EHS Myanmar
رفتن به کانال در Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
نمایش بیشتر868
مشترکین
اطلاعاتی وجود ندارد24 ساعت
+27 روز
+230 روز
آرشیو پست ها
868
ချင်းမိုင်နှင့်အတူ ဆိုးရွားနေတဲ့ရန်ကုန်လေထုအရည်အသွေး 🥵
---------------------------------------------------------
EHS Myanmar | 26.3.2024
💥ဖော်ပြပါ AQI Index ကတော့ မတ်လ ၂၆ ရက်နေ့ မနက် (၁၁း၃၀) နာရီမှာတိုင်းတာရမိတဲ့ ညွှန်းကိန်းဖြစ်ပါတယ်။ ဒီညွှန်းကိန်းမှာဆိုလျှင် ကမ္ဘာ့လေထုအညစ်ညမ်းဆုံး Top 10 စာရင်းမှာ ရန်ကုန်မြို့က အဆင့် ၆ နေရာနှင့် ချင်းမိုင်မြို့ က အဆင့် ၁ နေရာမှာရှိနေတာကိုတွေ့နိုင်ပါတယ်။
🌤အခုလိုပွင့်လင်းရာသီအစမှာ AQI level မြင့်နေရခြင်းက စိုးရိမ်စရာအခြေအနေဖြစ်ပါတယ်။ ဘာကြောင့် ရန်ကုန်မြို့ရဲ့ AQI ညွှန်ကိန်းမြင့်မားနေရခြင်းအကြောင်းကိုလေ့လာကြည့်တဲ့ အခါ အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။ 👇
၁။ နွေဦးရာသီရောက်တဲ့အခါ နေရောင်ခြည်ပိုမိုရလာခြင်းကြောင့် Ground-level Ozone မြင့်မားလာခြင်း၊ မီးခိုမြူများအဖြစ်များလာခြင်း နှင့် Nitrogen Dioxide မြင့်မားလာခြင်းများကြောင့်လည်းကောင်း၊
၂။ ရာသီဥတုအပူချိန်မြင့်လာခြင်းကြောင့် Chemical Reactions များအဖြစ်များပြီး လေထုအမှုန်အမွှား (Pollutants) များကိုပိုမိုထွက်စေခြင်းကြောင့်လည်းကောင်း၊
၃။ လေထုထဲတွင် လေမရှိခြင်း (သို့မဟုတ်) လေမတိုက်ခြင်းများသည် Air Stagnation ကြောင့်ဖြစ်ပြီး လေထုညစ်ညမ်းမှုကိုပိုမိုဆိုးရွားစေခြင်းကြောင့်လည်းကောင်း၊
၄။ ခုလိုပူပြင်းခြောက်သွေ့တဲ့နွေဦးရာသီမှာ သစ်တောမီးလောင်ခြင်းက ကာဗွန်မိုနောက်ဆိုဒ် နဲ့ PM အမှုန်အမွှားများကိုထွက်ရှိစေပြီး လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေခြင်းကြောင့်လည်းကောင်း၊
၅။ လူတွေရဲ့လုပ်ရပ်တွေကြောင့်လည်း လေထုအရည်အသွေးကျစေပါတယ် ဥပမာအားဖြင့် မော်တော်ယာဉ်များအသုံးပြုမှုများကြောင့်၊ Air-con အသုံးများခြင်း၊ Generator များအသုံးများခြင်း နှင့် မဆင်မခြင်အမှိုက်မီးရှို့ခြင်းများကြောင့်လည်းကောင်း။
အထက်ပါအကြောင်းအရာတွေကြောင့် ရန်ကုန်လေထုအရည်အသွေးများကျဆင်းနေရခြင်းဖြစ်ပါတယ်။ မကြာခင် သင်္ကြန်မိုးရွာခြင်းနဲ့အတူ လေထုအရည်အသွေးပြန်လည်သန့်စင်လာဖို့မျှော်လင့်ရင်း...။
ရေးသားသူ - နိုင်ကျော်လူ
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #yangon #chiangmai #airquality #AQI #pollution
868
ပညာရေးပြိုင်ဆိုင်မှု၊ စီပွားရေးပြိုင်ဆိုင်မှုနဲ့အတူ နည်းပညာအသစ်တွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ပဲ နေ့စဥ်အချိန်ကုန်ဆုံးလာကြပြီး လှုပ်ရှားမှု နည်းပါးလာတာကြောင့် စိတ်နဲ့ခန္ဓာ အားနည်းခြင်းတွေ ဖြစ်ပေါ်လာပါတယ်။ ဒါတွေကို လျှော့ချဟန့်တားနိုင်ဖို့ အစိမ်းရောင်သဘာဝနယ်မြေတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းသင့်သလို လူသားတွေနဲ့ သဘာဝတရားကို ပြန်လည်နီးစပ်အောင် ဖန်းတီးရင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလေ့အကျင့်ကောင်းတွေ လုပ်ဆောင်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ပျော်ရွှင်နိုင်မှာ မုချပင် ဖြစ်ပါတယ်။
