ch
Feedback
Hindu ဘာသာရေး အသိပညာ

Hindu ဘာသာရေး အသိပညာ

前往频道在 Telegram

ဟိန္ဒူသာသနာတော် တည်တံ့ရှည်ကြာစေရန် ဟိန္ဒူဘာသာကို ထိပါးစော်ကားလာမှုတိုင်းကို ကိုင်တွယ်ရန်၊ ဟိန္ဒူဘာသာရေးအကြောင်းမျှဝေရန်။

显示更多
754
订阅者
-124 小时
-67
-1130
帖子存档
ဘုရားကျောင်း မင်္ဂလာရေကန် ပြန်လည်တည်ဆောက်ခြင်းအလှူ။ သထုံမြို့၊ ဘာဘူကုန်းရပ် ဟိန္ဒူမဟာသီဝဘုရားကျောင်းတွင် သန့်စင်မွန်မြတ်မြစ်မ
ဘုရားကျောင်း မင်္ဂလာရေကန် ပြန်လည်တည်ဆောက်ခြင်းအလှူ။ သထုံမြို့၊ ဘာဘူကုန်းရပ် ဟိန္ဒူမဟာသီဝဘုရားကျောင်းတွင် သန့်စင်မွန်မြတ်မြစ်များမှ ရေများထားရှိသော မင်္ဂလာရေကန်ကို ပြန်လည်တည်ဆောက်လျက်ရှိပါတယ်။ ဤကဲ့သို့သော ကန်ပြန်လည်တည်ဆောက်ခြင်းအတွက်လှူဒါန်းခြင်းဟာ အလွန်အင်မတန်မွန်မြတ်သော ဒါနတစ်ရပ်လည်းဖြစ်ပါတယ်။ မင်္ဂလာရေကန်ဟာ သက်တမ်း နှစ် ၁၅၀ ခန့်ရှိပြီး ယခုအခါ ကြွေပြားများ ပြန်ကပ်ကာ ကန်အလယ်တွင် ဂင်္ဂါမယ်တော်ရုပ်ပွားတော်အား ထားရှိပူဇော်မှာဖြစ်ပါတယ်။ ဘိလပ်မြေ တစ်အိတ် -၂၁၀၀၀ ကျပ်။ သဲကြမ်းတစ်ကျင်း - ၈ သောင်းကျပ်။ အုတ်အလုံး ၁၀၀ - ၁၈၀၀၀ ကျပ်။ ကြွေပြားတစ်ချပ် - ၅ ထောင်ကျပ်။ ဖြင့် လှူဒါန်းနိုင်သလို သဒ္ဓါတရားထက်သန်သ၍ နည်းများမဆို ပါ၀င်ကုသိုလ်ယူနိုင်ပါတယ်။ လှူဒါန်းနိုင်ရန် နံပါတ်။ 09977332895 Kaung Khant Naing

နရဆင်းမ်ဟ ဘုရားရှင်၏ ဂုဏ်တော်များ။ ၁) ဓမ္မကို စောင့်ရှောက်၍ အဓမ္မကို နှိမ်နင်းခြင်း (Dharma Rakshaka) လောက၌ အဓမ္မမှုများ ထွန်းကားလာချိန်တွင် သူတော်ကောင်းများကို ကယ်တင်ရန်နှင့် အဓမ္မမှုများကို သုတ်သင်ရန် ယုဂတိုင်း၌ ပွင့်ထွန်းတော်မူသော ဂုဏ်။ ၂) သာဝကတို့အပေါ် ထားရှိသော အနှိုင်းမဲ့မေတ္တာ (Bhakta Vatsala) ကြောက်မက်ဖွယ်ကောင်းသော အသွင်ရှိသော်လည်း မိမိ၏စစ်မှန်သော သာဝက ပ်ရလားဒ်လေးကို မြင်လျှင် မြင်ချင်း ဒေါသများပြေလျော့ကာ ဖယောင်းပမာ နူးညံ့ပျော့ပျောင်းသွားသည့် ဂုဏ်။ ၃) အတိုင်းအဆမဲ့ တန်ခိုးတော်နှင့် ဉာဏ်တော် (Omnipotence & Wisdom) ဟီရဏ်းယကရှိပူး၏ မည်သည့်လက်နက်၊ မည်သည့်သတ္တဝါ၊ မည်သည့်အချိန်အခါမှ မသေစေနိုင်ဟူသော ဆုလာဘ်များကို ကျော်လွန်၍ ဆန်းကြယ်သော လူခန္ဓာ ခြင်္သေ့ဦးခေါင်းအသွင်၊ လက်သည်းလက်နက်တို့ဖြင့် သုတ်သင်နိုင်စွမ်းသော ဉာဏ်တော်နှင့် ပြည့်စုံခြင်း။ ၄) နေရာတိုင်းတွင် ကိန်းဝပ်တော်မူခြင်း (Omnipresence) "ဘုရားရှင်သည် အဘယ်မှာရှိသနည်း" ဟု မေးမြန်းမှုကို သက်သေပြရန် ကျောက်တိုင်အတွင်းမှပင် ပေါ်ထွက်လာနိုင်သော၊ အရာခပ်သိမ်းတွင် တည်ရှိနေသော ဂုဏ်။ ၅) ဘေးအန္တရာယ်ခပ်သိမ်းကို ဖြိုခွဲနိုင်ခြင်း (Vighna Vinashaka) ဆင်နင်းခြင်း၊ မြွေဘေး၊ မီးတိုက်ဘေးနှင့် လက်နက်ဘေးများမှ သာဝကတို့ကို ကာကွယ်ပေးနိုင်သည့် မဟာအတုမဲ့တန်ခိုးတော်နှင့် ပြည့်စုံခြင်း။ ၆) သစ္စာတရားကို သက်သေထူတော်မူသောဂုဏ် (Satyatvam) မိမိ၏ သာဝက ပ်ရလားဒ် ပြောဆိုသော "ဘုရားရှင်သည် နေရာတိုင်းတွင်ရှိသည်" ဟူသော သစ္စာစကားကို တည်မြဲစေရန်အတွက် သက်မဲ့ကျောက်တိုင်အတွင်းမှပင် ကိုယ်ထင်ရှားပြကာ ပွင့်ထွန်းလာခြင်းဖြစ်သည်။ သစ္စာတရား၏ တန်ခိုးကို