CJ Platform
رفتن به کانال در Telegram
We are freedom and voices. Website Link: https://cjplatform.com/
نمایش بیشتر4 888
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-6830 روز
آرشیو پست ها
4 888
ဒီပဲယင်းမှာ CDM ဆည်မြောင်းဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
CJ Platform
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းမှာ CDM ဆည်မြောင်းဝန်ထမ်းတစ်ဦးကို လက်နက်ကိုင်ဆောင်ထားသူတစ်ဦးက သေနတ်နဲ့ ပစ်သတ်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသူမှာ CDM ဝင်ရောက်ထားသည့် ဆည်မြောင်းဝန်ထမ်းဟောင်းတစ်ဦး ဖြစ်သလို လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရေဦးမြို့နယ်အဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
"လက်ဖက်ရည်ဆိုင် သွားရအောင်ဆိုပြီး လာရောက်ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ ပြီးတော့ လမ်းမှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ။ လာခေါ်တဲ့သူဆိုတော့ အနီးစပ်ဆုံး ရင်းနှီးကျွမ်းဝင်တဲ့သူ ဖြစ်မှာပါ။ ပစ်ခတ်သွားတဲ့သူကိုတော့ အခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး" လို့ ဒေသခံရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် ဒေသတွင်း လုံခြုံရေးအခြေအနေအချို့နဲ့ ပတ်သက်ပြီး ဒီပဲယင်းမြို့နယ်အတွင်းမှာ တရားဝင် တော်လှန်ရေးအဖွဲ့တွေတင်မကဘဲ၊ နွေဦးတော်လှန်ရေး လက်နက်ကိုင်တော်လှန်ရေး အစပိုင်းကာလတုန်းက လက်နက်ကိုင်ဆောင်ခဲ့သူတွေထဲက လက်ရှိမှာ ရပ်နားသွားသူအချို့မှာလည်း လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အခြေအနေအချို့ ရှိနေဆဲဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိသားစုနဲ့ နီးစပ်သူတစ်ဦးက "ဟုတ်ပါတယ်၊ ပစ်သတ်သွားတာက လက်ယက်ကုန်းရွာရဲ့ မြောက်ဘက်ပိုင်းမှာပါ။ အခုထိတော့ တရားခံ ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ မသိရသေးပါဘူး။ တရားခံကိုတော့ ဆက်လက်ပြီး စုံစမ်းစစ်ဆေးနေဆဲပါပဲ" လို့လည်း CJ Platform ကို အတည်ပြု ပြောဆိုထားပါတယ်။
လက်ရှိအချိန်မှာ အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားခံကို စုံစမ်းဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပြီး၊ နောက်ဆက်တွဲ မြေပြင်အခြေအနေတွေကို တိတိကျကျ သိရှိနိုင်ဖို့အတွက် CJ Platform က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #ပစ်ခတ်မှုဖြစ်စဉ် #ဒေသတွင်းသတင်း
4 888
+5
ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရတဲ့ ရခိုင်မှာ ခြင်တွေ ပေါများလာလို့ သွေးလွန်တုတ်ကွေးဖြစ်ပွားမှု မြင့်တက်မှာကို စိုးရိမ်နေရ
CJ Platform
ရခိုင်ပြည်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနစ်မြုပ်မှုဘေးဒဏ် ခံခဲ့ရတဲ့ မြို့နယ်တွေမှာ နောက်ဆက်တွဲ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှု မြင့်တက်လာမှာကို ဒေသခံပြည်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1172026-2/
