမိမှာ အမှန်ပါ။ တောင်းဆိုချင်တာကတော့မူရင်းဇာတ်ကားကို ကြည့်ဖူးသူတွေအနေနဲ့ မန့်ဘောက်စ်ထဲ spoiler ရေးမသွားဖို့တော့အနူးအညွတ်တောင်းဆိုချင်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့Myint Thuနဲ့Nyi Nyi Koeတို့ ညီအစ်ကိုပါ) Badla -2019ဆိုတဲ့ ရုပ်ရှင်ကားဟာဘောလိဝုဒ်ပရိသတ်တွေကြား တော်တော်လေး လူသိများတယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ။ “မအိုသေး” ဆိုတဲ့ အလောင်းစည်သူမင်းကြီးရဲ့ ပြောစကားလိုအသက်ကြီးနေပြီဖြစ်ပေမဲ့ဒီနေ့ထိ မြင်တွေ့နေရတုန်း အမီတာဘချန်းနဲ့Mulk-2018ရဲ့ မင်းသမီးTapsee Pannuတို့ နှစ်ယောက်ကို အဓိက မြင်တွေ့ရမှာပါ။——————————————————– “ဇာတ္လမ္းအက်ဥ္း” တစ်နှစ်တာ Focus Business Person ဆုကိုရရိွထားတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်နာဟာ လတ်တလောမှာ လူသတ်မှုတစ်ခုအတွက်သံသယရိွရသူအဖြစ် အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံထားရပါတယ်။ဖြစ်ရပ်ကဟိုတယ်အခန်းထဲမှာ သူရယ်၊ ပူနွေးနွေးသတ်ခံထားရတဲ့ အလောင်းတစ်ခုရယ်နဲ့အခန်းဟာ ပိတ်မိနေခဲ့ပါတယ်။ ဒါကို နိုင်နာက သူမသတ်ဘူးလို့ ငြင်းဆိုနေတယ်။ ဒီအတွက် သူ့ရှေ့နေ ဂျင်မီဟာ အရမ်းတော်တဲ့ ရှေ့နေ ဂု(ပ်)တာကို ငှားရမ်းခဲ့ပါတယ်။ရှေ့နေ ဂု(ပ်)တာဟာ သိပ်ကို တော်တဲ့ ရှေ့နေတစ်ယောက်ပါ။ အမှုမှန်ကို ဖော်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်သူပေါ့။နိုင်နာရဲ့ ထွက်ဆိုချက်အရ”သေဆုံးသူနဲ့ အာဂျွန်းနဲ့ သူနဲ့ကို ဟိုတယ်ကို ချိန်းဆိုပြီစောင့်ခိုင်းပါတယ်တဲ့။ ဒါပေမဲ့…ငွေကို လာရောက်မယူဘဲ စာတိုတစ်စောင်ကို ပို့ခဲ့ပါတယ်။ဒါဟာ ထောင်ချောက်တစ်ခုပဲ ဆိုတာ အာဂျွန်းသိနေတော့ ထွက်ပြေးဖို့ကြိုးစားရာမှာနိုင်နာဟာ တစ်စုံတစ်ခုနဲ့ ဦးခေါင်းကို ကိုင်ဆောင့်ခံရပြီးသတိလစ်သွားခဲ့ပါတယ်။ ပြန်ပြီး သတိလည်လာတော့ အာဂျွန်းဟာ ငွေတွေကြားမှာသေဆုံးနေခဲ့ပါပြီ” တဲ့။ နိုင်နာရဲ့ ထွက်ဆိုချက်ကို ရှေ့နေကြီး ဂု(ပ်)တာကြံဆစဥ်းစားရင်း သဲလွန်စများ လိုက်လံ ဖော်ထုတ်ရာမှာတော့…..။ အမှုသည် နိုင်နာနဲ့ ရှေ့နေကြီး ဂု(ပ်)တာတို့ အတူအမှုမှန်ကို ရှာဖွေဖော်ထုတ်ရင်းပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။ အချိန်ကာလ သေးသေးလေးမှာတောင်ဇာတ်လမ်းက မျိုးစုံပြောင်းလဲသွားနိုင်တာမို့ဘယ်အခန်းကိုမှ လက်လွတ်မခံဖို့ ပြောချင်ပါတယ်။——————————–” Spoiler Alert “စပိန်ဇာတ်ကားဖြစ်တဲ့The Invisible Guest (2016)ကို ပြန်လည်ရိုက်ကူးထားတာလို့ ဖော်ပြထားပါတယ်။မူရင်းဇာတ်ကားကို ကြည့်ဖူးတဲ့ သူတွေအတွက်တော့စိတ်ဝင်စားမှု အားနည်းသွားနိုင်ပေမဲ့မူရင်းကို မကြည့်ဖူးတဲ့ သူတွေ