ရေးသားသူ - ဖိုးကျား (EHS Myanmar)
ကိုးကား - adaa.org, thrive.org.uk, mental.org.uk, news-medical.net
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #naturetherapy #mentalhealth #benefitsofnature
868
အစိမ်းရောင် သဘာဝတရားမှ ပေးစွမ်းသော စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးများ
-----------------------------------------------
EHS Myanmar | 25.3.2024
လူသားတွေဟာ ခေတ်နဲ့အညီ ပေါ်ထွန်းလာတဲ့ အလုပ်ကိုင်အခွင့်အလမ်းတွေ၊ ပညာရေးအခွင့်အလမ်းတွေအပေါ် နေ့စဉ်နဲ့အမျှ ကြိုးစား ရှာဖွေ ရုန်းကန်လာရင်း မိမိတို့ရဲ့ စိတ်နဲ့ခန္ဓာကျန်းမာရေးအပေါ် အာရုံစိုက်မှု နည်းပါးလာကြပါတယ်။ ဒါ့အပြင် ထူထပ်လာတဲ့လူဦးရေကြောင့် ဖွံ့ဖြိုးတိုးတက်တဲ့မြို့ပြတွေမှာ ကူးပြောင်းနေထိုင်နှုန်း များပြားလာပါတယ်။ တစ်ဖက်မှာလည်း တိုးချဲ့လာတဲ့မြို့ပြလူနေမှုစနစ်နဲ့အတူ သဘာဝ ရေမြေ တောတောင်ဒေသတွေဟာလည်း တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်ပါတယ်။ ဥပမာ - ပန်းပင် စိုက်ခင်းတွေ၊ ရေကန်တွေ၊ ပန်းခြံတွေကို ဖျက်သိမ်းမြေဖို့ပြီး နေအိမ်၊ တိုက်ခန်းတွေ၊ တံတားတွေ၊ လမ်းတွေတိုးချဲ့ တည်ဆောက်လာပါတယ်။ ဒါဟာ လူသားတွေကို သဘာဝနဲ့ တဖြည်းဖြည်း ဝေးကွာလာစေသလို လူတွေရဲ့ ကျန်းမားရေးလိုက်စားမှုအပေါ် အထောက်အကူပြုတဲ့ နေရာတွေကို ဖျက်စီး လျှော့ချလိုက်သလိုပါပဲ။ နောက်တစ်ချက်အနေနဲ့ဆိုရင် တိုးတက်ကျယ်ပြန့်လာတဲ့ နည်းပညာအသုံးပြုမှုတွေဟာ လူတွေရဲ့ကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်စေတာကိုလည်း ပညာရှင်တွေက ထောက်ပြထားပြီးဖြစ်ပါတယ်။ ဒီလိုအရာတွေကြောင့် လူ့ခန္ဓာကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် များစွာထိခိုက်မှုတွေ ဖြစ်လာပါတယ်။
ကမ္ဘာ့စစ်တမ်းကောက်ချက်တွေအရ မြို့ပြကြီးတွေမှာ နေထိုင်တဲ့ လူဦးရေ ၂၁% ဟာ စိတ်ပူပင်သောက ခံစားနေရပြီး ၃၉% သော လူသားတွေဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုအခြေအနေကို ခံစားနေရပါတယ်။ လူတွေရဲ့စိတ်မှာဖြစ်ပေါ်စေတဲ့ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေကို သိပ္ပံနည်းအရ လေ့လာကြည့်မယ်ဆိုရင် ကော်ဒီဇုန်းလို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာဟော်မုန်းဟာ အခြေခံကျတဲ့ နေရာက ပါဝင်နေပါတယ်။ ကော်ဒီဇုန်းဟော်မုန်းဟာ ခန္ဓာကိုယ်တွင်းက စိတ်ဖိစီးမှုကို အဓိကလှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ လက်တွေ့ဘဝမှာ အခက်အခဲ၊ ပြဿနာကြုံတွေ့ရပြီဆိုရင် ခန္ဓာကိုယ်သွေးကြောထဲကို ကော်ဒီဇုန်းဟော်မုန်း ပြန့်နှံ့သွားပြီး ဦးနှောက်အာရုံကြောဆီ ရောက်သွားကာ စိတ်ပူပန်ခြင်းတွေ၊ စိတ်ဓာတ်ကျခြင်းတွေ စတင်ဖြစ်ပေါ်လာပါတယ်။
ဒီလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လာပြီဆိုရင် မိမိရဲ့ စိတ်အခြေအနေကို ပြန်လည်သတိထားပြီးတော့ အားကစားလှုပ်းရှားမှုတွေ၊ စိတ်ကျန်းမာရေးဆိုင်ရာအလေ့အကျင့်ကောင်းတွေကို ဂရုတစိုက် မွေးမြူ လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် အထိရောက်ဆုံးသောနည်းလမ်းတွေထဲက တစ်ခုကတော့ အစိမ်းရောင် သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ခြင်း အလေ့အကျင့်ပင်ဖြစ်ပါတယ်။
