2 050
مشترکین
-324 ساعت
+17 روز
+2330 روز
آرشیو پست ها
2 050
===================
အာဂျင်တီးနားနည်းပြလီယွန်နယ်စကာလိုနီဟာ တနင်္ဂနွေနေ့ညတုန်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် စပိန်ကို ရှုံးနိမ့်ပြီးနောက် အနာဂတ်နှင့်ပတ်သက်ပြီး ပြောကြားနေစဉ် မျက်ရည်ကျလာကာ သတင်းစာရှင်းလင်းပွဲမှ ထွက်ခွာသွားခဲ့ပါတယ်။
အသက် ၄၈ နှစ်ရှိ စကာလိုနီဟာ ကာတာတွင် ကျင်းပတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက် ကမ္ဘာ့ဖလားဆုကို ကာကွယ်နိုင်တဲ့ ဒုတိယမြောက်နည်းပြဖြစ်လာနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ယူရိုချန်ပီယံစပိန်မှာ အလွန်ကောင်းမွန်ခဲ့ပြီး အချိန်ပိုတွင် ဖာရန်တောရက်စ် သွင်းယူတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံ ဖြစ်သွားပါတယ်။
စကာလိုနီရဲ့ အာဂျင်တီးနားနှင့်စာချုပ်က ဒီဇင်ဘာလတွင် ကုန်ဆုံးမှာ ဖြစ်ပြီး အနာဂတ်နှင့်ပတ်သက်ပြီး ပြောနေချိန် ခံစားချက် မြင့်တက်လာကာ မျက်ရည်ကျခဲ့ပါတယ်။
စကာလိုနီက "ဥက္ကဌနဲ့ စကားပြောရဦးမယ်။ ကျွန်တော် ဘာလုပ်ချင်လဲဆိုတာနဲ့ပတ်သက်ပြီး စိတ်ကူးရှိထားပြီးသားပါ။ စာချုပ်သက်တမ်းကုန်အောင် နေမယ်။ တစ်ခုခု ကြီးကျယ်တာ လုပ်နိုင်ခဲ့ပြီလား မသိပါဘူး။ ကျွန်တော်တို့ စကားပြောဖို့ လိုသေးတယ်။ ကျွန်တော့်ကို ဒီနေရာကို ခေါ်ဆောင်လာပေးပြီး ဒီအခိုက်အတန့် ပိုင်ဆိုင်ခွင့်ပေးတဲ့ ဥက္ကဌကို ကျေးဇူးတင်ပါတယ်။ ဒီနေရာက လူတိုင်းအတွက် အိပ်မက်နေရာပါ။ ကျွန်တော်တို့ နောက်ဆုံးအချိန်အထိ အစွမ်းကုန်ကြိုးပမ်းခဲ့ကြတယ်။ နည်းပြအဖွဲ့တွေရော ကစားသမားတွေရောပါ။ ဒီကာလကို ဖြတ်သန်းဖို့ ကိုယ့်အတွက် အချိန်ယူရမယ်လို့ ထင်တယ်"လို့ ပြောကြားသွားပါတယ်။
စကာလိုနီဟာ စကားပြောနေရင်း မျက်ရည်များ ကျဆင်းလာပြီးနောက် "ကျွန်တော် ဆက်ပြီးတော့ လုပ်နိုင်ဦးမလား မသိပါဘူး။ ဒီနေရာက အရမ်းအံ့ဩစရာကောင်းတယ်။ အိပ်မက်နေရာပါ။ ကျွန်တော့်နည်းပြအဖွဲ့တွေလည်း ဘယ်တုန်းကမှ အိပ်မက်မက်ခဲ့တဲ့နေရာပါ။ ဆက်ပြီး လုပ်ဖို့အတွက် ကိုယ့်စိတ်ကို အစက ပြန်စရမယ်၊ ခန္ဓာကိုယ်ကို အစက ပြန်စရမယ်။ နောက်ထပ် အုပ်စုထပ်ဖွဲ့ရမယ်။ ဒါမျိုး နောက်ထပ်ဖန်တီးဖို့ ခက်ခဲတယ်"လို့ ပြောကြားသွားပါတယ်။
သူဟာ ယင်းသို့ ပြောနေရင်း စားပွဲမှ ထကာ သတင်းစာရှင်းလင်းပွဲအခန်းမှ မထွက်ခွာမီ တောင်းပန်သွားပါတယ်။
