fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Mrs. Serial Killer (2020) ⭐IMDB: 4.1/10 (19 k Votes) 🎬 #Asian #Bollywood #Crime #Thriller #Drama 🗓️ 2020 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 1 နာရီ 47 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Netflixမှာပြသခဲဲ့တဲ့ ဇာတ်ကားကောင်းလေးပါ Rating နည်းပေမယ့် ကြည့်လို့တော့ကောင်းတယ်နော် IMDb-4.8/10 ရရှိထားပါတယ် Judwaa 2ထဲကမင်းသမီးလည်း ဒီကားမှာပြန်ပါလာပါတယ် မြို့ခံလူထုတွေကလေးစားချစ်ခင်ရတဲ့ ဒေါက်တာမူခါဂျီးတစ်ယောက် ကွင်းဆက်လူသတ်မှုနဲ့ ရုံးတင်ခံရတဲ့အချိန်မှာ သူ့ရဲ့ဇနီးက ခင်ပွန်းဖြစ်သူအပြစ်ကင်းစင်ကြောင်း သက်သေပြဖို့ ကွင်းဆက်လူသတ်မှုရဲ့ ပုံစံတူအမှုထပ်ပြီးကျူးလွန်လိုက်တဲ့အခါ ဘယ်လိုတွေဖြစ်လာမှာလဲဆိုတာ ဒီကားလေးမှာဆက်ကြည့်လိုက်ရအောင်

Gunjan Saxena: The Kargil Girl (2020) ⭐IMDB: 5.5/10 (35 k Votes) 🎬 #Adventure #Asian #Bollywood #Action #Drama #Biography #War 🗓️ 2020 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 1 နာရီ 53 မိနစ် 04 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတခါတော့ CMပရိတ်သတ်ကြီးအတွက် ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတပုဒ် တင်ဆက်ပေးလိုက်ပါပြီ. ဇာတ်လမ်းလေးကိုတော့ ပိုင်းလော့ဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကြိုးပမ်းမှုကို ရိုက်ပြပြီး တင်ဆက်ထားတာပါ. ငယ်ငယ်တည်းက အဖေရဲ့အလိုလိုက်ချစ်မြတ်နိုးခြင်းကို ခံရတဲ့ ဂွန်ဂျူးဟာ မိန်းကလေးဖြစ်ပေမယ့် ပိုင်းလော့တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်. စာဆိုလဲ အရမ်းတော်ပေမယ့် သူ့ရဲ့တခုတည်းသော ရည်ရွယ်ချက်က ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ပါပဲ. ဒါပေမယ့်လည်း အန္ဒိယလိုနေရာမျိုးမှာ အမျိုးသမီးပိုင်းလော့က ရှားတာကြောင့် လူအတော်များများက ဝိုင်းတားခဲ့ကြပါတယ်. ဂွန်ဂျူးကတော့ လက်မလျှော့ခဲ့ပါဘူး. သူတို့နိုင်ငံရဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ အခြေခံလိုအပ်ချက် ၁၀တန်းဆိုပေမယ့် ဂွန်ဂျူးသွားလျှောက်ချိန်မှာ ၁၁တန်းထိအောင်ဖို့ လိုနေခဲ့ပါတယ်. ဒါကြောင့် ဂွန်ဂျူးကလဲ ၁၁တန်းကို ဆက်တက်ပြီး အောင်မြင်ခဲ့ပါတယ်. ထပ်သွားလျှောက်ချိန်မှာလဲ တခြား ပညာရေးအဆင့်တွေ လိုအပ်နေသေးတာကြောင့် ဂွန်ဂျူးက နှစ်အတော်ကြာကြိုစားခဲ့ပါတယ်. နောက်ဆုံး ပညာရေးအဆင့်တွေ မှီသွားတဲ့အချိန်မှာတော့ ပိုင်းလော့သင်တန်းစရိတ်ကြောင့် သူဟာ နှစ်များစွာကြိုးစားခဲ့သမျှကို လက်လျှော့ရမလို ဖြစ်နေခဲ့ပါတယ်. ဂွန်ဂျူးသူ့ရည်ရွယ်ချက်ကို ဘယ်လိုဘယ်ပုံကြိုးစားအားထုတ်ခဲ့တယ် ဘယ်အထိ ဖိနိုပ်ခံခဲ့ရတယ် ဂွန်ဂျူးရဲ့အာဂသတ္တိကို လေးစားဖွယ်တင်ဆက်ပြသထားတဲ့ အန္ဒိယဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါရစေဗျာ.

Jab Tak Hai Jaan (2012) ⭐IMDB: 6.7/10 (56 k Votes) 🎬 #Bollywood #Drama #Romance 🗓️ 2012 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 56 မိနစ် 02 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Samar မျက်နှာ စူပုတ်ပုတ်နဲ့ ရဲ့ရင်တဲ့ ဗုံးရှင်းသမား၊ ဗုံးတစ်လုံး ဖြုတ်ပြီးတိုင်း အေးဆေးတဲ့ နေရာမှာ တစ်ယောက်ထဲ အနားယူ တတ်တယ်။ သူ့ဘဝရဲ့ ၉၈ လုံးမြောက် ဗုံးကို ဖြုတ်ပြီး ကမ်းခြေဘက်မှာ တစ်ယောက်ထဲ အနားယူနေတဲ့ အချိန် Akira ဆိုတဲ့ မိန်းမလှလေး ရေနစ်လို့ ဆင်းကယ်ပြီး အနွေး ဓါတ်ရဖို့ Samar ရဲ့ အပေါ် အနွေးထည်ကို ပေးလိုက် မိရာမှာ မထင်မှတ်ပဲ Samar ရဲ့ Diary ကို Akira ရသွားပြီး Samar ရဲ့ လွမ်းစရာ ကောင်းတဲ့ London က အချစ် ဇာတ်လမ်းကို သိခဲ့ရပြီး Samar ကို Akira တစ်ယောက် စိတ်ဝင်စားခဲ့ပါတယ်။Akira ဆိုတာ Discovery Channel မှာ မှတ်တမ်းရုပ်ရှင် ရိုက်ရဖို့ ကြိုးစားနေတဲ့ ၂၁ နှစ်အရွယ် ဆွဲဆောင်မှု အပြည့်ရှိတဲ့ မိန်းမလှလေးပါ။ Akira တွက် အခွင့် အရေး တစ်ခု ရောက်ရှိ လာပါတယ်။ ၃ ပါတ်အတွင်း Samar ရဲ့ ဗုံးဖြုတ် တပ်သား တစ်ယောက် အကြောင်း မှတ်တမ်း ရုပ်ရှင် ရိုက်ပေး ရမယ့် အခွင့်အရေးပါ။Samar က Akira ကို တပ်ဖွဲ့ထဲ မလိုက်ခဲ့ စေချင်ပေမယ့် Samar ရဲ့ နိုင်ကွက်ကို သိထားတဲ့ Akira တစ်ယောက်က Samar ရဲ့ အတိတ်နဲ့ ယှဉ်ယှဉ်ပြီး ပြောလို့ Samar က Akira ကို လိုက်ခွင့် ပြုခဲ့ပါတယ်။ အခက် အခဲ အချို့ ရှိခဲ့ပေမယ့် Akira တစ်ယောက် Samar ဆိုတဲ့ ဗုံးဖြုတ် တပ်သား တစ်ယောက် အကြောင်း မှတ်တမ်း ရုပ်ရှင် ပြီးမြောက်အောင် ရိုက်နိုင် ခဲ့ပါတယ်။Samar ရဲ့ ဇာတ်လမ်းကို Discovery Channel မှာ ပြဖို့ ဒါတွေဟာ Samar ရဲ့ ဇာတ်လမ်း တကယ်ဖြစ်ကြောင်း ထောက်ခံဖို့ ၁၀နှစ်ကျော် ခြေဦး မချခဲ့တဲ့ London မြေကို ပြန်လည် ခြေချခဲ့ရပါတယ်။ ခါးသီးတဲ့ အတိတ်တွေ ရှိခဲ့တဲ့ London မြေကို Samar တစ်ယောက် ပြန်လည် ခြေချတဲ့ နေ့မှာပဲ…။ ဒါရိုက်တာ Yash Chopra ရဲ့ ရိုက်ချက် ကောင်းတွေနဲ့ 176 မိနစ် ကြည့်ရမယ့် Drama Romance ဇာတ်ကား ဖြစ်ပါတယ်။ Jab Tak Hai Jaan ဆိုတဲ့ အဓိပ္ပါယ်ကတော့ Till my last breath ဖြစ်ပါတယ်။ ဖြစ်ပါတယ်။ Bollywood Star တွေဖြစ်တဲ့ Shah Rukh Khan, Katrina Kaif, Anushka Sharma တို့ရဲ့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းကို moviereview.ygn.me မှကူးယူဖော်ပြပါသည်။) IMDb Rating(6.7/10) နဲ့ Rotten Tomatoes 89% ထိရရှိထားလို့ကြည့်သင့်တဲ့ဇာတ်ကားပါ။ HEVC 1080p BluRay DTS 5.1 Quality နဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။

Darbaan (2020) ⭐IMDB: 7.4/10 (908 Votes) 🎬 #Bollywood #Drama 🗓️ 2020 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 29 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Darbaan (2020) သံ ….. ယော ….. ဇဉ် ….. စကားက ၃ လုံးထဲ။တွယ်မိငြိမိရင် လူကို အဆုံးထိအောင် နွယ်ပတ်နေတတ်တာမျိုးအဆုံးထိအောင် လောင်ကျွမ်းစေတတ်တာမျိုး။ သံယောဇဉ် ဆိုတာ အစမထားမိရင် ဘာမှမဖြစ်တတ်တဲ့အမျိုး။စမိရင်တော့ အဆုံးမရှိ။ ဒီဇာတ်လမ်းကတော့ ၁၈၉၁ ခုနှစ်တုန်းက ဝတ္ထုတိုကို ပြန်ပြီး ရိုက်ကူးထားတာလို့ ဆိုပါတယ်။သံယောဇဉ်ကြိုး နှောင်ဖွဲ့ထုံးတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ရိုင်ချာရန် ဆိုတဲ့ ကလေးထိန်းတစ်ယောက်အကြောင်းပါ။ကလေးထိန်းနဲ့ ကလေးရဲ့ သံယောဇဉ်အကြောင်းကို ထိထိမိမိ တင်ပြထားခဲ့တာပါ။ ဇာတ်လမ်းအကြောင်းကို အကျဉ်းရှင်းရင်တောင် ဇာတ်ကြောင်းပေါ်ပြီး ကြည့်မကောင်း ဖြစ်သွားနိုင်တာမို့ စပွိုင်းမပါဘဲ ရိုင်ချာရန် အကြောင်းလို့သာ မှတ်ယူပြီး ကြည့်စေချင်ပါတယ်။ ကြည့်မိအောင်သာ ကြည့်ပါ။ ရင်ထဲကို ထိသွားစေရပါမယ်။မျက်ရည်မခိုင်တဲ့လူဆို မျက်ရည်ကျမိမှာ အသေအချာပါပဲ။အာရှကားတွေရဲ့ ဒရာမာအချိုးအကွေ့တွေက အာရှသားတွေရဲ့ရင်ကို ယိုင်နဲ့သွားစေမှာတော့ အမှန်ပါပဲ။ IMDb – 7.4/10 ဆိုတာကတော့ အလကား မဟုတ်တာ ကြည့်မိရင် သိပါလိမ့်မယ်။