🍀 သစ်တောရိပ်ခိုခြင်း သို့မဟုတ် သစ်တောများနဲ့ထိတွေ့ခြင်း
သစ်တောတွေကြား တောရိုင်းအပင်လေးတွေ၊ သစ်ပင်တွေရဲ့ သဘာဝအလှတရားမှာ စိတ်ကို ငြိမ်သက်စွာ စီးမျောပျော်ဝင်ခြင်းဖြင့် လူတွေရဲ့ စိတ်ကို ကုစားပေးတဲ့ သဘောတရားဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ စတင်ခဲ့တဲ့ ဒီဓလေ့ကို ပြုကျင့်ခြင်းအားဖြင့် လူ့စိတ်မှာ ဖြစ်ပေါ်တတ်တဲ့ ပူပင်သောကနဲ့ စိတ်ကျခြင်းဝေဒနာကို လျော့ကျသက်သာစေနိုင်ပါတယ်။
🍀 သစ်ပင်ပန်းမန်များစိုက်ပျိုးခြင်း
မိမိရဲ့အိမ်၊ ခြံဝင်း အတွင်းမှာ အပင်တွေစိုက်ပျိုးခြင်းကလည်း စိတ်ကို ပျော်ရွှင်အေးချမ်းစေပါတယ်။ ဒီလိုအလေ့ကျင့် ပြုကျင့်ခြင်းနဲ့ လူနေရပ်ကွက်တွေမှာ ပန်းခြံထားရှိခြင်းက လူတွေရဲ့ကျန်းမာရေးတွက် နည်းအမျိုးမျိုးနဲ့ ကူညီပေးနိုင်တယ်လို့ သုတေသန လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ ဆွိဒင်နိုင်ငံရဲ့လေ့လာချက်အရ စိတ်ပိုင်းဆိုင်ရာအားနည်းနေတဲ့ လူတစ်ယောက်ဟာ ပန်းခြံနဲ့အစိမ်းရောင်ပတ်ဝန်းကျင်မှာ အချိန်ကုန်ဆုံးခြင်းအားဖြင့် စိတ်ငြိမ်သက်လာပြီး စိတ်ဖိစီးမှုလည်း လျော့ကျသွားကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အခြားသော လေ့လာတွေ့ရှိမှုတွေမှာလည်း သစ်ပင်ပန်းမာန်တွေနဲ့ ထိတွေ့၊ နေ့ထိုင်တဲ့ ၈၀% သော လူတွေဟာ စိတ်ခွန်အားတိုးလာပြီး ၉၀% ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ စိတ်အားထက်သန်မှုတွေ မြင့်တက်လာကြောင်း ဖော်ပြထားပါတယ်။
🍀 သဘာဝပတ်ဝန်းကျင်မှာ ကိုယ်လက်လှုပ်ရှားပြုမူခြင်း
ကိုယ်လက်လှုပ်ရှားခြင်း၊ အားကစားလိုက်စားခြင်းဟာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေသလို သဘာဝတရားနဲ့ထိတွေ့လှုပ်ရှားခြင်းဟာလည်း ခန္ဓာပိုင်းသာမက စိတ်ပိုင်းဆိုင်ရာကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။ အပြင်မှာ လမ်းလျှောက်ထွက်ခြင်း၊ ပြေးခြင်း စတာတွေက လူရဲ့ ဒေါသစိတ်နဲ့ စိတ်ပင်ပန်းမှုကို လျှော့ချပေးပြီး ဝမ်းနည်းစိတ်ကိုလည်း သက်သာစေပါတယ်။ အထူးသဖြင့် တောတောင်၊ ပန်းခြံမှာ နားကျပ်မတပ်ဘဲ လမ်းလျှောက်ထွက်ခြင်းဟာ သဘာဝရဲ့ အသံများနဲ့ ပိုမိုရင်းနှီးလာစေပြီး စိတ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့ခြင်းဟာ လူတွေရဲ့ ကျန်းမာရေးကို များစွာထောက်အကူပေးနိုင်ပါတယ်။ ဒါကြောင့် သဘာဝနဲ့ လူသားတွေကို ပိုမိုနီးစပ်အောင် ပန်းခြံတွေ၊ သစ်ပင်ပန်းမန်တွေ ထားရှိ စိုက်ပျိုးဖို့ လိုအပ်ပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ တိုက်တာ အဆောက်အဦးတွေသာ ပိုမိုထူထပ်များပြားလာပြီး အစိမ်းရောင် သဘာဝနယ်မြေတွေ တစ်ဖြည်းဖြည်း ပျောက်ကွယ်လာပါတယ်။ ဒီလိုနဲ့ လူနေထူထပ်တဲ့ မြို့ပြတွေမှာ
868
Sharing is Caring Campaign Week 3
——————————————————————
