fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Bad Things (2023) ⭐IMDB: 3.7/10 (684 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bad Things (2023) တကယ်တမ်း ကျွန်တော့်အမြင်မှာ ဒီကားက Psychological Thriller ပိုဆန်နေတဲ့အပြင် ဇာတ်လမ်းကလည်း အပြနှေးပါတယ်။ဒါကြောင့်ပဲ Jump scare တွေ၊ တစ်ချိန်လုံး ခြောက်လှန့်နေမှ ကြိုက်တဲ့သူမျိုးအတွက်ဆိုရင် နည်းနည်းပျင်းဖို့ကောင်းတယ်လို့ ခံစားမိပါလိမ့်မယ်။ ဆောင်းတွင်းကြီး ဟိုတယ်တစ်ခုမှာ ဖြစ်တာကို ဇာတ်လမ်းတည်ထားတာမို့တစ်ချက်တစ်ချက် The Shining ရုပ်ရှင်က vibe လည်း ရနေပါတယ် နည်းနည်း မှီငြမ်းထားတယ် ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆောင်းတွင်းတစ်ခုမှာ ရူသီဟာ အဘွားဖြစ်သူဆီကနေ အမွေရတဲ့ စွန့်ပစ်ဟိုတယ် အဟောင်းကြီးကို ရောင်းဖို့အတွက်ရည်းစားဖြစ်သူ ကယ်လ် ၊ သူငယ်ချင်းဖြစ်သူ မက်ဒီရယ်၊ အကြုံလိုက်လာတဲ့ ဖရန်တို့နဲ့အတူ မြို့လေးဆီကို လာခဲ့ပါတယ်။ဟိုတယ်မှာကလည်း ဘယ်သူမှမရှိတာမို့ ရူသီတို့တွေ လွတ်လွတ်လပ်လပ်နေကြရင်း၊ဟိုတယ်တွေက သရဲဇာတ်လမ်းတွေကို ပြောပြကြရင်း အေးဆေး အချိန်ကုန်ဆုံးနေခဲ့ပါတယ်။ဒါပေမယ့် ဖရန် တစ်ယောက် တကယ်မရှိတာတွေကို ဟိုဟိုဒီဒီ မြင်လာပြီးတော့ဘယ်လိုတွေ ခြောက်လှန့်ခံရမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှု့လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။...

Reporting for Duty (2023- ) ⭐IMDB: 5.4/10 (140 Votes) 🎬 #Comedy #Crime 🗓 2023- 🎞 tv series 🌎 #Brazil ⏰ 29 မိနစ် 22 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Reporting for Duty (2023)Reporting for Duty (2023) ===================လူဆိုးဂိုဏ်းဝင်တစ်ယောက်ကို ကြက်ကန်းဆန်အိုးတိုးပြီး ဖမ်းမိသွားတဲ့ နောက်မှာ ဆူဇန်နိုဟာ ရာထူးတိုးပြီး စီရင်စု(၈)ရဲစခန်းမှာ စီရင်စုမှူးဖြစ် သွားပါတော့တယ်။ ထူးခြားတာက အဲ့ရဲစခန်းက စီရင်စုမှူးတိုင်းက Slot Machine မာဖီးယားအဖွဲ့သတ်တာခံရပြီး သေသေသွားကြတာပဲ။ ဆူဇန်နို တစ်ယောက် ဒီအကြောင်းကို သိသွားပြီးတဲ့အချိန်မှာတော့ နောက်ကျသွား ခဲ့ပါပြီ။ သူစစရောက်ချင်းနေ့မှာပဲ အဲ့မာဖီးယားအဖွဲ့ကို ဖမ်းဖို့အတွက် စစ် ဆင်ရေးတစ်ခုစီစဉ်ထားကြတော့ ရဲအုပ်အမျိုးသမီးက သူ့ကို‌ဦးဆောင်ခိုင်း တယ်။ သူကလည်း ဝေ့လည်ကြောင်ပတ်လုပ်ပြီး ရဲစခန်းကိုလာတိုင်တဲ့ အဘွားအိုတစ်ယောက်ရဲ့ အမှုသေးသေးလေးကိုပဲ ဖြေရှင်းပြီးနေရစ်ခဲ့လိုက် တယ်။ကံကောင်းချင်တော့ အဲ့အမှုသေးသေးလေးကနေ မာဖီးယားအဖွဲ့နဲ့ ပတ်သက်တဲ့သဲလွန်စကို ရှာတွေ့သွားပြီး သူတို့ဂိုဏ်းရဲ့ပစ္စည်းတွေကို သိမ်း ဆည်းလိုက်ကြတယ်။ အထိနာသွားတဲ့ မာဖီးယားတွေက ဆူဇန်နို့ဆီကို ‌ခြိမ်းခြောက်စာတွေပို့ပြီး နောက်မှာ ဘာတွေဆက်ဖြစ်မလဲ မာဖီးယားအဖွဲ့ကို စီရင်စု ၈ ရဲစခန်းက ဘယ်လိုတွေဖမ်းကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ ဟာသဇာတ် လမ်းတွဲလေးပဲဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)...

