ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Main Hoon Na (2004)
⭐IMDB: 7.0/10 (37 k Votes)
🎬 #Action #Bollywood #Comedy #Drama #Musical #Romance #Thriller
🗓️ 2004 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 51 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb (7.0) / Rotten Tomatoes (81%)
ဘောလိဝုဒ်ရဲ့ဘုရင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကမ္ဘာကျော်မင်းသား ရှာရွတ်ခန်းရဲ့အချစ်အလွမ်းအကြမ်းရသစုံတဲ့ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ရှာရွှတ်ခန်းရဲ့ လူသိများတဲ့ရုပ်ရှင်တွေဖြစ်တဲ့ Om Shanti Om တို့ Happy New Year တို့ကို ရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာ Farah Khan ရဲ့ ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဖြစ်ပြီး မင်းသားကြီး Sunil Shetty ၊လူငယ်မင်းသားချော Zayed Khanမင်းသမီး Sushmita Sen နဲ့ Amrita Rao တို့ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်။Imdb rating 7.0 ရရှိထားတဲ့ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့အိန္ဒိယတပ်မတော်မှ ဗိုလ်ချုပ်ဘတ်က်ရှီးဟာ ပါကစ္စတန်နိုင်ငံနဲ့ ငြိမ်းချမ်းရေးယူဖို့ ပထမခြေလှမ်းအဖြစ်မီလတ်စီမံကိန်းကို လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ မီလတ်စီမံကိန်းကတော့ အိန္ဒိယနယ်စပ်မှာ ဖမ်းမိထားတဲ့မသိနားမလည်တဲ့အပြစ်မဲ့ ပါကစ္စတန်နိုင်ငံသားတွေကို ပြန်လွှတ်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ ထိုစီမံကိန်းကိုသတင်းဌာနတစ်ခုမှ ဗိုလ်ချုပ်ဘတ်က်ရှီးကို အင်တာဗျူးဖို့ ဖိတ်ကြားထားလို့ ဗိုလ်ချုပ်ဘတ်က်ရှီးဟာ အင်တာဗျူးလာရောက်ဖြေခဲ့ပါတယ်။အင်တာဗျူးဖြေနေစဉ်မှာ ပါကစ္စတန်နဲ့ငြိမ်းချမ်းရေးရသွားမှာကို မလိုလားတဲ့ အကြမ်းဖက်သမား ရာ့ဂ်ဗန်တို့အဖွဲ့ဟာ သတင်းဌာနကိုဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ဘတ်က်ရှီးကို ကာကွယ်ရင်းနဲ့ မေဂျာရမ်(ရှာရွတ်ခန်း)ရဲ့အဖေဗိုလ်မှူးကြီးရှိတ်ကာဟာ ကျဆုံးသွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးရှိတ်ကာဟာ သူ့မှာ မေဂျာရမ်အပြင် လက်ရှ်မန်းဆိုတဲ့ သားတစ်ယောက်နဲ့မာဒူဆိုတဲ့ ဇနီးတစ်ယောက်ရှိကြောင်း သားဖြစ်သူ မေဂျာရမ်ကို သူကွယ်လွန်ခါနီးအချိန်တွင်ပြောခဲ့ပြီး သူ့အရိုးပြာကို သားနှစ်ယောက်အတူမျှောပေးဖို့မေဂျာရမ်အား ကတိတောင်းခဲ့ပါတယ်။ မေဂျာရမ်ဟာ သူ့အဖေရဲ့နောက်ဆုံးဆန္ဒကို အကောင်အထည်ဖော်ဖို့လုပ်နေချိန် ဗိုလ်ချုပ်ဘတ်က်ရှီးမှ သူ့အားတာဝန်တစ်ခုပေးခဲ့ပါတယ်။ ထိုတာဝန်ကတော့ ဒါဂျီလင်မြို့မှာနေထိုင်တဲ့ ဗိုလ်ချုပ်ဘတ်က်ရှီးရဲ့ သမီး ဆန်ဂျနာကို ကာကွယ်ဖို့တာဝန်ပါ။ တိုက်ဆိုင်စွာနဲ့ပဲဆန်ဂျနာနဲ့ မေဂျာရမ်ရဲ့အဖေတူအမေကွဲညီ လက်ရှ်မန်းတို့သားအမိဟာ ဒါဂျီလင်မြို့မှာ ရှိနေပါတယ်။ဆန်ဂျာနာက စစ်သားတွေကို မုန်းတဲ့သူဖြစ်တာမို့ မေဂျာရမ်ဟာ ကျောင်းသားတစ်ယောက်အဖြစ် အသွင်ယူပြီး ကာကွယ်ပေးဖို့လုပ်ရင်း တစ်ဖက်မှာသူ့အဖေရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ သူ့ညီနဲ့ သူ့မိထွေးကို ရှာပုံတော်ဖွင့်ပါတော့တယ်။ ထို့နောက် ဘာဆက်ဖြစ်မလဲဆိုတာကိုတော့၃ နာရီကျော်ကြာမြင့်တဲ့ ဒီရုပ်ရှင်မှာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။
Judas and the Black Messiah (2021)
⭐IMDB: 7.4/10 (83 k Votes)
🎬 #Bollywood #Drama #History #Biography
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 2 နာရီ 05 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Judas and the Black Messiah(2021)အညွှန်း
*************************************
IMDb…7.8
“ကျုပ်တို့က မီးကိုမီးနဲ့မတိုက်ဘူး…မီးကိုရေနဲ့ငြိမ်းမှာ…ကျူပ်တို့က လူမျိုးရေးခွဲခြားခြင်းကို
လူမျိုးရေးခွဲခြားခြင်းနဲ့တိုက်နေတာမဟုတ်ဘူး….ကျုပ်တို့က စည်းလုံးခြင်းနဲ့တိုက်နေတာ…အရင်းရှင်ဝါဒကိုဆိုရှယ်လစ်ဝါဒနဲ့တိုက်မှာ”
ဒါကတော့ လူမည်းတွေရဲအဆင့်အတန်းအားလုံးကိုမြင့်စေဖို့ ကြိုးစားနေတဲ့ ကျားသစ်နက်ပါတီရဲ့
ခေါင်းဆောင်ဖြစ်သူ ဖရဒ်ဟမ်တွန်ရဲ့ မူဝါဒဖြစ်တယ်…သူ့ရဲ့တက်ကြွမှုတွေနဲ့ လူထုရဲ့ပါဝင်မှုတွေဟာ အစိုးရပိုင်းအတွက်တော့
မျက်စိစပါးမွှေးစူးစရာပဲ…
ခေါင်းဆောင်ြဖစ်တဲ့ ဖရဒ်ဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလို သူ့လှုပ်ရှားမှုတွေဟာလည်း အကြမ်းမဖက်တဲ့ဝါဒဖြစ်လေတော့
ဒီအဖွဲ့အစည်းကြီးကို နှိမ်နှင်းဖို့ ခက်ခဲနေပါတယ်..တဖြည်းဖြည်းအင်အင်းကြီးလာသလို
သူတို့စွဲကိုင်တဲ့တော်လှန်ရေးဝါဒကလည်း အင်အားဖြစ်စရာမို့ FBI က စနစ်တကျဖြိုခွင်းဖို့
ကြိုးစားပါတယ်…ဒါ့ကြောင့် FBI ဟာ ကျားသစ်နက်ပါတီကိုဖြိုခွင်းဖို့ FBI အေးဂျင့် ရွိုင်မစ်ချယ် လူမည်းတစ်ယောက်ကို
သူလျှိုအဖြစ်ထည့်သွင်းလှုပ်ရှားစေခဲ့တယ်…ဒီလူမဲကတော့ သူ့ကိုယ်ကျိုးအတွက်ဘာမဆိုလုပ်မဲ့သူဖြစ်တယ်..
အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…
ဒီကားကBiographyဖြစ်တဲ့အပြင် လူမဲအရေးလှုပ်ရှားမှုဇာတ်ကားဆိုပေမဲ့ အစမှ အဆုံးထိ စိတ်လှုပ်ရှားစရာကောင်းပါတယ်…
ဆုကြီးပေါင်း (၈)ဆုရထားသလို IMDB ရော Rotten ရော အလန်းဆုံးအဆင့်မှာရှိလို့ လက်မလွှတ်စေလိုကြောင်း
ပြောကြားပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်…
Sultan (2021)
⭐IMDB: 6.2/10 (5 k Votes)
🎬 #Action #Bollywood #Drama #Romance
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 36 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sulthan (2021)
အိန္ဒိယတောင်ပိုင်းရုပ်ရှင်ချစ်သူတွေအတွက်တစ်နေ့ကထွက်လာတဲ့ မင်းသား Karthi(ကာရ်သီ) နဲ့မင်းသမီးချော Rashmika Mandanna(ရာ့ရှ်မီကာမန်ဒနား)တိုရဲ့ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဗစ်ကရမ် (ခေါ်) ဆူလ်သန်ဟာ ချန်နိုင်းမြိုကဒိတ်ဒိတ်ကြဲလူမိုက်ကြီး စည်သူပသီရဲ့သားပါ။လူမိုက်ပေမယ့် မှန်ကန်တဲ့လူမိုက်ကြီး စည်သူပသီဟာချန်နိုင်းဝန်းကျင်တစ်ဝိုက်မှာ နာမည်ကောင်းနဲ့ ကျော်ကြားပြီးဘေးပတ်ဝန်းကျင်နယ်တွေမှာ ပြဿနာပေါ်လာတိုင်းဖြေရှင်းပေးနေကျပေါ့။အုပ်ထိန်းသူမိခင် မရှိတော့တဲ့နောက်ပိုင်းလူယုံ လက်ရုံးတပည့်တွေလက်ပေါ်မှာကြီးပြင်းလာခဲ့ရတဲ့ ဆူလ်သန့်ကိုစည်သူပသီကရော ၊ တပည့်တွေအားလုံးကပါ သိပ်ချစ်ကြတယ်။
အရွယ်ရောက်သည်အထိ ပညာတွေသင်ရင်း မွန်ဘိုင်းမြိုမှာနေရတဲ့ဆူလ်သန့်အတွက် လူဆိုးလူမိုက်အလုပ်တွေကို မလုပ်ရသလိုသူကိုယ်တိုင်လည်း လူမိုက်အလုပ်ကို မနှစ်မြိုသူပါ။
ဒီလိုနဲ့ ဖခင်ကြီး ဆုံးပါးသွားပြီးတဲ့နောက်ပိုင်းမတော့ဖခင်ကြီးမသေခင်က ပေးခဲ့တဲ့ကတိအတိုင်းရွာတစ်ရွာကိုနှောက်ယှက်ပြီး အဲ့ဒီရွာကို ဒုက္ခပေးနေတဲ့လူမိုက်ကြီးတစ်ယောက်နဲ့ ဆူလ်သန်တစ်ယောက် ရင်ဆိုင်ရဖို ဖြစ်လာပါတယ်။
တောင်းပိုင်းရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း အကအလှတွေ ဝေဝေဆာဆာ ၊အက်ရှင်ခန်းတွေ ဖောဖောသီသီနဲ့ ၂နာရီကျော်ကြာတဲ့ ပြသချိန်အတွင်းပျင်းရိမသွားရလေအောင် ဟာသလေးတွေ အူမြူးစရာလေးတွေပါ ထည့်ထားတော့အိန္ဒိယရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ပျော်မှာပါ။
PK (2014)
⭐IMDB: 8.1/10 (191 k Votes)
🎬 #Bollywood #Comedy #Drama #ScienceFiction #SciFi
🗓️ 2014 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 32 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb (8.2/10)
Rotten Tomatoes (93%)
ဒီဇာတ်ကားကတော့ ၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံး ဘောလိဝုဒ်ဇာတ်ကားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။
ကမ္ဘာနှင့်အဝှမ်း ဝင်ငွေများစွာရရှိခဲ့ပြီး စံချိန်တွေလဲချိုးခဲ့တဲ့ နာမည်ကြီးဇာတ်ကားပါ။
ဘာသာတရား အယူဝါဒတွေနဲ့ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ပွက်လောရိုက်အောင်ကိုငြင်းခုန်ခဲ့ကြပါတယ်။
မင်းသား Aamir Khan ရဲ့မှတ်တိုင်ဖြစ်ခဲ့ပြီး မင်းသမီးကတော့ Anushka Sharma ဖြစ်ပါတယ်။
(ဘာသာပြန်ထားသူကတော့ မိုးစက်ဖြစ်ပါတယ်။)
Vakeel Saab (2021)
⭐IMDB: 7.0/10 (12 k Votes)
🎬 #Action #Bollywood #Crime #Drama #Thriller
🗓️ 2021 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 33 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 7.3/10
အသစ်ထွက်ရှိထားတဲ့ မှူခင်းဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးပါရစေ
ဇဲရီးနား ပါလဗီးနဲ့ ဒေ့ဗီယာဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာရိုးသား ကြိုးစားတတ်တဲ့လူငယ်မိန်းကလေးတွေဖြစ်ပါတယ်
တစ်နေ့မှာတော့သူတိုသုံးယောက်ဟာမထင်မှတ်ထားဘဲအမှူတစ်ခုကို ကျူးလွန်မိကြပါတယ်
ဗမ်ရှီဆိုတဲ့ကောင်လေးကိုရိုက်မိတဲ့အမှူပေါ့သူဟာအရာရှိတစ်ယောက်ရဲ့သားဖြစ်နေတဲ့အခါသူတိုသုံးယောက်ဘယ်လိုမတရားမှူတွေကြုံတွေ့ရမလဲ
ကူရာမဲ့ဖြစ်နေတဲ့အချိန် သူတိုအတွက်ဆက်သ်ရားဆိုတဲ့လူတစ်ယောက်ပေါ်လာခဲ့ပါတယ်
သူကရောဘယ်သူလဲ မိန်းကလေးတွေကျူးလွန်မိလိုက်တဲ့အမှူကရောဘာကြောင့်လဲမတရားမှူခံရတဲ့သူကဗမ်ရှီလား စတာတွေကို
စိတ်ဝင်စားသဖွယ်ကြည့်ရမဲ့မှူခင်းဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကို May Zin Oo မှ တင်ဆက်ထားတာပါ။)
Mandela (2021)
⭐IMDB: 8.4/10 (7 k Votes)
🎬 #Bollywood #Comedy #Drama
🗓️ 2021 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 20 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (8.6)
တောင်ဘက်နဲ့မြောက်ဘက် မတည့်တဲ့အပြင်အမျိုးဇာတ်ခွဲခြားမှုတွေနဲ့ ပြည့်နေတဲ့ ရွာလေးတစ်ရွာမှာ….