🙋🏻Hello!EHS Myanmar ရဲ့ campaign week 3 ကို ရောက်ရှိလာပြန်ပါပြီ။ Sharing is Caring Campaign လေးကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မတ်လ ၂၁ ရက်နေ့မှာ ကျရောက်မယ့် “International Day of Forests” ကို ပါဝင်ဆင်နွှဲသော အနေဖြင့် ကမ္ဘာအဝှမ်း ပျက်စီးသွားတဲ့ သစ်တောနေရာတွေမှာ အစားထိုး စိုက်ပျိုးနေကြတဲ့ အဖွဲ့အစည်းတွေ၊ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ၊ အောင်မြင်မှုတွေကို မျှဝေပေးလိုသောကြောင့် ဖြစ်ပါတယ်ရှင့်။
🙋🏻ဒီအပတ်မှာ မျှဝေပေးသွားမယ့် အကြောင်းအရာလေးကတော့ သင်ပစ္စည်းတစ်ခုဝယ်ယူတိုင်း သင့်အစားသစ်ပင်စိုက်ပေးမယ့် TREECLICKs ဆိုတဲ့ shopping website ပဲဖြစ်ပါတယ်။ Online shopping ခေတ်စားလာတာနဲ့အမျှ shopping websites များလည်း မရေမတွက်နိုင်အောင် များပြားလို့လာပါတယ်။ ထို့အတွက် ဘယ်websiteမှတဆင့် ရွေးချယ်ဝယ်ယူမလဲ ဆိုတာကတော့ သုံးစွဲသူမိမိကိုယ်တိုင်ရဲ့ ရွေးချယ်မှုအပေါ်မှာသာ မူတည်ပါတယ်။ ပစ္စည်းဝယ်ယူလိုက်ရုံသာမကပဲ မိမိဘေးပတ်ဝန်းကျင်အပေါ်မှာရော အကျိုးဖြစ်စေခြင်တယ်ဆိုလျှင်တော့ ယခု မျှဝေပေးတဲ့ THREECLICKs ဆိုတဲ့ website လေးကို ရွေးချယ်သင့်ပါတယ်။
ထို website မှ တဆင့် ပစ္စည်းတစ်ခုဝယ်ယူတိုင်း သင့်အစားသစ်ပင်တစ်ပင် စိုက်ပျိုးပေးမှာဖြစ်ပါတယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသလိုပါပဲ ပစ္စည်းတစ်ခုဝယ်ယူတိုင်း အမိကမ္ဘာမြေကြီးစိမ်းလန်းစေမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနှင့်ကြည့်လျှင်လည်း အခြားwebsitesများနှင့်အတူတူပင်ဖြစ်သော်လည်း မိမိအတွက်သစ်ပင်တစ်ပင်စိုက်ပေးမှာဖြစ်လို့ ပို၍ရွေးချယ်သင့်ပါတယ်။
🙋🏻ထိုသို့ဆိုလျှင်TREECLICKs ပေါ်ပေါက်လာပုံလေးကို လည်းဝေမျှပေးခြင်ပါတယ်။ TREECLICKs websiteကို ၂၀၁၉ခုနှစ်မှာ Energy and Sustainability masterဘွဲ့ရ ကျောင်းသား Jelle Bekirovicမှ အလွန်အကျွံဝယ်ယူသုံးစွဲမှုရဲ့ ပတ်ဝန်းကျင်အပေါ်ထိခိုက်ပျက်စီးမှုများကို သိရှိလာပြီး ထိုwebsite ကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ထို့ကြောင့် သုံးစွဲသူများအားလုံးသာ ထိုwebsite မှတဆင့် ဝယ်ယူမည်ဆိုလျှင်တော့ အိုင်ယာလန်ကျွန်းလောက်ရှိတဲ့ အပင်များကို စိုက်ပျိုးနိုင် မှာဖြစ်ပါတယ်။
စာဖတ်သူတို့လည်း စဉ်းစားသုံးသပ်ရန် အချက်တစ်ချက်တိုးသွားလောက်မည်ဟု ယုံကြည်ပါသည်။ အနှစ်ချုပ်ပြောရလျှင် Sharing is caring ဆိုသကဲ့သို့ အထက်ပါအတိုင်း ပစ္စည်းဝယ်ယူလို့မဟုတ်ပဲ မိမိသဘောထားအတိုင်း စိုက်ပျိုးထားသည့် အပင်များရှိလျှင် comment မှာ မျှဝေပေးဖို့တောင်းဆိုခြင်ပါတယ်။ တစ်ဦးတစ်ယောက်မှသည် အသိုင်းအဝန်းတစ်ခုလုံးအထိ အတုယူ လိုက်ပါလုပ်ဆောင်ပါက စိမ်းလန်းသောကမ္ဘာမြေကြီး ရေရှည်တည်တံ့နေမည်မှာ မလွဲနိုင်သော အမှန်တရားပင် ဖြစ်ပါတော့သည်။
#EHSMM #ForestDay #IntlForestDay #GenerationRestoration #Campaign #TREECLICKs #ShoppingWebsite
868
🌦️🌍 Happy World Meteorological Day from EHS Myanmar! 🎉
Today, we honor the invaluable contributions of meteorology in understanding our planet's weather and climate. Join us in promoting awareness about weather-related hazards, climate change mitigation, and sustainable practices. Together, let's forecast a brighter future for our planet!
