EHS Myanmar
前往频道在 Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
显示更多934
订阅者
无数据24 小时
+47 天
+730 天
帖子存档
934
"ရေရှည်တည်တံ့သောသဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုအတွက် AI နည်းပညာအသုံးပြုရှာဖွေခြင်း" Podcast
------------------------------------------------------------------------------
EHS Myanmar | 23.9.23
🎙ဘာကြောင့် ဒီဆွေးနွေးပွဲကိုနားထောင်သင့်သလဲ။
ကျွန်တော်တို့ရဲ့ ယနေ့ကမ္ဘာကြီးဟာ ဆိုရင် နည်းပညာတွေက အလျင်အမြန်တိုးတက်ပြောင်းလဲနေပါတယ်။ Artificial Intelligence - AI နည်းပညာတွေနဲ့ အတူ ကျွန်တော်တို့ဟာ အရင်က စိတ်ကူးနဲ့တောင် တွေးမကြည့်နိုင်တဲ့ အရာတွေကို လုပ်နိုင်နေပါပြီ။ ဆိုတော့ ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုး AI နည်းပညာကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်အတွက် ဘယ်လိုမျိုးအရာတွေကို လုပ်ဆောင်နိုင်ကြမလဲ? စတဲ့အကြောင်းအရာတွေနဲ့ပတ်သတ်ပြီး ပိုမိုသိရှိနိုင်ဖို့ ယခု Podcast မှာ ဆွေးနွေးအဖြေရှာထားပါတယ်။ ယခု Podcast ကို သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု နဲ့ AI နည်းပညာကို ပေါင်းစပ်ပြီးဖြေရှင်းဖို့ကြိုးစားနေကြတဲ့လူငယ်တွေ အတွက် အထူးရည်ရွယ်ပြီး ဆွေးနွေးတင်ဆက်ထားပါတယ်ရှင့်။
🎙ဘယ်သူတွေဆွေးနွေးထားတာလဲ။
ယခု Podcast ကို မန္တလေးနည်းပညာကုမ္ပဏီ၏ Managing Director ဖြစ်တဲ့ ဆရာဒေါက်တာဦးဇော်နိုင်၊ Insight Research Corner, INSIGHT CORNER Co.,Ltd ရဲ့ Director တစ်ဦးဖြစ်တဲ့ ဆရာမဒေါက်တာလွင်လွင်ဝေတို့အပြင် EHS Myanmar ၏ တည်ထောင်သူ ဒေါက်တာကောင်းထက်စွမ်းတို့မှ ကျွမ်းကျင်ရာနယ်ပယ်နှင့်အတွေ့အကြုံများကိုအခြေခံ၍ ဗဟုသုတများစွာဖြင့်ဟောပြောဆွေးနွေးထားပါတယ်။
🎙ဘယ်မှာနားထောင်လို့ရမလဲ။
EHS Myanmar website (www.ehsmyanmar.org) မှာ နားဆင်လို့ရပါတယ်။ ဒါတင်မက Spotify, Apple Podcast, Google Podcast, Anchor FM, Aamzon Music, Pocket Casts, Radio Public စသည့် Podcast Platform တော်တော်များများမှာ နားဆင်လို့ရနေပါပြီရှင်။
Website - https://www.ehsmyanmar.org/podcast-1
Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq
Apple Podcast - https://podcasts.apple.com/.../ehs.../id1554795854...
Google Podcast - https://www.google.com/podcasts?feed=aHR0cHM6Ly9hbmNob3IuZm0vcy80ZGIyM2M2NC9wb2RjYXN0L3Jzcw==
Amazon Music - https://music.amazon.com/.../c7d725f7-4521-4fec-9886...
