fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
The Rat Catcher (2023) ⭐IMDB: 6.6/10 (6 k Votes) 🎬 #Comedy #Short 🗓 2023 🎞 short 🌎 #UnitedStates #UnitedStatesofAmerica ⏰ 18 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wes Anderson’s Short Films Event (2023) CompleteWes Anderson’s Short Films Event (2023)  လွန်ခဲ့တဲ့၁၄နှစ်တုန်းက ဝက်စ်အန်ဒါဆန်ဟာ ဗြိတိန်စာရေးဆရာ Roald Dahl ရဲ့ Fantastic Mr. Fox လို့ခေါ်တဲ့ Children’s Novel တစ်ပုဒ်ကို ပြန်ရိုက်ခဲ့ဖူးတယ်။ တော်တော်လည်း ကောင်းခဲ့ပါတယ်။ Roald Dahl ဟာ Children’s Literature ခေါ် ကလေးစာပေနဲ့ နာမည်ကြီးသလို ဇာတ်လမ်းတိုတွေ ကဗျာတွေလည်းရေးခဲ့တဲ့သူဆိုလည်း မမှားဘူး။ Dahl ကို “၂၀ရာစုရဲ့ အကြီးကျယ်ဆုံး ကလေးပုံပြင်ရေးဆရာတွေထဲက တစ်ယောက်” လို့တောင် ဆိုကြတယ်။ Wes Anderson ကလည်း သူ့ကို တော်တော်သဘောကျပုံပါပဲ။ ဒီနှစ်မှာလည်း Dahl ရဲ့ ဇာတ်လမ်းတို ပုံပြင်တိုလေးတွေကိုသုံးပြီး သူလည်း ဇာတ်လမ်းတို လေးပုဒ်ရိုက်ခဲ့တယ်။ ဒီလေးပုဒ်လုံးဟာလည်း မူရင်းစာရေးဆရာကို သစ္စာရှိတဲ့အတွက်ရော၊ ပါဖောမင့်န်ကောင်းတဲ့ သရုပ်ဆောင်တွေကြောင့်ရော၊ ဒါရိုက်တာကောင်းလို့ရော ကောင်းသတင်းတွေချည်း ကြိုင်ခဲ့တယ်။ ဝက်စ်အန်ဒါဆန်ဟာ သိပ်မကြာသေးခင်ကတင် Asteroid City ထွက်ထားတာဆိုတော့ ဒီနှစ်သူ့ကားတွေ တော်တော်ဖောဖောသီသီကြည့်ရတယ်ပြောရမယ်။ ဒီလေးပုဒ်ထဲက တစ်ချို့ဇာတ်လမ်းတွေဆို ဇာတ်လမ်းတိုပေမဲ့ Asteroid City ထက်တောင် ပိုကြည့်ကောင်းပါတယ်။ ဇာတ်လမ်းတိုဆိုပေမဲ့လည်း Ralph Fiennes လို သရုပ်ဆောင်ဆရာကြီးက လေးပုဒ်လုံးမှာပါထားသလို Benedict Cumberbatch တို့၊ Ben Kingsley တို့၊ Dev Patel တို့၊ Rupert Friend တို့လိုလူတွေကိုလည်း ၂ပုဒ်ထည့်သုံးထားတယ်။ မူရင်းဇာတ်လမ်းတွေကိုက လှလှပပနဲ့ အသက်ဝင်နေပြီးသားကို Wes Anderson က ပြန်အသက်သွင်းလိုက်တယ်ဆိုတော့ ဒီဇာတ်လမ်းတွေ ဘယ်လိုလှပကြောင်း ပြောစရာလည်းမလိုတော့ပါဘူး။ The Wonderful Story of Henry Sugar (Runtime: 37 minutes) Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid ~ IMDb – 7.5/10, Rotten Tomatoes – 98% ~ ဒီဇာတ်လမ်းတိုမှာတော့ Benedict Cumberbatch, Ralph Fiennes, Dev Patel နဲ့ Ben Kingsley တို့က ဝင်သရုပ်ဆောင်ထားတယ်။ Benedict ဖန်တွေဆို သူက ဘယ်လိုကာရိုက်တာတွေနဲ့ အံဝင်ခွင်ကျ အသက်ဝင်တတ်လဲ ကောင်းကောင်းသိကြမှာပါ။ များသောအားဖြင့်လည်း Benedict က အဲဒီလိုကာရိုက်တာမျိုးတွေကိုပဲ ရွေးတာများပါတယ်။ ဒီတစ်ခါလည်း သစ္စာမဖောက်ဘူးပြောရမှာပဲ။ သူနဲ့ အံဝင်ခွင်ကျ ကွက်တိကျလွန်းတဲ့ ကာရိုက်တာကိုပဲ ထပ်ရွေးလိုက်ပါတယ်။ ဒီဇာတ်က ဒီလေးပိုင်းထဲ ကျွန်တော်တော့ အကြိုက်ဆုံးဇာတ်ပါပဲ။ အနောက်တိုင်းနဲ့ အိန္ဒိယ သမထားတဲ့ဇာတ်မျိုးပေါ့။ ဒါမျိုးတွေ အရင်ကလည်း သူရိုက်ဖူးပါတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ သူက ဆတ္တရာဂျစ်ရေးဖန်ပဲမို့လား။ ဇာတ်က မျက်လုံးမသုံးဘဲ မြင်ရတဲ့လူတစ်ယောက်ရှိတဲ့အကြောင်းကို လူတစ်ယောက်က မှတ်တမ်းစာအုပ်တစ်အုပ်ထဲ ဖတ်မိရာက ထူးခြားသွားတဲ့အကြောင်းကို စာရေးဆရာတစ်ယောက်က ပြန်ပြောတာကို နားထောင်ရတဲ့ဇာတ်မျိုး။ စားတော့စားတယ်မလား။ ပိုစားတာက ဒါကို Wes Anderson က ပြန်တင်ဆက်သွားတဲ့ပုံစံပဲ။ ကကျိုးကကြောင်နဲ့ကို တင်ဆက်သွားတာပါ။ ရယ်လည်းရယ်ရ စားလည်းစား ဒါပေမဲ့ ဒီလိုတင်ဆက်ပုံက တော်တော်လည်းကြည့်လို့ကောင်းနေပြန်တာပဲ။ အိန္ဒိယက ဂုရုတွေဘာတွေနဲ့ ပဉ္စလက်တွေဘာတွေနဲ့ နောက် ဒီအစွမ်းနဲ့ လူ့အကျိုးဆောင်သွားတဲ့ လူတွေဘာတွေနဲ့ပေါ့။ အကြောင်းအရာမိုက်တယ်… ကြည့်လို့ကောင်းတယ်… ကြည့်ရတာလည်း တော်တော်အရသာရှိတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ခင်ဗျားသာ နက္ခတ္တရောင်ခြည်တို့ သူရဇ္ဇတို့ထဲက ဂမ္ဘီရနှောတဲ့စာတွေကို ဖတ်ရတာအရသာတွေ့ဖူးတဲ့လူဆို ဒီအရသာကို သိလောက်မှာပဲ။ ဒီဇာတ်လမ်းက အဲဒီလိုပဲ။ ယုံရလည်းခက်တယ်။ အရသာလည်းရှိတယ်။ ဒီလိုဇာတ်ပဲ။ အရသာရှိရှိကြည့်ချင်ရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းတိုပါပဲ။The Swan (Runtime: 17 minutes) Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid ~ IMDb – 6.8/10, Rotten Tomatoes – 90% ~   ငန်းရိုင်းတွေ ရေကန်တွေ မိုးမခပင်တွေ ခရိုးထက်ကခြုံတွေ   တိမ်တိုက်တွေ ရထားသံလမ်းတွေနဲ့ သိပ်လှတဲ့ကမ္ဘာကြီးပေါ့။   သူ့ရဲ့ နောက်ကျောဘက်မှာ ရက်စက်ခြင်းတွေလည်း လွင့်နေကြတယ်။   လက်မြောက်အရှုံးပေးကြသူတွေလည်းရှိတယ်။   ဘယ်တော့မှ အရှုံးမပေးခဲ့သူတွေလည်းရှိမယ်။   စစ်အတွင်းမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကာလမှာပဲဖြစ်ဖြစ်   ရေခဲမြစ်တွေဟာ အရည်ပျော်ပြီး ပြန်စီးဆင်းကြရမှာပဲ။   မလာတော့ဘူးထင်ရပေမဲ့ နွေဦးဟာ လာလိမ့်ဦးမယ်။   တစ်စစီပါပဲ… အရှုံးမပေးခဲ့ကြဘူးThe Rat Catcher (Runtime: 17 minutes) Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid ~ IMDb – 6.6/10, Rotten Tomatoes – 100% ~ တစ်စုံတရာကို ကျွမ်းကျင်ခြင်းက တစ်ခါတလေ သက်သေပြရခက်ကောင်းလည်းခက်မယ်။ မတူညီတဲ့အခြေအနေ မတူညီတဲ့အချိန်အခါမှာ...

