Hindu ဘာသာရေး အသိပညာ
رفتن به کانال در Telegram
ဟိန္ဒူသာသနာတော် တည်တံ့ရှည်ကြာစေရန် ဟိန္ဒူဘာသာကို ထိပါးစော်ကားလာမှုတိုင်းကို ကိုင်တွယ်ရန်၊ ဟိန္ဒူဘာသာရေးအကြောင်းမျှဝေရန်။
نمایش بیشتر732
مشترکین
اطلاعاتی وجود ندارد24 ساعت
-47 روز
-830 روز
آرشیو پست ها
Rudraksh နှင့် အသုံးပြုနိုင်သော မန္တြများ။
ဒီပို့စ်မှာ အကြောင်းအရာ ၂ ခုကို အဓိကပြောထားပါတယ်။
Rudraksh ကို တခြားဘာသာ မန္တြတွေ ရွတ်ဖတ်ရာမှာ အသုံးမပြုသင့်ကြောင်းနှင့် ဘုရားပစ္စည်းများကို လူတိုင်း အလွယ်သိဒ္ဓိတင်မရကြောင်းဖြစ်ပါတယ်။
Rudraksh ဟာ ဘုရားရှင် သျှိဗ၏ မျက်ရည်မှာဖြစ်ပေါ်လာတာဖြစ်တဲ့အတွက် ဘုရားရှင် သျှိဗနှင့် ပါရ်ဗသီးမယ်တော်နဲ့ ပတ်သက်တဲ့ မန္တြများအတွက်သာ အသုံးပြုသင့်ပါတယ်။
ဟိန္ဒူဘာသာမှာ ပုတီးအမျိုးမျိုး သက်ဆိုင်ရာနေရာတွင်သာ အသုံးပြုသင့်ကြောင်း မနေ့က ပို့စ်မှာ ဖော်ပြခဲ့ပါတယ်။
Rudraksh ဟာ ဟိန္ဒူဘာသာမှာ အထူးအသုံးပြုတဲ့ပုတီးဖြစ်တဲ့အတွက် အခြားဘာသာရဲ့ မန္တြများအတွက် အသုံးမပြုသင့်ပါဘူး။
တချို့ Spiritual Field မှ ပုဂ္ဂိုလ်တွေပြောထားသလို ဂုဏ်တော်ပွားဖို့အတွက်လည်း Rudraksh ကို အထွေအထူး မသုံးသင့်ပါဘူး။
ဟိန္ဒူဘာသာမှာတောင် Rudraksh ကို ဗိသ်ျှဏု ဘုရားရှင်ရဲ့ မန္တြ၊ လက်ရှ်မီးမယ်တော်ရဲ့ မန္တြတွေအတွက် အသုံးမပြုသင့်ပါဘူး။
ယခုတလောမှာ Rudraksh ကို Spiritual Field ထဲက ပုဂ္ဂိုလ်တချို့ဟာ တိကျမှန်ကန်သော ဗဟုသုတမရှိဘဲ မှားယွင်းစွာ အသုံးပြုဖို့ တိုက်တွန်းကြတာကို တောက်လျှောက်တွေ့နေရပါတယ်။
အကယ်၍ မိမိမှာ ရွေးချယ်စရာမရှိခဲ့လို Rudraksh ကိုပဲ သုံးမယ်ဆိုရင်တော့ မိမိရဲ့ ရွတ်ဖတ်တဲ့ ကုသိုလ်ကိုရရှ်ိမှာဖြစ်ပေမဲ့ Rudraksh ရဲ့ အကျိုးကျေးဇူးကိုတော့ ရရှိမှာမဟုတ်ပါ။
ဒုတိယအခုအနေနဲ့ ဟိန္ဒူဘုရားပစ္စည်းများကို လူတိုင်း သိဒ္ဓိတင်လို့မရကြောင်းပါ။
သိဒ္ဓိတင်ခြင်းကို ဘုရားကျောင်းများ၌ တတ်ကျွမ်းသော ပူဂျာရီများပြုလုပ်ခြင်း၊ ဘုရားကျောင်းများမှ သိဒ္ဓိဓာတ်ယူခြင်းတို့ဖြင့် ပြုနိုင်ပါတယ်။
ဘုရားပစ္စည်းများကို မိမိကိုယ်တိုင် သိဒ္ဓိတင်ရာမှာ Purification Ritual နဲ့ Pran Pratishta လုပ်ကိုလုပ်ရပါတယ်။
ဒီအရာဟာ လွယ်ကူတဲ့ အရာမဟုတ်ဘဲ မန္တြများစွာနဲ့ အဆင့်များစွာလုပ်ရတဲ့အရာဖြစ်ပါတယ်။
ဘုရားပစ္စည်းများကို ဥုမ်ရွတ်ပေးရုံဖြင့် သိဒ္ဓိတင်လို့မရပါ။
ရေလောင်းရုံ နံ့သာလောင်းရုံဖြင့် သိဒ္ဓိတင်လို့မရပါ။
Abhishekam လုပ်တဲ့အခါမှာလည်း သူ့အဆင့်ဆင့်နဲ့ မန္တြများစွာနဲ့ ပြုလုပ်ပြီး သိဒ္ဓိတင် သန့်စင်ရပါတယ်။
ထို့အတွက် ဟိန္ဒူဘာသာ၀င်မဟုတ်ဘဲ ဟိန္ဒူဘာသာအကြောင်း ဂဃနဏမသိဘဲ သိဒ္ဓိတင်ဖို့ဆိုတာဟာ မဖြစ်နိုင်ပါ။
ယုံကြည်သက်၀င်သူတွေအနေနဲ့ အထက်ပါအချက်များကို သတိပြုဖို့ အထူးအရေးကြီးပါတယ်။
#HRK
ပုတီးများနှင့် အသုံးပြုပုံများ။
