fa
Feedback
Playmaker Journal

Playmaker Journal

رفتن به کانال در Telegram
2 452
مشترکین
+1224 ساعت
+1197 روز
+41930 روز
آرشیو پست ها
=================== ပေါ်တူဂီစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းကစားဖော်ရူဘင်နာဗက်စ်အား ကွယ်လွန်သွားရှာဖြစ်တဲ့ ဒီယေဂိုဂျိုတာအမည်ကို သံပြိုင်အော်ဟစ်မှု ပြုလုပ်ခဲ့တဲ့ ပရိသတ်များအား ရာသက်ပန်ပွဲကြည့်ခွင့်ပိတ်ပင်ရန် တောင်းဆိုလာပါတယ်။ လီဗာပူးတိုက်စစ်မှူးဂျိုတာဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက အသက် ၂၈ နှစ်အရွယ်တွင်ပင် ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ ဂျိုတာမှာ နာဗက်စ်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ဦး ဖြစ်ပြီး ဝုဗ်နှင့် ပေါ်တူဂီအသင်းတို့တွင် အတူတကွ ကစားခဲ့ကြဖူးပါတယ်။ စနေနေ့တုန်းက Al-Hilal က Al-Taawoun အား ၆-၀ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် Al-Taawoun ပရိသတ်များအား Al-Hilal ကွင်းလယ်ကစားသမားအားနီဗက်စ်အား ရည်ရွယ်ကာ 'ဂျိုတာ'လို့ သံပြိုင်အော်ဟစ် တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ခရစ္စတီယာနိုရော်နယ်ဒိုက "လိဂ်အနေနဲ့ အရေးယူရမယ်။ ဒီလိုအပြုအမူမျိုးကို အရေးယူရမယ်။ ဒါက ဘောလုံး မဟုတ်တော့ဘူး။ အကန့်အသတ်ဆိုတာ ရှိတယ်။ ဒီလို လုပ်တဲ့လူတွေကို ကွင်းထဲသို့ နောက်တစ်ခါ ပေးမဝင်သင့်တော့ဘူး"လို့ ပြောကြားသွားပါတယ်။ နီဗက်စ်ဟာ ပေါ်တူဂီအသင်းတွင် ဂျိုတာအမှတ်တရအဖြစ် ဂျိုတာဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၁ အား ဝတ်ဆင်ကစားနေသလို ခြေသလုံးတွင်လည်း ဂျိုတာနှင့် ဖက်နေတဲ့ ပုံအား တက်တူးထိုးထားပါသေးတယ်။ အွန်လိုင်းတွင် ထွက်ပေါ်လာတဲ့ ဗီဒီယိုအရ ပရိသတ်များက ယင်းသို့ ပြုမူချိန်တွင် နီဗက်စ်ဟာ ကောင်းကင်အား လက်ညိုးထိုးပြသလို ပွဲအပြီးတွင် "သူတို့ ဒီလိုလုပ်ပြီးတော့ ဘုရားဝတ်ပြု မသွားဖို့ မျှော်လင့်ပါတယ်"လို့ ဆိုသွားပါတယ်။ ဂျိုတာဟာ ၂၀၂၀ ခုနှစ်တွင် ဝုဗ်မှ လီဗာပူးသို့ ရောက်လာပြီးနောက် ၁၈၂ ပွဲကစားခဲ့ရာမှာ ၆၅ ဂိုးသွင်းပေးခဲ့သလို ပေါ်တူဂီအတွက် ၄၉ ပွဲကစားရာမှာလည်း ၁၄ ဂိုးသွင်းပေးခဲ့ပါတယ်။

ဂျိုတာအမည်ကို သံပြိုင်အော်ဟစ်သူများအား ရာသက်ပန်ပွဲကြည့်ခွင့် ပိတ်ပင်ရန် ခရစ္စတီယာနိုရော်နယ်ဒို တောင်းဆိုလာ

