EHS Myanmar
前往频道在 Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
显示更多934
订阅者
无数据24 小时
+47 天
+730 天
帖子存档
934
Answer Quiz and Get Discount Week-3🔎
-----------------------------------------------------
တတိယအပတ်အတွက် ဖြေဆိုရမယ့် မေးခွန်းလေးကိုတော့ ပုံမှာဖော်ပြထားပါတယ်။ အဖြေကို Comment မှာ ဖြေဆိုခဲ့ရမှာ ဖြစ်ပြီး အင်္ဂါနေ့ ည ၈နာရီထိ ဖြေလို့ရပါတယ်ရှင့်။ အဖြေမှန်ကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည်တင်ပေးသွားမှာ ဖြစ်ပါတယ်။
အဖြေမှန်သူများကို Email မှတဆင့် ၇ရက်အတွင်း discount coupon များပေးပို့သွားမှာ ဖြစ်ပါတယ်ရှင့်။
လျော့ဈေးပေးထားတဲ့ အတန်းအသေးစိတ်ကိုတော့ အောက်မှာလေ့လာနိုင်ပါတယ်နော်။
👇👇👇
https://www.facebook.com/ehsmyanmar/posts/pfbid0REqn6G67B6rrmzrra1fUM1CXSudZAiTLE8aX3poFK9HXb5Eai7t5fzg9M5R8FYvxl
Sharing is Caring ဖြစ်လို့ အခြားသူတွေလည်း သိအောင် Share ပေးသွားအုံးနော်။🤗
#EHSMyanmar #WorldWetlandsDay2024 #Quiz #Week3
934
“Eco-Warriors Unite : Empowering Youths for Environmental Action” Podcast Available Now on EHS Myanmar
—--------------------------------------------------------------------------------------------------------
Eco-Warriors Unite podcast မှာ ဆိုရင် သဘာဝပတ်ဝန်းကျင်နယ်ပယ်ထဲကို အခုမှစတင် ခြေလှမ်းမယ့် လူငယ်တွေ အတွက် အကြံဉာဏ်ကောင်းတွေ၊ ကြုံတွေ့လာရမယ့် အခက်အခဲတွေကို ရင်ဆိုင်နိုင်နည်းတွေကို အတွေ့အကြုံရှိ ဆရာနှင့်အတူ ဆွေးနွေးထားတာဖြစ်လို့ နားထောင်သင့်တဲ့ podcast တစ်ခုပဲဖြစ်ပါတယ်။
Podcast လေးဟာ ကြာချိန်ဘယ်လောက်မှမရှိလို့ လူငယ်တွေကော လူကြီးတွေအနေနဲ့ကော ကိုယ်ပိုင် အားလပ်ချိန်တွေမှာ ဝင်ရောက်နားထောင်ဖို့လဲ တိုက်တွန်းလိုက်ရပါတယ်နော်။
အခု Podcast ကိုတော့ EHS Myanmar ရဲ့ Official Website ဖြစ်တဲ့ www.ehsmyanmar.org မှာ နားဆင်နိုင်သလို့ Spotify, Apple Podcast, Google Podcast, Anchor FM, Aamzon Music, Pocket Casts, Radio Public စသည့် Podcast Platform တော်တော်များများမှာ နားဆင်လို့ရနေပါပြီပဲ ဖြစ်ပါတယ်။
Website - https://www.ehsmyanmar.org/podcast-1
Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq
Apple Podcast - https://podcasts.apple.com/.../ehs.../id1554795854...
Google Podcast - https://www.google.com/podcasts?feed=aHR0cHM6Ly9hbmNob3IuZm0vcy80ZGIyM2M2NC9wb2RjYXN0L3Jzcw==
Amazon Music - https://music.amazon.com/.../c7d725f7-4521-4fec-9886...
