EHS Myanmar
رفتن به کانال در Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
نمایش بیشتر868
مشترکین
اطلاعاتی وجود ندارد24 ساعت
+27 روز
+230 روز
آرشیو پست ها
868
🏮ဝါလကင်းလွတ် သီတင်းကျွတ် 🏮
ဒီနေ့ကတော့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးရဲ့ နေ့ထူးနေ့မြတ်လေး တစ်ရက်ဖြစ်တဲ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့လေး ဖြစ်ပါတယ်။
ဒီနေ့လို သီတင်းကျွတ်ကာလမှာ အိမ်တိုင်းလိုလိုရဲ့ တံခါးဝတွေ၊ ဝရန်တာတွေနဲ့ ခြံဝန်းတွေထဲမှာ ဆီမီးခွက်၊ ဖယောင်းတိုင်အပြင် မီးပုံးကလေးတွေ၊ ရောင်စုံမီးသီးလေးတွေနဲ့ အလှဆင်ပြီး မီးရောင်စုံထွန်းညှိကာ ဘုရားရှင်ကို ပူဇော်လေ့ရှိကြပါတယ်။ သီတင်းကျွတ်အခါသမယမှာ သက်ကြီးရွယ်အို အဘိုးအဘွားတွေနဲ့ မိဘဆရာသမားတွေ စတဲ့ ပူဇော်ထိုက်သူအားလုံးကို ရှိခိုးကန်တော့လေ့ရှိကြပြီး ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်လေးပဲ ဖြစ်ပါတယ်။
အခုကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ကစပြီး ကိုယ်ချစ်တဲ့ မိသားစုဆွေမျိုးတွေ၊ သူငယ်ချင်း အပေါင်းအပါတွေနဲ့ မဝေးမကွာနေရပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့ EHS Myanmar မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
#EHSMyanmar #ThadingyutFullMoonDay
868
Environemntal Education ကို ဘယ်အသက်အရွယ်ထည်းက စသင်သင့်တယ်လို့မြင်ပါသလဲ။ ကိုယ့်အမြင်လေးတွေကို comment မှာရေးပေးသွားပါနော်။ 🍀
#EHSMyanmar #environmental #education #age #youthempowerment
868
🌎 Join us in celebrating Sustainability Day on October 26, 2023! 🌿 At EHS Myanmar, we're dedicated to making our world a greener and cleaner place. Let's unite for a sustainable future and take actions that matter. 🌱💚
#SustainabilityDay #EHSMyanmar #GreenFuture #TogetherForChange
868
Join the EHS Myanmar Facebook Group and be a part of the conversation about our beautiful environment! 🌏 Let's discuss and share the latest environmental news, and together, make a positive impact on our world. 📣💚
EHS Myanmar Society - https://www.facebook.com/groups/ehsmyanmar/
Clean Air Society - https://www.facebook.com/groups/cleanairclimatechange/
#EHSMyanmar #EnvironmentalAction #TogetherForChange
868
3️⃣ စီးပွားရေး ရေရှည်တည်တံ့ရေး (Economic Sustainability) 💸
သာယာဝပြောရေးအတွက် အခွင့်အလမ်းများ ပေးဆောင်သည့် တည်ငြိမ်သောစီးပွားရေး ဖန်တီးခြင်းကို ဆိုလိုသည်။ ၎င်းသည် အလုပ်အကိုင်အသစ်နှင့် တီထွင်ဆန်းသစ်မှုများကို ရှိစေပြီး စီးပွားရေးအကျပ်အတည်းများ၏ အန္တရာယ်ကို လျှော့ချပေးနိုင်သည်။
♻️ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အားလုံး ရေရှည်တည်တံ့နိုင်ပါသလား။⁉️
✅❌ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ အမှန်တကယ် ရေရှည်တည်တံ့ခြင်း ရှိ၊ မရှိ ဆန်းစစ်ရန် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရပါသည်။
1. 💰🪙ကုန်ကျစရိတ်- ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ အခြေခံအဆောက်အအုံများအတွက် ကုန်ကျစရိတ်သည် သိသာထင်ရှားသော ပမာဏဖြစ်သည်။ ကုန်ကျစရိတ်နှင့် ရရှိနိုင်သော အကျိုးကျေးဇူးကို နှိုင်းယှဉ်သင့်ပါသည်။