Villain (2020) ⭐IMDB: 5.9/10 (4 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2020 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 38 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Villain (2020)===========IMDb Rating – 5.9/10 အက်ဒီဖရန့်ခ်ဟာ ဆယ်နှစ်ကျော်ထောင်ဒဏ်ကျခံပြီးလွတ်မြောက်ကာစဖြစ်ပါတယ်။ သူဖွင့်ထားခဲ့တဲ့အရက်ဆိုင်ကို သူ့ညီက ဦးစီးနေပြီး ဆိုင်အခြေအနေကိုကြည့်ရတာ အားရစရာမရှိလှပါဘူး။ အက်ဒီဟာ တစ်ချိန်က ဆိုးခဲ့မိုက်ခဲ့တဲ့အတွက် သူ့သမီးက သူ့ကိုအဆက်အဆံမလုပ်သလို အတူနေ သူ့ညီနဲ့လည်း အစေးမကပ်ပါဘူး။ ဒါပေမယ့်လည်း ထောင်ထဲမှာ အကျွတ်တရားရခဲ့ပုံရခဲ့တဲ့အတွက် ဘဝကိုပြန်လည်ကောင်းမွန်အောင်တည်ဆောက်ဖို့ကြိုးစားရင်း သူ့ဆိုင်ကိုလည်း အကောင်းဆုံးဖြစ်အောင်ပြန်လည်ပြင်ဆင်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေသခံဂန်းစတားခေါင်းဆောင်တွေဖြစ်တဲ့ ရွိုင်းနဲ့ ဂျွန်ဆိုတဲ့လူဆိုးနှစ်ယောက် သူနဲ့လာတွေ့ပြီး သူထောင်ကျနေချိန် သူ့ညီရှုပ်ခဲ့တဲ့ဇယားတွေကြောင့်သူတို့ဆီကို ငွေပမာဏအများကြီးအကြွေးတင်နေတာကိုသိရတဲ့အချိန်မှာဒီပြဿနာတွေကို အက်ဒီခေါင်းခံဖြေရှင်းဖို့ဖြစ်လာပါတယ်။ အဲ့ဒီလိုဖြေရှင်းဖို့အတွက်တော့ သူစွန့်လွှတ်ခဲ့ပြီးသား ဒုစရိုက်လမ်းကိုပြန်ရွေးဖို့တစ်နည်းသာရှိပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...

Ikaw lang ang mahal (2022) ⭐IMDB: 6.0/10 (391 Votes) 🎬 #Adult #Drama #Romance 🗓 2022 🎞 movie 🌎 #Philippines ⏰ 1 နာရီ 51 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ikaw Lang Ang Mahal (2022) မှတ်တမ်းရုပ်ရှင် ရိုက်တဲ့ ဒါရိုက်တာပေါက်စတစ်ယောက်… အနားယူသွားတဲ့ နာမည်ကြီး ဒါရိုက်တာကြီး သုံးယောက်ကို အင်တာဗျူးဖို့ နယ်မြို့လေးတစ်မြို့ကိုရောက်လာတယ်။ တည်းခိုခန်းကို ရောက်တဲ့ညမှာပဲ အဲဒီကိုအရင်ရောက်နှင့်နေတဲ့ ဒါရိုက်တာ ပေါက်စမလေးတစ်ယောက်နဲ့ ဘုတယ်။ နောက်နေ့ အင်တာဗျူးသွားရင်း အဲဒီဒါရိုက်တာရဲ့ တူမနဲ့ စာရေးဆရာမနဲ့ တွေ့တယ်။ ကြိုက်သွားတယ်။ နောက်နေ့ပါတီလုပ်ပြီး ပစ္စည်းသိမ်းရင်း ဘုတယ်။ ဒါရိုက်တာမကြီး ပန်းချီဆရာမကို သွားအင်တာဗျူးရင်း ဘုတယ်။ ဇာတ်လမ်းကတော့ အဲဒီလိုပဲ။ အတော်လေးကို အားပါးတရရှိလွန်းလှပါတယ်။ ဖိလစ်ပိုင်သူလေးတွေရဲ့ အလှအပကို စပယ်ရှယ်ခံစားရင်း ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်)...

House of Dolls (2023) ⭐IMDB: 4.5/10 (79 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခြောက်ခြားဖို့ကောင်းတဲ့ အရုပ်မအိမ် လူသတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင် introမှာ လူ၂ယောက်ကို ရက်ရက်စက်စက် သတ်ပြသွားတာနဲ့ အစပျိုးထားပါတယ်။ ဇာတ်လမ်း အစကနေ အဆုံးထိ ရှယ်ကိုသတ်တာဆိုတော့ Horrorကြိုက်တဲ့လူတွေအတွက် ဇာတ်ကားကောင်းဖြစ်မှာ သေချာပါတယ်။ ပြဿနာ အကြီးကြီးဖြစ်ထားကြလို့ ဖအေတူ မအေကွဲ ညီအစ်မ ၃ယောက်ဖြစ်တဲ့ ချာလီ၊ ချားလော့၊ ဒိုင်ယာနာတို့က မခေါ်မပြောဘဲ နေနေကြပါတယ်။ တစ်နေ့မှာ သူတို့၃ယောက်ရဲ့အဖေဖြစ်သူ ဆုံးပါးသွားလို့ သူတို့၃ယောက် ပြန်လည်ဆုံတွေ့ရဖို့အကြောင်းဖန်လာပါတော့တယ်။ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သမီး၃ယောက်ကို ပေါင်းစည်းပေးဖို့အတွက် အမွေပစ္စည်းတွေကို ပေးဖို့ဆိုပြီး အရုပ်မအိမ်ကို ညီအစ်မ၃ယောက်ကို ခေါ်လာခဲ့ပါတယ်။ အရုပ်မအိမ်လို့ခေါ်ရတဲ့အကြောင်းရင်းက အိမ်ကြီးကို ကလေးတွေဆော့တဲ့ အရုပ်အိမ်လိုမျိုး တည်ဆောက်ထားလို့ပါ။ ဒီအိမ်ကြီးထဲမှာ အမွေပစ္စည်းဥစ္စာတွေကို ရှာဖွေရင်း မထင်မှတ်ထားတဲ့အရာတွေဖြစ်လာတဲ့အခါမှာတော့ …… အညွှန်းနဲ့ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။...