Happy New Year (2014) ⭐IMDB: 4.9/10 (39 k Votes) 🎬 #Action #Bollywood #Comedy #Crime #Drama #Music 🗓️ 2014 🎞️ Movie 📺 720p HD 🌎 #India ⏰ 3 နာရီ 00 မိနစ် 08 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Happy New Year !!!! အလုပ်ပိတ်ရက်မှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးထားရင်တော့ ရုံတင်နေပြီဖြစ်တဲ့ဂီတ ဟာသဘောလိဝုဒ် ရုပ်ရှင်ကားလေးက စိတ်ကြည်နူးပျော်ရွှင် စေနိုင်မှာပါ။ နာမည်ကြီး သရုပ် ဆောင်တွေ ဖြစ်တဲ့ ရှာရွတ်ခန်း၊ အဘီရှက် ဘက်ချန်း၊ ဒီပီကာ ပါဒူကုန်း၊ ဘိုးမန်းအီရာနီ တို့တစ်တွေကို တစုတစည်းတည်း ကြည့် ရှုရမှာပါ။ ချာလီလို့ လူသိများတဲ့ ချန် ဒရာမိုဟန်မန်နိုဟာရှာမာဟာ ချာ ရန်ဂရိုဗာဆိုသူကို လက်စားချေ ဖို့အတွက် ဖိုက်တာတစ်ယောက် အနေနဲ့ ရှစ်နှစ်နီးပါး စောင့်ဆိုင်း နေခဲ့ပါတယ်။ သူ့အဖေဖြစ်သူကို ရှာလီမာစိန်တွေ ခိုးယူတယ်ဆိုပြီး ချာရန်ဂရိုဗာက စွပ်စွဲခဲ့လို့ သူ့အ ဖေဟာ သူခိုးတစ်ယောက်အဖြစ် နာမည်ဆိုးတွင်ကျန်ခဲ့ရတဲ့အ တွက်ပဲ ဖြစ်ပါတယ်။ ချာလီဟာ သတင်းတစ်ခု ဖတ်ရင်း ခရစ္စမတ်နေ့ မတိုင်ခင် တစ်ရက်မှာ အတ္တလန္တိတ်ဟိုတယ် ကို စိန်တွေ ရောက်ရှိမယ်ဆိုတာ သိရှိခဲ့တာကြောင့် ခိုးယူဖို့ ကြိုး စားပြီး ဂရိုဗာကို အမှုဆင်ဖို့ ကြံ စည်ခဲ့ပါတယ်။ သူလှုပ်ရှားဖို့အ တွက် အဖွဲ့ဖွဲ့ခဲ့ပြီး အဲဒီအဖွဲ့ထဲ မှာ အကြားအာရုံချို့တဲ့တဲ့ ဂျက်ဂ်၊ အဝလွန်နေတဲ့ တမ်မီ၊ ဟက်ကာ တစ်ယောက်ဖြစ်တဲ့ ရိုဟန်ဆင်း တို့ ပါဝင်ပါတယ်။ ပြဿသ နာတစ်ခုက ဂရိုဗာရဲ့ မြေအောက်ခန်းကို ဝင်ဖို့ရာမှာ လက်ဗွေလိုအပ်ပြီး အဲဒီအခန်းကို အချိန်တိုင်း ဝင်ထွက်ခွင့်ရတာက ဂရိုမာရဲ့သား ဗစ်ကီတစ်ယောက်ပဲရှိတာကြောင့် သူနဲ့ ရုပ်ချင်းဆင်တဲ့ နန်ဒုဘီဟိုက်ရဲ့ အကူအညီယူဖို့ လုပ်ဆောင်ပါတော့တယ်။ ဆာလီတို့အဖွဲ့ဟာ ဂိုဒေါင်တစ်ခုတည်းမှာ စစ်ဆင်ရေး အကြိုလေ့ကျင့်ခဲ့ပြီး အတ္တလန္တိတ်ဟိုတယ်ထဲက စိန်ထည့်တဲ့နေရာမှာ အားနည်းချက်ကိုပါ တွေ့ရှိခဲ့ကြပါတယ်။ စိန်တွေထားတဲ့အခန်းဟာ အခန်း 9C နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပြီး အဲဒီအခန်းဟာ အကပြိုင်ပွဲမှာ ဆုရမှသာလျှင် ဖွင့်ပေးမှာဖြစ် ပေမယ့် သူတို့တစ်ဖွဲ့လုံး မကတတ်ကြပါဘူး။ ဒီလိုနဲ့ အဲဒီအခန်းထဲဝင်ဖို့အတွက် အကပြိုင်ကြဖို့ လုပ်ဆောင်ခဲ့ကြပြီး ဘားကချေသည် မိုဟီနီဂျိုရှီဆီကနေ အကသင်ယူကြရပါတယ်။ စိန်ခိုးဖို့ လုပ်ရာကနေ အကပြိုင်ကြရင်း ချာလီတို့အဖွဲ့ ဘာတွေဖြစ်ကုန်မလဲ၊ ဂရိုဗာကိုရော လက်စားချေနိုင်သလား။အတိုက်အခိုက်တွေကြားက ဟာသပြကွက်တွေ၊ အကပြကွက်တွေ ရှုစားရမှာမို့ ဘောလိဝုဒ်ရသတော့ အပြည့်အဝခံစားရမှာပါ။ အိန္ဒိယဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အကအလှတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ရိုက်ကွင်းအများစုဟာ ဒူဘိုင်းက Atlantis, the Palm ဟိုတယ်မှာ ရိုက်ကူးထားပြီး ဇာတ်လမ်းရိုက်ကူးနေစဉ်အတွင်း မင်းသား ရှရွတ်ခန်း လက်မောင်းပြုတ်သွားခဲ့ပါသေးတယ်။ ဘောလိဝုဒ်မှာ လောလောဆယ် Dhoom 3၊ Chennai Express နဲ့ 3 Idiots တို့နောက် နံပါတ် ၄ ဝင်ငွေအများဆုံးအဖြစ် ရပ်တည်နေပါတယ်။ ဒူဘိုင်းရဲ့ အလှအပတွေနဲ့ အိန္ဒိယအကတွေကို ဟာသနဲ့ အက်ရှင်တွေ ရောညှပ်ပြီး ရိုက်ကူးထားတာမို့ အတော်လေး ကြည့်လို့ကောင်းပါတယ်။ စိတ်ပြေလက်ပျောက်၊ အပန်းဖြေ ကြည့်ချင်သူတွေ၊ ဟာသကား ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကား တစ်ကားပါ။(ရုပ်ရှင်အညွှန်းကို 7Daily မှကူးယူဖော်ပြပါသည်။)

Jab Tak Hai Jaan (2012) ⭐IMDB: 6.7/10 (56 k Votes) 🎬 #Bollywood #Drama #Romance 🗓️ 2012 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 56 မိနစ် 02 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Samar မျက်နှာ စူပုတ်ပုတ်နဲ့ ရဲ့ရင်တဲ့ ဗုံးရှင်းသမား၊ ဗုံးတစ်လုံး ဖြုတ်ပြီးတိုင်း အေးဆေးတဲ့ နေရာမှာ တစ်ယောက်ထဲ အနားယူ တတ်တယ်။ သူ့ဘဝရဲ့ ၉၈ လုံးမြောက် ဗုံးကို ဖြုတ်ပြီး ကမ်းခြေဘက်မှာ တစ်ယောက်ထဲ အနားယူနေတဲ့ အချိန် Akira ဆိုတဲ့ မိန်းမလှလေး ရေနစ်လို့ ဆင်းကယ်ပြီး အနွေး ဓါတ်ရဖို့ Samar ရဲ့ အပေါ် အနွေးထည်ကို ပေးလိုက် မိရာမှာ မထင်မှတ်ပဲ Samar ရဲ့ Diary ကို Akira ရသွားပြီး Samar ရဲ့ လွမ်းစရာ ကောင်းတဲ့ London က အချစ် ဇာတ်လမ်းကို သိခဲ့ရပြီး Samar ကို Akira တစ်ယောက် စိတ်ဝင်စားခဲ့ပါတယ်။Akira ဆိုတာ Discovery Channel မှာ မှတ်တမ်းရုပ်ရှင် ရိုက်ရဖို့ ကြိုးစားနေတဲ့ ၂၁ နှစ်အရွယ် ဆွဲဆောင်မှု အပြည့်ရှိတဲ့ မိန်းမလှလေးပါ။ Akira တွက် အခွင့် အရေး တစ်ခု ရောက်ရှိ လာပါတယ်။ ၃ ပါတ်အတွင်း Samar ရဲ့ ဗုံးဖြုတ် တပ်သား တစ်ယောက် အကြောင်း မှတ်တမ်း ရုပ်ရှင် ရိုက်ပေး ရမယ့် အခွင့်အရေးပါ။Samar က Akira ကို တပ်ဖွဲ့ထဲ မလိုက်ခဲ့ စေချင်ပေမယ့် Samar ရဲ့ နိုင်ကွက်ကို သိထားတဲ့ Akira တစ်ယောက်က Samar ရဲ့ အတိတ်နဲ့ ယှဉ်ယှဉ်ပြီး ပြောလို့ Samar က Akira ကို လိုက်ခွင့် ပြုခဲ့ပါတယ်။ အခက် အခဲ အချို့ ရှိခဲ့ပေမယ့် Akira တစ်ယောက် Samar ဆိုတဲ့ ဗုံးဖြုတ် တပ်သား တစ်ယောက် အကြောင်း မှတ်တမ်း ရုပ်ရှင် ပြီးမြောက်အောင် ရိုက်နိုင် ခဲ့ပါတယ်။Samar ရဲ့ ဇာတ်လမ်းကို Discovery Channel မှာ ပြဖို့ ဒါတွေဟာ Samar ရဲ့ ဇာတ်လမ်း တကယ်ဖြစ်ကြောင်း ထောက်ခံဖို့ ၁၀နှစ်ကျော် ခြေဦး မချခဲ့တဲ့ London မြေကို ပြန်လည် ခြေချခဲ့ရပါတယ်။ ခါးသီးတဲ့ အတိတ်တွေ ရှိခဲ့တဲ့ London မြေကို Samar တစ်ယောက် ပြန်လည် ခြေချတဲ့ နေ့မှာပဲ…။ ဒါရိုက်တာ Yash Chopra ရဲ့ ရိုက်ချက် ကောင်းတွေနဲ့ 176 မိနစ် ကြည့်ရမယ့် Drama Romance ဇာတ်ကား ဖြစ်ပါတယ်။ Jab Tak Hai Jaan ဆိုတဲ့ အဓိပ္ပါယ်ကတော့ Till my last breath ဖြစ်ပါတယ်။ ဖြစ်ပါတယ်။ Bollywood Star တွေဖြစ်တဲ့ Shah Rukh Khan, Katrina Kaif, Anushka Sharma တို့ရဲ့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းကို moviereview.ygn.me မှကူးယူဖော်ပြပါသည်။) IMDb Rating(6.7/10) နဲ့ Rotten Tomatoes 89% ထိရရှိထားလို့ကြည့်သင့်တဲ့ဇာတ်ကားပါ။ HEVC 1080p BluRay DTS 5.1 Quality နဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။