==================== ဗလင်စီယာဟာ အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်ကာ ရလဒ်အစ ရလဒ်ဆိုးရွားမှုနှင့် ကြုံရပြီးနောက် အားကစားဆိုင်ရာအကြီးအကဲအားလုံးကို ထုတ်ပယ်လာပါတယ်။ စင်္ကာပူဘီလျှံနာပီတာလမ်ပိုင်ဆိုင်တဲ့ ဗလင်စီယာဟာ နည်းပြကားလို့စ်ကော်ဘီရန်နှင့် ဘောလုံးစီအီးအိုရွန်ဂွါလေတို့အား ထုတ်ပယ်လာတာလည်း ဖြစ်ပါတယ်။ ဗလင်စီယာဟာ လာလီဂါပွဲစဉ် ၅ ပွဲအပြီးတွင် ရမှတ်တစ်မှတ်တည်းသာ ရယူထားနိုင်ပြီးနောက် နည်းပြနှင့် အားကစားဒါရိုက်တာတို့အား ထုတ်ပယ်လာတာပါ။ ဗလင်စီယာဟာ ရွန်ဂွါလေဦးဆောင်နေတဲ့ အားကစားစီမံခန့်ခွဲရေးအဖွဲ့ဝင်များဖြစ်ကြတဲ့ လီယန်ဒရိုအစ်ဆိုင်း၊ ဟန်ဂေးလ်ဟာယပ်စ်၊ အင်ဒရေဇာမိုရာ၊ မာလစ်ခ်ရှာဖိုင်းတို့ကိုလည်း ထုတ်ပယ်လိုက်ပါသေးတယ်။ ကော်ဘီယန်ဟာ ၂၀၂၄ ခုနှစ် ခရစ္စမတ်နေ့တွင် ဗလင်စီယာနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီးနောက် တန်းမဆင်းရအောင် ဆက်တိုက် အကောင်းဆုံး လုပ်ဆောင်ပေးလာခဲ့သူလည်း ဖြစ်ပါတယ်။ ကော်ဘီယန်ဟာ နွေရာသီတုန်းက ကောင်းမွန်တဲ့ ကစားသမားခေါ်ယူအားဖြည့်မှုများ ရရှိခဲ့တဲ့အပြင် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခြင်းခံခဲ့ရပေမယ်လည်း ရာသီအစ ရလဒ်ဆိုးရွားမှုနှင့်အတူ ထုတ်ပယ်ခြင်းခံလာရပါပြီ။ ဗလင်စီယာဟာ ကော်ဘီယန်နှင့် နည်းပြအဖွဲ့ဝင်များအား ရာထူးမှ ထုတ်ပယ်လိုက်မှုအတွက် နစ်နာကြေး ယူရို ၆ သန်းဝန်းကျင်ခန့် အသုံးပြုလာရဖို့ ရှိနေပါတယ်။

ရာသီအစ ရလဒ်ဆိုးရွားမှုကြောင့် နည်းပြနှင့် အားကစားဒါရိုက်တာတို့အား ထုတ်ပယ်ကာ ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်လာတဲ့ ဗလင်စီယာ
ရာသီအစ ရလဒ်ဆိုးရွားမှုကြောင့် နည်းပြနှင့် အားကစားဒါရိုက်တာတို့အား ထုတ်ပယ်ကာ ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်လာတဲ့ ဗလင်စီယာ