ဇာတ်နိမ့်လို အိမ်ရှေ့က မ၀င်ရ….ခိုင်းတာလုပ် ကျွေးတာစား တစ်ရွာလုံးက အဖတ်မလုပ်တဲ့ ဘ၀နဲ့ရှင်သန်နေရတဲ့စမိုင်းဆိုတဲ့ ဇာတ်နိမ့် ဆံပင်ညှပ်ဆရာတစ်ယောက်…
ဒီလိုနဲ့…တောင်ပိုင်းနဲ့ မြောက်ပိုင်း ဥက္ကဌ ရာထူးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲမှာ သူရဲ့မဲတစ်မဲဟာ အနိုင်အရှုး ဆုံးဖြတ်ပေးမယ့် မဲဖြစ်လာတဲ့ အခါမှာတော့
ဒီမဲတစ်မဲကြောင့် သူရဲ့ဘ၀ ဘယ်လို ပြောင်းလဲသွားမလဲ….မဲတစ်မဲရဲ့တန်ဖိုးကြီးမားပုံနဲ့အတူ….ရွာနှစ်ခြမ်းရဲ့ပြိုင်ဆိုင်တင်းမာမှုတွေက ဘယ်လိုအခြေအနေဖြစ်သွားမလဲ…
ဇာတ်နိမ့်တွေရဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ရသမြောက်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်..

Kala (2021)
⭐IMDB: 6.7/10 (4 k Votes)
🎬 #Action #Bollywood #Thriller
🗓️ 2021 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 07 မိနစ် 07 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb (7.4/10)
ကျွန်တော်တို့ လူသားတွေက အစွဲအလမ်းသိပ်ကြီးတတ်ကြတယ်ဗျ…တချို့က အမှတ်တရများစွာရှိနေတဲ့ အရာဝတ္ထုပစ္စည်းတွေအပေါ်မှာစွဲလမ်းတတ်ကြသလို..တချို့ကျ ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူတွေအပေါ်..တချို့ကျပြန်တော့လည်း ကိုယ်အမြတ်တနိုးမွေးမြူထားတဲ့တိရိစ္ဆာန်လေးတွေအပေါ်…အစွဲအလမ်းတွေကြီးတတ်ကြတယ်။
ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေက တချို့လူတွေအတွက်ကျတော့ အလကားဖြစ်နေတတ်တယ်…
“အချစ်ဆိုတာ သက်ဆိုင်သူနှစ်ဦးကလွဲလို့ တခြားလူတွေအတွက် ဟာသဖြစ်နေတတ်တယ်” ဆိုသလိုပေါ့..
အဲ့လို ကိုယ်မြတ်နိုးတဲ့အရာလေးတစ်ခုကို တခြားသူက ဘာမှမတွေးဘဲ လုယူလိုက်တဲ့အခါ
အငြိုးတွေက အလျှံငြီးငြီးတောက်လောင်လာစေတယ်…
ဒီဇာတ်လမ်းလေးမှာတော့ သူ သိပ်ချစ်ပြီး အမြတ်တနိုးမွေးမြူထားတဲ့ခွေးလေးတစ်ကောင်ကို သတ်ပစ်လိုက်တဲ့အခါ အငြှိးကြီးတဲ့သခင်တစ်ယောက်ရဲ့ တန်ပြန်လက်စားချေမှုတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်..
သွေးသံရဲရဲဖိုက်တင်ခန်းတွေနဲ့ တမီးလ်ဂျွန်ဝစ်ဆိုရင်လဲ မမှားတဲ့ဇာတ်ကားပါ။
(အညွှန်းနဲ့ဘာသာပြန်ကို Thuya မှ တင်ဆက်ထားတာပါ။)

Karnan (2021)
⭐IMDB: 8.0/10 (23 k Votes)
🎬 #Action #Bollywood #Drama
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 37 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (8.6)
၁၉၉၇ ခုနှစ်မတိုင်ခင်က ပိုဒီရန်ကုလမ် ဆိုတဲ့ ရွာလေးမှာ ကာနန်ဆိုတဲ့ ဂျစ်ကန်ကန်လူငယ်လေးတစ်ယောက်ရှိတယ်…
သူက မတရားမှုဆို ငြိမ်ခံမနေဘဲ ဒေါသကိုရှေ့တန်းတင်တက်တာကြောင့် ပြဿနာကောင်ဆိုပြီး နာမည်ကြီးနေရော..
ပိုဒီရန်ကုလမ်ရွာလေးက ဝေးလံတဲ့အရပ်မှာရှိပြီး ဘတ်စ်ကားမှတ်တိုင်တောင်မရှိလို့
ရွာသားတွေက အနီးနားက မေလာရွာလေးမှာ ကားသွားစီးကြရတယ်…
ဒါတွေကြောင့်လဲ ပိုဒီရန်ကုလမ်ရွာသားတွေက နေရာတကာမှာ အဖိနှိပ်ခံ အောက်ကျို့ခံပြီးနေနေကြရတယ်..