2. 🏔🌋သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိုးရိမ်မှုများ- ရေအားလျှပ်စစ် ဆည်များသည် ရေနေဂေဟစနစ်များ၊ မြစ်များစီးဆင်းမှုကို ထိခိုက်စေနိုင်သည်။ ဒေသခံလူထုများ နေရာရွှေ့ပြောင်းမှုကိုလည်း မြင့်တက်စေနိုင်သည်။
3. 🏗👷နည်းပညာ အရင်းအမြစ်ရှားပါးမှု- လုပ်ငန်းတွင် အသုံးပြုမည့် ပစ္စည်းများ လွယ်ကူစွာ ရရှိနိုင်မှုသည် အလွန်အရေးကြီးသည်။ ထိန်းသိမ်းမှုတွင်လည်း ကျွမ်းကျင်လုပ်သားများ ရှိခြင်းလည်း အလွန်အရေးပါပါသည်။
4. 🏕🗺မြေယာနှင့် နေထိုင်ရာနေရာများအပေါ် သက်ရောက်မှု - လေနှင့်ဆိုလာ စီမံကိန်း အကြီးစားများအတွက် မြေယာအသုံးပြုမှုပဋိပက္ခများနှင့် နေထိုင်ရာနေရာများကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ဆိုလာပြားများအတွက် မြေယာရှင်းလင်းခြင်း သို့မဟုတ် လေအားတာဘိုင်များ စိုက်ထူခြင်းသည် ဒေသဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် ဆိုးရွားသော သက်ရောက်မှုများ ရှိနိုင်သည်။
5. ⚡️🔋စွမ်းအင်သိုလှောင်မှု- နေရောင်ခြည်နှင့် လေကဲ့သို့သော စွမ်းအင်ရင်းမြစ်များအတွက် ထိရောက်သော စွမ်းအင်သိုလှောင်မှုမရှိပါက စွမ်းအင်ထုတ်လုပ်မှုနည်းပါးသည့်ကာလများအတွင်း ၎င်းစွမ်းအင်ရင်းမြစ်များကို မှီခိုအားထားနိုင်မည် မဟုတ်ပါ။
💡💥ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးနှင့် ပိုမိုရေရှည်တည်တံ့သောစွမ်းအင်အနာဂတ်သို့ ကူးပြောင်းရာတွင် ကြီးမားသော အထောက်အကူများ ပေးဆောင်နေသော်လည်း အချို့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပုံစံသည် ရေရှည်တည်တံ့မည် မဟုတ်ပါ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ ရေရှည်တည်တံ့နိုင်မှုသည် အရင်းအမြစ်ရရှိနိုင်မှု၊ ပတ်ဝန်းကျင်ထိခိုက်မှု၊ မြေယာအသုံးပြုမှုနှင့် နည်းပညာတိုးတက်မှုအပါအဝင် အမျိုးမျိုးသောအချက်များပေါ်တွင် မူတည်သည်။
ရေးသားသူ - မိုင်ဇလပ်
Reference:
Challenges in Renewable Energy, Sustainable Review
Renewable energy – powering a safer future, United Nations
What Is Sustainability and Why Is It Important?, Environmental Science
#EHSMyanmar #renewableenergy #cleanenergy #greenenergy #sustainability
868
💡🌞 Renewable energy: Is it sustainable? ♻️
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် တကယ်ရေရှည်တည်တံ့နိုင်ပါသလား။ ✅❎⁉️
__________
EHS Myanmar | 22.10.23
💨🌊 ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရင်းမြစ်များသည် ရာသီဥတုပြောင်းလဲမှုကို လျှော့ချရန် အဓိကကျသော အဖြေတစ်ခု ဖြစ်သည့်အပြင် ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုကိုလည်း လျှော့ချစေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့နည်း စေနိုင်ပါသည်။ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှု တိုးလာခြင်းကြောင့် နေ၊ လေနှင့် ရေအားလျှပ်စစ် ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့်အာရုံစိုက်လာကြသည်။ ဤစွမ်းအင်ရင်းမြစ်များသည် ကြီးမားသောအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အားလုံးသည် အမှန်တကယ် ရေရှည်တည်တံ့ခြင်း ရှိ၊ မရှိ ဆန်းစစ်ရန် အရေးကြီးပါသည်။
☀️ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အဓိပ္ပာယ်ဖွင့်ဆိုချက် 🌊