---------------------------------------------
Don't forget to join our Telegram Channel -
https://t.me/ehsmyanmar
#EHSMyanmar #EnvironmentalImpactAssessment #SustainableDevelopment #podcast #artificialintelligence #sustainable #environmental #management #Myanmar
934
🚗🌍 Celebrating World Car Free Day 2023! 🌍🚗
Today, we embrace cleaner, healthier alternatives to cars, reducing pollution and congestion in our cities. 🌿🏙️ EHS Myanmar encourages you to leave your car behind, opt for public transportation, walk, or bike. Let's breathe cleaner air, reduce our carbon footprint, and make our cities more sustainable and livable. Every small change we make today contributes to a brighter, cleaner future for all. 🚲💚
#CarFreeDay #EHSMyanmar #SustainableCities #CleanerTransportation #urbanmobility
934
🌿🌎 Celebrating Zero Emissions Day 2023! 🌎🌿
Today, we challenge ourselves to reduce our carbon footprint to zero, even if just for a day, as a powerful reminder of the urgent need for climate action. 🍃💚 EHS Myanmar is committed to a sustainable, emissions-free future. Join us in taking steps, big and small, to lower our emissions and pave the way for a cleaner, healthier planet. Together, we can turn this day into a lifetime of positive change. 🌍💪
#ZeroEmissionsDay #EHSMyanmar #ClimateAction #SustainableFuture #CarbonFootprintZero
934
⭐Biodiversity Conservation and Management Online Recorded Course Batch-2⭐
--------------------------------------------
🔷စက်တင်ဘာလ (20)ရက်နေ့မှ စတင်ပြီး အားလုံးစောင့်မျှော်နေကြတဲ့ Biodiversity Conservation and Management Online Recorded Course Batch-2 အတွက် Registration
စတင်ပြုလုပ်လို့ရပြီပဲဖြစ်ပါတယ်။
🌿EHS Myanmarသည် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ရပ်ရွာလူထုများ၏ပတ်ဝန်းကျင်အသိအမြင်ကိုမြှင့်တင်ရန် ရည်ရွယ်တည်ထောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများနဲ့ ၎င်းတို့ကို လျှော့ချခြင်းနဲ့ သက်ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်အကဲဖြတ်ခြင်းနဲ့ Environmental Engineering နှင့် Environmental Sciences ကဲ့သို့သောနယ်ပယ်များမှာ တန်ဖိုးရှိသော အသိပညာများကိုမျှဝေပေးလျက်ရှိတဲ့ ထိပ်တန်း NGO အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
📍အခု BCM အတန်းမှာဆိုရင် ဇီဝမျိုးစုံမျိုးကွဲတွေရဲ့ အရေးပါမှုတွေ၊ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ စီမံခန့်ခွဲမှုတွေကို လေ့လာနိုင်သည့်အပြင် ကိုယ်တိုင်ပြုလုပ်ရမယ့် လက်တွေ့ assignment လဲ ပါဝင်တာကြောင့် ဇီဝမျိုးကွဲတွေအကြောင်းကို လေ့လာနားလည်ချင်သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ အတန်းလေးပဲဖြစ်ပါတယ်။
📕ဘာတွေသင်မှာလဲ?
Concept of Biodiversity and Ecosystem
Context for Biodiversity Conservation
Monitoring of Biodiversity and Ecosystem
Biodiversity and its conservation Methods
Management of Biodiversity and Ecosystems,
Etc.
👩🏫ဘယ်သူသင်မှာလဲ?
ဇီဝမျိုးကွဲတွေအကြောင်းကို အနှစ်နှစ်အလလလေ့လာထားပြီး ယခုလက်ရှိလည်း လေ့လာနေဆဲဖြစ်တဲ့ ပညာရပ်တွေကို Biodiversity and Nature Conservation Association (BANCA) မှ ဆရာမ ဒေါက်တာသီရိဒေဝီအောင်က course material (Lecture video, Lecture slides, eBooks, quiz,etc) ဖြင့်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။
🥰ဘယ်သူတွေတက်သင့်လဲ?
ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားများ၊
လုပ်ငန်းခွင်ဝင်ရောက်နေသော လူငယ်များနှင့်
Biodiversity conservation and management ကို အခုမှစလေ့လာမယ့်သူများ တက်သင့်ပါတယ်။
⌛ဘယ်အချိန်တွေသင်မှာလဲ?
