PositivePsy hacks By Nora
رفتن به کانال در Telegram
837
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
اطلاعاتی وجود ندارد30 روز
آرشیو پست ها
သင့်ရဲ့ relationship က healthyဖြစ်နေရဲ့လား❔❔
လူတိုင်းမှာ နေ့စဉ်နဲ့အမျှ ဆက်ဆံနေရတဲ့relationshipတွေများစွာရှိကြပါတယ်။😍 relationship လို့ပြောတဲ့နေရာမှာ သမီးရည်းစားချစ်သူ၊လင််မယားဆက်ဆံရေး အပြင် မိသားစု၊လုပ်ငန်းခွင်ဆက်ဆံရေး အစရှိတဲ့ဆက်ဆံရေးတွေလည်းအများကြီးပါပါတယ်။
ဒီလိုဆက်ဆံရေးတွေကတကယ်ဘဲ သင့်အတွက် ကောင်းမွန်ကျန်းမာနေရဲ့လားဆိုတဲ့အချက်ကလည်း လျစ်လျူရှုထားလို့မရတဲ့အရာထဲမှာပါ ပါတယ်နော်။😍ဒါကြောင့်ဒီနေ့ပြောပြပေးမဲ့ အကြောင်းအရာလေးကတော့ ကျန်းမာကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်နေလား၊မဖြစ်နေလားဆန်းစစ်နိုင်ဖို့ကို မျှဝေပေးချင်ပါတယ်။❤️
Healthy relationship ဆိုတာ…🤔
Healthy relationship ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှု၊ယုံကြည်မှု၊ရိုးသားမှုတွေနဲ့အခြေခံပြီးတည်ဆောက်ရတဲ့ ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။❤️
ဒါဆို healthy relationship ဖြစ်မဖြစ် သိနိုင်တဲ့အရာတွေက❔
✅တကယ်လို့ သင့်ရဲ့လက်တွဲဖော်(သို့) ပတ်ဝန်းကျင်အသိုင်းအဝိုင်းက သင်နဲ့ပတ်သက်တဲ့သင့်ရဲ့ တန်ဖိုးကိုမသိဘဲ အမြဲအပြစ်တင်ရှုံ့ချနေတယ်ဆိုရင် ဒါဟာ အဆိပ်အတောက်တစ်ခုဖြစ်နိုင်ပါတယ်။ (ဥပမာ- သင့်ရဲ့ခန္ဓာကိုယ်အလှအပနဲ့ပတ်သက်ပြီးအမြဲnegative commentတွေပေးနေပြီဆိုရင်)
✅သင့်လက်တွဲဖော််က သင့်ကိုလိုတာထက်ပိုပြီး သဝန်တိုတာ၊ချုပ်ချယ်တာ၊ထိန်းချုပ်တာတွေ လုပ်လာပြီဆိုရင်သော်လည်းကောင်း (ဥပမာအားဖြင့်- ဘယ်သူတွေနဲ့ဆိုအပြင်မသွားရဘူး၊မိတ်ကပ်ဆိုမလိမ်းရဘူးစသဖြင့်)
✅သင့်ကိုသင်တောင်ဂရုမစိုက်နိုင်တော့ဘဲ သင့်ထက်သင့်လက်တွဲဖော်ကို ပိုချစ်နေရတာမျိုး၊ အမြဲစိတ်ပူပန်နေရတာမျိုးဆိုရင်သော်လည်းကောင်း
✅သင့်ရဲ့လက်တွဲဖော်က သင့်အတွက်ပြောင်းလဲပေးမယ်ဆိုတဲ့ မှားယွင်းတဲ့မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေရပြီဆိုရင်သော်လည်းကောင်း။ ကျွန်မတို့ရဲ့ဘဝမှာဘယ်သူ့ကိုမှ ပြောင်းလဲချုပ်ကိုင်လို့မရပါဘူး။ပြောင်းလဲဖို့ဆိုရင် ကာယကံရှင်ကိုယ်တိုင်ပေါ်မှာသာမူတည်ပါတယ်။❤️
✅သင့်ရဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး စိတ်မလုံခြုံမှု(insecurity)ကိုခံစားနေရပြီဆိုရင်သော်လည်းကောင်း။ ဒါတွေကသင့်ရဲ့ဆက်ဆံရေးကhealthyမဖြစ်နေတော့ဘူးဆိုတဲ့ယေဘုယျအချက်တွေဖြစ်ပါတယ်။ ဒီထက်မကပြဿနာတွေလည်းရှိနိုင်ပါသေးတယ်။
ဒီလိုဆက်ဆံရေးမှာ သင်ဟာနေနေရပြီ၊လွတ်မြောက်ချင်တယ် ဒါပေမဲ့ဘယ်လိုလွတ်မြောက်အောင်လုပ်ရမလဲမသိဘူး၊လွတ်မြောက်ဖို့သတ္တိမရှိဘူးစသဖြင့် ခံစားနေရပြီဆိုရင် ကျွန်မတို့ရဲ့ Pageလေးမှာ couple counsellingယူလို့ရပါပြီဆိုတဲ့အကြောင်းလေးသတင််းကောင်းပါးချင်ပါတယ်နော်😍🥰
Hello Positives တို့ရေ✨
ဒီနေ့ပြောပြပေးမဲ့ အကြောင်းအရာလေးကတော့ Insomnia အိပ်မပျော်ခြင်းလေး အကြောင်းဘဲဖြစ်ပါတယ်ရှင့်✨
What is insomnia? 💭
Insomnia ဆိုတာ မြန်မာလို အဓိပ္ပါယ်ပြန်ရမယ်ဆိုတော့