ဟိန္ဒူဘာသာတွင် ဘုရားရှင်ကို ပူဇော်ဆည်းကပ်ကိုးကွယ်ရာ၌ ဂျပဟုခေါ်သော ပုတီးစိပ် ဂုဏ်တော်ပွားများခြင်းက အလွန် အရေးကြီးပါတယ်။
ထို့အတွက် မာလားဟုခေါ်သော ပုတီးများကို အသုံးပြုကာ ဘုရားရှင်၏ နာမတော်၊ ဂုဏ်တော်၊ မန္တြရွတ်ဖတ်ခြင်းတို့ကို ပြုကြပါတယ်။
တစ်နည်းအားဖြင့် မိမိစိတ်ကို မပြန့်လွင့်အောင်၊ စိတ်တည်ငြိမ်၍ သမာဓိအားကောင်းအောင်၊ အခေါက်ရေ တိကျမှန်ကန်မှုရှိအောင်၊ ရွတ်ဖတ်သော အသံ၊ ပုတီးအားထိတွေ့ထားသော အာရုံတို့ဖြင့် စူးစိုက်မှုရှိအောင် ပုတီးကို အသုံးပြုကြရပါတယ်။
အလားတူပင် မိမိအား မကောင်းသောစွမ်းအားများမှ အကာအကွယ်ပြုနိုင်ရန်အတွက်လည်း ပုတီးများကို ၀တ်ဆင်ကြပါတယ်။
ပုတီးများဟာ အမျိုးအစားများစွာရှိပြီး ဟိန္ဒူဘာသာမှာ မိမိစိတ်တိုင်းကျ သုံးလို့မရဘဲ မိမိအသုံးပြုမဲ့ရည်ရွယ်ချက်၊ အာရုံပြုမဲ့ ဘုရားရှင် သို့မဟုတ် နတ်ဒေ၀တာအပေါ်မူတည်၍ အသုံးပြုရပါတယ်။
မိမိ၏ ဂျပ ရွတ်ဖတ်ပူဇော်ခြင်းမှ မှန်ကန်မြန်ဆန် အကျိုးသော အကျိုးရလဒ်များရရှိအောင် သတ်မှတ်ထားသော ပုတီးများကိုသာ ရည်ရွယ်ချက်အလိုက် အသုံးပြုသင့်ပါတယ်။
၁) ရုဒြာသ်ျှ မာလား။
သက်ဆိုင်ရာ ဘုရားရှင်များ -> သျှိဗဘုရားရှင်၊ ဒုရ်ဂါမယ်တော်နှင့် အခြားဆက်စပ်သော ရူပတော်များ။
ရုဒြာသ်ျှပုတီးဟာ ဘုရားရှင်သျှိဗရဲ့ မျက်ရည်မှ ဖြစ်ပေါ်လာပြီး သဘာ၀အတိုင်းပင် အလိုအလျှောက် သိဒ္ဓိ၀င် အစွမ်းထက်သော ပုတီးစေ့အမျိုးအစားဖြစ်ပါတယ်။
မျက်နှာ ၁ ခုမှ ၂၁ ခုအထိ အမျိုးမျိုးရှိပြီး ဘုရား၊ ဒေ၀တာအလိုက် အသုံးပြုရသော မျက်နှာ မတူညီပါ။
ထို့အတွက် မျက်နှာ ၅ ခုပါ ရုဒြာသ်ျှကိုသာ ယေဘူယျအားဖြင့် ဂျပအများစုအတွက် အသုံးများကြပါတယ်။
ရုဒြာသ်ျှဟာ အကာအကွယ်၊ ငြိမ်းချမ်းခြင်း၊ စွမ်းအားအတွက် အထောက်အပံ့ပေးပါတယ်။
၂) သူလ်ဆီး မာလား(ပင်စိမ်းပုတီး)။
သက်ဆိုင်ရာ ဘုရားရှင်များ -> ဗိသ်ျှဏုဘုရားရှင်နှင့် အခြားသော အ၀သာရများ။
သူလ်ဆီးပုတီးဟာ ပင်စိမ်းပုတီးဖြစ်ပြီး ပင်စိမ်းပင် မယ်တော်လက်ရှ်မီး၏ ရူပတော်တစ်ခုဖြစ်တယ်ဟုယူဆကြပါတယ်။
သူလ်ဆီးပုတီးဟာ သန့်စင်မွန်မြတ်ခြင်း၊ ဘ(က်)သီးတို့အတွက် အထောက်အပံ့ပြုပါတယ်။
၃) ကမလ် ဂဌား မာလား (ကြာစေ့ပုတီး)။
သက်ဆိုင်ရာ ဘုရားရှင်များ -> လက်ရှ်မီးမယ်တော်။
ကမလ် ဂဌား မာလားဟာ ကြာစေ့ပုတီးဖြစ်ပါတယ်။
ကြာစေ့ပုတီးဟာ သန့်စင်ခြင်း၊ ပြည့်စုံကြွယ်၀ခြင်း၊ ဥစ္စာဓနပေါများခြင်း၊ နွံကြားမှ ပေါ်ထွက်သောကြာပန်းကဲ့သို့ အသိဉာဏ်တိုးပွားစေခြင်းတို့အတွက် အထောက်အပံ့ပေးပါတယ်။
၄) ကျံဒန်း မာလား (စန္ဒကူးပုတီး)
သက်ဆိုင်ရာ ဘုရားရှင်များ ->
အဖြူရောင် - ဘုရားရှင်၊ နတ်ဒေ၀တာအားလုံး။
အနီရောင် - ကာလီမယ်တော်၊ ဒူရ်ဂါမယ်တော်အစရှိသော ရှက်သီးအား အထူးကိုယ်စားပြုတဲ့ရူပတော်များ။
ကျံဒန်း မာလားဟာ စန္ဒကူးပုတီးဖြစ်ပြီး အဖြူ၊ အဝါ၊ အနီအမျိုးမျိုးရှိပါတယ်။
စန္ဒကူးပုတီးဟာ အေးချမ်းစေပြီး မိမိရဲ့ စိတ်ကို ငြိမ်းစေတဲ့အတွက် အစီအရင်ပြုရာမှာ အသုံးပြုကြပါတယ်။
၅) စဖသိ(က်) မာလား (စလင်းကျောက်ပုတီး)