Happy New Year (2014) ⭐IMDB: 4.9/10 (39 k Votes) 🎬 #Action #Bollywood #Comedy #Crime #Drama #Music 🗓️ 2014 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 3 နာရီ 00 မိနစ် 09 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Happy New Year !!!! အလုပ်ပိတ်ရက်မှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးထားရင်တော့ ရုံတင်နေပြီဖြစ်တဲ့ဂီတ ဟာသဘောလိဝုဒ် ရုပ်ရှင်ကားလေးက စိတ်ကြည်နူးပျော်ရွှင် စေနိုင်မှာပါ။ နာမည်ကြီး သရုပ် ဆောင်တွေ ဖြစ်တဲ့ ရှာရွတ်ခန်း၊ အဘီရှက် ဘက်ချန်း၊ ဒီပီကာ ပါဒူကုန်း၊ ဘိုးမန်းအီရာနီ တို့တစ်တွေကို တစုတစည်းတည်း ကြည့် ရှုရမှာပါ။ ချာလီလို့ လူသိများတဲ့ ချန် ဒရာမိုဟန်မန်နိုဟာရှာမာဟာ ချာ ရန်ဂရိုဗာဆိုသူကို လက်စားချေ ဖို့အတွက် ဖိုက်တာတစ်ယောက် အနေနဲ့ ရှစ်နှစ်နီးပါး စောင့်ဆိုင်း နေခဲ့ပါတယ်။ သူ့အဖေဖြစ်သူကို ရှာလီမာစိန်တွေ ခိုးယူတယ်ဆိုပြီး ချာရန်ဂရိုဗာက စွပ်စွဲခဲ့လို့ သူ့အ ဖေဟာ သူခိုးတစ်ယောက်အဖြစ် နာမည်ဆိုးတွင်ကျန်ခဲ့ရတဲ့အ တွက်ပဲ ဖြစ်ပါတယ်။ ချာလီဟာ သတင်းတစ်ခု ဖတ်ရင်း ခရစ္စမတ်နေ့ မတိုင်ခင် တစ်ရက်မှာ အတ္တလန္တိတ်ဟိုတယ် ကို စိန်တွေ ရောက်ရှိမယ်ဆိုတာ သိရှိခဲ့တာကြောင့် ခိုးယူဖို့ ကြိုး စားပြီး ဂရိုဗာကို အမှုဆင်ဖို့ ကြံ စည်ခဲ့ပါတယ်။ သူလှုပ်ရှားဖို့အ တွက် အဖွဲ့ဖွဲ့ခဲ့ပြီး အဲဒီအဖွဲ့ထဲ မှာ အကြားအာရုံချို့တဲ့တဲ့ ဂျက်ဂ်၊ အဝလွန်နေတဲ့ တမ်မီ၊ ဟက်ကာ တစ်ယောက်ဖြစ်တဲ့ ရိုဟန်ဆင်း တို့ ပါဝင်ပါတယ်။ ပြဿသ နာတစ်ခုက ဂရိုဗာရဲ့ မြေအောက်ခန်းကို ဝင်ဖို့ရာမှာ လက်ဗွေလိုအပ်ပြီး အဲဒီအခန်းကို အချိန်တိုင်း ဝင်ထွက်ခွင့်ရတာက ဂရိုမာရဲ့သား ဗစ်ကီတစ်ယောက်ပဲရှိတာကြောင့် သူနဲ့ ရုပ်ချင်းဆင်တဲ့ နန်ဒုဘီဟိုက်ရဲ့ အကူအညီယူဖို့ လုပ်ဆောင်ပါတော့တယ်။ ဆာလီတို့အဖွဲ့ဟာ ဂိုဒေါင်တစ်ခုတည်းမှာ စစ်ဆင်ရေး အကြိုလေ့ကျင့်ခဲ့ပြီး အတ္တလန္တိတ်ဟိုတယ်ထဲက စိန်ထည့်တဲ့နေရာမှာ အားနည်းချက်ကိုပါ တွေ့ရှိခဲ့ကြပါတယ်။ စိန်တွေထားတဲ့အခန်းဟာ အခန်း 9C နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပြီး အဲဒီအခန်းဟာ အကပြိုင်ပွဲမှာ ဆုရမှသာလျှင် ဖွင့်ပေးမှာဖြစ် ပေမယ့် သူတို့တစ်ဖွဲ့လုံး မကတတ်ကြပါဘူး။ ဒီလိုနဲ့ အဲဒီအခန်းထဲဝင်ဖို့အတွက် အကပြိုင်ကြဖို့ လုပ်ဆောင်ခဲ့ကြပြီး ဘားကချေသည် မိုဟီနီဂျိုရှီဆီကနေ အကသင်ယူကြရပါတယ်။ စိန်ခိုးဖို့ လုပ်ရာကနေ အကပြိုင်ကြရင်း ချာလီတို့အဖွဲ့ ဘာတွေဖြစ်ကုန်မလဲ၊ ဂရိုဗာကိုရော လက်စားချေနိုင်သလား။အတိုက်အခိုက်တွေကြားက ဟာသပြကွက်တွေ၊ အကပြကွက်တွေ ရှုစားရမှာမို့ ဘောလိဝုဒ်ရသတော့ အပြည့်အဝခံစားရမှာပါ။ အိန္ဒိယဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အကအလှတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ရိုက်ကွင်းအများစုဟာ ဒူဘိုင်းက Atlantis, the Palm ဟိုတယ်မှာ ရိုက်ကူးထားပြီး ဇာတ်လမ်းရိုက်ကူးနေစဉ်အတွင်း မင်းသား ရှရွတ်ခန်း လက်မောင်းပြုတ်သွားခဲ့ပါသေးတယ်။ ဘောလိဝုဒ်မှာ လောလောဆယ် Dhoom 3၊ Chennai Express နဲ့ 3 Idiots တို့နောက် နံပါတ် ၄ ဝင်ငွေအများဆုံးအဖြစ် ရပ်တည်နေပါတယ်။ ဒူဘိုင်းရဲ့ အလှအပတွေနဲ့ အိန္ဒိယအကတွေကို ဟာသနဲ့ အက်ရှင်တွေ ရောညှပ်ပြီး ရိုက်ကူးထားတာမို့ အတော်လေး ကြည့်လို့ကောင်းပါတယ်။ စိတ်ပြေလက်ပျောက်၊ အပန်းဖြေ ကြည့်ချင်သူတွေ၊ ဟာသကား ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကား တစ်ကားပါ။(ရုပ်ရှင်အညွှန်းကို 7Daily မှကူးယူဖော်ပြပါသည်။)

Don (2006) ⭐IMDB: 7.1/10 (39 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓️ 2006 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 49 မိနစ် 05 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (7.2) / Rotten Tomatoes (78%) ဒီတစ်ခါတော့ နာမည်ကျော် ဘောလိဝုဒ် မင်းသားကြီး ရှာရွတ်ခန်းရဲ့ ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ ဘိန်းမှောင်ခို ဂိုဏ်းခေါင်းဆောင် Don ကိုဖမ်းဆီးဖို့ အိန္ဒိယ ရဲဌာနမှ ရဲအုပ် De Silva ကိုတာဝန်ပေးအပ်ထားတာပါ။ တစ်ဖက်မှာလဲ Don ဟာ ဂိုဏ်းကနေ ထွက်ဖို့ကြိုးစားတဲ့ လူယုံ Ramesh ကို သတ်လိုက်ပါတယ်။ အဲ့တော့ Ramash ရဲ့ ဇနီးလောင်းနဲ့ ညီမဖြစ်သူကလဲ Don ကိုလက်စားခြေဖို့ကြိုးစားကြပါတော့တယ်။ တစ်နေ့တော့ Don နဲ့ရုပ်ချင်းချွတ်စွပ်တူတဲ့ Vijay ဆိုတဲ့မွမ်ဘိုင်းက ကောင်လေးတစ်ယောက်ကိုရှာဖွေတွေ့ရှိသွားချိန်မှာ Don အစစ်နဲ့အတု ဘယ်လိုဆက်စခန်းသွားသလဲဆိုတာ ဇာတ်လမ်းရဲ့အနှစ်ပါ။ စရိုက်နှစ်ခုကို နှစ်ကိုယ်ခွဲပြီးသရုပ်ဆောင်ထားတဲ့ ရှာရွတ်ခန်းရဲ့ စကေးကတော့ အထွေအထူးထောက်ခံနေစရာလိုမယ်မထင်ပါဘူး။ ဝင်ငွေအရရော အနုပညာအရရော အောင်မြင်မှုကြီးမားခဲ့လို့ Don 2 (2011) ကိုဆက်လက်ရိုက်ကူးခဲ့ပါတယ်… Don 2 (2011) ကို ဒီမှာ ‌https://channelmyanmar.org/don-2-20111/ကြည့်ပါ။

Rab Ne Bana Di Jodi (2008) ⭐IMDB: 7.2/10 (50 k Votes) 🎬 #Bollywood #Comedy #Drama #Musical #Romance #Music 🗓️ 2008 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 44 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (7.2/10) / Rotten Tomatoes (78%) အချစ်မှာ နားလည်မှုလိုအပ်သလား? ဟုတ်ကဲ့..မဖြစ်မနေလိုအပ်ပါတယ်… လူနှစ်ဦးလက်ထပ်လိုက်ပေမယ့် နားလည်မှုတွေကို ပြန်ရှာကြရတဲ့အခါ ဒီဇာတ်ကားဖြစ်ပေါ်လာတဲ့အကြောင်းပါပဲ…။ ကျွန်တော်တို့မေ့နေကြတာတွေ ပြန်မြင်လာရသလိုပေါ့… အချစ်က အနားမှာရှိနေပေမယ့် ဖွင့်ပြောဖို့ ရွှေ့ဆိုင်းနေတတ်ကြတယ်… တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှာပေးဖို့ထက် ဖြစ်သလို ကြုံသလို နေလိုက်တတ်ကြတယ်… ဒါတွေက အချစ်ခရီးမှာ လိုအပ်ချက်တွေဖြစ်ပေါ်လာစေတာပဲ.. အချစ်ကိုတကယ်တွေ့ကြုံပြီး ကြည်နူးပျော်ဝင်လိုက်ဖို့ တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေရှိနေဖို့လိုပါတယ်။ ဒီတော့..သင့်မှာချစ်ရတဲ့လူ ရှိတာဖြစ်ဖြစ်…ရှိတော့ရှိတယ် ဖွင့်မပြောရသေးဘူး..ဘယ်လိုအနေထားမှာဖြစ်ဖြစ် ဒီရုပ်ရှင်က သင်ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသားကြီး ရှာရွတ်ခန်း နဲ့  Anushka Sharma တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးအနူးရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့တန်းဝင်မင်းသမီးဘဝကိုချက်ချင်းရောက်သွားခဲ့သလို ရှာရွတ်ခန်းကတော့ ပြောနေစရာကိုမလိုအောင် ဇာတ်နဲ့လိုက်ဖက်နေခဲ့ပါတယ်…. နိုင်ငံတကာမှာလဲ အားပေးမှုတွေရရှိခဲ့တဲ့ဇာတ်ကားမို့ သိမ်းထားလို့ရအောင် BluRay HEVC 1080p 5.1CH နဲ့ ပြန်လည်တင်ဆက်လိုပါတယ်။ (ဒီဇာတ်ကားကို Aung Maw Han မှ ဘာသာပြန် တင်ဆက်ထားတာပါ။)