တစ်နေ့ ရွာလမ်းဆုံမှာ ဘတ်စ်ကားမရပ်ပေးလို့ ခဲနဲ့ထုရာကနေ ပြသနာစပြီး
ကာနန်က ကားတစ်စီးလုံး ရိုက်ခွဲလိုက်တာကြောင့် ရွာသားတွေအားလုံး ရဲနဲ့အမှုရင်ဆိုင်ရပါတော့တယ်…
ရဲတွေကထုံးစံအတိုင်း အမှုနဲ့မဆိုင်တဲ့ ရွာသားတွေကိုပါ တမင်အနိုင်ကျင့်ရိုက်နှက်တာကြောင့်
ဖိနှိပ်ခံလူတန်းစားတော်လှန်ရေးပေါ်ပေါက်လာပါတယ်…
မျိုးချစ်ကောင်လေး ကာနန် ဦးဆောင်ပြီးရွာသားတွေနဲ့အတူ အဖိနှိပ်ခံဘဝကနေလွတ်အောင်ဘယ်လိုကြိုးစားကြမလဲ ဆိုတာကို
စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sein Lae မှ တင်ဆက်ထားတာပါ။)
Assault! Jack the Ripper (1976)
⭐IMDB: 6.2/10 (536 Votes)
🎬 #Crime #Drama #Horror
🗓️ 1976 🎞️ Movie 📺 720p HD
🌎 #Japan
⏰ 1 နာရီ 13 မိနစ် 06 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Assault! Jack the Ripper (1976)
1976 မှာ Yasuharu Hasebe ရိုက်ခဲ့တဲ့ Roman Porno လိုင်းလက်ခွဲ “Violent Pink” အမျိုးအစားသုံးကားထဲက တစ်ကားဖြစ်ပါတယ်။ Genre နာမည်အတိုင်း ကြမ်းတမ်းတဲ့အသတ်အဖြတ်နဲ့ လိင်ကိစ္စအသားပေးဇာတ်ကားပါပဲ။
စားသောက်ဆိုင်ဝန်ထမ်းစုံတွဲတစ်တွဲ မတော်တဆလူသတ်အလောင်းဖျောက်မိရာကနေ လူသတ်ခြင်းဟာ သူတို့အတွက် လိင်ရမ္မက်ကို ပိုမိုထက်သန်စေကြောင်းသိရှိသွားပြီး မိန်းမလှလေးတွေကို ရည်ရွယ်ချက်ရှိရှိလိုက်လံသတ်ဖြတ်တဲ့ ကွင်းဆက်လူသတ်သမားတွေဖြစ်လာခဲ့ရပုံကိုရှုစားရမှာဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီး Tamaki Katsura ဟာ ဒီဇာတ်ကားနဲ့ Mainstream ကားတွေကိုဆုပေးတဲ့ Japan Academy Prize မှာ အကောင်းဆုံးမင်းသမီးအဖြစ် ဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)
Spirited Away: Live on Stage (2022)
⭐TMDB: 0.0% User Score
🎬 #Adventure #Drama #Family #Fantasy
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Japan
⏰ 2 နာရီ 38 မိနစ် 08 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Spirited Away: Live on Stage-org(2022))
*************************************
ဒီကားက live on stage ဆိုလို့ပျင်းစရာကောင်းတယ်လို့ထင်ရင်
မှားသွားပါလိမ့်မယ်…
Spirited Away ဆိုတဲ့Animeလေးကို လူတိုင်းမစိမ်းကြဘူးထင်ပါတယ်။
အခုကားလေးကတော့ အဲဒီ Anime ကို ပြဇာတ်ရိုက်ထားတဲ့သဘောပါ..
နယ်ဘက်ပြောင်းနေဖို့ထွက်ခဲ့ကြတဲ့ ချီဟီရိုတို့မိသားစုလေး လမ်းခရီးမှာ ညကြီးမိုးချုပ်လမ်းမှားသွားပြီး
လှိုဏ်ခေါင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ အဲဒီလှိုဏ်ခေါင်းကတစ်ဆင့်
တခြားဘက်ထွက်လိုက်တဲ့အခါမှာတော့ အပန်းဖြေဥယျာဉ်လို နေရာကြီးတစ်ခုတွေ့လိုက်ရပါတယ်။
စားပွဲပေါ်မှာတည်ခင်းထားတဲ့စားကောင်းသောက်ဖွယ်တွေကို ချီဟီရို့အဖေနဲ့အမေက
ခွင့်ပြုချက်မတောင်းဘဲအငမ်းမရစားမိလိုက်တဲ့အခါ ဝက်အဖြစ်ပြောင်းလဲသွားပါတော့တယ်။
တကယ်တော့ သူတို့ရောက်သွားတဲ့နေရာက ဝိဉာဉ်တွေ၊ နတ်ဘုရားတွေ အပန်းဖြေကြတဲ့ တစ်ဖက်ကမ္ဘာကတည်းခိုခန်းသဘောမျိုးပါ။
မိဘတွေဝက်အဖြစ်ပြောင်းသွားပြီး ဝိဉာဉ်ကမ္ဘာထဲယောင်လည်လည်ဖြစ်နေတဲ့ချီဟီရို့ဆီ ဟခုလို့ခေါ်တဲ့
ကောင်လေးတစ်ယောက်ရောက်လာပြီး အကူအညီပေးပါတော့တယ်..ဟခုဆိုတာကရော သူနဲ့ဘယ်လိုပတ်သတ်လို့ကူညီပေးတာလဲ၊ ချီဟီရိုကရော သူ့မိဘတွေကိုကယ်တင်နိုင်ပါ့မလား..
လူသားတွေကမ္ဘာဆီကိုရော ပြန်သွားနိုင်ပါ့မလား..
Chhapaak (2020)
⭐IMDB: 5.3/10 (27 k Votes)
🎬 #Biography #Bollywood #Drama
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 01 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
“ဤဇာတ်ကားနှင့်ပက်သက်၍ ခံစားမိသမျှ. . .”
လူတိုင်းရဲ့စိတ်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်(စိတ်ရိုင်းကိုယ်စီ) ရှိကြတယ်။
ဘာကြောင့်များ လူတစ်ယောက်ဟာ ဒီလိုလုပ်ရပ်မျိုး လုပ်မိတဲ့အထိ ကိုယ့်စိတ်ရိုင်းကို ကိုယ်တိုင်အရှုံးပေးပြီး ဆင်ခြင်တုံတရားဆိုတဲ့ ချည်တိုင်ကနေ လွှတ်ပေးလိုက်ရတာလဲ?