လောက၌ သက်သေထူတော်မူသော ဂုဏ်နှင့် ပြည့်စုံပါသည်။ ၇) အနှိုင်းမဲ့ဉာဏ်တော်ဖြင့် လောကနိယာမကို ထိန်းသိမ်းသောဂုဏ် (Buddhi-Chamatkar) ဗရဟ်မာဂျီး ပေးထားသော ဆုလာဘ်များကို မဖောက်ဖျက်ဘဲ ဆုတောင်း၏ အဟန့်အတားများကြားမှ လူလည်းမဟုတ် တိရစ္ဆာန်လည်းမဟုတ်သော အသွင်၊ နေ့လည်းမဟုတ် ညလည်းမဟုတ်သော အချိန်စသည့် အလွန်ဆန်းကြယ်သော နည်းလမ်းဖြင့် အဓမ္မကို နှိမ်နင်းနိုင်သည့် အတုမဲ့ ဉာဏ်တော်ပိုင်ရှင် ဖြစ်ပါသည်။ ၈) ကြောက်မက်ဖွယ်အသွင်၌ ဂရုဏာတော် ကိန်းဝပ်သောဂုဏ် (Ugra-Vatsalya) အသူရာတို့အတွက် မြင်ရုံမျှဖြင့် အသက်ဝိညာဉ် ချုပ်ငြိမ်းစေလောက်သော "ဥဂ္ဂရ" (အလွန်ကြမ်းတမ်းသော) အသွင်ရှိသော်လည်း၊ ယုံကြည်သူ သာဝကအတွက်မူ မိခင်ခြင်္သေ့က သားငယ်ကို ယုယသကဲ့သို့ အလွန်နူးညံ့သည့် "ဝါသလျ" (မိဘမေတ္တာ) ကို ဆောင်တော်မူသော ဂုဏ်ထူးဝိသေသ ဖြစ်ပါသည်။ ၉) အစွဲအလမ်းနှင့် မာန်မာနကို ဖျက်ဆီးတော်မူသောဂုဏ် (Ahankara-Nashaka) "ငါသည် မသေနိုင်၊ ငါသည်သာ ဘုရား" ဟု အစွဲကြီးမားနေသော ဟီရဏ်းယကရှိပူး၏ မာန်မာနကို ဝမ်းဗိုက်နှင့်တကွ ခွဲခြမ်းစိတ်ဖြာ၍ ချေမှုန်းပြခြင်းဖြင့်၊ လောက၌ မာန်မာနသည် အနတ္တသာဖြစ်ကြောင်း သွန်သင်ပြသတော်မူသော ဂုဏ်ဖြစ်သည်။ ၁၀) လုံခြုံခြင်း၏ အထွဋ်အထိပ်ဖြစ်သောဂုဏ် (Abhaya-Prada) မည်သည့် လက်နက်၊ မည်သည့် ဘေးအန္တရာယ်ကမျှ မတားဆီးနိုင်သော ဘုရားရှင်၏ လက်သည်းတော်များသည် သာဝကတို့အတွက်မူ ဘေးရန်ခပ်သိမ်းကို ကာကွယ်ပေးသည့် "အဘယ" (ကြောက်ရွံ့ခြင်းကင်းသော) လက်တော်များဖြစ်ခြင်း။ အို... အဓမ္မကိုနှိမ်နင်း၍ ဓမ္မကို မြှင့်တင်တော်မူသော၊ အနန္တတန်ခိုးတော်နှင့် ပြည့်စုံတော်မူသော နရဆင်းမ်ဟ ဘုရားရှင်... ကျောက်တိုင်အတွင်းမှ ပေါ်ထွက်၍ သာဝက ပ်ရလားဒ်ကို ဘေးအန္တရာယ်အပေါင်းမှ ကယ်တင်တော်မူသကဲ့သို့၊ ဘုရားရှင်၏ နာမတော်ကို ရွတ်ဆိုပူဇော်နေသော သာ၀ကအပေါင်း၏ ဘဝလမ်းခရီးတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ မကောင်းသော အတိတ်ကံဝိပါတ်များနှင့် ရန်သူမျိုးငါးပါး ဘေးအန္တရာယ်တို့ကို ဖယ်ရှားပေးတော်မူပါ။ ဟီရဏ်းယကရှိပူး၏ မာန်မာနကို ချိုးနှိမ်သကဲ့သို့ ကျွန်ုပ်တို့၏ စိတ်အတွင်းရှိ မကောင်းသော အကုသိုလ်တရားများကိုလည်း ဖြိုခွဲပေးတော်မူပါ။ အရှင်ဘုရားသည် ဒေါသအမျက်ထွက်နေသော ကာလ၌ပင် သာဝကငယ်၏ ပန်းကုံးကို ပြုံးရွှင်စွာ လက်ခံတော်မူသည့် အရှင်သခင် ဖြစ်တော်မူပါသည်။ ကျွန်ုပ်တို့၏ စိတ်အတွင်း၌ ကိန်းအောင်းနေသော ဒေါသ၊ မာန်မာနနှင့် မောဟတည်းဟူသော အသူရာများကို အရှင်၏ ထက်မြက်သော ဉာဏ်တော်လက်သည်းများဖြင့် ဆွဲဖြဲဖယ်ရှားပေးတော်မူပါ။ အပြင်ပကတိ ရန်သူများသာမက စိတ်အတွင်းသန္တာန်၌ ဖြစ်ပေါ်တတ်သော ကြောက်ရွံ့ခြင်း ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်စောင့်ရှောက်တော်မူပါ။ အရှင်ဘုရား၏ ပေါင်တော်ပေါ်၌ ပ်ရလားဒ်လေးကို သိမ်းပိုက်ထားသကဲ့သို့ ကျွန်ုပ်တို့၏ ဘဝကိုလည်း အရှင်ဘုရား၏ မေတ္တာရိပ်အောက်၌ လုံခြုံစွာ သိမ်းပိုက်စောင့်ရှောက်တော်မူပါ။ အရာခပ်သိမ်း၊ နေရာတိုင်း၌ ရှိတော်မူသော အရှင် ဘုရားမြတ်ကို အမြဲမပြတ် အာရုံပြုလျက် တရားသောလမ်း၌သာ အမြဲတည်နိုင်ပါစေသား။ ဘုရားရှင်၏ ထက်မြက်သော လက်သည်းတော်များဖြင့် ဘဝ၏ အနှောင့်အယှက်ဟူသမျှကို ရှင်းလင်းပေးပြီး၊ နောင်ဘဝဆက်တိုင်းတွင်လည်း ဘုရားရှင်၏ သာဝကစံပြ ပ်ရလားဒ်မဟာရာဂျ်ကဲ့သို့ ခိုင်မာသော ယုံကြည်ချက်၊ တည်ကြည်သော သီလတို့ဖြင့် ဘုရားရှင်၏ မေတ္တာရိပ်တွင် ခိုလှုံခွင့် ရရှိပါစေသား။ ဂျဲယ် ရှရီး နရဆင်းမ်ဟ။ #HRK