---------------------------------------------
Don't forget to join our Telegram Channel -
https://t.me/ehsmyanmar
#EHSMyanmar #podcast #sustainable #environmental #youthempowerment #Myanmar
934
Green Credit Webinar မှာ ဖိတ်ကြားထားတဲ့ Speaker က ဘယ်သူဖြစ်မလဲ 🧐
--------------------------------------------------------------------
Guest Speaker အဖြစ်ဖိတ်ကြားထားတဲ့ဆရာမကတော့ အစိုးရဌာနများ၊ UN များ၊ INGO များနှင့် အခြား ပုဂ္ဂလိကကဏ္ဍများတွင် ၂၇နှစ်ကျော်အတွေ့အကြုံရှိသည့် ဆရာမ “ချမ်းမြသီတာကျော်” ဖြစ်ပါတယ်ဗျ။ 🥰
ဆရာမဟာဆိုရင်ဖြင့် Awng Dang Awng Co., Ltd. ရဲ့ Director တစ်ဉီးဖြစ်ပြီး မြန်မာနိုင်ငံတွင် Carbon Emission Project ကိုလုပ်ဆောင်နေသူတစ်ဉီးဖြစ်ပါတယ်။ ထို့အပြင်ဆရာမသည် Myanmar State Action Plan (SAP) on Aviation CO2 Emission Reduction Activities to ICAO, G100 WEF WICCI Worldwide, Myanmar Climate Action Network (M-CAN) by UN-Habitat and EU, Myanmar Sustainable Business Network by UNDP, MCRB & Yever, Nationally Determined Contributions (NDCs) to UNFCCC, National Greenhouse Gas Inventory & Mitigation Option for Second National Communications (SNCs) to UNFCCC စသောအဖွဲ့အစည်းများ၏ အဖွဲ့ဝင်တစ်ဉီးဖြစ်ပြီး Vulnerability & Adaptation (V&A) for SNCs to UNFCCC ရဲ့ 'National Member' တစ်ဉီးလည်းဖြစ်ပါတယ်။ ဒါတွေမကသေးပါဖူး Win Oshe Safety Academy နှင့် Myanmar World Safety Organizationတွင် Certified Instructor and Credential Inspector တစ်ဦးအဖြစ်လည်း လုပ်ဆောင်နေပါတယ်ဗျ။
ဆရာမဟာဆိုရင်ဖြင့် မြန်မာနိုင်ငံမှာ Carbon Credit နဲ့ Plastics Credit တို့ကို စတင်အကောင်အထည်ဖော် လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ လူသိနည်းသေးတဲ့ Carbon Credit, Plastic Credit တွေရဲ့အကြောင်းကို အတွေ့အကြုံရှိတဲ့ ဆရာမက Knowledge Sharing လုပ်ပေးမှာဖြစ်တဲ့အတွက် အခုပဲ Register လုပ်ထားလိုက်ပါနော်။🤗
Registration Form Link>>>>>>>>>>>>>>>>
https://docs.google.com/.../1FAIpQLSdz0osPUMq.../viewform...
#EHSMyanmar #CarbonCredit #GreenCredit #Webinar #GreenFuture
934
📣အသိပေးကြေငြာခြင်း📣
----------------------------------
🎯ကျွန်မတို့ EHS Myanmar Team Member များ၏ Email Hosting (@ehsmyanmar.org) ပြင်ဆင်ပြောင်းလဲမှုများပြုလုပ်လျက်ရှိပါသည်။
🎯ထို့အတွက်ကြောင့် EHS Myanmar Team Member များ ၏ Personal Email အဝင်အထွက်များကို (၁၀) ရက်နီးပါး (ဖေဖော်ဝါရီလ ၂ရက်နေ့အထိ) အသုံးပြုလို့ရနိုင်မဟုတ်သေးသည့်အတွက် အလုပ်နှင့်ဆိုင်သည့်ကိစ္စရပ်များရှိပါက EHS Myanmar ၏ main email "myanmarehs@gmail.com" သို့ဆက်သွယ်နိုင်ပါကြောင်းအသိပေးအပ်ပါသည်။
အဆင်မပြေမှုများရှိခဲ့သည့်အတွက်တောင်းပန်အပ်ပါသည်ရှင့် 🥰🙏
#EHSMyanmar #announcement #Email
934
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ရေနေအပင်များ၏အရေးပါသော အခန်းကဏ္ဍ
-----------------------------------------------
EHS Myanmar | 20.2.2024
ကျွန်တော်တို့ရဲ့ ရေအောက်ဂေဟစနစ်မှာ မထင်ရှားပေမယ့် အရေးပါတဲ့ သူရဲကောင်းတွေဖြစ်ကြတဲ့ ရေနေအပင်တွေအကြောင်း လေ့လာကြရအောင်!
ရေအောက်က အံ့ဖွယ်အလှတရားတွေဖြစ်တဲ့ ရေနေအပင်လေးတွေဟာ ရေအောက်ဂေဟစနစ် ရေရှည်တည်တံ့ဖို့ ထိန်းသိမ်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာ သင်သိပါသလား?
🪷 ရေနေအပင်လေးတွေဟာ ရေထုအတွင်းက ဖော်ဖစရပ်စ် (phosphorus) နဲ့ နိုက်ထရိုဂျင် (nitrogen) လို မလိုလားအပ်တဲ့ ပိုလျှံအာဟာရဓာတ်တွေကို စုပ်ယူဖယ်ရှားပေးပြီး အောက်ဆီဂျင် (oxygen) ပါဝင်နှုန်းကိုလည်း မြှင့်တင်စေကာ ရေထုရဲ့ သဘာဝရေသန့်စက်တွေအဖြစ် ဆောင်ရွက်ပေးပါတယ်။
🪷 ရေထုအတွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ကို စုပ်ယူပြီး ကမ္ဘာကြီးပူနွေးလာမှုကို လျော့ပါးသက်သာစေဖို့ ကာဗွန်စုပ်စင်တွေအဖြစ်လည်း လုပ်ဆောင်သေးတယ်။
🪷 ဒီရေအောက်အံ့ဖွယ်တွေက ပတ်ဝန်းကျင်ကို လှပစေရုံတင်မက ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာလည်း မရှိမဖြစ်လိုအပ်တယ်ဆိုတာကို မေ့ထားလို့ မရဘူးနော်။
ဒါကြောင့် ယနေ့ခေတ်ကမ္ဘာကြီးမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ ရာသီဥတုပြောင်းလဲမှု ကိစ္စရပ်တွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ရေနေအပင်လေးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို သိရှိနားလည်ပြီး တန်ဖိုးထားဖို့ လိုအပ်ပါတယ်။
ရေနေအပင်တချို့ကိုပါ နမူနာအနေနဲ့ လေ့လာကြည့်ရအောင်!