အိပ်မပျော်တဲ့ အခြေအနေတမျိုးဘဲဖြစ်ပါတယ်ရှင့်✨ အခုနောက်ပိုင်းလူငယ်တွေရောလူကြီးတွေတော်တော်များများsleep cycleတွေလွဲမှားလာကြတာတွေ့ရပါတယ်။
ဒီလိုအိပ်မရခြင်းတွေက mental health နဲ့ဘယ်လို များပတ်သက်နေလဲဆိုတာကို တွေးမိကြမယ်ထင်ပါတယ်ရှင့်💭
Insomnia က တကယ်တော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရောနဲ့ ပတ်သက်ဆက်နွှယ်နေနိုင်ပါတယ်။❤️ ဒီလိုအခြေအနေတွေဟာshort termလည်းဖြစ်နိုင်သလိုlong termလည်းဖြစ်နိုင်ပါတယ်။ တစ်ညကနေရက်သတ္တပတ်အနည်းငယ်အတွင်း ခံစားရတယ်ဆိုရင် ပြင်းထန်တဲ့အခြေအနေမဟုတ်သေးပါဘူး။ ၃လအတွင်းတစ်ပတ်မှာ၃ရက်လောက်အိပ်မပျော်ဘူးဆိုရင်တော့ နာတာရှည်ဖြစ်နိုင်ခြေရှိတယ်လို့ပြောလို့ရပါတယ်။
Insomnia ကprimaryနဲ့secondaryဆိုပြီး ၂မျိုးရှိပါတယ်။ Primary insomnia ဆိုတာကတော့ကျန်းမာရေးအခြေအနေတွေနဲ့ချိတ်ဆက်နေတာမျိုးမဟုတ်တဲ့အိပ်မပျော်ခြင်း ဖြစ်ပါတယ်။ ဥပမာပြောရရင် ရုတ်တရက်ကိုယ်ချစ်ရတဲ့သူကိုဆုံးရှုံးရတဲ့အခြေအနေမျိုးတွေ၊ ညဘက်အလုပ်ဆင်းရတာမျိုးတွေပေါ့နော်။ secondaryကတော့ ပန်းနာရင်ကြပ်၊ depression၊ medication၊alcohol and drug useစတဲ့ကျန်းမာရေးအခြေအနေအရ ဖြစ်တဲ့အရာမျိုးပါ။
What causes insomnia?💭
Insomnia ဟာ ဘာတွေကြောင့်ဖြစ်စေတာလဲ
✅ Stress (စိတ်ဖိစီးမှု)
ဟုတ်ပါတယ်ရှင့် stress များလာတဲ့အခါမှာ လည်း insomnia ဖြစ်စေနိုင်ပါတယ်ရှင့်။
stress များ တဲ့အတွက်ကြောင့်ညဘက်မှာ လွယ်လွယ်ကူအိပ်မပျော်နိုင်ဘဲ အခက်ခဲရှိရာမျိုးကနေ အချိန်ကြာရှည်တဲ့အခါ insomnia ဖြစ်စေနိုင်ပါတယ်ရှင့်✨
✅ Irregular Sleep Schedules(အိပ်ချိန်ပုံမှန်မဟုတ်)
ကျမတို့ တချို့ အလုပ်များတဲ့ သူတွေနဲ့ ဆက်ကျော်သက်အရွယ်တွေမှာ ညဘက် တွေမှာ ပုံမှန်အိပ်ချိန်မဟုတ်ဘဲ ညဉ့်နက်တဲ့အထိ အလုပ်လုပ်နေတာမျိုး စာလုပ်တာမျိုး ဂိမ်းဆော့နေတာမျိုးတွေ မနက်မိုးလင်းမှ အိပ်တာတွေ စသည့်အကြောင်းအရာတွေက လည်း insomnia ဖြစ်စေနိုင်ပါတယ်ရှင့်✨
✅ Alcohol, Smoking OR Caffeine(🥃🚬☕)
အရက် ဆေးလိပ် ကော်ဖီ အစရှိတာတွေကို အလွန်အကျွံသောက်သုံးတဲ့သူတွေမှာလည်း insomnia ဖြစ်စေနိုင်ပါတယ်ရှင့်။
ကျမတို့အများစုံကြုံဖူးကြမယ်ထင်ပါတယ်ရှင့် caffeine ဓာတ်များလွန်းတဲ့ ကော်ဖီကို ညဘက်အိပ်ယာဝင်ခါနီးသောက်မိတဲ့အခါမျက်စိကြောင်နေပြီး အိပ်မပျော်တာမျိုးတွေဖြစ်နိုင်ပါတယ်ရှင့်။
ဒါကြောင့် အရက် ဆေးလိပ် ကော်ဖီ အစရှိတာတွေကို အလွန်အကျွံ မသောက်သုံးဖို့ အကြံပေးပါတယ်နော်ရှင့်✨
✅ Medications(ဆေးဝါးများ)
ဆေးသောက်သုံးနေရတဲ့သူတွေမှာလဲဖြစ်နိုင်ပါတယ်ရှင့်
အထူးသဖြင့် ညဘက် အလုပ်တွေများလို့ energy pills တွေသောက်တာက တခါတရံတော့ကောင်းပေမဲ့ နေ့တိုင်းရက်ဆက်ဆိုရင်တော့ တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း ညဘက်အိပ်မပျော်တော့ဘဲ insomnia ဖြစ်နိုင်ပါတယ်ရှင့်✨
✅ Age(အသက်ကြီးပိုင်းလူကြီးများ)
အသက်ကြီးပိုင်းလူကြီးတွေမှာလည်းဖြစ်နိုင်ပါတယ်ရှင့်
ညဘက်အိပ်မပျော်တာမျိုးသားသမီးတွေနဲ့ အနေဝေးတဲ့ မိဘတွေဟာ အထီးကျန်ရောဂါခံစားလာရနိုင်ပြီး ညဘက်အိပ်မပျော်တာမျိုးတွေကနေ insomnia ဖြစ်နိုင်ပါတယ်ရှင့်✨
😱 Insomnia ဖြစ်လာရင်ဘာလုပ်ကြမလဲ?
