fa
Feedback
EHS Myanmar

EHS Myanmar

رفتن به کانال در Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

نمایش بیشتر
934
مشترکین
اطلاعاتی وجود ندارد24 ساعت
+47 روز
+730 روز
آرشیو پست ها
💧🌍 Today, EHS Myanmar celebrates World Water Day! 🎉 Let's recognize the importance of clean water for all living beings an
💧🌍 Today, EHS Myanmar celebrates World Water Day! 🎉 Let's recognize the importance of clean water for all living beings and ecosystems. Join us in advocating for water conservation, protecting water sources, and ensuring access to safe drinking water for everyone. Together, let's work towards a future where water is valued and preserved. #WorldWaterDay #EHSMyanmar 💦🌿

Wildlife Panel Discussion ကို တက်ရောက်ဖို့စာရင်းသွင်းပြီးပြီလား?🧐 —---------------------------------------------------------
Wildlife Panel Discussion ကို တက်ရောက်ဖို့စာရင်းသွင်းပြီးပြီလား?🧐 —---------------------------------------------------------------------------------------- EHS Myanmar မှ မတ်လ ၂၄ရက်နေ့မှာ ကျင်းပပေးသွားမယ့် “Preserving the Paradise” Panel event လေးရဲ့ Register Deadline က မနက်ဖြန်ဖြစ်လို့ စာရင်းမပေးရသေးတဲ့ သူတွေအနေနဲ့ အောက်ကလင့်လေးမှာ ဝင်ရောက် စာရင်းပေးလို့ရပါတယ်နော်။🤗 Registration Form Link >>>>>>>>>>>>>>>>>>>>>> https://docs.google.com/forms/d/e/1FAIpQLScFiFRILKAR7TnI9L1X0i5Z4vMQoKyeKA6KyQceWNLARsrTwQ/viewform?usp=sf_link စာရင်းပေးထားတဲ့သူတွေအနေနဲ့လည်း Zoom Link နဲ့ Reminder email လေးကို စနေနေ့မှာ ပို့ပေးသွားမှာ ဖြစ်လို့ ဝင်ကြည့်ပေးဖို့ မမေ့ပါနဲ့နော်။ ✌️ #EHSMyanmar #WWD #Panel #NSCI

🌳🌍 Today, EHS Myanmar celebrates the International Day of Forests! 🎉 Let's recognize the vital role forests play in sustai
🌳🌍 Today, EHS Myanmar celebrates the International Day of Forests! 🎉 Let's recognize the vital role forests play in sustaining life on Earth. Join us in advocating for forest conservation, biodiversity protection, and sustainable forestry practices. Together, let's ensure our forests thrive for generations to come. #IntlForestDay #EHSMyanmar 🌲🦉

photo content

သဘာဝကုထုံးများကို အသုံးပြုကာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများအား ဖြေရှင်းကြစေလိုကြောင်း နွေးထွေးစွာ တိုက်တွန်းလျက်။ ။ ရေးသားသူ - ဓနိ (EHS Myanmar) --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #naturetherapy #mentalhealth #healing #natureheals