Recorded အတန်းဖြစ်တာကြောင့် သင်ခန်းစာတွေကို မိမိအားလပ်တဲ့ အချိန်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ assessment ပြည့်မှီအောင်မြင်သူတွေကို Certificate ပေးအပ်သွားမှာလဲဖြစ်ပါတယ်။ Learning platform အနေနဲ့ကတော့ Google Classroom ကို အသုံးပြုပြီးလေ့လာရမှာဖြစ်ပါတယ်။
🧩သင်တန်းကြေးကကော? Online ကနေပေးလို့ရရဲ့လား?
သင်တန်းကြေးက ၃၂၀၀၀/- ကျပ်သာဖြစ်ပြီး မိမိအဆင်ပြေတဲ့ online payment တွေနဲ့ပေးချေလို့ရပါတယ်။
သင်တန်းသားဦးရေ ကန့်သတ်ထားတဲ့အပြင် recorded အတန်းဖြစ်သော်လည်း သင်ကြားပေးမယ့် ဆရာမနှင့် live discussion session လဲထည့်သွင်းထားပါသေးတယ်။
သင်တန်းလျှောက်လွှာကို အောက်ဖော်ပြပါ Link မှတစ်ဆင့် ဖြည့်ပြီးလျှောက်ထားနိုင်ပါပြီ။ သင်တန်းကြေးပေးသွင်းထားသူစာရင်းနှင့်သာ သင်တန်းသားအရေအတွက်ကိုစဥ်းစားမည်ဖြစ်သောကြောင့် မကျန်ခဲ့အောင် registration ပြီးလျှင် သင်တန်းကြေးမြန်မြန်ပေးသွင်း ဖို့တော့လိုပါမယ်နော်။
မှတ်ချက်။ ။ ငွေလွှဲပြီးပါက သင်တန်းကြေးသွင်းပြီးကြောင်း EHS Myanmar ၏ Messenger Chat Box သို့ လာရောက် အကြောင်းကြားပေးရန် လိုအပ်ပါသည်။
📌Registration Form-
https://forms.gle/NzXgN9fZRzxv54pZ7
Biodiversity Conservation and Management Online Recorded Course Batch 2 ရဲ့လျှောက်လွှာတွေကိုတော့ အောက်တိုဘာလ (၁၀) ရက်နေ့အထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။
အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09770501186 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Learn more at www.ehsmyanmar.org
#EHSMyanmar #OnlineLearning #BiodiversityConservation #EducationForAll #personalgrowth
934
ဓါးကောင်းတစ်လက်ဆိုတာ မသွေးဘဲထားတာကြာလေ တုံးလေဖြစ်မသွားရလေအောင်....စာဖတ်ပါ။ အပိုင်း (၉)
================================================
EHS Myanmar က တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် သဘာဝပတ်ဝန်းကျင်ပညာရပ်ဆိုင်ရာ စာအုပ်ကောင်းများကို (အခမဲ့) ထပ်ဆင့်မျှဝေမည့် အစီအစဥ်လေး ရောက်ရှိလို့လာပါပြီ။ ယခုတခေါက်မှာတော့ Monthly Theme ဖြစ်သည့် "Eco-friendly Fashion/ Sustainable Fashion" နှင့် သက်ဆိုင်သည့် စာအုပ်ကောင်းများ ကို စုစည်းကာ share ပေးသွားပါမယ်။
.
🌪 Sustainable Fashion: A Handbook for Educators - https://drive.google.com/file/d/1fBAWBvir0wjeVN68Dj8uSsD9uDZYCjB9/view?usp=sharing
.
🌪 Sustainable Fashion in a Circular Economy - https://drive.google.com/file/d/1bc06xvln0f6l-L7BgCWGItEQ8OW57nse/view?usp=sharing
.
🌪 Sustainable Fashion: New Approaches - https://drive.google.com/file/d/11x7u9uZeNaSYPLPKwoz_UQlSIlQHAIYm/view?usp=sharing
.
🌪 Slow Fashion: Tailoring a Strategic Approach towards Sustainability - https://drive.google.com/file/d/1UTHjzJwig8U_Npkx9ZrH5Hk5SI8oJGxJ/view?usp=sharing
.
🌪 Fixing Fashion: clothing consumption and sustainability - https://drive.google.com/file/d/17k-jHnz0LEtacwRfIlJ2JyO-mBLeKKlB/view?usp=sharing
.