ဟုတ်ကဲ့ပါရှင့် ကျမတို့ insomnia ရောဂါ ခံစားလာရပြီဆိုရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ psychologist, therapist, counselor, doctor တို့နှင့် ဆွေးနွေးကုသမှု တစိုက်မတ်မတ်ခံယူမယ်ဆိုရင်တော့ ပျောက်ကင်းနိုင်ပြီး ကောင်းမွန်တဲ့ အိပ်စက်ခြင်းတွေကိုပြန်ရရှိနိုင်ပါတယ်ရှင့်✨
စာအရှည်ကြီးမို့ အချိန်ပေးပြီး အဆုံးထိ ဖတ်ပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါရှင့်♥️
ကောင်းမွန်သောနေ့ရက်လေးဖြစ်ပါစေရှင့်♥️
Hello Positives တို့ရေ✨
ဒီနေ့ပြောပြပေးမဲ့ အကြောင်းအရာလေးကတော့ Insomnia အိပ်မပျော်ခြင်းလေး အကြောင်းဘဲဖြစ်ပါတယ်ရှင့်✨
What is insomnia? 💭
Insomnia ဆိုတာ မြန်မာလို အဓိပ္ပါယ်ပြန်ရမယ်ဆိုတော့
အိပ်မပျော်တဲ့ အခြေအနေတမျိုးဘဲဖြစ်ပါတယ်ရှင့်✨ အခုနောက်ပိုင်းလူငယ်တွေရောလူကြီးတွေတော်တော်များများsleep cycleတွေလွဲမှားလာကြတာတွေ့ရပါတယ်။
ဒီလိုအိပ်မရခြင်းတွေက mental health နဲ့ဘယ်လို များပတ်သက်နေလဲဆိုတာကို တွေးမိကြမယ်ထင်ပါတယ်ရှင့်💭
Insomnia က တကယ်တော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရောနဲ့ ပတ်သက်ဆက်နွှယ်နေနိုင်ပါတယ်။❤️ ဒီလိုအခြေအနေတွေဟာshort termလည်းဖြစ်နိုင်သလိုlong termလည်းဖြစ်နိုင်ပါတယ်။ တစ်ညကနေရက်သတ္တပတ်အနည်းငယ်အတွင်း ခံစားရတယ်ဆိုရင် ပြင်းထန်တဲ့အခြေအနေမဟုတ်သေးပါဘူး။ ၃လအတွင်းတစ်ပတ်မှာ၃ရက်လောက်အိပ်မပျော်ဘူးဆိုရင်တော့ နာတာရှည်ဖြစ်နိုင်ခြေရှိတယ်လို့ပြောလို့ရပါတယ်။
Insomnia ကprimaryနဲ့secondaryဆိုပြီး ၂မျိုးရှိပါတယ်။ Primary insomnia ဆိုတာကတော့ကျန်းမာရေးအခြေအနေတွေနဲ့ချိတ်ဆက်နေတာမျိုးမဟုတ်တဲ့အိပ်မပျော်ခြင်း ဖြစ်ပါတယ်။ ဥပမာပြောရရင် ရုတ်တရက်ကိုယ်ချစ်ရတဲ့သူကိုဆုံးရှုံးရတဲ့အခြေအနေမျိုးတွေ၊ ညဘက်အလုပ်ဆင်းရတာမျိုးတွေပေါ့နော်။ secondaryကတော့ ပန်းနာရင်ကြပ်၊ depression၊ medication၊alcohol and drug useစတဲ့ကျန်းမာရေးအခြေအနေအရ ဖြစ်တဲ့အရာမျိုးပါ။
What causes insomnia?💭
Insomnia ဟာ ဘာတွေကြောင့်ဖြစ်စေတာလဲ
✅ Stress (စိတ်ဖိစီးမှု)
ဟုတ်ပါတယ်ရှင့် stress များလာတဲ့အခါမှာ လည်း insomnia ဖြစ်စေနိုင်ပါတယ်ရှင့်။
stress များ တဲ့အတွက်ကြောင့်ညဘက်မှာ လွယ်လွယ်ကူအိပ်မပျော်နိုင်ဘဲ အခက်ခဲရှိရာမျိုးကနေ အချိန်ကြာရှည်တဲ့အခါ insomnia ဖြစ်စေနိုင်ပါတယ်ရှင့်✨
✅ Irregular Sleep Schedules(အိပ်ချိန်ပုံမှန်မဟုတ်)
ကျမတို့ တချို့ အလုပ်များတဲ့ သူတွေနဲ့ ဆက်ကျော်သက်အရွယ်တွေမှာ ညဘက် တွေမှာ ပုံမှန်အိပ်ချိန်မဟုတ်ဘဲ ညဉ့်နက်တဲ့အထိ အလုပ်လုပ်နေတာမျိုး စာလုပ်တာမျိုး ဂိမ်းဆော့နေတာမျိုးတွေ မနက်မိုးလင်းမှ အိပ်တာတွေ စသည့်အကြောင်းအရာတွေက လည်း insomnia ဖြစ်စေနိုင်ပါတယ်ရှင့်✨
✅ Alcohol, Smoking OR Caffeine(🥃🚬☕)
အရက် ဆေးလိပ် ကော်ဖီ အစရှိတာတွေကို အလွန်အကျွံသောက်သုံးတဲ့သူတွေမှာလည်း insomnia ဖြစ်စေနိုင်ပါတယ်ရှင့်။
ကျမတို့အများစုံကြုံဖူးကြမယ်ထင်ပါတယ်ရှင့် caffeine ဓာတ်များလွန်းတဲ့ ကော်ဖီကို ညဘက်အိပ်ယာဝင်ခါနီးသောက်မိတဲ့အခါမျက်စိကြောင်နေပြီး အိပ်မပျော်တာမျိုးတွေဖြစ်နိုင်ပါတယ်ရှင့်။
ဒါကြောင့် အရက် ဆေးလိပ် ကော်ဖီ အစရှိတာတွေကို အလွန်အကျွံ မသောက်သုံးဖို့ အကြံပေးပါတယ်နော်ရှင့်✨
✅ Medications(ဆေးဝါးများ)
ဆေးသောက်သုံးနေရတဲ့သူတွေမှာလဲဖြစ်နိုင်ပါတယ်ရှင့်
အထူးသဖြင့် ညဘက် အလုပ်တွေများလို့ energy pills တွေသောက်တာက တခါတရံတော့ကောင်းပေမဲ့ နေ့တိုင်းရက်ဆက်ဆိုရင်တော့ တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း ညဘက်အိပ်မပျော်တော့ဘဲ insomnia ဖြစ်နိုင်ပါတယ်ရှင့်✨
✅ Age(အသက်ကြီးပိုင်းလူကြီးများ)
အသက်ကြီးပိုင်းလူကြီးတွေမှာလည်းဖြစ်နိုင်ပါတယ်ရှင့်
ညဘက်အိပ်မပျော်တာမျိုးသားသမီးတွေနဲ့ အနေဝေးတဲ့ မိဘတွေဟာ အထီးကျန်ရောဂါခံစားလာရနိုင်ပြီး ညဘက်အိပ်မပျော်တာမျိုးတွေကနေ insomnia ဖြစ်နိုင်ပါတယ်ရှင့်✨
😱 Insomnia ဖြစ်လာရင်ဘာလုပ်ကြမလဲ?
