ဘာသာစကားတွေအများကြီးထဲမှ ထိုင်းဘာသာစကားကို အခြေခံထက် ပိုမိုကျွမ်းကျင်ချင်သူများအတွက် Saungpokki မှ Thai Language Elementary Classကို လာမယ့် ဒီဇင်ဘာလ (၂) ရက်နေ့မှာ ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်။
ဒီသင်တန်းလေးမှာဆိုရင် ယခင်က Thai Regular Basic Class & Thai Regular Class (Module 1 to 6) ပြီးမြောက်ထားသူများ၊ PLC Level 2 အောင်မြင်ထားတဲ့ ကျောင်းသား/သူများတက်ရောက်နိုင်မှာဖြစ်ပြီး အခြေခံကို ပိုမိုခိုင်မာစေကာ ထိုင်းအရေးအသားများကို ပိုမိုရေးသားဖတ်ရှုနိုင်အောင် စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စကားပြောရာတွင်လည်း အရေးကြီးတဲ့အသံထွက် (Tone) များကို ပီပီသသနှင့် သဘာဝကျကျ ပြောဆိုနိုင်ရန်အတွက် ဆရာ/ဆရာမများက အနီးကပ် လေ့ကျင့်ပေးသွားမှာဖြစ်လို့ သားသားမီးမီးတို့အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။
ဖွင့်လှစ်ပေးမဲ့အတန်းတွေကတော့
Thai Language Synchronous Elementary Class With Tr. Theint Ko Ko
Wednesday & Thursday – 7 pm to 8 pm
Thai Language Synchronous Elementary Class With Tr. Thu Nandar Aung
Wednesday & Thursday – 7 pm to 8 pm
Thai Language Synchronous Elementary Class With Tr. Seinn Lei Nandar
Monday & Wednesday – 7 pm to 8 pm ဆိုပြီးအတန်းတွေကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
သင်တန်းကာလအနေနဲ့ကတော့ ၂ လကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေးအနေနဲ့ကတော့ မြန်မာငွေ ၁သိန်းကျပ်သာကျသင့်မှာဖြစ်ပါတယ်။ ထို့အပြင် သင်ခန်းစာတွေကို လေ့ကျင့်ရာမှာ အထောက်အကူဖြစ်စေမယ့် Level 3 Manual Practice Books- Part 1 & Part 2 စာအုပ် ၂ အုပ်ကိုလည်း ၅၀,၀၀၀ ကျပ်နဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ PLC Level-3 ကို တက်ရောက်ထားပြီး Manual Practice Books ရှိပြီးသားသူများအနေဖြင့် စာအုပ်ထပ်မံဝယ်ယူရန် မလိုအပ်ပါဘူးနော်။ ဒါကြောင့် ထိုင်းဘာသာစကားကို တိုးတက်ကောင်းမွန်အောင်တည်ဆောက်လိုသူများအတွက် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်တာမို့ အခုပဲစာရင်းသွင်းလာရောက်အပ်နှံလိုက်တော့နော်။ 📚✨
🌐 သင်တန်းအပ်နှံရန် -https://tinyurl.com/ThaiLanguageClass
သင်တန်းအသေးစိတ်ကိုလည်း
📫 Telegram: https://t.me/Saungpokki_Official
💬 Saungpokki Facebook Page Messenger
📧 Email: saungpokki@ilbc.edu.mm
☎️ Saungpokki Technical Hotline: 09 777450999 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
12 نوامبر, 23:54