Monster High 2 (2023) ⭐IMDB: 5.6/10 (217 Votes) 🎬 #Family #Fantasy #ScienceFiction #TVMovie #Action #Adventure #Musical 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Halloween အတွက် 2022က ထွက်ခဲ့တဲ့ Monster High ရုပ်ရှင်ရဲ့ sequel ဖြစ်တဲ့ Monster High 2 ထွက်ရှိလို့လာပါပြီ ဝံပုလွေလူသားတစ်ယောက်ဖြစ်တဲ့ ကလောဒင်းဝုဖ်ဟာ သူမရဲ့ ကျောင်းအသစ်ဖြစ်တဲ့ မွန်းစတားဟိုက်ခ်ကို ပြောင်းရွှေ့လာပြီးတဲ့နောက် အတန်းဖော်တွေဖြစ်တဲ့ ဖကန်ကီစတိန်း၊ ဒရက်ကူလော်ရာတို့နဲ့ အဖွဲ့ကျသွားပါတယ်။ ကလောဒင်းဝုဖ်ဟာ မွန်းစတားဟိုက်ခ်မှာ မွန်းစတားမျိုးစပ်တွေကို လက်ခံပေးဖို့ရာ ရပ်တည်ခဲ့တာကြောင့် မွန်းစတားဟိုက်ခ်ရဲ့ ဆိုရှယ်မီဒီယာဖြစ်တဲ့ Eek Tok မှာ နာမည်ကြီးပြီး လူချစ်လူခင်ပေါနေသူတစ်ယောက်ပါ။ တစ်ချိန်တည်းမှာပဲ စံပြကျောင်းသူဟောင်းတစ်ယောက်ဖြစ်တဲ့ တော်ရာလိုင်းစတွိုက်ပ်ဟာ ပြင်သစ်မှာ တစ်နှစ်တာ ကျောင်းသွားတက်ပြီးနောက် မွန်းစတားဟိုက်ခ်ကိုပြန်လာခဲ့ပါတယ်။ စာသင်နှစ်ရဲ့ ကျောင်းသားခေါင်းဆောင် ရွေးချယ်ပွဲမှာ တော်ရာလိုင်းနဲ့ ကလောဒင်းတို့နှစ်ယောက်ဟာ ကျောင်းသားခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ဖို့ရာ ရွေးချယ်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ကျောင်းကို အမည်မသိ ခြိမ်းခြောက်မှုတစ်ခုရောက်လာပြီး ဒီခြိမ်းခြောက်မှုဟာ စုန်းတစ်ပိုင်း ဗန်ပိုင်းယားတစ်ပိုင်းဖြစ်တဲ့ ဗန်ပိုင်းယားမင်းသမီး ဒရက်ကူလော်ရာရဲ့ စုန်းအတတ်နဲ့သက်ဆိုင်နေတယ်လို့ တော်ရာလိုင်းတို့အုပ်စုက စွပ်စွဲလာခဲ့တဲ့နောက်မှာတော့… ကျောင်းသားခေါင်းဆောင်ရွေးချယ်ပွဲမှာ ဘယ်သူကအနိုင်ရသွားမလဲ၊ ‌ဒရက်ကူလော်ရာအနေနဲ့ရော ဒီခြိမ်းခြောက်မှုနောက်ကွယ်က အဖြစ်မှန်ကိုဖော်ထုတ်ဖို့ရာကို သူငယ်ချင်းတစ်အုပ်နဲ့ ဘယ်လိုကြိုးစားသွားမလဲဆိုတာကို မြူးမြူးကြွကြွ ဇာတ်၀င်တေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ။...

Anoksia (2022) ⭐TMDB: 50.0% User Score 🎬 #Drama #Thriller 🗓 2022 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 23 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Anoksia (2023) ပန်းနာရင်ကြပ်ရောဂါအခံရှိတဲ့ ဆရာရေးဆရာမ အာဂျန်းဟာ ကလောင်ပညာရှင်ပီပီတိတ်ဆိတ်ငြိမ်းအေးရာ အရပ်မှာသာ နေထိုင်ရင်း ဝတ္ထုတွေကို ရေးသားလိုသူတစ်ယောက်ပါ… ဒါကြောင့်လည်း မြို့နဲ့ အလှမ်းဝေးပြီး ခေါင်လွန်းတဲ့အရပ်မှာ အိမ်တစ်လုံး ဝယ်ယူနေထိုင်ခဲ့ပါတယ်…သူ မသိတာကတော့ ဒီအိမ်ကြောင့် သူတို့ လင်မယား ဒုက္ခရောက်ကြရလိမ့်မယ်ဆိုတာပါပဲ…မိုးသည်းတဲ့ တစ်ညနေမှာ ကက်ကရာဟာ အိမ်ကို အသည်းအသန်ပြန်ပြေးလာရပါတော့တယ်…ဇနီးသည်ကလည်း ‌ရင်ကြပ်ရောဂါဖောက်… ဆေးဝယ်ဖို့ရာကလည်း ဝေးလွန်းတာမို့ဆေးခန်းကိုသာ တစ်ခါတည်းထွက်ဖို့ ရွေးချယ်လိုက်ပါတော့တယ်…ဒီလိုနဲ့ လာရင်းလမ်းမှာပဲ မြေစာပုံက သူတို့ကားပေါ် ပြိုကျလာပါတော့တယ်…ရင်ကြပ်ရောဂါသည်တွေအတွက် အခုလို အရေးပေါ်အခြေအနေတွေ၊မွန်းကြပ်ပိတ်လှောင်နေတဲ့ အခြေအနေမျိုးတွေဟာ ရောဂါကို ပိုဆိုးစေတတ်တာမို့အာဂျန်းတစ်ယောက် ဒီအခြေအနေဆိုးကို အသက်ရှင်လျက် ကျော်လွှားနိုင်လိမ့်မလား…ပိတ်မိသွားကာမှ ဘယ်လိုအကျပ်အတည်း ဘယ်လို စိတ်ရှုပ်စရာတွေနဲ့ ရင်ဆိုင်ကြရမလဲ…သူတို့လင်မယားနှစ်ယောက် ‌လွှတ်မြောက်နိုင်ပါ့မလား ဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...

Mystery Team (2009) ⭐IMDB: 6.6/10 (10 k Votes) 🎬 #Comedy #Crime #Mystery #Thriller 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အချစ်ဆုံးသူငယ်ချင်း သုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ စုံထောက်ဝါသနာအိုးလေးဦးဆောင်တဲ့ လှို့ဝှက်ဆန်းကြယ်အဖွဲ့ဟာ ရပ်ကွက်ထဲကအရေးမပါတဲ့အမှုငယ်လေးတွေက်ု ဖြေရှင်းနေရာမှ တစ်နေ့မှာတော့ ကလေးမလေးတစ်ယောက်က သူ့မိဘတွေရဲ့လူသတ်မှုကို သူတို့ထံလာရောက်ဖြေရှင်းခိုင်းပါတော့တယ်။ လူသတ်မှုကို အဖြေရှာရင်း အလွဲတွေနဲ့တွေ့ကြံုပုံ လွဲလွဲလေးပဲကောင်းပါတယ်ဆိုသလို လွဲနေရင်းနဲ့ပဲ သဲလွန်စတွေတွေ့လာပုံ၊ သူငယ်ချင်းသုံးယောက်ရဲ့ အူကြောင်ကြောင်နိုင်ပုံ ကလေးဆန်ပုံနဲ့ သူငယ်ချင်း သံယောဇဉ်တို့ကို မပျင်းရအောင် ဟာသနှောကာ ရိုက်ကူးတင်ဆက်ထားတဲ့ လူငယ်စုံထောက်ဟာသကားလေးတစ်ကားဖြစ်ပါတယ်။...