ဟုတ်ကဲ့ပါရှင့် ကျမတို့ insomnia ရောဂါ ခံစားလာရပြီဆိုရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ psychologist, therapist, counselor, doctor တို့နှင့် ဆွေးနွေးကုသမှု တစိုက်မတ်မတ်ခံယူမယ်ဆိုရင်တော့ ပျောက်ကင်းနိုင်ပြီး ကောင်းမွန်တဲ့ အိပ်စက်ခြင်းတွေကိုပြန်ရရှိနိုင်ပါတယ်ရှင့်✨
စာအရှည်ကြီးမို့ အချိန်ပေးပြီး အဆုံးထိ ဖတ်ပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါရှင့်♥️
ကောင်းမွန်သောနေ့ရက်လေးဖြစ်ပါစေရှင့်♥️
အားလုံးဘဲ မင်္ဂလာပါရှင့် ✨
ဒီနေ့ မျှဝေ ပေးသွားမဲ့ topic လေးကတော့
"Socialအသိုင်းအဝိုင်းနဲ့ဆက်ဆံရာမှာ အခက်အခဲရှိသူတွေအကြောင်း” ဘဲဖြစ်ပါတယ်ရှင့်🥰
ပြောရမယ် ဆိုရင်တော့ လူတွေနဲ့ ဆက်ဆံရင်းနှီးပြောဆိုရမှာ ကြောက်တာမျိုး နောက်ပြီး လူအများက judge လုပ်မှာကို စိုးရိမ်တာမျိုးတွေစသဖြင့်ရှိပါတယ်ရှင့်။
အဲ့လို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက တော့
👨👨👧Overprotective Parents✅
အရမ်းတင်းကြပ်ပြီး over take care ဖြစ်လွန်းတဲ့ မိဘတွေ ရဲ့ ပြုစုပျိုးထောင်မှုအောက်မှာ ကြီးပျင်းလာတဲ့သူတွေမှာလဲဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိဘ တွေက သားသမီးကို အရမ်းချစ်လို့၊စိတ်မချလို့ဆိုပြီး ဘယ်ကိုမှပေးမထွက် ပေးမသွားတဲ့အခါ ကလေးဟာ social environment နဲ့ အထိတွေ့ ပြတ်သွားနိုင်ပါတယ်။ ဒါကြောင့် တစ်ယောက်ထဲ နေရင်းကနေ လူတွေနဲ့ စကားပြောဆက်ဆံရမှာ ကြောက်ရွံ့တာတွေ လူများတဲ့နေရာတွေရောက်ရင် စိတ်မအီမသာဖြစ်တတ်ပါတယ်။
❌History Of Being Bullied
ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတာ မျိုးတွေကလဲ ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆို အနိုင်ကျင့်ခံရတဲ့ အတွက်ကြောင့် childhood trauma ဖြစ်သွားနိုင်ပါတယ်။ အဆိုးဆုံးအချက်က bully လုပ်ခံ ရသော်လည်း ဘယ်သူကမှ အရေးယူဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက်ကြောင့် အရွယ်ရောက်လာတဲ့အခါ လူတွေကို မယုံကြည်နိုင်တော့ဘဲ ငယ်ဘဝက trauma ကြောင့် လူတွေနဲ့ အလှမ်းဝေးနေတတ်ပါတယ်။
🔒Limited Socialization
နောက်တစ်ခုကတော့ ကိုယ့်ဘက်က လိုလိုလားလား စကားပြော ရင်းနှီးအောင်အစပြိုး ပေမဲ့ တဖက်က လူတွေက ဂရုမစိုက်ဘဲ သူတို့ ရင်းနှီးတဲ့သူ အချင်းချင်းသာ အာရုံစိုက်နေတာတွေကလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တခါကြုံဖူးတဲ့သူဟာ နောက်တခါ မိတ်ဆွေအသစ်ဖွဲ့ဖို့ဆိုရင် သူဟာ စိုးရိမ်စိတ်ကြောင့် တွန့်ဆုတ်နေမှာဖြစ်ပါတယ်။
🧬Genetics
မျိုးရိုးဗီဇကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဖေကော အမေကောက introvert မလို့ အနေအေးတဲ့သူတွေဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်ပြီး လူနည်းတဲ့နေရာတွေမှာ နေထိုင်ရတာတဲ့သဘောကျတဲ့သူဆိုရင်တော့ မွေးလာတဲ့ကလေးမှာလဲ့ အဖေနဲ့အမေက လက်ခံရရှိတဲ့ ဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ်။
❎ဒီလိုအရာတွေကြောင့် daily routine တွေ အပြင်သွားလာပြီးလူအများနဲ့ ပြောဆိုဆက်ဆံရာမှာထိခိုက်နိုင်ပါတယ်။
သူငယ်ချင်းတွေနဲ့လည်းရေရှည်အဆင်ပြေဖို့ခက်ခဲလာနိုင်ပါတယ်။ အဆိုးဆုံးကတော့ လူတွေနဲ့ အဝေး မှာနေရင်းက တစ်ယောက်ထဲဖြစ်လာပြီး စိတ်ကျရောဂါခံစားလာရနိုင်ပါတယ်။