Kama Sutra: A Tale of Love (1996) ⭐TMDB: 57.0% User Score 🎬 #Bollywood #Crime #Drama #History #Romance 🗓 1996 🎞 movie 🌎 #India #UnitedKingdom #Japan #Germany #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သောက်စားပျော်ပါးပြီး တိုင်းရေးပြည်ရေးကိုဂရုမထားတဲ့ ဘုရင်တပါးရယ် ကာမစူတြာ လို့ခေါ်တဲ့ ကျမ်းကြီးတစ်ကျမ်းရယ်…. ကာမစူတြာဆိုတဲ့ နာမည်ကျော် ကျမ်းကြီးတစ်အုပ်အဲဒီကျမ်းကြီးက အချစ်နဲ့ပက်သက်လာရင် လူတယောက်ရဲ့သဘောမနောချစ်နည်းချစ်ဟန် စသည့် ပညာတွေပေးတဲ့စာအုပ်ဖြစ်ပါတယ် တာရာ ကတော့ မဟာသွေးမဟာနွယ်တစ်ယောက်ဖြစ်ပြီး ကာမစူတြာကျမ်းကြီးကိုသင်ခွင့်ရသူဖြစ်ပါတယ်သူ့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ အစေခံမလေးတစ်ယောင်ရှိပါတယ် သူ့နာမည်က မာယာ မာယာက ကာမစူတြာကို သင်ချင်ပေမဲ့သင်ခွင့်မရပါဘူး တနေ့ အဆိုပါဘုရင်နဲ့ တာရာ လက်ထပ်ဖို့အကြောင်းရှိလာပါတယ်ငယ်ငယ်ကတည်းက အပြိုင်ဆိုင်အားကြီးတဲ့ တာရာနဲ့ မာယာနှစ်ယောက်လုံးက ညှို့အားကောင်းပြီး တခမ်းတနားတွေနဲ့DS fans တွေ အကြိုက်သေချာတာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်...

Deliver Us (2023) ⭐IMDB: 4.7/10 (557 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #Estonia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Deliver Us (2023) “Deliver Us” ဆိုတဲ့ ခေါင်းစဉ်အတိုင်း ဒီဇာတ်ကားက ကလေးနှစ်ယောက်ကို မီးဖွားပေးတဲ့နေရာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ခရစ်ယာန်သမ္မာကျမ်းစာထဲမှာ “ယေရှုခရစ်တော်” က ယောင်္ကျားနဲ့မိန်းမ ပေါင်းဖက်ခြင်းကမဟုတ်ဘဲ ဘုရားသခင်ရဲ့တန်ခိုးတော်အားဖြင့် အပျိုစင်ကညာတစ်ဦးဖြစ်တဲ့ “မာရိ” ထံကနေ လူ့ဇာတိခံခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်က သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းထဲမှာဆိုရင် ဒီကမ္ဘာပေါ်ကို ယေရှုခရစ်တော် နောက်တစ်ဖန်ပြန်ကြွလာမယ်လို့ ပရောဖက်ပြုထားပါတယ်။ ဒါပေမဲ့ အဲဒီကာလမတိုင်ခင်မှာပဲ “အန္တိခရစ်” ဆိုတဲ့ ခရစ်တော်ကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တစ်ဦးက ကမ္ဘာပေါ်မှာအရင်မွေးဖွားလာပြီး လူသားတွေကို လှည့်စားမှုပေါင်းများစွာနဲ့ အုပ်စိုးမှာပဲဖြစ်ပါတယ်။ အခုဇာတ်ကားထဲမှာတော့ သမားရိုးကျစိတ်ကူးယဉ်ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခရစ်ယာန်သမ္မာကျမ်းစာထဲက အကြောင်းအရာတွေအပေါ်ကိုအခြေခံပြီးတော့ ဆင့်ကဲကွန့်မြူးပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ရပ်ဝေးဒေသတစ်ခုမှာရှိတဲ့ သီလရှင်စစ္စတာတစ်ယောက်ကနေပြီးတော့ သံဝါသမပြုဘဲ ကိုယ်ဝန်လွယ်ထားရပါတယ်လို့ သတင်းထွက်လာပါတယ်။ ဒီကိစ္စက ကျမ်းစာထဲမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စ သမိုင်းတစ်ကျော့ပြန်လာတာလားဆိုတာကို ဟုတ်မဟုတ်အတည်ပြုဖို့အတွက် ဗာတီကန်ကနေ ဘာသာဗေဒပညာရှင် ခရစ်ယာန်ဘုန်းကြီးတွေကိုစေလွှတ်လိုက်ပါတယ်။ တကယ်ကတော့ စစ္စတာယူလီယာက ကလေးတစ်ယောက်မဟုတ်ဘဲ ကလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရတာပါ။ သူကနေပြီးတော့ လာရောက်အတည်ပြုတဲ့ဘုန်းကြီးတွေကို သူ့ခေါင်းထဲကနေ ရူပါရုံတွေရနေတယ် ကလေးတွေရဲ့စကားပြောနေသံကိုလည်းကြားရပါတယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကြောင့် ဘုန်းကြီးတွေက သူပြောတဲ့အကြောင်းအရာနဲ့ ရှေးဟောင်းကျမ်းတွေကို တိုက်စစ်ကြည့်လိုက်တဲ့အချိန်မှာ ကျမ်းတွေအရဆိုရင် ယူလီယာလွယ်ထားရတဲ့ကလေးတစ်ယောက်ဟာ သံဝါသမပြုဘဲရလာတဲ့ “မေရှိယ – လူတွေကိုအပြစ်ကနေ ကယ်ချွတ်မည့်လူ” လို့ ပရောဖက်ပြုထားတဲ့ကလေးနဲ့ လူလူချင်းပေါင်းသင်းဆက်ဆံပြီးမှရလာတဲ့ “သားရဲ” ဆိုတဲ့ လူတွေကို အနုနည်းနဲ့ အုပ်စိုးမယ့်အန္တိခရစ်ရဲ့အပေါင်းအပါဖြစ်တယ်ဆိုတာကို သိသွားကြပါတယ်။ ဒီလိုနဲ့ပဲ ဘုန်းကြီးတွေဟာ ယူလီယာကိုမေ့ဆေးပေးပြီး ကလေးကိုမမွေးပေးဘဲ ဆေးထိုးပြီးဖျက်ချဖို့ ကြိုးစားပါတော့တယ်။ အဲဒီအချိန်ကစပြီးတော့ အနိဌာရုံတွေတစ်ခုပြီးတစ်ခု စဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ကလေးနှစ်ယောက်လုံးမွေးနိုင်ခဲ့လား… ကလေးတွေကရော နောက်ဆုံးကျဘယ်လိုဖြစ်သွားမှာလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာစိတ်ဝင်တစားကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