"တကယ် နာကျင်ရပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်"
2 050
ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီးနောက် အနာဂတ်နှင့်ပတ်သက်ပြီး ပြောကြားနေစဉ် မျက်ရည်စများဖြင့် သတင်းစာရှင်းလင်းပွဲမှ ထွက်ခွာသွားတဲ့ အာဂျင်တီးနားနည်းပြစကာလိုနီ
2 050
====================
ကိုင်လီယန်ဘက်ပေးဟာ ၂၀၂၆ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုကို ဆွတ်ခူးပြီးနောက် ကမ္ဘာ့ဖလားရွှေဖိနပ်ဆုကို ၂ ကြိမ်ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရောက် ပြင်သစ်အတွက် ၈ ပွဲကစားပေးခဲ့ရာမှာ ၁၀ ဂိုးသွင်းယူပြီး လီယွန်နယ်မက်ဆီအား ကျော်ဖြတ်ကာ ရွှေဖိနပ်ဆုကို ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။
ဘက်ပေးဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ၈ ဂိုးဖြင့် ဂိုးသွင်းဘုရင်ဖြစ်ခဲ့သူ ဖြစ်ပြီး ကမ္ယာ့ဖလားရွှေဖိနပ်ဆုအား ၂ ကြိမ်ဆက် ဆွတ်ခူးလာတာပါ။
တဖက်တွင် ဘက်ပေးဟာ ကမ္ဘာ့ဖလားပွဲ ၂၂ ပွဲကစားထားရာမှာ ၂၂ ဂိုးသွင်းထားပြီး ကမ္ဘာ့ဖလားသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ်လည်း ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
ဒါအပြင် ကမ္ဘာ့ဖလားရဲ့အကောင်းဆုံးကစားသမားဆု Golden Ball ကို စပိန်ကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့တဲ့ ကွင်းလယ်ကစားသမားရိုဒရီက ဆွတ်ခူးသွားပါတယ်။
ရိုဒရီဟာ Golden Ball ဆုကို ကမ္ဘာဖ့လားချန်ပီယံဆုချီးမြှင့်ပွဲ အခမ်းအနားတွင် လက်ခံရယူခဲ့ပါတယ်။
ရိုဒရီဟာ ၂၀၂၃ ခုနှစ်တွင် Ballon d'Or ဆု ဆွတ်ခူးပြီးနောက် ယူရို ၂၀၂၄ ချန်ပီယံဖြစ်အောင် ကူညီကာ ယူရို ၂၀၂၄ ရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။
Silver Ball ဆုကို လီယွန်နယ်မက်ဆီကလည်းကောင်း၊ Bronze Ball ဆုကို ဘက်ပေးကလည်းကောင်း ဆွတ်ခူးသွားပါတယ်။
ဒါ့အပြင် အကောင်းဆုံးဂိုးသမားဆု Golden Glove ဆုကို စပိန်ဂိုးသမားအူနိုင်းဆိုင်မွန်က ဆွတ်ခူးသွားပါတယ်။
ဘီလ်ဘာအိုဂိုးသမားဟာ ကမ္ဘာ့ဖလားပွဲ ၈ ပွဲတွင် ၁ ဂိုးတည်းသာ ပေးခဲ့ရပြီး ၇ ပွဲ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