Veer Zaara (2004) ⭐IMDB: 7.8/10 (54 k Votes) 🎬 #Bollywood #Drama #Family #Musical #Romance 🗓️ 2004 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 3 နာရီ 16 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (7.8) / Rotten Tomatoes (92%) အထိရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်တွေက လှပတဲ့အပြင် ရှုခင်းပသာဒတွေက စိတ်ဘဝင်အေးစေတဲ့ကားမျိုးပါ။ ဒီကားဟာဖြင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ ကြား စည်းထားကြပေမယ့် ချစ်ခြင်းကို ဘယ်သူက တားဆီးကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတွေးများစွာ မေးစေမိပါတယ်။ အချစ် ဟာ ချစ်နေရုံနဲ့ ပြီးလား လို့ မေးရင်Logic ဆန်ဆန်လူတွေက ခေါင်းခါမိပါလိမ့်မယ်။ အခြေအနေ မတူခြင်းတွေအောက်မှာ ချစ်လျက်နဲ့ခွဲခွာ ရတဲ့ ဖူးစာတွေဆိုတာလည်း ဒုနဲ့ဒေးပါ။ ဘာသာရယ် မတူ နိုင်ငံရယ်ခြားနေရင်ဖြင့် ပိုလို့တောင် စိတ်မကူးနိုင်တော့ပါ။ သို့သော် ……။ ဇာတ်လမ်းအကျဉ်း လေး သွားကြည့်ရအောင် ။ဒီလိုကားမျိုးကို ကောင်းတယ်လို့ပဲ ညွှန်းပေးချင်တာပါ။ ဘာ ဇာတ်လမ်းမှမသိဘဲ ကိုယ်တိုင် ဆွဲဆောင်ခံရတဲ့ ရေစီးကြောင်းတစ်ခုလို ကြည့်သင့်တဲ့ကားပါ။( လျှာရှည်တာ များသွားပြီ ) ဇာတ်ကား အစမှာတော့ ပါကစ္စတန် ထောင်ထဲမှာ အိန္ဒိယ လေကြောင်း ကယ်ဆယ်ရေးအရာရှိ ( ရှာရွှတ်ခမ်း) အကျဉ်းကျနေခဲ့တယ်။ သူလျှို ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။နှစ်များစွာ ထောင်ကျပြီးနောက် သူဟာ စကားလည်းမပြောတော့။ သူ့နာမည်ရင်း veer ကိုတောင် ဘယ်သူမှမခေါ်ကြတော့ပါဘူး။သူ့ကို ခေါ်ကြတာက အကျဉ်းသားနံပါတ် 786 တဲ့။ ဒီလို နှစ်ပေါင်းများစွာ အကျဉ်းကျရင်း စိတ်ဓာတ်ကျနေရသူ လူတစ်ယောက်ကို ဘယ်သူက ကယ်ဆယ်ဝံ့မှာလဲ ။ ဒါပေမဲ့ သူ့ကို အမိမြေ အိန္ဒိယ နိုင်ငံ ပြန်နိုင်စေဖို့ အတွက် ရှေ့နေမလေး တစ်ဦး ရောက်လာခဲ့ပါတယ်။ရှေ့နေမလေးဟာ သူ့ကို veer လို့ စခေါ်လိုက်သည့်နောက်ပိုင်း Veer အတွက် ခွန်အားအသစ် ရခဲ့သလိုပဲ။ ဒီလိုနဲ့ Veer က ရှေ့နေမလေးကို သူ့ဘဝအတိတ်အကြောင်း နဲ့ အစွပ်စွဲခံ ထောင်ကျနေရပုံကို ပြန်ပြောင်းပြောပြချိန်မှာတော့ …………။ တစ်နေ့ပေါ့ ။ကယ်ဆယ်မှုတစ်ခုမှာ Veer ဟာ မျက်ဝန်းလေးတစ်စုံနဲ့ ရင်းနှီးခဲ့မိတယ်။ zara တဲ့။ Zara က သူ့အဖွား ပြာကို အိန္ဒိယ ပိုင်မြစ်တစ်ခုမှာ မျောပေးဖို့ လာခဲ့တာပါ။ Zara ဟာ ပါကစ္စတန် သူလေးဖြစ်ပြီး သူ့အဖေကလည်း အရေးပါအရာရောက်တဲ့ပုဂ္ဂိိုလ်ပါ။ ဒီလိုနဲ့ Veer နဲ့ Zara တို့ ရင်းနှီးခင်မင်ခဲ့ပြီး Veer ရဲ့ ဇာတိရွာကို Zara အလည်လာခဲ့ပါတယ်။ ရွာလေးဟာ ရှုခင်းတွေ စိမ်းစိမ်းစိုစိုနဲ့ အလွန်လှပလို့နေတယ်။ Veer ရဲ့ အဖေ ( အမီတာဘဂျမ်း) ကလည်း ရွာ လူကြီးမို့ ရွာလေးဟာ အတော်ဖွံ့ဖြိုးလို့နေခဲ့ပါတယ်။ နောက်ပြီး Zara ကို သမီးလေးအဖြစ်လည်း ချွေးမလေးအဖြစ်လည်း ကြိတ်ပြီး သဘောတူနေခဲ့ပါသေးတယ်။ Zara ဟာ ရွာလေးမှာ ပျော်ရွှင်နေခဲ့ပြီးနောက် ပါကစ္စတန်ကို ပြန်ဖို့အချိန်ရောက်လာခဲ့ပါတယ်။ ပြန်ခါနီး လိုက်ပို့ချိန်လေးမှာ Veer က Zara ကို ဖွင့်ပြောဖို့ကြိုးစားချိန်မှာတော့ ………¿ ဒီမှာတင် ဇာတ်လမ်းကို ရပ်ပါရစေ။ ကိုယ်တိုင် ခံစားပြီး ဘယ်လို ဇာတ်လမ်းမျိုးလဲ ။ ဘယ်လို ဇာတ်သိမ်းမလဲ။ Veer နဲ့ Zara က ဘယ်လိုဖြစ်မလဲ ဆိုတာ ရင်ခုန်ခံစားမှသာ ဇာတ်လမ်းရဲ့အနှစ်သာရ ပြည့်ဝလာမှာပါ။ သာမန်အချစ်ကားတွေနဲ့ မတူတာက ဒီကားလေးရဲ့ စကားပြောခန်းတွေဟာ အရမ်းလှပပါတယ်။ ” Zara ရေ မင်းကြောင့် ပန်းလေးတွေ လှလာတယ်။ တိမ်လေးတွေ သာလာတယ် “စတဲ့ ရိုဆန်ဆန် တော်ကီ လေးကြောင့် စော်ကြည်နိုင်ပါတယ် :-3( နောက်ပြီး ဒီဇာတ်ကား မင်းသမီးလေးရဲ့ ပြုံးချိန်တိုင်း ကျွန်တော့် နှလုံးသားလည်း ပါးချိုင့်လေးထဲ ပြုတ်ပြုတ်ကျခဲ့တာပေါ့ဗျာ :-P) နောက်ပြီး Veer ပြောတဲ့ စကားလေးပါ။ Zara အမေကိုပြောလိုက်ပုံက” ကျွန်တော်က လိမ္မာတယ် / နိုင်ငံသားအသက်ကယ်တဲ့ လေကြောင်းသူရဲကောင်း လို့ ချီးကျူးပေမယ့် အခြားသူတွေလည်း တော်မှာပါ။ ဒါပေမဲ့သေချာမပြောနိုင်ဘူး။ ကျွန်တော်ပြောနိုင်တာလေးတစ်ခုက အိန္ဒိယနိုင်ငံရဲ့ မိခင်တိုင်းကတော့ အန်တီလိုပါပဲ။ သားသမီးကို အသက်နဲ့ပုံပြီးချစ်နိုင်တဲ့ သူတွေပါ ” တဲ့။ ဒီကားလေးဟာ ရိုဆန်တယ်။ ဒရာမာချိုးတယ်။ အိန္ဒိယ မိန်းကလေးတွေ ပညာသင်ခွင့်မရပုံတွေလည်း ရိုက်ပြတယ်။ဒါ့ပြင် မိန်းကလေးရဲ့ သိက္ခာကို အချစ်နဲ့ယှဉ်တဲ့ ပုံပမာနှိုင်းတယ်။ သံယောဇဉ်ကို ဖော်ကျူးတယ်။ ဘယ်နိုင်ငံမှာနေနေ အမိနိုင်ငံကို ရင်ဘတ်ထဲ မြတ်နိုးတတ်ပုံကို လှစ်ဟတယ်။ နှစ်ပေါက်နေပါစေ အမှန်တရားရဲ့ သဘောတရားကို ဖွင့်ဆိုတယ်။ ဒါ့ကြောင့် Most Popular Film / Filmfare Awards for Best Film / National Film awards စတဲ့ ဆုပေါင်း များစွာ ဆွတ်ခူးရရှိခဲ့ပြီး ငွေကြေးအရရော အောင်မြင်ခဲ့တဲ့ကားလို့ ဆိုရမှာပါ။ ဒါ့ကြောင့် ကြည့်ခွင့်ကြုံရင်တော့ အားပေးလိုက်ပါလို့ တိုက်တွန်းပါရစေ။ (ဇာတ်လမ်းအညွှန်းကိုတော့ ကိုလင်းခယံ FB မှကူးယူဖော်ပြထားတာဖြစ်ပါတယ်။)