================ တနင်္ဂနွေနေ့ည အိုးထရက်ဖို့ဒ်တွင် ကစားတဲ့ မန်ချက်စတာဒါဘီပွဲစဉ် အစောပိုင်းမှာပင် အငြင်းပွားဖွယ်ရာ အဖြစ်အပျက်အဖြစ် ဖီးလ်ဖိုဒန်ဟာ ဘရူနိုဖာနန်ဒက်စ်ကို ကန်ခဲ့မှုအတွက် တိုက်ရိုက်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။ မန်စီးတီးအလယ်တန်းကစားသမားဟာ ပွဲချိန် ၂၃ မိနစ်မှာပင် အနီကတ်ပြသခြင်းခံခဲ့ရတာပါ။ အသက် ၂၆ နှစ်ရှိ ဖိုဒန်ဟာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတုန်းက ဘာနာဒိုကော်ရာဒီ နောက်ပိုင်းတွင် ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီပွဲစဉ်တွင် ပထမဆုံးအထုတ်ခံရတဲ့ ကစာသမား ဖြစ်လာပါတယ်။ ယင်းပွဲရဲ့ ပထမပိုင်း ပွဲတစ်ဝက်တွင် ဖိုဒန်ဟာ မန်စီးတီးကွင်းဘက်ခြမ်း ညာခြမ်းမှာ ဘောလုံး ရရှိခဲ့ပါတယ်။ ဖိုဒန်ကို ဘရူနိုဖာနန်ဒက်စ်က ဘောလုံးလာလုပြီး ပြစ်ဒဏ်ကျူးလွန်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ လဲကျနေတဲ့ ဖိုဒန်ကို ကန်ခဲ့ပြီး ဖိုဒန်ကလည်း ပေါ်တူဂီအလယ်တန်းကစားသမားရဲ့ ခန္ဒာကိုယ်အား ပြန်ကန်ခဲ့ပါတယ်။ ဒိုင်လူကြီးဟာ ချက်ချင်းဆိုသလို ဖိုဒန်အား တိုက်ရိုက်အနီကတ်ပြသခဲ့ပါတယ်။ အနှေးပြကွက်များအရ ဖာနန်ဒက်စ်က ဖိုဒန်ကို ဦးစွာ ကန်ခဲ့တာ တွေ့ရပါတယ်။ ဖိုဒန်က ဒေါသမထိန်းနိုင်ဘဲ ပြန်လည်ကန်ကာ တုံ့ပြန်ခဲ့တာပါ။ ယင်းအဖြစ်အပျက်ကို VAR ဒိုင်ကလည်း စစ်ဆေးခဲ့ပြီး ကွင်းတွင်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။ တဖက်တွင် ဘရူနိုဖာနန်ဒက်စ်ဟာ ယင်းမတော်တဆမှုတွင် ဖိုဒန်ကို ကန်ခဲ့ပေမယ့် အဝါကတ်တောင် ပြသခြင်းမခံခဲ့ရပါဘူး။ မန်စီးတီးဟာ ဖိုဒန် အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရကာ တစ်နာရီကျော်ကြာ တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပေမယ့်လည်း အာလင်းဟာလန်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ်တွင် ရာနှုန်းပြည့်နိုင်ပွဲ ဆက်လက် ရယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာဒါဘီပွဲစဉ်မှ ဖီးလ်ဖိုဒန်ရဲ့ အနီကတ် တကယ်တမ်း ထိုက်တန်သလား