#WorldMeteorologicalDay #EHSMyanmar 🌈🌍
868
သဘာဝတရားနှင့် အစိမ်းရောင်ပတ်ဝန်းကျင်မှ ပေးစွမ်းသော ကောင်းကျိုးများ
-----------------------------------------------
EHS Myanmar | 22.3.2024
သဘာဝပတ်ဝန်းကျင်က လူသားတွေရဲ့ ကျန်းမာရေးအပေါ် ထိရောက်စွာ ကောင်းကျိုးပြုနိုင်ကြောင်း သုတေသနလေ့လာချက်တွေမှာ ထင်ရှားစွာ ထောက်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယိ့လည်း ခေတ်ရဲ့ ဖွံ့ဖြိုးလာမှုတွေနဲ့အတူ တိုးချဲ့ကျယ်ပြန့်လာတဲ့ မြို့ပြတွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ အစိမ်းရောင်မြေပြင်တွေ တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်ပါတယ်။ ဒါကြောင့် လူသားတွေရဲ့ တစ်နေ့တာမှာလည်း သဘာဝတရားနဲ့ ထိတွေမှုတွေ နည်းပါးလာပြီး ကျန်းမာရေးဆိုင်ရာ အားနည်းချက်တွေ ရှိလာတယ်ဆိုတဲ့အချက်ကိုပါ သုတေသီတွေရဲ့ ဖော်ထုတ်ချက်တွေအရ သိရှိရပါတယ်။ ဒီလို အကြောင်းအရာတွေကို လူ့ပတ်ဝန်းကျင်မှာ ပိုမိုသတိထားမိလာအောင်၊ ပိုမိုသိရှိနားလည်လာအောင်နဲ့ စိမ်းလန်းတဲ့ ပတ်ဝန်းကျင်ကို မြို့ပြတွေမှာ ပိုမိုဖန်တီးလာအောင် အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အစိမ်းရောင်သဘာဝတရားရဲ့ လူသားတွေအပေါ် အကျိုးပြုချက်အချို့ကို မျှဝေလိုက်ပါတယ်။
🍃 စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ လျော့ကျစေခြင်း
အစိမ်းရောင်သဘာဝပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ် ငြိမ်သက်ခြင်းနဲ့အတူ လန်းဆန်းတဲ့ လေ၊ ရေ၊ မြေ အနေအထားတွေဟာ လူတွေရဲ့ စိတ်အခြေနေကို ပိုမို တည်ငြိမ်လာစေပြီး စိတ်ဖိစီးမှုကိုပါ လျှော့ချပေးပါတယ်။ ဥပမာ - စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်မှာ တရားထိုင်ခြင်းအားဖြင့် ဦးနှောက်အတွင်းထဲမှာရှိတဲ့ ကော်တီဇုန်းဆဲလ်နဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေကို လျှော့ချပြီး စိတ်ငြိမ်သက်အောင် ကူညီပေးပါတယ်။
🍃 စိတ်ပိုင်းဆိုင်ရာအခြေအနေကို တိုးတက် ပျော်ရွှင်စေခြင်း
အစိမ်းရောင် သဘာဝတရားနဲ့ ထိတွေ့ခြင်းဖြင့် ဦးနှောက်ဆဲလ်အမျိုးအစားတွေဖြစ်တဲ့ စီရိုတိုမင်နဲ့ ဒိုဖာမင်ဆဲလ် ဆိုတဲ့ဟော်မုန်းတွေ တိုးမြင့်လာနိုင်ပြီး သူတို့တွေဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနဲ့ စိတ်အခြေအနေကောင်းမွန်းခြင်းကို တိုးမြင့်စေပါတယ်။
🍃 ခန္ဓာပိုင်းဆိုင်ရာ လှုပ်ရှားမှု
လူ့အဖွဲ့အစည်းနဲ့ အစိမ်းရောင်ပတ်ဝန်းကျင်တို့ရဲ့ အဓိကချိတ်ဆက်မှုဖြစ်တဲ့ စိတ်နဲ့ခန္ဓာ ကျန်းမားရေဆိုင်ရာလေ့ကျင့်ခန်းတွေကလည်း လူမှုပတ်ဝန်းကျင်ကို အကောင်းဆုံးကူညီပံ့ပိုးပေးနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီအဖွဲ့တွေရဲ့ ဖော်ပြချက်အရ ဘယ်ကျန်းမာရေးလေ့ကျင့်ခန်းတွေကိုမဆို အစိမ်းရောင်ရေမြေမှာ ပုံမှန်ပြုလုပ်ခြင်းအားဖြင့် အကောင်းဆုံးသော စိတ်နဲ့ခန္ဓာ ကျန်းမာခြင်း ဆုလာဘ်ကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရော စိတ်ပါ ကျန်းမာ၊ ပျော်ရွှင်ဖို့ဆိုတာ အစိမ်းရောင်သဘာဝတရားနဲ့ ပုံမှန်ထိတွေ့ခြင်းအားဖြင့် အကျိုးရလဒ်ကောင်းတွေ ရရှိနိုင်ကြောင်း ဖော်ပြလိုက်ပါတယ်။
ကိုးကား - khironclinics.com
ရေးသားသူ - ဖိုးကျား (EHS Myanmar)
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #naturetherapy #mentalhealth #benefitsofnature
868
💧🌍 Today, EHS Myanmar celebrates World Water Day! 🎉
Let's recognize the importance of clean water for all living beings and ecosystems. Join us in advocating for water conservation, protecting water sources, and ensuring access to safe drinking water for everyone. Together, let's work towards a future where water is valued and preserved.
#WorldWaterDay #EHSMyanmar 💦🌿
868
Wildlife Panel Discussion ကို တက်ရောက်ဖို့စာရင်းသွင်းပြီးပြီလား?🧐
—----------------------------------------------------------------------------------------
EHS Myanmar မှ မတ်လ ၂၄ရက်နေ့မှာ ကျင်းပပေးသွားမယ့် “Preserving the Paradise” Panel event လေးရဲ့ Register Deadline က မနက်ဖြန်ဖြစ်လို့ စာရင်းမပေးရသေးတဲ့ သူတွေအနေနဲ့ အောက်ကလင့်လေးမှာ ဝင်ရောက် စာရင်းပေးလို့ရပါတယ်နော်။🤗
Registration Form Link >>>>>>>>>>>>>>>>>>>>>>
https://docs.google.com/forms/d/e/1FAIpQLScFiFRILKAR7TnI9L1X0i5Z4vMQoKyeKA6KyQceWNLARsrTwQ/viewform?usp=sf_link
စာရင်းပေးထားတဲ့သူတွေအနေနဲ့လည်း Zoom Link နဲ့ Reminder email လေးကို စနေနေ့မှာ ပို့ပေးသွားမှာ ဖြစ်လို့ ဝင်ကြည့်ပေးဖို့ မမေ့ပါနဲ့နော်။ ✌️
#EHSMyanmar #WWD #Panel #NSCI
868
🌳🌍 Today, EHS Myanmar celebrates the International Day of Forests! 🎉
Let's recognize the vital role forests play in sustaining life on Earth. Join us in advocating for forest conservation, biodiversity protection, and sustainable forestry practices. Together, let's ensure our forests thrive for generations to come.