Rab Ne Bana Di Jodi (2008) ⭐IMDB: 7.2/10 (50 k Votes) 🎬 #Bollywood #Comedy #Drama #Musical #Romance #Music 🗓️ 2008 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 44 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (7.2/10) / Rotten Tomatoes (78%) အချစ်မှာ နားလည်မှုလိုအပ်သလား? ဟုတ်ကဲ့..မဖြစ်မနေလိုအပ်ပါတယ်… လူနှစ်ဦးလက်ထပ်လိုက်ပေမယ့် နားလည်မှုတွေကို ပြန်ရှာကြရတဲ့အခါ ဒီဇာတ်ကားဖြစ်ပေါ်လာတဲ့အကြောင်းပါပဲ…။ ကျွန်တော်တို့မေ့နေကြတာတွေ ပြန်မြင်လာရသလိုပေါ့… အချစ်က အနားမှာရှိနေပေမယ့် ဖွင့်ပြောဖို့ ရွှေ့ဆိုင်းနေတတ်ကြတယ်… တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှာပေးဖို့ထက် ဖြစ်သလို ကြုံသလို နေလိုက်တတ်ကြတယ်… ဒါတွေက အချစ်ခရီးမှာ လိုအပ်ချက်တွေဖြစ်ပေါ်လာစေတာပဲ.. အချစ်ကိုတကယ်တွေ့ကြုံပြီး ကြည်နူးပျော်ဝင်လိုက်ဖို့ တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေရှိနေဖို့လိုပါတယ်။ ဒီတော့..သင့်မှာချစ်ရတဲ့လူ ရှိတာဖြစ်ဖြစ်…ရှိတော့ရှိတယ် ဖွင့်မပြောရသေးဘူး..ဘယ်လိုအနေထားမှာဖြစ်ဖြစ် ဒီရုပ်ရှင်က သင်ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသားကြီး ရှာရွတ်ခန်း နဲ့  Anushka Sharma တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးအနူးရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့တန်းဝင်မင်းသမီးဘဝကိုချက်ချင်းရောက်သွားခဲ့သလို ရှာရွတ်ခန်းကတော့ ပြောနေစရာကိုမလိုအောင် ဇာတ်နဲ့လိုက်ဖက်နေခဲ့ပါတယ်…. နိုင်ငံတကာမှာလဲ အားပေးမှုတွေရရှိခဲ့တဲ့ဇာတ်ကားမို့ သိမ်းထားလို့ရအောင် BluRay HEVC 1080p 5.1CH နဲ့ ပြန်လည်တင်ဆက်လိုပါတယ်။ (ဒီဇာတ်ကားကို Aung Maw Han မှ ဘာသာပြန် တင်ဆက်ထားတာပါ။)

Don (2006) ⭐IMDB: 7.1/10 (39 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓️ 2006 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 49 မိနစ် 05 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (7.2) / Rotten Tomatoes (78%) ဒီတစ်ခါတော့ နာမည်ကျော် ဘောလိဝုဒ် မင်းသားကြီး ရှာရွတ်ခန်းရဲ့ ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ ဘိန်းမှောင်ခို ဂိုဏ်းခေါင်းဆောင် Don ကိုဖမ်းဆီးဖို့ အိန္ဒိယ ရဲဌာနမှ ရဲအုပ် De Silva ကိုတာဝန်ပေးအပ်ထားတာပါ။ တစ်ဖက်မှာလဲ Don ဟာ ဂိုဏ်းကနေ ထွက်ဖို့ကြိုးစားတဲ့ လူယုံ Ramesh ကို သတ်လိုက်ပါတယ်။ အဲ့တော့ Ramash ရဲ့ ဇနီးလောင်းနဲ့ ညီမဖြစ်သူကလဲ Don ကိုလက်စားခြေဖို့ကြိုးစားကြပါတော့တယ်။ တစ်နေ့တော့ Don နဲ့ရုပ်ချင်းချွတ်စွပ်တူတဲ့ Vijay ဆိုတဲ့မွမ်ဘိုင်းက ကောင်လေးတစ်ယောက်ကိုရှာဖွေတွေ့ရှိသွားချိန်မှာ Don အစစ်နဲ့အတု ဘယ်လိုဆက်စခန်းသွားသလဲဆိုတာ ဇာတ်လမ်းရဲ့အနှစ်ပါ။ စရိုက်နှစ်ခုကို နှစ်ကိုယ်ခွဲပြီးသရုပ်ဆောင်ထားတဲ့ ရှာရွတ်ခန်းရဲ့ စကေးကတော့ အထွေအထူးထောက်ခံနေစရာလိုမယ်မထင်ပါဘူး။ ဝင်ငွေအရရော အနုပညာအရရော အောင်မြင်မှုကြီးမားခဲ့လို့ Don 2 (2011) ကိုဆက်လက်ရိုက်ကူးခဲ့ပါတယ်… Don 2 (2011) ကို ဒီမှာ ‌https://channelmyanmar.org/don-2-20111/ကြည့်ပါ။

Rab Ne Bana Di Jodi (2008) ⭐IMDB: 7.2/10 (50 k Votes) 🎬 #Bollywood #Comedy #Drama #Musical #Romance #Music 🗓️ 2008 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 44 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (7.2/10) / Rotten Tomatoes (78%) အချစ်မှာ နားလည်မှုလိုအပ်သလား? ဟုတ်ကဲ့..မဖြစ်မနေလိုအပ်ပါတယ်… လူနှစ်ဦးလက်ထပ်လိုက်ပေမယ့် နားလည်မှုတွေကို ပြန်ရှာကြရတဲ့အခါ ဒီဇာတ်ကားဖြစ်ပေါ်လာတဲ့အကြောင်းပါပဲ…။ ကျွန်တော်တို့မေ့နေကြတာတွေ ပြန်မြင်လာရသလိုပေါ့… အချစ်က အနားမှာရှိနေပေမယ့် ဖွင့်ပြောဖို့ ရွှေ့ဆိုင်းနေတတ်ကြတယ်… တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှာပေးဖို့ထက် ဖြစ်သလို ကြုံသလို နေလိုက်တတ်ကြတယ်… ဒါတွေက အချစ်ခရီးမှာ လိုအပ်ချက်တွေဖြစ်ပေါ်လာစေတာပဲ.. အချစ်ကိုတကယ်တွေ့ကြုံပြီး ကြည်နူးပျော်ဝင်လိုက်ဖို့ တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေရှိနေဖို့လိုပါတယ်။ ဒီတော့..သင့်မှာချစ်ရတဲ့လူ ရှိတာဖြစ်ဖြစ်…ရှိတော့ရှိတယ် ဖွင့်မပြောရသေးဘူး..ဘယ်လိုအနေထားမှာဖြစ်ဖြစ် ဒီရုပ်ရှင်က သင်ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသားကြီး ရှာရွတ်ခန်း နဲ့  Anushka Sharma တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးအနူးရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့တန်းဝင်မင်းသမီးဘဝကိုချက်ချင်းရောက်သွားခဲ့သလို ရှာရွတ်ခန်းကတော့ ပြောနေစရာကိုမလိုအောင် ဇာတ်နဲ့လိုက်ဖက်နေခဲ့ပါတယ်…. နိုင်ငံတကာမှာလဲ အားပေးမှုတွေရရှိခဲ့တဲ့ဇာတ်ကားမို့ သိမ်းထားလို့ရအောင် BluRay HEVC 1080p 5.1CH နဲ့ ပြန်လည်တင်ဆက်လိုပါတယ်။ (ဒီဇာတ်ကားကို Aung Maw Han မှ ဘာသာပြန် တင်ဆက်ထားတာပါ။)