✅💨ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုသည်မှာ သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းပြီး မကုန်ခန်းနိုင်သော သဘာဝအရင်းအမြစ်များမှ ထွက်ရှိသော စွမ်းအင်ဖြစ်ပါသည်။ စိမ်းလန်းသောစွမ်းအင် (သို့မဟုတ်) သန့်ရှင်းသောစွမ်းအင်ဟုလည်း ခေါ်ကြပါသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရင်းမြစ်များကို ကမ္ဘာမြေ၏ အရင်းအမြစ်များ မကုန်ဆုံးစေဘဲ (သို့မဟုတ်) သဘာဝပတ်ဝန်းကျင်ကို သိသိသာသာ ထိခိုက်မှုမဖြစ်စေဘဲ ထပ်ခါတလဲလဲ အသုံးပြုနိုင်သည်။ အချုပ်အားဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် ကျွန်ုပ်တို့၏ စွမ်းအင်လိုအပ်ချက်များကို ရေရှည်တည်တံ့ပြီး ဂေဟစနစ် သဟဇာတနည်းလမ်းဖြင့် ဖြည့်ဆည်းပေးနိုင်သော စွမ်းအင်ဖြစ်သည်။
⚡️ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ အရင်းအမြစ်များ 🔌
1️⃣ နေရောင်ခြည်စွမ်းအင် (Solar power) ☀️
ဆိုလာပြားများ (သို့မဟုတ်) photovoltaic ဆဲလ်များက နေရောင်ခြည်ကို စုပ်ယူပြီး လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးပါသည်။ နေရောင်ခြည်စွမ်းအင်သည် ပေါများပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သည်။
2️⃣ လေစွမ်းအင် (Wind power) 🌬💨
တာဘိုင်များသည် လေ၏ အရွေ့စွမ်းအင်ကို ဖမ်းယူကာ လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးပါသည်။
3️⃣ ရေအားလျှပ်စစ် (Hydropower)🌊
ဆည်များ သို့မဟုတ် အခြားသော ရေထိန်းအဆောက်အဦများမှ တစ်ဆင့် ရေ၏ရွေ့လျားမှုဖြင့် ရေအားလျှပ်စစ်ကို ထုတ်လုပ်ပါသည်။ စီးဆင်းနေသော ရေ၏တွန်းအားသည် တာဘိုင်များကို လည်ပတ်စေပြီး လျှပ်စစ်ဓာတ်အားထုတ်ပေးသည်။
4️⃣ ဇီဝလောင်စာစွမ်းအင် (Biomass energy) 🍃🔋
ထင်း၊ သီးနှံအကြွင်းအကျန်များနှင့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကဲ့သို့သော အော်ဂဲနစ်ပစ္စည်းများသည် လောင်ကျွမ်းခြင်းအားဖြင့် အီသနောနှင့် ဇီဝဒီဇယ်ကဲ့သို့သော ဇီဝလောင်စာအဖြစ်သို့ ပြောင်းလဲနိုင်သည်။
5️⃣ ဘူမိအပူစွမ်းအင် (Geothermal energy)🌒⚡️
ဘူမိအပူစွမ်းအင်သည် ကမ္ဘာ၏အပူကို မြေကြီးအတွင်းမှ စုပ်ယူပြီး ရရှိသော စွမ်းအင်ဖြစ်သည်။ ၎င်းသည် စဉ်ဆက်မပြတ် စွမ်းအင်အရင်းအမြစ်ကို ထောက်ပံ့ပေးသော်လည်း များပြားလှသော ဘူမိအပူအရင်းအမြစ်များရှိသည့် ဒေသများတွင် ပထဝီဝင်အနေအထားအရ စုပ်ယူခြင်းကို ကန့်သတ်ထားပါသည်။
♻️စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲခြင်း ဆိုသည်မှာ အဘယ်နည်း။ ✅
✔️💭စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲခြင်း (Sustainability) ဆိုသည်မှာ အနာဂတ်မျိုးဆက်များ၏ ရယူပိုင်ဆိုင်သင့်သည်ကို မပျက်စီးစေပဲ မိမိတို့၏ ပစ္စုပ္ပန်လိုအပ်ချက်များကို ဟန်ချက်ညီစွာ ရှာဖွေအသုံးပြုခြင်းကို ဆိုလိုသည်။ ယနေ့ခေတ် လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာကြီးတွင် ရေရှည်တည်တံ့ခြင်းဆိုင်ရာ သဘောတရားသည် အလွန်အရေးပါလာသည်။
✅စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)တွင် အဓိကဒေါက်တိုင် သုံးခုပါဝင်သည်။ ၎င်းတို့မှာ
1️⃣ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး (Environmental Sustainability) ⛰🏞