✅သတင်းကောင်းတခုကတော့
ဒီလိုအရာတွေ ခံစားလာရပြီဆိုရင် ကျွမ်းကျင်ပညာရှင် Psychotherapist/Counsellor တွေနဲ့ ဆွေးနွေးကုသခြင်းဖြင့် ပျော်ရွှင် တဲ့ ဘဝကို ပြန်လည်ရရှိနိုင်ပါတယ်ရှင့်။ အခုပြောပြပေးထားတာကတော့ ယေဘုယျအကြောင်းအရင်းလေးတွေဘဲဖြစ်ပါတယ်။ ဒီထက်မကသော အကြောင်းတရားများစွာလည်းရှိနေနိုင်ပါတယ်နော်။❤️
🔔နောက်ပြီး Oct 25 ရက်နေ့မှာ ပြုလုပ်မဲ့ Breaking The Chain Of Trauma ဆိုတဲ့ Workshop လေးကို လာရောက် Join ဖို့ ဖိတ်ခေါ်ပါတယ်နော်🥰
Paid Workshop လေးဖြစ်ပေမဲ့ Fees လေးကတော့ 8000ကျပ်သာကျသင့်မှာဖြစ်ပြီး ပထမဆုံး ဆယ်ယောက်ကိုတော့ free ပေးသွားမှာ ဖြစ်လို့ အမြန်ဆုံးသာformလေးဖြည့်ထားပို့အကြောင်းကြားပါတယ်ရှင့်✨
နောက်ပြီး Bouns အနေနဲ့ free consultation session 30 minutes ပါ ပေးမှာ မို့ လက်လွှတ်မခံဖို့အသိပေးပါတယ်နော်👀
Register Link - https://docs.google.com/forms/d/e/1FAIpQLSch9p446nZVmXJoftyepvm17fJ6NlrVtihNtyuzgz-Y-frPiw/viewform?fbclid=IwAR3scjsHWN483jNH14Hw7unZXUQfmasqLgupJhbqWoFl4K6WbmRx-mcm6pk
သင်နှစ်သိမ့်ဆွေးနွေးမှုခံယူဖို့လိုနေပြီလား❓❔
ဒီနေ့ Positivepsy hacks pageလေးကနေနှစ်သိမ့်ဆွေးနွေးပေးခြင်းဆိုတာဘာလဲ၊ ဘယ်အချိန်မှာနှစ်သိမ့်ဆွေးနွေးမှုကိုခံယူသင့်သလဲဆိုတဲ့အကြောင်းလေးကိုSharingလုပ်ပေးမှာဖြစ်ပါတယ်ရှင်။
နှစ်သိမ့်ဆွေးနွေးခြင်းဆိုတာဘာလဲ❓
American Counselling Associationရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရဆိုရင် နှစ်သိမ့်ဆွေးနွေးပေးခြင်းဆိုတာကစိတ်ပိုင်းဆိုင်ရာပြဿနာရှိသောသူများ၊ လူမှုရေးဆိုင်ရာပြဿနာ နှင့် ကြုံတွေ့နေရသူများရဲ့စိတ်ခံစားချက်တွေပြဿနာတွေကို နားထောင်ပေးခြင်းဖြစ်ပါတယ်။ နှစ်သိမ့်ဆွေးနွေးပေးခြင်းမှာဆိုရင် clientရဲ့ပြဿနာတွေကိုဝေဖန်ခြင်းမရှိဘဲ clientနဲ့ထပ်တူခံစားပြီးပြောင်းလဲရန်လိုအပ်တဲ့အတွေးအခေါ်၊ခံစားချက်၊အပြုအမူတွေကိုကူညီဖြေရှင်းပေးခြင်းဖြစ်ပါတယ်။သူများတွေကို အကူအညီပေးနိုင်တဲ့ ပညာ ရပ်တစ်ခုလို့လည်းပြောလို့ရပါတယ်။ စိတ်ညစ်နေသူတွေ၊ စိတ်ခံစားချက်မကောင်းတဲ့သူတွေအတွက် စိတ်သက်သာရအောင်၊ စိတ်အေးအေးထားနိုင်ပြီး ရွေးချယ်မှုတွေ မှန်ကန်အောင် ကူညီပြောဆိုပေးခြင်းလို့လည်းပြောလို့ရပါတယ်။ ဒါပေမဲ့ counsellingမှာဆိုရင်counsellorတစ်ယောက်ကသူတို့ရဲ့clientတွေကိုadvice(အကြံပေးခြင်း)မလုပ်ပါဘူး☺️
Clientရဲ့အတွေးတွေ ခံစားချက်တွေ အပြုအမူတွေ အားလုံးကို empathyနဲ့နားထောင်ပြီးclientတွေ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ ပြဿနာအတွက် solutionတစ်ခုကို clientကိုယ်တိုင် ဖြေရှင်းနိုင်ဖို့ ကူညီပေးခြင်းသာဖြစ်ပါတယ်။
နောက်ပိုင်းမှာ Counselling ကိုဘာကြောင့်လက်ခံလာကြတာလဲ❓❓
ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ် ဘယ်လောက်အခက်အခဲတွေကိုကျော်လွန်နိုင်တဲ့သူဖြစ်ဖြစ် ဘဝမှာလူတိုင်း ကြီးမားပြင်းထန်ပြီး ဖြေရှင်းရခက်တဲ့ စိန်ခေါ်မှုအကြီးကြီး တွေကိုလည်းရင်ဆိုင်ရတာမျိုးရှိတယ်လို့ သုတေသနပညာရှင်တွေကပြောပါတယ်။ အဲ့လိုအချိန်မှာ လူတိုင်းဟာ တည်ငြိမ်မှု၊ စဉ်းစားတွေးခေါ်နိုင်မှုနဲ့ ရွေးချယ်နိုင်မှုတွေ အားနည်းသွားပါတယ်။ ဒီလိုအချိန်မှာ တချို့ကမိသားစု၊ သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေ၊ ရင်းနှီးတဲ့သူတွေကို အကူအညီတောင်းကြတယ်။ ရင်ဖွင့်လေ့ရှိကြတယ်။ ဒါပေမဲ့ တချို့အရာတွေကတော့ counselor တွေနဲ့တိုင်ပင်လေ့ရှိကြတယ်။ ဥပမာ မိသားစုတွေသူငယ်ချင်းတွေကိုအသိမပေးချင်တဲ့အခြေအနေတွေမှာပေါ့နော်❤️ မိသားစုဝင်နဲ့ သူငယ်ချင်းတွေက တခါတလေမှာတော့ဖြေရှင်းအကြံဉာဏ်ပေးနိုင်ကြပြီး တချို့ကိစ္စတွေမှာဆိုရင် ဘက်လိုက်ပြောဆိုမှုတွေဖြစ်တတ်ပြီး မှန်ကန်တဲ့အဖြေကို မရလာနိုင်တဲ့အခါမျိုးတွေရှိတတ်ပါတယ်။
Counselling ဘယ်နှစ်မျိုးရှိပါသလဲ❓
တစ်ဦးတည်းတိုင်ပင်ဆွေးနွေးခြင်း၊ couple counselling (စုံတွဲလိုက်တိုင်ပင်ဆွေးနွေးခြင်း)၊ family counselling (မိသားစုလိုက်တိုင်ပင်ဆွေးနွေးခြင်း)နဲ့ Group counselling (အဖွဲ့လိုက်တိုင်ပင်ဆွေးနွေးခြင်း)ဆိုပြီးအဓိကအားဖြင့်လေးမျိုးရှိပါတယ်။
ဘယ်သူတွေဘယ်ချိန်မှာCounselling ခံယူသင့်ပါသလဲ❓
🔺စိတ်ကျရောဂါခံစားနေရသူများ
🔺မူးယစ်ဆေးစွဲ အရက်စွဲသူများ
🔺စိုးရိမ်မှုလွန်ကဲသူများ
🔺လူမှုဆက်ဆံရေးပိုင်းမှာပြဿနာရှိသူများ
🔺Relationship ပြဿနာရှိသူများ
🔺Trauma(စိတ်ဒဏ်ရာရှိသူများ)
🔺စိတ်ပိုင်းဆိုင်ရာရောဂါများကြောင့်စိတ်ဖိစီးနေသူများ
🔺တချိန်လုံးဝမ်းနည်းပြီးဒေါသထွက်နေခြင်း
🔺အရင်ကနှစ်သက်ခဲ့တဲ့အရာတွေကိုတောင်စိတ်မဝင်စားတော့ခြင်း
🔺မိမိရဲ့မိသားစုဝင်တစ်ဦးဦး(သို့) ချစ်ရသောသူကိုဆုံးရှုံးလိုက်ရခြင်း
🔺အလုပ်တာဝန်မှရပ်စဲခံလိုက်ရခြင်း
🔺ငယ်စဉ်ကစိတ်ဒဏ်ရာရခဲ့ခြင်း(အလွန်းဆိုးဝါးသောအဖြစ်အပျက်ကိုရင်ဆိုင်ခဲ့ရခြင်း ဥပမာ-စစ်ဒဏ်ကိုခံစားခဲ့ရခြင်း၊သဘာဝဘေးအန္တရာယ်တစ်ခုခုကိုရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်း) စတဲ့ အရာတွေကြုံလာရတဲ့အခါတွေမှာ နှစ်သိမ့်ဆွေးနွေးမှု ခံယူလို့ရပါတယ်။ ❤️
Positivepsy hacks page မှာလည်း နှစ်သိမ့်ဆွေးနွေးခြင်းခံယူလို့ရပါတယ်နော်🥰 အသေးစိတ်သိချင်ရင်page messenger လေးမှာမေးပေးပါရှင်❤️🙏
Telegram link လေးလည်း ထည့်ပေးထားပါမယ်နော်🥰
https://t.me/positivepsyhacks
#PositivePsyhacks
#Counselling
ဒီ Quizလေးကိုဖြေကြည့်ရအောင်နော်🥰
လူတိုင်းကစိတ်ဒဏ်ရာကိုကြုံဖူးကြတယ်။ ကြီးကြီးမားမားမဟုတ်ရင်တောင် ဘဝမှာ အထိအခိုက် အပွန်းအပဲ့လေးတွေကြုံဖူးတတ်ပါတယ်။🥹
ဒီလိုပွန်းပဲ့ဒဏ်ရာလေးတွေက ကုစားလို့ရပါသလား၊ မရဘူးလားဆိုတာလေးဖြေကြည့်ကြပါဦးနော်❤️
ပွန်းပဲ့နာကျင်ရတဲ့ဒဏ်ရာလေးတွေရဲ့အကြောင်းတွေနဲ့ ရင်ဖွင့်ချင်တယ်ဆိုရင် ဒီလ၂၅ရက်နေ့ ည၇-၉မှာပြုလုပ်မဲ့ workshopလေးကို joinလို့ရပါတယ်နော်❤️
Workshop join တဲ့သူတိုင်း မိနစ် ၃၀စာ free consultation ရမှာမို့ လက်မလွတ်ရအောင် အခုဘဲ register လုပ်လို့ရပါတယ်နော်🥰
Register link : https://docs.google.com/forms/d/e/1FAIpQLSch9p446nZVmXJoftyepvm17fJ6NlrVtihNtyuzgz-Y-frPiw/viewform?usp=sf_link
အားလုံးဘဲမင်္ဂလာပါ🥰
ဒီနေ့ပြောပြပေးမဲ့ topic လေးကတော့ emotional detachment ဆို တဲ့ အကြောင်း အရာလေးဘဲ ဖြစ်ပါတယ်✨
Detachလုပ်တယ်ဆိုတာဘာလဲ၊ ဘယ်လိုမျိုးလဲ🤔 ?