မနေ့က ဒီဇာတ်ကားကို ကြည့်မိတော့ ဇာတ်ကားရဲ့အစအလယ်အဆုံးမှာ ကျွန်တော်တွေးနေမိတာက “လူ့စိတ်ထဲက အမှောင်ဘက်ခြမ်း(Darkside)”အကြောင်းပါပဲ။
တစ်ချို့လူတွေရဲ့လုပ်ရပ်တွေကို ကိုယ်တိုင်က နားမလည်နိုင်ပေမယ့် ကိုယ့်စိတ်ထဲမှာလည်း သူများနဲ့မတူတဲ့ စိတ်ရိုင်းတစ်မျိုးတော့ ရှိနေမှာ သေချာတယ်။ (ကိုယ်တိုင်လည်း သိတဲ့သူ သိကြမှာပါ)
ဒီဇာတ်ကားအကြောင်း ပြောပါဆိုရင်တော့ လည်ပတ်အောင် ပြောပြနိုင်ဖို့က ခဲယဥ်းမယ်ထင်တယ်။
ဇာတ်လမ်းက အက်ဆစ်နဲ့အပက်ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် သူ့ဘဝကို ဘယ်လိုပြန်လည်တည်ဆောက်ယူသလဲ
သူ့လိုမျိုး နောက်ထပ်အတိုက်ခိုက်ခံရနိုင်တဲ့ မိန်းကလေးတွေအတွက် တရားရုံးအဆင့်ဆင့်ကို တက်ပြီး “အက်ဆစ်ရောင်းချမှုကို တားမြစ်ပိတ်ပင်”ဖို့ အယူခံဝင် ၊ အဆိုပြုလွှာတင်ကာ. . .
နောက်ဆုံး ဥပဒေပြစ်ဒါဏ်တစ်ခုအနေနဲ့ ပေါ်ထွန်းလာစေဖို့အထိ ကြိုးစားပုံကို ရိုးရိုးလေး ရိုက်ပြထားတာပါပဲ။
ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်လို့ ပရိတ်သတ်ကို မက်ဆေ့ပေးချင်တဲ့ အချက်တွေကို ဇာတ်ကားအစမှာရော အဆုံးမှာပါ ထည့်ပေးထားပါတယ်။
ရင်ဖိုစရာ ၊ စိတ်လှုပ်ရှားစရာတွေထက်ကို ဆင်ခြင်စရာတွေ ၊ ပြင်ဆင်စရာတွေကို မြင်မိစေပါလိမ့်မယ်။
ဒီဇာတ်ကားကို ရိုက်ဖို့အတွက် မင်းသားရယ်လို့ မယ်မယ်ရရ သုံးမထားပဲ မင်းသမီး Deepika Padukone တစ်ယောက်သာ သုံးထားတာမို့ ၊ ဘတ်ဂျက်လည်း အင်မတန်နည်းပါတယ်။
ဇာတ်ကားရဲ့ တင်ပြချင်တဲ့ ရည်ရွယ်ချက်က ကောင်းမွန်တဲ့အတွက် အိန္ဒိယပြည်နယ်လေးခုမှာ
အခွန်ကင်းလွတ်ခွင့်နဲ့ ပြသခွင့်ရခဲ့သလို ဝေဖန်ရေးဆရာတွေကြားမှာလည်း အပြုသဘော ဝေဖန်ချက်တွေ ရခဲ့ပါတယ်။
အညွှန်းအနေနဲ့ ရေးပေးထားတာမျိုး မဟုတ်ပဲ ဘာသာပြန်တစ်ယောက်အနေနဲ့ ရုပ်ရှင်ချစ်သူတစ်ယောက်အနေနဲ့ ရေးသားပေးလိုက်တာမို့
ဖော်ပြချင်တဲ့ အချက်တွေ ၊ ဘာသာပြန်ရာမှာ ဥပဒေဆိုင်ရာအသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး အားနည်းခဲ့ရင် ကြိုတင်တောင်းပန်ထားပါရစေ….။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
(Zawgyi)

🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Japan
⏰ 2 နာရီ 38 မိနစ် 08 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Spirited Away: Live on Stage-org(2022))
*************************************
ဒီကားက live on stage ဆိုလို့ပျင်းစရာကောင်းတယ်လို့ထင်ရင်
မှားသွားပါလိမ့်မယ်…
Spirited Away ဆိုတဲ့Animeလေးကို လူတိုင်းမစိမ်းကြဘူးထင်ပါတယ်။
အခုကားလေးကတော့ အဲဒီ Anime ကို ပြဇာတ်ရိုက်ထားတဲ့သဘောပါ..
နယ်ဘက်ပြောင်းနေဖို့ထွက်ခဲ့ကြတဲ့ ချီဟီရိုတို့မိသားစုလေး လမ်းခရီးမှာ ညကြီးမိုးချုပ်လမ်းမှားသွားပြီး
လှိုဏ်ခေါင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ အဲဒီလှိုဏ်ခေါင်းကတစ်ဆင့်
တခြားဘက်ထွက်လိုက်တဲ့အခါမှာတော့ အပန်းဖြေဥယျာဉ်လို နေရာကြီးတစ်ခုတွေ့လိုက်ရပါတယ်။
စားပွဲပေါ်မှာတည်ခင်းထားတဲ့စားကောင်းသောက်ဖွယ်တွေကို ချီဟီရို့အဖေနဲ့အမေက
ခွင့်ပြုချက်မတောင်းဘဲအငမ်းမရစားမိလိုက်တဲ့အခါ ဝက်အဖြစ်ပြောင်းလဲသွားပါတော့တယ်။
တကယ်တော့ သူတို့ရောက်သွားတဲ့နေရာက ဝိဉာဉ်တွေ၊ နတ်ဘုရားတွေ အပန်းဖြေကြတဲ့ တစ်ဖက်ကမ္ဘာကတည်းခိုခန်းသဘောမျိုးပါ။
မိဘတွေဝက်အဖြစ်ပြောင်းသွားပြီး ဝိဉာဉ်ကမ္ဘာထဲယောင်လည်လည်ဖြစ်နေတဲ့ချီဟီရို့ဆီ ဟခုလို့ခေါ်တဲ့
ကောင်လေးတစ်ယောက်ရောက်လာပြီး အကူအညီပေးပါတော့တယ်..ဟခုဆိုတာကရော သူနဲ့ဘယ်လိုပတ်သတ်လို့ကူညီပေးတာလဲ၊ ချီဟီရိုကရော သူ့မိဘတွေကိုကယ်တင်နိုင်ပါ့မလား..
လူသားတွေကမ္ဘာဆီကိုရော ပြန်သွားနိုင်ပါ့မလား..