#IntlForestDay #EHSMyanmar 🌲🦉
868
သဘာဝကုထုံးများကို အသုံးပြုကာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများအား ဖြေရှင်းကြစေလိုကြောင်း နွေးထွေးစွာ တိုက်တွန်းလျက်။ ။
ရေးသားသူ - ဓနိ (EHS Myanmar)
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #naturetherapy #mentalhealth #healing #natureheals
868
တစ်ခါက စိတ်၏သဘာဝ
-----------------------------------------------
EHS Myanmar | 20.3.2024
တစ်ချိန်တစ်ခါက ကျွန်တော်တို့တစ်တွေ ဂရုမစိုက်မိခဲ့ကြသော၊ လစ်လျူရှုခဲ့ကြသော အရာများစွာ ရှိပါသည်။ ထိုအရာများထဲတွင် ကျွန်တော်တို့၏ “စိတ်”မှာလည်း တစ်ခု အပါအဝင်ဖြစ်ပေသည်။ ကျွန်တော် ငယ်စဉ်အခါ မရင့်ကျက်သေးမီ အချိန်အခါက စိတ်ပင်ပန်းမှု၊ စိတ်ဓာတ်ကျမှု နှင့် စိတ်မကြည်လင်မှုများ အထပ်ထပ် အခါခါ ကြုံတွေ့ခဲ့ရသည်။ ယခုထိလည်း ကြုံတွေ့ရဆဲဖြစ်သည်။ စာဖတ်သူများလည်း ကျွန်တော်နှင့် ထပ်တူဖြစ်လိမ့်မည်ဟု ယူဆပါသည်။ ထိုသို့ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ထပ်တလဲလဲ ကြုံတွေ့ခဲ့ရသော်လည်း ကျွန်တော်တို့တစ်တွေသည် များသောအားဖြင့် ထိုပြဿနာများကို လစ်လျူရှုမိခဲ့ကြလေသည်။ အချို့သော လူများသည် ၎င်းတို့၏ စိတ် တည်ငြိမ်ရန်၊ ပျော်ရွှင်ရန်၊ အေးချမ်းရန် ဂရုမစိုက်ခဲ့ကြ။ ဂရုစိုက်ရန်လည်း အချိန်မရကြ၊ အခွင့်အလမ်းပင်လည်း မရကြ။ ဤသို့သော အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လာပါက နောက်ဆက်တွဲအနေဖြင့် မည်သို့ ခံစား၊ ကြုံတွေ့ရသည်ကို ကျွန်တော်တို့ လူသားများ သိရှိနားလည်ပြီး ဖြစ်ပေလိမ့်မည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်၊ အေးချမ်းရန် လွန်စွာ အရေးကြီးကြောင်း၊ နေ့စဉ်ဘဝတွင် စိတ်ပျော်ရွှင်ရန် လိုအပ်ကြောင်း ကျွန်တော်တို့ သိရှိပြီး ဖြစ်သည်။ သို့သော် ယခုအချိန်ထိ လူအများစုသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ရန် မည်သို့မည်ပုံ အဘယ် နည်းလမ်းများဖြင့် ပြုစုပျိုးထောင် ကုသရမှန်း မသိသော အခြေအနေများနှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့တစ်တွေ ဤစိတ်ပိုင်းဆိုင်ရာ ပြဿနာများ လျော့နည်းသွားစေရန် နည်းလမ်းတစ်ခုတော့ လိုလေပြီ။ စာဖတ်သူများအနေဖြင့် မိမိတို့၏ စိတ်ကျန်းမာရေးကို အလေးထားစေချင်ပါသည်။ အကယ်၍ မိမိ၏ စိတ်အဆင်မပြေဖြစ်နေပါက ဖြေရှင်းကုသနိုင်မည့် နည်းလမ်းများ ရှာဖွေကြည့်ရန် တိုက်တွန်းလိုပါသည်။ စိတ်ကို ကုသရာတွင် အသုံးပြုသည့် နည်းလမ်းမျိုးစုံရှိသည့်အနက် တစ်ချိန်တစ်ခါက ကျွန်တော်၏စိတ်ကို ကုသပေးခဲ့သည့် အရာတစ်ခုကို မျှဝေလိုပါသည်။