Don 2 (2011) ⭐IMDB: 7.0/10 (55 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓️ 2011 🎞️ Movie 📺 720p HD 🌎 #India #Germany ⏰ 2 နာရီ 28 မိနစ် 09 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်ကျော် ဘောလီးဝုဒ် မင်းသားကြီး ရှာရွတ်ခန်းပါဝင်ရိုက်ကူးထားတဲ့ Don 1 ရဲ.အဆက်ပါ။ ဒီဇာတ်ကားမှာတော့မင်းသားကြီး ရှရွတ်ခန်း နဲ့ မင်းသမီး Priyanka Chopra တို့အဓိက ပါဝင်ထားပြီးအခြားသရုပ်ဆောင်များစွာ အားဖြည့်ထားတဲ့ Bollywood Action ဇာတ်ကားပါ။Action ချည်းသက်သက်မဟုတ်ဘဲ ဇာတ်လမ်းသဘောအရလဲ ဖမ်းစားထားနိုင်တာကြောင့်ဆွဲဆောင်မှုရှိတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating (7.1/10) ရရှိထားပါတယ်။ (Don Sequel တွေနဲ့ပတ်သက်လို့SRK Universe Myanmarက‌ ရေးထားတာလေးကို ကူးယူဖော်ပြထားပါတယ်။) ++++++++++++++ Celebrating (9) Years of DON-2 🎉🎉*****************************Don(2006) Box Office မှာ အကြီးအကျယ် အောင်မြင်ပြီးနောက် ဒါရိုက်တာဖာရန်အက်ခ်သာဟာ (၂၀၀၇)မှာပဲ “Don Sequel “ကို ဆက်လက်ရိုက်ကူးမယ်လို့ ကြေငြာခဲ့ပါတယ် ။ဒါပေမဲ့ ကံဆိုးစွာပဲ ရှာရွတ်ပခုံးဒဏ်ရာ surgery လုပ်ရတာမို့ မရိုက်ဖြစ်ပဲ အချိန်တစ်ခုကို ထပ်စောင့်နေခဲ့ရတယ် ။ အချိန်ကြန့်ကြာသွားပေမဲ့ ဒီ Cast ကိုပဲပြန်သုံးခဲ့ပြီး (Arjun Rample နဲ့ Ishaa Koppiker ကလွဲလို့) Lura Dutta ကိုတော့ ရှာရွတ်မှ recommend လုပ်တာကြောင့် ထည့်သုံးကာ ၂၀၁၀ မှာ ရိုက်ဖို့စတင်ဖြစ်ခဲ့တယ် ။၂၀၁၀ ဆိုတာ အားလုံးသိတဲ့အတိုင်း “My Name Is Khan” အတွက် ဝိတ်ချလွန်းမက ချထားရလို့ သေးသေးပိန်ပိန်လေးဖြစ်နေရတဲ့အထဲ Surgery ထပ်လုပ်ထားရပြန်တဲ့အချိန် ။ နောက်ထပ်တစ်ခုက ၂၀၁၁မှာ ရုံတင်တာက “Ra One “နဲ့ “Don -2”Ra One Robot Suit အတွက် အဆင်ပြေအောက် ဝိတ်ချထားတဲ့ ရှာရွတ်ဟာ ခွဲစိတ်ထားတဲ့ဒဏ်ရာတွေနဲ့ပဲ “Don Character “အတွက် ပြန်ပြီး ၊ ဝိတ်တင်ရပြန်ပါတယ် ။“Don “ဆိုတာ အာရှ Drug Market ကိုကျော်လွန်ပြီး “Euro Drug Market “ကို အပိုင်သိမ်းမဲ့ဇာတ်ရုပ်ဆိုတော့ Six -pack abs တွေနဲ့ ကြွက်သားသန်သန်မာမာ ၊ အက်ရှင်စတန့်တွေကို သက်တောင့်သက်သာလုပ်ပြနိုင်တဲ့ အားကစားသမားတစ်ယောက် ခန္ဓာကိုယ်မျိုးရအောင် Fitness Trainer Prashant Sawant ရဲ့ညွှန်ကြားချက်အတိုင်းလေ့ကျင့်ခဲ့ပြီး ၊ high protein diet plan အတိုင်း တစ်နေ့ ကြက်ဥဘယ်နှစ်လုံး ၊ ကြက်သားဘယ်နှစ်ကီလို စသည်ဖြင့် plan အတိုင်းလိုက်နာပြီး လေ့ကျင့်ခဲ့တယ် ။ထုံးစံအတိုင်း စတန့်တွေကိုတော့ လူစားမထိုးပဲ ရှာရွတ်ကိုယ်တိုင် ရိုက်ခဲ့တယ် ။ (ပေ ၃၀၀ မြင့်တဲ့ Park Inn Hotel အမိုးပေါ်ကနေ Alexander Platz ထိခုန်ချတာအပါအဝင်ပေါ့)ဒီဇာတ်ကားအက်ရှင်စတန့်တွေအတွက် ဟောလီးဝုဒ်မှစတန့်နဲ့တိုက်ကွက်ဒါရိုက်တာ Wolfgang Stegemann ကို နဲ့လေ့ကျင့်ရိုက်ကူးခဲ့တယ် ။ ပရီယာန်ကာချိုပရာလဲ အက်ရှင်စတန့်တွေနေရာမှာ လူစားထိုးမှာကို ငြင်းပယ်ခဲ့ပြီး ၊ martial arts အချို့ကို (၂)လကြာသင်ကြားပြီးမှ ရိုက်ကူးခဲ့တယ် ။Don -2 ရိုက်ကွင်းကို ဂျာမနီမှာတည်ဖို့ ရှာရွတ်ဟာ “Berlin International Film Festival “မှာ သူ့ဇာတ်ကား “My Name Is Khan ” ပြသကတည်းက သူ့ဖန်အားကိုသိရှိခဲ့လို့ ရွေးချယ်ခဲ့တာဖြစ်တယ် ။ ရှူတင်ရိုက်ဖို့ (၇၀)ကျော်သော Don-2 အဖွဲ့ဝင်တွေ ဟာ နှစ်ပတ်ကြိုပြီး ၊ ဂျာမနီမှာ ရိုက်ကွင်းတွေပြင်ဆင်နေကတည်းက ဂျာမနီအစိုးရဟာ သူတို့ရဲ့တရားဝင် websites တွေမှတဆင့် ရှာရွတ်ဇာတ်ကားရိုက်ကူးတော့မဲ့အကြောင်း ကြေငြာတာတွေ လုပ်ခဲ့တယ် ။တကယ်ရိုက်ကူးတဲ့အခါမှာ Bradenburg Gate ,Alexander Pkatz, French Cathedral, East Gate အပါအဝင်ဂျာမနီရဲ့အရေးကြီးတဲ့လမ်းမတွေကို (၃)ပတ်ကြာ ရိုက်ကူးရေးအတွက် အနှောင့်အယှက်မဖြစ်ရအောင် ပိတ်ပေးခဲ့တယ် (ဒါမျိုးကို ဟောလီးဝုဒ်ဇာတ်ကားတွေလာရိုက်တုန်းကတောင် မလုပ်ပေးခဲ့ဖူးဘူးလို့ဆိုကြပါတယ်)ဂျာမနီအစိုးရဟာ “Don 2″ရှာရွတ်ဂျာမနီမှာလာရိုက်ပေးလို့ထုတ်လုပ်ရေးကို ယူရို(၃)သန်း ပေးခဲ့တယ် ။ (SRK Magic)ပရီယာန်ကာ ရှာရွတ်ကို ကားနဲ့လိုက်တဲ့အခန်းမှာ ကားပေါင်း(၆၇)စီး သုံးခဲ့ကာ ၎င်းကားအားလုံးဟာ Korea မှ ဂျာမနီကိုပို့လိုက်တဲ့ Hyundai ကားများဖြစ်ကြပါတယ် ။ (ရှာရွတ်ဟာ Hyundai Brand Ambassador ဖြစ်ပါတယ်)ဒီအခန်းမှာ ရှာရွတ်ကားဟာ ကင်မရာကိုဝင်တိုက်မိသွားတာမို့ ရှာရွတ်မှAction team ကို ချက်ချင်းတောင်းပန်ခဲ့ပြီး ၊ ပြင်ဆင်ဖို့ကုန်ကျခံပေးခဲ့တယ် ။ဂျာမနီဟာ Public မှာ ဆေးလိပ်သောက်ခြင်းကိုပြင်းပြင်းထန်ထန်တားမြစ်တဲ့နိုင်ငံ ဖြစ်ပေမဲ့ ဂျာမနီမှာရှာရွတ်ရဲ့ရေပန်းစားမှုကြီးတာကြောင့် ဟိုတဲလ်မှာ ဆေးလိပ်သောက်ခန်းအချို့ကို ခွင့်ပြုပေးခဲ့တယ် ။ဒါပေမဲ့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနနဲ့ ငြိနေပြန်ပါတယ် ။ သူကတော့ဆေးလိပ်သောက်ပြခန်းတွေက ပရိုမိုးရှင်း လုပ်နေသလိုမို့ မှင်စက်တို့ပါတဲ့ ။ ဒါရိုက်တာဖာရန်အက်ခ်သာနဲ့ Sidwani ဟာ ဇာတ်ကောင်ကို မှန်တယ်လို့ ပြမှာမဟုတ်တာကြောင့် ခွင့်ပြုပေးဖို့ မနည်းတောင်းဆိုခဲ့ရတယ် ။အဲ့နောက် မလေးရှား M

Chennai Express (2013) ⭐IMDB: 6.1/10 (57 k Votes) 🎬 #Asian #Bollywood #Drama #Romance #Comedy #Action 🗓️ 2013 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 21 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါး လေးနဲ့ ရယ်ရွှင်ကြည်နူးဖွယ် ဇာတ်ကားလေးပေါ့ ။ ရင်ဘတ်ကြီးရဲ့ သန်မာမှုက လက်ရုံး ခွန်အားထက် ပိုမိုသာမွန်ကြောင်း သက်သေပြစေခဲ့တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်း ရာဟူးဟာ လူပျိုကြီးတစ်ယောက်ပေါ့။ သူငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံးမှာ အက်စီးဒင့်ဖြစ်ခဲ့ကြပြီး အဘိုးက ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်။ အဘိုးလည်း ကွယ်လွန်ပြီးနောက်မှာတော့ ရာဟူးဟာ အဘိုးရဲ့ဆန္ဒအရ အရိုးပြာတွေကို ယမုံနာမြစ်ထဲ မျောချစေချင်တဲ့ သူ့ အဘွားရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး တစ်ခြား နေရာကို ခရီးသွားဖို့ လုပ်ပါတယ်။ ရာဟူးဟာ သူ့အဘွားကို လှည့်စားဖို့ ယမုံနာ မြစ်ဆီသွားဖို့ Chennai Express ရထားလေးစီးနင်းခဲ့ရပြီး ရထားပေါ်၌ မီရာကို တွေ့ခဲ့ပါသည်။ မီရာဟာ မာဖီယားခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်ပြီး အခုလည်း လူဆိုးတစ်ဦးနှင့် အတင်းပေးစားခံရသောကြောင့် ထွက်ပြေးလာခဲ့သည်။ မီရာဟာ သူမ၏ ဘဝအကြောင်းပြောပြခဲ့ပြီး သူမ၏ ချစ်သူ အဖြစ် ဖခင်ရှေ့တွင် ဟန်ဆောင်စေခဲ့သည်။ တကယ်တမ်းတော့ ရာဟူးဟာ ကြောက်ရွံ့တတ်သူ ဖြစ်ပြီး မီရာလက်မှ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက်မှာတော့ မချစ်တတ်သေးသောရာဟူးအဖို့ ဘယ်လို ပုံစံ ဖြစ်မလဲဆိုတာကတော့ —??? ဇာတ်ညွှန်းလေးကတော့ ဒီမှာပဲ ရပ်ထားပါရစေ။ တကယ်တမ်း အနှစ်သာရတွေက ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်ကို ထိရှခံစားစေနိုင်မှာပါ။ ဒီကားလေးမှာတော့ မာဖီယားအသံကြားတာနဲ့ ကြောက်လန့်တတ်သူအဖို့ အချစ်၏ခွန်အားရှိလာသည့်အခါ မည်သို့ရင်ဆိုင်လာသနည်း။ အချစ်နဲ့သံယောဇဉ်တို့ကလည်း မည်သို့နှီးနှော ဆက်စပ်နေသနည်း စတဲ့ အတွေးအမြင်တို့ကလည်း ဇာတ်၏ အချို့အဆိမ့်ကို ပရိသတ်အကြိုက် ကြည်နူးစေမှာပါ။ အချစ်စစ်တို့ ခက်ခဲပုံကတလီ ရယ်စရာထွေလီတွေကတမျိုး မရိုးရအောင် တင်ဆက်ထားပုံတွေက အသည်းစိုင်ကို ဘယ်လို ခတ်သွားမလဲ ဆိုတာကတော့ ပရိသတ်ကြီး ရင်ခုန်လိုက်ရအောင်။ (ဇာတ်ကားအညွန်းရေးပေးသူကတော့ လင်းခယံ ပဲ ဖြစ်ပါတယ်)