Street Flow 2 (2023) ⭐IMDB: 4.9/10 (221 Votes) 🎬 #Uncategorized #Drama #Crime 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 37 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Crime, Drama ဇာတ်ကားဖြစ်တဲ့Street Flow 2 ကတော့ ဒမ်ဘာတစ်ယောက် ပြန်လည်နိုးထလာပြီး 2နှစ် အကြာကိုရိုက်ကူးထားတာဖြစ်ပါတယ် ဒမ်ဘာဟာ လက်စားချေချင်စိတ်ကို သည်းခံပြီး ကောင်းကောင်းမွန်မွန် ကြိုးစားနေထိုင်ပါတော့တယ်။ ဆူလေမန်းဟာလည်း ရှေ့နေတစ်ယောက်အဖြစ် လုပ်ကိုင်နေပြီဖြစ်ပြီး နိုမူခဲဟာလည်း ထောင်ထဲက ထွက်လာပြီး ကျောင်းပြန်တက်နေပါပြီ တရက်မှာ နိုမူခဲ ဟာ ရန်ပွဲတစ်ခုတည်းပါသွားပြီး အိမ်ပြန်မလာခဲ့ပါဘူး။ အဲ့ဒါအပြင် ရန်ပွဲထဲမှာ သေနတ်ဖောက်သံပါကြားတာကြောင့် ဒမ်ဘာဟာ အရင်က အဆက်အသွယ်နဲ့ နိုမူခဲကို လိုက်ရှာရင်း သူ့အရင်က လုပ်ဖော်ကိုင်ဘက်တွေဆီကို ရောက်သွားပါသေးတယ်။ လက်စားချေချင်စိတ်တွေ အမြဲကြီးစိုးနေတဲ့ ဒမ်ဘာတစ်ယောက် လူကောင်းလေးအဖြစ် တကယ်ပဲနေနိုင်သွားမှာလား ညီအစ်ကိုသုံးယောက် ဘယ်လိုရှေ့ဆက်ကြမှာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ...

Glory Again (2023) ⭐TMDB: 25.0% User Score 🎬 #Comedy #Family 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 39 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Marrying the Mafias : Returns (2023) ဟာသကား မျှော်နေကြသူတွေအတွက် စိတ်အပန်းပြေစေမယ့် Marrying The Mafia: Returns (2023) ထွက်ရှိလာပါပြီ Marrying The Mafia ဟာဆိုရင် ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တွေမှာ I & II ထွက်ရှိထားခဲ့ပြီးသားဖြစ်ပြီး ဝက်ဝက်ကွဲ ရယ်ခဲ့ရသလိုအခု ၂၀၂၃ ခုနှစ်အတွက် ထွက်ရှိလာတဲ့အခါမှာလည်း ရယ်ရင်းမောရင်း စိတ်ပင်ပန်းစရာတွေကို ပြေပျောက်စေဦးမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အောင်မြင်လှတဲ့ စာရေးဆရာတိုရီဟာ တစ်ညမှာတော့ အမှတ်မထင် မိန်းကလေးတစ်ယောက်နဲ့ အတူအိပ်မိသွားခဲ့ပါတယ်။ဒီခေတ်ကြီးထဲမှာ One Night Stand မိတာဟာ အထွေအထူးမဟုတ်ပါဘူးလို့ တွေးထားခဲ့ပေမဲ့တကယ်တမ်း အဲဒီမိန်းကလေးရဲ့မိသားစုဟာ နာမည်ကြီးလွန်းလှတဲ့ လူမိုက်ဂိုဏ်းတစ်ခု ဖြစ်နေတဲ့အခါမှာတော့ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကြားက စာရေးဆရာတိုရီရဲ့ဘဝဟာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ရယ်မောရင်း ကြည့်ရှုသွားကြရမှာပါ။ Casts တွေအနေနဲ့ဆိုရင်လည်း နာမည်ကြီးတွေပဲဖြစ်ကြတဲ့ မင်းသမီးကြီး Kim Soo-mi,မင်းသား Yoon Hyun-min နဲ့ Girls Day’s Yura တို့က အဓိက ပါဝင်ထားကြတာဖြစ်လို့ ရှယ်ပါပဲနော်။ အညွှန်းကိုတော့Hmweက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Hmwe&Joyzပဲ ဖြစ်ပါတယ်။...

Headspace (2023) ⭐IMDB: 5.6/10 (77 Votes) 🎬 #Action #Adventure #Animation #ScienceFiction 🗓 2023 🎞 movie 🌎 #SouthAfrica ⏰ 1 နာရီ 25 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နော်မန်ဟာ အာကာသစကြာဝဠာနှင့် အခြားဂြိုဟ်တွေပေါ်မှာ ရှိနိုင်မဲ့သက်ရှိမျိုးစိတ်တွေ ဂြိုဟ်သားတွေကို အင်မတန်စိတ်ဝင်စားတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ပါ။ သူ့မှာ ချာလင်း၊ ဖရန်ကီ၊ အလက်ဟန်ဒရို အစရှိတဲ့ ဝါသနာတူကျောင်းနေဘက်သူငယ်ချင်း တွေလည်း ရှိပြီးတော့ သွားအတူလာအတူတွေဖြစ်ကြပါတယ်။ တဖက်မှာတော့ ဇိုလ်ဒါဆိုတာ စကြာဝဠာတစ်ခုလုံးကို လိုက်လံသိမ်းပိုက်နေတဲ့ ဂြိုဟ်သားခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ အာကာသယာဉ်အကြီးကြီးကို ပိုင်ဆိုင်ပြီးတော့ ဒရွိုက်ဆိုတဲ့ စက်ရုပ်စစ်တပ်လည်း ရှိပါတယ်။ ပြီးတော့ သူတို့ကို လိုက်လံတားဆီးနေတဲ့ ငြိမ်းချမ်းရေဘက်တော်သားအဖွဲ့ဝင် မက်စ်တို့ အဖွဲ့လည်း ရှိပါသေးတယ်။ တနေ့မှာ ဇိုလ်ဒါတစ်ယောက် ဂြိုဟ်တစ်ခုကို သိမ်းပိုက်ဖို့လုပ်နေတာကို မက်စ်တို့အဖွဲ့က တားဆီးလိုက်တဲ့အချိန်မှာ ဇိုလ်ဒါစိတ်တိုသွားပြီး မက်စ်တို့ကို ရေဆုံးမြေဆုံးလိုက်ပါတော့တယ်။ ပြေးနေရင်း မလွတ်တော့မှန်း သိတဲ့အခါ မက်စ်တို့ဟာ အာကာသတွင်းပေါက်ထဲကို မောင်းဝင်လိုက်ပါတော့တယ်။ ဇိုလ်ဒါလည်း နောက်ကထပ်ကြပ်မကွာ လိုက်လာတဲ့အခါ ခုနက နော်မန်တို့ရဲ့ကမ္ဘာမြေပေါ်ကို ရောက်လာခဲ့ပါတော့တယ်။ ဒီအချိန်မှာ ဇိုလ်ဒါတို့ မက်စ်တို့က လူတွေရဲ့ ဦးနှောက်ထဲထိ ဝင်နိုင်တဲ့ လုံးဝသေးငယ်တဲ့ ဂြိုဟ်သားတွေဖြစ်နေခဲ့ပြီး မက်စ်တို့က ယာဉ်ပြန်ပြင်ဖို့အတွက် နော်မန်ရဲ့ ဦးနှောက်ထဲကို ဝင်လိုက်ပေမဲ့ စိတ်ကိုတော့မထိန်းချုပ်ခဲ့ပါဘူး။ တဖက်မှာတော့ ဇိုလ်ဒါက နော်မန်တို့ကျောင်းက ကျောင်းအုပ်ကြီးရဲ့ ဦးနှောက်ထဲကို ဝင်သွားပြီး စိတ်ကိုထိန်းချုပ်လိုက်တဲ့အခါ နော်မန်တစ်ယောက် ကျောင်းအုပ်ကြီး တဖြစ်လည်း ဇိုလ်ဒါကို တားဆီးဖို့ တာဝန်ကျရောက်လာပါတော့တယ်။ ဒီအတွက် သူငယ်ချင်းတွေကရော သူ့ကိုယုံပါ့မလား ကမ္ဘာကိုသိမ်းပိုက်မယ့် ဇိုလ်ဒါ့အကြံကိုရော သူ့ရဲ့ ဦးနှောက်ထဲက မက်စ်တို့နဲ့ပေါင်းပြီး တားဆီးနိုင်ပါ့မလား ဆိုတာကြည့်ရင်း ခွက်ထိုးခွက်လန်ရယ်ရမယ့် ဇာတ်ကားလေးပါ။ အဓိကကတော့ ကျောင်းအုပ်ဆရာမကြီးကို ထိန်းချုပ်ထားတဲ့ ဇိုလ်ဒါရဲ့အမူအကျင့်က မရယ်ပဲမနေနိုင်အောင်ပါပဲ။ IMDb Rating 5.6 ရရှိထားပြီးတော့ 2023 မှ ပူပူနွေးနွေးထွက်ရှိထားတာဖြစ်တဲ့အတွက် ရှုစားလိုက်ပါဦးခင်ဗျာ။...