သက်ဆိုင်ရာ ဘုရားရှင်များ -> ဆရဆွသီးမယ်တော်။
ဤပုတီးဟာ စိတ်ငြိမ်းချမ်းခြင်း၊ အေးမြခြင်း၊ အာရုံစူးစိုက်နိုင်ခြင်းတို့အတွက် အထောက်အပံ့ပေးပါတယ်။
ပုတီးများအားလုံးဟာ အသုံးမပြုခင်မှာ မှန်ကန်တိကျစွာ သိဒ္ဓိတင် သန့်စင် အသက်သွင်းခြင်းကို စနစ်တကျပြုလုပ်ထားဖို့အရေးကြီးပါတယ်။
#HRK
ဆာ၀န်း(န်) သျှိဗရာသ်ရီးနေ့မြတ် ပူဂျားအလှူအတွက် နှိုးဆော်ခြင်း။
ယခု ဆာ၀န်း(န်)လမြတ်ဟာ ဘုရားရှင် သျှိဗ၏ မေတ္တာတော်ကို ခံယူရန် အထူးလမြတ်ဖြစ်ပါတယ်။
ထို့အတွက် Kedarnath ဘုရားကျောင်းတွင် ရှေ့နှစ်က ၁၀ နှစ်စာ ဘုရားဆွမ်းကို စုပေါင်း လှူဒါန်းခဲ့သလို ယခုနှစ်မှာလည်း အားလုံး စုပေါင်း၍ ၁ နှစ်စာ မငြိမ်းမီး Akhanda Jyoti ကို လှူဒါန်းမှာဖြစ်ပါတယ်။
ခန့်မှန်း ၂၅ သိန်းခန့်ကျသင့်မှာဖြစ်ပါတယ်။
ထို့အပြင် လိုအပ်ချက်များရှိနေသော အချို့သော ဘုရားကျောင်းများ၌လည်း ဆာ၀န်း(န်) သျှိဗရာသ်ရီးဘုရားပူဂျားအတွက် လှူဒါန်းနိုင်ရန်ဖြစ်ပါတယ်။
နည်းများမဆို ပါ၀င် ကုသိုလ်ယူလှူဒါန်းနိုင်ရန် နှိုးဆော်အပ်ပါတယ်။
လှူဒါန်းနိုင်ရန် နံပါတ်။
09977332895
Kaung Khant Naing
ယနေ့ဟာ ဆာဝန်း(န်)လမြတ်၏ ပထမဆုံး တနင်္လာဥပုသ်နေ့မြတ်ဖြစ်ပါတယ်။
သာ၀ကတိုင်း ဘုရားရှင်၏ အနန္တမေတ္တာတော်သာမက ကျန်းမာခြင်း၊ သုခ၊ ချမ်းသာများကိုပါ ရရှိကြပါစေ။
#HRK
ဆာ၀န်း(န်)လ ဥပုသ်စောင့်တည်နည်းနှင့် ပူဂျားပြုလုပ်နည်း။
၁) ဥပုသ်ဟာ နေ့ထွက်စ အာရုံအချိန်မှစ၍ နောက်တစ်နေ့နံနက်ပိုင်း နေထွက်ချိန်အထိ သိထိအရ ယေဘူယျအားဖြင့်အကျုံး၀င်ပါတယ်။
၂) တနင်္လာ၊ အင်္ဂါ (၂) ရက်၌ ဥပုသ်ယူ၍ တနင်္လာနေ့၌ သျှိဗ၊ အင်္ဂါနေ့၌ ဂေါရီးမာသား (ဒူရ်ဂါမား) အား ပူဇော် အာရုံပြုရပါမယ်။
ယခုလတွင် တနင်္လာနေ့ဟာ အဓိကဖြစ်ပါတယ်။
၃) မနက်အစောပိုင်း အိပ်ရာထ၍ ရေချိုးသန့်စင်ပြီးနောက် ဘုရားရှင်ထံ ဆီမီးထွန်း၍ ဆံကလ်ပ်ယူခြင်း ခေါ် သစ္စာပြု အဓိဋ္ဌာန်ရပါမယ်။
"မိမိ ဘယ်သူဘယ်ဝါ၊ ဘယ်နေ့နံမွေးဖွားသူ၊ ဂိုသ်ရ၊ မွေးဖွားသည့် ဂြိုဟ်ခွင်တွင် မွေးဖွားသူဟာ ဤဆာ၀န်း(န်)လမြတ်မှာ တနင်္လာ၊ အင်္ဂါ (မိမိအဆင်ပြေသလိုအဓိဋ္ဌာန်ရန်) ဥပုသ်စောင့်တည်၍ ဘုရားရှင်တို့အား ပူဇော်ပါမည်။ ထိုသို့ ဥပုသ်စောင့်တည်ခြင်းကြောင့် အမြဲအစဉ်ဘုရားရှင်တို့ရဲ့ မေတ္တာတော်ကိုရရှိ၍ မိမိတို့ဘ၀တွင်ရှိသော မကောင်းသော အ၀ိဇ္ဇာအပေါင်းအားဖယ်ရှားပေးတော်မူပါ။ (မိမိလိုရာဆုကိုတောင်းပါ)"
၄) ဥပုသ်စောင့်တည်သည့်ကာလတွင် မကောင်းသော ဒုစရိုက်မှန်သမျှကို ရှောင်ရှား၍ တစ်နေ့တာလုံး တတ်နိုင်သ၍ ဘုရားရှင်ကိုသာ အာရုံပြုရပါမယ်။ မကောင်းသော အတွေး၊ မကောင်းသော အမူအကျင့်စတဲ့ မကောင်းမှု ဒုစရိုက် အပေါင်းကို ရှောင်ရပါမယ်။
ရုဒြာသ်ျှပုတီးကို အထူး၀တ်ဆင်သင့်ပါတယ်။
ဥပုသ်စောင့်တည်သူတို့ဟာ တစ်နေ့လုံးတွင်
၁) ရေပင်မသောက်ဘဲ နိရ်ဂျလားဥပုသ်ယူခြင်း။
၂) သစ်သီး၊ နွားနို့တို့ကိုသာ သင့်တင့်မျှတစွာ သုံးဆောင်၍ ဥပုသ်ယူခြင်း။