သဘာဝအရင်းအမြစ်များကို တာဝန်သိစွာ အသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်း၊ ညစ်ညမ်းမှုနှင့် စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုများကို လျော့ပါးသက်သာစေခြင်းတို့ကို ဆိုလိုသည်။ ၎င်းတို့သည် ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ ခံနိုင်ရည်နှင့် ကောင်းမွန်စွာ ရှင်သန်ရေးအား ထိန်းသိမ်းရန်အတွက် အလွန်အရေးပါသည်။
2️⃣ လူမှု ရေရှည်တည်တံ့ခိုင်မြဲရေး (Social Sustainability) 👨👩👧👦👩🦼👥
ပျော်ရွှင်ဖွယ်လူမှုအသိုင်းဝိုင်းနှင့် သာတူညီမျှသော လူ့အဖွဲ့အစည်းများ ခိုင်မြဲခြင်းကို ဆိုလိုပါသည်။ ၎င်းတွင် အခြေခံလိုအပ်ချက်များဖြစ်သည့် သန့်ရှင်းသောရေနှင့် အစားအစာ၊ အရည်အသွေးရှိသော ပညာရေး၊ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးတရားမျှတမှု၊ မတူကွဲပြားမှုနှင့် လူတိုင်းအကျုံးဝင်သော အသိုင်းအဝိုင်းတို့ကို မြှင့်တင်ပေးခြင်းတို့ ပါဝင်သည်။
868
Ethical Consumer - ထောင်နှင့်ချီသော ထုတ်ကုန်ပစ္စည်းများနှင့် တံဆိပ်များ၏ လူ့ကျင့်ဝတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အပြုသဘောဆောင်သည့် အထောက်အထားများအပေါ် သတင်းအချက်အလက်များနှင့် အဆင့်သတ်မှတ်ချက်များကို ထောက်ပံ့ပေးသည့် မဂ္ဂဇင်းနှင့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါသည်။
Good on You - သဘာဝပတ်ဝန်းကျင်၊ လူမှုအသိုင်းအဝိုင်းနှင့် တိရိစ္ဆာန်တို့အပေါ် အကျိုးသက်ရောက်စေမှုတို့ကို တိုင်းတာပြီး ဖက်ရှင်ထုတ်ကုန်များအပေါ် အဆင့်သတ်မှတ်ပေးသည့် application နှင့် website ဖြစ်ပါသည်။
ပစ္စည်းတစ်ခုကို ဝယ်ယူရန် ဆုံးဖြတ်ချပြီး ဝယ်ယူမှုတစ်ခုပြုတိုင်းမှာ ကျွန်တော်တို့နေထိုင်ချင်သော ကမ္ဘာမျိုးအတွက် vote တစ်ခုပေးပြီးသား ဖြစ်သည်ကို ဝယ်ယူတိုင်းမှာ သတိရပေးပါ။ ကျွန်တော်တို့ ကမ္ဘာမြေကြီးအတွက် ကျွန်တော်တို့ ပတ်ဝန်းကျင်အတွက် ကျွန်တော်တို့မျိုးဆက်သစ်တွေအတွက် ပိုမိုကောင်းမွန်သော အနာဂတ်မြေကြီးကို လက်ဆောင်ပေးနိုင်ရန်သေချာစဉ်းစားရွေးချယ်ပြီး အပြောင်းအလဲများကိုပြုလုပ်ရန် ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီကနေ စတင်ကြပါစို့။
ရေးသားသူ - ဂီတမိုင်ချီ
References - Good on You
The Good Trade
United Nations Environment Programme
#Eco-friendlyFashion #EHSMyanamr #Environment #FastFashion
868
Fast Fashion or Eco-friendly Fashion
=============================================
EHS Myanmar | 20.10.2023
Fast Fashion ဆိုသည်မှာ သုံးစွဲသူတို့အကြိုက် အဝတ်အထည် ဒီဇိုင်းနှင့် ဈေးနှုန်းများကို သက်သာစွာဝယ်ယူ ဝတ်ဆင်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းအမြောက်အများကို အသုံးပြုပြီး တစ်ခါသုံး အဝတ်အထည်ပုံစံမျိုး အများအပြားထုတ်လုပ်ခြင်း ဖြစ်ပါသည်။ Fast Fashion တွင် အဝတ်အထည်များကို ခေတ်နှင့်အညီ ဒီဇိုင်းထုတ်ထားပြီး ဈေးနှုန်းသက်သာသည့် အတွက် ဝယ်ယူသူများကို ပိုပိုပြီး ဝယ်ယူချင်လာအောင် ဆွဲဆောင်လေ့ရှိပါသည်။ သို့သော်လည်း Fast Fashion စီးပွားရေးဈေးကွက်သည် ထုတ်လုပ်သူကော သုံးစွဲသူကော လျစ်လျူရှုထားသည့် သဘာဝပတ်ဝန်းကျင်နှင့် လူနေထိုင်မှုအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေပါသည်။