The Last Video Store (2023) ⭐IMDB: 5.3/10 (48 Votes) 🎬 #Comedy #Horror #Romance #Crime #Drama 🗓 2023 🎞 movie 🌎 #Australia ⏰ 1 နာရီ 35 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Last Video Store (2023)===================== အင်တာနက်ခေတ်တစ်ခေတ်ကို ရောက်လာတဲ့အခါမှာ ဇာတ်ကားသစ်ထွက်ရင်အခွေဆိုင်ကို ပြေးပြီး အလုအယက်ပြေးငှားနေဖို့မလိုတော့ဘဲ ဒေါင်းလုဒ်လေးလုပ်ရုံနဲ့တင် ဇာတ်ကားတိုင်းကို ကြည့်ရှူလို့ရလာကြတယ်။ ခေတ်တစ်ခေတ်ရဲ့အပြောင်းအလဲမှာ အခွေငှားဆိုင်တွေ ကွယ်ပျောက်သွားကြတယ်ပေါ့။ အခု ဇာတ်လမ်းလေးကလည်း “နောက်ဆုံးအခွေဆိုင်တဲ့” ၊ ပြည်နယ်တစ်ခုလုံး သုံးဆိုင်လောက်ပဲရှိတော့မလားပဲ၊ ဆိုင်ပိုင်ရှင်ကလည်း ရုပ်ရှင်ဇာတ်ကားတွေကို ချစ်မြတ်နိုးပြီးလက်တွေ့ဘဝနဲ့ရုပ်ရှင်က တစ်ထပ်တည်းဖြစ်တယ်လို့ ခံယူထားတဲ့သူပါ။ သူ့ဆိုင်မှာလည်း ဝယ်သူနည်းပါးတဲ့အပြင် ဝန်ထမ်းကလည်း တစ်ယောက်ပဲရှိတယ်ဆိုင်ကိုဓါးပြလာတိုက်ရင်တောင် ပေးစရာပိုက်ဆံမရှိလို့ အလုပ်သစ်ရှာဖို့ ဓါးပြကြီးကပါဆုံးမသွားခဲ့တယ်။ နောက်ရက်တွေမှာ ဆိုင်ရှင်ကြီးက ပေါက်ကွဲပြီး CCTV တွေတပ်ချလိုက်ရော…တစ်ရက်မှာ အတွဲတစ်တွဲရောက်ချလာပြီး ဝန်ထမ်းကောင်လေးကအဲဒီအတွဲက ကောင်မလေးကို မြင်မြင်ချင်း သဘောကျသွားတယ်၊ အဲဒီနောက် အဲဒီကောင်မလေးက ဆိုင်မှာအလုပ်လုပ်ဖို့ လာလျှောက်တဲ့အခါ ဘယ်လိုတွေနှစ်ပါးကမလဲကြည့်ရှူလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)...

1VS1 [*No Acting] Instinct bare Thaiman 4 production ACT.08 Sonoda Mion (2017) ⭐TMDB: 95.0% User Score 🎬 #Adult #Romance 🗓 2017 🎞 movie 🌎 #Japan ⏰ 2 နာရီ 33 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စွဲမက်စရာ Mion Sonoda လေးရဲ့ အလှတရားတွေက ရုန်းထွက်နိုင်ပါ့မလားဘွင်းဘွင်းရှင်းရှင်းဆိုတော့ ပိုလို့တောင် ရုန်းထွက်ရခက်မှာပဲCute and rough လို့ဆိုရမလားပဲ သူမရဲ့ အလှတွေက ဟန်ပန်အမူရာတွေကို သက်ဝင်စေတယ်သူမရဲ့ရိုက်ကူးရေးက ရင်ခုန်စရာပါပဲမသိရတဲ့ မင်းသားတယောက်ရဲ့ အခန်းထဲကို တံခါးခေါက်ဝင်ရတာပါသူမခေါက်ခဲ့တဲ့ တံခါးက သူမကိုရင်ဖိုစေမလားသူမရဲ့ အလှတရားတွေက ငြင်းရက်ဖို့ခက်ပါတယ် ဘယ်လောက် ချစ်ဖို့ကောင်းလဲဆိုတာမိုးအေးအေးလေးနဲ့ အကဲခပ်ကြည့်ရအောင်ဗျာ Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Get Him to the Greek (2010) ⭐IMDB: 6.3/10 (184 k Votes) 🎬 #Adventure #Comedy #Music 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း….. အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်...