4 888
ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေတဲ့ ရခိုင်မှာ မိုးအနည်းငယ်လျော့ကျမယ်
CJ Platform
ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့အတွက် ဒေသအသီးသီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသခန့်မှန်းချက်တွေကိုပြောပြသွားပါတော့မယ်။အရင်ဦးဆုံး ပစိဖိတ်သမုဒ္ဒရာ အတွင်းကနေ ရွေ့လျားလာတဲ့ တိုင်ဖွန်းမုန်တိုင်းကြီး “ဗာဗီ” (BAVI) ဟာ လက်ရှိမှာ မြောက်-အနောက်မြောက်ဘက်ကို ဆက်လက် ဦးတည်ကာ ထိုင်ဝမ်ကျွန်း အရှေ့ဘက် ပင်လယ်ပြင်ကို ရောက်ရှိနေပြီး၊ တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းဆီကို ဖြတ်ကျော် ဝင်ရောက်မှာ ဖြစ်ပါတယ်။ တိုင်ဖွန်းမုန်တိုင်းကြီးရဲ့ အားပြင်းတဲ့ ဆွဲအားကြောင့် ကပ္ပလီပင်လယ်ပြင်ကတစ်ဆင့် အနောက်တောင် မုတ်သုံလေစီးကြောင်းဟာ မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသတွေဆီ အရှိန်အဟုန် ကောင်းကောင်းနဲ့ ဖြတ်ကျော် စီးဝင်နေတာကို မိုးလေဝသ ခန့်မှန်းမော်ဒယ်တွေမှာ တွေ့ရပါတယ်။
#CJPlatform #မိုးလေဝသ #မိုးတိမ်တောင်သတိပေးချက် #ရေကြီးရေလျှံသတိပေးချက် #စစ်တောင်းမြစ်ရေ
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/KzT26uebK9I
4 888
သံဖြူဇရပ်မှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုကြောင့် သာသနာ့အဆောက်အဦးအပါဝင် စာသင်ကျောင်းနဲ့ နေအိမ် ၅၀ ခန့် ပျက်စီး
CJ Platform
မွန်ပြည် သံဖြူဇရပ်မြို့နယ်မှာ မိုးသက်လေပြင်း ပြင်းထန်စွာ တိုက်ခတ်ခဲ့မှုကြောင့် ပြည်သူတွေရဲ့ နေအိမ် ၅၀ လုံးခန့်နဲ့ ကျိုက်ရာမညဇိနထိုင်တော်မူ ဘုရားကြီးရဲ့ အမိုးတွေ ပြိုကျပျက်စီးခဲ့ရတဲ့အပြင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
မနေ့ ဇူလိုင် ၁၀ ရက် ည ၆ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန်က သံဖြူဇရပ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မိုးသက်လေပြင်းတွေ ပြင်းထန်စွာ ကျရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဖြစ်စဉ်ကြောင့် သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်မှာ သစ်ပင်သစ်ကိုင်းတွေ ကျိုးပျက်လဲကျခဲ့ပြီး နေအိမ် ၅၀ ခန့် အမိုးလန်ပျက်စီးခဲ့သလို၊ အ.လ.က (အောင်ဇေယျ) စာသင်ကျောင်းက ဆရာ၊ ဆရာမများနားနေခန်း သွပ်အမိုးတွေလည်း ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အောင်ကုသိုလ်ရပ်ကွက်အတွင်းရှိ နေအိမ် ၂ လုံးခန့် အမိုးလန်ပျက်စီးခဲ့သလို၊ ကျိုက်ရာမညဇိနထိုင်တော်မူ ဘုရားကြီးရဲ့ အမြင့်ပေ ၁၀၀၊ အလျားနဲ့ အနံ ပေ ၂၀၀ ပတ်လည်ရှိ ကွန်ကရစ်တိုင် ၆၀ ခန့်နဲ့ ၁၂ ပေသွပ်အချပ်ရေ ၂,၀၀၀ ခန့် တပ်ဆင်ထားတဲ့ အမိုးတစ်ခုလုံးလည်း ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်ကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း၊ အောင်ဇေယျရပ်ကွက်အတွင်းရှိ မြို့နယ်မြေစာရင်းရုံးရှေ့က ကုက္ကိုလ်ပင်ကြီးမှာ ရေး - သံဖြူဇရပ် လမ်းမကြီးပေါ်သို့ လဲကျခဲ့တာကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လမ်းရှင်းလင်းရေးလုပ်ငန်းတွေနဲ့ အောင်ကုသိုလ်ဘုရားဝင်းအတွင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအဖွဲ့အစည်းဝင်တွေက ပူးပေါင်းကာ ဝိုင်းဝန်းကူညီ ရှင်းလင်းပေးလျက်ရှိကြောင်း သိရပါတယ်။
ဓာတ်ပုံ - ဘိုဘို၀င်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
#CJPlatform #မွန်ပြည် #သံဖြူဇရပ်မြို့နယ် #မိုးသက်လေပြင်းတိုက်ခတ်မှု #သဘာဝဘေးအန္တရာယ်
4 888
မနက်ဖြန် ဇူလိုင် (၁၁) ရက် စနေနေ့အတွက် မိုးလေဝသခန့်မှန်းချက်
တိုင်ဖွန်း ဗာဗီကြောင့် မုတ်သုံလေဆက်ကောင်နေပြီး မြစ်ရေကြီးမှု အထူးသတိပြု
CJ Platform
မနက်ဖြန် ဇူလိုင်လ ၁၁ ရက်၊ စနေနေ့မှာ ဖြစ်ပေါ်လာနိုင်တဲ့ ဒေသအသီးသီးက မိုးလေဝသအခြေအနေတွေကို ခန့်မှန်း ပြောပြပေးသွားပါတော့မယ်။အရင်ဦးဆုံး ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း "ဗာဗီ" (BAVI) ဟာ မနက်ဖြန် ဇူလိုင်လ ၁၁ ရက်နေ့မှာ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့မြောက်ဘက်ကို ဖြတ်ကျော်မှာဖြစ်ပြီး၊ တရုတ်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသဖြစ်တဲ့ ဝမ်ကျိုးမြို့အနီးကနေ ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ဝင်ရောက်နိုင်မှာကို မိုးလေဝသ ခန့်မှန်းမော်ဒယ်တွေမှာ တွေ့ရပါတယ်။
#CJPlatform #မိုးသည်းထန် #ရေကြီးရေလျှံသတိပေးချက် #စစ်တောင်းမြစ်ရေ #ရွှေကျင်မြစ်ရေ
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/GVk3dTliGFw
4 888
စစ်တပ်အကြိုက် ဝါဒဖြန့်စာပေတွေ ရေးသားခဲ့သူ စာရေးဆရာမ ဒေါက်တာမတင်ဝင်း ကွယ်လွန်
CJ Platform
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားစာပေ တစ်သက်တာဆု ရရှိခဲ့တဲ့ စာရေးဆရာမ ဒေါက်တာမတင်ဝင်း ဟာ ဒီကနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက မင်္ဂလာဒုံ ခုတင် (၁၀၀၀) ဆံ့ စစ်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ စာနယ်ဇင်းလောကသားတွေဆီကနေ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1072026-6/
4 888
အချိုးအစားမမှန်သည့် ဗိုလ်ချုပ်ရုပ်တုတွေကို ဖယ်ရှားတာဖြစ်တယ်လို့ မှောင်ရိပ်ခိုပြီး ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးနေတဲ့ စစ်အုပ်စုက သတင်းထုတ်ပြန်
CJ Platform
ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို ဖယ်ရှားဖျက်ဆီးတာမဟုတ်ဘဲ အချိုးအစားမမှန်တဲ့ ရုပ်တုတွေကိုသာ ဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြည်သူကို အသိပေးတာမရှိဘဲ မှောင်ရိပ်ခိုကာ ဗိုလ်ချုပ်ရုပ်တုတွေကို လိုက်လံဖျက်ဆီးနေတဲ့ စစ်အုပ်စုရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုး က ပြောကြားလိုက်ပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1072026-5/