Bhangra Paa Le (2020)
⭐IMDB: 6.4/10 (389 Votes)
🎬 #Bollywood #Comedy #Drama #Music #Musical
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 10 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ဒီတစ်ခါတော့ ဘော်လီဝုဒ်ဖန်တွေအတွက် အက,အလှတွေစုံစုံညီညီနဲ့ Musical, Drama ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်
သရုပ်ဆောင်အသစ်တွေဆိုပေမယ့် အက်တင်ပိုင်းမှာပြောစရာမရှိဘဲ တကယ်ကိုတော်ကြသလု် က,ကွက်တွေလည်း ရှယ်တွေပါပဲ
ဖင်မနိုင်ဘဲပဲကြီးဟင်းစားတဲ့ကုလားဒါရိုက်တာတွေလိုမဟုတ်ဘဲ ပွဲဦးထွက်ဒါရိုက်တာတစ်ယောက်ဖြစ်ပေမယ့်
ဒီဒါရိုက်တာကတော့ ဖြစ်နိုင်တာ လုပ်နိုင်တာကိုပဲ ဟာကွက်မရှိအောင် ချပြသွားပါတယ်
ထုတ်လုပ်ရေးကလည်း ကားကောင်းများစွာဖြန့်ချီထားတဲ့ RSPV ဆိုတော့ ပြောစရာမလိုလောက်အောင်ပါပဲ
ဒီဇာတ်ကားထဲကမင်းသားက ဆန်ဂျူးဇာတ်ကားထဲမှာ ကမ်လီအဖြစ်လူသိများခဲ့တဲ့ မင်းသား Vicky Kaushal ရဲ့ညီ Sunny Kaushal ပဲဖြစ်ပါတယ်
နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDb 6.5/10 အထိရထားပါတယ်
ဇာတ်လမ်းလေးကတော့ ဂျဂ္ဂီဆိုတဲ့ပန်ဂျာဗီလူငယ်တစ်ယောက်ဆီမှာ အိပ်မက်တစ်ခုရှိပါတယ်
အဲ့ဒါကတော့ သူတို့မျိုးရိုးအမွေတစ်ခုဖြစ်တဲ့ ပန်ဂျာဗီအက, ဘန်ဂရားကို လူသိကျော်ကြားစေချင်တာပါပဲ
သူ့အဖေ သူ့အဖိုးတို့ကို ဘယ်သူမှမသိခဲ့တာကြောင့် ဒီအကနဲ့ တကမ္ဘာလုံးကိုသိစေချင်တာပါပဲ
ဒါပေမဲ့ အခက်အခဲတစ်ခုတော့ရှိနေပါတယ် အဲ့ဒါကတော့ ရှေ့ထွက်မိန်းကလေးအက,သမားမရှိတာပါပဲ
သူ့ကောလိပ်တစ်ခုလုံးမှာလည်း စိတ်တိုင်းကျတစ်ယောက်မှမတွေ့ခဲ့ပါ
ဒါပေမဲ့ မင်္ဂလာဆောင်တစ်ခုမှာ အက,တော်သော စီမီးဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်
အက,တော်တဲ့ဒီကောင်မလေးကို သူ့အသင်းမှာပါဖို့ စည်းရုံးတဲ့အခါမှာ ဒီကောင်မလေးဟာ သူ့ပြိုင်ဘက်ကောလိပ်ကဖြစ်နေပါတော့တယ်
မြင်မြင်ချင်းသဘောကျမိတဲ့ကောင်မလေးနဲ့ သူ့အိပ်မက်ထိပ်တိုက်တွေ့လာလေသောအခါမှာတော့ …
(ရဲရဲကြီးအာမခံနိုင်တာတစ်ခုကတော့ ဒီဇာတ်ကားဟာ ABCD လို ပေါကားတွေထက် အဆတစ်ရာလောက် သာတယ်ဆိုတာပါပဲ)
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….

သူ့အဖေ သူ့အဖိုးတို့ကို ဘယ်သူမှမသိခဲ့တာကြောင့် ဒီအကနဲ့ တကမာၻလုံးကိုသိစေချင်တာပါပဲ
ဒါပေမဲ့ အခက်အခဲတစ်ခုတော့ရှိနေပါတယ် အဲ့ဒါကတော့ ရှေ့ထွက်မိန်းကလေးအက,သမားမရှိတာပါပဲ
သူ့ကောလိပ်တစ်ခုလုံးမှာလည်း စိတ်တိုင်းကျတစ်ယောက်မှမတွေ့ခဲ့ပါ
ဒါပေမဲ့ မင်္ဂလာဆောင်တစ်ခုမှာ အက,တော်သော စီမီးဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်
အက,တော်တဲ့ဒီကောင်မလေးကို သူ့အသင်းမှာပါဖို့ စည်းရုံးတဲ့အခါမှာ ဒီကောင်မလေးဟာ သူ့ပြိုင်ဘက်ကောလိပ်ကဖြစ်နေပါတော့တယ်
မြင်မြင်ချင်းသဘောကျမိတဲ့ကောင်မလေးနဲ့ သူ့အိပ်မက်ထိပ်တိုက်တွေ့လာလေသောအခါမှာတော့ …
(ရဲရဲကြီးအာမခံနိုင်တာတစ်ခုကတော့ ဒီဇာတ်ကားဟာ ABCD လို ပေါကားတွေထက် အဆတစ်ရာလောက် သာတယ်ဆိုတာပါပဲ)
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
Tanhaji: The Unsung Warrior (2020)
⭐IMDB: 7.5/10 (34 k Votes)
🎬 #Action #Biography #Bollywood #Drama #History
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 13 မိနစ် 06 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ဘောလီဝုဒ်ဖန်တွေအတွက် 2020 ရဲ့ blockbuster ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
နာမည်ကျော်မင်းသားကြီး အဂျေးနဲ့ ဆေ့ဖ်အလီခန်းမ်တို့က အပြိုင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ရာဇဝင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
ဇာတ်လမ်းက မရာထာတပ်မှူး တာနာဂျီးရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်
မဂိုအင်ယာကြီးစိုးတဲ့အချိန်မှာ အိန္ဒိယတစ်နိုင်ငံလုံးကိုသိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်
အဲ့ဒိအချိန်အခါမှာ အိန္ဒိယမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် လွပ်လပ်ရေးတိုက်ပွဲဝင် မရာထာတပ်သားများစွာရှိပါတယ်
အင်အားချင်းမမျှမှုကြောင့် အနိုင်မရဘဲ မဂိုတွေကိုအရှုံးပေးလိုက်ရတဲ့အခါ မရာထာအင်ယာပါမှ ခံတပ် ၂၃ ခု မဂိုတွေဘက်ကိုပေးအပ်လိုက်ရပါတယ်
အဲ့ဒိထဲမှာ အကြီးမားဆုံးခံတပ်ဖြစ်တဲ့ ကွန်ဒါနားလည်းပါခဲ့ပါတယ်
ဒီခံတပ်ကိုရရှိရင် အိန္ဒိယတောင်ပိုင်းတစ်ခုလုံးကို ရရှိသလိုပါပဲ
မဂိုတွေဟာ မတွန့်မဆိုင်းဘဲ အိန္ဒိယတစ်ခွင်လုံးကိုပါ သိမ်းဖို့ကြိုးစားလာတဲ့အခါမှာတော့
မရာထာတပ်မှူးကြီး တာနာဂျီးနဲ့မဂိုတပ်မှူးကြီး အူဒေဘန်းတို့ ထိပ်တိုက်တွေ့ဖို့ဖြစ်လာပါတော့တယ်

Street Dancer 3D (2020)
⭐IMDB: 3.6/10 (8 k Votes)
🎬 #Bollywood #Drama #Music
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #UnitedKingdom #India
⏰ 2 နာရီ 21 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
အခုတစ်ခေါက်ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ . . .ဟင်ဒီစကားပြောဇာတ်ကားတစ်ကားဖြစ်ပီး . . .