🌱 ဗေဒါပင် - Water Hyacinth (Eichhornia crassipes)
ရေဖော့အပင်အမျိုးအစားဖြစ်တဲ့ ဗေဒါပင်ခရမ်းရောင်လေးတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလွယ်တကူမြင်တွေ့ရပါတယ်။ ဒါပေမယ့် လျင်မြန်စွာ မျိုးပွားနိုင်စွမ်းရှိသောကြောင့် စနစ်တကျ မစီမံဘူးဆိုရင် ဂေဟဗေဒဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာကိုတော့ သတိပြုဖို့ လိုပါတယ်။ ဗေဒါပင်လေးတွေဟာ ရေထုကို အရိပ်ပေးပြီး အလင်းရောင်ဝင်ရောက်မှုကို လျှော့ချပေးတာကြောင့် ရေညှိကြီးထွားမှုကို တားဆီးပေးပါတယ်။
🌱 ရေမှော် - Hornwort (Ceratophyllum demersum)
ဖြာထွက်နေတဲ့ ရိုးတံတွေနဲ့ အစိမ်းရောင်အရွက်ထူထူတွေရှိတဲ့ ရေမြုတ်ပင်တစ်မျိုးဖြစ်ပြီး ငါးတွေနဲ့ ကျောရိုးမဲ့သတ္တဝါတွေအတွက် အကာအကွယ်အဖြစ် ဆောင်ရွက်ပေးပါတယ်။ ပိုလျှံနေတဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်တာကြောင့် ရေညှိတွေ ပွားလာတာကို ထိန်းချုပ်ပေးပါတယ်။
🌱 ကျူပင်များ - Reed (Phragmites australis)
ရှည်လျားပြီး ငှက်မွှေးလို ပန်းခိုင်တွေရှိတဲ့ ထီးတည်းထွက်ပင်အမျိုးအစား ကျူပင်တွေဟာ ငှက်တွေအတွက် အသိုက်ပြုလုပ်ဖို့နဲ့ ရေနေသတ္တဝါလေးတွေအတွက် ခိုလှုံရာ နေရာ ဖြစ်ပါတယ်။ သူတို့ရဲ့ နက်ရှိုင်းတဲ့အမြစ်တွေက ကမ်းစပ်တွေကို တည်ငြိမ်စေပြီး ရေတိုက်စားခြင်းကို တားဆီးပေးပါတယ်။
စိမ်းလန်းသာယာပြီး ကျန်းမာသန်စွမ်းတဲ့ ကမ္ဘာမြေဖြစ်ဖို့အတွက် ရေနေအပင်လေးတွေ နေထိုင်ရာပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းဖို့ အရေးကြီးကြောင်း အသိပညာပေးကြပါစို့။ 🌿💙
ရေးသားသူ - မာရီယာ (EHS Myanmar)
ကိုးကား - energy5.com
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #AquaticPlants #underwaterplants #aquaticecosystem
934
Hello Hello!!!🙋♀️🙋♀️
အခု EHS Myanmar ကနေ အားလုံးကို ဗဟုသုတရစေပြီး စိတ်၀င်စားစရာကောင်းတဲ့ Creditတွေအကြောင်းကိုပြောပြပေးသွားမယ့် “Green Future Credit” webinarလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
“Green Future Credit” ဆိုတော့ ဘာလေးတွေဖြစ်မယ်လို့ တွေးမိကြလဲ ??