Yatra (2018) ⭐IMDB: 7.7/10 (4 k Votes) 🎬 #Biography #Bollywood #Drama #History #Romance 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #Nepal #India ⏰ 2 နာရီ 05 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Yatra(2019) IMDb….9.0 တစ်နေ့ကားတစ်စီးနဲ့သားအဖ(၂)ယောက် စာသင်ကျောင်းထဲရောက်လာတယ်….အဖေဖြစ်သူက ကျောင်းဆရာအား သူ့သားကိုအပ်ရင်း တောင်းဆိုမှုတွေပြုလုပ်တယ်… ” ဆရာ ကျွန်တော့်သားကို စာတွေသင်ပေးတာအပြင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်သင်ပေးပါ” ” အံအားသင့်စရာပဲဗျ ကျွန်တော့်ဘ၀မှာအဖေတွေက သူ့တို့သားသမီးတွေကို ဆရာ၀န်၊ အင်ဂျင်နီယာတွေပဲဖြစ်အောင်လုပ်ပေးပါလို့ပြောတာပဲတွေ့ဖူးတာ..ခင်ဗျားလို သူ့သားကို နိုင်ငံရေးးခေါင်းဆောင်ဖြစ်အောင်လုပ်ပေးပါဆိုတဲ့အဖေကိုတော့ ပထမဆုံး ေတြ႕ဖူးတာပဲဗ်….” “အင်ဂျင်နီယာ ဒါမှမဟုတ် ဆရာ၀န်က လူတစ်ထောင်သို့မဟုတ် တစ်သိန်းလောက်ကိုပဲကူညီနိုင်တယ်…ဒါပေမယ့် နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကတော့ လူမီလီယံပေါင်းများစွာကိုတစ်ချက်ထဲနဲ့ကူညီနိုင်တယ်… ပြီးတော့ ကျွန်တော့သားကိုပြောပြီးပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပေးတဲ့ခေါင်းဆောင်ဖြစ်အောင် သင်ပေးပါဆရာ၊အသက်မရှည်ရင်မရှည်ပါစေနဲ့၊အာဏာမရှိရင်မရှိပါစေနဲ့၊လူတွေရဲ့နှလုံးသားထဲမှာ အမြဲတမ်းကျန်ရှိနေမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပေးပါဆရာ” ဒါကတော့  တစ်ချိန်မှာ အိန္ဒိယနိုင်ငံရဲ့၀န်ကြီးချုပ်ဖြစ်လာမယ့် ရာဂျာရှက်ခါရာ ရက်ဒီ ရဲ့ အဖေဖြစ်သူက သူ့သားကိုကျောင်းအပ်စဥ်က ပြောခဲ့တဲ့စကားဖြစ်ပါတယ်… ဒီဇာတ်ကားကတော့ ၂၀၀၄ ကနေ ၂၀၀၉ အထိ အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့တဲ့YSR လို့ခေါ်ကြတဲ့ ၀န်ကြီးချုပ် ရာဂျာရှက်ခါရာ ရက်ဒီ ရဲ့ ရွေးကောက်ပွဲအတွက် လမ်းလျှောက်မဲဆွယ်တဲ့ ယာထရာအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်… နိုင်ငံရေးလောက ထဲကိုသူ လျှောက်လမ်းစဥ်မှာ အခက်အခဲပေါင်းစုံ၊အတိုက်အခံပါတီပေါင်းစုံနဲ့ သူဖြတ်သန်းခဲ့တဲ့ ခယောင်းလမ်းကို တွေ့ရမှာဖြစ်ပါတယ်… သူဟာ ငယ်စဥ်က သူ့အဖေပြောခဲ့သလို ပြည်သူတွေရဲ့ နှလုံးသားထဲမှာ အမြဲကျန်ရှိနေတဲ့ ခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်မလား၊ သူဘယ်လိုတွေပေးဆပ်ခဲ့ရလဲ… ဘယ်လိုတွေကြိုးစားခဲ့လဲ… ပြည်သူတွေအပေါ်ဘယ်လိုသဘောထားခဲ့လဲ… ပါတီ၀င်အချင်းချင်းနဲ့ အတိုက်အခံတွေကြားမှာ ဘယ်လို လှုပ်ရှားခဲ့လဲ…. စတာတွေကို ကြည့်ရမှာဖြစ်မှာပါတယ်…. ငယ်ဘ၀ကိုအနည်းအကျဥ်းပဲပြထားပြီး နိုင်ငံရေးလောကထဲစ၀င်တဲ့အချိန်ကစပြီးရိုက်ပြထားတာမို့ ဇာတ်လမ်းက တကယ့်ကိုခပ်သွက်သွက်နဲ့ ေ၀့ပိုက်နေတာမျိုးတွေအီနေတာတွေမရှိလို့ တကယ့်ကိုဆွဲဆောင်မှုရှိတဲ့ကားကောင်းတစ်ကားဖြစ်သလို အတုယူဖွယ် အမူအကျင့်ပေါင်းများစွာလည်းပါရှိတဲ့ကားဖြစ်လို့ ကုလားကားကောင်းကြိုက်သူတို့အတွက် ကြည့်ကြပါလို့ သတင်းကောင်းပေးပါရစေ… ဘာသာပြန်သူနဲ့ အညွှန်းရေးသူကတော့ Yoon Wah Wah Theint ပဲ ဖြစ်ပါတယ်…