အင်တာနက်ရချိန်မှာ စာအုပ်များကို ဒေါင်းထားပြီး အားလပ်ချိန်များမှာ လေ့လာလိုက်ပါ။ သင့်အတွက် အကျိုးရှိမယ်ဆိုလျှင် အခြားသူတွေအတွက်လဲ share ဖို့မမေ့ပါနဲ့နော်။
--------------------------------------------------------------------------
"Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."
#EHSMyanmar #environmental #books #cleanAir #airpollution #climatechange #globalwarming
934
📣EHS Myanmar မှ Environemntal နှင့် Sustainability ပညာဗဟုသုတများကိုလူတိုင်းဆီပိုမိုရောက်ရှိစေဖို့ အစဉ်ကြိုးစားလျက်ရှိနေပါသည်။
🎙ထို့ကြောင့် EHS Myanmar ၏ Podcast အသံလွှင့်အစီအစဉ်များကို အဆင်ပြေချောမွေ့စွာဖြင့် လူတိုင်းဆီသို့ပိုမိုရောက်ရှိစေရန်ရည်ရွယ်၍ အမြဲမပြတ်ကြိုးစားလျက်ရှိရာ ကျွန်ုပ်တို့၏ အသံဖြင့် တင်ဆက်နေမှုများကို နိုင်ငံတွင်း နားသောတဆင်သူများတင်မက ပြည်ပနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများပါ နားဆင်နိုင်ရန်အတွက် Podcast Platform များကို ပိုတိုး၍တင်ဆက်လျက်ရှိနေပါသည်။
🤩ယခုအခါမှာတော့ နာမည်ကြီး Musics Platform တစ်ခုဖြစ်တဲ့ Amazon Music | Podcast အထိပါရောက်လာခဲ့ပြီဖြစ်ပါသည်။ Amazon Music မှာနားထောင်ချင်တယ်ဆိုလျှင်တော့ ဒီမှာနားဆင်နိုင်သလို - https://music.amazon.com/podcasts/c7d725f7-4521-4fec-9886-33d43b4d7e9c Amazon Musics ထဲမှာ EHS Myanmar Monthly Podcast လို့ search လုပ်လျှင်လဲတွေ့နိုင်မှာဖြစ်ပါသည်။
📌EHS Myanmar Podcast သည် Podcast Platform (၁၀) ခုထိမှာပါနားဆင်နိုင်နေပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ရပါသည်။
------------------------------------------------------------------
-----------------------------------------------------------------------
EHS Myanmar နှင့်အတူလေ့လာနိုင်ဖို့ Telegram Channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #podcast #musics #amazon #radio
934
✨International Day of Clean Air for Blue Skies 2023 ကိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ (၁၀) ရက်နေ့မှာ ပြုလုပ်ခဲ့သည့် “AI Solutions for Sustainable Environmental Management” ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲမှပုံရိပ်အချို့ဖော်ပြပေးလိုက်ရပါတယ်။ ထိုအွန်လိုင်းဆွေးနွေးပွဲ ကို ဒေါက်တာဇော်နိုင်၊ ဒေါက်တာလွင်လွင်ဝေ နှင့် ဒေါက်တာကောင်းထက်စွမ်းတို့မှ ဟောပြောခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တက်ရောက်သူ (၇၅) ယောက်ရှိခဲ့ပြီး Ceritificate of Attendance များကိုလဲပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