================== ဘာစီလိုနာဟာ အဝေးကွင်းတွင် လီဗန်တေးကို ၄-၂ ဖြင့် အနိုင်ယူကာ လာလီဂါရာသီအစ ရာနှုန်းပြည့်နိုင်ပွဲ ဆက်လက် ရယူပြီး ဒုတိယနေရာမှ ရီးရဲလ်မက်ဒရစ်အား ၃ မှတ်ဖြတ်ကာ လာလီဂါအား ဆက်လက် ဦးဆောင်လာပါတယ်။ လက်ရှိ ချန်ပီယံဘာစီလိုနာဟာ လာမိန်းယာမဲလ်က ယခုပွဲတွင် ဒုတိယမြောက်ဂိုးအား သွင်းယူလာတဲ့အပြင် ဒုတိယပိုင်းအစ ၃ မိနစ်မှာ ပင်နယ်တီမှတဆင့် ဒုတိယဂိုး သွင်းယူလိုက်ပြီးနောက် ၅ ပွဲဆက် အနိုင်ရဖို့ သေချာသွားခဲ့တာပါ။ စပိန်စတားဟာ သူ့ရဲ့ ပထမဂိုးအား ရာဖင်ညာရဲ့ ဖြတ်တင်ဘောကနေ ချိန်သားကိုက် ပြေးဝင်ပိတ်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ယခုပွဲမှာ ပွဲအစ ၅ မိနစ်မှာပင် ဇာဗီးအက်စ်ပတ်ရဲ့ ဧရိယာထိပ်မှ အနိမ့်ကန်ချက်ဂိုးဖြင့် စောစောစီးစီး ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် အိမ်ရှင် လီဗန်တေးဟာ ဇွဲမလျှော့ဘဲ ပြန်လည်တိုက်စစ်ဆင်ခဲ့မှုနဲ့အတူ ရိုမီယိုနှင့် ဘရူဂူတို့ရဲ့ ဂိုးတွေဖြင့် ပြန်လာနိုင်မယ့် လမ်းစမြင်ခဲ့ရပါသေးတယ်။ ရိုမီယိုက ပွဲချိန် ၇၉ မိနစ်မှာ အက်စ်ပတ်ရဲ့အမှားကနေ ကြားဖြတ်ရယူပြီး အပိုင်ပိတ်သွင်းခဲ့တာ ဖြစ်သလို ပွဲချိန် ၈၈ မိနစ်မှာ ဘရူဂူက ဘယ်ခြမ်းမှ တကိုယ်တော် ထိုးဖောက်ရောက်ပြီး ဒုတိယချေပဂိုးသွင်းလာခဲ့တာပါ။ ဒါပေမယ့် အချိန်ပိုမှာ အဒီယီမီက လီဗန်တေးခံစစ်ကြောင်းကို ထိုးဖောက်ကာ ၂ ဂိုးအသာဖြင့် အနိုင်ရစေမယ့် စတုတ္ထဂိုးအား သွင်းယူခဲ့ပါတယ်။ ဘာစီလိုနာဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ရေးဆင်းနှင့် ရင်ဆိုင်ကစားရပါမယ်။

အဝေးကွင်းတွင် လီဗန်တေးကို ယာမဲလ်ရဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် ၄-၂ ဖြင့် အနိုင်ယူကာ ရာနှုန်းပြည့် နိုင်ပွဲ ဆက်လက် ရယူလာတဲ့ ဘာစီလ
အဝေးကွင်းတွင် လီဗန်တေးကို ယာမဲလ်ရဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် ၄-၂ ဖြင့် အနိုင်ယူကာ ရာနှုန်းပြည့် နိုင်ပွဲ ဆက်လက် ရယူလာတဲ့ ဘာစီလိုနာ