The Great Indian Suicide (2023) ⭐IMDB: 7.0/10 (24 Votes) 🎬 #Bollywood #Horror #Thriller #Uncategorized #Mystery #Crime 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 31 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Great India Suicide (2023)========================= ဒီဇာတ်လမ်းကတော့ ၂၀၂၁ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မိဘတွေကိုယ်တိုင်က ကိုယ့်သွေးသားအရင်းအချာတွေကိုသတ်ပစ်ခဲ့တဲ့မဒန်နပယ်လ်လီ အမွှာ လူသတ်မှုကို အခြေခံပြီးတော့ ရိုက်ကူးထားတဲ့ IMDb 7.1/10 ရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ဟဲမာန်သာဆိုတဲ့ကောင်လေးဟာ ပိုက်ဆံရှာနိုင်ဖို့အတွက် ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။သူဖွင့်ထားတဲ့ကော်ဖီဆိုင်လေးကို ကွတ်ကီးရောင်းဖို့ လာစပ်တဲ့ ကောင်မလေးချယ်တရာနဲ့ တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာတော့ ကောင်လေးဟာကောင်မလေးရဲ့ အတွေးအခေါ်တွေကို သဘောကျရင်းကနေမှ ချစ်မိသွားခဲ့ပါတယ်။ သူ့အချစ်တွေကို ဖွင့်ပြောလိုက်တဲ့နောက်ပိုင်းမှာတော့ကောင်မလေးဟာ ကောင်လေးကို ချစ်ရက်နဲ့ သူ့ရဲ့မိသားစုကိစ္စရေးရာကြောင့် ကောင်လေးအချစ်ကို ချက်ချင်းလက်မခံခဲ့ပေမဲ့လို့ကောင်လေးကိုချစ်မိသွားတဲ့အတွက်နဲ့ သူ့ရဲ့ မိသားစုကိစ္စတွေကို ကောင်လေးကို ထုတ်ဖော်ပြောခဲ့ပါတယ်။ အဲဒီကိစ္စကတော့ ချယ်တရာရဲ့ ကျေးဇူးရှင်ဦးလေးဖြစ်သူဟာ လွန်ခဲ့တဲ့နှစ်နှစ်က ကားမီးလောင်ရာကနေ သေဆုံးသွားခဲ့ရပါတယ်။ချယ်တရာဟာ သူ့ရဲ့ ကျေးဇူးရှင်တဖြစ် ဦးလေးဖြစ်တဲ့သူရဲ့ သေဆုံးမှုအတွက် ယူကြုံးမရဖြစ်ခဲ့ရပြီးတော့ ဦးလေးအတွက်လုပ်ပေးနိုင်မယ့်အကောင်းဆုံးနည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ နောက်ဆုံးတွေ့ရှိခဲ့တဲ့ နည်းလမ်းအရ ဦးလေးဖြစ်သူကိုပြန်လည်ရှင်သန်လာနိုင်ဖို့အတွက် သူတို့တစ်မိသားစုလုံးရဲ့ အသက်ကိုစတေးပြီးတော့ ဦးလေးအတွက် ဆုတောင်းမှုလုပ်မယ့်နည်းလမ်းပါ။ ဒီနည်းလမ်းအတိုင်းလုပ်မယ်ဆိုရင် ဦးလေးဖြစ်သူလည်း အသက်ပြန်ရှင်လာပြီး သူတို့မိသားစုလည်း သေဆုံးခြင်းကို အံ့တုလို့ ပြန်ရှင်လာကြမယ်လို့ ထင်နေပါတယ်။ဒီလိုအကြောင်းတွေကိုကြားပြီးတဲ့နောက်ပိုင်းမှာ ဟဲမာန်သာဟာ သူချစ်တဲ့ချယ်တရာကို မဆုံးရှုံးချင်တဲ့အတွက်ကြောင့်နဲ့ တတ်သိနားလည်တဲ့သူတွေနဲ့ဆွေးနွေးတိုင်ပင်ရင်း ချယ်တရာ့ကို တားနိုင်ပါ့မလား …….. ချယ်တရာကရော ဒီအသက်တွေစတေးတဲ့ကိစ္စကို ဖြစ်မြောက်အောင်လုပ်နိုင်သွားမလား ……..လုပ်နိုင်ခဲ့တယ်ဆိုရင်ရော သူတို့မှန်းထားသလိုမျိုး ဦးလေးဖြစ်သူကို ပြန်ပြီးအသက်သွင်းပေးနိုင်မလား …….ဆိုတဲ့အကြောင်းတွေကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~Dee~Alex~Sai တို့ပဲဖြစ်ပါတယ်) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

10 Truths About Love (2022) ⭐IMDB: 6.0/10 (405 Votes) 🎬 #Comedy #Romance #TVMovie #Drama 🗓 2022 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 31 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကရီနာဟာ စာပေတိုက်တစ်ခုရဲ့ အချစ်သရုပ်ဖော်ကဏ္ဍအပိုင်းကို တစ်ယောက်တည်း တာဝန်ယူထားတဲ့ ကလောင်စွမ်းထက်တဲ့ စာရေးဆရာမတစ်ဦးပါ။ နှလုံးသားရေးရာကို အဓိကထားရေးတဲ့စာရေးဆရာမဖြစ်တာကြောင့် သူမဟာ အချစ်ရေးမှာ သူမကိုယ်သူမ ယုံကြည်ချက်အပြည့်ရှိတဲ့သူဖြစ်ပြီး လက်ရှိမှာလည်း တွမ်ဆိုတဲ့ ခပ်ချောချောကောင်လေးနဲ့ တွဲလာတာ ငါးနှစ်တောင်ရှိခဲ့ပါပြီ။ တနေ့မှာတော့ ကြော်ငြာရီဗျူးတွေရေးတဲ့ လီယမ်ဆိုတဲ့လူဟာ သူတို့ရုံးကို အလုပ်ဝင်လာခဲ့ပါတယ်။ ကရီနာဟာ မြင်မြင်ကတည်းက သူ့ကို ကြည့်မရတဲ့ကြားက အထက်လူကြီးက လီယမ်ကို သူ့ကဏ္ဍမှာ နေရာချပေးလိုက်ပါတော့တယ်။ အလုပ်မှာ စိတ်ညစ်ရတဲ့ကြားက ငါးနှစ်တောင် တွဲလာတဲ့ သူ့ကောင်လေးတွမ်က သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် လမ်းခွဲသွားပါတော့တယ်။ အချစ်ရေးမှာ ယုံကြည်ချက်ရှိလှပါတယ်ဆိုတဲ့ သူမဟာ ကောင်လေးက လမ်းခွဲသွားတော့ ယုံကြည်ချက်တွေ ပျောက်ဆုံးသွားပါတော့တယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ လီယမ်က သူမကို တွမ်နဲ့ပြန်အဆင်ပြေအောင် ကူညီပေးမယ်ဆိုပြီးတော့ ပြောလာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဌာနရဲ့အလုပ်တွေရော တွမ်ကို ပြန်ရဖို့ရော အတူတူကြိုးစားကြရာကနေ ရင်းနှီးလာကြပြီး သံယောဇဉ်တွယ်လာကြပါတော့တယ်။ တွမ်ဘက်က ဖြစ်ပေါ်လာတဲ့ခံစားချက်ကို သေချာသိပေမယ့် ကရီနာခမျာမှာတော့ တွမ်နဲ့ သူနဲ့ကြားမှာ စိတ်တွေရှုပ်ထွေးပြီး ဝေခွဲမရဖြစ်နေပါတော့တယ်။ ဒီတော့ ကရီနာအနေနဲ့ တွမ်နဲ့ပဲ ပြန်ပေါင်းထုပ်သွားမလား လီယမ့်ရဲ့အချစ်တွေကို မြင်နိုင်သွားမလားဆိုတာက ကြည်နူးစွာ စောင်ကိုက်ပြီးကြည့်ရမှာပါ။ Romance Comedy ဖြစ်တဲ့အတွက် အိပ်ရာထဲမှာ ကော်ဖီလေးတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် ဇာတ်လမ်းအမျိုးအစားလေးပါ။ IMDb မှာ Rating 6/10 ရထားပြီးတော့ 2022 မှ ပူပူနွေးနွေးထွက်ရှိထားတာဖြစ်တဲ့အတွက် ကြည့်ရှုလိုက်ကြပါဦးနော်။...

Chloe and Theo (2015) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Comedy #Drama 🗓 2015 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Chloe and Theo (2015)================ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဝင်ရိုးစွန်းကရေခဲတောင်တွေအရည်ပျော်ကျလာမှုနဲ့အတူ အဲ့ဒီဘက်ပိုင်းမှာနေထိုင်တဲ့ အက်စကီးမိုးတွေရဲ့ နေ့စဉ်ဘဝကိုခြိမ်းခြောက်စပြုလာတဲ့နောက် သူတို့ဆီက အကြီးအကဲတွေဟာ သူတို့ထဲကမှလူရည်လည်၊အင်္ဂလိပ်စကားတတ်တဲ့ သီယိုကို ရွေးချယ်ပြီး သူတို့ပြောချင်တဲ့သတင်းစကားပါးဖို့အတွက် နယူးယောက်မြို့ကိုစေလွှတ်ခဲ့ပါတယ်။ မြို့တော်ကြီးမှာ သီယိုတစ်ယောက်တည်းယောင်ချာချာဖြစ်နေတုန်း ကလိုဝီဆိုတဲ့ အိမ်ခြေယာမဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးနောက် ကလိုဝီရဲ့အတူနေမိတ်ဆွေတွေရဲ့ ကူညီမှု အားပေးမှုတွေနဲ့ ဝင်ရိုးစွန်းက အမှာစကားကိုကမ္ဘာကုလသမဂ္ဂနဲ့တကွ လူအများဆီကိုသတင်းပါးဖို့ အားထုတ်ကြပုံတွေကိုရှုမြင်ရမှာဖြစ်ပါတယ်။ ကလိုဝီအဖြစ် Dakota Johnson နဲ့ သီယိုအဖြစ်ပါဝင်ထားသူကတော့ ပြင်ပမှာလည်း ရာသီဥတုပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး လူတွေ awareness ရအောင်လုပ်ဆောင်နေတဲ့ Theo Ikummaq ကိုယ်တိုင်ပါပဲ။ ဒီရုပ်ရှင်ဟာလည်း သူ့ကြိုးစားမှုတွေ အားထုတ်မှုတွေကိုအခြေခံထားတာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...