4 888
စပိန်ရဲ့ အတောက်ပဆုံးအချိန်နဲ့ ကြယ်စင်စုတွေအလွန် ဘယ်ဂျီယံရဲ့ မှိန်ပြပြ အိပ်မက်
CJ Platform
ယနေ့ညပိုင်းမှာ ယှဉ်ပြိုင်ကစားကြမယ့် စပိန်အသင်းနဲ့ ဘယ်ဂျီယံအသင်းတို့ရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်ဟာ မျိုးဆက်နှစ်ခုရဲ့ ထိပ်တိုက်တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ တစ်ဖက်မှာ ယူရိုချန်ပီယံအဖြစ် အကောင်းဆုံး ပုံစံကောင်းတွေနဲ့ ရှေ့ဆက်နေတဲ့ စပိန်အသင်း၊ တစ်ဖက်မှာတော့ ရွှေရောင်မျိုးဆက် (Golden Generation) ကုန်ဆုံးလုနီးပါး အချိန်မှာ နောက်ဆုံးအိပ်မက်ကို အမိအရ ဆုပ်ကိုင်ထားတဲ့ ဘယ်ဂျီယံအသင်းတို့အနက် ဘယ်အသင်းက ဆီမီးဖိုင်နယ် တံခါးချပ်ကို ဖွင့်လှစ်သွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ လက်ရှိကမ္ဘာ့ဘောလုံးလောကမှာ အပြည့်စုံဆုံး လူစာရင်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်ပြီး၊ ယူရိုချန်ပီယံဆုကို ဆွတ်ခူးပြီးနောက်ပိုင်း အသင်းရဲ့ ယုံကြည်မှုက ပိုမိုမြင့်တက်လာခဲ့သလို လူငယ်သွေးသစ်တွေနဲ့ အတွေ့အကြုံရင့် ကစားသမားတွေကို အချိုးကျကျ ပေါင်းစပ်တည်ဆောက်ထားနိုင်တာက သူတို့ရဲ့ အဓိက အားသာချက် ဖြစ်နေပါတယ်။
ဘောလုံးကို စနစ်တကျ ကိုင်ကစားနိုင်စွမ်း၊ ဖိအားပေးနိုင်စွမ်းနဲ့ အခွင့်အရေး ဖန်တီးနိုင်စွမ်းတွေမှာ ပြိုင်ဘက်တိုင်းထက် အနည်းငယ် သာလွန်နေတာကြောင့် စပိန်အသင်းဟာ ယခုပြိုင်ပွဲရဲ့ ချန်ပီယံရေပန်းစားမှု စာရင်းမှာ ထိပ်ဆုံးကနေ ဆက်လက်ရပ်တည်နေတာ ဖြစ်ပါတယ်။
ဘယ်ဂျီယံအသင်း ဘက်မှာတော့ ဟာဇက်၊ ဒီဘရိုင်း၊ လူကာကူ၊ ကော်တွိုက်စ် တို့နဲ့ စတင်ခဲ့တဲ့ ရွှေရောင်မျိုးဆက်ဟာ သမိုင်းစာမျက်နှာတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့ဖို့ များနေပြီး၊ အခုအချိန်မှာ အသင်းရဲ့ မျှော်လင့်ချက် အများစုက ကယ်ဗင် ဒီဘရိုင်းနား ရဲ့ ဖန်တီးပေးနိုင်စွမ်းပေါ်မှာသာ အလုံးစုံ မှီခိုနေရတာပါ။ အသက်အရွယ် ကြီးရင့်လာပြီဖြစ်တဲ့ ဒီဘရိုင်းနား အတွက်တော့ ယခုကမ္ဘာ့ဖလား ပြိုင်ပွဲဟာ နိုင်ငံအသင်းနဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုတစ်ရပ် ရယူနိုင်မယ့် နောက်ဆုံးအခွင့်အရေး ဖြစ်နေပြီး၊ ဒါကြောင့်မို့လို့ ဘယ်ဂျီယံအသင်းဟာ ကစားသမားတွေရဲ့ အတွေ့အကြုံနဲ့ စိတ်ဓာတ်ကို အားကိုးပြီး စပိန်အသင်းကို အံ့အားသင့်စရာတွေ လုပ်ပြနိုင်ဖို့ ကြိုးစားလာမှာ သေချာပါတယ်။
အခုပွဲစဉ်ရဲ့ အဓိက သော့ချက်ကတော့ စပိန်အသင်းရဲ့ လူငယ်ကြယ်ပွင့် လမိုင်း ယာမယ် ကို ဘယ်ဂျီယံအသင်း ဘက်က ဘယ်လောက်အထိ ထိန်းချုပ်ကစားနိုင်မလဲဆိုတာပါပဲ။ ယာမယ် ဟာ တစ်ယောက်ချင်း ကျော်ဖြတ်နိုင်စွမ်း၊ အတွင်းဘက်ကို ဖြတ်ဝင်ကစားပြီး အခွင့်အရေး ဖန်တီးနိုင်စွမ်းနဲ့ နောက်ဆုံး ပိတ်ဂိုးအဆုံးသတ်တွေမှာ အန္တရာယ်အရှိဆုံး ကစားသမားတစ်ယောက် ဖြစ်နေတာပါ။ ဘယ်ဂျီယံအသင်း အနေနဲ့ နှစ်ယောက်၊ သုံးယောက် ဝိုင်းပိတ်ပြီး သေသေချာချာ