အကောင်းဆုံးလူငယ်ကစားသမားဆုကို စပိန်နောက်ခံလူပူကူဘာဆီက ဆွတ်ခူးသွားပါတယ်။ ဘာစီလိုနောက်ခံလူဟာ စပိန်ခံစစ်တွင် အရေးပါတဲ့သူအဖြစ် ကစားသွားသူ ဖြစ်ပြီး အာဂျင်တီးနားနှင့် ဗိုလ်လုပွဲတွင် ကန်ချက် ၂ ကြိမ်တည်းသာ ပြုလုပ်နိုင်အောင် စွမ်းဆောင်ခဲ့ပါတယ်။
ကူဘာဆီဟာ ကမ္ဘာ့ဖလားတွင် စပိန်အတွက် ပွဲချိန်တိုင်းကစားထားသူလည်း ဖြစ်ပါတယ်။
2 050
ကမ္ဘာ့ဖလား အကောင်းဆုံးကစားသမားဆုကို ရိုဒရီ ဆွတ်ခူးသွားပြီး ရွှေဖိနပ်ဆုကို ၂ ကြိမ်ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့ ဘက်ပေး
2 050
====================
အာဂျင်တီးနားကစားသမားများဟာ စပိန်ကို ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီးနောက် ရုန်းရင်းဆန်ခတ် ပြုလုပ်ခဲ့ကြပါတယ်။
ဗိုလ်လုပွဲ ပွဲသိမ်းခရာမှုတ်ပြီးချိန်တွင် အရှုံးသမားအာဂျင်တီးနားကစားသမားများဟာ အရှုံးကို ဒေါသအဖြစ် ပြောင်းလဲပြီး စပိန်စတားဂါဗီကို တိုက်ခိုက်ခဲ့ကြတာပါ။
အာဂျင်တီးနားဟာ ပွဲချိန် ၁၂၀ အတွင်း ခြေစွမ်းပိုင်း ဆိုးရွားခဲ့ပြီး စပိန်က အချိန်ပိုမှာ ဖာရန်တောရက်စ်ရဲ့ ဂိုးဖြင့် အနိုင်ဂိုး ရှာတွေ့သွားခဲ့ပါတယ်။
ပွဲအပြီးတွင် အရှုံးကြောင့် အာဂျင်တီးနားကစားသမားတို့ သွေးဆူပွက်နေကြပါတယ်။ နာဟူရယ်မိုလီနာဟာ ကစားဖော်များနှင့်အတူ အောင်ပွဲခံနေတဲ့ စပိန်အရန်ကစားသမားတစ်ဦးကို လက်သီးဖြင့် ထိုးခဲ့တာ တွေ့ရပါတယ်။
ယင်းရန်ပွဲသို့ ပါရီဒက်စ်လည်း ပါဝင်လာပြီး စပိန်ရဲ့ဂါဗီကို လက်သီးဖြင့် ထိုးခဲ့သလို မြက်ခင်းသို့ ကိုင်ပေါက်ခဲ့တာလည်း တွေ့ရပါတယ်။ ယင်းရုန်းရင်းဆန်ခတ်ဖြစ်ရာနေရာသို့ အာဂျင်တီးနားနည်းပြအဖွဲ့ဝင်များ အပြေး ရောက်လာပြီး အခြေအနေကို ဝိုင်းဝန်းထိန်းသိမ်းခဲ့ကြရပါတယ်။
ကွင်းလယ်ဒိုင်လူကြီးဆလပ်ဗ်ကိုဗင်ဆစ်က အနီကတ်ပြသခဲ့ပါတယ်။
အာဂျင်တီးနားနည်းပြလီယွန်နယ်စကာလိုနီမှာလည်း မန်စီးတီးစတားဟောင်းအဲရစ်ဂါစီယာနှင့် အချင်းများခဲ့တာ တွေ့ရပါတယ်။
2 050
ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီးနောက် စပိန်ကစားသမားကို အနိုင်ကျင့် တိုက်ခိုက်ခဲ့ကြတဲ့ အာဂျင်တီးနားကစားသမားများ
2 050
စပိန်-အာဂျင်တီးနား
တနဂ်နွေ (ည ၁း၃၀ နာရီ)
Diamond Seven
တနဂ်နွေနေ့တစ်ကွက်ကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲဖြစ်တဲ့ စပိန်-အာဂျင်တီးနား ပွဲစဥ်ကနေ ရွေးချယ်ပေးချင်ပါတယ်၊၊
ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကိုကျော်ဖြတ်ပြခဲ့တဲ့ စပိန်ရဲ့ခြေစွမ်း တကယ်လန်းခဲ့ပါတယ်၊၊ ဂိုးသမား ဆီမွန် အထူးလက်စွမ်းပြခဲ့သလို ကူဘာစီ၊ လာပေါ့ တို့ ဦးဆောင်တဲ့ ခံစစ်ကလည်း တည်ငြိမ်မှုအပြည့်ရှိပါတယ်၊၊ အထူးသဖြင့် အသင်းခေါင်းဆောင် ရိုဒရီ ရဲ့ ကွင်းလယ်က ပြင်သစ်ကွင်းလယ်ကိုလှုပ်မရအောင် ကစားပြသွားတာက တကယ့်ထူးရှယ်ပါပဲ၊၊
အာဂျင်တီးနားက ပွဲပြီးကာနီး နောက်ဆုံးမိနစ်ဂိုးတွေနဲ့ ဖိုင်နယ်အထိတက်လာနိုင်ခဲ့တယ်၊၊ မက်ဆီကို အရမ်းမှီခိုနေရတဲ့ အာဂျင်တီးနားရဲ့ တိုက်စစ်က အခုထိ အားရစရာတော့မရှိသေးပါဘူး၊၊ ဒါပေမဲ့ မာတီနက်ဇ်၊ ရိုမီယိုတို့ရဲ့ခံစစ်ပိုင်းကတော့ မာကျောကျစ်လျစ်မှု အပြည့်ရှိနေဆဲမို့ စပိန်တိုက်စစ်ကိုလည်း ကောင်းကောင်းပိတ်ဆို့နိုင်ဦးမှာပါ၊၊
ဗိုလ်လုပွဲစဥ်ဖြစ်တာနဲ့အညီ အရမ်းကာရော ဖွင့်ကစားဖွယ်မရှိနိုင်လို့ ဂိုးအောက်သာ ရွေးထားချင်ပါတယ်၊၊
2 050
ဗိုလ်လုပွဲစဥ်ဖြစ်တာနဲ့အညီ အရမ်းကာရော ဖွင့်ကစားဖွယ်မရှိနိုင်လို့ ဂိုးအောက်သာ ရွေး
2 050
====================
ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဂျာရော့ဒ်ဘိုဝင်းဟာ ကလပ်တွင် ဆက်ရှိနေကာ ချန်ပီယံရှစ်မှ ပရီးမီးယားလိဂ်သို့ ပြန်လည်တက်လှမ်းရေး ဦးဆောင်ပေးလာပါမယ်။
အသက် ၂၉ နှစ်ရှိ အင်္ဂလန်တိုက်စစ်သမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရာသီသိမ်းပွဲတွင် ဝက်စ်ဟမ်းနှင့် ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရပြီးနောက် အနာဂတ်မရေမရာ ဖြစ်နေခဲ့သူလည်း ဖြစ်ပါတယ်။
ဘိုဝင်းဟာ ၂၀၂၀ ခုနှစ်တွင် ဟားလ်စီးတီးမှ ပြောင်းလာပြီးနောက် ဝက်စ်ဟမ်းအတွက် ပွဲ ၂၈၀ ကစားထားကာ ၈၅ ဂိုးသွင်းယူထားသူ ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ကတ်ဇူးမား ထွက်ခွာသွားချိန်တွင် အသင်းခေါင်းဆောင်ဖြစ်လာသူ ဖြစ်ပါတယ်။
သူဟာ အင်္ဂလန်အတွက် ၂၂ ပွဲကစားထားပေမဲ့လည်း တူချယ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းအတွင် ရွေးချယ်ခြင်းမခံထားရပါဘူး။
ဘိုဝင်း ဆက်ရှိနေလာမှုက ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးချန်ပီယံရှစ်ရာသီအတွက် ပြင်ဆင်နေတဲ့ ဝက်စ်ဟမ်းအတွက် သတင်းကောင်းတစ်ခု ဖြစ်နေပါတယ်။