Baang (2023) ⭐IMDB: 7.7/10 (80 Votes) 🎬 #Bollywood #Comedy #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 2 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Baang (2023)============== IMDb 7.7/10 အသစ်ထွက်ရှိလာတဲ့ ကန်နာဒါစကားပြော တောင်ပိုင်း Dark comedy,အက်ရှင်ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း…အာရပ်ဗ်.. ဘူရှန်နဲ့ ဆူနေးလ်ဆိုတဲ့ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းသုံးယောက်။တစ်နေ့မှာ အာရပ်ဗ်ရဲ့ ညီလေး အာရုရှ်ကိုပါခေါ်ပြီး သုံးယောက်သား ကားတစ်စီးနဲ့ နိုက်အောက်ထွက်ပတ်ကဲရင်း ဒယ်ဒီနဲ့ လီယိုနာဆိုတဲ့ ဂိုဏ်းစတားသားအဖနဲ့ ဘုမသိဘမသိဘဲ ငြိသွားကြတဲ့အခါမှာတော့…။ ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်လမ်းကို pov တစ်ခုပြီးတစ်ခု သွားထားပြီး မြင်နေကျမဟုတ်တဲ့ပုံမျိုးနဲ့ တင်ဆက်ထားပါတယ်။လီယိုနာအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးလေး ရှန်ဗီကလည်း တော်တော်လေး မျက်စိပဒါသဖြစ်တာမလို့ပေါ့ပေါ့ပါးပါး အက်ရှင်ဟာသတွေရှာနေသူတွေအတွက် perfect ဖြစ်မယ့်ရုပ်ရှင်လေးပါပဲ…။ ( ဒီအညွှန်းကိုတော့ Zwe Yan က ရေးထားပြီး ဘာသာပြန်ဆိုသူတွေကတော့ YH, KKKZ နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

When Strangers Appear (2001) ⭐TMDB: 64.0% User Score 🎬 #Action #Mystery #Thriller 🗓 2001 🎞 movie 🌎 #Australia #NewZealand #UnitedStates #NewZealand ⏰ 1 နာရီ 38 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 When Strangers Appear (2001)=======================IMDb Rating – 6.3/10 ဘတ်သ်တစ်ယောက် လူသူအလာကြဲလှတဲ့ သူ့ရဲ့လမ်းဘေးစားသောက်ဆိုင်လေးကို တစ်နေ့တာအတွက်စတင်ဖွင့်ချိန်မှာသူ့အတွက် သာမန်ပျင်းရိဖွယ်နေ့တစ်နေ့လို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့်လည်း ဂျက်ခ်ဆိုတဲ့ ဒဏ်ရာရထားတဲ့ red flag တွေအပြည့်နဲ့လူချောလေးတစ်ယောက် ဆိုင်ထဲကိုဝင်လာချိန်မှာတော့ သူ့အထင်မှားသွားပြီဆိုတာ စသိလိုက်ရပါတယ်။ ငနဲသားဟာ ထိတ်ထိတ်ပျာပျာရှိလွန်းတယ်၊ လက်ထဲမှာလည်း အကြွေစေ့ တွေပဲပါတယ်။ ဘတ်သ်ကတော့ ဒါနပြုလိုက်တယ်လို့ သဘောထားပြီး သူ့ကိုမနက်စာကျွေးနေချိန်မှာ နောက်ထပ် လူရမ်းကားပုံစံနဲ့လူသုံးယောက်ဆိုင်ထဲထပ်ဝင်လာပါတယ်။ သူတို့အုပ်စုခေါင်းဆောင်ကလည်း လူချောတစ်ယောက်ပါပဲ။အဲ့ဒီအချိန်မှာ ဂျက်ခ်တစ်ယောက် စားပွဲမှာထိုင်နေရာကနေပျောက်သွားပြီး တစ်နေရာမှာ ဝင်ပုန်းနေတဲ့အချိန်မှာ ဘတ်သ် တစ်စုံတစ်ခုကိုသတိထားမိလိုက်ပါတော့တယ်။ အဲ့ဒါကတော့ ပထမကောင်လေး ဂျက်ခ်နောက်ကိုဒီလူရမ်းကားသုံးယောက်က အကြောင်းတစ်စုံတစ်ရာအတွက် လိုက်အန္တရာယ်ပေးနေတယ်ဆိုတာပါပဲ။ ဒီနေ့တစ်နေ့တာဟာ သူ့အတွက် ဘယ်လိုမှပျင်းစရာမကောင်းတော့ဘူးဆိုတာ သေချာသွားပါပြီ။ အခုချိန်မှာသိပ်မတွေ့ရတော့တဲ့ psychological thriller ကားကောင်းတစ်ကားဖြစ်ပြီးအစကနေအဆုံးအထိ လှည့်ကွက်တွေအပြည့်နဲ့ဆွဲခေါ်သွားပါလိမ့်မယ်။Josh Lucas , Radha Mitchell နဲ့ Barry Watson တို့လိုဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ နုစဉ်ဘဝကိုလတ်လတ်ဆတ်ဆတ်မြင်ရမှာဖြစ်ပါတယ်။ ပရိသတ်တွေလက်လွတ်မသင့်တဲ့ဇာတ်ကားပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...

Street Flow 2 (2023) ⭐IMDB: 4.9/10 (220 Votes) 🎬 #Uncategorized #Drama #Crime 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 38 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Crime, Drama ဇာတ်ကားဖြစ်တဲ့Street Flow 2 ကတော့ ဒမ်ဘာတစ်ယောက် ပြန်လည်နိုးထလာပြီး 2နှစ် အကြာကိုရိုက်ကူးထားတာဖြစ်ပါတယ် ဒမ်ဘာဟာ လက်စားချေချင်စိတ်ကို သည်းခံပြီး ကောင်းကောင်းမွန်မွန် ကြိုးစားနေထိုင်ပါတော့တယ်။ ဆူလေမန်းဟာလည်း ရှေ့နေတစ်ယောက်အဖြစ် လုပ်ကိုင်နေပြီဖြစ်ပြီး နိုမူခဲဟာလည်း ထောင်ထဲက ထွက်လာပြီး ကျောင်းပြန်တက်နေပါပြီ တရက်မှာ နိုမူခဲ ဟာ ရန်ပွဲတစ်ခုတည်းပါသွားပြီး အိမ်ပြန်မလာခဲ့ပါဘူး။ အဲ့ဒါအပြင် ရန်ပွဲထဲမှာ သေနတ်ဖောက်သံပါကြားတာကြောင့် ဒမ်ဘာဟာ အရင်က အဆက်အသွယ်နဲ့ နိုမူခဲကို လိုက်ရှာရင်း သူ့အရင်က လုပ်ဖော်ကိုင်ဘက်တွေဆီကို ရောက်သွားပါသေးတယ်။ လက်စားချေချင်စိတ်တွေ အမြဲကြီးစိုးနေတဲ့ ဒမ်ဘာတစ်ယောက် လူကောင်းလေးအဖြစ် တကယ်ပဲနေနိုင်သွားမှာလား ညီအစ်ကိုသုံးယောက် ဘယ်လိုရှေ့ဆက်ကြမှာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ...