ထိန်းချုပ်ကစားနိုင်မှသာ ယာမယ် ရဲ့ ကွင်းတွင်းသက်ရောက်မှုကို လျှော့ချနိုင်မှာဖြစ်ပြီး၊ အဲဒီလိုမျိုး မဟုတ်ရင်တော့ တောင်ပံတိုက်စစ်ကနေ စပိန်အသင်းဟာ အချိန်မရွေး ပွဲရလဒ်ကို ပြောင်းလဲပစ်နိုင်မှာ ဖြစ်ပါတယ်။
နည်းစနစ်ဗျူဟာပိုင်းမှာတော့ စပိန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကို အခြေခံပြီး ပြိုင်ဘက်ထံကနေ ဘောလုံးဆုံးရှုံးသွားတဲ့ အချိန်မှာ ချက်ချင်းဖိအား ပြန်လည်ပေးတဲ့ Pressing ပုံစံကို အသုံးပြုလာနိုင်ပြီး၊ ဘယ်ဂျီယံအသင်း ကတော့ နောက်တန်းခံစစ်ကို ကျစ်ကျစ်လျစ်လျစ် တည်ဆောက်ထားပြီး ဒီဘရိုင်းနား ရဲ့ အဝေးဘော ပေးပို့မှုတွေကတစ်ဆင့် တန်ပြန်တိုက်စစ်တွေနဲ့ အခွင့်အရေးရှာဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ်။ ဒါပေမဲ့လည်း ပွဲရဲ့ စည်းချက်တစ်ခုလုံးကို စပိန်အသင်းကသာ ထိန်းချုပ်သွားနိုင်ခဲ့ရင် ဘယ်ဂျီယံအသင်းအတွက် မိနစ် ကိုးဆယ်လုံးလုံး ခံစစ်သက်သက်သာ ဆင်ကစားရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။
ယနေ့ညပွဲစဉ်ဟာ အတိတ်က ကြယ်စင်စုတွေရဲ့ နောက်ဆုံးတောက်ပမှုနဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ လူငယ်မျိုးဆက်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး၊ စပိန်အသင်းဟာ လက်ရှိခြေစွမ်း၊ လူစာရင်း အရည်အသွေးနဲ့ နည်းစနစ်ပိုင်းမှာ အသာစီးရထားပေမဲ့လည်း ဒီဘရိုင်းနား လို ကစားသမားမျိုး ရှိနေသရွေ့ ဘယ်ဂျီယံအသင်းကို ဘယ်တော့မှ လျှော့တွက်လို့ မရပါဘူး။ ဒါပေမဲ့လည်း ကွင်းလယ်အခြေအနေကို စပိန်အသင်းကပဲ အသာစီး ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ဆီမီးဖိုင်နယ်တက်လှမ်းမယ့် လက်မှတ်ဟာ ယူရိုချန်ပီယံတွေရဲ့ လက်ထဲကို ရောက်ရှိသွားဖို့ အလားအလာ ပိုမိုများပြားနေကြောင်း နိုင်ငံတကာအားကစားသတင်း သုံးသပ်ချက်တွေအရ သိရပါတယ်။
#CJPlatform #ကမ္ဘာ့ဖလား #စပိန်နှင့်ဘယ်ဂျီယံ #ဒီဘရိုင်းနား #နိုင်ငံတကာအားကစား
4 888
သေနတ်ခိုးမှုစွပ်စွဲချက်နဲ့ တန့်ဆည်က စစ်ဘေးရှောင်တစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရမှု ၂ လကျော်ကြာသည်အထိ တရားမျှတမှုမရသေး
CJ Platform
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ သေနတ်ခိုးယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့က ဖမ်းဆီးခြင်းခံခဲ့ရတဲ့ စစ်ဘေးရှောင်အမျိုးသားတစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေထံ တိုင်တန်းထားသော်လည်း ၂ လကျော်ကြာတဲ့အထိ တစ်စုံတစ်ရာ စစ်ဆေးဖော်ထုတ်ပေးခြင်း မရှိသေးဘူးလို့ ကျန်ရစ်သူမိသားစုတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1072026-4/
4 888
ချမ်းအေးသာစံမှာ ရဲအရာရှိနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ ပစ္စည်းတွေပါ အခိုးခံနေရ
CJ Platform