ယခုလိုဗဟုသုတများစွာနဲ့အတွေ့အကြုံကောင်းများကို အချိန်ပေးဟောပြောပေးခဲ့ပါသော Speaker များကို အထူးကျေးဇူးတင်ပါကြောင်း၊တက်ရောက်နားဆင်ပေးခဲ့ကြသူတစ်ယောက်ချင်းဆီကိုကျေးဇူးတင်ရှိပါကြောင်း နှင့် နောင်အွန်းလိုင်းဆွေးနွေးပွဲများတွင်လဲ ထပ်မံဆုံတွေ့ကြပါဦးမယ်နော်။
-----------------------------------------------------------------------
EHS Myanmar ၏ သတင်းအချက်အလတ်များကိုအမြဲမပြတ်သိနိုင်ဖို့ Telegram Channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #AI #environmentalmanagement
934
ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းကာကွယ်ခြင်းနှင့်စီမံခန့်ခွဲခြင်း ကိုလေ့လာချင်သူများအတွက် မကြာခင် အပတ်စဉ် (၂) လက်ခံသွားမယ့်အကြောင်း သတင်းကောင်းပါရစေ။ 🐠
#EHSMyanmar #biodiversity #ecosystem #animals #plants #Biotic
934
၇ကြိမ်မှ ၁၀ ကြိမ်သာ ဝတ်ဆင်ကြသည်။ တစ်ချို့ ဗြိတိန်နိုင်ငံသားများသည် အဝတ်ကို တစ်ကြိမ် နှစ်ကြိမ်သာ ဝတ်ဆင်ပြီး ဟောင်းနွမ်းနေသည်ဟု ယူဆကြသည်။
📝👍 သို့သော် ယခုချိန်တွင် ပြုပြင်ပြောင်းလဲရန် တောင်းဆိုမှုတွေ များလာပြီ ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် အဓိကစက်မှုလုပ်ငန်းများနှင့် အခြားသူများတို့သည် ရာသီဥတုဆိုင်ရာလှုပ်ရှားမှုအတွက် ဖောင်ဒေးရှင်းစက်မှုလုပ်ငန်းဆိုင်ရာ ပဋိညာဉ်စာတမ်းကို ကုလသမဂ္ဂ အောက်တွင် အတူတကွပူးပေါင်းပါ၀င်ဆောင်ရွက် ကြပြီး နောက်နှစ်တွင် ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖက်ရှင်ကဏ္ဍအတွက် မဟာမိတ်အဖွဲ့ကို မွေးဖွားခဲ့သည်။ ၂၀၅၀ ခုနှစ်တွင် ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုညအထိ လျှော့ချနိုင်အောင် စက်မှုလုပ်ငန်းကို ကာဗွန်ထုတ်နှုန်း လျှော့ချရန် ရည်ရွယ်ထားသည်။ မကြာသေးမီနှစ်များအတွင်း အထည်အလိပ်များ၏ ၁% ထက်နည်းသော အထည်အလိပ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်သောကြောင့် ရေရှည်တည်တံ့သောထုတ်လုပ်မှုမှ ပြန်လည်အသုံးပြုခြင်းအထိ အစပြုလာနိုင်ပြီ ဖြစ်သည်။
🏭👥 "ဤညစ်ညမ်းသော စက်မှုလုပ်ငန်းကို စိမ်းလန်းစေရန် ကြိုးပမ်းရာတွင် စီးပွားရေးလုပ်ငန်းများနှင့် အသုံးပြုသူများ နှစ်ဘက်မှ လုပ်ဆောင်ချက်များ လိုအပ်သည်" ဟု Nature Climate Change အယ်ဒီတာ့အာဘော်တွင် တွေ့ ရှိနိုင်သည်။ ယနေ့ခေတ်တွင် တာဝန်သိအသုံးပြုမှု၊ ပိုမိုရေရှည်တည်တံ့သော ထုတ်ကုန်များကို ရွေးချယ်ရာတွင် အစိုးရများ၊ စက်မှုလုပ်ငန်းများနှင့် အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့မှုဆိုင်ရာ တံဆိပ်များကို တာဝန်သိအသုံးပြုသူများက အလွယ်တကူ လက်ခံကြသည်။