၃) တစ်နေ့တာတွင် သက်သတ်လွတ် ထမင်းဟင်း တစ်နှပ်သာစား၍ ဥပုသ်ယူခြင်း။
တို့ကို ပြုနိုင်ပါတယ်။
အဆင်ပြေပါက အရွက်စိမ်းတို့ကို ယခုလတွင် ရှောင်ကြဉ်ရပါမယ်။
ဥပုသ်ကာလ အကယ်၍ ထမင်းတစ်နှပ် စာသုံးမည်ဆိုပါက စားသုံးရာတွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ရှောင်ရှားသင့်ပါတယ်။
အသား၊ ငါး၊ အရက်သေစာ၊ မူးယစ်ဆေးဝါးများကို အထူးရှောင်ကြဉ်ရပါမယ်။
၅) တနင်္လာနေ့ မနက်အစောပိုင်းတွင် ဘုရားကျောင်းသို့ သွား၍ ဘုရားပူဇော်ခြင်း သို့မဟုတ် မိမိနေအိမ်၌ပင် သျှိဗဘုရားရှင်အား ပူဇော်ခြင်းကို ပြုလုပ်ရပါမယ်။
မိမိကိုးကွယ်ထားသော သျှိဗဘုရားရုပ်ပွားတော် သို့မဟုတ် သျှိဗ်လင်းဂ်ကို အဘိသျှေးက်ပြုလုပ်ရပါမယ်။ အဘိသျှေးက်ဆိုသည်မှာ ရေစင်သွန်းလောင်းခြင်း၊ နွားနို့သွန်းလောင်းခြင်း၊ ပန်ကျမရိသ် (ခေါ်) နို့၊ ထောပတ်၊ ပျားရည်၊ ဒိန်၊ သကြား (၅) မျိုးစပ်၍ သွန်းလောင်းခြင်းတို့ကို ပြုလုပ်ရပါမယ်။
ထိုသို့ပြုလုပ်စဉ်ကာလတွင် "ဥုမ် နမဟ့် သျှိဗယ" ဟု စဉ်ဆက်မပြတ်ရွတ်ဖတ်ကာ ဘုရားရှင် သျှိဗကို အာရုံပြု ပူဇော်ရပါမယ်။
၆) ထို့နောက် ဘုရားရှင်အား ပန်း၊ သစ်သီး၊ မုန့်ချို၊ နို့ အစရှိသော အရာများကို ဆက်ကပ်ရပါမယ်။
ဥသျှစ်သီး၊ ဥသျှစ်ရွက်၊ ပဒိုင်းသီး၊ မုရိုးပန်း၊ ပြာတို့ကို အဓိက ဆက်ကပ်သင့်ပါတယ်။
ထိုသို့ဆက်ကပ်ပြီးနောက် ဘုရားရှင်အား အာရ်သီးပူဇော်ရပါမယ်။
၇) ထို့နောက် တစ်နေ့တာကာလတွင် တရားရှုမှတ်ခြင်း၊ "ဥုမ် နမဟ့် သျှိဗာယ" ရွတ်ဖတ်ခြင်း၊ ဓမ္မတေး ရွတ်ဖတ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ မိမိရသော ဘုရားစာများ၊ စတိုသ်ရများ၊ အသ်ျှတကံမ်များဖြင့် ပူဇော်နိုင်ပါတယ်။
မိမိခန္ဓာကိုယ်ရှိ ဓာတ်ငါးပါးအား ထိန်းညှိပေးနိုင်တဲ့ ပန်ကျာက်သျှရီမန္တြဖြစ်တဲ့ "နမဟ့် သျှိဗာယ" ကို အထူးရွတ်ဖတ်သင့်ပါတယ်။
ဥပုသ်စောင့်သူတွေဟာ ရှီဗားပူဂျားကို ဘုရားကျောင်း သို့မဟုတ် အိမ်မှာ လုပ်နိုင်ပါတယ်။
#HRK
ဆာ၀န်း(န်)လအကြောင်း အပြည့်အစုံကို ယခုပို့စ်တွင် ဖတ်ရှုပါ။
https://www.facebook.com/share/p/1auNnYHjsd/
ဥပုသ်ဆောင့်တည်နည်း။
https://www.facebook.com/share/p/19Kmx3XZfY/
ယနေ့တွင် ဘုရားရှင်သျှိဗ၏ လထူးလမြတ်ဖြစ်သော ဆာ၀န်း(န်)လမြတ် စတင်ပြီဖြစ်ပါတယ်။
ဘုရားရှင် သျှိဗ ခ) ရှီဗားဂျီးနှင့် မယ်တော်မြတ်ပါရ်ဗသီးတို့ကို ဦးထိပ်ထား၍ မင်္ဂလာအပေါင်းနှင့် ပြည့်၀သော ဥပုသ်ယူသင့်သော လမြတ်သည့် ဆာ၀န်း(န်)တွင်
သျှိဗဘုရားမြတ်အား ဘက်သီးစိတ်ဖြင့် ပူဇော်ရှိခိုးသူတိုင်းဟာ လိုအင်ဆန္ဒအကုန် ပြည့်၀ပြီး ဘုရားရှင်ရဲ့ အနန္တ အသနားမေတ္တာကို ရရှိမှာ ဧကန်ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၏ ဆာ၀န်း(န်) လမြတ်ဟာ ဇူလိုင်လ ၃၀ ရက် ကြာသပတေးနေ့ မှစတင်ပြီး ဩဂုတ်လ ၂၈ ရက် သောကြာနေ့မှာ အဆုံးသတ်မှာဖြစ်ပါသည်။