Secret Campus (2023- ) ⭐IMDB: 7.2/10 (38 Votes) 🎬 #Drama 🗓 2023- 🎞 tv series 🌎 #Philippines ⏰ 43 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 [18+] Secret Campus (2023) CompleteSecret Campus (2023) Mini Series  စောင့်မျှော်နေကြတဲ့ Azi Acosta လေးရဲ့ဇာတ်လမ်းတွဲအသစ်လာပါပြီ။ High (School) On Sex အပြီးမှာ ထွက်ရှိလာခဲ့တဲ့ ကျောင်းနောက်ခံဇာတ်လမ်းတွဲဖြစ်ပေမဲ့ ပေါ့ပေါ့ပါးပါးဟာသကားတော့မဟုတ်ပါဘူး။ အထက်တန်းကျောင်းနဲ့ ကောလိပ်ကျောင်းသူကျောင်းသားတွေရဲ့ ကျောင်းဝင်းထဲမှာ တီးတိုးပြောလေ့ရှိတဲ့ ဇာတ်လမ်းတွေ အမှောင်ဆုံးလျှို့ဝှက်ချက်တွေနဲ့ပတ်သက်ပြီး Anthology ပုံစံနဲ့တင်ဆက်သွားမှာဖြစ်ပါတယ်။ Azi Acosta အပြင် Pantaxa Laiya ပြိုင်ပွဲဝင်နှစ်ယောက်ဖြစ်တဲ့ Angelica Hart နဲ့ Armina Alegre တို့နဲ့အတူ တစ်ခြား Vivamax မင်းသမီးလေးတွေလည်း ပါဝင်အားဖြည့်ထားတဲ့အတွက် ကြည့်ကောင်းဦးမယ့်ဇာတ်လမ်းတွဲတစ်ခုပဲဖြစ်ပါတယ်။ ကြည့်ရှူခံစားလိုက်ကြပါဦး။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ALS ပဲဖြစ်ပါတယ်)...

Totally Killer (2023) ⭐IMDB: 6.8/10 (5 k Votes) 🎬 #Comedy #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Totally Killer (2023) ~ IMDb – 6.8/10, Rotten Tomatoes – 85% ~ ဒီကားလေးက‌တော့ ဒီရက်ပိုင်းမှ ပူပူနွေးနွေးထွက်ရှိလာတဲ့ ‌ဟာသဟော်ရာအမျိုးအစားလေးပါ။ Scream တို့၊ “Happy Death Day”တို့ကြည့်ရတဲ့ Vibe မျိုးပြန်ခံစားကြည့်ချင်ရင် ဒီကားက သေချာပေါက်အလွတ်မခံသင့်တဲ့ကားပါပဲ။ Castတွေအနေနဲ့ ဆိုရင်လည်း “Chilling Adventures of Sabrina” ရဲ့ Kiernan Shipka, “Marvel’s Cloak & Dagger” ရဲ့ Olivia Holt တို့က အဓိက Cast တွေအနေနဲ့ပါ၀င်ပြီး Randall Park နဲ့ Lochlyn Munro တို့လို ထင်ရှားတဲ့သူတွေလည်း ပါ၀င်ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗာနွန်ဆိုတဲ့မြို့ငယ်လေးက (၁၉၈၇)ခုနှစ် ဟောလိုး၀င်းရာသီမှာ ၁၆နှစ်အရွယ် ကောင်မလေးသုံးယောက် အသတ်ခံရလိုက်ပြီးနောက်ပိုင်း ကျီးလန့်စာစားနေနေရပါတယ်။ အဲဒါပြီးနောက်မှာတော့ လူသတ်သမားကငြိမ်နေပေမဲ့ နောက် ၃၅ နှစ်အကြာမှာ ဂျေမီရဲ့အမေကိုသတ်သွားပြီး ဂျေမီရဲ့နောက်ကိုပါ လိုက်လာတဲ့အချိန်မှာ ထူးဆန်းတာတွေဖြစ်ပြီး ဂျေမီတစ်ယောက် လူသတ်မှုတွေမတိုင်ခင် (၁၉၈၇) ခုနှစ်ကိုပြန်ရောက်သွားခဲ့ပါတယ်။ အဲဒီမှာပြန်တွေ့တဲ့ မိခင်ဖြစ်သူနဲ့အတူ လူသတ်မှုရဲ့နောက်ကွယ်က တရားခံကို ဘယ်လိုရှာဖွေမလဲ လူသတ်မှုကိုဘယ်လိုတားဆီးမလဲဆိုတာ ဟာသလေးစွက်ပြီးတင်ဆက်ထားတဲ့ ကားကောင်းတစ်ကားမို့လို့ အားလုံးပဲ ပိတ်ရက်မှာ ကြည့်ရှုအပန်းဖြေလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

The Lover in the Attic: A True Story (2018) ⭐IMDB: 5.3/10 (278 Votes) 🎬 #Drama #Romance #Thriller #TVMovie #History 🗓 2018 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Lover in the Attic: A True Story (2018) ” မိသားစုနှင့် အတူကြည့်ရှုရန်မသင့်တော်သောအခန်းများ ပါရှိပါသည် “ ဒီကားကတော့ ၁၉၂၀ပြည့်နှစ်များအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ နာမည်ကြီး တကယ့်ဖြစ်ရပ်မှန်အကြောင်းအရာအပေါ် အခြေခံထားတဲ့ မိသားစုတစ်စုအတွင်းက အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ လူသတ်မှုတို့ကို ရင်ဖိုဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းလေးဖြစ်ပြီး Rating တွေအနေနဲ့ကတော့ IMDb – 5.3/ 10 / Rotten Tomatoes – 60% အသီးသီးရရှိထားပါတယ်။ ညှို့ဓာတ်ပြင်းတဲ့ ‌ဒေါ်လီတစ်ယောက်ဟာ အထည်အလိပ်စီးပွားရေးလုပ်ငန်းရှင်ကြီး ဖရဒ်အော်စရစ်နဲ့လက်ထပ်ထားပါလျက်နဲ့ မိဘမဲ့တစ်ကောင်ကြွက်လည်းဖြစ် တစ်ဖက်မှာဝမ်း‌ရေးအတွက် အပ်ချုပ်စက်ပြင်ပြီး တစ်ဖက်မှာဇာတ်လမ်းတွေရေးရတာကိုသဘောကျတဲ့ အော်တိုဆိုတဲ့ကောင်ငယ်လေးကို ‌မြှူဆွယ်ဖြားယောင်းပြီး ခင်ပွန်းမသိအောင် အိမ်ထပ်ခိုးမှာခေါ်သွင်းပြီး စားနေကျဖြစ်ပါတယ်။ အော်တိုဟာ ဖရဒ်ရှိတဲ့အချိန် အောက်ထပ်မှာဖြစ်ပျက်သမျှ၊ ကြားရသမျှကို ချစ်စိတ်တစ်ခုတည်းနဲ့ ခါးစည်းသည်းခံကာ ထပ်ခိုးကကြွက်တစ်ကောင်လို ပိပိရိရိနေထိုင်ခဲ့တယ်။ ဒေါ်လီနဲ့ အော်တိုတို့ရဲ့ အချစ်မီးတောက်ဟာ ဒေါ်လီ ၃၃နှစ်၊ အော်တို ၁၇နှစ်မှာ စတင်ခဲ့ကြတာဖြစ်ပါတယ်။ ဘဝရဲ့အကောင်းဆုံး ငယ်ရွယ်ပျိုမြစ်ချိန်တွေကို ဆောင်းနွေမသိဘဲ အခန်းသော့ပိတ်ခံ ကုန်ဆုံးခဲ့ရပြီး တဖြည်းဖြည်းနဲ့ဘယ်လိုပေါက်ကွဲမိမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)...