✅👇🏻 အစိမ်းရောင် သုံးစွဲခြင်းတစ်ခုတည်းအားဖြင့် ရာသီဥတုကို မကယ်တင်နိုင်ပါ။ လျှော့သုံးဖို့သည်သာ အဓိကအချက် ဖြစ်သည်။
🤩😍 ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတွင် ကိုယ်တိုင်ပါဝင်နိုင်အောင်
1️⃣ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေး ကြည့်ဝယ်ပါ။
2️⃣ ကိုယ်နဲ့ အဆင်မပြေသော အဝတ်အစားများကို ပြုပြင်ပြီး ပြန်သုံးပါ။
3️⃣ ကိုယ်မဝတ်သော အဝတ်အစားများကို မပစ်ပဲ သင့်တော်သောနေရာတွင် လှူဒါန်းပါ။
4️⃣ တစ်ပတ်ရစ်အဝတ်အစားများ ဝယ်ယူအားပေးပါ။
5️⃣ အထူးသဖြင့် အမှန်တကယ် လိုအပ်မှသာ ဝယ်ယူသုံးစွဲသင့်သည်။
💰👚 ကိုယ်ဝယ်ဝတ်သော အဝတ်အစားကြောင့် ကိုယ့်ကျေးဇူးရှင်ကမ္ဘာကြီး ပိုပျက်စီးသည်ကို မလိုလားသော တာဝန်သိကမ္ဘာသူ ကမ္ဘာသားများ ဖြစ်ကြပါစေ။ 😍🗺
ရေးသားသူ - မိုင်ဇလပ်
Reference: How Our Clothes Contribute to Climate Change, BBVA GROUP
#EHSMyanmar #ecofriendlyfashion #sustainablefashion #slowfashion #ethicalfashion #zerowaste
934
👕🌍ကျွန်ုပ်တို့၏ အဝတ်အစားများနှင့် ရာသီဥတုပြောင်းလဲမှုသည် မည်သို့ပတ်သက်မှု ရှိသနည်း။👖
------------------------------------------------
🥼🩴🔥 ကျွန်ုပ်တို့နေ့စဉ် စားသုံး၊ အသုံးပြုသော အရာများသည် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော အချက်များ များပြားလွန်းသည်။ ထို့အပြင် ကျွန်ုပ်တို့ အသုံးပြုခြင်း အလေ့အထ၏ အကျိုးသက်ရောက်မှုသည်လည်း အလွန် များပြားပေသည်။ အဓိကအချက်မှာ ကျွန်ုပ်တို့ဝယ်သည့် အဝတ်အစားနှင့် ဖိနပ်များပင် ဖြစ်သည်။ ဖက်ရှင်စက်မှုလုပ်ငန်း ကြီးထွားလာသည်ကို တွေ့မြင်နေရပြီး ဖက်ရှင်စက်မှုလုပ်ငန်းသည် ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) အများဆုံးထုတ်လွှတ်သည့် အရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည်။
🚗🥘 အိမ်တွင်းသုံးများမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု စုစုပေါင်း၏ ၆၀% ဝန်းကျင်တွင် ရှိပါသည်။ ဤဖြစ်စဉ်၏ အများစုမှာ စွမ်းအင်သုံးစွဲမှု၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အပန်းဖြေမှုစသော ဝန်ဆောင်မှုများနှင့် အစားအစာများကြောင့် ဖြစ်သည်။ ဤအချက်အလက်အရ ကျွန်ုပ်တို့ ထုတ်ကုန်သုံးစွဲမှုကြောင့် ထွက်သော ဖန်လုံအိမ်ဓာတ်ငွေ့ သည် အနည်းငယ်သာ ရှိသည်ဟု ထင်ရသည်။ အထူးသဖြင့် အဝတ်အစားနှင့်ပတ်သက်သည်နှင့်အမျှ ဓာတ်ငွေ့ထုတ်လွှတ်မှုပါဝင်မှုသည် အလွန်နည်းပါးသောကြောင့် သုတေသနတစ်ခုတွင် US နိုင်ငံအိမ်ထောင်စု တစ်စုချင်းစီ၏ အဝတ်အစားကြောင့် ဓာတ်ငွေ့ထုတ်လွှတ်မှုနှုန်းသည် မရှိသလောက်နည်းသည်။