An Education (2009) ⭐IMDB: 7.3/10 (137 k Votes) 🎬 #Drama #Romance 🗓 2009 🎞 movie 🌎 #UnitedKingdom #UnitedStates ⏰ 1 နာရီ 40 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသမီးချောလေး Carey Mulligan က ဂျန်နီ အဖြစ်နဲ့ မင်းသားကြီး Peter Sarsgaard က ဒေးဗစ် အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ 2009 ခုနှစ်မှာထွက်ရှိခဲ့ပြီး rating လည်းအသင့်အတင့်ရရှိထားတဲ့ Drama/Romanceအမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ကျောင်းမှာစာလည်းတော် ဂီတမှလည်း ပါရမီပါတဲ့ မြီးကောင်ပေါက်မလေး ဂျန်နီ တစ်ယောက်ကျောင်းတော်ကြီးမှာ အလိမ်မာလေးပေါ့ တစ်နေ့တော့ ဒေးဗစ်ဆိုတဲ့ ရုပ်ရှိရေလျှံဘဲကြီးတစ်ပွေနဲ့တွေ့ပြီး ဘဲကြီးကလည်း ရှယ်အမ်းတော့ ဒီကောင်မလေးကြွေပြီပေါ့နော်…… မနူးမနှပ်လေး ဂျန်နီ ရဲ့ပထမဆုံး အချစ်ခရီးလမ်းအတွေ့အကြုံလေးဟာတစ်နေ့မှာတော့ မျှော်လင့်မထားတဲ့ ကံဆိုးမှုတွေနဲ့တွေ့ကြုံလာချိန်မှာတော့……. ပညာပေးကားလေးတစ်ကားလိုလည်းဖြစ် ဘဝမှာပညာရှာချိန်ပညာရှာ ကြင်ယာရှာချိန်ကြင်ယာရှာဆိုတဲ့ စကားတွေဟာ အလကားမဟုတ်ဘူးဆိုတာကို မြင်သာအောင်ရိုက်ပေးထားတဲ့ Drama/Romance ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။...

As Long As We Both Shall Live (2023) ⭐TMDB: 61.0% User Score 🎬 #Drama #Fantasy #Romance 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 54 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Manga မှာရော Animeမှာပါ နာမည်ကြီး လူကြိုက်များပြီးသားဆိုတော့ ဒီကားလေးကို တော်တော်များများ သိပြီးကြမှာပါ။ ဒီ Live Action မှာတော့ နာမည်ကြီးVoice actor တစ်ဦးဖြစ်တဲ့ Kenjiro Tsuda နဲ့ My Love Mix-up ၊ Silent အစရှိတဲ့ Series တွေမှာ သရုပ်ဆောင်ခဲ့တဲ့ Ren Meguro တို့ ပါဝင်သရုပ်‌ဆောင်ထားကြတာဆိုတော့ ကြည့်ပျော်မှာကတော့ အသေအချာပါပဲ။ ဒါ့အပြင် IMDb rating ကလည်း 6.7 ဆိုတော့ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ အချစ်မပါဘဲ မိဘတွေစီစဉ်ပေးလို့ မင်္ဂလာဆောင်ခဲ့ရတဲ့အိမ်ထောင်ရေးတစ်ခုက မွေးဖွားလာခဲ့တဲ့ Miyo Saimori… မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာတော့ မိထွေးနဲ့နေရပြီး စွမ်းအားစစ်ဆေးချိန်မှာ မိသားစုအမွေဖြစ်တဲ့ စိတ်စွမ်းအင်ကို ဆက်ခံနိုင်တဲ့သူက Miyo မဟုတ်ဘဲ မိထွေးရဲ့သမီးဖြစ်သူဖြစ်နေပါတယ်။ အဲဒါကြောင့် မိသားစုအတွင်းမှာ နေရာမရဘဲ အစေခံသာသာပဲနေရပါတယ်၊ ဒီလိုနဲ့ အင်မတန် ရက်စက်တယ်လို့ နာမည်ကြီးတဲ့ စစ်တပ်ခေါင်းဆောင် Kiyoka Kudou နဲ့ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ ဒီလို ကံဆိုးအကြောင်းမလှတဲ့ဘဝနဲ့ ကြီးပြင်းလာတဲ့ Miyo Saimori တစ်ယောက်ရဲ့ဘဝ ဘယ်လိုတွေပြောင်းလဲလာမလဲ၊ သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးက ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ဆုံရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်ကြည့်လိုက်ကြရအောင်...

The River Why (2010) ⭐IMDB: 5.5/10 (4 k Votes) 🎬 #Drama #Romance #Uncategorized 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The River Why (2010)================= The River Why ဟာ ၁၉၈၃ ခုနှစ်ထွက် David James Duncan ရဲ့လက်ရာThe River Why ဝတ္ထုကိုအသက်သွင်းထားတဲ့ independent ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Plot အနေနဲ့များများစားစားမရှိလှပဲ ငါးမျှားဝါသနာရှင်ကျွမ်းကျင်သူ မိဘနှစ်ပါးကမွေးဖွားလာတဲ့ လူငယ်လေးတစ်ယောက်၊ အရွယ်ရောက်စပြုလာတဲ့အချိန်မှာ မိဘတွေနဲ့အစေးမကပ်တော့ပဲတောထဲမှာတစ်ယောက်တည်းသွားနေ၊ ဝါသနာအလျောက်ငါးတွေမျှားရင်း မိမိကိုယ်ကိုပြန်လည်ရှာဖွေပုံ အချစ်ကို ရှာတွေ့ပုံတွေကို အမိုက်စား Cinematography တွေ နောက်ခံတေးဂီတတွေနဲ့ရှုမြင်ရမှာဖြစ်ပါတယ်။ Independent ဇာတ်ကားဖြစ်တဲ့အတွက် mainstream ဇာတ်ကားတွေနဲ့တော့တင်ဆက်ပုံ ချဉ်းကပ်ပုံတွေကွဲထွက်နေပါလိမ့်မယ်။ ရုပ်ရှင်ပွဲတော်တွေမှာ Cinematographyဆု နဲ့ ပရိသတ်ရွေးချယ်တဲ့အကောင်းဆုံးဇာတ်ကားဆုတွေရထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ ပရိသတ်နဲ့မစိမ်းနဲ့ Zach Gilford (The Purge:Anarchy) နဲ့ ပြဿနာပေါင်းစုံကြောင့်ပရိသတ်ရှေ့ကအချိန်ကြာကြာကွယ်ပျောက်နေခဲ့ပေမယ့် မကြာခင်ပြန်တွေ့ရတော့မယ့် ငြင်းမရတဲ့အလှရှင် မမ Amber Heardတို့ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...