ကျွန်တော် ဆယ်တန်းကျောင်းသားအရွယ်က ဖြစ်သည်။ မိဘများနှင့်ခွဲခွာကာ အဝေးတစ်နေရာရှိ ကျောင်းတော်ကြီးဆီ ပညာသွားသင်ရပြီ။ ကျောင်းကြီးမှာ အလွန် ခမ်းနား ပြည်စုံပါသည်။ သစ်ရိပ်ဝါးရိပ်လည်း အင်မတန်ကောင်းသည်။ သို့သော် ၁၀ တန်းကျောင်းသား ဆိုသည့်အတိုင်း တစ်နှစ်ပတ်လုံး စာနှင့်သာ လုံးပန်းနေခဲ့ရ၏။ အနိုင်ကျင့်ခံခဲ့ရသော အချိန်များလည်း ရှိသည့်အတွက် ထိုအချိန်ကာလသည် ကျွန်တော့်အတွက် စိတ်ရော၊ ကိုယ်ပါ လွန်စွာ ပင်ပန်းခဲ့ရသော နှစ်တစ်နှစ်ဟု ဆိုရပါလိမ့်မည်။ ဤသို့သော စိတ်ပင်ပန်းမှုများနှင့် ကြုံရပြီဆိုလျှင် ကျွန်တော်သည် ကျောင်းဝင်းထဲရှိ သစ်ပင်ကြီးများအောက် သွားထိုင်လေ့ရှိသည်။ ကျောင်းဝင်းထဲတွင် ပိတောက်ပင်၊ ကုက္ကိုပင်၊ မန်ကျည်းပင်စသဖြင့် အပင်ကြီးများ စုံလင်လှပေသည်။ သစ်ပင်ကြီးများ ပတ်လည်တွင် ကွပ်ပျစ်လေးများ ဆောက်ပေးထားသောကြောင့် ထိုကွပ်ပျစ်များပေါ် ထိုင်ပြီးပါက ပြန်ပင် မ,ထ ချင်တော့သည်အထိပါပဲ။ ထိုသစ်ပင်ကြီးများသည် ကျွန်တော့်အတွက် နားခိုရာ အေးချမ်းသည့် နေရာတစ်ခုကဲ့သို့ပင် ဖြစ်သည်။ ထို့အပြင် ကျောင်းစင်္ကြံပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သွားရသည်ကိုလည်း ကျွန်တော် လွန်စွာ နှစ်ခြိုက်မိပြန်သေးသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ ကျောင်းစင်္ကြံမှ အနောက်စူးစူး တစ်မျှော်တစ်ခေါ်ကို ကြည့်လိုက်ပါက ပဲခူးရိုးမကြီးကို တွေ့ရသည်။ မြောက်မှ တောင်သို့ သွယ်တမ်းလျက်ရှိသော ပဲခူးရိုးမကြီးသည် အချိန်အခါအလိုက် အရောင်များလည်း မျိုးစုံပြောင်းလဲကာ လှပနေလေ့ရှိ၏။ တိမ်တိုက်များ၊ တိမ်မျှင်တန်းများနှင့်အတူ နေမှ အရိပ်ကျကာ ရိုးမတောင်တန်ကြီးသည် နေရာကွက်ကြား စိမ်းရာမှ ဝါ၊ ဝါရာမှ တစ်ဖန် အစိမ်းရောင်သို့ အဖန်ဖန်ပြောင်းလဲနေမှုသည် ရှုမဝပင် ရှိတော့သည်။ ညနေခင်း နေဝင်ချိန်ရောက်လျှင် အလှပို၏။ စိတ်ညစ်သည့်အချိန်တိုင်း၊ စိတ်ပင်ပန်းသည့်အခါတိုင်း ကျွန်တော်သည် သဘာဝအလှများနှင့် ပြည့်စုံနေသည့် ပဲခူးရိုးမတောင်တန်းကြီးကို ကြည့်လေ့ရှိခဲ့သည်။ သဘာဝတရားသည် ကျွန်တော့်စိတ်အား ထိုအချိန်အခါကတည်းက တည်ငြိမ် အေးချမ်းရန် ထောက်ပံ့နိုင်သည့် စွမ်းဆောင်ရည်အပြည့်အဝရှိနေခဲ့သည်ဟု ဆိုရပေလိမ့်မည်။
ကျွန်တော်၏ ၁၀ တန်း ကျောင်းသား အရွယ်တွင်သာမက အတိတ်မှ အခြားသော အချိန်များကို ပြန်တွေးတောကြည့်မည်ဆိုလျှင်လည်း သဘာဝကြောင့် စိတ်ပျော်ရွှင်၊ အေးချမ်းရသည့် အချိန်အခါများ အလွန်ပင် များပြားခဲ့ပါသည်။ သို့သော် ယနေ့ခေတ်အချိန်တွင် နေရာဒေသအများအပြားတွင် သဘာဝအရင်းအမြစ်များ ယိုယွင်းပျက်စီးလျက်ရှိသည်။ တောတောင်၊ ရေမြေများသည် သဘာဝ ဖြစ်၏။ လူသားများ တစ်နည်းအားဖြင့် သက်ရှိတို့၏ စိတ်သည်လည်း သဘာဝပင် ဖြစ်၏။ သဘာဝကို သဘာဝတရားက ပြန်လည်ဖေးမနိုင်စွမ်း၊ ထောက်ပံ့နိုင်စွမ်း ရှိသည်ဟု ဆိုနိုင်၏။ ထို့သို့ အပြန်ပြန် အလှန်လှန် ကျေးဇူးပြုနေလျက်ရှိသောကြောင့် လူတို့သည်လည်း သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရင်း သဘာဝမှ ပေးသော စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ များကို ရယူသင့်၏။ စာဖတ်သူများလည်း
868
🐸🌍 Happy World Frog Day from EHS Myanmar!
🎉 Let's hop into action to celebrate these incredible amphibians and raise awareness about their importance in our ecosystems. Join us in protecting their habitats and promoting conservation efforts. Together, we can leap towards a brighter, more sustainable future for all species!