ကမ္ဘာ့ကုလသမ္မဂ္ဂ၏ စစ်တမ်းများအရ အဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းများသည် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု၏ ၁၀ရာခိုင်နှုန်း၊ စွန့်ပစ်ရေထုတ်လွှတ်မှု၏ ၂၀ရာခိုင်နှုန်းနှင့် ပိုးသတ်ဆေး၊ ဆိုးဆေးအစရှိသဖြင့် ဓာတုဆေးများ ထုတ်လွှတ်မှု၏ ၂၄ရာခိုင်နှုန်းအတွက် တာဝန်ရှိပါသည်။ ယခုနောက်ပိုင်း အသစ်ဖြစ်လာသော Fast Fashion ၏ လွှမ်းမိုးမှုကြောင့် ထုတ်လုပ်မှုပိုင်းအတွက် လိုအပ်ချက်ကုန်ကြမ်းများ မြင့်တက်လာပြီး ရေ၊ ဝါဂွမ်းနှင့် လောင်စာဆီကဲ့သို့သော သဘာဝအရင်းအမြစ်များကို ပိုမို လျော့နည်းသွားစေပါသည်။ ထို့အပြင် လုပ်အားခနည်းနည်းဖြင့် အလုပ်ချိန်ကြာမြင့်စွာအလုပ်လုပ်ရခြင်း၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုအတွက် တာဝန်ယူမှုမရှိခြင်း၊ ကလေးလုပ်သားများကို အသုံးပြုခြင်း အစရှိသော အလုပ်သမားခေါင်းပုံဖြတ်မှုများကို Fast Fashion ထုတ်လုပ်မှု လုပ်ငန်းခွင်များတွင် တွေ့ရလေ့ရှိပါသည်။
Fast Fashion နှင့် ဆန့်ကျင်စွာ Eco-friendly Fashion ဆိုသည်မှာ ပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်းအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများကို အတတ်နိုင်ဆုံး လျော့နည်းစေသည့် နည်းလမ်းများဖြင့် အဝတ်အထည်နှင့် အသုံးအဆောင်များကို ထုတ်လုပ်သည့် ဒီဇိုင်းမျိုးဖြစ်ပါသည်။ Eco-friendly fashion သည် ထုတ်လုပ်မှု အဆင့်ဆင့်တွင် သဘာဝအော်ဂဲနစ်ပစ္စည်းများ၊ recycled ပြုလုပ်နိုင်သော ပစ္စည်းများ ဖြစ်သည့် ဝါး၊ လျှော်ပင်၊ ဝါဂွမ်းနှင့် ယခုနောက်ပိုင်းတွင် tencel ချည်များကို အသုံးပြုထုတ်လုပ်ကြပါသည်။ ထို့အပြင် အလုပ်ချိန်နှင့် ညီမျှသည့် လုပ်အားခကို ပေးဆောင်ခြင်း၊ အလုပ်သမား အခွင့်အရေးများကို သေချာစေခြင်းနှင့် ဒေသခံရပ်ရွာများကို အကျိုးအမြတ်ဖြစ်စေခြင်း စသည့် လူ့ကျင့်ဝတ်နှင့် မျှတသော ကုန်သွယ်မှုအလေ့အကျင့် များ ကိုလည်း လက်ခံကျင့်သုံးသည်။ Eco-friendly fashion ဈေးကွက်သည် ထုတ်လုပ်သူတို့၏ အကျိုးအမြတ်တစ်ခုတည်းကိုသာ ရှေးရှုခြင်းမျိုးမဟုတ်ဘဲ ပိုမိုရေရှည်တည်တံ့၍ ပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်းအပေါ် ရှေးရှုသည့် နေထိုင်မှုပုံစံမျိုးဖြစ်သော လျှော့ဝယ်ခြင်း၊ အရေအတွက်ထက် အရည်အသွေးကို ရွေးချယ်ခြင်း၊ အဝတ်အထည်များကို ပြန်လည်အသုံးပြုခြင်း သို့မဟုတ် မလိုလားအပ်သော ပစ္စည်းများကို လှူဒါန်းခြင်း စသည့် လူနေထိုင်မှု အဆင့်အတန်းကို အဆင့်မြှင့်တင်ပေးသည့် နည်းလမ်းများကိုလည်း ပံ့ပိုးပေးပါသည်။
သို့ဖြစ်ရာ စာဖတ်သူတို့ အနေဖြင့်လည်း မည်သည့် Fashion ကို ရွေးချယ်ပါမည်လဲ။ ခေတ်နှင့်အညီ trend နောက်ကို လိုက်မည့် Fast Fashion လား? ပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်းကို ရေရှည်တည်တံ့စေမည့် Eco-friendly Fashion လား? ကျွန်တော်တို့ ကမ္ဘာမြေကြီးနှင့် ပတ်ဝန်းကျင်အပေါ် ဂရုစိုက်တတ်သည့် သူများအနေဖြင့် Eco-friendly Fashion ကို ရွေးချယ်မည်မှာ အသေချာဖြစ်ပါသည်။ Eco-friendly Fashion ကို ရွေးချယ်လိုက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ footprints များကို လျော့ချပြီးသား ဖြစ်ရုံသာမက သုံးစွဲသူတို့ အနေနဲ့လည်း သက်သောင့်နှင့် ဝတ်ရအဆင်ပြေသော ကြာရှည်ခံသော တမူထူးခြားသော အဝတ်အထည်များကို ဝတ်ဆင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ကြာရှည်ခံသော အဝတ်အစားများကို ရွေးချယ်ပြီး ဝတ်ဆင်သည့်အတွက် ရေရှည်တွင် အသုံးစရိတ်ချွေတာပြီးသားလည်း ဖြစ်စေပါသည်။
အကယ်၍ စာဖတ်သူတို့အနေဖြင့် Eco-friendly Fashion အကြောင်းကို ပိုမိုလေ့လာသိရှိလိုပါက လေ့လာနိုင်မည့် website အချို့ကို အောက်တွင်ဖော်ပြသွားပါမည်။