မင်္ဂလာရေကန် ပြန်လည်တည်ဆောက်ခြင်း အလှူ။ ဟိန္ဒူဘာသာအယူအဆမှာ ဘုရားကျောင်း ရေကန်တူးခြင်း၊ လှူဒါန်းခြင်းဟာ အလွန်အင်မတန်မွန်မြတ်ပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာဖြစ်ထွန်းစေသော အလှူဒါနဖြစ်ပါတယ်။ သထုံမြို့၊ ဘာဘူကုန်းရပ်ရှိ ဟိန္ဒူမဟာသီဝဘုရားကျောင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ကျော်ခန့်ကတည်းက တူးဖော်ခဲ့သော အိန္ဒိယနိုင်ငံရှိ မြစ်ချောင်းပေါင်းစုံမှ ရေများထားရှိသော ကန်တော်မင်္ဂလာမှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးဖြစ်ပါ၍ ယိုယွင်းပျက်ဆီးနေသောကြောင့် ပြန်လည်ဆောက်လုပ်လျက်ရှိပါတယ်။ ကြွေပြားများ ကပ်ကာ ကန်တော်မင်္ဂလာ၏ အလယ်နေရာတွင် ဂင်္ဂါမယ်တော်ရုပ်ပွားတော်အားလည်း ထားရှိသွားမှာဖြစ်ပါတယ်။ ရုပ်ပွားတော်မှာ ကျပ်သိန်း ၅၀ ခန့်ကျသင့်မှာဖြစ်ပါတယ်။ ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း ၆၀၀ ခန့်ဖြစ်ပါတယ်။ စတီးသံပန်းတစ်ကွက်လျှင် ၅ သိန်းကျပ်။ ဘိလပ်မြေ တစ်အိတ်လျှင် ၂၁၀၀၀ ကျပ်။ သဲကြမ်းတစ်ကျင်းလျှင် ၈ သောင်းကျပ်။ အုတ်အလုံး ၁၀၀ လျှင် ၁၈၀၀၀ ကျပ်။ ကြွေပြားတစ်ချပ်လျှင် ၅ ထောင်ကျပ်။ အစရှိသဖြင့် လှူဒါန်းနိုင်သလို သဒ္ဓါတရားထက်သန်သ၍ နည်းများမဆို ပါ၀င်ကုသိုလ်ယူနိုင်ပါတယ်။ လှူဒါန်းနိုင်ရန် နံပါတ်။ 09977332895 Kaung Khant Naing

စီသားမယ်‌တော်မြတ်ရဲ့ ခြေတော်ရင်းမှာ ခိုလှုံဆည်းကပ်လိုက်တဲ့အခါ၊ အဲဒီခိုလှုံမှုဟာ စကြာဝဠာရဲ့ မူလအစဖြစ်တော်မူသောမိခင်မြတ် အာဒိရှက်သီးထံကို တိုက်ရိုက်ရောက်ရှိသွားပါတယ်။ မယ်တော်မြတ်ဟာ တစ်ဆူတည်းဖြစ်သလို စကြာဝဠာတစ်ခုလုံး၏မိခင်မြတ်ဖြစ်တော်မူပါတယ်။ မြေကြီးသည် လူသားတို့၏ နင်းခြေမှု၊ တူးဆွမှု အပေါင်းကို တည်ငြိမ်စွာ သည်းခံသကဲ့သို့ စီသားမယ်‌တော်မြတ်သည်လည်း လူသားအသွင်ယူရာ၌ဘဝ၏ လောကဓံဒုက္ခအပေါင်းကို ခိုင်မြဲစွာသည်းခံပြခဲ့ပါတယ်။ မြေကြီးသည် သတ္တဝါအားလုံးအတွက် အစာရေစာ ပေးသကဲ့သို့ စီသားမယ်‌ တော်မြတ်သည်လည်း လောက၌သားသတ္တဝါအ‌ပေါင်းအား ကရုဏာ မေတ္တာတရားနှင့် ဓမ္မတရားဆိုသည့် ဓမ္မအာဟာရကို ပေးစွမ်းခဲ့ပါတယ်။ မြေကြီးမှ ထွက်ပေါ်လာသော်လည်း ရွှေကဲ့သို့ စင်ကြယ်သကဲ့သို့ စီသားမယ်‌တော်သည် လောကီအညစ်အကြေး ကင်းစင်သော သန့်ရှင်းခြင်း၏ ပြယုဂ်ဖြစ်ပါတယ်။ စီးသားမယ်တော်မြတ်သည် လူသားအသွင် ဘဝတာဝန်ပြီးဆုံးချိန်တွင် မြေကြီးထဲသို့ပင် ပြန်လည်ဝင်ရောက်သွားခြင်းဖြစ်ပြီး စကြဝဠာကို ထောက်မထားသော မူလအနန္တဓာတ် ဆီသို့ ပြန်လည်စံမြန်းခဲ့ခြင်းဖြစ်ပါတယ်။ ဤသည်မှာစီသားမယ်တော်သည် ကမ္ဘာမြေ၏ အခြေခံအုတ်မြစ်တိုင်း၌ အမြဲထာဝရတည်ရှိနေသည့် အာဒိရှက်သီးဖြစ်ပါတယ်။ စီသားမယ်တော်၊ ရာဓါးမယ်တော် နှင့် ပါရ်ဗသီးမယ်တော်တို့ကို မတူညီသော အသွင်၊ အမည်နာမများဖြင့် ဖူးမြော်နေရခြင်းမှာ မြင့်မြတ်လှသောမိခင်မြတ်သည် လောကကြီး၏ ကောင်းကျိုးနှင့် လိုအပ်ချက်များကြောင့် ယုဂခေတ်ကြီးတိုင်းတွင် အသွင်အမျိုးမျိုးဖြင့်ဆင်းသက်ပွင့်တော်မူခြင်း ဖြစ်ပါတယ်။ မယ်တော်မြတ်သည် တစ်ဆူတည်းသော မိခင်မြတ်ဖြစ်သော်လည်း လောကရှိသတ္တဝါတို့အား ဓမ္မတရား၊ ကရုဏာမေတ္တာတရား၊ ကာကွယ်‌စောင့်ရှောက်ရန်နှင့်လမ်းပြရန်အတွက် အသွင်အမျိုးမျိုးဖြင့် ဆင်းသက်လာလေ့ရှိပါတယ်။ ဤသည်မှာ အာဒိရှက်သီးတစ်ဆူတည်းကပင် လောကရှိသစ္စာတရားကျင့်ဝတ်အားလမ်းပြရန်အတွက် စီသားမယ်တော်အဖြစ်လည်းကောင်း၊ အနှိုင်းမဲ့မေတ္တာတရားအားပြသ‌ခဲ့‌သော ရာဓါးမယ်တော်အဖြစ်လည်းကောင်း၊ စကြဝဠာအားကာကွယ်စောင့်ရှောက်ရန် ပါရ်ဗသီးမယ်တော်အဖြစ်လည်းကောင်း အသွင်ယူထားခြင်းဖြစ်ပြီး၊ မည်သည့်အမည်နာမဖြင့် ခိုလှုံဆည်းကပ်သည်ဖြစ်ပါစေ ထိုခို လှုံဆည်းကပ်မှုအားလုံးသည် တစ်ဆူတည်းသော မူလမိခင်မြတ်ထံသို့သာ ရောက်ရှိသွားကာ မယ်တော်မြတ်၏ အလုံးစုံသော ကောင်းချီးမင်္ဂလာများကို တစ်ပြိုင်တည်း ရရှိခံစားရမည် ဖြစ်ပါတယ်။ ယနေ့ စီသားမယ်တော်ပွင့်ထွန်းတော်မူသည့် နေ့မြတ်မှစ၍ လောကရှိ သတ္တဝါအပေါင်းတို့သည် စီသားမယ်တော်မြတ်အား ခိုလှုံဆည်းကပ်ခြင်းဖြင့် မိမိတို့၏ စိတ်အတွင်း၌ရှိသော သည်းခံခြင်း၊ သစ္စာရှိခြင်းနှင့် ကောင်းမြတ်သော စွမ်းအင်တို့ကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။ #HRK

စီသားန၀မီးနေ့မြတ်။ ယနေ့ဟာ စီသားန၀မီးနေ့မြတ် ခေါ် စီသားမယ်တော်ပွင့်တော်မူခဲ့သောနေ့မြတ်ဖြစ်ပါတယ်။ စီသားမယ်တော်ဆိုသည်မှာ ရာမဘုရားရှင်၏ ကြင်ရာတော်ဖြစ်ပြီး အာဒိရှက်သီး မဟာလက်ရှ်မီးကိုယ်တော်တိုင်ဖြစ်ပါတယ်။ ရာဓါးသည်လည်း စီသား၊ ရုက်မဏီးကိုယ်တော်တိုင်ဖြစ်ပါတယ်။ ရာမာယဏဇာတ်တော်တွင် ရားမ်ဘုရားရှင်၏ ကြင်ရာတော်အဖြစ် သက်ရှိသတ္တဝါတို့အား စစ်မှန်သော ချစ်ခြင်း၊ မေတ္တာတရားနှင့် စွန်လွှတ်အနစ်နာခံခြင်းဟူသော ပြယုဂ်အဖြစ် ထင်ရှားခဲ့သော မယ်တော်မြတ်ဖြစ်ပါတယ်။ တစ်ချိန်က မိထိလာပြည်တွင် မိုးခေါင်နေသောကြောင့် အလွန်ဒုက္ခရောက်ခဲ့ကြပါတယ်။ ထိုအချိန်တွင် ဘာသာတရားကိုင်းရှိုင်းသော ဂျနက်မင်းမြတ်သည် ထီးနန်းစိုးစံနေလျက်ရှိပါတယ်။ ထိုကဲ့သို့သော မိုးခေါင်ရေရှား ကပ်ဘေးမှ ကယ်တင်ရန် တောင်းဆုပြုသောကြောင့် တစ်နေ့မှာ လယ်ထွန်မင်္ဂလာပြုရင်း မြေကြီးထဲမှ ကလေးငယ်တစ်ဦးထွက်ပေါ်လာခဲ့ပါတယ်။ ထိုကလေးငယ်ကား အခြားသူမဟုတ်ဘဲ ဘူမိမယ်တော်၏ သမီးဟု ခေါ်ဝေါ်ခြင်းခံရသော စီသားမယ်တော်မြတ်ပင်ဖြစ်ပါတယ်။ စီသားမယ်တော်ဟာ မိခင်ဝမ်းကြာတိုက်မှ မွေးဖွားလာခြင်းမဟုတ်ဘဲ ဂျာနကမင်းကြီး မြေထွန်ရာမှ ပွင့်ထွန်းလာသော ဘူမိဂျာ - မြေမှ မွေးဖွားလာသူဖြစ်ပါတယ်။ စီသားမယ်တော်မြတ်သည် စကြဝဠာ၏ အခြေခံအကျဆုံးစွမ်းအားဖြစ်‌ တော်မူသော မြေဓာတ်ကိုအစိုးရသော အာဒိရှက်သီးကိုယ်တိုင်ပင်ဖြစ်ပါတယ်။ ထို့အတွက် စီသားမယ်တော်ကို ဘူမိဂျား (ကမ္ဘာမြေကြီးမှ ‌မွေဖွားလာသူ) ဟုလည်း ခေါ်ဝေါ်ကြပါတယ်။ စီသားမယ်တော်တွင် ဥရ်မိလား၊ သျှရုသ်ကီရ်သိ၊ မံာဒ်ဗီးဟူသော နှမတော် (၃) ဦးရှိပါတယ်။ ထိုနှမတော်တို့ဟာ လက်ရှ်မီးမယ်တော်၏ ဗဲကုဏ္ဌလောကမှ အခြံအရံများဖြစ်‌ပါတယ်။ ဆနသ် ကူမားရ် ဟုခေါ်သော ရသေ့ငယ် ၄ ပါး၏ ကျိန်စာထိခဲ့သော ဒန်းနျ ဟာ ဆူနိင်ဏ အဖြစ်‌မွေးပြီး သ်ရေသားယုဂ မှာ စီသားမယ်တော်ရဲ့ မိခင်ဖြစ်ခဲ့ရပါတယ်။ လက်ရှ်မီးမယ်တော်ကိုယ်တိုင်ပင်ဖြစ်သည့် စီသားမယ်တော်မွေးဖွားလာသည့်ကာလမှ စ၍ မိထိလာပြည်ဟာ ပြန်လည်သာယာစိုပြည်၀ပြောခဲ့သည်။ စီသားမယ်တော်နှင့် အယိုးဓယားပြည့်ရှင် ဘုရားမြတ် ရားမ်ချစ်ခင်မှုကို ဖော်ကျူးသောအနေဖြင့် "စီသား ရားမ်" ဟု ခေါ်ဆိုလေ့ရှိပါတယ်။ ဘုရားရှင် ဗိသ်ျှဏုနှင့် မယ်တော်လက်ရှ်မီး ၂ ပါးလုံးဟာ ယုဂတိုင်းတွင် လူသားတို့အား ဓမ္မတရားပြသရန်နှင့် အဓမ္မမှုများကို ဖျက်သုဉ်းရန် လူ့ဇာတိခံ၍ လောကသို့ အစဉ်ဆင်းသက်တော်မူပါတယ်။ ဂျနက်မင်းမြတ်ထံတွင် ဘုရားမြတ်သျှိဗ (ရှီဗား)၏ လေးတော်ဖြစ်သည့် ပီဏာကလေးတော်ကို ပ်ရသျှုရားမ်ဘုရား (ဗိသ်ျှဏုဘုရားမြတ်၏ အ၀တာရ) ထံမှ ရရှိထားပါတယ်။ ဘုရားမြတ်တို့ စွဲကိုင်သည့် လေးဖြစ်သည်နှင့်အညီ ထိုလေးတော်ကို ဘုရားမြတ်တို့သာ မနိုင်သော အစွမ်းရှိပါတယ်။ ထိုလေးတော်ကို စီသားမယ်တော် ငယ်စဉ်အခါကလည်း မ၍ ကစားခဲ့ဖူးပါတယ်။ ထို့အတွက် စီသားဟာ အာဒိရှက်သီးမယ်တော်ကိုယ်တော်တိုင်ဖြစ်ပါတယ်။ ကြင်ရာရွေးပွဲတွင် ထိုလေးတော်ကို ပြည်ထောင်အသီးသီးမှ မင်း ညီ မင်းသားတို့ မခဲ့သော်လည်း မည်သူမှ မမနိုင်ခဲ့ပေ။ နောက်ဆုံးတွင် ဗိသျွှာမိသ်ရာရသေ့ကြီးမှ ခေါ်ဆောင်ခဲ့သော ရားမ်ဘုရားမြတ် မသောအခါမှသာ လေးတော်က ကြွခဲ့သလို ဘုရားမြတ်ဟာ သ်ရိပူရ ခေါ် အစူးရ်ညီနောင် ၃ ဦးကို နှိမ်နင်းရာတွင်သုံးခဲ့သော ထိုလေးတော်ကို ချိုးဖျက်ပစ်ခဲ့သည်။ ထို့အတွက် စီသားမာသားဟာ ရားမ်ဂျီးနှင့် လက်ထက်ထိမ်းမြားရန် သဘောတူညီခဲ့ပါတယ်။ လက်ထပ်ထိမ်းမြားပြီးနောက် အယိုးဓယားမြို့တော်သို့ပြန်အရောက်တွင် ကိုက်ကေယီးမယ်တော်၏ တောင်းဆိုမှုကြောင့် တောသို့ ၁၄ နှစ်တိတိ နယ်နှင်ဒဏ်ပေးခံရသောအခါတွင်လည်း ကြင်ရာတော် ရှရီရားမ်က မလိုက်ခဲ့ရန် ပြောခဲ့သော်လည်း ကြင်ရာတော်နှင့်အတူ တစ်ပါတည်း လိုက်ပါပြီး အနစ်နာခံသူတစ်ဦးလည်းဖြစ်ပါတယ်။ လန်ကာပြည့်ရှင် ရာ၀ဏမှ စီသားမယ်တော်အား ပြန်ပေးဆွဲခဲ့ရာတွင်လည်း သူသည် စီသားမယ်တော်၏ အရိပ်ကိုသာ ပြန်ပေးဆွဲနိုင်ခဲ့ခြင်းဖြစ်ပြီး တကယ့်စီသားမယ်တော်အစစ်ဟာ အဂ်နိ ပရိသျှား (မီးပုံ၌ သစ္စာပြု ဖြတ်သန်းခြင်း) ကိုပြုပြီးမှ ထိုမီးပုံထဲမှ ပြန်လည်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ တချို့သော ရာမာယဏကျမ်းများ၌ ရာ၀ဏအား ရှရီရားမ်မှ နှိမ်နင်းပြီးအခါတွင် ရာ၀ဏ အယောက် (၁၀၀၀) နှင့်ညီမျှသော ဆဟဆ်ရာ ရာ၀ဏပေါ်ထွန်းခဲ့သောအခါတွင် စီသားမယ်တော်ကိုယ်တိုင် ဘဒြာကာလီရူပတော်ဖြင့် နှိမ်နင်းခဲ့ခြင်းဖြစ်ပါတယ်။ ထို့အတွက် စီသားမယ်တော်ဟာ ခွန်အား၊ တန်ခိုးအဖြာဖြာဖြင့် ပြည့်စုံသော ရူပတော်တစ်ပါးဖြစ်ပါတယ်။ ထို့အတွက် စီသားမယ်တော်ဟာ သန့်ရှင်း စင်ကြယ်သော၊ မြင့်မြတ်သော ချစ်ခြင်း၊ မေတ္တာတရား၊ စွန့်လွှတ် အနစ်နာခံခြင်းရဲ့ ပြယုဂ်ဖြစ်ပါတယ်။ စီသားမယ်‌တော်မြတ်အား ကိုးကွယ်ဆည်းကပ်သည့်အခါမှာ ရာဓားမယ်‌တော်၏ ကရုဏာမေတ္တာတရားကိုလည်း ရရှိသလို၊ ပါရ်ဗသီးမယ်‌တော်မြတ်၏ ကာကွယ်စောင့်ရှောက်မှုကိုလည်းရရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မယ်တော်မြတ်တို့အားလုံးဟာ အသွင်ယူထားသည် ရူပတော် အသွင်သာကွဲပြားနေကြပေမဲ့ အာဒိရှက်သီးဆိုတဲ့ စကြာဝဠာတစ်ခုလုံး၏ အနန္တစွမ်းအင်ဖြစ်တော်မူသော တစ်ဆူတည်းသောခိုလှုံအားထားရာမိခင်မြတ်ဖြစ်လို့ပါ။