OMG: Oh My God! (2012) ⭐IMDB: 8.1/10 (63 k Votes) 🎬 #Bollywood #Comedy #Drama #Fantasy 🗓 2012 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 OMG (Oh My God) 2012 ================== (1080p BLURAY Update) ပရက်ရှ်ရာဝါလ်နဲ့ အက်ရှေးကူးမားရ်တို့ ဦးဆောင်ပါဝင်ထားပြီး သောက်ရမ်းပေါက်ခဲ့တဲ့OMG 1 (2012) လေးကို ပြန်လည်တင်ဆက်ပေးပါရစေခင်ဗျာ ဘာသာတရားဆိုတာဘာလဲ လူတွေကဘာကိုကိုးကွယ်ယုံကြည်ကြတာလဲ ဘာသာတရားရဲ့ အခြေခံဆိုတာယုံကြည်မှုသဒ္ဒါသက်ဝင်ခြင်းလား ကောင်းမှုလုပ်ရင် ဘုရားကိုကိုးကွယ်ရင် ဥစ္စာစီးပွါးပေါများမယ်ဆိုတဲ့မက်လုံးတွေနဲ့ ဖြားယောင်းနေတာလား ဒါမှမဟုတ် မကောင်းတာလုပ်ရင် ဘုရားကိုစော်ကားရင်ငရဲရောက်မယ်ဆိုပြီး အကြောက်တရားနဲ့ ခြိမ်းခြောက်နေတာလားစသဖြင့် မေးခွန်းပေါင်းများစွာကို ဒီဇာတ်ကားက နက်နက်ရှိုင်းရှိုင်းနဲ့ မေးခွန်းထုတ်ပြထားပါတယ် ဒီကားကိုကြည့်ရှုပြီးရင် ကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သတ်တဲ့ ရှုထောင့်တွေဟာ တစ်စုံတစ်ခုတော့ အကျိုးသက်ရောက်မှာပါပဲ ဇာတ်လမ်းလေးကတော့ ဘုရားဆိုတာမယုံ ဘုရားကျောင်း ဘုန်းကြီး ဘာမှမယုံတဲ့ ဘာသာမဲ့ကြီး ခန်းဂျီဘိုင်ဟာ သူမယုံတဲ့အရှင်ခရစ်သျှန ဟာနုမာန် စသည်ဖြင့် နတ်ဘုရားပေါင်းများစွာရဲ့ ဆင်းတုတော်တွေကိုဆိုင်ဖွင့် တန်ခိုးကြီး ဓာတ်တော်ရှင် ဘိုးတော်စွန့် စသဖြင့် ဂျင်းပေါင်းစုံကျွေး ရောင်းချပြီး စီးပွါးဖြစ်နေသူပါ တစ်ရက်မှာတော့ ဘုရားမယုံတဲ့သူဆိုင်က ငလျင်လှုပ်တဲ့အချိန် တည့်တည့်ကြီးကွက်ပြိုသွားတဲ့အခါ ဘုရားကိုမကျေမနပ်ဖြစ်ပြီး တရားရုံးမှာ ဘုရားကို တရားခံအနေနဲ့ တရားထစွဲပါတော့တယ်ဘုရားကိုယ်စားလှယ်အနေနဲ့ ဘုန်းတော်ကြီးတွေက သူနဲ့အမှုပြိုင်ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့တရားရုံးက လျှောက်လဲခန်းများစွာ ဒိုင်ယာလော့အလန်းစားတွေနဲ့အတူကြည့်ရှုနိုင်ဖို့အတွက် ပရိသတ်ရှေ့မှောက် ပြန်တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM bollywood team ကပဲဖြစ်ပါတယ်ခင်ဗျာ (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Dragon Gate Posthouse 3: Red Turban (2018) ⭐- 🎬 #Action #History #Mystery 🗓 2018 🎞 movie 🌎 #China ⏰ 1 နာရီ 25 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့Dragon Gate 3 ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်တတိယမြောက်ရုပ်ရှင်လေးမို့ အရှေ့က ၂ ကားကြည့်ထားမှနားလည်နိုင်ပါမယ် ရှေ့ ၂ ကားကိုအောက်လင့်မှာဒေါင်းပါ Dragon Gate Posthouse 1 Dragon Gate Posthouse 2 ယွဲ့ယာရှေးဟောင်းမြို့မှာ လူတွေအပိုင်းပိုင်းသေဆုံးကုန်ကြပြီးတချို့လူတွေအလောင်းပျောက်ဆုံးနေတဲ့ ထူးဆန်းအမှုတစ်ခုဖြစ်ပွားတာကနေအစချီထားပါတယ်။လုံမိန်ရပ်နားစခန်းကလူတွေထင်တာကတော့ ဟုန်ထုံကျင်းဓါးပြကရက်ရက်စက်စက်သတ်ဖြတ်သွားတာလို့ထင်ပြီး ညတိုင်းကင်းစောင့်ကာ ရွာသားတွေကိုကာကွယ်တဲ့ကြားက ရွာသားတွေကိုသတ်ဖြတ်သွားတာခံလိုက်ရတယ်။တနေ့မှာတော့အရှေ့မြောက်ပိုင်း ဆေးဝါးကုန်သည်အဖွဲ့ကရောက်လာပြီး ကူညီကင်းစောင့်ပေးရာကနေဒီအဖြေရှာမရတဲ့အမှု အဖြေပေါ်လာပါတော့တယ်။ ကဲဒီတော့ဒီထူးထူးဆန်းဆန်းလူတွေအသတ်ခံလိုက်ရတာ ဘာကြောင့်များလဲ။ သူတို့ထင်နေကြတဲ့ဓါးပြကကောတကယ်ပဲ အဲ့လောက်ရက်စက်ကြမ်းကြုတ်တာဖြစ်နိုင်ပါ့မလား။ ဒီအမှုနောက်ကွယ်မှာဘာတွေရှိနေမလဲ စတဲ့မေးခွန်းထုတ်စရာတွေကိုဒီဇာတ်လမ်းလေးကြည့်ရင်းနဲ့အတူတူအဖြေရှာကြည့်ရအောင်...

Alpha Dog (2006) ⭐TMDB: 66.0% User Score 🎬 #Biography #Crime #Drama #Thriller 🗓 2006 🎞 movie 🌎 #Germany #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 02 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၀၀ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ” Based on true story ” ဇာတ်ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ အဆိုတော် Justin Timberlakeရဲ့ သရုပ်ဆောင် စကေးတွေကို ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Trollhunters: Rise of the Titans, The Chinese Widow, The Motel Life, Lone Survivor အစရှိတဲ့ ဇာတ်ကားပေါင်းများစွာကို သရုပ်ဆောင်ထားဖူးတဲ့ Emile Hirschက အထူးမိတ်ဆက်ပေးစရာ မလိုလောက်မယ့် Ben Fosterနဲ့အတူ ယခုဇာတ်ကားထဲမှာ MCအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဂျော်နီ ထရူးလပ် ဆိုသူက LAမှာ ဆေးရောင်းလိုက် ပါတီတွေနဲ့ ပွဲခံလိုက်လုပ်တတ်တဲ့ drug dealerကြီး ဖြစ်ပါတယ်။ ဂျိတ် မက်ဇာ့စကီးက ဂျော်နီ လက်အောက်မှာ အလုပ်လုပ်တဲ့ ဆေးရောင်းသမားလေးပါ။ တနေ့မှာ ဂျိတ်ရဲ့ကာစတန်မာတစ်ယောက်က ဆေးအတွက် ပိုက်ဆံမပေးဘဲ ညစ်ပတ်လိုက်တော့ ဂျိတ်တစ်ယောက် တိုင်ပတ်ပါပြီ။ ဂျော်နီ့ကို ပေးစရာ ပိုက်ဆံ ဂျိတ်မှာ မရှိပါဘူး။ ဂျိတ်မှာက ဇက် လို့ခေါ်တဲ့ အသက်မပြည့်သေးတဲ့ ညီလေးတစ်ယောက် ရှိပါတယ်။ ဂျိတ် ပိုက်ဆံမပေးတော့ ဂျော်နီက ဂျိတ်ရဲ့ညီလေးကို ဖမ်းခေါ်သွားပါတော့တယ်။ ကိစ္စတွေက အခုမှ စတာပါ။ ဂျော်နီ ထရူးလပ်နဲ့ သူ့ရဲ့ဂိုဏ်းက ဘော်ဒါတွေ ဇက်ကလေးနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ။ ဇက် တစ်ယောက် ဂျော်နီ့ရဲ့လက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလား။ ကိစ္စတွေက ဘယ်လိုကနေ ဘယ်လိုဆက်လက်ဆိုးရွားသွားမလဲ။ အခု reviewက spoiler မပါအောင် အပေါ်ရံလေး ပြောပြထားတာပါ။ ဇာတ်လမ်းက အများကြီး ပိုပြီး fuck up ဖြစ်ပါတယ်။ Bad wordsတွေကို ရှယ်ကို ဘာသာပြန်ထားမို့လို့ ပြီးတော့ ဆဲတာတွေက အများကြီးပါတာမို့လို့လေ မိသားစုနဲ့ ကြည့်ရန်တော့ မသင့်တော့ပါလို့ ပြောချင်ပါတယ်။ ဇာတ်လမ်းနောက်ဆုံးမှာ တကယ့် အပြင်က လူရုပ်တွေနဲ့၊ Video footagesတွေလည်း ပါပါတယ်ခင်ဗျ။ Based on true storyမို့လို့ ရုပ်ရှင်ကြည့်ပြီးသွားရင် တစ်ခုခု ခံစားသွားရမှာ သေချာပါတယ်။ အဲဒီခံစားချက်ကို သိချင်ရင် ရုပ်ရှင်ကို ကြည့်လိုက်ကြဖို့ တိုက်တွန်းပါတယ်။ ထပ်ရေးရင် စာအရှည်ကြီး ဖတ်နေရမှာမို့လို့ Reviewကို ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ။ အညွှန်နဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...