#WorldFrogDay #EHSMyanmar 🌿🐸
868
“Biodiversity is Key for More Variety” - ဇီဝမျိုးကွဲတွေအကြောင်းကိုသင်ဘယ်လောက်ထိသိပြီးပြီလဲ?
+++++++++++++++++++++++++++++++++++++++++++++
👉သင့်က သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်တတ်ပြီး သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေသူတစ်ယောက်လား?
👉ဒါမှမဟုတ် သင်က ကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်နေကြတဲ့ သက်ရှိသတ္တဝါတွေ အကြောင်းကို စိတ်ဝင်စားလို့ လေ့လာနေသူတစ်ယောက်လား?
👉ဇီဝမျိုးစုံမျိုးကွဲတွေအကြောင်းကို စတင်လေ့လာနေပြီး သူတို့အကြောင်းကို ပိုမိုလေ့လာချင်သူတစ်ယောက်လား?
ကျွန်တော်တို့ EHS Myanmar မှ စီစဉ်ဖွင့်လှစ်ပေးထားတဲ့ Biodiversity Conservation & Management Course လေးကို မိတ်ဆက်ပေးပါရစေ။
ကျွန်တော်တို့ရဲ့ BCM Course ဟာဆိုရင် Pre-recorded အတန်းဖြစ်တာကြောင့် ကြိုတင် recorded လုပ်ထားတဲ့ video တွေကို အချိန်မရွေး နေရာမရွေး အဆင်ပြေတဲ့ အချိန်လေ့လာနိုင်တဲ့ အတွက်ကြောင့် လုပ်ငန်းခွင်ဝင်နေသူများ သာမက ခုမှစတင်လေ့လာမည့်ကျောင်းသားကျောင်းသူများပါ တက်ရောက်နိုင်ပါတယ်။
#ဘာတွေသင်ရမှာလဲ?
- Concept of Biodiversity and Ecosystem
- Context for Biodiversity Conservation
- Monitoring of Biodiversity and Ecosystem
- Biodiversity and its conservation Methods
- Management of Biodiversity and Ecosystems,
အစရှိတာတွေကို သင်ကြားရမှာဖြစ်ပြီး သင်တန်းပြီးသွားတဲ့အခါမှာ Biodiversity နဲ့ Ecosystem ရဲ့ သဘောတရားတွေကို သေချာနားလည်လာမှာဖြစ်ပြီး ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးအကြောင်းကိုလည်း ပိုမိုနားလည်လာမှာ ဖြစ်ပါတယ်။
#ဘယ်သူသင်မှာလဲ?
သင်ကြားပေးမယ့် ဆရာမကတော့ ဇီဝမျိုးကွဲတွေအကြောင်းကို အနှစ်နှစ်အလလလေ့လာထားပြီး ယခုလက်ရှိလည်း လေ့လာနေဆဲဖြစ်တဲ့ ပညာရပ်တွေကို Biodiversity And Nature Conservation Association (BANCA) မှ ဆရာမ ဒေါက်တာသီရိဒေဝီအောင်က Course Material (Lecture video, Lecture slides, ebooks, quiz,etc) ဖြင့်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။
#သင်တန်းကြေးနဲ့သင်တန်းကြာချိန်?
သင်တန်းကြေးကတော့ မြန်မာငွေ (၃၂ ၀၀၀/-) ကျပ်သာ ကျသင့်မှာဖြစ်ပြီး EHS Myanmar ရဲ့ Alumni တွေကတော့ 10% လျှော့ဈေးရရှိမှာပဲ ဖြစ်ပါတယ်။ သင်ခန်းစာ ဗီဒီယိုတွေက စုစုပေါင်း (မိနစ် ၅၇၀) ကြာမြင့်မှာဖြစ်ပြီး ကိုယ်အဆင်ပြေတဲ့အချိန်မှာ ကြိုက်တဲ့နေရာမှာ ဖုန်းတစ်လုံးရှိရုံနဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။
#သင်တန်းရဲ့ထူးခြားချက်တွေကဘာတွေလဲ?
ကျွန်တော်တို့ BCM Course ဟာဆိုရင် အခြား recorded class တွေနဲ့ မတူညီတဲ့အချက်ကတော့ သင်တန်းသားတွေအနေနဲ့ စာလေ့လာရာမှာ အဆင်ပြေစေဖို့အတွက် Lecturer - Student Live Discussion Session ကို ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းသားတွေ ကိုယ်တိုင်ပိုမို လေ့လာနိုင်ဖို့အတွက်လဲ Biodiversity နဲ့ ပတ်သတ်တဲ့ eBooks PDF File တွေကို အလွယ်တကူ Download ပြုလုပ်နိုင်အောင်လည်း Google Classroom နဲ့ စီစဉ်ပေးထားပါသေးတယ်။ ထို့အပြင် ဆရာမနဲ့အခြားကျောင်းသား တွေနဲ့အတူ Telegram Group ထဲမှာလဲ ဆွေးနွေးလို့ရပါသေးတယ်နော်။
#Certificate ပေးမှာလား?
Assessment ပြည့်မှီတဲ့ သင်တန်းသားတွေ အနေနဲ့လည်း Certificate ကိုရရှိနိုင်မှာလည်း ဖြစ်ပါတယ်။
Registration Form >>> https://forms.gle/P6Yvbsx4r7fahcKs8
အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09770501186 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Learn more at www.ehsmyanmar.org
#EHSMyanmar #biodiversity #conservation #ecosystem #management #onlinecourse #recorded