The Sholay Girl (2019) ⭐IMDB: 7.6/10 (105 Votes) 🎬 #Action #Biography #Bollywood #Drama 🗓️ 2019 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 1 နာရီ 25 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Sholay Girl (2019) ဒီဇာတ်လမ်းကတော့ အိန္ဒိယရဲ့ ပထမဆုံး စတန့်မင်းသမီး ရက်ရှ်မား ပသန် ရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်တဲ့ မတ်လ(၈)ရက်နေ့မှာ ရုံတင်ပြသခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ ဘ၀ရပ်တည်မှုကို အတ္ထုပ္ပတ္တိ နဲ့ ရုပ်ရှင် တွဲဖက်ပြီး ပြသခဲ့တဲ့အတွက် အင်မတန် စိတ်၀င်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ယနေ့ခေတ်မှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်လာကြပါပြီ။ အရင်ခေတ်က အမျိုးသမီးတွေကတော့ အနှိမ်ခံရတဲ့အချိန်တွေ အိမ်တွင်းပုန်းခဲ့ရတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ရက်ရှ်မားက ဒီအစဥ်အလာတွေကို ချိုးဖျက်ပြခဲ့ပါတယ်။ ရက္ရွ္မားလုပ္တဲ့အလုပ္အကိုင္က ယောကျာ်းတိုင်းတောင် မလုပ်ရဲ၊ မလုပ်၀့ံတဲ့ စတန့်သမားပါ။ ရုပ္ရွင္ကားတစ္ကားမွာ ယုတိၱရှိရှိရိုက်နိုင်ဖို့က စွန့်စားခန်းတွေ ပါပါတယ်။ စွန့်စားခန်းအများစုမှာ မင်းသား မင်းသမီးတွေက ကိုယ်တိုင်ရိုက်ကူးလေ့ မရှိပါဘူး။ အသက်နဲ့ရင်းပြီး လုပ်ရတဲ့အခန်းတွေဆိုရင် စတန့်သမားတွေရဲ့အခန်းကဏ္ဍက အရေးပါပါတယ်။ စတန့်သမားတွေ လုပ်နိုင်ရင် လုပ်နို်င်သလောက် ဇာတ်လမ်းရဲ့အနှစ်သာရက ပိုပြီးပြည့်၀လာပါတယ်။ စတန့်သမားအများစုကတော့ ယောကျာ်းလေးတွေပါ။ မင်းသမီးတွေအတွက်ဆိုရင် ဆံပင်တုတွေစွပ်ပြီး မိတ်ကပ်တွေလိမ်းပြီး ကူညီကြရတာပါ။ ရက်ရှ်မားက ဒီကွက်လပ်ကို ဖြည့်ခဲ့တာပါ။ လွယ်လွယ်ကူကူ ဖြစ်လာခဲ့တာလားဆိုတော့ မဟုတ်ပါဘူး။ ရက်ရှ်မား ဖြတ်သန်းခဲ့ရတဲ့ ခရောင်းလမ်းကြီးကို ဒီဇာတ်ကားမှာ မြင်ရပါမယ်။ ဒါကေတာ့ ရက္ရွ္မားရဲ႕စကားပါ။ “မျှော်လင့်ချက်ဆိုတာ အရိပ်လိုပဲ လို့ ပြောကြပါတယ်။ ရှင့်အနားကနေ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမှောင်ထဲမှာ နေတဲ့သူကတော့ အရိပ်ရှိမှာ မဟုတ်ပါဘူး။ ရှင့်ခြေထောက်တွေ မြေကြီးပေါ်မှာ ရပ်နေသေးသရွေ့ ကောင်းကင်ပေါ်က ကြယ်ပွင့်တွေကို ကြည့်နေဖို့တော့ လိုပါတယ်” IMDb 8.4/10 ရထားတယ်ဆိုတော့ အများကြီး ညွှန်းမနေတော့ပါဘူး။ ဒီဇာတ်ကား ကြည့်မိလို့ နောင်တမရစေရဘူးဆိုတာတော့ အာမခံပါတယ်။ အမျိုးသမီးတွေရဲ့ဖြစ်တည်မှုကိုလည်း တန်ဖိုးထားတတ်လာပါလိမ့်မယ်။ ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးတာကတော့ Myo Nyut ဖြစ်ပါတယ်