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်အတွင်းမှာ ခိုးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ရဲအရာရှိနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ ဆိုင်ကယ်၊ စက်ဘီးတွေပါမကျန် ဆက်တိုက်ခိုးယူခံနေရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1072026-3/
4 888
ရခိုင်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ် ၈ ခု ထက်မနည်း ရေနစ်မြုပ်နေပြီး လူထောင်ချီ ရေဘေးသင့်
CJ Platform
ရခိုင်ပြည်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကတည်းက မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက်ကြောင့် မြို့နယ် ၈ ခုထက်မနည်းမှာ ရေနစ်မြုပ်မှုဘေးအန္တရာယ်တွေ ကြုံတွေ့နေရပြီး လူဦးရေ ထောင်ချီကာ ရေဘေးသင့်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1072026-2/
4 888
သံလွင်မြစ်ရေ မြင့်တက်၊ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ ရေကြီးနစ်မြုပ်နိုင်
CJ Platform
ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့အတွက် ဒေသအသီးသီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသအခြေအနေတွေကို ခန့်မှန်း ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး ပစိဖိတ်သမုဒ္ဒရာအတွင်း ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း “ဗာဗီ” (BAVI) ဟာ ဆက်လက် အားကောင်းနေပြီး အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနေပါတယ်။ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းဟာ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့မြောက်ဘက် အနီးကနေ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ တရုတ်နိုင်ငံ တောင်ပိုင်းအတွင်း ဝင်ရောက်ကာ အားလျော့သွားနိုင်တာကို မိုးလေဝသ ခန့်မှန်းမော်ဒယ်တွေမှာ တွေ့ရပါတယ်။
#CJPlatform #မိုးလေဝသ #မိုးသည်းထန် #ရေကြီးရေလျှံသတိပေးချက် #ပင်လယ်ပြင်သတိပေးချက်
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/7FH0u9bVt_Y
4 888
အမ်ဘာပေရဲ့ ထူးရှယ်ခြေစွမ်းနဲ့ မာကြောလှတဲ့ မော်ရိုကိုကို ဖျက်ဆီးခဲ့တဲ့ ပြင်သစ်
CJ Platform
ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာတော့ ပြင်သစ်အသင်းက မော်ရိုကိုအသင်းကို ၂ ဂိုး - ဂိုးမရှိ (၂-၀) ရလဒ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်ရဲ့ အဓိကဇာတ်ဆောင်ကတော့ ကီလီယန် အမ်ဘာပေ ပဲ ဖြစ်ပါတယ်။ သူဟာ ဂိုးသွင်းယူနိုင်ခဲ့သလို တိုက်စစ်တစ်ခုလုံးရဲ့ အရှိန်အဟုန်ကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပြီး ဘောလုံးကိုင်ဆောင်မှု၊ ထိုးဖောက်နိုင်စွမ်းနဲ့ နေရာလွတ်ဖန်တီးမှုတွေက မော်ရိုကိုခံစစ်ကို အချိန်ပြည့် ဖိအားပေးနိုင်ခဲ့တာပါ။ ပင်နယ်တီလွဲချော်မှု ရှိခဲ့သော်လည်း သူတို့ရဲ့ ယုံကြည်မှုကို လျော့ကျမသွားစေဘဲ ပိုမိုအားကောင်းတဲ့ တုံ့ပြန်မှုတွေနဲ့ ပြန်လာနိုင်ခဲ့တာက ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးရဲ့ စိတ်ဓာတ်ကို ပြသခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းရဲ့ ကစားကွက်ပုံစံကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့ပြီး ကွင်းလယ်အလယ်တန်းကနေ ဘောလုံးဖြန့်ဝေမှု မြန်ဆန်သလို၊ အမ်ဘာပေ နဲ့ ဒမ်ဘီလီ တို့ရဲ့ တောင်ပံနှစ်ဖက်ကလည်း အမြန်နှုန်း အားသာချက်တွေနဲ့ ထိုးဖောက်နိုင်ခဲ့တာပါ။ တိုက်စစ်ကစားသမားတွေက နေရာလဲလှယ်ကစားပြီး မော်ရိုကိုခံစစ်ကို အမြဲတမ်း အလုပ်ရှုပ်စေခဲ့သလို၊ ဘောလုံးဆုံးရှုံးသွားတဲ့ အချိန်မှာလည်း ချက်ချင်းပြန်လည်ဖိအားပေးတဲ့ High Pressing ကစားပုံကြောင့် မော်ရိုကိုအသင်းအတွက် တန်ပြန်တိုက်စစ်တည်ဆောက်ဖို့ အခက်အခဲများစွာ ရှိစေခဲ့ပါတယ်။
ဒါပေမဲ့လည်း မော်ရိုကိုအသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကိုတော့ ချီးကျူးရမှာဖြစ်ပြီး အခွင့်အရေးရတိုင်း တန်ပြန်တိုက်စစ်နဲ့ ပြန်လည်ထိုးဖောက်ဖို့ ကြိုးပမ်းခဲ့ကာ၊ ပြင်သစ်အသင်းကို အလွယ်တကူ အနိုင်ရရှိသွားခွင့် မပေးခဲ့တာတော့ အမှန်တရားပဲ ဖြစ်ပါတယ်။ ရလဒ်ပိုင်းအရ ရှုံးနိမ့်ခဲ့ရပေမဲ့လည်း မော်ရိုကိုရဲ့ စိတ်ဓာတ်နဲ့ အသင်းလိုက်စည်းလုံးမှုကတော့ ဘောလုံးချစ်ပရိသတ်တွေရဲ့ လေးစားမှုကို ထပ်မံရရှိစေခဲ့တာပါ။
ယခုပွဲစဉ်မှာ အထင်ရှားဆုံး မော်ရိုကိုကစားသမားကတော့ ဂိုးသမား ဘိုနို ပဲ ဖြစ်ပါတယ်။ သူဟာ ပင်နယ်တီအပါအဝင် အမ်ဘာပေ၊ ဒမ်ဘီလီ နဲ့ ပြင်သစ်တိုက်စစ်ရဲ့ အန္တရာယ်ရှိတဲ့ ကန်ချက်တွေကို အကြိမ်ကြိမ် လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး၊ ပွဲရလဒ် ပိုမိုပြတ်သားမသွားအောင် စွမ်းဆောင်ပေးခဲ့တာပါ။ သူတို့ရဲ့ လက်စွမ်းသာ မရှိခဲ့ရင် ပြင်သစ်အသင်းအတွက် သွင်းဂိုးအရေအတွက်က ယခုထက် ပိုမိုများပြားသွားနိုင်တဲ့ ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။
အမ်ဘာပေ အတွက်တော့ ယခုပွဲစဉ်က ချန်ပီယံတစ်ယောက်ရဲ့ စိတ်ဓာတ်ကို သက်သေပြလိုက်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပင်နယ်တီလွဲချော်ခဲ့ပေမဲ့လည်း စိတ်ပျက်အားငယ်မနေဘဲ ပွဲအပေါ် အပြည့်အဝအာရုံစိုက်ပြီး အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့တာပါ။ အခွင့်အရေးတွေ ဆက်လက်ဖန်တီးပေးနိုင်ခဲ့သလို နောက်ဆုံးအချိန်အထိ အန္တရာယ်အရှိဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့တာက ပြင်သစ်အသင်းရဲ့ အောင်ပွဲအတွက် အဓိကအကြောင်းရင်းတစ်ခု ဖြစ်လာစေခဲ့ပါတယ်။
ယခုအနိုင်ရလဒ်ကြောင့် ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ပွဲရဲ့ အနိုင်ရအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘယ်အသင်းတက်လာလာ ပြင်သစ်အတွက် လွယ်ကူတဲ့ပွဲ မဟုတ်ပေမဲ့လည်း လက်ရှိခြေစွမ်း၊ အမ်ဘာပေ ရဲ့ ပုံစံနဲ့ အသင်းလိုက်ကစားပုံကို ကြည့်ရင် ပြင်သစ်အသင်းဟာ ဗိုလ်လုပွဲသို့ တက်ရောက်ဖို့ အခွင့်အရေးကောင်းကောင်း ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းဖြစ်ကြောင်း နိုင်ငံတကာအားကစားသတင်း သုံးသပ်ချက်တွေအရ သိရပါတယ်။