ဤလ၏ တနင်္လာနေ့တိုင်းဟာ ဘုရားရှင် သျှိဗ (ရှီဗားဂျီး)အား ရည်စူးစောင့်တည်ရသော ဥပုသ်နေ့ဖြစ်ပြီး အင်္ဂါနေ့တိုင်းဟာ ဘုရားရှင် သျှိဗ (ရှီဗားဂျီး)၏ ကြင်ရာတော် ဂေါ်ရီမယ်တော်အား ရည်းစူးစောင့်တည်ရသော မန်ဂလာဂေါ်ရီဥပုသ်ဖြစ်ပါတယ်။
အားလုံး ဘုရားရှင် သျှိဗ၏ အနန္တ မေတ္တာတော်ကြောင့် ငြိမ်းအေးချမ်းသာခြင်းကို ရရှိကြပါစေ။
#HRK
ယနေ့ဟာ အလွန်ထူးကဲမွန်မြတ်သော ဂုရုပူရ်ဏိမားနေ့မြတ်ဖြစ်ပါတယ်။
ဤနေ့မြတ်မှာ မိမိတို့ဘ၀ရဲ့ အမှောင်ထုကို အစဉ်ဖယ်ရှားပေးသော ဂုရုဆရာသခင်များကို ဂါရ၀ပြု ပူဇော်ရန် အလွန်အရေးကြီးပါတယ်။
ယခု ဗီဒီယိုမှာ ရွတ်ဖတ်ပေးထားတဲ့ မန္တြများကို အာရုံပြုကာ အားလုံးအနေနဲ့ ဂုရုဆရာသခင်များကို ပူဇော်နိုင်ပါတယ်။
စစ်မှန်သော ဂုရုအပေါင်း၏ လမ်းပြမှုဖြင့် လောကီနွံက လွတ်မြောက်ကာ
စစ်မှန်သော လောကုတ္တရာ ချမ်းသာနှင့် ဉာဏ်အလင်းကို အားလုံး အမြန်ဆုံး ဆွတ်ခူးရရှိကြပါစေဟု ဆုတောင်းမွန်ပြုပါတယ်။
Om Shri Gurubhyo Namaha 🙏🏻
#HRK
အာဒိရှံန်ကရာကျာရ်ယ၊ ဗျာဆ်ဒေ့ဗ်တို့ဟာလည်း အခြားသူများမဟုတ်ဘဲ ဘုရားရှင်၏ အစိတ်အပိုင်း ဘုရားရှင်ကိုယ်တော်တိုင်ဖြစ်ပါတယ်။
#HRK
ဂုရုနှင့် ဘုရားရှင်။
ယနေ့ဟာ ဂုရုပူရ်ဏိမားနေ့မြတ်ဖြစ်ပါတယ်။
ဂုရု ပူရ်ဏိမားနေ့မြတ်သည် ဟိန္ဒူဘာသာ၏ အလွန်မြင့်မြတ်သောနေ့တစ်နေ့ဖြစ်ပါတယ်။
ဂုရုဆိုတာဟာ သာမန်လူပုဂ္ဂိုလ်မဟုတ်ဘဲ မိမိတို့ရဲ့ လောကုတ္တရာ မျက်လုံးကို ဖွင့်ပေးကာ အမှန်ကို သိမြင်စေသူ၊ မိမိအား အမှောင်ထုမှ ကယ်တင်၍ အလင်းသို့ပို့ဆောင်သူ၊ လောကီမှ လောကုတ္တရာသို့ ပို့ဆောင်သူ၊ မိမိအား ဘုရားရှင်နှင့် နီးစပ်စေကာ လွတ်မြောက်ခြင်းသို့ရရှိအောင် လမ်းပြသူဖြစ်ပါတယ်။
ဟိန္ဒူဘာသာတွင် ဂုရု အစဉ်အဆက်သည် အလွန်အရေးပါပြီး ကျမ်းဂန်များဖြစ်ကြသော ဝေဒကျမ်းများ၊ ဥပနိသျှဒ်များ၊ အာဂမများ၊ ဣသိဟာဆ်များ၊ ပူရာဏ်များသည် ဂုရုမှ တပည့်သို့၊ တပည့်မှ နောက်ထပ်တပည့်သို့ အဆက်မပြတ် လက်ဆင့်ကမ်းခဲ့ကြသဖြင့် ယနေ့တိုင်ဓမ္မတရားထွန်းကားနေခြင်းဖြစ်ပါတယ်။
ဤနေ့တွင် ထို့အတွက် ဂုရုအစဉ်အဆက်အားလုံးအား အရိုအသေပြုရသော နေ့ထူးဖြစ်ပါတယ်။ ဤအစဉ်အလာမရှိခဲ့လျှင် ကျမ်းဂန်များဟာသည် မထွန်းကားနိုင်ပါ။
ဤနေ့ထူးနေ့မြတ်တွင် ပူရာဏ်ကျမ်းအပေါင်းအား ရေးသားခဲ့သော မဟာရိသျှီး ဗျာဆ်ဒေ့ဗ်ကို အထူးပူဇော်ကြသလို ဂျဂဿ် ဂုရု အာဒိရှံန်ကရာကျာရ်ယကိုလည်း ပူဇော်ကြပါတယ်။
ဟိန္ဒူဘာသာရဲ့ အယူအဆမှာ ပင်မဂုရုသခင်မှာ ဘုရားရှင်ကိုယ်တော်တိုင်ဖြစ်ပါတယ်။
ဘုရားရှင် သျှိဗဟာ ဒသျှိဏား မူရ်သီးအဖြစ်လည်းကောင်း
ဘုရားရှင် ကရိသ်ျှဏဟာ ကုရုသျှေသ်ရ စစ်မြေမြင်၌ အာဂျူန်းအတွက် ဂုရုအဖြစ်လည်းကောင်း လမ်းပြတော်မူခဲ့ပါတယ်။
ဂုရုအားလုံး၏ ရည်ရွယ်ချက်မှာ ဘုရားရှင်ထံသို့ လူသားတို့ကို လမ်းညွှန်ပြသပေးပြီး ဘုရားရှင်ထံတော်ပါးသို့ပြန်လည်ပို့ဆောင်ရန်ဟူသောရည်ရွယ်ချက်တစ်ခုတည်းသာ ဖြစ်ပါတယ်။