photo content

မန်ယူ vs မန်စီးတီး တနင်္ဂနွေ(ည ၁၀း၀၀ နာရီ) (Super Zay) တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကိုလည်း ပရီးမီးယားလိဂ်က ဆက်ရွေးထားပြီး မန်ချက်စတာဒါဘီကို သုံးသပ်ကြည့်ချင်ပါတယ်။ မထင်မှတ်တဲ့ အဖွင့်ရှုံးပွဲနဲ့ကြုံခဲ့ရပေမယ့် အဲဒီနောက်ပိုင်း ၃ ပွဲစလုံးမှာ မရှုံးခဲ့ဘဲ ၂ ပွဲနိုင်ခဲ့လို့ မန်ယူရဲ့ရာသီတာထွက်က အဆိုးကြီး မဟုတ်ပါဘူး။ ဂွါဒီယိုလာခေတ်လွန် အန်ဇိုလက်ထက် မန်စီးတီးကတော့ မယုံနိုင်ဖွယ်ရာ ရာနှုန်းပြည့်အနိုင်နဲ့ပါ။ ဒါပေမဲ့ အသွင်သစ်ကွင်းလယ်နဲ့ မန်စီးတီးရဲ့ခြေစွမ်းဟာ အရမ်းကို ယုံကြည်လို့ရတဲ့ အဆင့်မျိုးတော့ မဟုတ်သေးပါဘူး။ အထူးသဖြင့် မန်စီးတီးဟာ မန်ချက်စတာဒါဘီ နောက်ဆုံး ၆ ကြိမ်မှာ ၁ ပွဲသာနိုင်ခဲ့တာပါ။ ဒါ့အပြင် မန်ယူဟာ ကာရစ်လက်ထက်မှာ အိမ်ကွင်းကောင်းတဲ့အသင်းဖြစ်ပြီး သူစကိုင်ပြီးကတည်းက အိမ်ကွင်း ၁၀ ပွဲမှာ ၉ ပွဲတောင် နိုင်ထားပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ် အိုးလ်ထရက်ဖို့ဒ်မှာလည်း စီးတီးဟာ အခက်တွေ့နိုင်တာပါ။ သရဲနီတွေ ခေါင်းမငုံံ့ရနိုင်တဲ့ မန်ချက်စတာဒါဘီဖြစ်ပါကြောင်း။ ရွေးချယ်မှု - မန်ယူ

photo content

==================== ယူနိုက်တက်နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်က မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီ မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းနှင့် ရင်ဆိုင်ခဲ့စဉ် ရရှိခဲ့တဲ့ သူ့ရဲ့မှတ်တမ်းများမှာ ယခုပွဲတွင် အရေးမပါကြောင်း ပြောကြားလာပါတယ်။ ဟာလန်းဟာ ၂၀၂၂ ခုနှစ်အောက်တိုဘာလတုန်းက သူနှင့် မာတီနက်ဇ်တို့ရဲ့ ပထမဆုံးမန်ချက်စတာဒါဘီပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဟာလန်းဟာ အာဂျင်တီးနားနောက်ခံလူ ကစားတဲ့ နောက်ဆုံးဒါဘီပွဲ ၅ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပါဘူး။ ယူနိုက်တက်ဂန္ထဝင်နစ်ကီဘတ်ဟာ ဇန်နဝါရီလတုန်းက အိုးထရက်ဖို့ဒ်ဒါဘီပွဲစဉ်မတိုင်မီတုန်းက ယင်းပွဲတွင် အရပ် ၆ ပေ၊ ၅ လက်မရှိ နော်ဝေတိုက်စစ်မှူးက မာတီနက်ဇ်က ကလေးတစ်ယောက်လို ကစားသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ကစားဖော်ဟောင်းပေါလ်စခိုးကလည်း ဟာလန်းက မာတီနက်ဇ်ကို ဂိုးပေါက်ထဲသို့ ပစ်ထည့်လိမ့်မယ်လို့ ဆိုသွားပါသေးတယ်။ ဒါပေမယ့် ယင်းပွဲတွင် ယူနိုက်တက်က ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မာတီနက်ဇ်ကလည်း နစ်ကီဘတ်နှင့် ပေါလ်စခိုးတို့ရဲ့ ဝေဖန်မှုအပေါ် ပြန်လည်တုံ့ပြန်ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။ အာလင်းဟာလန်းဟာ မန်ချက်စတာဒါ့ဘီပွဲစဉ်မတိုင်မီ နောက်ဆုံး ၃ ပွဲတွင် ၅ ဂိုးသွင်းထားသလို ယူနိုက်တက်မှာလည်း ပရီးမီးယားလိဂ် ၃ ပွဲတွင် ၆ ဂိုးပေးထားရပါတယ်။ မာတီနက်ဇ်က "ဒါက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ဒါတွေက ပြီးသွားပြီ။ အခုနဲ့ မဆိုင်ဘူး။ နောက်ဆုံးတွေ့ဆုံတုန်းက ပွဲနဲ့ လုံးဝ ကွဲပြားလာမှာ ဖြစ်လို့ ဒီပွဲအတွက် အသင့် ဖြစ်နေဖို့ လိုတယ်။ အနိုင်ရလာချိန်မှာ ယုံကြည်မှု မြင့်လာတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့ စိတ်အေးအေးထားရမယ်။ နိမ့်ချရမယ်။ ပျော်ရမယ်(ဆာဘာနိုင်ပွဲအတွက်)။ ပြီးမှ ဒါဘီပွဲအတွက် တွေးမယ်။ ဒီပွဲက ကျွန်တော်တို့အတွက် တကယ့်ကို အရေးပါတဲ့ပွဲပါ"လို့ ပြောကြားသွားပါတယ်။