တစ်ခါက စိတ်၏သဘာဝ ----------------------------------------------- EHS Myanmar | 20.3.2024 တစ်ချိန်တစ်ခါက ကျွန်တော်တို့တစ်တွေ ဂရုမစိုက်မိခဲ့ကြသော၊ လစ်လျူရှုခဲ့ကြသော အရာများစွာ ရှိပါသည်။ ထိုအရာများထဲတွင် ကျွန်တော်တို့၏ “စိတ်”မှာလည်း တစ်ခု အပါအဝင်ဖြစ်ပေသည်။ ကျွန်တော် ငယ်စဉ်အခါ မရင့်ကျက်သေးမီ အချိန်အခါက စိတ်ပင်ပန်းမှု၊ စိတ်ဓာတ်ကျမှု နှင့် စိတ်မကြည်လင်မှုများ အထပ်ထပ် အခါခါ ကြုံတွေ့ခဲ့ရသည်။ ယခုထိလည်း ကြုံတွေ့ရဆဲဖြစ်သည်။ စာဖတ်သူများလည်း ကျွန်တော်နှင့် ထပ်တူဖြစ်လိမ့်မည်ဟု ယူဆပါသည်။ ထိုသို့ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ထပ်တလဲလဲ ကြုံတွေ့ခဲ့ရသော်လည်း ကျွန်တော်တို့တစ်တွေသည် များသောအားဖြင့် ထိုပြဿနာများကို လစ်လျူရှုမိခဲ့ကြလေသည်။ အချို့သော လူများသည် ၎င်းတို့၏ စိတ် တည်ငြိမ်ရန်၊ ပျော်ရွှင်ရန်၊ အေးချမ်းရန် ဂရုမစိုက်ခဲ့ကြ။ ဂရုစိုက်ရန်လည်း အချိန်မရကြ၊ အခွင့်အလမ်းပင်လည်း မရကြ။ ဤသို့သော အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လာပါက နောက်ဆက်တွဲအနေဖြင့် မည်သို့ ခံစား၊ ကြုံတွေ့ရသည်ကို ကျွန်တော်တို့ လူသားများ သိရှိနားလည်ပြီး ဖြစ်ပေလိမ့်မည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်၊ အေးချမ်းရန် လွန်စွာ အရေးကြီးကြောင်း၊ နေ့စဉ်ဘဝတွင် စိတ်ပျော်ရွှင်ရန် လိုအပ်ကြောင်း ကျွန်တော်တို့ သိရှိပြီး ဖြစ်သည်။ သို့သော် ယခုအချိန်ထိ လူအများစုသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ရန် မည်သို့မည်ပုံ အဘယ် နည်းလမ်းများဖြင့် ပြုစုပျိုးထောင် ကုသရမှန်း မသိသော အခြေအနေများနှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့တစ်တွေ ဤစိတ်ပိုင်းဆိုင်ရာ ပြဿနာများ လျော့နည်းသွားစေရန် နည်းလမ်းတစ်ခုတော့ လိုလေပြီ။ စာဖတ်သူများအနေဖြင့် မိမိတို့၏ စိတ်ကျန်းမာရေးကို အလေးထားစေချင်ပါသည်။ အကယ်၍ မိမိ၏ စိတ်အဆင်မပြေဖြစ်နေပါက ဖြေရှင်းကုသနိုင်မည့် နည်းလမ်းများ ရှာဖွေကြည့်ရန် တိုက်တွန်းလိုပါသည်။ စိတ်ကို ကုသရာတွင် အသုံးပြုသည့် နည်းလမ်းမျိုးစုံရှိသည့်အနက် တစ်ချိန်တစ်ခါက ကျွန်တော်၏စိတ်ကို ကုသပေးခဲ့သည့် အရာတစ်ခုကို မျှဝေလိုပါသည်။ ကျွန်တော် ဆယ်တန်းကျောင်းသားအရွယ်က ဖြစ်သည်။ မိဘများနှင့်ခွဲခွာကာ အဝေးတစ်နေရာရှိ ကျောင်းတော်ကြီးဆီ ပညာသွားသင်ရပြီ။ ကျောင်းကြီးမှာ အလွန် ခမ်းနား ပြည်စုံပါသည်။ သစ်ရိပ်ဝါးရိပ်လည်း အင်မတန်ကောင်းသည်။ သို့သော် ၁၀ တန်းကျောင်းသား ဆိုသည့်အတိုင်း တစ်နှစ်ပတ်လုံး စာနှင့်သာ လုံးပန်းနေခဲ့ရ၏။ အနိုင်ကျင့်ခံခဲ့ရသော အချိန်များလည်း ရှိသည့်အတွက် ထိုအချိန်ကာလသည် ကျွန်တော့်အတွက် စိတ်ရော၊ ကိုယ်ပါ လွန်စွာ ပင်ပန်းခဲ့ရသော နှစ်တစ်နှစ်ဟု ဆိုရပါလိမ့်မည်။ ဤသို့သော စိတ်ပင်ပန်းမှုများနှင့် ကြုံရပြီဆိုလျှင် ကျွန်တော်သည် ကျောင်းဝင်းထဲရှိ သစ်ပင်ကြီးများအောက် သွားထိုင်လေ့ရှိသည်။ ကျောင်းဝင်းထဲတွင် ပိတောက်ပင်၊ ကုက္ကိုပင်၊ မန်ကျည်းပင်စသဖြင့် အပင်ကြီးများ စုံလင်လှပေသည်။ သစ်ပင်ကြီးများ ပတ်လည်တွင် ကွပ်ပျစ်လေးများ ဆောက်ပေးထားသောကြောင့် ထိုကွပ်ပျစ်များပေါ် ထိုင်ပြီးပါက ပြန်ပင် မ,ထ ချင်တော့သည်အထိပါပဲ။ ထိုသစ်ပင်ကြီးများသည် ကျွန်တော့်အတွက် နားခိုရာ အေးချမ်းသည့် နေရာတစ်ခုကဲ့သို့ပင် ဖြစ်သည်။ ထို့အပြင် ကျောင်းစင်္ကြံပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သွားရသည်ကိုလည်း ကျွန်တော် လွန်စွာ နှစ်ခြိုက်မိပြန်သေးသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ ကျောင်းစင်္ကြံမှ အနောက်စူးစူး တစ်မျှော်တစ်ခေါ်ကို ကြည့်လိုက်ပါက ပဲခူးရိုးမကြီးကို တွေ့ရသည်။ မြောက်မှ တောင်သို့ သွယ်တမ်းလျက်ရှိသော ပဲခူးရိုးမကြီးသည် အချိန်အခါအလိုက် အရောင်များလည်း မျိုးစုံပြောင်းလဲကာ လှပနေလေ့ရှိ၏။ တိမ်တိုက်များ၊ တိမ်မျှင်တန်းများနှင့်အတူ နေမှ အရိပ်ကျကာ ရိုးမတောင်တန်ကြီးသည် နေရာကွက်ကြား စိမ်းရာမှ ဝါ၊ ဝါရာမှ တစ်ဖန် အစိမ်းရောင်သို့ အဖန်ဖန်ပြောင်းလဲနေမှုသည် ရှုမဝပင် ရှိတော့သည်။ ညနေခင်း နေဝင်ချိန်ရောက်လျှင် အလှပို၏။ စိတ်ညစ်သည့်အချိန်တိုင်း၊ စိတ်ပင်ပန်းသည့်အခါတိုင်း ကျွန်တော်သည် သဘာဝအလှများနှင့် ပြည့်စုံနေသည့် ပဲခူးရိုးမတောင်တန်းကြီးကို ကြည့်လေ့ရှိခဲ့သည်။ သဘာဝတရားသည် ကျွန်တော့်စိတ်အား ထိုအချိန်အခါကတည်းက တည်ငြိမ် အေးချမ်းရန် ထောက်ပံ့နိုင်သည့် စွမ်းဆောင်ရည်အပြည့်အဝရှိနေခဲ့သည်ဟု ဆိုရပေလိမ့်မည်။ ကျွန်တော်၏ ၁၀ တန်း ကျောင်းသား အရွယ်တွင်သာမက အတိတ်မှ အခြားသော အချိန်များကို ပြန်တွေးတောကြည့်မည်ဆိုလျှင်လည်း သဘာဝကြောင့် စိတ်ပျော်ရွှင်၊ အေးချမ်းရသည့် အချိန်အခါများ အလွန်ပင် များပြားခဲ့ပါသည်။ သို့သော် ယနေ့ခေတ်အချိန်တွင် နေရာဒေသအများအပြားတွင် သဘာဝအရင်းအမြစ်များ ယိုယွင်းပျက်စီးလျက်ရှိသည်။ တောတောင်၊ ရေမြေများသည် သဘာဝ ဖြစ်၏။ လူသားများ တစ်နည်းအားဖြင့် သက်ရှိတို့၏ စိတ်သည်လည်း သဘာဝပင် ဖြစ်၏။ သဘာဝကို သဘာဝတရားက ပြန်လည်ဖေးမနိုင်စွမ်း၊ ထောက်ပံ့နိုင်စွမ်း ရှိသည်ဟု ဆိုနိုင်၏။ ထို့သို့ အပြန်ပြန် အလှန်လှန် ကျေးဇူးပြုနေလျက်ရှိသောကြောင့် လူတို့သည်လည်း သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရင်း သဘာဝမှ ပေးသော စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ များကို ရယူသင့်၏။ စာဖတ်သူများလည်း