လူငယ်တွေ အကပြိုင်ပွဲမှာ နိုင်ငံချစ်တဲ့စိတ် ၊နိုင်လိုစိတ်ထက်သန်မှုတွေနှင့်အတူ တက်ညီလက်ညီ . . .
အပြိုင်အဆိုင် ကြိုးစားကြသည့် အဖြစ်အပျက်လေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်တစ်ကားပါ . . .
အမှန်တကယ်တော့ ဒီဇတ်ကားဟာ ABCD(2015) အကကားရဲ့Sequel ဇာတ်ကားအဖြစ်ထွက်ရှိဖို့ လျာထားပေမဲ့ . . .
Disney Company နဲ့ အကြောင်းမညီညွတ်တာကြောင့် Street Dancer ဆိုပီး သီးခြားနံမည်နဲ့ထွက်လာတာဖြစ်ပါတယ် . . .
လန်ဒန်မှာနေတဲ့ အင်နာယာဆိုတဲ့ ပါကိစ္စတန်သူလေးနဲ့ ဆဟဂျ်ဆိုတဲ့ပန်ဂျာဗ်မြို့သားလေးတို့က မတူညီတဲ့အမြင်နဲ့ဝါသနာတစ်ခုတည်းကိုစိုက်စိုက်မတ်မတ်လုပ်ကြတယ် . . .
တစ်နေ့မှာအင်နာယတ်ဟာ အိန္ဒိယနဲ့ပါကိစ္စတန်ကနေရွှေ့ပြောင်းလုပ်သားအနေနဲ့လာတဲ့ ဒုက္ခသည်တွေကို သူတို့နိုင်ငံပြန်ပို့ပေးဖို့ လန်ဒန်ရဲ့ အကြီးမားဆုံး အခန်းနားဆုံး ပြိုင်ပွဲကိုဝင်ပြိုင်ဖု့်လုပ်ရင်း
ကိုယ့်အတွက်ကိုယ်ကြည့်တဲ့ဆဟဂျ်နဲ့ သူများအတွက်တွေးပေးတဲ့မေတ္တာရှင်မလေးအင်နာယာတို့ပူးပေါင်းပြီး လူသားချင်းစာနာမှုအတွက်ဘယ်လို့ကြိုးစားယှဉ်ပြိုင်မလဲဆိုတာ . . .
ဘောလိဝုဒ် နာမည်ကျော်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ . . Varun Dhawan, Nora Fatehi , Shraddha Kapoor တို့အဓိကခေါင်းဆောင်ပါဝင်ထားပီး အကအလှဝေေ၀ဆာဆာနဲ့
ကြည့်ရှုခံစားရမဲ့ နာမည်ကြီး ရုံတင်ဇာတ်ကားကောင်းတစ်ကားမို့မလွတ်တမ်ခံစားကြည့်ရှုသင့်တဲ့ . . .ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း . . .?
ဇာတ်လမ်းအညွှန်းကို MLMC မှ ကူးယူဖေါ်ပြထားဖြစ်ပါတယ်
ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
(Zawgyi)
အခုတစ်ခေါက်ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ . . .ဟင်ဒီစကားပြောဇာတ်ကားတစ်ကားဖြစ်ပီး . . .
လူငယ်တွေ အကပြိုင်ပွဲမှာ နိုင်ငံချစ်တဲ့စိတ် ၊နိုင်လိုစိတ်ထက်သန်မှုတွေနှင့်အတူ တက်ညီလက်ညီ . . .
အပြိုင်အဆိုင် ကြိုးစားကြသည့် အဖြစ်အပျက်လေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်တစ်ကားပါ . . .
အမှန်တကယ်တော့ ဒီဇတ်ကားဟာ ABCD(2015) အကကားရဲ့Sequel ဇာတ်ကားအဖြစ်ထွက်ရှိဖို့ လျာထားပေမဲ့ . . .
Disney Company နဲ့ အကြောင်းမညီညွတ်တာကြောင့် Street Dancer ဆိုပီး သီးခြားနံမည်နဲ့ထွက်လာတာဖြစ်ပါတယ် . . .
လန်ဒန်မှာနေတဲ့ အင်နာယာဆိုတဲ့ ပါကိစ္စတန်သူလေးနဲ့ ဆဟဂျ်ဆိုတဲ့ပန်ဂျာဗ်မြို့သားလေးတို့က မတူညီတဲ့အမြင်နဲ့ဝါသနာတစ်ခုတည်းကိုစိုက်စိုက်မတ်မတ်လုပ်ကြတယ် . . .
တစ်နေ့မှာအင်နာယတ်ဟာ အိန္ဒိယနဲ့ပါကိစ္စတန်ကနေရွှေ့ပြောင်းလုပ်သားအနေနဲ့လာတဲ့ ဒုက္ခသည်တွေကို သူတို့နိုင်ငံပြန်ပို့ပေးဖို့ လန်ဒန်ရဲ့ အကြီးမားဆုံး အခန်းနားဆုံး ပြိုင်ပွဲကိုဝင်ပြိုင်ဖု့်လုပ်ရင်း
ကိုယ့်အတွက်ကိုယ်ကြည့်တဲ့ဆဟဂျ်နဲ့ သူများအတွက်တွေးပေးတဲ့မေတ္တာရှင်မလေးအင်နာယာတို့ပူးပေါင်းပြီး လူသားချင်းစာနာမှုအတွက်ဘယ်လို့ကြိုးစားယှဥ်ပြိုင်မလဲဆိုတာ . . .
ဘောလိဝုဒ် နာမည်ကျော်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ . . Varun Dhawan, Nora Fatehi , Shraddha Kapoor တို့အဓိကခေါင်းဆောင်ပါဝင်ထားပီး အကအလှဝေေ၀ဆာဆာနဲ့
ကြည့်ရှုခံစားရမဲ့ နာမည်ကြီး ရုံတင်ဇာတ်ကားကောင်းတစ်ကားမို့မလွတ်တမ်ခံစားကြည့်ရှုသင့်တဲ့ . . .ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း . . .?