🏭🚚 ဤဖြစ်စဉ်၏ အကြောင်းရင်းမှာ ယနေ့ခေတ် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရောင်းချသည့် လူသုံးကုန် အများစုသည် ပြည်တွင်း၌ မထုတ်လုပ်ပဲ သွင်းကုန်များသာ ဖြစ်ကြသည်။ အိမ်တွင်းသုံးထုတ်ကုန်များမှ ဖန်လုံအိမ်ဓာတ်ငွေ့ သွယ်ဝိုက် ထုတ်လွှတ်မှု၏ ၂၀% ခန့်သည် ပြည်တွင်း၌ မထုတ်လုပ်ပဲ ကမ္ဘာ့အဓိက စက်ရုံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယ ကဲ့သို့သော နိုင်ငံများတွင် ထုတ်လုပ်နေကြသည်။ ဤသည်မှာ ပြည်တွင်းထုတ်လွှတ်မှုထက် တင်ပို့သည့် ဓာတ်ငွေ့ဝေစု ပိုများခြင်းဖြစ်သည်။ အမေရိကန်မှ အခြားနိုင်ငံများသို့ တင်ပို့သည့် ဓာတ်ငွေ့ထုတ်လွှတ်မှု စုစုပေါင်းတွင် ၁၂% မှာ အထည်ချုပ်နှင့် ဖိနပ်လုပ်ငန်းမှ ဖြစ်သည်။
အထည်ချုပ်လုပ်ငန်းများ၏ ကာဗွန်ခြေရာ 🧶💨
👔🩳 ထို့ကြောင့် ကျွန်ုပ်တို့၏ဗီရိုမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် ပေါ့ပေါ့တန်တန်မဟုတ်ပေ။ စုစုပေါင်းအထည်အလိပ်လုပ်ငန်းမှ ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် စုစုပေါင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၄%မှ ၁၀%ကြားတွင် ရှိသည်။ ၎င်းသည် ရာစုနှစ်အလယ်ပိုင်းတွင် ၂၆% အထိ ရောက်ရှိနိုင်သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) အရ ဖက်ရှင်စက်မှုလုပ်ငန်း၏ ထုတ်လုပ်မှုကွင်းဆက်သည် အစားအစာနှင့် ဆောက်လုပ်ရေး ပြီးနောက် ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ တတိယအကြီးဆုံးကဏ္ဍ ဖြစ်သည်။ အတိုင်ပင်ခံလုပ်ငန်း McKinsey & Company မှ ခန့်မှန်းသည်မှာ လက်ရှိလမ်းကြောင်းအရ ဤကဏ္ဍကြောင့် ကမ္ဘာကြီးပူနွေးလာမှုသည် ပါရီသဘောတူညီချက် (၁.၅ ဒီဂရီ စင်တီဂရိတ်) ကို ကျော်လွန်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ယင်းကိုရရှိရန် ၎င်း၏ ဓာတ်ငွေ့ထုတ်လွှတ်မှု တန်ချိန် ၂.၁ ဘီလီယံမှ ၂၀၃၀ ခုနှစ်တွင် တန်ချိန် ၁.၁ ဘီလီယံအထိ လျှော့ချရန် လိုအပ်မည်ဖြစ်သည်။
🌊🧶🗑 သို့ပေမယ့် ရာသီဥတုသည် ဖက်ရှင်၏ တစ်ခုတည်းသော ပတ်ဝန်းကျင် ထိခိုက်မှု မဟုတ်ပါ။ UNEP နှင့် Ellen MacArthur ဖောင်ဒေးရှင်းတို့၏ အဆိုအရ ဂျင်းဘောင်းဘီတစ်ထည်ကို ထုတ်လုပ်ရာတွင် ရေ (၃၇၈၁) လီတာ သုံးစွဲရပါသည်။ အထည်အလိပ်လုပ်ငန်းများသည် နှစ်စဉ် ရေ (၉၃) ဘီလီယံကုဗမီတာကို အသုံးပြုသော ရေအသုံးများသည့် လုပ်ငန်းဖြစ်ပြီး ဤရေပမာဏသည် လူငါးသန်း၏ လိုအပ်ချက်နှင့် ညီမျှသည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ ရေဆိုးအားလုံး၏ ၂၀% အထက် နှင့် အမှိုက်အများအပြားကို ထုတ်ပေးပါသည်။ ချည်မျှင်အားလုံး၏ ၈၇% ကို မီးရှို့ပြီး အမှိုက်ပုံများဆီသို့ ပို့ဆောင်ပေးခြင်း ခံရသည်။ ညစ်ညမ်းစေသော အဝတ်များကို စွန့်ပစ်ရုံသာမက ဓာတုချည်မျှင်အ၀တ်များကို ရိုးရှင်းစွာ လျှော်ဖွတ်ခြင်းသည် နှစ်စဉ်နှစ်တိုင်း သေးငယ်သောအမျှင်စု တန်ချိန်တစ်ဝက်ခန့် ထုတ်လွှတ်ပေးသည်။ ယင်းသည် ပလပ်စတစ်ပုလင်း ဘီလီယံ (၅၀) နှင့် ညီမျှပြီး သမုဒ္ဒရာထဲသို့ မိုက်ခရိုပလပ်စတစ်ပြဿနာကို တိုးပွားစေသည်။ နိုင်ငံတကာ သဘာဝ ထိန်းသိမ်းရေး သမဂ္ဂ (IUCN) ၏ အစီရင်ခံစာအရ ပင်လယ် အတွင်းရှိ plastic soup ၏ ၃၀% သည် ချည်မျှင်အ၀တ်များကို လျှော်ဖွတ်ခြင်းနှင့် တာယာအမှိုက် တို့ကြောင့် ဖြစ်သည်ဟု ခန့်မှန်းထားသည်။
အသွင်ပြောင်းလဲရန် ခေါ်ဆိုမှုများ 🧑🔧💪🏻
👖🗑 အဆိုပါ သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်းအားလုံးသည် လောဘကြီးစွာ သုံးစွဲသူအမြောက်အများ ရှိခြင်းကြောင့် ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာအဝတ်အစားထုတ်လုပ်မှုသည် ၂၀၀၀ ခုနှစ်မှစ၍ နှစ်ဆတိုးလာခဲ့သည်။ ၂၀၀၀ ခုနှစ်ထက် ၂၀၁၄ ခုနှစ်တွင် အဝတ်အစား ၆၀% ပိုရောင်းခဲ့ရသော်လည်း ၎င်းတို့သည် ထက်ဝက်ကြာအောင်သာ ဝတ်ဆင်ခဲ့ကြောင်း WEF မှ သိရသည်။ Bloomberg မှ လေ့လာတွေ့ရှိချက်များအရ US တွင် နိုင်ငံသားတစ်ဦးစီသည် တစ်နှစ်လျှင် ဘောင်းဘီအရံ ၇၀ ကို စွန့်ပစ်ကြပြီး ၀တ်စုံတစ်ခုစီကို ပျမ်းမျှအားဖြင့်
934
ကျွန်တော်တို့ Environment, Health and Safety Myanmar - EHS Myanmar အနေနဲ့ Media Partner ပါဝင်ထားတဲ့ Special Project တစ်ခုလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Start Smart က မကြာခင် ကျရောက်မယ့် “Zero Emissions Day” အတွက် လူငယ်တွေကို အသိပညာပေးရန် ရည်ရွယ်ပြီး အားလုံးစိတ်ဝင်စားမယ့် Evergreen Earth Fest ဆိုတယ့် Special Program လေးတစ်ခုကို စီစဉ်ပေးထားပါတယ်။ 🤩🎉
ဒီ Program လေးမှာတော့
🔹️1-Day Virtual Workshop
🔹️Poster Competition
🔹️Hashtag Campaign ဆိုပြီး စုစုပေါင်းသုံးမျိုးနဲ့ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။
Program အသေးစိတ်လေးကို ပုံတစ်ပုံချင်းစီအောက်မှာ ရေးပေးထားတာမလို့ ဝင်ဖတ်ကြည့်သွားဦးနော် 🥳
#EmitLessSmileMore
#EverGreenEarthFest2023
#GoGreenWithStartSmart
934
🌊🐬 Celebrating the beauty and grace of these magnificent creatures on World Dolphin Day 2023! 🐬🌊
Let's come together to protect and preserve the precious dolphins that grace the waters of Myanmar. 🇲🇲💙 Dolphins play a vital role in our marine ecosystem, and it's our responsibility to ensure their well-being.🌏💚🐬
#WorldDolphinDay #ProtectOurDolphins #EHSMyanmar #MarineConservation #SaveOurSeas