အာလင်းဟာလန်းနှင့် ရင်ဆိုင်ခဲ့စဉ် ရရှိခဲ့တဲ့ မှတ်တမ်းများမှာ အရေးမပါလို့ မာတီနက်ဇ် ပြောကြားလာ
အာလင်းဟာလန်းနှင့် ရင်ဆိုင်ခဲ့စဉ် ရရှိခဲ့တဲ့ မှတ်တမ်းများမှာ အရေးမပါလို့ မာတီနက်ဇ် ပြောကြားလာ

==================== ဘိုင်ယန်မြူးနစ်ဂိုးသမားမန်နူရယ်နူအာဟာ ချန်ပီယံလိဂ်တွင် ဘိုဒို/ဂလမ့်နှင့်ပွဲမှာ ပါဝင်ကစားပြီးနောက် ကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံလိဂ်သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးလာပါတယ်။ အသက် ၄၀ နှစ်ရှိ ဂျာမနီဂိုးသမားဟောင်းဟာ ချန်ပီယံလိဂ် ၁၈ ကြိမ်ဆက်ကစားကာ ကစားဖော်ဟောင်းသောမတ်စ်မူလာရဲ့ ၁၇ ကြိမ်စံချိန်အား ရိုက်ချိုးလာတာလည်း ဖြစ်ပါတယ်။ နူအာဟာ ကြာသပတေးနေ့တုန်းက ဘိုဒို/ဂလမ့်အား ၅-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပွဲထွက်ကစားကာ ဘိုင်ယန်မြူးနစ်နှင့်အတူ ချန်ပီယံလိဂ် ၁၈ ရာသီကစားလာတာ ဖြစ်ပြီး သောမတ်စ်မူလာရဲ့ ၁၇ ရာသီစံချိန်ကို ရိုးချိုးလာတာပါ။ နူအာဟာ ၂၀၁၃ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် ဘိုင်ယန်မြူးနစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပြီး တတိယအကြိမ်မြောက် ဆွတ်ခူးရေး စိတ်အားထက်သန်နေပါတယ်။ နူအာဟာ ၂၀၁၁ ခုနှစ်တွင် ရှော်လ်ကေးမှ ပြောင်းလာပြီးနောက် ဘိုင်ယန်မြူးနစ်နှင့်အတူ ချန်ပီယံလိဂ် ၁၃၉ ပွဲကစားပေးထားသူလည်း ဖြစ်ပါတယ်။ သူဟာ ရှော်လ်ကေးမှာတုန်းကလည်း ချန်ပီယံလိဂ်ပွဲ ၂၂ ပွဲကစားခဲ့သူပါ။

ကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံလိဂ်သမိုင်းမှတ်တိုင်သစ်တစ်ခု ရေးထိုးလာတဲ့ နူအာ
ကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံလိဂ်သမိုင်းမှတ်တိုင်သစ်တစ်ခု ရေးထိုးလာတဲ့ နူအာ