အက်သ်ျှယ သ်ရ်သိယာနေ့မြတ် ဘုရားကျောင်းရေကန်အလှူနှင့် ဆန်အလှူ။ ယနေ့ဟာ အလှူဒါနများ အထူးပြုသင့်သော အက်သ်ျှယ သ်ရိသိယာနေ့မြတ်ဖြစ်ပါတယ်။ သထုံမြို့၊ ဘာဘူကုန်းရပ်ကွက်ရှိ မဟာသီ၀ဘုရားကျောင်း၌ မင်္ဂလာရေကန်တူးဖော်လျက်ရှိပြီး ထိုမင်္ဂလာရေကန်၌ ဂင်္ဂါမယ်တော်အားထားရှိပူဇော်သွားမှာဖြစ်ပြီး အလှူရှင်များစွာလိုအပ်လျက်ရှိပါတယ်။ ဂင်္ဂါမယ်တော်ရုပ်ပွားတော်အတွက်လည်း အလှူရှင်လိုအပ်လျက်ရှိပါတယ်။ အန္နာပူရ်ဏားမယ်တော်ပွင့်တော်မူသောနေ့မြတ်ဖြစ်တဲ့အတွက် ဆန်အလှူအတွက်ပါ၀င်လိုသူများဟာ ဆန်တစ်အိတ်စာလျှင် ၁၈၀,၀၀၀ ကျပ်။ တစ်ဦးစာလျှင် ၁၁,၀၀၀ ကျပ်။ အထက်ပါ အလှူ ၂ ခုအတွက် သဒ္ဒါတရားထက်သန်သ၍ နည်းများမဆို ပါ၀င်ကုသိုလ်ယူနိုင်ပါတယ်။ လှူဒါန်းနိုင်ရန်နံပါတ်။ 09977332895 Kaung Khant Naing မင်္ဂလာရေကန်တူးဖော်ခြင်းအတွက် အသေးစိတ်သိရှိ ကုသိုလ်ပြုလိုသူများဟာ ဘုရားကျောင်းတာ၀န်ခံ ကိုကျော်မိုး (09971894652) နှင့် ဒေါ်အေးအေးမာ (09970777515) သို့လည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ #HRK

အက်သ်ျှယ သ်ရ်သိယာနေ့မြတ်အကြောင်း သိကောင်းစရာများ။ ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ရက် တနင်္လာနေ့သည် အလွန်ထူးကဲမွန်မြတ်သော အက်သ်ျှယ သ်ရ်သိယာနေ့မြတ်ဖြစ်ပါသည်။ အက်သျှယ ဆိုသည်မှာ ဘယ်သောအခါမှ မကုန်ခမ်းနိုင်သော သို့မဟုတ် ထာဝရတည်မြဲသော ဟု အဓိပ္ပာယ်ရပြီး သ်ရိသိယာ မှာ လဆန်း (၃) ရက်မြောက်နေ့ တတိယနေကိုဆိုလိုပါတယ်။ ထို့ကြောင့် ဤနေ့သည် မကုန်ခမ်းနိုင်သော ကုသိုလ်ထူးများကို ရရှိစေတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါသည်။ ဟိန္ဒူပြက္ခဒိန်အရ ဝဲရှာခ် လ၏ လဆန်း (၃) ရက်နေ့တွင် ကျရောက်ပြီး၊ ဤနေ့တွင် စတင်လိုက်သော မည်သည့် ကောင်းမှုကုသိုလ်မဆို၊ မည်သည့် လုပ်ငန်းဆောင်တာမဆို ပျက်စီးဆုံးရှုံးမှုမရှိဘဲ အောင်မြင်ဖြစ်ထွန်းပါသည်။ ဤနေ့တွင် အဓိကအားဖြင့် လက်ရှ်မီးမယ်တော်နှင့် ကူဗေးရ်နတ်မင်းတို့ကို ပူဇော်ကြပါသည်။ ပူဇော်ရန်အချိန်မြတ်မှာ မနက် ၅နာရီ ၄၇ မိနစ်မှ နေ့လယ် ၈နာရီ ၂၇ မိနစ်အထိ ၂နာရီ ၄၀မိနစ်ကြာမြင့်မည်ဖြစ်သည်။ ဤနေ့တွင် ကူဗေးရ်နတ်မင်းသည် စည်းစိမ်ချမ်းသာတို့အား အုပ်ထိန်းသူဘဏ္ဍာထိန်းရာထူးအား ရရှိသောနေ့မြတ်ဖြစ်သည်။ စည်းစိမ်လာဘ်လာဘတိုးပွားစေရန် ဤနေ့တွင်ပင် ရွှေထည်များ ၀ယ်ယူခြင်းနှင့် လက်ရှ်မီးမယ်တော်အား ပူဇော်ခြင်းတို့ကိုပြုလုပ်ကြသည်။ ဤနေ့၌ ဝယ်ယူသော ရွှေထည်များသည် လာဘ်လာဘကို တိုးပွားစေသည်ဟု ယူဆကြသည်။ ထို့ပြင် ဤနေ့တွင် အလှူဒါနပြုခြင်း၊ ပုတီးစိပ်ခြင်းနှင့် တရားထိုင်ခြင်းတို့သည် ထာဝရတည်မြဲမည့် ကုသိုလ်ထူးများကို ရရှိစေပါတယ်။ ဤနေ့သည် မပျက်မစီးသောနေ့ ဖြစ်သဖြင့် ကုသိုလ်သာမက အကုသိုလ်သည်လည်း ထာဝရတည်မြဲသွားတတ် ပါသည်။ ထို့ကြောင့် တစ်ပါးသူအား စိတ်ညစ်အောင်လုပ်ခြင်း၊ ဒေါသထွက်ခြင်းနှင့် မကောင်းမှုပြုခြင်းတို့ကို အထူးရှောင်ကြဉ်ပြီး မေတ္တာတရားဖြင့်သာ ဖြတ်သန်းသင့်သော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ အက်သျှယ သ်ရိသိယာသည် ရွှေဝယ်ရန် သို့မဟုတ် ပစ္စည်းစုဆောင်းရန်သက်သက် မဟုတ်ပါ။ မိမိအတွင်းစိတ်တွင်ရှိသော မေတ္တာ၊ ကရုဏာနှင့် အသိပညာ တို့ကို မကုန်ခမ်းနိုင်အောင် ပွားများယူရမည့်နေ့ဖြစ်သည်။ ဤနေ့မြတ်၌ အပေါ်ယံ ရုပ်ဝတ္ထုများထက် စိတ်နှလုံးဖြူစင်မှုကို အရင်းတည်၍ ကောင်းမှုပြုကြရန် တိုက်တွန်းလိုပါတယ်။ ဤအက်သ်ျှယ သ်ရ်သိယာနေ့မြတ်တွင် ၁) ဂန်ဂါမယ်တော်လူ့လောကသို့ ဆင်းသက်သည်။ ၂) ဘုရားရှင် ဗိသျှဏု၏ ရူပတော်တစ်ခုဖြစ်သည့် ပရသျှုရားမ်ဘုရားပွင့်တော်မူသည်။ ၃) စားနပ်ရိက္ခာတို့အားအစိုးရသော အန္နာပူရ်ဏားမယ်တော်ပွင့်တော်မူသည်။ ၄) သ်ရေသားယုဂ်စတင်သည်။ ၅) ဗျာဆ်ရသေ့ကြီး၏ ဦးဆောင်မှုနှင့် ဘုရားရှင် ဂနေ့ရှ်မှ မဟာဘာရသ်ကျမ်းအား စတင်ရေးသားသောနေ့ဖြစ်သည်။ ၆) ကရိသ်ျှဏဘုရားရှင်နှင့် ဆုဓါမားတို့ တွေ့ဆုံသောနေ့ဖြစ်သည်။ ၇) ဒဆ်မဟာဗိဒြာထဲမှ တစ်ဆူဖြစ်တော်မူသော မာသံန်ဂီးမယ်တော်ပွင့်သောနေ့ဖြစ်သည်။ ၈) နေနတ်မင်းမှ ပဏ္ဍဗတို့အား အက်သ်ျှယ ပါသ်ရပေးတော်မူသောနေ့ဖြစ်သည်။ #HRK

ဟနုမာန် ဂျယန်သီး ခေါ် ဟနုမာန်ဘုရားရှင်ပွင့်တော်မူသောနေ့မြတ်။ ၂၀၂၆ခုနှစ် ဧပြီလ ၂ရက် ကြာသပတေးနေ့ဟာ ဟနုမာန် ဂျယန်သီး ခေါ် ဟနုမာန်ဘုရားရှင်ပွင့်တော်မူသောနေ့မြတ်ဖြစ်ပါသည်။ ဟနုမာန်ဘုရားရှင်ဟာ ဘုရားရှင်ရှရီရားမ်၏ စံပြသာ၀က သံတမန်တစ်ဦးဖြစ်သလို ဘုရားရှင်သျှိဗ၏ ရူပတော်တစ်ခုလည်းဖြစ်ပါသည်။ ဟနုမာန်ဘုရားရှင်သည် ဘုရားရှင်ရှရီရားမ်၏ အနှိုင်းမဲ့သစ္စာရှိသော စံပြသာ၀က၊ ရားမ်ဒူဿ် လို့ခေါ်တဲ့ ရှရီရားမ်၏ သံတမန်တစ်ဦးဖြစ်သလို ၊စွမ်းအားသတ္တိနှင့် ခွန်အားဗလအဖြာဖြာဖြင့် ပြည့်စုံတော်မူသော ဘာဂျရန်းဘာလီ ဟုလည်း ခေါ်ဆိုကြပြီး၊ ဟနုမာန်ဘုရားရှင်သည် စိန်ကဲ့သိုပင် မာကျောလှသော ကိုယ်ခန္ဓာရှိပြီး ခွန်အားကြီးမားသူဖြစ်ပါတယ်။ ယခု ကလိယုဂ်ခေတ်တိုင်အောင် ဓမ္မတရားကို အကာအကွယ်ပေးရန် သက်တော်ထင်ရှားရှိနေသော ဘုရားရှင်မှာ ဟနုမာန်ဘုရားရှင်ပင် ဖြစ်ပါတယ် ဟနုမာန်ဘုရားရှင်သည် ပါဝန်ပုတြ လေနတ်မင်း၏ သားတော်ဖြစ်ပြီး မိဘအရင်းတို့မှာ အန်ဂျနာဒေဗီးနှင့် ကေစရီမျောက်မင်းတို့ ဖြစ်ပါတယ် ဟနုမာန်ဘုရားရှင်သည် စန်ခ်ကတ်မိုချန် ဟု ဆိုသည့်အတိုင်းကိုးကွယ်ယုံကြည်သူသာဝကတို့၏ အခက်အခဲနှင့် ဆင်းရဲဒုက္ခအပေါင်းကို ဖယ်ရှားပေးတော်မူသူဖြစ်ပါတယ်။ ထို့အပြင်ဟနုမာန်ဘုရားရှင်အား အလွန်ကြီးမြတ်သော သူရဲကောင်းဖြစ်၍ မဟာဗီရာ ဟုလည်းကောင်း၊ မျောက်အပေါင်းတို့၏ အရှင်သခင်ဖြစ်၍ ကပီရှ်ဝါရာ ဟုလည်းကောင်း၊ မယ်တော်စီသာ၏ သောကကို ဖယ်ရှားပေးခဲ့သူဖြစ်၍ စီသာရှိုးကာ ဝိနာရှာကာ အဖြစ်အမြင့်မြတ်ဆုံးဘုရားမြတ်တစ်ပါးဖြစ်ပါတယ် ဟနုမာန်ဘုရားရှင်ကို စနေနေ့တွင် ပူဇော်ခြင်းဖြင့် မိမိတို့အပေါ်တွင် သက်ရောက်နေသော စနေဂြိုဟ်၏ မကောင်းသော သက်ရောက်မှုကို လျှော့ချနိုင်ပါသည်။ ဤနေ့မြတ်တွင် သူလ်စီးဒါ့စ်ရေးသားခဲ့သော ဟနုမာန်ကျာလီဆာအားအထူးရွတ်ဖတ်ပူဇော်သင့်ပါတယ်။ ဟနုမာန်ဘုရားရှင်၏အနန္တ မေတ္တာတော်သည်သတ္တဝါအပေါင်းအပေါ်အားကျရောက်ပါစေ။ သတ္တဝါအားလုံး ဘေးအန္တရာယ်ကင်းဝေးကြပါပြီ စိတ်နှ လုံးခွန်အားများပြည့်ဝပြီး ဓမ္မလမ်းကြောင်းပေါ်၌ ခိုင်မာစွာလျှောက်လှမ်းနိုင်ကြပါစေ။ ဥုမ် ဟနုမတေး နာမဟ် ဂျဲရှရီးရာမ်း #HRK

