620
مشترکین
اطلاعاتی وجود ندارد24 ساعت
-27 روز
-1430 روز
آرشیو پست ها
"တော်သလင်းလပြည့်နေ့" (ဂရုဓမ္မ အခါတော်နေ့)
၂၆ - ၉ - ၂၀၂၆ (စနေနေ့)
🌷🌷🌷🌷🌷🌷🌷🌷🌷🌷
🔸 မြန်မာတို့၏ဆယ့်နှစ်လရာသီတွင် “တော်သလင်းလပြည့်နေ့”သည် “ဂရုဓမ္မအခါတော်နေ့”ဟု ထင်ရှားသောနေ့ ဖြစ်ပါသည်။ ဂေါတမမြတ်စွာဘုရားသည် “ဂရုဓမ္မ”ဇာတ်တော်ကို ဟောကြားခြင်းအား အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို "ဂရုဓမ္မအခါတော်နေ့"အဖြစ် ဗုဒ္ဓဘာသာဝင်များ သတ်မှတ်ကြသည်။
🔸 “ဂရုဓမ္မ”၏ အဓိပ္ပာယ်မှာ “ငါးပါးသီလ စောင့်ထိန်းခြင်း”ဟု ရရှိ၏။ ဂရုပြု၍ လေးစားစောင့်ထိန်းအပ်သည့်တရားတော် “ငါးပါးသီလ” ကို ဆိုလိုခြင်းဖြစ်ပါသည်။
🔸 သို့ဖြစ်ပါ၍ ဤနေ့ရက်အချိန်အခါတွင် “ငါးပါးသီလကိုစောင့်ထိန်းခြင်း”ဖြင့် ဂရုဓမ္မအမြင်ပွင့်လန်း၊ သီလအစွမ်းကြောင့် ဝိစာရ၏ တောင်သူဦးကြီးများနှင့် မြန်မာပြည်သူပြည်သားအားလုံး ရာသီဥတု ကောင်းမွန်ခြင်းနှင့်အတူ ကပ်ဘေးအပေါင်းမှကျော်လွှားနိုင်ကြပါစေကြောင်း သီးနှံများအထွက်ကောင်းရကြပါစေကြောင်း “ဝိစာရ”မိသားစု မှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါသည်။
🙏🙏🙏🙏🙏🙏🙏
“ဝိစာရ အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်”
ပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲမျိုးစုံအတွက် အရည်အသွေး နှင့် အထွက်နှုန်းကိုမြှင့်တင်ပေးမှာ .....
ဝိစာရ ရဲ့ "ရွှေတိုး ပါဝါ" ရွက်ဖျန်းအားဆေးပါ .....
🌼စစ်မှန် ပြည့်ဝ ဝိစာရ🌼
"စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက်"
၂၀၂၆ခုနှစ် စက်တင်ဘာလ (၁၄) ရက်မှ ( ၂၀)ရက်
🌾⛈🌾⛈🌾⛈🌾⛈🌾⛈🌾
ဘင်္ဂလားပင်လယ်အော် အခြေအနေ .....
ယခုရက်သတ္တပတ်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှအားအသင့်အတင့် ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှတိမ်ထူထပ်နိုင်ပါသည်။
မိုးရွာသွန်းနိုင်မှု အခြေအနေ .....
မိုးရွာသွန်းနိုင်မှုမှာ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင့်ဆုံးအပူချိန် အခြေအနေ .....
အမြင့်ဆုံးအပူချိန်မှာ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၇၃)ဒီဂရီ ဖာရင်ဟိုက်မှ (၈၄)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၈၅)ဒီဂရီဖာရင်ဟိုက်မှ (၉၆)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။
အနိမ့်ဆုံးအပူချိန် အခြေအနေ .....
အနိမ့်ဆုံးအပူချိန်မှာ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၅၉)ဒီဂရီဖာရင်ဟိုက်မှ (၆၉)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၇၀)ဒီဂရီဖာရင်ဟိုက်မှ (၈၁)ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီးရှိနိုင်ပါသည်။
လေထုစိုထိုင်းဆ အခြေအနေ .....
လေထုစိုထိုင်းဆမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၇၈%) မှ (၈၇%)အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၈၈%) မှ (၉၇%)အတွင်း အသီးသီးရှိနိုင်ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ .....
ပင်ငွေ့ရေငွေ့ပျံနှုန်းမှာ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၁၃)မီလီမီတာမှ (၂၃)မီလီမီတာအတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၂၄)မီလီမီတာမှ (၃၄)မီလီမီတာအတွင်း အသီးသီးရှိနိုင်ပါသည်။
Sources : စိုက်ပျိုးရေး မိုးလေဝသဌာနခွဲ