အဖြေမှန်ကတော့ Carbon Credits နဲ့ Plastic Credits တွေပဲဖြစ်ပါတယ်။
ဒီ creditတွေကို သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးကိုထိထိရောက်ရောက်ထိန်းချုပ်နိုင်ပြီး လုပ်ငန်းရှင်တွေအတွက်အရေးပါတဲ့ creditတွေဖြစ်တာကြောင့် ဖွံဖြိုးပြီးနိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီဖြစ်ပါတယ်။
ဆိုတော့ ဒီ Green Future Creditတွေက ဘယ်လိုပုံစံလည်ပတ်နေလဲ? ဘာကြောင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအတွက်လိုအပ်တာလဲ? လုပ်ငန်းရှင်တွေစီးပွားရေးပညာရှင်တွေကိုကောဘယ်လိုမျိုး အထောက်အကူပြုနေလဲ? အစရှိတဲ့ မေးခွန်းအစားစားကို ဒီwebinar လေးကနေပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
Speaker အနေနဲ့ carbon, plastic, e-waste စတဲ့ credit နယ်ပယ်မှာ ဆယ်စုနှစ်နီးပါးအတွေ့အကြုံရှိပြီး မြန်မာနိုင်ငံမှာ Green Credit ကို အကောင်အထည်ဖော်နေတဲ့ ဆရာမကို ဖိတ်ကြားထားတာမလို့ Credit တွေအကြောင်းကို စုံစုံလင်လင်သိရမှာပဲ ဖြစ်ပါတယ်ဗျ။
Webinar ကို ရက်ထပ်နှစ်လည်းဖြစ် လရဲ့နောက်ဆုံးရက်လည်းဖြစ်တဲ့ February 29th 2024 (Thursday)၊ 8:00 to 9:00 PMမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ရုံးသမား၊ ကျောင်းသမားတွေအတွက်ပါ အဆင်ပြေစေမယ့် အချိန်လေး စဉ်းစားပေးထားလို့ လာရောက်နားထောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လက်မလွှတ်သင့်တဲ့ webinar လေးဖြစ်တဲ့အတွက်ကြောင့် အခုပဲ ပန်းကန်လုံးစီးပြီး register ဖို့တိုက်တွန်းလိုက်ပါတယ်ဗျ။
Registration Form Link >>>>>>>>>
https://docs.google.com/forms/d/e/1FAIpQLSdz0osPUMqQ7VpJSCQ9zzXld1-xQm79ldKbbof25LiLxYDwdg/viewform?usp=sf_link
From ရဲ့ နောက်ဆုံးမှာ Zoom Link ကို တစ်ခါတည်း ထည့်ပေးထားလို့ Screenshot ရိုက်သွားဖို့ မမေ့နဲ့နော်🤗
#EHSMyanmar #CarbonCredits #PlasticsCredits #Webinar #GreenFuture
934
ရေနေအပင်များသည် ငါးများ၊ ကျောရိုးမဲ့သတ္တဝါများ၊ ကုန်းနေရေနေသတ္တဝါများနှင့် တွားသွားသတ္တဝါများအပါအဝင် အဏုဇီဝသက်ရှိများအတွက် အမိုးအကာများ ဖန်တီးပေးကာ မျိုးပွားရန်နှင့် ငါးပေါက်လေးများအတွက် ငါးအကြီးများရန်မှ ပုန်းအောင်းကာကွယ်နိုင်ရန် ကူညီပေးသည်။ ထို့အပြင် ရေနေမျိုးစိတ်များစွာအတွက် အရေးကြီးသော အစားအစာအရင်းအမြစ်များအဖြစ် အသီးအနှံများ၊ အစေ့များနှင့် ဝတ်မှုန်များကို ထုတ်ပေးပါသည်။
(၄) ငါးအပါအဝင် အခြားသောတိရစ္ဆာန်များနှင့် ရေနေအပင်လေးများအကြား မှီခိုဆက်စပ်မှု
အချို့သောငါးမျိုးစိတ်များသည် ရေနေအပင်မျိုးစေ့များ ရေအောက်အနှံ့ ပျံ့နှံ့သွားစေရန် ဖြန့်ကြက်ရာတွင် အထောက်အကူဖြစ်စေသည်။ အပင်များကို ငါးများက စားသုံးသောအခါတွင်လည်း အစေ့များသည် ကြေညက်သွားခြင်းမရှိသည့်အတွက် အခြားသောနေရာအသစ်များတွင် အစာစွန့်ပစ်ခြင်းမှတစ်ဆင့် အပင်များတိုးပွားလာသည်။ ငါးများ အထူးသဖြင့် မျိုးပွားနိုင်သောမျိုးစိတ်များသည် ရေနေအပင်များအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ပါဝင်သည့် စွန့်ပစ်ပစ္စည်းများကို စွန့်ထုတ်ခြင်းဖြင့် ရေနေအပင်များကြီးထွားမှုကို လှုံ့ဆော်ပေးသည်။ ဤအာဟာရဓာတ်များသည် အပင်များ၏ ကြီးထွားမှုနှင့် ရှင်သန်မှုကို မြှင့်တင်ပေးသည့် သဘာဝမြေသြဇာအဖြစ် လုပ်ဆောင်သည်။ တီလားပီးယားနှင့် မြက်စားငါးကြင်းမျိုးစိတ်ကဲ့သို့သော ငါးများသည် ပိုလျှံနေသော ရေညှိများကို စားသုံးခြင်းဖြင့် ရေညှိများ အလွန်အကျွံ ပွားများလာခြင်းကို ကာကွယ်ပေးသည်။ ၎င်းတို့သည် ရေနေအပင်များအတွက် အန္တရာယ်စေသည့် ရေညှိများ လွန်ကဲစွာထူထဲလာခြင်းအား ဟန့်တားပေးသည်။