Chennai Express (2013) ⭐IMDB: 6.1/10 (57 k Votes) 🎬 #Asian #Bollywood #Drama #Romance #Comedy #Action 🗓️ 2013 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 21 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါး လေးနဲ့ ရယ်ရွှင်ကြည်နူးဖွယ် ဇာတ်ကားလေးပေါ့ ။ ရင်ဘတ်ကြီးရဲ့ သန်မာမှုက လက်ရုံး ခွန်အားထက် ပိုမိုသာမွန်ကြောင်း သက်သေပြစေခဲ့တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်း ရာဟူးဟာ လူပျိုကြီးတစ်ယောက်ပေါ့။ သူငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံးမှာ အက်စီးဒင့်ဖြစ်ခဲ့ကြပြီး အဘိုးက ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်။ အဘိုးလည်း ကွယ်လွန်ပြီးနောက်မှာတော့ ရာဟူးဟာ အဘိုးရဲ့ဆန္ဒအရ အရိုးပြာတွေကို ယမုံနာမြစ်ထဲ မျောချစေချင်တဲ့ သူ့ အဘွားရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး တစ်ခြား နေရာကို ခရီးသွားဖို့ လုပ်ပါတယ်။ ရာဟူးဟာ သူ့အဘွားကို လှည့်စားဖို့ ယမုံနာ မြစ်ဆီသွားဖို့ Chennai Express ရထားလေးစီးနင်းခဲ့ရပြီး ရထားပေါ်၌ မီရာကို တွေ့ခဲ့ပါသည်။ မီရာဟာ မာဖီယားခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်ပြီး အခုလည်း လူဆိုးတစ်ဦးနှင့် အတင်းပေးစားခံရသောကြောင့် ထွက်ပြေးလာခဲ့သည်။ မီရာဟာ သူမ၏ ဘဝအကြောင်းပြောပြခဲ့ပြီး သူမ၏ ချစ်သူ အဖြစ် ဖခင်ရှေ့တွင် ဟန်ဆောင်စေခဲ့သည်။ တကယ်တမ်းတော့ ရာဟူးဟာ ကြောက်ရွံ့တတ်သူ ဖြစ်ပြီး မီရာလက်မှ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက်မှာတော့ မချစ်တတ်သေးသောရာဟူးအဖို့ ဘယ်လို ပုံစံ ဖြစ်မလဲဆိုတာကတော့ —??? ဇာတ်ညွှန်းလေးကတော့ ဒီမှာပဲ ရပ်ထားပါရစေ။ တကယ်တမ်း အနှစ်သာရတွေက ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်ကို ထိရှခံစားစေနိုင်မှာပါ။ ဒီကားလေးမှာတော့ မာဖီယားအသံကြားတာနဲ့ ကြောက်လန့်တတ်သူအဖို့ အချစ်၏ခွန်အားရှိလာသည့်အခါ မည်သို့ရင်ဆိုင်လာသနည်း။ အချစ်နဲ့သံယောဇဉ်တို့ကလည်း မည်သို့နှီးနှော ဆက်စပ်နေသနည်း စတဲ့ အတွေးအမြင်တို့ကလည်း ဇာတ်၏ အချို့အဆိမ့်ကို ပရိသတ်အကြိုက် ကြည်နူးစေမှာပါ။ အချစ်စစ်တို့ ခက်ခဲပုံကတလီ ရယ်စရာထွေလီတွေကတမျိုး မရိုးရအောင် တင်ဆက်ထားပုံတွေက အသည်းစိုင်ကို ဘယ်လို ခတ်သွားမလဲ ဆိုတာကတော့ ပရိသတ်ကြီး ရင်ခုန်လိုက်ရအောင်။ (ဇာတ်ကားအညွန်းရေးပေးသူကတော့ လင်းခယံ ပဲ ဖြစ်ပါတယ်)

Don 2 (2011) ⭐IMDB: 7.0/10 (55 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓️ 2011 🎞️ Movie 📺 1080p FHD 🌎 #India #Germany ⏰ 2 နာရီ 28 မိနစ် 09 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်ကျော် ဘောလီးဝုဒ် မင်းသားကြီး ရှာရွတ်ခန်းပါဝင်ရိုက်ကူးထားတဲ့ Don 1 ရဲ.အဆက်ပါ။ ဒီဇာတ်ကားမှာတော့မင်းသားကြီး ရှရွတ်ခန်း နဲ့ မင်းသမီး Priyanka Chopra တို့အဓိက ပါဝင်ထားပြီးအခြားသရုပ်ဆောင်များစွာ အားဖြည့်ထားတဲ့ Bollywood Action ဇာတ်ကားပါ။Action ချည်းသက်သက်မဟုတ်ဘဲ ဇာတ်လမ်းသဘောအရလဲ ဖမ်းစားထားနိုင်တာကြောင့်ဆွဲဆောင်မှုရှိတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating (7.1/10) ရရှိထားပါတယ်။ (Don Sequel တွေနဲ့ပတ်သက်လို့SRK Universe Myanmarက‌ ရေးထားတာလေးကို ကူးယူဖော်ပြထားပါတယ်။) ++++++++++++++ Celebrating (9) Years of DON-2 🎉🎉*****************************Don(2006) Box Office မှာ အကြီးအကျယ် အောင်မြင်ပြီးနောက် ဒါရိုက်တာဖာရန်အက်ခ်သာဟာ (၂၀၀၇)မှာပဲ “Don Sequel “ကို ဆက်လက်ရိုက်ကူးမယ်လို့ ကြေငြာခဲ့ပါတယ် ။ဒါပေမဲ့ ကံဆိုးစွာပဲ ရှာရွတ်ပခုံးဒဏ်ရာ surgery လုပ်ရတာမို့ မရိုက်ဖြစ်ပဲ အချိန်တစ်ခုကို ထပ်စောင့်နေခဲ့ရတယ် ။ အချိန်ကြန့်ကြာသွားပေမဲ့ ဒီ Cast ကိုပဲပြန်သုံးခဲ့ပြီး (Arjun Rample နဲ့ Ishaa Koppiker ကလွဲလို့) Lura Dutta ကိုတော့ ရှာရွတ်မှ recommend လုပ်တာကြောင့် ထည့်သုံးကာ ၂၀၁၀ မှာ ရိုက်ဖို့စတင်ဖြစ်ခဲ့တယ် ။၂၀၁၀ ဆိုတာ အားလုံးသိတဲ့အတိုင်း “My Name Is Khan” အတွက် ဝိတ်ချလွန်းမက ချထားရလို့ သေးသေးပိန်ပိန်လေးဖြစ်နေရတဲ့အထဲ Surgery ထပ်လုပ်ထားရပြန်တဲ့အချိန် ။ နောက်ထပ်တစ်ခုက ၂၀၁၁မှာ ရုံတင်တာက “Ra One “နဲ့ “Don -2”Ra One Robot Suit အတွက် အဆင်ပြေအောက် ဝိတ်ချထားတဲ့ ရှာရွတ်ဟာ ခွဲစိတ်ထားတဲ့ဒဏ်ရာတွေနဲ့ပဲ “Don Character “အတွက် ပြန်ပြီး ၊ ဝိတ်တင်ရပြန်ပါတယ် ။“Don “ဆိုတာ အာရှ Drug Market ကိုကျော်လွန်ပြီး “Euro Drug Market “ကို အပိုင်သိမ်းမဲ့ဇာတ်ရုပ်ဆိုတော့ Six -pack abs တွေနဲ့ ကြွက်သားသန်သန်မာမာ ၊ အက်ရှင်စတန့်တွေကို သက်တောင့်သက်သာလုပ်ပြနိုင်တဲ့ အားကစားသမားတစ်ယောက် ခန္ဓာကိုယ်မျိုးရအောင် Fitness Trainer Prashant Sawant ရဲ့ညွှန်ကြားချက်အတိုင်းလေ့ကျင့်ခဲ့ပြီး ၊ high protein diet plan အတိုင်း တစ်နေ့ ကြက်ဥဘယ်နှစ်လုံး ၊ ကြက်သားဘယ်နှစ်ကီလို စသည်ဖြင့် plan အတိုင်းလိုက်နာပြီး လေ့ကျင့်ခဲ့တယ် ။ထုံးစံအတိုင်း စတန့်တွေကိုတော့ လူစားမထိုးပဲ ရှာရွတ်ကိုယ်တိုင် ရိုက်ခဲ့တယ် ။ (ပေ ၃၀၀ မြင့်တဲ့ Park Inn Hotel အမိုးပေါ်ကနေ Alexander Platz ထိခုန်ချတာအပါအဝင်ပေါ့)ဒီဇာတ်ကားအက်ရှင်စတန့်တွေအတွက် ဟောလီးဝုဒ်မှစတန့်နဲ့တိုက်ကွက်ဒါရိုက်တာ Wolfgang Stegemann ကို နဲ့လေ့ကျင့်ရိုက်ကူးခဲ့တယ် ။ ပရီယာန်ကာချိုပရာလဲ အက်ရှင်စတန့်တွေနေရာမှာ လူစားထိုးမှာကို ငြင်းပယ်ခဲ့ပြီး ၊ martial arts အချို့ကို (၂)လကြာသင်ကြားပြီးမှ ရိုက်ကူးခဲ့တယ် ။Don -2 ရိုက်ကွင်းကို ဂျာမနီမှာတည်ဖို့ ရှာရွတ်ဟာ “Berlin International Film Festival “မှာ သူ့ဇာတ်ကား “My Name Is Khan ” ပြသကတည်းက သူ့ဖန်အားကိုသိရှိခဲ့လို့ ရွေးချယ်ခဲ့တာဖြစ်တယ် ။ ရှူတင်ရိုက်ဖို့ (၇၀)ကျော်သော Don-2 အဖွဲ့ဝင်တွေ ဟာ နှစ်ပတ်ကြိုပြီး ၊ ဂျာမနီမှာ ရိုက်ကွင်းတွေပြင်ဆင်နေကတည်းက ဂျာမနီအစိုးရဟာ သူတို့ရဲ့တရားဝင် websites တွေမှတဆင့် ရှာရွတ်ဇာတ်ကားရိုက်ကူးတော့မဲ့အကြောင်း ကြေငြာတာတွေ လုပ်ခဲ့တယ် ။တကယ်ရိုက်ကူးတဲ့အခါမှာ Bradenburg Gate ,Alexander Pkatz, French Cathedral, East Gate အပါအဝင်ဂျာမနီရဲ့အရေးကြီးတဲ့လမ်းမတွေကို (၃)ပတ်ကြာ ရိုက်ကူးရေးအတွက် အနှောင့်အယှက်မဖြစ်ရအောင် ပိတ်ပေးခဲ့တယ် (ဒါမျိုးကို ဟောလီးဝုဒ်ဇာတ်ကားတွေလာရိုက်တုန်းကတောင် မလုပ်ပေးခဲ့ဖူးဘူးလို့ဆိုကြပါတယ်)ဂျာမနီအစိုးရဟာ “Don 2″ရှာရွတ်ဂျာမနီမှာလာရိုက်ပေးလို့ထုတ်လုပ်ရေးကို ယူရို(၃)သန်း ပေးခဲ့တယ် ။ (SRK Magic)ပရီယာန်ကာ ရှာရွတ်ကို ကားနဲ့လိုက်တဲ့အခန်းမှာ ကားပေါင်း(၆၇)စီး သုံးခဲ့ကာ ၎င်းကားအားလုံးဟာ Korea မှ ဂျာမနီကိုပို့လိုက်တဲ့ Hyundai ကားများဖြစ်ကြပါတယ် ။ (ရှာရွတ်ဟာ Hyundai Brand Ambassador ဖြစ်ပါတယ်)ဒီအခန်းမှာ ရှာရွတ်ကားဟာ ကင်မရာကိုဝင်တိုက်မိသွားတာမို့ ရှာရွတ်မှAction team ကို ချက်ချင်းတောင်းပန်ခဲ့ပြီး ၊ ပြင်ဆင်ဖို့ကုန်ကျခံပေးခဲ့တယ် ။ဂျာမနီဟာ Public မှာ ဆေးလိပ်သောက်ခြင်းကိုပြင်းပြင်းထန်ထန်တားမြစ်တဲ့နိုင်ငံ ဖြစ်ပေမဲ့ ဂျာမနီမှာရှာရွတ်ရဲ့ရေပန်းစားမှုကြီးတာကြောင့် ဟိုတဲလ်မှာ ဆေးလိပ်သောက်ခန်းအချို့ကို ခွင့်ပြုပေးခဲ့တယ် ။ဒါပေမဲ့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနနဲ့ ငြိနေပြန်ပါတယ် ။ သူကတော့ဆေးလိပ်သောက်ပြခန်းတွေက ပရိုမိုးရှင်း လုပ်နေသလိုမို့ မှင်စက်တို့ပါတဲ့ ။ ဒါရိုက်တာဖာရန်အက်ခ်သာနဲ့ Sidwani ဟာ ဇာတ်ကောင်ကို မှန်တယ်လို့ ပြမှာမဟုတ်တာကြောင့် ခွင့်ပြုပေးဖို့ မနည်းတောင်းဆိုခဲ့ရတယ် ။အဲ့နောက် မလေးရှား