ဘိုဝင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဝက်စ်ဟမ်းရဲ့ ပရီးမီးယားလိဂ်ပွဲတိုင်း ပွဲထွက်ကစားကာ ၉ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်တုန်းက ၄၃ နှစ်အတွင်း ပထမဆုံးအရေးပါတဲ့ ဆုဖလားအဖြစ် ကွန်ဖရင့်လိဂ်ဖလားဆွတ်ခူးနိုင်အောင် ဗိုလ်လုပွဲ ပထမဆုံးမိနစ်မှာပင် အနိုင်ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။
2 050
======================
ပရီးမီးယားလိဂ်ချန်ပီယံအသင်းခေါင်းဆောင်ဟောင်းဝက်စ်မော်ဂန်ဟာ ကလေး ၂ ဦးရဲ့ အမေများအား ကလေးစရိတ်ထောက်ပံ့ရခြင်း မရှိအောင် ပိုင်ဆိုင်မှုနှင့် ဝင်ငွေကို ဝှက်ထားခဲ့ကြောင်း တရားရုံးကြားနာမှု အရ သိရပါတယ်။
လက်စတာစံပြကစားသမားဟာ လွန်ခဲ့တဲ့ ဆယ်နှစ် ၂၀၁၆ ခုနှစ်တုန်းက လက်စတာကို အသင်းခေါင်းဆောင်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
၎င်းတို့ရဲ့ ချစ်သူဟောင်းနှစ်ဦးတို့က မော်ဂန်မှာ ကလေးစရိတ်မပေးဆောင်ရအောင် ဝင်ငွေနှင့် ပိုင်ဆိုင်မှုအား ဝက်ထားခဲ့ကြောင်း စွပ်စွဲခဲ့ကြပါတယ်။
လေလာအန်တိုနီယူနှင့် ကာလာမော်ရဲလ်တို့ဟာ မော်ဂန်နှင့် လက်တွဲခဲ့ကြဖူးပြီး ကလေးတစ်ဦးစီ ရရှိခဲ့ကြဖူးပါတယ်။
မော်ဂန်ဟာ ၂၀၂၁ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် အလုပ်လက်မဲ့ ဖြစ်နေကြောင်း အကြောင်းပြကာ Child Maintenance Service (CMS) အား လိမ်ညာပြီး ကလေးစရိတ်မထောက်ပံ့ရအောင် ရှောင်လွဲခဲ့ပါတယ်။
တရားရုံးကြားနာမှုအရ မော်ဂန်ဟာ ပေါ်တူဂီတွင် အိမ်တစ်လုံးပိုင်ဆိုင်တဲ့အပြင် အိမ်ငှားရမ်းခများအဖြစ် WM5 အမည်ရှိ ကုမ္ပဏီမှ တဆင့် အကျိုးအမြတ်များ ရရှိနေကြောင်း တွေ့ရှိခဲ့ရာ ယင်းပိုင်ဆိုင်မှုများအား ပေါင် ၅ သန်း သတ်မှတ်လာပါတယ်။
၂၀၂၅ ခုနှစ်မတ်လတုန်းက တရားသူကြီးတစ်ဦးက မော်ဂန်ဟာ အလုပ်လက်မဲ့အဖြစ် သတ်မှတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကာလအတွက် ကလေးစရိတ် ပေါင် ၁၅၆၀၀၀ ပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။
မော်ဂန်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက Child Maintenance Service (CMS) ရဲ့စုံစမ်းစစ်ဆေးမှုများနှင့် ကြုံတွေ့လာသူလည်း ဖြစ်ပါတယ်။ Child Maintenance Service (CMS) ဟာ မော်ဂန်ရဲ့ ဝင်ငွေနှင့် ပိုင်ဆိုင်မှု အချက်အလက်အမှားပေးမှုအတွက် စုံစမ်းစစ်ဆေးခဲ့တာပါ။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်တုန်းက ရှီနန်ဖစ်ရှာနှင့် လက်ထပ်ကာ နောက်ထပ် ကလေး ၂ ဦး ရရှိထားတဲ့ မော်ဂန်ဟာ တရားရုံးဆုံးဖြတ်ချက်အား အယူခံဝင်ခဲ့ပါတယ်။