Detach ဆိုတာကတော့ မြန်မာလို အဓိပ္ပါယ်ပြန်ရမယ်ဆိုရင်တော့ ခွဲသည် ခွာသည် စသဖြင့် အဓိပ္ပါယ်ရှိပါတယ်။🥹
စိတ်ပညာ မှာတော့ အနုတ်သဘောဆောင်တဲ့ ပတ်ဝန်းကျင် တွေ သို့မဟုတ် လူတွေ ဆီကနေ ခွဲထွက်ခြင်း ဖြတ်တောက်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
Advantages and Disadvantages of Detach 🧐
ကောင်းတဲ့အချက် တွေ အနေနဲ့ ပြောရမယ်ဆိုရင်တော့
အနုတ်သဘောဆောင်တယ် ဆိုတဲ့ အတိုင်း ကျွန်မတို့ ရဲ့ စိတ်
ကို အထူးသဖြင့် အနှောက်အယှက် ပေး မဲ့ အရာပါ။
အဲ့ဒီအရာတွေကို Detach လုပ်လိုက်ခြင်း တနည်းအားဖြင့် လွှတ်ချလိုက်ခြင်းက ကျွန်မတို့ မှာ အနုတ်သဘောဆောင်တဲ့အတွေးတွေ၊ ခံစားချက်တွေ တဖြည်းဖြည်းလျော့သွားမှာဖြစ်ပြီး အပြုသဘောဆောင်တဲ့အမြင်အတွေးတွေ၊ စိတ်ခံစားချက်တွေအတွက် နေရာပိုပြီးရလာမှာဖြစ်ပါတယ်။ အနုတ်သဘောဆောင်တဲ့စိတ်ခံစားချက်တွေကို ဘယ်နေရာတွေက နေအများဆုံးရကြလဲဆိုရင်တော့ လုပ်ငန်းခွင်တွေ၊ ဆက်ဆံရေးတွေ ကနေ အများဆုံးရကြပါတယ်။ဒီလို အနုတ်သဘောဆောင်တဲ့အရာတွေကို ကျွန်မတို့ကနေရာသေချာမပေးဘူးဆိုရင်လည်း သူတို့တွေက နေရာလုတတ်ကြပါသေးတယ်။ ဒါကြောင့် ဒီလိုအနုတ်သဘောဆောင်တဲ့ အရာတွေကိုလည်း နေရာပေးဖို့ကအရေးကြီးပြန်ပါသေးတယ်။🧐
အနုတ်သဘောဆောင်တဲ့ ပတ်ဝန်းကျင် မှာနေနေရင်တော့ မိမိစိတ်ခံစားချက်တွေမှာ မလို လားအပ်တဲ့ စိတ်ဓာတ်ကျမှု စိတ်ညစ်စရာ ကိစ္စတွေဖြစ်လာပြီး နောက်ဆုံး အခြေအနေ အဆုံးစီရင်တဲ့ အဆင့်ထိ တောင်ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကျွန်မတို့ဟာ detach လုပ်ခြင်းအားဖြင့် မိမိစိတ်ကိုယ် healing လုပ်ပြီးသား ဖြစ်သလို မိမိကိုယ်တိုင်လဲ မပြုသဘောဆောင်တဲ့ခံစားချက် တွေ တိုးလာနိုင်ပြီး ပျော်ရွှင်တဲ့ ရပ်ဝန်းတစ်ခု လေးဖြစ်လာနိုင်ပါတယ်နော်။
Disadvantages အနေနဲ့ပြောရရင်တော့ အထူးသဖြင့် ဆက်ဆံရေးပိုင်း တွေ မှာ အဖြစ်များပါတယ်။ အချိန်တွေ အတူတူရှိလာတဲ့ ဆက်ဆံရေးမျိုးမှာ သည်းမခံနိုင်တဲ့အဆုံး detach လုပ်ရင်းနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုအနုတ်သဘောဆောင်တဲ့ ခံစားချက်တွေကို နေရာပေးပြီး ခံစားပြီးရင်တော့ သင့်ကို ပျော်ရွှင်နေတဲ့နေရက်တွေ စောင့်ကြိုနေမှာဖြစ်ပါတယ်နော်။❤️ toxic relationship မှာ ဆက်ပြီး သည်းခံရှေ့ဆက်နေလည်း ကိုယ်ဘဲ နာကျင်နေရမှာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပိုင်းချပြီး toxic relationship တွေ negativeတွေဖြစ်စေတဲ့ environment တွေက နေ တတ်နိုင်သမျှ အမြန်ဆုံး နည်းလမ်းတကျdetach လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ✨
စိုက်နေတဲ့ ဓားကို နာမှာဆိုးပြီးမနှုတ်ဘဲနေရင်းက တသက်လုံးနာကျင်မှုခံစားမလား?