ဂုရုအစစ်မှန်သည် မိမိ၏ဂုဏ်သတင်းကို မတည်ဆောက်ဘဲ စကြ၀ဠာတစ်ခွင်၏ဂုရုဖြစ်တော်မူသော ဘုရားရှင်ထံသို့သာ သာဝကကို ပို့ဆောင်ပေးသူဖြစ်ပါတယ်။
ဟိန္ဒူသာသနာ၏ အကြီးမြတ်ဆုံး ဂုရုအကျာရ်ယများသည် မိမိတို့၏ အတွေးအခေါ်အသစ်ကို တည်ထောင်ရန် မဆင်းသက်ခဲ့ကြပါ။ ကျမ်းဂန်တို့၏ အမှန်တရားကို သာဝကများနားလည်နိုင်ရန် လမ်းညွှန်ပြသပေးခဲ့ခြင်းသာဖြစ်ပါတယ်။
အာဒိ ရှံန်ကရာကျာရ်ယဟာ Advaita Vedanta အားလည်းကောင်း၊ ရာမာနုကျာရ်ယဟာ Vishisitadvaita Vedanta ကိုလည်းကောင်း၊ မဓဗာကျာရ်ယဟာ
Dvaita Vedanta ကိုလာ်းကောင်း သင်ကြားပြသကာ ဘက်သီးကို ဖြစ်ထွန်းစေကာ မတူညီသောလမ်းစဉ်များဖြင့် ဘုရားရှင်ထံ ခိုလှုံဆည်းကပ်စေခဲ့ပါသည်။
ထို့ကြောင့် စစ်မှန်သော ဂုရုဟာ မိမိထံဆည်းကပ်သော တပည့်သာဝကများကို ချုပ်နှောင်မထားဘဲ မိမိကို ပဓာနမထားစေဘဲ တံတားတစ်ခုအဖြစ် ဘုရားရှင်ထံပါးသို့ ခိုလှုံစေသူများသာဖြစ်ပါတယ်။
ထို့ကြောင့် ဟိန္ဒူဘာသာမှာ မှန်ကန်သော ဂုရုတစ်ပါးကို ရှာဖွေရန်အထူးလိုအပ်ပြီး ထိုဂုရု၏ လမ်းပြမှုဖြင့်သာ ဓမ္မသဘောတရားများနှင့် ကျမ်းဂန်များအားနားလည်နိုင်မှာ ဖြစ်ပါတယ်။
ကျမ်းဂန်များအရ ဂုရုတစ်ပါးဖြစ်ရန် အရည်အချင်း များစွာလိုအပ်ပြီး မှန်ကန်တိကျသော အစဉ်အဆက်ရှိရန် အထူးလိုအပ်ပါတယ်။
ဂုရုကို ချစ်ခင် မြတ်နိုး ဂါရ၀ပြုခြင်းသည် မှန်ကန်သော်ငှား ဂုရု၏ အမည်နာမကို အမြဲရွတ်ဆိုရင်း ဘုရားရှင်၏ နာမကို နောက်သို့ ရောက်သွားစေလျှင်၊ ဘုရားရှင်အား ဦးထိပ်မပန်ဆင်နိုင်တော့လျှင် မိမိကိုယ်ကို ပြန်ဆန်းစစ်ရန် အထူးလိုအပ်ပါတယ်။
ဂုရုဿ်သွ၏ ရည်ရွယ်ချက်မှာ ဘုရားရှင်နှင့် နီးစပ်စေရန်၊ ဘုရားရှင်ကိုဦးထိပ်ထားရန်သာဖြစ်ပြီး ဂုရုကို ဘုရားရှင်နေရာတွင်အစားထိုးရန်မဟုတ်ပါ။
ဂုရုသည် တံတားဖြစ်သည်။ ဘုရားရှင် သည် ပန်းတိုင်ဖြစ်သည်။ တံတားကို ကျေးဇူးတင်ရမည်၊ ဂါရဝပြုရမည်။ သို့သော် တံတားကိုပင် ပန်းတိုင်ဟု မှတ်ယူလိုက်သည့်အချိန်တွင် လျှောက်လှမ်းနေသောလမ်း၏ အဓိပ္ပာယ်ကို ဆုံးရှုံးသွားနိုင်ပါတယ်။
အချို့သော ဂုရုဟု အမည်ခံသူများသည် မိမိတို့၏ လမ်းစဉ်သာအမြင့်မြတ်ဆုံး၊ မိမိတို့၏ အယူဝါဒသာ အမှန်ဆုံးဟု ဆိုကာ အခြား Sampradaya များကို နှိမ့်ချကြသည်။ ဘုရားရှင်များ၏ မတူညီသောရူပတော်များနှင့် နာမတော်များသည် တစ်ပါးတည်းသော အမြင့်မြတ်ဆုံးအမှန်တရားကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ပြထားခြင်းဖြစ်ကြောင်းကို နားမလည်ဘဲ၊ ဘုရားရှင်များအကြား အမုန်းပွားစေသောအယူအဆများကိုဖြန့်ဝေတတ်ကြပါတယ်။ ထိုသို့သောသင်ကြားမှုလမ်းညွှန်မှုသည် အမှန်တရား၏ အလင်းကိုပေးခြင်း မဟုတ်ဘဲ မသိမှုနှင့် အယူမှားမှု၏
အမှောင် အဝိဇ္ဇာကိုသာ ပိုမိုဖုံးလွှမ်းစေပါတယ်။
ထို့ကြောင့် အတ္တ၊ မာန၊ ကွဲပြားမှုနှင့် အမုန်းတရားကို မွေးဖွားစေသူ၊ ဓရ်မကို အားနည်းစေပြီး ဘုရားရှင်၏ နာမတော်များကို အချင်းချင်း ဆန့်ကျင်စေသူသည် စစ်မှန်သော ဂုရုမဖြစ်နိုင်ပါ။ ဂုရု၏ အမည်ကို ခံထားသော်လည်း သူ၏ လုပ်ဆောင်ချက်များသည် ဓရ်မကို တည်ဆောက်ခြင်းမဟုတ်ဘဲ ဖြိုဖျက်ခြင်းဖြစ်သောကြောင့် အထူးဂရုပြုရန် လိုအပ်ပါတယ်။