ကိုဗင်ထရီ 🆚 ဘရိုက်တန် 📌အမှတ်ပေးအိမ်ကွင်းတွေ့ဆုံ မှု နောက်ဆုံး ၃ ပွဲစလုံးမှာ ကိုဗင်ထရီအနိုင်ရထား။ 📌တန်းတက်တွေနဲ့ ပရီးမီးယား လိဂ်တွေ့ဆုံမှု နောက်ဆုံး ၁၄ ပွဲ မှာ ဘရိုက်တန် ၁ ပွဲသာ ရှုံးခဲ့။ (၇ ပွဲနိုင်၊ ၆ ပွဲသရေ) မန်စီးတီး 🆚 မန်ယူ 📌မန်ချက်စတာဒါဘီ နောက်ဆုံး ၆ ကြိမ်မှာ မန်စီးတီး ၁ ပွဲသာ အနိုင်ရခဲ့။ 📌နည်းပြကာရစ်လက်ထက် ပရီး မီးယားလိဂ်အိမ်ကွင်း ၁၀ ပွဲမှာ မန်ယူ ၉ ပွဲနိုင်ပြီး ၁ ပွဲသာ ရှုံးခဲ့။

တနင်္ဂနွေည ပရီးမီးယားလိဂ် ပွဲကြိုအချက်အလက်
တနင်္ဂနွေည ပရီးမီးယားလိဂ် ပွဲကြိုအချက်အလက်

photo content

အဲဗားရက် vs ဘိုင်ယန်မြူးနစ် တနင်္ဂနွေ ည (၁၀:၀၀) နာရီ VIP Kaung Kaung ယခုတစ်ပတ်မှာတော့ ဂျာမနီမြေမှပွဲကောင်းတစ်ပွဲဖြစ်တဲ့ အဲဗားရက် vs ဘိုင်ယန်မြူးနစ်ပွဲမှရွေးချယ်ပေးလိုက်ပါတယ်။ လက်ရှိခြေစွမ်းအရ အိမ်ရှင်တို့ ဘိုင်ယန်အထက်မှာ ရပ်တည်နေသလို ချီးကျူးရမယ့်အသင်းကလည်း အိမ်ရှင်ပါ။ ပထမပွဲစဉ်မှာ လေဗာကူဆင်ကိုနိုင်ခဲ့သလို ဒုတိယပွဲစဉ်မှာလည်း အဝေးကွင်းဖြစ်နေပေမယ့် ဂလာဘက်ကို ထပ်နိုင်ခဲ့တဲ့အတွက် တန်းတက်အသင်းထဲမှာကောင်းမွန်တဲ့အသင်းဆိုတာကို သက်သေပြနေပါပြီ။ သို့ပေမယ့်သတိထားရမှာက ခံစစ်ကတော့ ဂိုးတွေပေးနေရတာ ဘိုင်ယန်အတွက် ဂိုးရလွယ်ကူသွားနိုင်ပါတယ်။ လက်ရှိဘိုင်ယန်အနေနဲ့ ပွဲပမ်းမှုတွေရှိနေပေမယ့် ရှော်ကေးနဲ့ပွဲရဲ့သရေရလဒ်ကြောင့် ယနေ့ညမှာ မဖြစ်မနေနိုင်ပွဲလိုအပ်နေပါတယ်။ ဒါကြောင့် ယနေ့ညမှာပြိုင်ဆိုင်မှုပြင်းထန်လာဖို့ရှိသလို ဟာရီကိန်းဦးဆောင်လာမယ့်တိုက်စစ်က ဂိုးလိုချင်လာရင် အချိန်သိပ်မပေးရဘဲ ဂိုးတွေရဖို့ရှိနေတဲ့အတွက် ဂိုးတွေမြင်တွေ့ရဖို့ရှိနေတဲ့သဘောမျိုးကြောင့် (၂သင်း) ပေါင်းသွင်းဂိုးအများဘက်မှာရပ်တည်ရမှာပါ။ ရွေးချယ်မှု ဂိုးပေါ်

photo content