ယင်းအယူခံကို အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တုန်းက လန်ဒန်ရှိ အယူခံတရားရုံးတွင် ကြားနာရာ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအား သိုဝှက်ထားကာ ကလေးစရိတ်မပေးရရေး ရှောင်လွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြန်ပါတယ်။
မော်ဂန်ဟာ ပရီးမီးယားလိဂ်ကစားသမားဘဝတုန်းက တစ်နှစ်လုပ်ခ ပေါင် ၃ သန်း ရရှိခဲ့တဲ့အပြင် ကစားသမားဘဝ နှောင်းပိုင်းတွင်လည်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများမှ ဝင်ငွေများ ရရှိနေတုန်းလည်း ဖြစ်ပါတယ်။
ဒါအပြင် သူဟာ BBC နှင့် Sky Sports တို့တွင်လည်း ဘောလုံးဝေဖန်ရေးသမားအဖြစ် အလုပ်လုပ်နေသလို နော်တင်ဟမ်ဖောရက်စ်တွင်လည်း ကင်းထောက်အဖြစ် အလုပ်လုပ်နေပါသေးတယ်။
2 050
ချစ်သူဟောင်းနှစ်ဦးကို ကလေးစရိတ်မထောက်ပံ့ရအောင် ပိုင်ဆိုင်မှု ဝှက်ထားခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း
2 050
====================
လီဗာပူးကွင်းလယ်ကစားသမားဒိုမီနစ်ခ်ဆိုဘိုဆလိုင်းဟာ လီဗာပူးနှင့် ၅ နှစ်စာချုပ်သစ် ချုပ်ဆိုလာပါတယ်။
အသက် ၂၅ နှစ်ရှိ ဆိုဘိုဆလိုင်းဟာ ၂၀၂၃ ခုနှစ်တွင် ရက်ဘူးလ်လိုက်ဇစ်မှ ပေါင်သန်း ၆၀ ဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ၁၃ ဂိုးသွင်းကာ ၁၂ ကြိမ် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
ဟန်ဂေရီလက်ရွေးစင်ရဲ့ ယခင်စာချုပ်မှာ ၂ နှစ်စာချုပ်သက်တမ်း ကျန်နေသေးပေမဲ့လည်း ကလပ်ဘက်က ၎င်းမှာ ရေရှည်စီမံကိန်းတွင် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေမှုနှင့်အတူ ယခုကဲ့သို့ နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလာတာလည်း ဖြစ်ပါတယ်။
လီဗာပူးဟာ ယခုနွေရာသီတွင် အသင်းရဲ့စီနီယာကစားသမားများဖြစ်ကြတဲ့ မိုဟာမက်ဆာလက်၊ အီဘရာဟမ်ကိုနာတေးနှင့် အင်ဒီရောဘတ်ဆင်တို့အား ထွက်ခွာခွင်ပေးထားပြီး နည်းပြသစ်အန်ဒိုနီအိုင်ရာအိုလာ လက်အောက်တွင် အသင်းသစ်တည်ဆောက်ရန် စီစဉ်နေပါတယ်။
ဆိုဘိုဆလိုင်းဟာ ရောဘတ်ဆင် ထွက်ခွာလာမှုနှင့်အတူ လီဗာပူးရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံလာရဖို့လည်း ရှိနေပါတယ်။ သူဟာ ဟန်ဂေရီအသင်းတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေသူလည်း ဖြစ်ပါတယ်။
2 050