Naayak (2013) ⭐IMDB: 5.6/10 (3 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller #Comedy 🗓️ 2013 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 32 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Naayak (2013)=============ဘောလီးဝုဒ် ဖိုက်တင်ကား ကြည့်ချင်သူတွေအတွက် Naayak ဆိုတဲ့Imdb 5.6 ရထားတဲ့ကားလေးဖြစ်ပါတယ်..မင်းသားကလဲ နာမည်ကြီးဖိုက်တာမင်းသားဆိုတော့ လှပြီလေ။ Naayak ဆိုတာ မြန်မာလိုဆို ခေါင်းဆောင် လို့အဓိပ္ပါယ်ရပါတယ်။နိုင်သူစားစတမ်း လူမိုက်တွေကြီးစိုးနေတဲ့မြို ့မှာလူမိုက်တွေဟာ ဥပဒေလွတ် ဆင်းရဲသားလူတန်းစားတွေကို အနိုင်ကျင့်ဂုတ်သွေးစုပ်ပြီး ကျိကျိ်တက်ချမ်းသာနေကြပါတယ် ။ ရဲတွေ အာဏာရှိသူတွေကလဲ သူတို့ဘက်တော်သားဆိုတော့ ဘယ်သူကမှ သူတို့ကို မတော်လှန်ဝင့်ကြပါဘူးအဲ့အချိန်မှာ ဒီကြားထဲကနေ သူတို့ကိုပြန်တွန်းလှန်မယ့် အင်အားကြီးတဲ့ naayak ဆိုသူ ပေါ်လာချိန်မှာတော့………. ပေါ့ပေါ့ပါးပါးကြည့်ဖို့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Total Dhamaal (2019) ⭐IMDB: 4.2/10 (7 k Votes) 🎬 #Action #Adult #Bollywood #Comedy #Adventure 🗓️ 2019 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 07 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နွေပူပူမှာ ပေါ့ပေါ့ပါးပါးနဲ့ ဟာသကား ကြည့်မယ်ဆိုတဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ဟိုးအရင် Dhamaal တွေရဲ့ နောက်ဆုံးဖြစ်တဲ့Total Dhamaal ပါ။ ဇာတ်လမ်းအကျဥ်းကတော့ ဘာလုပ်လုပ် တလွဲချည်းပဲ လုပ်တတ်ကြတဲ့ လူတစ်စုကို အဓိက မြင်ရမှာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် ငွေလိုနေတဲ့ လူတွေ။ တနေ့မှာတော့ ငွေတွေ နှစ်ကျပ်ကွက်နင်းပြီးလုယူလာခဲ့တဲ့ ဘောစိအသစ်ကြပ်ချွတ်ကြီးဟာဟယ်လီကော့ပတာပျက်ကျပြီး အဲ့ဒီလူတစ်စုနဲ့ ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။ မသေခင်မှာသွားတဲ့စကားကတော့ဂျနာပူရ်တိရစ္ဆာန်ရုံထဲက ‘OK’ ဆိုတဲ့ စားလုံးမှာငွေ သန်း၅၀၀ ရိွကြောင်း ပြောပြခဲ့ပါတယ်။ သိပ်ကို လောဘကြီးတဲ့ ကောင်တွေကြားမှာဆိုတော့ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပါပြီ။ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဖက်တွေဖြစ်နေတဲ့ အဲ့ဒီလူရှစ်ယောက်မှာနောက်ထပ် ပြိုင်ဘက်တစ်ယောက် ရိွနေပါသေးတယ်။ အဲ့ဒီပိုက်ဆံတွေနဲ့ အဓိကပက်သက်နေတဲ့ ရဲမင်းကြီးပါ။ ကဲ…. အရင်ရောက်တဲ့လူက ပိုက်ဆံတွေအားလုံးကို ရမှာမို့ …Dhamaal ကစားပွဲထဲ ပါဝင်ဆင်နွှဲလိုက်ပါဦး။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)