တခါဘဲ အနာကျင်ခံလိုက်ပြီး စိုက်နေတဲ့ ဓားကို ဆွဲနှုတ်လိုက်မလား ဆိုတာက တော့ ကိုယ့်ရဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ အများကြီးသက်ဆိုင်ပါတယ်✨
တကယ်လို့ ကိုယ်တစ်ယောက်တည်း detachလုပ်နိုင်ဖို့ခက်ခဲတယ်၊ဘယ်လိုရင်ဆိုင်းမလဲမသိဘူးဆိုရင် ကျွန်မတို့ counsellorတွေနဲ့ နှစ်သိမ့်ဆွေးနွေးမှုခံယူပြီး လုပ်လို့ရပါတယ်နော်🥰
ကောင်းသောနေ့ရက်လေးဖြစ်ပါစေ နောက်ပြီး စိတ်လုံခြုံပြီး ပျော်ရွှင်ရတဲ့ ရပ်ဝန်းတွေမှာ နေနိုင်ကြရပါစေနော်✨
အားလုံးဘဲ မင်္ဂလာပါရှင်😍🥰
ဒီလလေးရဲ့25ရက်နေ့ (Wednesday)လေးမှာ “Breaking the chain of trauma” ဆိုတဲ့ workshopလေးကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။❤️
စိတ်ဒဏ်ရာတွေကို လူတိုင်းကြုံတွေ့ဖူးကြမှာပါ။ ဒီလိုစိတ်ဒဏ်ရာတွေကြုံရတဲ့အခါ ဖြစ်လာတဲ့ခံစားချက်တွေနဲ့ အတွေ့အကြုံတွေကို ဖျောက်ဖျက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး🥹 ဒီworkshop လေးမှာ ကိုယ့်ရဲ့trauma patternတွေကို ဘယ်လိုသိအောင်လုပ်ရမလဲ၊ ဘယ်လိုဖြေရှင်းရမလဲ၊ရုန်းထွက်ရမလဲဆိုတာကိုသိစေဖို့ knowledge sharing and safe place လေးတစ်ခုဖန်တီးထားတာမို့ join ဖို့ဖိတ်ခေါ်ချင်ပါတယ်။ 🥰
ဒီworkshopလေးကတော့ paid workshopဖြစ်ပြီး feesလေးအနေနဲ့တော့ ဒီလကမ္ဘာ့စိတ်ကျန်းမာရေးနေ့အထိမ်းအမှတ်အနေနဲ့ 8000ကျပ်သတ်မှတ်ထားပါတယ်ရှင်။ ဒါလေးအပြင် ပထမဆုံး စာရင်းသွင်းတဲ့ participant 10ယောက်ကို အခမဲ့joinခွင့်လေးရှိလို့ မြန်မြန်စာရင်းသွင်းဖို့အတွက် အသိပေးချင်ပါတယ်နော်🥰
Positivepsy hacksရဲ့ clientလေးတွေကတော့ အခမဲ့ joinခွင့်ရမှာဖြစ်ပါတယ်။😍
Form link : https://docs.google.com/forms/d/e/1FAIpQLSch9p446nZVmXJoftyepvm17fJ6NlrVtihNtyuzgz-Y-frPiw/viewform?usp=sf_link
Date- 25th October (Wednesday)
Time- 7-9pm (Myanmar time)
Venue- Zoom
Fees- 8000 kyats (first 10 participants free)
First come first serveလေးနဲ့ limited seat လေးလုပ်ထားတာမို့ အမြန်ဆုံးစိတ်ဝင်စားတယ်ဆိုရင် စာရင်းသွင်းလို့ရပါတယ်နော်🥰
ကျေးဇူးတင်ပါတယ်ရှင်❤️
ဒီည liveလေးမတိုင်ခင်မှာ quizလေးဖြေကြည့်ကြပါဦးနော်🥰
စိတ်ကျန်းမာရေးသည်ဘာနဲ့ဆက်စပ်နေပါသလဲ?🤔
A.ရုပ်ပိုင်းဆိုင်ရာ (physical)
B. စိတ်ခံစားချက်ပိုင်းဆိုင်ရာ (emotional)
C. ဇီဝဗေဒပိုင်းဆိုင်ရာ(biological)
အဖြေလေးတွေကို comment sessionလေးမှာဖြေကြည့်ပါဦးနော်🥰
ဒီည liveလေးမှာလည်း အားလုံးအဖြေလေးနဲ့အတူ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ knowledge sharing sessionလေးကိုစောင့်မျှော်ကြည့်ရှုပေးပါဦးလို့🥰
ဒီနေ့လေးမှာ မိတ်ဆက်ပေးချင်တဲ့သူကတော့ PositivePsy Hacks pageလေးရဲ့ Founderတစ်ဦးဖြစ်တဲ့အပြင် counsellor တစ်ယောက်လည်းဖြစ်ပါတယ်။ 🥰
Ms. Nora ကတော့ ရန်ကုန်တက္ကသိုလ်စိတ်ပညာဌာနကနေ B.A(Hons) Psychology ဘွဲ့ကိုရရှိထားသူဖြစ်ပြီး counseling နဲ့ပတ်သက်တဲ့ Basic Counseling Skills နှင့် Advanced Counseling Skills သင်တန်းများကို တက်ရောက်အောင်မြင်ထားသူတစ်ဦးဖြစ်ပါတယ်။ ထို့အပြင် Suicide Prevention Training ကို တက်ရောက်ထားသူဖြစ်ပြီး Trauma Care and Support ဆိုတဲ့ training ကို တက်ရောက် အောင်မြင်ပြီးသူဖြစ်ပါတယ်။ နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ပတ်သက်ပြီး clinical hour ပေါင်း ၁၀၀၀နဲ့အထက်ရှိပြီး သူမအတွေ့အကြုံရှိတဲ့ caseတွေကတော့ ဆက်ဆံရေးဆိုင်ရာပြဿနာများ (မိသားစု,သူငယ်ချင်း, romantic relationship)၊ Loss and grief၊ trauma healing၊ Inner child healing၊ စိတ်ကျခြင်းများ၊ Imsomnia စတဲ့ပြဿာနာများဖြစ်ပါတယ်။ သူမသည် Person-centered approach ကိုအဓိကထားသုံးပြီး လက်ရှိမှာလည်း Cognitive-Behavior Therapy(CBT) apporach ကိုအမေရိကန်နိုင်ငံတွင်လေ့လာလျက်ရှိပါတယ်။ သူမကအမေရိကန်နိုင်ငံတွင် Master of Clinical Mental Health Counsellingကိုတက်ရောက်ရန် ပြင်ဆင်လျက်ရှိပါတယ်။ သူမသည် counsellor တို့ရဲ့ ကျင့်ဝတ်နှင့်အညီ သူမရဲ့ Supervisor ရဲ့ လမ်းညွှန်မှုဖြင့် နှစ်သိမ့်ဆွေးနွေးမှုများပြုလုပ်ပေးလျက်ရှိပါတယ်။
သူမနဲ့ဆွေးနွေးချင်တယ်ဆိုရင် Pageလေးမှာ appointment လေးယူပြီးဆွေးနွေးလို့ရပါတယ်ရှင်🥰