ဇာတ်လမ်းအညွှန်းကို MLMC မှ ကူးယူဖော်ပြထားဖြစ်ပါတယ်
ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
Mafia: Chapter 1 (2020)
⭐IMDB: 5.9/10 (2 k Votes)
🎬 #Action #Bollywood #Crime #Drama
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 51 မိနစ် 04 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ဒီကားက မြန်မာပြည်မှာတောင်မတ်လ ၁၃ရက်နေ့အထိ ရုံတင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။
တောင်ပိုင်းရုပ်ရှင်တွေနဲ့ အနည်းငယ်အဆက်ပြတ်နေတာကတစ်ကြောင်း ၊ဇာတ်လမ်းပုံစံနဲ့ ဒါရိုက်တာရဲ့ ရိုက်ကူးပုံကို ကြိုက်မိတာက တစ်ကြောင်းကြောင့်ဒီကားကို ဘာသာပြန် တင်ဆက်ပေးလိုက်တာပါ။(Subtitle File မထွက်သေးပါဘူး၊generate လုပ်ထားတဲ့ စာဖိုင်နဲ့ အမြန်ဆုံး တင်ဆက်ပေးလိုက်တာပါ။)
အညွှန်း
မူးယစ်အထူးအဖွဲ့က အာရ်ယန်ဟာ ချန်နိုင်းက တိုးပွားလာတဲ့မူးယစ်ဆေးဝါးအမှုတွေအတွက် ခေါင်းစားနေချိန်မှာ. . .
ချန်နိုင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းဆောင်က မပိုင်ပဲမလုပ်ဖို့ မသိသလိုနေဖို့ သူ့ကို ပြောလာခဲ့ပါတယ်။
ဒီမူးယစ်အမှုတွေရဲ့နောက်ကွယ်ကလူဟာ အာဏာရှိတဲ့သူ ဖြစ်နေတဲ့အတွက်မပိုင်ပဲလုပ်ရင် ဒုက္ခရောက်နိုင်တယ်ဆိုပြီး အဖွဲ့ခေါင်းဆောင်က အာရ်ယန့်ကိုအသိပေးတာ ဖြစ်ပါတယ်။
ဒီအတောအတွင်းမှာ အာရ်ယန်နဲ့ခင်တဲ့ ထောက်လှမ်းရေးအလုပ်ကို ခုံမင်တဲ့သူတစ်ယောက်ဟာ အရေးကြီးတဲ့သတင်းပေးစရာရှိတယ်လို့ချိန်းပြီး အာရ်ယန်နဲ့မတွေ့ခင် အသတ်ခံလိုက်ရတယ်။
သူပေးချင်တဲ့သတင်းက ဘာလဲ?
မူးယစ်ဆေးဝါးအမှု့တွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာက ဘယ်သူတွေလ?
အာရ်ယန်ကရော ဒီအဖွဲ့ကို ဘယ်လိုဖော်ထုတ်မှာလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ကြပါ။
သေချာတာကတော့ ပျင်းစရာ ကောင်းမနေပဲ စိတ်၀င်စားစရာအပြည့်ပါတဲ့ဇာတ်ကားကောင်းတစ်ကားပါ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Lwin Htoo Aung တို့ ဖြစ်ပါတယ်။

အၫႊန္း

Panga (2020)
⭐IMDB: 6.8/10 (8 k Votes)
🎬 #Bollywood #Drama #Sport #Romance
🗓️ 2020 🎞️ movie 📺 720p HD
🌎 #India
⏰ 2 နာရီ 12 မိနစ် 07 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
IMDb 7.3/10 Rotten 93% အပေါ်က နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေကိုကြည့်ရုံတင်နဲ့တင်
ဒီဇာတ်ကားဟာ ကားကောင်းတစ်ကားဆိုတာ ထွေထွေထူးထူူး ညွှန်းဆိုဖို့လိုမယ်မထင်ပါဘူး
ဘောလီဝုဒ်မှာ ခပ်ပေါပါဇာတ်ကားတွေထွက်သလို ဒီလို ခံစားမှုပေါင်းစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတွေလည်း နှစ်စဉ်ထွက်လေ့ရှိပါတယ်
အာမခံနိုင်တာတစ်ခုကတော့ ဒီဇာတ်ကားဟာ ၂၀၂၀ ခုနှစ်ထွက် ကားကောင်းတစ်ကားပါပဲ
ပါဝင်သရုပ်ဆောင်ထားတာလည်း တခြားသူမဟုတ်ဘဲ Queen ဖြစ်တဲ့ Kangana Ranaut
ဒါရိုက်တာကလည်း ဇာတ်လမ်းကောင်းတွေဖြစ်တဲ့ Nil Battey Sannata Bareilly Ki Barfi တို့၏ဒါရိုက်တာ Ashwiny Iyer Tiwari ပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ … ကဘတ်ဒီအားကစားဘဝကနေ အနားယူလိုက်ရတဲ့ နိုင်ငံလက်ရွေးစင်ကစားသမား ဂျာယားနီဂမ်ဟာ အကြောင်းအမျိုးမျိုးကြောင့်
တစ်ကျော့ပြန်ကစားဖို့ဖြစ်လာတဲ့အခါမှာတော့ အသက် ၃၂ နှစ်၊ ၇ နှစ်အရွယ်ကလေးတစ်ယောက်နဲ့ အိမ်ရှင်မတစ်ယောက်ဟာ ကစားသမားဘဝနဲ့ အောင်မြင်မှုကို
နောက်တစ်ကြိမ် ပြန်လည်ဆွတ်ခူးတဲ့အခါ ဘယ်လိုအခက်အခဲတွေရှိမလဲ ဘယ်သူတွေက ကူညီအားပေးကြမလဲ
သူဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရသစုံပေးစွမ်းသွားမယ့် ဇာတ်ကားကောင်းတစ်ကားကို အားလုံးပဲ ကြည့်ရှု့ခံစားလိုက်ကြပါခင်ဗျာ
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
(Zawgyi)
IMDb 7.3/10 Rotten 93% အပေါ်က နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေကိုကြည့်ရုံတင်နဲ့တင်
ဒီဇာတ်ကားဟာ ကားကောင်းတစ်ကားဆိုတာ ထွေထွေထူးထူး ညွှန်းဆိုဖို့လိုမယ်မထင်ပါဘူး
ဘောလီဝုဒ်မှာ ခပ်ပေါပါဇာတ်ကားတွေထွက်သလို ဒီလို ခံစားမှုပေါင်းစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတွေလည်း နှစ်စဥ်ထွက်လေ့ရှိပါတယ်