🍀 အခြားတိရစ္ဆာန်များအပေါ် သက်ရောက်မှု
ရေနေအပင်များသည် ငါးမျိုးစိတ်များအတွက်သာမက အခြားသော သက်ရှိတိရစ္ဆာန်မျိုးစိတ်အမျိုးမျိုးအတွက်လည်း အထောက်အပံ့ကောင်းဖြစ်စေသည်။ ဘဲ နှင့် ရေကြက်ကဲ့သို့သော မျိုးစိတ်များသည် အစာနှင့် အသိုက်အတွက် ရေနေအပင်များကို မှီခိုအားထားကြသည်။ ရေနေအပင်များသည် ရေကြက်လေးများ ဘေးကင်းလုံခြုံစွာ ရှင်သန်နိုင်ရန်အတွက် အကာအကွယ် အထောက်အပံ့ ဖြစ်စေသည်။ ထို့အပြင် ပုစဉ်းနှင့် ယင်ကောင်များ အပါအဝင် အင်းဆက်အမျိုးမျိုး ရှင်သန်ပေါက်ဖွားရေးတွင် ရေနေအပင်များသည် မရှိမဖြစ်လိုအပ်သော စားကျက်နေရာများ ဖြစ်သည်။ တစ်ဖန် ဤအင်းဆက်များသည် ငှက်များ၊ လင်းနို့များနှင့် အခြားတောရိုင်းတိရစ္ဆာန်မျိုးစိတ်များစွာအတွက် အရေးပါသော အစာအရင်းအမြစ်တစ်ခုဖြစ်သည်။ ရေနေအပင်များသည် တွားသွားသတ္တဝါများနှင့် ကုန်းနေရေနေသတ္တဝါများ အများအပြားနေထိုင်ရာနေရာများ ဖြစ်သည့်အလျောက် ၎င်းတို့သည် ရေနေအပင်များအကြား ရှင်သန်နေထိုင်ရန် အသိုက်အဝန်း၊ သားပေါက်ရန်နေရာနှင့် အစာအရင်းအမြစ်များ ရှာဖွေကြရသည်။
ရေနေအပင်များသည် ငါးနှင့် အခြားသက်ရှိမျိုးစိတ်များအတွက် အရေးပါသောကြောင့် ၎င်းတို့အား ထိန်းသိမ်းစောင့်ရှောက်ရန် မရှိမဖြစ်လိုအပ်လှပေသည်။ ထို့ကြောင့် ရေနေအပင်များရှင်သန်ရာနေရာဒေသများ ပျက်စီးမှု နည်းပါးစေခြင်း၊ ညစ်ညမ်းမှု လျှော့ချခြင်းနှင့် ရေရှည်တည်တံ့သော ငါးဖမ်းခြင်းအလေ့အကျင့်များကို မြှင့်တင်ခြင်းကဲ့သို့သော ရေနေအပင်လေးများအား ထိန်းသိမ်းစောက်ရှောက်ခြင်းဆိုင်ရာ အစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်သင့်သည်။ ကျူးကျော်မျိုးစိတ်များ ဝင်ရောက်လာခြင်းသည်လည်း မူရင်းရေနေအပင်များ ရှင်သန်ရေးအတွက် ခြိမ်းခြောက်မှုဖြစ်သည့်အတွက် ထိုပြဿနာအား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။ ကျူးကျော်မျိုးစိတ်များ ဝင်ရောက်လာခြင်းကို တားဆီးရန်နှင့် ၎င်းမျိုးစိတ်များ တိုးပွားလာခြင်းအား ထိန်းချုပ်ခြင်းသည် ရေအောက်ဂေဟစနစ် ဟန်ချက်ညီစွာ ရေရှည်တည်တံ့ရေးအတွက် အရေးကြီးသော လုပ်ဆောင်ချက်ဖြစ်သည်။ ပျက်စီးသွားသော စိမ့်မြေဒေသများကို ပြန်လည်အသက်သွင်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသည် ရေနေအပင်များအတွက်သာမက ငါးနှင့် အခြားတိရစ္ဆာန်မျိုးစိတ်များအတွက် မရှိမဖြစ်လိုအပ်သော နေထိုင်ရာနေရာများ ဖန်တီးပေးနိုင်သည်။
ငါး၊ တိရစ္ဆာန်နှင့် ရေနေအပင်များကြား ဆက်စပ်မှုသည် အပြန်အလှန် အညီအမျှ မှီခိုမှုတစ်ခုဖြစ်သည်။ ရေနေအပင်လေးများအား ထိန်းသိမ်းကာကွယ်ခြင်းသည် ရေရှည်တည်တံ့သော ဂေဟစနစ်တစ်ခု ဖြစ်ပေါ်စေရန် ကူညီထောက်ပံ့ပေးခြင်းဖြစ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ရေနေအပင်လေးများ၏ တန်ဖိုးကို နားလည်ကာ အနာဂတ်မျိုးဆက်များအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်လှပေသည်။
ရေးသားသူ - မာရီယာ (EHS Myanmar)
ကိုးကား - energy5.com
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #AquaticPlants #underwaterplants #AquaticEcosystem
934
ဂေဟစနစ်ရှိ ရေနေအပင်များ၏ အစားထိုးမရနိုင်သော တန်ဖိုး
-----------------------------------------------
EHS Myanmar | 18.2.2024