ဂုရုကို လေးစားပါ။ ဂုရု၏ အဆုံးအမကို လိုက်နာပါ။ သို့သော် ဂုရုထက် ဘုရားကို ပိုမို မြတ်နိုးပါ။ အကြောင်းမှာ ဂုရုအစစ်မှန်တိုင်း၏ လက်ညှိုးညွှန်ရာသည် မိမိကိုယ်တိုင် မဟုတ်ဘဲ စကြ၀ဠာ တစ်ခွင်လုံး၏အရှင်သခင် ဆရာဖြစ်တော်မူသော ဘုရားရှင်ထံသို့သာ ဖြစ်သောကြောင့်ဖြစ်ပါသည်။
အမြင့်မြတ်ဆုံးသောဂုရုသည် ဘုရားရှင်ကိုယ်တော်တိုင်သာဖြစ်ပါ၏။
ဟိန္ဒူဘာသာ၏ဘုရားရှင်များနှင့် ထားရှိရန်လေးစားမှုများ။
ဘာသာတရားတိုင်းဟာ လူတွေရဲ့ အားကိုးရာနှင့် မြတ်နိုးရာဖြစ်သဖြင့် အယူအဆချင်း မတူညီသည့်တိုင်အောင် မိမိရဲ့အယူဝါဒနဲ့ ယှဉ်ထိုးခြင်းမပြုဘဲ အခြားဘာသာတရားများရဲ့ ဖြစ်တည်မှုကို လေးစားတန်ဖိုးထားရန် လိုအပ်ပါတယ်။
ဟိန္ဒူဘာသာ၀င်များအနေနဲ့ မိမိတို့ကိုးကွယ်ရာ ဘုရားရှင်များကို နတ်ဒေ၀တာလို့ ခေါ်ဝေါ်ခံရခြင်းကို လုံး၀ သဘောမကျပါဘူး။
ဟိန္ဒူဘာသာဟာ ရှေးအကျဆုံးဘာသာတရားဖြစ်ပြီး အယူအဆ ဂိုဏ်းဂဏများစွာရှိသော ဘာသာတရားဖြစ်ပါတယ်။
ဟိန္ဒူဘာသာမှာ ဘုရားရှင်ဟာ ရူပတော်များစွာရှိသော်ငှား အမှန်တကယ်မှာ ဘုရားရှင်ဟာ တစ်ဆူတည်းဖြစ်ပါတယ်။
ဟိန္ဒူဘာသာရဲ့ အယူအဆက ဘုရားရှင်များနဲ့ နတ်ဒေ၀တာတွေကို ကွဲကွဲပြားပြားသိရှိပြီး လေးစားမှုရှိရန်အထူးလိုအပ်ပါတယ်။
Hari Om
#HRK
ရှာရ်၀န်း(န်) ခေါ် ဆာ၀န်း(န်) လမြတ်အား ကြေညာချက်။
ဆာ၀န်း(န်) လမြတ်သည် ဘုရားရှင် သျှိဗ ခ) ရှီဗားဂျီးနှင့် မယ်တော်မြတ်ပါရ်ဗသီးတို့ကို ဦးထိပ်ထား၍ မင်္ဂလာအပေါင်းနှင့် ပြည့်၀သော ဥပုသ်ယူသင့်သော လမြတ်ဖြစ်သည်။
ယခုလမြတ်မှာ ရှီဗားဘုရားမြတ်အား ဘက်သီးစိတ်ဖြင့် ပူဇော်ရှိခိုးသူတိုင်းဟာ လိုအင်ဆန္ဒအကုန် ပြည့်၀ပြီး ဘုရားရှင်ရဲ့ အနန္တ အသနားမေတ္တာကို ရရှိမှာ ဧကန်ဖြစ်ပါသည်။
သျှိဗပူရာဏ်ကျမ်းမြတ်အရ မယ်တော်မြတ် ပါရ်ဗသီးဟာ ယခု ဆာ၀န်း(န်)လမြတ် တစ်ခုလုံးတွင် ဘုရားမြတ် မဟာဒေ့ဗ်ကို ရည်စူး ဥပုသ်ယူခဲ့ပြီးနောက် ဘုရားမြတ်ကို ကြင်ရာတော်အဖြစ် ရရှိခဲ့သည်ဟု ဖော်ပြထားပါသည်။
ထို့အတွက် လောကီသုခချမ်းသာတစ်ပါးဖြစ်သော မိမိတို့ဘ၀ရဲ့ လက်တွဲဖော်ကောင်းရရှိကြစေရန်အတွက်လည်း ဥပုသ်စောင့်တည် တောင်းဆုပြုကြပါသည်။
ဟိန္ဒူဘာသာဝင်များဟာ ယခုလမြတ်အတွင်း တစ်လလုံးအပြည့် ဥပုသ်ယူကြသလို အချို့ကလည်း တနင်္လာနေ့၊ အင်္ဂါနေ့နှင့် အခြားအရေးကြီးသောနေ့များတွင်သာ ဥပုသ်စောင့်တည်ကြပါသည်။
၂၀၂၆ ခုနှစ်၏ ဆာ၀န်း(န်) လမြတ်ဟာ ဇူလိုင်လ ၃၀ ရက် ကြာသပတေးနေ့ မှစတင်ပြီး ဩဂုတ်လ ၂၈ ရက် သောကြာနေ့မှာ အဆုံးသတ်မှာဖြစ်ပါသည်။
ဤလ၏ တနင်္လာနေ့တိုင်းသည် ဘုရားရှင် သျှိဗ (ရှီဗားဂျီး)အား ရည်စူးစောင့်တည်ရသော ဥပုသ်နေ့ဖြစ်ပြီး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃) ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်
ဟူ၍ စုစုပေါင်း ၄ ရက်ရှိသည်။