#CJPlatform #ကမ္ဘာ့ဖလား #ပြင်သစ်နှင့်မော်ရိုကို #အမ်ဘာပေ #နိုင်ငံတကာအားကစား
4 888
ရန်ကုန်တိုင်းအတွင်း ခါးပိုက်နှိုက်မှု ကျူးလွန်သူ ၉၉ ဦးကို ထပ်မံဖမ်းမိ
CJ Platform
ရန်ကုန်တိုင်းအတွင်း ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကနေ ဇူလိုင်လ ၈ ရက်နေ့အထိ ကာလအတွင်း ခါးပိုက်နှိုက်မှု ကျူးလွန်သူ ၉၉ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုခန့် ရဲတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
ထုတ်ပြန်ချက်အရ ပြစ်မှုကျူးလွန်သူတွေဟာ YBS လူထုအခြေပြု မော်တော်ယာဉ်လိုင်းတွေ၊ ဘတ်စ်ကားမှတ်တိုင်တွေနဲ့ အများပြည်သူ သွားလာလှုပ်ရှားရာ လမ်းပေါ်တွေမှာ အုပ်စုဖွဲ့ပြီး ခါးပိုက်နှိုက်မှုတွေ ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၉၉ ဦးကို ဖမ်းဆီးရမိခဲ့ကာ လက်ရှိမှာ အမှုပေါင်း ၁၁၇ မှုနဲ့ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ သိရပါတယ်။
အခုလိုမျိုး ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတယ်လို့ ဆိုသော်လည်း မြေပြင် YBS ဘတ်စ်ကားတွေပေါ်နဲ့ ကားမှတ်တိုင်တွေမှာ အုပ်စုဖွဲ့ လုယက်ခိုးယူမှုတွေဟာ နေ့စဉ်ရက်ဆက် ရှိနေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"လှည်းတန်းနဲ့ မြေနီကုန်းလို လူစည်ကားတဲ့ နေရာတွေမှာဆိုရင် ကားမှတ်တိုင်မှာ ကားပေါ်ကို အုပ်စုလိုက် တက်ချင်ဟန်ဆောင်ပြီး တိုးဝှေ့ကာ ဖုန်းနှိုက်ကြတာ ဖြစ်ပါတယ်။ တစ်ခါတလေ မိတဲ့အခါတွေ ရှိပေမဲ့လည်း မိသွားတဲ့ ခါးပိုက်နှိုက်တွေဟာ ရဲစခန်းရောက်ပြီး တစ်လတောင် မကြာဘူး ပြန်လည်လွတ်မြောက်လာကြတာ များတယ်။ ပြီးရင် လမ်းပေါ်ပြန်ရောက်ပြီး အရင်လိုပဲ ပြန်နှိုက်နေကြတာပါပဲ" လို့ သူက ပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ မေလ ၂၂ ရက်နေ့အထိ ကာလအတွင်းကလည်း YBS ယာဉ်လိုင်းတွေပေါ်နဲ့ ဘတ်စ်ကားမှတ်တိုင်တွေမှာ ပြစ်မှုကျူးလွန်နေတဲ့ ခါးပိုက်နှိုက် ၁၇၄ ဦးကို စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ဖူးပါတယ်။
အဆိုပါ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တဲ့ အမျိုးသား ၁၅၃ ဦးနဲ့ အမျိုးသမီး ၂၁ ဦးကို အမှုပေါင်း ၂၀၅ မှုနဲ့ အမှုဖွင့်လှစ်ခဲ့ပြီး ပြည်သူတွေထံက ခိုးယူထားတဲ့ လက်ကိုင်ဖုန်း အလုံးပေါင်း ၂၂၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ကြီးအတွင်းမှာ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု အစရှိတဲ့ ရာဇဝတ်မှုပေါင်း ထောင်ချီ ဖြစ်ပွားခဲ့ပြီး၊ ထိရောက်စွာ ဖမ်းဆီးရမိသူ ဦးရေ နည်းပါးလှတာကြောင့် ယခုလိုမျိုး ပြစ်မှုကျူးလွန်မှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာ ဖြစ်တယ်လို့ ဒေသတွင်း ရာဇဝတ်မှု စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ဓာတ်ပုံ - Pro / SAC
#CJPlatform #ရန်ကုန်တိုင်း #ခါးပိုက်နှိုက်မှု #YBSယာဉ်လိုင်း #ဒေသတွင်းသတင်း