ရေနေအပင်များသည် ကျွန်ုပ်တို့နေထိုင်ရာ ပတ်ဝန်းကျင်ရှိ အင်းအိုင်များ၊ ရေကန်များ၊ မြစ်များနှင့် စိမ့်မြေအရပ်များအပြင် ပင်လယ်၊ သမုဒ္ဒရာကဲ့သို့သော ရေထုအမျိုးမျိုးတွင် ရှင်သန်နိုင်သည့် အပင်များဖြစ်သည်။ ဤအပင်များသည် ရေမြုတ်ပင်၊ ရေဖော့ပင်၊ ထီးတည်းထွက်ပင် စသဖြင့် ပုံစံအမျိုးမျိုးဖြင့် ပေါက်ရောက်ကြပြီး ကျွန်ုပ်တို့ ဂေဟစနစ်အတွက် အလွန်အရေးပါသော ဇာတ်လိုက်များဖြစ်သည်။ ရေနေအပင်လေးများသည် ရေထုအရည်အသွေးကို ထိန်းသိမ်းရန်နှင့် ရေအောက်ဂေဟစနစ် ဟန်ချက်ညီအောင် ထိန်းသိမ်းရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဤထူးခြားသောသက်ရှိများသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန်များကို လှပစေရုံသာမက
(၁) အာဟာရစက်ဝန်း (Nutrient Cycling) နှင့် ရေသန့်စင်ခြင်း (Water Purification) ကိုအထောက်အကူပြုခြင်း
(၂) အောက်ဆီဂျင်ထုတ်လွှတ်မှုမှတစ်ဆင့် ဂေဟစနစ်ကို ဟန်ချက်ညီစေခြင်း
(၃) ဇီဝမျိုးစုံမျိုးကွဲများ၏ ရှင်သန်ကျက်စားရာ နေရာများကို ထိန်းသိမ်းပေးခြင်း
(၄) ငါးအပါအဝင် အခြားသောတိရစ္ဆာန်များနှင့် ရေနေအပင်လေးများအကြား မှီခိုဆက်စပ်မှုကိုအထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးများ ဖြစ်ပေါ်စေပါသည်။
(၁) အာဟာရစက်ဝန်းနှင့် ရေသန့်စင်ခြင်း
ရေနေအပင်များ၏ အဓိက အကျိုးကျေးဇူးများထဲမှ တစ်ခုမှာ အာဟာရစက်ဝန်းကို လွယ်ကူချောမွေ့စေနိုင်သော ၎င်းတို့၏ အစွမ်းသတ္တိဖြစ်သည်။ ဇီဝဗေဒဆိုင်ရာ လုပ်ငန်းစဉ်အမျိုးမျိုးဖြင့် ၎င်းတို့သည် အာဟာရများကို စုပ်ယူ၊ ဖြိုခွဲ၍ ရေထဲသို့ ပြန်လည်ထုတ်လွှတ်ကာ ရေကို သန့်ရှင်းအောင် ထိန်းသိမ်းပေးသည့် သဘာဝစက်ဝန်းကို ဖန်တီးပေးသည်။ ဤအာဟာရစက်ဝန်းသည် ရေအရည်အသွေးကို ထိန်းသိမ်းရန် ကူညီပေးပြီး အာဟာရဓာတ်များ လွန်ကဲစွာ စုပုံခြင်းကို တားဆီးပေးသည်။ အာဟာရညစ်ညမ်းမှုကို လျှော့ချခြင်းဖြင့် ရေနေအပင်များသည် ရေအောက်ဂေဟစနစ်ကို အထောက်အကူပြုသည်။
နီးစပ်ရာ စိုက်ပျိုးရေးလုပ်ငန်း၊ ရေဆိုးစွန့်ထုတ်ခြင်းစနစ်များကြောင့် နိုက်ထရိုဂျင် (nitrogen) နှင့် ဖော့စဖရပ် (phosphorus) ကဲ့သို့သော မလိုလားအပ်သည့် ဓာတ်များ ရေထုထဲဝင်ရောက်မှု လွန်ကဲလာပါက အန္တရာယ်ရှိသော ရေညှိပင်များ ပွင့်လာခြင်းနှင့်အတူ ရေအရည်အသွေးပါ ကျဆင်းလာနိုင်သည်။ ထိုအခါ ရေနေအပင်များသည် သဘာဝအလျောက် filtration system (စစ်ထုတ်သည့်စနစ်) ကို လုပ်ဆောင်နိုင်စွမ်းရှိသည့်အလျောက် အဆိုပါ အာဟာရဓာတ်များကို စုပ်ယူပေးခြင်းဖြင့် ရေထုအတွင်းညစ်ညမ်းမှုပြဿနာများကို လျော့ပါးစေသည်။
Phytoremediation လုပ်ငန်းစဉ်အားဖြင့် ရေနေအပင်များသည် ရေထုအတွင်းရှိ လွန်ကဲနေသောဓာတ်ပမာဏကို ထိရောက်စွာ လျှော့ချပေးနိုင်သည်။ ၎င်းတို့၏ အမြစ်များနှင့် ဇီဝဖြစ်စဉ်များမှတစ်ဆင့် ထိုအာဟာရဓာတ်များကို စုပ်ယူကာ ၎င်းတို့၏ တစ်ရှူးများတွင် သိမ်းဆည်းပေးထားသည်။ ထိိုနည်းအားဖြင့် ရေညှိများနှင့် အခြားသော မလိုလားအပ်သည့် ဇီဝသက်ရှိများ ကြီးထွားမှုအတွက် အာဟာရရရှိနိုင်မှုကို ကန့်သတ်ရုံသာမက ရေထဲတွင် ပိုလျှံသော အာဟာရဓာတ်များ စုပုံလာခြင်းကိုလည်း တားဆီးပေးသည်။ ထို့အပြင် ရေနေအပင်များ သဘာဝအတိုင်း ဆွေးမြေ့သောအခါ အာဟာရဓာတ်များကို ရေထဲသို့ ပြန်လည်ထုတ်လွှတ်သည်။
ဤစဉ်ဆက်မပြတ် စုပ်ယူမှုနှင့် ထုတ်လွှတ်မှု စက်ဝန်းသည် ကျန်းမာသော ရေအောက်ဂေဟစနစ်အတွက် လိုအပ်သော အာဟာရမျှတမှုကို ထိန်းသိမ်းရန် ကူညီပေးသည်။ ထို့အပြင် ရေနေအပင်များသည် ရေထဲမှ ပိုလျှံနေသော အနည်အနှစ်များနှင့် အော်ဂဲနစ်ပစ္စည်းများကို ဖယ်ရှားရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ၎င်းတို့၏ အမြစ်စနစ်များသည် ရေအောက်အလွှာများကို တည်ငြိမ်စေပြီး တိုက်စားမှုကို လျှော့ချပေးကာ နုန်းနှင့် အနည်အနှစ်များကို အနည်ထိုင်စေပါသည်။ ရလဒ်အနေဖြင့် ရေသည် ပိုမိုကြည်လင်လာကာ ရေနေသတ္တဝါများအတွက် ပိုမိုသင့်လျော်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။