Shark Night (2011) ⭐IMDB: 4.0/10 (27 k Votes) 🎬 #Horror #Thriller #Action #Adventure 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shark Night 2011 ဇာတ်ကားကတော့ imdb rating 4.0 ကို ရရှိထားတဲ့ thriller အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ၂၀၁၂ Chainsaw Award အတွက် တင်သွင်းခံရတဲ့ movie ဖြစ်တာကြောင့် horror movie စီးရီးမှာတော့ နေရာရတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ David R. Ellis က ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်က အနုပညာသရုပ်ဆောင်ပေါင်း ၂၀ ခန့်က ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ကောလိပ်ကျောင်း သားတစ်စုက ပိတ်ရက်ကို အေးအေးဆေးဆေးဖြတ်သန်းဖို့ဆိုပြီး ရေကန်တွေရှိတဲ့ ကျောင်းရဲ့ အဝေးနေရာကို အပျော်ထွက်လာကြရင်း ငါးမန်း ၊ မိကျောင်း စီးရီးတွေရဲ့ ပုံစံအတိုင်း ငါးမန်းတွေရဲ့ ဒုက္ခပေးမှုကို ဘယ်လို ရင်ဆိုင်ကြရတာပါ။ ဇာတ်လမ်းကို တင်ဆက်ပုံမှာ သရုပ်ဆောင်အများအပြားဟာ တစ်ယောက်ချင်းစီက အံ့သြမင်သက်ရမှုတစ်ခုချင်းစီကို ဖန်တီးတဲ့ပုံစံဖြစ်လို့ တစ်ထေရာကြီးပဲ..ဆိုတာမျိုးတော့ မဖြစ်ပါဘူး။ ဒီလို စိတ်လှုပ်ရှားစရာ တွေမှ အကြိုက်တွေ့ကြသူတွေအတွက်တော့ အေးအေးဆေးဆေးနဲ့ ကြည့်ရှုရဖို့ သင့်လျော်ပါတယ်။ Horror ပရိတ်သတ်တွေကြည့်ရှုဖို့အတွက်ပါပဲ လို့ ညွှန်းဆိုလိုက်ပါတယ်ဗျာ...

Shark Night (2011) ⭐IMDB: 4.0/10 (27 k Votes) 🎬 #Horror #Thriller #Action #Adventure 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shark Night 2011 ဇာတ်ကားကတော့ imdb rating 4.0 ကို ရရှိထားတဲ့ thriller အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ၂၀၁၂ Chainsaw Award အတွက် တင်သွင်းခံရတဲ့ movie ဖြစ်တာကြောင့် horror movie စီးရီးမှာတော့ နေရာရတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ David R. Ellis က ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်က အနုပညာသရုပ်ဆောင်ပေါင်း ၂၀ ခန့်က ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ကောလိပ်ကျောင်း သားတစ်စုက ပိတ်ရက်ကို အေးအေးဆေးဆေးဖြတ်သန်းဖို့ဆိုပြီး ရေကန်တွေရှိတဲ့ ကျောင်းရဲ့ အဝေးနေရာကို အပျော်ထွက်လာကြရင်း ငါးမန်း ၊ မိကျောင်း စီးရီးတွေရဲ့ ပုံစံအတိုင်း ငါးမန်းတွေရဲ့ ဒုက္ခပေးမှုကို ဘယ်လို ရင်ဆိုင်ကြရတာပါ။ ဇာတ်လမ်းကို တင်ဆက်ပုံမှာ သရုပ်ဆောင်အများအပြားဟာ တစ်ယောက်ချင်းစီက အံ့သြမင်သက်ရမှုတစ်ခုချင်းစီကို ဖန်တီးတဲ့ပုံစံဖြစ်လို့ တစ်ထေရာကြီးပဲ..ဆိုတာမျိုးတော့ မဖြစ်ပါဘူး။ ဒီလို စိတ်လှုပ်ရှားစရာ တွေမှ အကြိုက်တွေ့ကြသူတွေအတွက်တော့ အေးအေးဆေးဆေးနဲ့ ကြည့်ရှုရဖို့ သင့်လျော်ပါတယ်။ Horror ပရိတ်သတ်တွေကြည့်ရှုဖို့အတွက်ပါပဲ လို့ ညွှန်းဆိုလိုက်ပါတယ်ဗျာ...