ယခုအတွက် အလှူငွေကောက်ခံခြင်းဟာ ယနေ့ည နောက်ဆုံးဖြစ်ပါတယ်။

ယနေ့ဟာ လောကအလုံးစုံတွင် အမြင့်မြတ်ဆုံးဖြစ်တော်မူသော၊ သုံးလောက၌ အထွတ်အမြတ်ဖြစ်တော်မူသော၊ သတ္တဝါအပေါင်းအား အနန္တမေတ္တာတရား ပေးသနားတော်မူသော၊ ဓမ္မတရားအား လက်ကိုင်ထားပြီး သစ္စာတရားနှင့် ပြည့်ဝသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံသော ဘုရားရှင်ရှရီ ရားမကျန္ဒြ ပွင့်တော်မူသော ရားမ်နဝမီးနေ့မြတ်ဖြစ်ပါတယ်။ ဘုရားရှင်ရှရီးရာမ်းဟာ လူသားတို့လိုက်နာကျင့် သုံးအပ်သည့် ကျင့်ဝတ်စည်းကမ်းနှင့် အကျင့်သီလတရားတို့ကို စောင့်ထိန်းရာ၌ အမြင့်မြတ်ဆုံးသော မရ်ယာဒါ ပုရုသျှိုးသမ်းဂုဏ်တော်နှင့် ပြည့်စုံတော်မူသော တုနှိုင်းမဲ့ဘုရားရှင်ဖြစ်ပါတယ်။ မိမိ၏ကတိကို အသက်နှင့်လဲ၍ စောင့်ထိန်းတော်မူသော၊ အလွန်တရာမှ သစ္စာရှိသော၊ ဇာတ်နိမ့်ဇာတ်မြင့်မခွဲခြားဘဲ အလုံးစုံသော သတ္တဝါတို့အပေါ် ကရုဏာမေတ္တာထားတော်မူသော၊ ဓမ္မတရားအားလက်ကိုင်ထားပြီး အဓမ္မမှုအပေါင်းကို အောင်နိုင်တော်မူသောဘုရားမြတ်ဖြစ်ပါတယ်။ ဤနေ့မြတ်မှစ၍လောကရှိသတ္တဝါအပေါင်း ဘုရားမြတ်၏ အနန္တမေတ္တာတော်အား ရရှိကြပါစေ။ ဘုရားရှင်ရှရီးရာမ်း၏ ဂုဏ်တော်များကို အစဉ်အမြဲ အောက်မေ့သတိရခြင်းဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်း၌လည်း တရားဓမ္မများ ကိန်းဝပ်စံပယ်ပါစေ။ အဓမ္မမှုများအား ဖြိုခွင်း‌ အောင်နိုင်ပြီး ဓမ္မတရားသည် နှလုံးသား၌ အစဉ်ကိန်းဝပ်နိုင်ပါစေ။ သတ္တဝါအ‌ပေါင်း၏ လောကီအပူ‌သောကများ ငြိမ်းချမ်းပြီး လောကုတ္တရာတရားဉာဏ်နှင့် ပြည့်စုံသော ဘဝလမ်းခရီးကို လျှောက်လှမ်းနိုင်ကြပါစေ။ "ရားမ်" နာမတော်ကို နှုတ်၀ယ်အစဉ်ရွတ်ဖတ်ခြင်းဖြင့် ဘုရားရှင်ရားမ်ကို အစဉ်နှလုံးသွင်းခြင်းဟာ လွတ်မြောက်ခြင်းကို ပေးနိုင်သော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဂျဲ ရှရီ ရားမ်။ #HRK

အရှ်တမီးမဟာပူဂျားနှင့် ရားမ်န၀မီးအတွက်လှူဒါန်းနိုင်ရန်။ မနက်ဖြန်နှင့် သဘက်ခါတွင်ပြုလုပ်မည့် ကျဲသ်ရန၀ရာသ်ရီး၏ အဓိကပူဂျားနှင့် ရားမ်န၀မီးပူဂျားအလှူတို့အတွက် အလှူရှင်များ လိုအပ်လျက်ရှိနေပါတယ်။ ပဲခူးတိုင်း၊ ဇီးကုန်းမြို့ဘုရားကျောင်းတွင်ပြုလုပ်မည်ဖြစ်ပြီး နည်းများမဆို ပါ၀င်လှူဒါန်းနိုင်ပါတယ်။ မနက်ဖြန်ညတွင် အလှူငွေကောက်ခံခြင်းအား ရပ်နားပါမယ်။ တစ်နေ့တာ ပူဂျားအတွက် ၅ သောင်းကျပ်၊ ကန်တော့ပွဲအတွက် ၃ သောင်းကျပ်၊ မဟာပူဂျားအတွက် ၅ သိန်းကျပ်၊ ရားမ်န၀မီး ပူဂျားအတွပ် ၅ သိန်းကျပ်ဖြင့် တစ်ဦးတည်းလှူဒါန်းနိုင်သလို ပူဂျားအတွက် နည်းများမဆိုလည်း ပါ၀င် ကုသိုလ်ယူနိုင်ပါတယ်။ ငွေလွှဲလှူဒါန်းနိုင်ရန် နံပါတ်။ 09977332895 Kaung Khant Naing