The Good Trade - သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေသော လူနေမှုပုံစံ၊ အဝတ်အထည်၊ အစားအသောက်ပုံစံ၊ အလှအပရေးရာ၊ ကျန်းမာရေး၊ ခရီးသွားလာခြင်းစသည့် အကြောင်းအရာမျိုးစုံကို လေ့လာနိုင်သည့် Platform တစ်ခုဖြစ်ပါသည်။
Fashion Revolution - ပိုမိုရေရှည်တည်တံ့စေမည့် ဖက်ရှင်စီးပွားရေးဈေးကွက်ကို ပုံဖော်နိုင်စေရန်အတွက် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်နေသော Campaigns များကို ဦးဆောင်နေသော အဖွဲ့တစ်ခုဖြစ်ပါသည်။
Eco-Age - ပတ်ဝန်းကျင်နှင့် လူမှုရေးလုပ်ဆောင်မှု တိုးတက်စေလိုသည့် စီးပွားရေးလုပ်ငန်းများအတွက် ဖြေရှင်းချက်များနှင့် အသိအမှတ်ပြုချက်များကို ကမ်းလှမ်းပေးသည့် ရေရှည်တည်တံ့မှုဆိုင်ရာ အတိုင်ပင်ခံအဖွဲ့ဖြစ်ပါသည်။
868
🙋Augustine (EHS Myanmar) မှ ရေးသားပြုစုသည်။
Reference- https://education.nationalgeographic.org/resource/fossil-fuels/
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #Renewableenergy #Solarpanel #fossilfuel #Energy #cleanenergy
868
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (renewable energy) ကို ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီ (fossil fuels) အစားထိုး ဘာကြောင့်အသုံးပြုသင့်ပါသလဲ???
________________
EHS Myanmar | 18.10.2023
💢ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable energy) ဆိုတာဘာလဲ။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုသည်မှာ ဘယ်သောအခါမှ မကုန်ခမ်းနိုင်သောသဘာဝအရင်းအမြစ်များဖြစ်သည့် နေရောင်ခြည်၊ လေ၊ ရေ၊ အော်ဂဲနစ်ပစ္စည်းများဖြစ်သော သစ်သား၊ တိရိစ္ဆာန်နှင့်အပင်များမှဖြစ်လာသည့်
စွန့်ပစ်ပစ္စည်းများ စသည့် သဘာဝအရင်းအမြစ်များမှ ဆင်းသက်လာသည့် စွမ်းအင်ဖြစ်ပါသည်။
💢ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီ (fossil fuels) ဆိုသည်မှာ အပင်နှင့် တိရိစ္ဆာန်များ သေဆုံးပြီး ပုပ်သိုးဆွေးမြေ့ပြီးမှ ရရှိကာကမ္ဘာမြေကြီး၏ မျက်နှာပြင်လွှာတွင် တွေ့ရှိရပြီး ၎င်းတို့ လောင်ကျွမ်းမှုဖြစ်ရာမှထွက်ရှိလာသည့် စွမ်းအင်ဖြစ်ပါသည်။ ကျွန်ုပ်တို့နေ့စဉ်အသုံးပြုနေသည့် ကျောက်မီးသွေး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များသည် တစ်ကြိမ်ထုတ်ယူသုံးစွဲပြီးလျှင် နောက်တစ်ကြိမ်ပြန်ဖြစ်ရန် နှစ်သန်းပေါင်းများစွာ စောင့်ရသည့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီများဖြစ်ပါသည်။
💢ယနေ့ခေတ်တွင် အကျော်ကြားဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစားများမှာ
၁။ နေရောင်ခြည်သုံးစွမ်းအင် (solar energy)
၂။ လေအားသုံးစွမ်းအင် (wind energy)
၃။ ရေအားသုံးစွမ်းအင် (hydro energy)
၄။ ဒီရေလှိုင်းအားသုံးစွမ်းအင် (tidal energy)
၅။ မြေအောက်အပူအားသုံးစွမ်းအင်(geothermal energy)နှင့်
၆။ ဇီဝလောင်စာသုံးစွမ်းအင်(biomass energy) စသည်တို့ ဖြစ်ကြပါသည်။
🤷ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (renewable energy) ကို ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီ (fossil fuels) အစား ဘာကြောင့်အသုံးပြုသင့်ပါသလဲ။
🌼 သဘာဝပတ်ဝန်းကျင်အပေါ်ကောင်းကျိုးပြုခြင်း
ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီ တစ်နည်းအားဖြင့် ကျွန်ုပ်တို့ နေ့စဉ်ကူးသန်းသွားလာရန်အသုံးပြုနေသည့် မော်တော်ယာဥ်များအတွက် လိုအပ်သောဓာတ်ဆီ၊ ဒီဇယ်ဆီများမှ ထုတ်လွှတ်သည့် ဓာတ်ငွေ့များသည် ဖန်လုံအိမ်ဓာတ်ငွေ့ဟုခေါ်သော Greenhouse gas များ ဖြစ်သည်။ ထိုဓာတ်ငွေ့များသည် ကမ္ဘာကြီးကို စောင်သဖွယ်လွှမ်းခြုံပေးထားပြီး ယင်းဓာတ်ငွေ့များ မူလရှိသင့်သည့်ပမာဏထက်ပို၍များလာသောအခါ ၎င်းတို့သည် အပူကို ပို၍စုပ်ကာ ကမ္ဘာကြီးပူနွေးမှု၊ လေထုညစ်ညမ်းမှု ဖြစ်စေသည့်အပြင် ထိုဓာတ်ငွေ့များကို ရှူရှိုက်မိပါက လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ထို့အတွက် ရေ၊လေ နှင့် နေရောင်ခြည်မှရသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (renewable energy)ကို အစားထိုးအသုံးပြုလျှင် greenhouse gas ထွက်ရှိမှုပမာဏ လုံးဝမရှိတော့သည်အထိ လျော့နည်းသွားပြီး ကျွန်ုပ်တို့ ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကိုလည်း လျော့ချနိုင်မှာဖြစ်ပါသည်။
🌼 စွမ်းအင်ကုန်ခမ်းမှုမဖြစ်တော့ခြင်း
ပြန်လည်ပြည်ဖြိုးမြဲ စွမ်းအင်များသည် တစ်ကြိမ်သုံးစွဲပြီးလည်း နောက်တစ်ကြိမ်ပြန်လည်သုံးစွဲရန်လွယ်ကူပြီး ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီကဲ့သို့ သဘာဝအရင်းအမြစ်များ ဆုံးရှုံးခြင်း မဖြစ်ပေါ်စေဘဲ ရေရှည်ထုတ်ယူအသုံးပြုနိုင်ပါသည်။ ထို့အပြင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးအနေဖြင့် ပြည်ပကတင်ပို့မှုကို အားကိုးစရာမလိုဘဲ မိမိမိတို့ပြည်တွင်းမှာတင် ထုတ်ယူသုံးစွဲနိုင်သည့်အတွက် ငွေကုန်ကြေးကျလည်းသက်သာကာ တစ်နိုင်ငံမှတစ်နိုင်ငံသယ်ယူပို့ဆောင်ရေးမလိုတော့သည့်အတွက် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိနိုင်တော့ပါ။ မိမိတို့တစ်ကိုယ်စာမဟုတ်ဘဲ နောင်မျိုးဆက်သစ်များအထိပါ ထုတ်ယူသုံးစွဲနိုင်သည့်အတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီဦးတည်နိုင်မှာဖြစ်ပါသည်။
💥 ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုနိုင်ရန်စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။
နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများကို ဥပမာကြည့်ကြပါစို့။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှန်သော်လည်း တပ်ဆင်အသုံးပြုရန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်ကြည့်မည်ဆိုလျှင် ကုန်ကျစရိတ်များသည့်အတွက် လူတိုင်းလက်လှမ်းမီအသုံးပြုရန်မလွယ်ကူပါ။ ထို့အတွက် ကုန်ကျစရိတ်များကို လျှော့ချနိုင်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်နိုင်သည့် နည်းပညာများကို ကမ္ဘာတစ်ဝန်း ဖြန့်ဝေခြင်းပြုနိုင်လျှင် လူတိုင်းအသုံးပြုနိုင်ကာ အလုပ်အကိုင်အခွင့်အခွင့်လမ်းများလည်းဖန်တီးပေးနိုင်သည့်အတွက် စီးပွားရေးဖွံဖြိုးတိုးတက်မှုလည်းဖြစ်စေနိုင်ပါသည်။
🌱အနှစ်ချုပ်ဆိုရလျှင် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီနှင့်နှိုင်းယှဉ်သော် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များသည် ပို၍သန့်စင်သော၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးမှုမဖြစ်စေဘဲ ရေရှည်ဖွံဖြိုးတိုးတက်မှုကိုဦးတည်သော၊ စီးပွားရေးတိုးတက်ကောင်းမွန်စေသော အနာဂတ်ကို ဖော်ဆောင်ပေးနိုင်သည့်အတွက် ကျွန်ုပ်တို့၏ နောင်လာနောက်သားများအကျိုးကို မျှော်မှန်းကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အစားထိုးအသုံးပြုကြပါစေကြောင်း တိုက်တွန်းလိုက်ရပါသည်။