=====================
ချဲလ်ဆီးတိုက်စစ်မှူးနီကိုလပ်စ်ဂျက်ဆင်ဟာ အက်စတွန်ဗီလာရဲ့ စိတ်ဝင်စားခြင်းခံရပေမဲ့လည်း ချဲလ်ဆီးအသင်းတွင်ပင် ဆက်လက်ကစားလိုနေပါတယ်။
ဆီနီဂေါတိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် အားလပ်ရက်အပန်းဖြေနေသူ ဖြစ်ပြီး အူနိုင်းအမ်မရီရဲ့ဗီလာအပါအဝင် ပရီးမီးယားလိဂ်ကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။
ဂျက်ဆင်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဘိုင်ယန်မြူးနစ်သို့ အငှားဖြင့် သွားရောက် မကစားမီ ဗီလာနည်းပြအူနိုင်းအမ်မရီရဲ့ ဆက်သွယ်ခြင်းခံခဲ့ရပြီး ယခုနွေရာသီတွင်လည်း ထပ်မံဆက်သွယ်ခြင်းခံနေရတုန်း ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်တွင် အငှားဖြင့် ကစားစဉ် ၃၄ ပွဲကစားကာ ၁၁ ဂိုးသွင်းခဲ့တဲ့ ဂျက်ဆင်ဟာ နည်းပြဇာဘီးအလွန်ဆို လက်အောက်တွင် ချဲလ်ဆီးအသင်းတွင် အခွင့် ရရှိလာဦးမယ်လို့ အသိပေးခြင်းခံရပြီးနောက် စတမ်းဖို့ဒ်ဘရစ်ချ်တွင်ပင် ဆက်လက်ကစားရန် ဆုံးဖြတ်လာပါတယ်။
နီကိုလပ်စ်ဂျက်ဆင်ဟာ လက်ရှိအချိန်တွင် အပန်းဖြေခရီးထွက်နေဆဲ ဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင်မဲ့ ချဲလ်ဆီးရဲ့ အာရှခရီးစဉ်နှင့် ပူးပေါင်းလာပါမယ်။ ချဲလ်ဆီးဟာ ဇူလိုင်လ ၂၈ ရက်နေ့တွင် အာရှခရီးစဉ် စတင်မှာ ဖြစ်ပြီး ဩဂုတ်လ ၉ ရက်နေ့တွင် မလေးရှားမှာလည်း အဆုံးသတ်လာပါမယ်။ ၎င်းတို့ဟာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီသို့လည်း သွားရောက်လာပါမယ်။
ဂျက်ဆင်ဟာ ချဲလ်ဆီးပထမဆုံးနှစ်ရာသီတုန်းက ဦးစားပေးတိုက်စစ်မှူးဖြစ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့နွေရာသီမှာတော့ လီယမ်ဒါလက်နှင့် ဂျိုအာပီဒရိုတို့ရောက်လာပြီးနောက် တတိယဦးစားပေးကစားသမားဖြစ်လာခဲ့တာပါ။
2 050
အက်စတွန်ဗီလာရဲ့ စိတ်ဝင်စားခြင်းခံနေရပေမဲ့ ချဲလ်ဆီးအနာဂတ်ကို ဆုံးဖြတ်လာပြီဖြစ်တဲ့ နီကိုလပ်စ်ဂျက်ဆင်
2 050
====================
ပြင်သစ်စူပါစတားကိုင်လီယန်ဘက်ပေးဟာ အင်္ဂလန်အား ၄-၀ ဂိုးဖြင့် ရှုံးနိမ့်နေတဲ့ ကမ္ဘာ့ဖလားတတိယနေရာလုပွဲ ပထမပိုင်းအပြီးတွင် အင်္ဂလန်စတားဒီကလန်ရိုက်စ်နှင့် အမှတ်တရအင်္ကျီလဲလှယ်မှု ပြုလုပ်ခဲ့ပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဟာ ပထမပိုင်းအပြီးတွင် ကွင်းအတွင်းမှ ထွက်ခွာလာချိန်တွင် အင်္ကျီမဲ့ဖြင့် သောမတ်စ်တူချယ်နှင့် ပြုံးရွှင်စွာ စကားပြောရင်း ဥမင်လှိုဏ်ခေါင်းအတွင်းသို့ ဝင်ရောက်ခဲ့ပါတယ်။