(၂) အောက်ဆီဂျင်ထုတ်လွှတ်မှုမှတစ်ဆင့် ဂေဟစနစ်ကို ဟန်ချက်ညီစေခြင်း
ရေနေအပင်များ၏ အရေးအကြီးဆုံး အခန်းကဏ္ဍတစ်ခုမှာ အစားချက်ခြင်းလုပ်ငန်းမှတစ်ဆင့် အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုဖြစ်သည်။ ကုန်းနေအပင်များကဲ့သို့ပင် ၎င်းတို့သည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ဤလုပ်ငန်းစဉ်အတွင်း ထုတ်ပေးသည်။ ရေနေအပင်များသည် ကမ္ဘာပေါ်ရှိ အောက်ဆီဂျင်ထုတ်လုပ်မှု စုစုပေါင်း၏ 70% ကျော်ကို ပံ့ပိုးပေးသည်ဟု လေ့လာချက်များအရ တွေ့ရှိရသည်။ ရေနေအပင်များ၏ အမြစ်များသည် အနည်အနှစ်များကို တည်ငြိမ်အောင် ကူညီပေးကာ တိုက်စားမှုဒဏ်မှ ကာကွယ်ပေးသည်။ ဤအပင်များမရှိပါက ကမ်းရိုးတန်းများနှင့် မြစ်ကမ်းပါးများသည် ရေတိုက်စားမှုဒဏ်ကို ပိုမိုခံရပြီး ၎င်းပတ်ဝန်းကျင်ရှိဂေဟစနစ်နှင့် လူသားတို့၏ အခြေခံအဆောက်အဦးများအပေါ် ထိခိုက်စေနိုင်သည်။
(၃) ဇီဝမျိုးစုံမျိုးကွဲများ၏ ရှင်သန်ကျက်စားရာ နေရာများကို ထိန်းသိမ်းပေးခြင်း
ရေနေအပင်များသည် ရေအောက်ဂေဟစနစ်၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည်။
934
🐳EHS Myanmar dives into World Whale Day 2024 with enthusiasm! Join us in celebrating these majestic ocean giants and advocating for the conservation of marine life. 🌊💙
#WorldWhaleDay #OceanConservation #EHSMyanmar
934
Answer Quiz and Get Discount Week-2🔎
-----------------------------------------------------
ဒုတိယအပတ်အတွက် ဖြေဆိုရမယ့် မေးခွန်းလေးကိုတော့ ပုံမှာဖော်ပြထားပါတယ်။ အဖြေကို Comment မှာ ဖြေဆိုခဲ့ရမှာ ဖြစ်ပြီး အင်္ဂါနေ့ ည ၈နာရီထိ ဖြေလို့ရပါတယ်ရှင့်။ အဖြေမှန်ကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည်တင်ပေးသွားမှာ ဖြစ်ပါတယ်။
အဖြေမှန်သူများကို Email မှတဆင့် ၇ရက်အတွင်း discount coupon များပေးပို့သွားမှာ ဖြစ်ပါတယ်ရှင့်။
လျော့ဈေးပေးထားတဲ့ အတန်းအသေးစိတ်ကိုတော့ အောက်မှာလေ့လာနိုင်ပါတယ်နော်။
👇👇👇
https://www.facebook.com/ehsmyanmar/posts/pfbid0REqn6G67B6rrmzrra1fUM1CXSudZAiTLE8aX3poFK9HXb5Eai7t5fzg9M5R8FYvxl
Sharing is Caring ဖြစ်လို့ အခြားသူတွေလည်း သိအောင် Share ပေးသွားအုံးနော်။🤗
#EHSMyanmar #WorldWetlandsDay2024 #Quiz #Week2
934
🌍🎉 Join EHS Myanmar in celebrating World Pangolin Day 2024! Let's raise awareness and appreciation for these incredible creatures and work together to protect their habitats. 🐜💚
#WorldPangolinDay #ConservationChampions #EHSMyanmar
934
၂၀၂၄ ခုနှစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာသင်ဆုများပေါင်းချုပ် (အပိုင်း ၁)
=============================================
EHS Myanmar | 16.2.2024
🌏🎄စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတွင် Goal 4 ဖြစ်သည့် အရည်အချင်းပြည့်ဝသောပညာရေးရရှိရေးအတွက် မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအား နိုင်ငံတကာမှအသိပညာများရပြီး မျက်စိပွင့်ပြီး နိုင်ငံအတွက်ပြန်လည်အကျိုးပြုနိုင်ရန်ရည်ရွယ်၍ EHS Myanmar အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့်ဆက်စပ်သည့် ဘွဲ့ကြို ဘွဲ့လွန်ပညာသင်ဆု များကိုစုစည်း ဖော်ပြပေးလိုက်ရပါသည်။ 📣
📍၁။ Dream Big: Germany 2024 Scholarship
ငွေကြေး - Partial Funding (up to 35% of tuition fees).