868
မကြာခင်ကျင်းပမည့် Science Film Festival Myanmar တွင် Volunteer အဖြစ် ပါဝင်ဆောင်ရွက်မည့် လူငယ်များအား EHS Myanmar နှင့် Goethe-Institut Myanmar တို့ ပူးပေါင်းကာ TOT Training အဖြစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသင်ခန်းစာများကို 4 ရက်တာ သင်ကြားပို့ချပေးခဲ့ပါတယ်။
Training Day-1 တွင် EHS Myanmar ၏ Vice-president ဆရာမဇွဲယဉ်ဖြူမှ Circular Economy နှင့် Life Cycle Assessment အကြောင်းကိုလည်းကောင်း၊ မယွန်းနန္ဒာခိုင်မှ Introduction to Climate Change အကြောင်းကိုလည်းကောင်း ဆွေးနွေးရှင်းပြခဲ့ပါတယ်။ Day-2 တွင် Life Cycle Assessment Group Work Activity ကို EHS Myanmar မှ မခိုင်စုဝေနှင့် ကိုအံ့ဖုန်းသာတို့က Goethe-Institut Myanmar သို့ Onsite သွား၍ volunteers များနှင့်အတူ တက်ကြွစွာဆွေးနွေးခဲ့ကြပါတယ်။ Day-3 တွင် မခိုင်စုဝေမှ Introduction to Organic Waste ခေါင်းစဉ်ဖြင့် ဆွေးနွေးမျှဝေပေးခဲ့ပြီး မယွန်းနန္ဒာခိုင်မှ Environmental Pollutions အကြောင်းကို ဆွေးနွေးပေးခဲ့ပါတယ်။ Training Day-4 တွင် ကိုအံ့ဖုန်းသာမှ Biodiversity & Ecosystem အကြောင်းကို Volunteers များနှင့်အတူ Group activity များပြုလုပ်ကာ 4ရက်တာ Training အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
Science Film Festival Myanmar အကြောင်းကို အသေးစိတ်သိရှိလိုပါက https://www.facebook.com/ScienceFilmFestivalMyanmar နှင့် www.sciencefilmfestival.org တို့တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
#EHSMyanmar #ScienceFilmFestival #sffmyanmar #generationrestoration #volunteertraining
868
🎓EHS Myanmar ၏ Capacity Building Program အနေဖြင့် Mukah HSE - Training and Consultancy မှဖွင့်လှစ်သည့် ISO 14001 Environmental Management System Certificate Course အား Ko Htet Myet Tun (Secretary General)နှင့် Ma Khaing Su Wai (Project Assistant) တို့ကို Scholarship ဖြင့် အောက်တိုဘာလ (၇) - (၈) ရက်နေ့အထိ တက်ရောက်သင်ယူစေခဲ့ပြီး အောင်မြင်စွာသင်တန်းဆင်းနိုင်ခဲ့ပါသည်။
Environmental Management System (EMS) နှင့်ပက်သက်၍ အသိပညာနှင့် အတွေ့အကြုံများကိုသင်ကြားပေးပါသော Mukah HSE - Training and Consultancy ကိုလဲကျေးဇူးတင်ရှိပါသည်။
---------------------------------------------------------------------------
Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar
#EHSMyanmar #iso #14001 #environmental #managementsystem
868
🌍🤝 On this International Day for Natural Disaster Reduction 2023, EHS Myanmar stands united in the fight against inequality for a resilient future! 🌪️💪 Let's work together to bridge gaps, build communities, and empower those most vulnerable to natural disasters. Our commitment to a safer, more equitable world is unwavering. Theme of the Day: Fighting inequality for a resilient future 🌱💚
#ResilienceForAll #NaturalDisasterReduction #InclusivityMatters #EHSMyanmar #togetherstronger