Chennai Express (2013) ⭐IMDB: 6.1/10 (57 k Votes) 🎬 #Asian #Bollywood #Drama #Romance #Comedy #Action 🗓️ 2013 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 21 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါး လေးနဲ့ ရယ်ရွှင်ကြည်နူးဖွယ် ဇာတ်ကားလေးပေါ့ ။ ရင်ဘတ်ကြီးရဲ့ သန်မာမှုက လက်ရုံး ခွန်အားထက် ပိုမိုသာမွန်ကြောင်း သက်သေပြစေခဲ့တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်း ရာဟူးဟာ လူပျိုကြီးတစ်ယောက်ပေါ့။ သူငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံးမှာ အက်စီးဒင့်ဖြစ်ခဲ့ကြပြီး အဘိုးက ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်။ အဘိုးလည်း ကွယ်လွန်ပြီးနောက်မှာတော့ ရာဟူးဟာ အဘိုးရဲ့ဆန္ဒအရ အရိုးပြာတွေကို ယမုံနာမြစ်ထဲ မျောချစေချင်တဲ့ သူ့ အဘွားရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး တစ်ခြား နေရာကို ခရီးသွားဖို့ လုပ်ပါတယ်။ ရာဟူးဟာ သူ့အဘွားကို လှည့်စားဖို့ ယမုံနာ မြစ်ဆီသွားဖို့ Chennai Express ရထားလေးစီးနင်းခဲ့ရပြီး ရထားပေါ်၌ မီရာကို တွေ့ခဲ့ပါသည်။ မီရာဟာ မာဖီယားခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်ပြီး အခုလည်း လူဆိုးတစ်ဦးနှင့် အတင်းပေးစားခံရသောကြောင့် ထွက်ပြေးလာခဲ့သည်။ မီရာဟာ သူမ၏ ဘဝအကြောင်းပြောပြခဲ့ပြီး သူမ၏ ချစ်သူ အဖြစ် ဖခင်ရှေ့တွင် ဟန်ဆောင်စေခဲ့သည်။ တကယ်တမ်းတော့ ရာဟူးဟာ ကြောက်ရွံ့တတ်သူ ဖြစ်ပြီး မီရာလက်မှ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက်မှာတော့ မချစ်တတ်သေးသောရာဟူးအဖို့ ဘယ်လို ပုံစံ ဖြစ်မလဲဆိုတာကတော့ —??? ဇာတ်ညွှန်းလေးကတော့ ဒီမှာပဲ ရပ်ထားပါရစေ။ တကယ်တမ်း အနှစ်သာရတွေက ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်ကို ထိရှခံစားစေနိုင်မှာပါ။ ဒီကားလေးမှာတော့ မာဖီယားအသံကြားတာနဲ့ ကြောက်လန့်တတ်သူအဖို့ အချစ်၏ခွန်အားရှိလာသည့်အခါ မည်သို့ရင်ဆိုင်လာသနည်း။ အချစ်နဲ့သံယောဇဉ်တို့ကလည်း မည်သို့နှီးနှော ဆက်စပ်နေသနည်း စတဲ့ အတွေးအမြင်တို့ကလည်း ဇာတ်၏ အချို့အဆိမ့်ကို ပရိသတ်အကြိုက် ကြည်နူးစေမှာပါ။ အချစ်စစ်တို့ ခက်ခဲပုံကတလီ ရယ်စရာထွေလီတွေကတမျိုး မရိုးရအောင် တင်ဆက်ထားပုံတွေက အသည်းစိုင်ကို ဘယ်လို ခတ်သွားမလဲ ဆိုတာကတော့ ပရိသတ်ကြီး ရင်ခုန်လိုက်ရအောင်။ (ဇာတ်ကားအညွန်းရေးပေးသူကတော့ လင်းခယံ ပဲ ဖြစ်ပါတယ်)

Sultan (2021) ⭐IMDB: 6.2/10 (5 k Votes) 🎬 #Action #Bollywood #Drama #Romance 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 36 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sulthan (2021) အိန္ဒိယတောင်ပိုင်းရုပ်ရှင်ချစ်သူတွေအတွက်တစ်နေ့ကထွက်လာတဲ့ မင်းသား Karthi(ကာရ်သီ) နဲ့မင်းသမီးချော Rashmika Mandanna(ရာ့ရှ်မီကာမန်ဒနား)တိုရဲ့ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဗစ်ကရမ် (ခေါ်) ဆူလ်သန်ဟာ ချန်နိုင်းမြိုကဒိတ်ဒိတ်ကြဲလူမိုက်ကြီး စည်သူပသီရဲ့သားပါ။လူမိုက်ပေမယ့် မှန်ကန်တဲ့လူမိုက်ကြီး စည်သူပသီဟာချန်နိုင်းဝန်းကျင်တစ်ဝိုက်မှာ နာမည်ကောင်းနဲ့ ကျော်ကြားပြီးဘေးပတ်ဝန်းကျင်နယ်တွေမှာ ပြဿနာပေါ်လာတိုင်းဖြေရှင်းပေးနေကျပေါ့။အုပ်ထိန်းသူမိခင် မရှိတော့တဲ့နောက်ပိုင်းလူယုံ လက်ရုံးတပည့်တွေလက်ပေါ်မှာကြီးပြင်းလာခဲ့ရတဲ့ ဆူလ်သန့်ကိုစည်သူပသီကရော ၊ တပည့်တွေအားလုံးကပါ သိပ်ချစ်ကြတယ်။ အရွယ်ရောက်သည်အထိ ပညာတွေသင်ရင်း မွန်ဘိုင်းမြိုမှာနေရတဲ့ဆူလ်သန့်အတွက် လူဆိုးလူမိုက်အလုပ်တွေကို မလုပ်ရသလိုသူကိုယ်တိုင်လည်း လူမိုက်အလုပ်ကို မနှစ်မြိုသူပါ။ ဒီလိုနဲ့ ဖခင်ကြီး ဆုံးပါးသွားပြီးတဲ့နောက်ပိုင်းမတော့ဖခင်ကြီးမသေခင်က ပေးခဲ့တဲ့ကတိအတိုင်းရွာတစ်ရွာကိုနှောက်ယှက်ပြီး အဲ့ဒီရွာကို ဒုက္ခပေးနေတဲ့လူမိုက်ကြီးတစ်ယောက်နဲ့ ဆူလ်သန်တစ်ယောက် ရင်ဆိုင်ရဖို ဖြစ်လာပါတယ်။ တောင်းပိုင်းရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း အကအလှတွေ ဝေဝေဆာဆာ ၊အက်ရှင်ခန်းတွေ ဖောဖောသီသီနဲ့ ၂နာရီကျော်ကြာတဲ့ ပြသချိန်အတွင်းပျင်းရိမသွားရလေအောင် ဟာသလေးတွေ အူမြူးစရာလေးတွေပါ ထည့်ထားတော့အိန္ဒိယရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ပျော်မှာပါ။

Judas and the Black Messiah (2021) ⭐IMDB: 7.4/10 (83 k Votes) 🎬 #Bollywood #Drama #History #Biography 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 05 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Judas and the Black Messiah(2021)အညွှန်း ************************************* IMDb…7.8 “ကျုပ်တို့က မီးကိုမီးနဲ့မတိုက်ဘူး…မီးကိုရေနဲ့ငြိမ်းမှာ…ကျူပ်တို့က လူမျိုးရေးခွဲခြားခြင်းကို လူမျိုးရေးခွဲခြားခြင်းနဲ့တိုက်နေတာမဟုတ်ဘူး….ကျုပ်တို့က စည်းလုံးခြင်းနဲ့တိုက်နေတာ…အရင်းရှင်ဝါဒကိုဆိုရှယ်လစ်ဝါဒနဲ့တိုက်မှာ” ဒါကတော့ လူမည်းတွေရဲအဆင့်အတန်းအားလုံးကိုမြင့်စေဖို့ ကြိုးစားနေတဲ့ ကျားသစ်နက်ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဖရဒ်ဟမ်တွန်ရဲ့ မူဝါဒဖြစ်တယ်…သူ့ရဲ့တက်ကြွမှုတွေနဲ့ လူထုရဲ့ပါဝင်မှုတွေဟာ အစိုးရပိုင်းအတွက်တော့ မျက်စိစပါးမွှေးစူးစရာပဲ… ခေါင်းဆောင်ြဖစ်တဲ့ ဖရဒ်ဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလို သူ့လှုပ်ရှားမှုတွေဟာလည်း အကြမ်းမဖက်တဲ့ဝါဒဖြစ်လေတော့ ဒီအဖွဲ့အစည်းကြီးကို နှိမ်နှင်းဖို့ ခက်ခဲနေပါတယ်..တဖြည်းဖြည်းအင်အင်းကြီးလာသလို သူတို့စွဲကိုင်တဲ့တော်လှန်ရေးဝါဒကလည်း အင်အားဖြစ်စရာမို့ FBI က စနစ်တကျဖြိုခွင်းဖို့ ကြိုးစားပါတယ်…ဒါ့ကြောင့် FBI ဟာ ကျားသစ်နက်ပါတီကိုဖြိုခွင်းဖို့ FBI အေးဂျင့် ရွိုင်မစ်ချယ် လူမည်းတစ်ယောက်ကို သူလျှိုအဖြစ်ထည့်သွင်းလှုပ်ရှားစေခဲ့တယ်…ဒီလူမဲကတော့ သူ့ကိုယ်ကျိုးအတွက်ဘာမဆိုလုပ်မဲ့သူဖြစ်တယ်.. အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့… ဒီကားကBiographyဖြစ်တဲ့အပြင် လူမဲအရေးလှုပ်ရှားမှုဇာတ်ကားဆိုပေမဲ့ အစမှ အဆုံးထိ စိတ်လှုပ်ရှားစရာကောင်းပါတယ်… ဆုကြီးပေါင်း (၈)ဆုရထားသလို IMDB ရော Rotten ရော အလန်းဆုံးအဆင့်မှာရှိလို့ လက်မလွှတ်စေလိုကြောင်း ပြောကြားပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်…