ဘွဲ့အမျိုးအစား - Bachelors' and Master's Program
ဘာသာရပ်များ - Data Science, Computer Science, Artificial Intelligence, Big Data, Finance, Accounting, and Engineering Management.
လိုအပ်ချက် - No IELTS requirement.
လေ့လာရန် - https://www.scholarshipsads.com/scholarship-for-online-programs-at-iubh-university-of-applied-sciences-germany/
📍၂။ Paris - France Top 10 Masters Scholarships for 2024:
ငွေကြေး - Fully funded and partial funding options.
ဘွဲ့အမျိုးအစား - Master’s programs
ဘာသာရပ်များ - ဘာသာရပ်ပေါင်းစုံ
လိုအပ်ချက် - နိုင်ငံတကာကျောင်းသားများကိုလက်ခံလျက်ရှိသည်
လေ့လာရန် - https://www.scholarshipsads.com/paris-france-top-masters-scholarships-for-2024/
📍၃။ Darmasiswa Indonesian Scholarship Program:
ငွေကြေး - Fully funded scholarship
ဘွဲ့အမျိုးအစား - Master’s programs
ဘာသာရပ်များ - ဘာသာရပ်ပေါင်းစုံ
လိုအပ်ချက် - No IELTS requirement.
လေ့လာရန် - https://www.scholarshipsads.com/darmasiswa-indonesian-scholarship-program/
📍၄။ Thailand Scholarships for International Students 2024 - 2025:
ငွေကြေး - Fully funded scholarship
ဘွဲ့အမျိုးအစား - Bachelor's, Master’s programs and Ph.D. programs
ဘာသာရပ်များ - သိပ္ပံနှင့်အင်ဂျင်နီယာရပ်ဘာသာရပ်ပေါင်းစုံ
လိုအပ်ချက် - No IELTS requirement.
လေ့လာရန် - https://www.scholarshipsads.com/mahidol-university-postgraduate-scholarships-2024-for-international-students-thailand/
📍၅။ Japan Scholarship Program by the Asian Development Bank (ADB):
ငွေကြေး - Fully and Partial funded scholarship
ဘွဲ့အမျိုးအစား - Bachelor's, Master’s programs and Ph.D. programs
ဘာသာရပ်များ - Resilient နှင့် Sustainable ကိုဦးတည်သည့်ဘာသာရပ်များ
လိုအပ်ချက် - အာရှပစိဖိတ်နိုင်ငံသားများ နှင့် ADB အဖွဲ့ဝင်နိုင်ငံသားများသာ
လေ့လာရန် - https://www.adb.org/work-with-us/careers/japan-scholarship-program
🤩🦆ကြော်ငြာ - သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတိုင်းတက်သင့်တဲ့ Biodiversity Conservation and Management online Pre-recorded Course ကို သင်တန်းကြေးနည်းနည်းဖြင့်လေ့လာလိုက်ပါ။ အသေးစိတ်ကို ဒီမှာလေ့လာလိုက်ပါ - https://www.facebook.com/ehsmyanmar/posts/pfbid02UxdyJZzCqwxomYNvrcuybY11EThANcDoKQz3bZeE2QteH717VdDdq81Zw6frTRwml
--------------------------------------------------
"သင့်အတွက်အကျိုးရှိမယ်ဆို အခြားသူတွေကိုလဲပြန်လဲမျှဝေဖို့မမေ့ပါနဲ့နော် "
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #environmental #sustainability #scholarship #international
934
ရေလုပ်ငန်း စီမံခန့်ခွဲရေးဌာန (FiA) နဲ့ ကမ္ဘာ့တောရိုင်းတိရိစ္ဆာန် ရန်ပုံငွေအဖွဲ့အစည်း (WWF) မှ ၂ ရက်သားသာရှိသေးတဲ့ ဧရာဝတီ လင်းပိုင် သားပေါက်လေး ၁ ကောင်ကို ကမ္ဘောဒီးယားနိုင်ငံ ကရာတိုင်းပြည်နယ် Kampi မှာ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
#EHSMyanmar #irrawaddydolphin #Cambodia