ဘက်ပေးဟာ ပြင်သစ်တို့ အင်္ဂလန်အား ပထမပိုင်းမှာ ၄-၀ ဂိုးဖြင့် ရှုံးနိမ့်နေပေမဲ့လည်း ပွဲအပေါ် အာရုံမထားဘဲ ပြုံးရွှင်နေခဲ့တာလည်း ဖြစ်ပါတယ်။
ဘက်ပေး ဥမင်လှိုဏ်ခေါင်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် နောက်မှ ဒီကလန်ရိုက်စ်ကလည်း အင်္ကျီမဲ့ ဖြစ်နေပြီး ပြင်သစ်အင်္ကျီတစ်ထည်ကိုင်ထားမှုနှင့်အတူ ၎င်းတို့အကြား အမှတ်တရ အင်္ကျီလဲလှယ်မှု ပြုလုပ်ခဲ့တာလို့ ယုံကြည်ရပါတယ်။
ဘက်ပေးနှင့် တူချယ်တို့ဟာ ပီအက်စ်ဂျီတွင် ၂ ရာသီကြာ လက်တွဲခဲ့ကြဖူးပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး ပိုင်ဆိုင်ထားကြသူများ ဖြစ်ပါတယ်။
၎င်းတို့အကြား စကားပြောဆိုနေပုံအရ ကမ္ဘာ့ဖလားကြေးတံဆိပ်ဆုအပေါ် စိတ်ဝင်စားပုံ မပြကြောင်း တွေ့ရပါတယ်။
ပထမပိုင်းတွင် ပြင်သစ်ဟာ ၄-၀ ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပေမဲ့လည်း ဒုတိယပိုင်းတွင် ဂိုးများ ပြန်လည်သွင်းယူနိုင်ကာ ၆-၄ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ဘက်ပေးမှာလည်း ၂ ဂိုးသွင်းယူလာနိုင်မှုနှင့်အတူ ကမ္ဘာ့ဖလားသွင်းဂိုး ၂၂ ဂိုးဖြင့် ကမ္ဘာ့ဖလားသမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာသလို ၁၀ ဂိုးဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်နေရာမှာလည်း ရပ်တည်လာပါတယ်။
2 050
အင်္ဂလန်အား ၄-၀ ဂိုးဖြင့် ရှုံးနိမ့်နေတဲ့ ပထမပိုင်းအပြီးတွင် အင်္ဂလန်စတားနှင့် အင်္ကျီလဲလှယ်ခဲ့တဲ့ ဘက်ပေး
2 050
၁၉၆၆ နောက်ပိုင်း အကောင်းဆုံးစွမ်းဆောင်မှု
********
ဖိုင်နယ်မရောက်တာ စိတ်ပျက်စရာ
ဆိုပေမယ့် တတိယလုပွဲမှာ ပြင်သစ်ကို
နိုင်လိုက်တဲ့အတွက် ၁၉၆၆ နောက်ပိုင်း
ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရဲ့အကောင်းဆုံး
စွမ်းဆောင်နိုင်မှု ဖြစ်လာခဲ့ပါတယ်။
နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်
အဖြစ် ကမ္ဘာ့ဖလားမှာ ထိပ်ဆုံး ၃ သင်း
စာရင်း ဝင်ခဲ့တာပါ။
သမိုင်းဝင်စွမ်းဆောင်မှုနဲ့အတူ အနာဂါတ်
မှာ အင်္ဂလန်အတွက် အများကြီးမျှော်လင့်
စရာလည်း ဖြစ်လာခဲ့ပါတယ်။
တတိယရသွားတာကြောင့် အင်္ဂလန်ဟာ
ဆုကြေးအနေနဲ့ ဖီဖာဆီကနေ အမေရိကန်
ဒေါ်လာ ၂၉ သန်းရမှာပါ။
