646
المشتركون
لا توجد بيانات24 ساعات
-37 أيام
-1230 أيام
أرشيف المشاركات
"သိရှိမှတ်သား စိုက်ပျိုးနည်းပညာဗဟုသုတများ"
🌾🦗🌾🦗🌾🦗🌾🦗🌾🦗🌾
➡️ မိုးစပါးစိုက်တောင်သူဦးကြီးတို့၏ စပါးခင်းများ ပင်ပွားဖြိုင်ဖြိုင်ထွက်၍ စိမ်းလန်းသန်စွမ်းလာချိန်တွင် စပါးဖျက်ပိုးအမျိုးမျိုး ကျရောက်လာတတ်ကြပါတယ်။ ထိုသို့စပါးဖျက်ပိုးအမျိုးမျိုးကို ကာကွယ်နှိမ်နင်းပေးနိုင်တဲ့ ဝိစာရရဲ့ "ဘီတာ စီ" ပိုးသတ်ဆေး အကြောင်း ဗဟုသုတများကို ဝိစာရ၏ "သိရှိမှတ်သား စိုက်ပျိုးနည်းပညာဗဟုသုတများ" အစီအစဉ်မှ တင်ဆက်ပေးလိုက်ပါတယ်ရှင် .....
🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾
၁၃၈၈ခုနှစ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)
🌷🌷🌷🌷🌷🌷🌷🌷🌷🌷
ကျွန်မတို့ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ "ဝါဆိုလပြည့်" (ဓမ္မာစကြာအခါတော်နေ့) ရက်မြတ်အခါသမယတွင် မြန်မာပြည်တစ်ဝှမ်းရှိ တောင်သူဦးကြီးများနှင့် ပြည်သူပြည်သားအားလုံး ဥပုသ်သီတင်း သီလဆောက်တည်ကြ၍ နှစ်လုံးစိတ်ဝမ်းအေးချမ်းကြပါစေရန် နှင့် မိုးရာသီ သီးနှံစိုက်ခင်းများအားလုံး ဥတုအခါမှန် အပင်သန်လို့ စိမ်းလန်းဖွံ့ဖြိုး အထွက်တိုးကြပါစေကြောင်း “ဝိစာရ”မိသားစု မှ ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ရပါတယ်ရှင် ....
🙏🙏🙏🙏🙏🙏🙏
"စိုက်ခင်းထဲမှ တောင်သူ့အသံ"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
➡️ "ဝိစာရ စိုက်ပျိုးရေးပညာပေးအဖွဲ့" မကွေးမြို့နယ်သို့ရောက်ရှိစဉ် ဆားတိုင်ကန်အုပ်စု၊ သပြေရိုးကျေးရွာ မှ နှမ်းစိုက်တောင်သူ ကိုထွန်းထွန်းနိုင် နှင့် မစန္ဒာမင်း တို့မှ "၎င်းတို့၏နှမ်းစိုက်ခင်းများတွင် ဝိစာရစိုက်ပျိုးရေးသွင်းအားစုများအသုံးပြုထားပြီး အပင်များကြီးထွားသီးပွင့်မှုကိုအားရကြောင်း နှင့် တစ်ဧက တင်း(၂၀)ထွက်ဖို့ ခန့်မှန်းထားကြောင်း" ပြောကြားခဲ့တဲ့ ပီတိစကားသံများကို ဝိစာရ၏ "စိုက်ခင်းထဲမှ တောင်သူ့အသံ" အစီအစဉ်မှ တင်ဆက်ပေးလိုက်ရပါတယ်ရှင်။
🌱စစ်မှန် ပြည့်ဝ ဝိစာရ🌱
(၇၉)နှစ်မြောက် အာဇာနည်နေ့
🔸 ယနေ့ (၁၉ / ၇ / ၂၀၂၆) တွင် ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ကို လေးစားစွာဖြင့် ဂုဏ်ပြုဦးညွတ်လိုက်ရပါသည်။
🙏🙏🙏🙏🙏🙏🙏
"ဝိစာရ အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်"