ဤလ၏ အင်္ဂါနေ့တိုင်းသည် ဘုရားရှင် သျှိဗ (ရှီဗားဂျီး)၏ ကြင်ရာတော် ဂေါ်ရီမယ်တော်အား ရည်းစူးစောင့်တည်ရသော မန်ဂလာဂေါ်ရီဥပုသ်ဖြစ်ပြီး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၄) ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်
ဟူ၍ စုစုပေါင်း ၄ ရက်ရှိသည်။
ဆာ၀န်း(န်) ရှီဗာရာသ်ရီး ခ) သျှိဗရာသ်ရီး ပူဂျားအချိန်မြတ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် အင်္ဂါနေ့သည် ဆာ၀န်း(န်) သျှိဗရာသ်ရီး ပူဂျားနေ့မြတ်ဖြစ်ပြီး
ပူဇော်ရန် မင်္ဂလာအချိန်ကာလ (၄) ခုရှိပေသည်။
ပထမ ပူဂျားအချိန်မြတ်မှာ ည ၆ နာရီ ၃၃ မိနစ်မှ ည ၉ နာရီ ၂၂ မိနစ်ဖြစ်၍
ဒုတိယ ပူဂျားအချိန်မြတ်မှာ ည ၉ နာရီ ၂၂ မိနစ်မှ ညဉ့်ဦးယံ ၁၂ နာရီ ၁၁ မိနစ်အထိ ဖြစ်ပြီး
တတိယ ပူဂျားအချိန်မြတ်မှာ ညဉ့်ဦးယံ ၁၂ နာရီ ၁၁ မိနစ်မှ သန်းခေါင် ၂ နာရီ ၅၉ မိနစ်အထိဖြစ်၍
စတုတ္ထ ပူဂျားအချိန်မြတ်မှာ သန်းခေါင် ၂ နာရီ ၅၉ မိနစ်မှ အရုဏ် ၅ နာရီ ၄၈ မိနစ်အထိဖြစ်သည်။
ထို့အနက် ပူဂျားလုပ်ရန် အသင့်တော်ဆုံး နိရှိသကာလ်ပူဂျား ကာလမှာ ညဘက် ၁၁ နာရီ ၄၈ မိနစ်မှ ညဉ့်ဦး ၁၂ နာရီ ၃၃ မိနစ်အထိ ကြာချိန် ၄၅ မိနစ်တိတိဖြစ်သည်။
* ဥပုသ်ဖြေရန်အချိန် *
ဆာ၀န်း(န်) သျှိဗရာသ်ရီးအတွင်း ဥပုသ်ယူသူများအတွက် ဥပုသ်ဖြေရန်အချိန်ကာလမှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ မနက် ၅ နာရီ ၄၈ မိနစ်နောက်ပိုင်းဖြစ်သည်။
ယခုလအတွင်း ကျရောက်သော အခြား ဥပုသ် နှင့် ပွဲတော်တို့မှာ အောက်ပါအတိုင်းဖြစ်သည်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့)
- ကာမိကား ဧကာဒရှီး ဥပုသ်။
- ဥပုသ်ဖြေချိန် - ဩဂုတ်လ ၁၀ ရက် နံနက် ၅ နာရီ ၄၈ မိနစ်မှ ၈ နာရီ ၂၁ မိနစ်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၅ ရက် (စနေနေ့)
- ဟရိယာလီး သီးဂ်ျပွဲနေ့မြတ်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက် (တနင်္လာနေ့)
- နားဂ်ပန်ကျမီး (ခေါ်) မြွေမင်းပူဇော််ပွဲ။
အချိန်မြတ် - နံနက် ၅ နာရီ ၄၉ မိနစ်မှ ၈ နာရီ ၂၁ မိနစ်။
ကြာချိန် - ၂ နာရီ ၃၂ မိနစ်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၈ ရက် (အင်္ဂါနေ့)
- ကာလ်ကိ ဂျယန်သီး (ခေါ်) ဘုရားရှင် ကာလ်ကိ ပွင့်တော်မူမည့် နေ့မြတ်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၉ ရက် (ဗုဒ္ဓဟူးနေ့)
- ဂိုးဆွာမိ သူလစီးဒါးစ်ဂျီး ဖွားမြင်တော်မူသောနေ့မြတ် (၅၂၉) နှစ်မြောက် အခါသမယ။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၃ ရက် (တနင်္ဂနွေနေ့)
- ပုသ်ရဒါး ဧကာဒရှီး ဥပုသ်။
- ဥပုသ်ဖြေချိန် - ဩဂုတ်လ ၂၄ ရက် နေ့လယ် ၁ နာရီ ၂၁ မိနစ်မှ ၃ နာရီ ၅၄ မိနစ်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၈ ရက် (သောကြာနေ့)
- ရက်သျှားဗန်ဓန်း (ခေါ်) မေတ္တာနှောင်ကြိုးချည်နှောင်ပွဲတော်။
#HRK