Chéri (2009) ⭐IMDB: 6.1/10 (12 k Votes) 🎬 #Comedy #Drama #Romance 🗓 2009 🎞 movie 🌎 #UnitedKingdom #France #Germany ⏰ 1 နာရီ 33 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Chéri (2009)=========== IMDb Rating – 6.1/10 “အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ” ဒီစကားက လူတိုင်းနီးနီးကြားဖူးတဲ့စကားတစ်ခွန်းပါ။ ရှယ်ရီက ပြည်ကြီးတန်ဆာရဲ့ တစ်ဦးတည်းသောသားဖြစ်တယ်။ နောက်ပြီး ငယ်စဉ်ဘဝကတည်းကမိခင်ကသူ့အနားမှာမရှိပေးခဲ့တဲ့အတွက် ဖြစ်ချင်တိုင်းဖြစ်ပြီး မိန်းမပေါင်းစုံနဲ့ပတ်ရှုပ်နေခဲ့တဲ့ ကောင်ဇိုးလေး။ ဒါတွေအားလုံးက လီယာဆိုတဲ့ သူ့အမေရဲ့သူငယ်ချင်းရဲ့ အိမ်ကိုမလိုက်သွားခင်အထိပေါ့လေ။ ရှယ်ရီက လီယာ့ကို ငယ်ငယ်‌လေးတည်းကသိပေမဲ့ အခုအရွယ်ရောက်လာပြီး သူ့အိမ်ကိုလိုက်သွားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကြားမှာ မီးပွားလေးတွေပေါ်လာပါတော့တယ်။အဲ့မီးပွားလေးတွေကနေ မီးတောက်ကြီးတွေဖြစ်သွားမလား ငြိမ်းသွားမလားဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့KSN ဖြစ်ပါတယ်)...

Alice Upside Down (2007) ⭐TMDB: 57.0% User Score 🎬 #Adventure #Comedy #Drama #Family #Romance 🗓 2007 🎞 movie 🌎 #France #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Alice Upside Down (2007)==================== ကြည့်တဲ့သူတိုင်းကို စိတ်ကြည်နူးပြုံးရွှင်စေမယ့် ချစ်စရာကောင်းတဲ့Family/Drama ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်။ သရုပ်ဆောင်တွေကလည်း Step Up, Riverdale, High SchoolMusical လို နာမည်ကြီးဇာတ်လမ်းတွေမှာ ပါကြသူတွေမို အားလုံးရင်းနှီးပြီးသား ဖြစ်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့…အဲလစ်ဆိုတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်မလေးဟာ ၅ နှစ်အရွယ်ကမိခင်ဆုံးပါးသွားပြီး အဖေဖြစ်သူ ဘန်၊ အစ်ကိုဖြစ်သူ လက်စ်တာတိုနဲ့အတူနေထိုင်ပါတယ်။ အမေမရှိဘဲ အဖေရယ်အစ်ကိုရယ်နဲ့ပဲ ဖြစဖြစ်သလို ကြီးပြင်းလာရတဲ့ အဲလစ်လေးဟာ ကိုယ့်ကိုယ်ကို အားမရမှုတွေနဲ့အရှုံးသမားတစ်ယောက်လို သိမ်ငယ်နေသူပါ။ ဒါပေမဲ့ စိတ်ကူးတွေယဉ်ပြီး ကိုယ့်ဘာသာ မာန်တင်းတတ်ပါတယ်။ တစ်နေတော့ သူတို့နေရာထိုင်မြိုကနေ ပြောင်းလာပြီး အိမ်အသစ်ကျောင်းအသစ်ကို အဲလစ်ရောက်လာပါတယ်။ ထုံးစံအတိုင်း မပေါင်းတတ်မသင်းတတ်တဲ့ အဲလစ်မှာ သူငယ်ချင်းမရှိ‌သလောက်ပါပဲ။ ပိုဆိုးတာကကျောင်းမှာ သူမကျချင်တဲ့ ဆရာမအခန်းထဲ ရောက်သွားခဲ့တာပါ။ တစ်ရက်တော့ သူတို့ကျောင်းမှာ ဂီတပြဇာတ်တစ်ခု လုပ်ဖိုစီစဉ်ကြပါတယ်။ ပြဇာတ်စီစဉ်သူက အဲလစ်သဘောကျမိတဲ့ ဆရာမလေးပါ။ အဲလစ်တစ်ယောက် ပြဇာတ်ကိုအကြောင်းပြုပြီး ဆရာမလေးနားကပ်ဖို အကြံရသွားပါတယ်။ ပြီးတော့ ပြဇာတ်မှာ မင်းသမီးလေးနေရာပါ၀င်ရဖို့လည်း အဲလစ်တစ်ယောက်ကြိုးပမ်းပါတော့တယ်။ အဲလစ်လေး ပြဇာတ်မှာပါရပါ့မလား၊ သူငယ်ချင်းတွေ ရနိုင်ပါဦးမလား၊ကျောင်းမှာရော အိမ်မှာပါ ဘယ်လိုရယ်စရာ ပျော်စရာ ၀မ်းနည်းစရာတွေကြုံရဦးမှာလဲ… ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ လောင်စရာတွေမပါဘဲ ပေါ့ပေါ့ပါးပါး ချစ်စရာဇာတ်လမ်းလေးမို့ ခဏတာစိတ်အပန်းပြေစေမှာတော့ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...