Poison (2023) ⭐IMDB: 6.9/10 (7 k Votes) 🎬 #Comedy #Short 🗓 2023 🎞 short 🌎 #UnitedStates #UnitedStatesofAmerica ⏰ 18 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wes Anderson’s Short Films Event (2023) CompleteWes Anderson’s Short Films Event (2023)  လွန်ခဲ့တဲ့၁၄နှစ်တုန်းက ဝက်စ်အန်ဒါဆန်ဟာ ဗြိတိန်စာရေးဆရာ Roald Dahl ရဲ့ Fantastic Mr. Fox လို့ခေါ်တဲ့ Children’s Novel တစ်ပုဒ်ကို ပြန်ရိုက်ခဲ့ဖူးတယ်။ တော်တော်လည်း ကောင်းခဲ့ပါတယ်။ Roald Dahl ဟာ Children’s Literature ခေါ် ကလေးစာပေနဲ့ နာမည်ကြီးသလို ဇာတ်လမ်းတိုတွေ ကဗျာတွေလည်းရေးခဲ့တဲ့သူဆိုလည်း မမှားဘူး။ Dahl ကို “၂၀ရာစုရဲ့ အကြီးကျယ်ဆုံး ကလေးပုံပြင်ရေးဆရာတွေထဲက တစ်ယောက်” လို့တောင် ဆိုကြတယ်။ Wes Anderson ကလည်း သူ့ကို တော်တော်သဘောကျပုံပါပဲ။ ဒီနှစ်မှာလည်း Dahl ရဲ့ ဇာတ်လမ်းတို ပုံပြင်တိုလေးတွေကိုသုံးပြီး သူလည်း ဇာတ်လမ်းတို လေးပုဒ်ရိုက်ခဲ့တယ်။ ဒီလေးပုဒ်လုံးဟာလည်း မူရင်းစာရေးဆရာကို သစ္စာရှိတဲ့အတွက်ရော၊ ပါဖောမင့်န်ကောင်းတဲ့ သရုပ်ဆောင်တွေကြောင့်ရော၊ ဒါရိုက်တာကောင်းလို့ရော ကောင်းသတင်းတွေချည်း ကြိုင်ခဲ့တယ်။ ဝက်စ်အန်ဒါဆန်ဟာ သိပ်မကြာသေးခင်ကတင် Asteroid City ထွက်ထားတာဆိုတော့ ဒီနှစ်သူ့ကားတွေ တော်တော်ဖောဖောသီသီကြည့်ရတယ်ပြောရမယ်။ ဒီလေးပုဒ်ထဲက တစ်ချို့ဇာတ်လမ်းတွေဆို ဇာတ်လမ်းတိုပေမဲ့ Asteroid City ထက်တောင် ပိုကြည့်ကောင်းပါတယ်။ ဇာတ်လမ်းတိုဆိုပေမဲ့လည်း Ralph Fiennes လို သရုပ်ဆောင်ဆရာကြီးက လေးပုဒ်လုံးမှာပါထားသလို Benedict Cumberbatch တို့၊ Ben Kingsley တို့၊ Dev Patel တို့၊ Rupert Friend တို့လိုလူတွေကိုလည်း ၂ပုဒ်ထည့်သုံးထားတယ်။ မူရင်းဇာတ်လမ်းတွေကိုက လှလှပပနဲ့ အသက်ဝင်နေပြီးသားကို Wes Anderson က ပြန်အသက်သွင်းလိုက်တယ်ဆိုတော့ ဒီဇာတ်လမ်းတွေ ဘယ်လိုလှပကြောင်း ပြောစရာလည်းမလိုတော့ပါဘူး။ The Wonderful Story of Henry Sugar (Runtime: 37 minutes) Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid ~ IMDb – 7.5/10, Rotten Tomatoes – 98% ~ ဒီဇာတ်လမ်းတိုမှာတော့ Benedict Cumberbatch, Ralph Fiennes, Dev Patel နဲ့ Ben Kingsley တို့က ဝင်သရုပ်ဆောင်ထားတယ်။ Benedict ဖန်တွေဆို သူက ဘယ်လိုကာရိုက်တာတွေနဲ့ အံဝင်ခွင်ကျ အသက်ဝင်တတ်လဲ ကောင်းကောင်းသိကြမှာပါ။ များသောအားဖြင့်လည်း Benedict က အဲဒီလိုကာရိုက်တာမျိုးတွေကိုပဲ ရွေးတာများပါတယ်။ ဒီတစ်ခါလည်း သစ္စာမဖောက်ဘူးပြောရမှာပဲ။ သူနဲ့ အံဝင်ခွင်ကျ ကွက်တိကျလွန်းတဲ့ ကာရိုက်တာကိုပဲ ထပ်ရွေးလိုက်ပါတယ်။ ဒီဇာတ်က ဒီလေးပိုင်းထဲ ကျွန်တော်တော့ အကြိုက်ဆုံးဇာတ်ပါပဲ။ အနောက်တိုင်းနဲ့ အိန္ဒိယ သမထားတဲ့ဇာတ်မျိုးပေါ့။ ဒါမျိုးတွေ အရင်ကလည်း သူရိုက်ဖူးပါတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ သူက ဆတ္တရာဂျစ်ရေးဖန်ပဲမို့လား။ ဇာတ်က မျက်လုံးမသုံးဘဲ မြင်ရတဲ့လူတစ်ယောက်ရှိတဲ့အကြောင်းကို လူတစ်ယောက်က မှတ်တမ်းစာအုပ်တစ်အုပ်ထဲ ဖတ်မိရာက ထူးခြားသွားတဲ့အကြောင်းကို စာရေးဆရာတစ်ယောက်က ပြန်ပြောတာကို နားထောင်ရတဲ့ဇာတ်မျိုး။ စားတော့စားတယ်မလား။ ပိုစားတာက ဒါကို Wes Anderson က ပြန်တင်ဆက်သွားတဲ့ပုံစံပဲ။ ကကျိုးကကြောင်နဲ့ကို တင်ဆက်သွားတာပါ။ ရယ်လည်းရယ်ရ စားလည်းစား ဒါပေမဲ့ ဒီလိုတင်ဆက်ပုံက တော်တော်လည်းကြည့်လို့ကောင်းနေပြန်တာပဲ။ အိန္ဒိယက ဂုရုတွေဘာတွေနဲ့ ပဉ္စလက်တွေဘာတွေနဲ့ နောက် ဒီအစွမ်းနဲ့ လူ့အကျိုးဆောင်သွားတဲ့ လူတွေဘာတွေနဲ့ပေါ့။ အကြောင်းအရာမိုက်တယ်… ကြည့်လို့ကောင်းတယ်… ကြည့်ရတာလည်း တော်တော်အရသာရှိတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ခင်ဗျားသာ နက္ခတ္တရောင်ခြည်တို့ သူရဇ္ဇတို့ထဲက ဂမ္ဘီရနှောတဲ့စာတွေကို ဖတ်ရတာအရသာတွေ့ဖူးတဲ့လူဆို ဒီအရသာကို သိလောက်မှာပဲ။ ဒီဇာတ်လမ်းက အဲဒီလိုပဲ။ ယုံရလည်းခက်တယ်။ အရသာလည်းရှိတယ်။ ဒီလိုဇာတ်ပဲ။ အရသာရှိရှိကြည့်ချင်ရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းတိုပါပဲ။The Swan (Runtime: 17 minutes) Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid ~ IMDb – 6.8/10, Rotten Tomatoes – 90% ~   ငန်းရိုင်းတွေ ရေကန်တွေ မိုးမခပင်တွေ ခရိုးထက်ကခြုံတွေ   တိမ်တိုက်တွေ ရထားသံလမ်းတွေနဲ့ သိပ်လှတဲ့ကမ္ဘာကြီးပေါ့။   သူ့ရဲ့ နောက်ကျောဘက်မှာ ရက်စက်ခြင်းတွေလည်း လွင့်နေကြတယ်။   လက်မြောက်အရှုံးပေးကြသူတွေလည်းရှိတယ်။   ဘယ်တော့မှ အရှုံးမပေးခဲ့သူတွေလည်းရှိမယ်။   စစ်အတွင်းမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကာလမှာပဲဖြစ်ဖြစ်   ရေခဲမြစ်တွေဟာ အရည်ပျော်ပြီး ပြန်စီးဆင်းကြရမှာပဲ။   မလာတော့ဘူးထင်ရပေမဲ့ နွေဦးဟာ လာလိမ့်ဦးမယ်။   တစ်စစီပါပဲ… အရှုံးမပေးခဲ့ကြဘူးThe Rat Catcher (Runtime: 17 minutes) Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid ~ IMDb – 6.6/10, Rotten Tomatoes – 100% ~ တစ်စုံတရာကို ကျွမ်းကျင်ခြင်းက တစ်ခါတလေ သက်သေပြရခက်ကောင်းလည်းခက်မယ်။ မတူညီတဲ့အခြေအနေ မတူညီတဲ့အချိန်အခါမှာ လွဲချော်...