The Adventures of Jurassic Pet: The Lost Secret (2023) ⭐IMDB: 6.1/10 (186 Votes) 🎬 #Adventure #Family #ScienceFiction #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDB 6.1/10 ရရှိထားတဲ့ ဒီ Adventure/Family အမျိုးအစား ဇာတ်ကားလေးကိုတော့လူသားကမ္ဘာနဲ့ ဒိုင်နိုဆောတို့ရဲ့ကမ္ဘာကို ခြားထားတဲ့ ဆန်းကြယ်တဲ့ တံခါးတစ်ချပ်ကနေ အစပြုထားပါတယ်။ လပြည့်နေ့ပြီး နောက်တစ်ရက်ရောက်တိုင်းမှာ ဟိုဘက် ဒီဘက် ကမ္ဘာနှစ်ခုကိုဆက်ထားတဲ့တံခါးတစ်ချပ်က တစ်ရက်တာပွင့်လာတတ်ပြီး အဲဒီတံခါးကိုစောင့်ကြပ်ရသူကတော့ ဝင်ဒီရဲ့အဘွား တက်ဒရီနာပဲဖြစ်ပါတယ်။ ဒိုင်နိုဆောတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ တစ်လတစ်ခါ သွားသွားတွေ့လေ့ရှိတဲ့ ဝင်ဒီတို့နှစ်ယောက်ရဲ့ ဘဝလေးထဲကို ကာတစ်ဆိုတဲ့ မိဘမဲ့ဂေဟာက ကောင်လေးက ခရစ်စမတ်စ်ပိတ်ရက်အချိန်မှာ အလည်ရောက်လာခဲ့ချိန်မှာတော့ သူတို့ရဲ့ လျှို့ဝှက်ကမ္ဘာလေးကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတော့တယ်။ ကာတစ်သိသွားတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့ပဲ ဒိုင်နိုဆောပေါက်လေး ဂျူနီယာကလည်း ဒိုင်နိုဆောကမ္ဘာဆီမပြန်ဘဲ သူတို့နောက်လိုက်လာရင်း ဒီဘက်လူသားကမ္ဘာမှာ သောင်တင်နေခဲ့ရာမှာတော့ တစ်လတာ တံခါးပြန်ပွင့်ဖို့စောင့်ရင်း ဒိုင်နိုဆောငယ်လေးအကြောင်းကို ဘယ်သူမှသိမသွားအောင် ဖုံးကွယ်ထားဖို့ဖြစ်လာခဲ့ပါတော့တယ်.. ချစ်ဖို့ကောင်းပြီး စကားပါ ပြောတတ်တဲ့ ဒီဒိုင်နိုဆောပေါက်လေးအကြောင်း ဘယ်သူမှမသိအောင် ကာတစ်နဲ့ ဝင်ဒီတို့နှစ်ယောက် ပိပိရိရိ ဖုံးကွယ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲကြည့်ရှုခံစားလိုက်ကြပါဦးနော်… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...

Daughter of Rage (2022) ⭐IMDB: 6.3/10 (141 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Nicaragua #Mexico #Netherlands #Germany #France #Norway ⏰ 1 နာရီ 28 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ နီကာရာဂွာမှာ အမှိုက်ကောက်ရင်း အသက်မွေးဝမ်းကြောင်းလုပ်ရတဲ့ သားအမိလေးအကြောင်းကို‌ရိုက်ကူးထားတဲ့ Drama ဇာတ်လမ်းလေးပါ။ လီလီဘတ်နဲ့ ၁၁နှစ်သမီးလေးမာရီယာတို့ဟာ အမှိုက်ပုံနားမှာ နေထိုင်ကြတဲ့သူတွေပါ လီလီဘတ်ဟာ သူတို့ ဒေသက လူဆိုးတွေဆီမှာ ခွေးရောင်းဖို့ စီစဉ်ထားခဲ့ပေမဲ့ မာရီယာလေးကြောင့် အရောင်းအဝယ်ပျက်သွားပါတော့တယ်။ အဲ့ဒီမှာ လီလီဘတ်တစ်ယောက် ဒီကိစ္စကိုဖြေရှင်းဖို့ အတွက် အရင်ဆုံး သမီးလေးကို Recycle စက်ရုံတစ်ခုမှာ ထားခဲ့ပြီး ရက်အနည်းငယ်ကြာရင် ပြန်လာခေါ်မယ်လို့ပြောကာ ထွက်သွားပါတော့တယ် မာရီယာတစ်ယောက် သူ့အမေ လာခေါ်မယ့်ရက်ကို စောင့်နေခဲ့ပေမဲ့ သူ့အမေဟာ ပေါ်မလာခဲ့ပါဘူး ထိုအခါမှာတော့ စက်ရုံမှာရှိတဲ့ သူငယ်ချင်းဖြစ်သူ တအဲအို အကူအညီကိုယူကာ လီလီတစ်ယောက် သူ့အမေကို ရှာပုံတော်ဖွင့်ရပါတော့တယ်...

Mr. Pregnant (2023) ⭐IMDB: 8.2/10 (7 k Votes) 🎬 #Action #Bollywood #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mr.Pregnant IMDb-8/10 အခုတစ်ခါမှာတော့ ၄ရက်အတွင်း‌၄ကုဋေကျော်အမြတ်ပြန်ရခဲ့တဲ့ရုံတင်ကားအသစ်စက်စက်လေးကိုCMပရိသတ်ကြီးအတွက် တင်ဆက် ပေးလိုက်ရပါတယ် ဇာတ်လမ်းအကျဉ်း ဇာတ်လိုက်ကျော်ဂေါ်သမ်ဆိုတဲ့သူက နာမည်ကြီးလူငယ်တက်တူးပညာရှင်တစ်ယောက်၊ သူ့ကို မဟီဆိုတဲ့ကောင်မလေးက တဖက်သတ်လိုက်ကြိုက်နေတာဒီခေတ်စကားအရဆို crush နေတာပေါ့ မဟီက ဂေါ်သမ့်ဆီလာပြီး အမြဲတမ်းချစ်စကားတွေပြောလိုက်၊ကြူးလိုက်မိန်းကလေးဘက်ကနေပဲ လက်ထပ်ခွင့်တောင်းလိုက်နဲ့ပေါ့၊ ဂေါ်သမ်က အစကတော့မဟီ့ကိုလက်မခံဘဲ အမြဲငြင်းနေရာကနေ နောက်‌တော့ မဟီ့ရဲ့အချစ်တွေကြားမှာကျရှူံးသွားပြီးသူတို့နှစ်ယောက်လက်ထပ်ကြလေသတည်းပေါ့။ ဒီအထိ ဇာတ်လမ်းကရိုးရိုးရှင်းရှင်းပေါ့လေ။ တစ်နေ့ တက်တူးထိုးပြိုင်ပွဲလုပ်ရင်း ဂေါ်သမ်နိုင်သွားတာကိုမကျေမနပ်ဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့တက်တူးထိုးဆရာတစ်ယောက်က ဂေါ့်သမ်ကို ရန်ငြိုးဖွဲ့သွားတယ်။ ဂေါ်သမ်နဲ့မဟီတို့ လက်ထပ်ပြီး မဟီက ကလေးယူချင်ပေမဲ့ဂေါ်သမ်က မဟီကိုယ်ဝန်ဆောင်ရမှာကို အကြောက်အကန် ငြင်းခဲ့တယ်။အဲဒီလို မဟီကိုယ်ဝန်ဆောင်မှာကို မလိုလားရတဲ့ဂေါ်သမ့်ဆီမှာ ကိုယ်ဝန်ဆောင်ရမှာနဲ့ပတ်သက်တဲ့ ဆိုးရွားတဲ့စိတ်ဒဏ်ရာတွေရှိနေခဲ့လို့ပါ ။ မဟီကလည်း ကလေးဇွတ်လိုချင်နေတော့ နောက်ဆုံးမှာ ဂေါ်သမ်လည်းကလေးယူဖို့သဘောတူခဲ့ပေမဲ့ ကလေးရလာချိန်မှာ‌တော့ သန္ဓေသားလေးကိုယောက်ျားကြီးတန်မဲ့ သူကိုယ်တိုင်ပဲလွယ်ထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်လောကကြီးမှာမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေက အိန္ဒိယကားတွေထဲမှာတော့ ဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ဂေါ်သမ်တစ်ယောက် ယောကျာ်းကိုယ်ဝန်သည်ကြီးအဖြစ်ဘယ်လိုမျိုးဂယက်တွေကြုံမလဲ၊ ခုနက သူမသိလိုက်ဘဲ ရန်သူဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့သူရဲ့ရန်ငြှိုးဖွဲ့မှုတွေကိုဘယ်လိုမျိုးရင်ဆိုင်သွားရမလဲဆိုတာကိုသိချင်ရင်တော့ အချစ်၊အလွမ်း၊ဟာသ ၊အက်ရှင်စတဲ့ရသစုံပါတဲ့ ဒီဇာတ်ကားလေးကိုCMရုပ်ရှင်ချစ်ပရိသတ်ကြီးကပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးဗျ… (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ YH ~ KKKZ ~ Dee ~ Alex ~ ToMoတို့ပဲဖြစ်ပါတယ်)...