🐸🌍 Happy World Frog Day from EHS Myanmar! 🎉 Let's hop into action to celebrate these incredible amphibians and raise aware
🐸🌍 Happy World Frog Day from EHS Myanmar! 🎉 Let's hop into action to celebrate these incredible amphibians and raise awareness about their importance in our ecosystems. Join us in protecting their habitats and promoting conservation efforts. Together, we can leap towards a brighter, more sustainable future for all species! #WorldFrogDay #EHSMyanmar 🌿🐸

photo content
+3

“Biodiversity is Key for More Variety” - ဇီဝမျိုးကွဲတွေအကြောင်းကိုသင်ဘယ်လောက်ထိသိပြီးပြီလဲ? +++++++++++++++++++++++++++++++++++++++++++++ 👉သင့်က သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်တတ်ပြီး သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေသူတစ်ယောက်လား? 👉ဒါမှမဟုတ် သင်က ကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်နေကြတဲ့ သက်ရှိသတ္တဝါတွေ အကြောင်းကို စိတ်ဝင်စားလို့ လေ့လာနေသူတစ်ယောက်လား? 👉ဇီဝမျိုးစုံမျိုးကွဲတွေအကြောင်းကို စတင်လေ့လာနေပြီး သူတို့အကြောင်းကို ပိုမိုလေ့လာချင်သူတစ်ယောက်လား? ကျွန်တော်တို့ EHS Myanmar မှ စီစဉ်ဖွင့်လှစ်ပေးထားတဲ့ Biodiversity Conservation & Management Course လေးကို မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ရဲ့ BCM Course ဟာဆိုရင် Pre-recorded အတန်းဖြစ်တာကြောင့် ကြိုတင် recorded လုပ်ထားတဲ့ video တွေကို အချိန်မရွေး နေရာမရွေး အဆင်ပြေတဲ့ အချိန်လေ့လာနိုင်တဲ့ အတွက်ကြောင့် လုပ်ငန်းခွင်ဝင်နေသူများ သာမက ခုမှစတင်လေ့လာမည့်ကျောင်းသားကျောင်းသူများပါ တက်ရောက်နိုင်ပါတယ်။ #ဘာတွေသင်ရမှာလဲ? - Concept of Biodiversity and Ecosystem - Context for Biodiversity Conservation - Monitoring of Biodiversity and Ecosystem - Biodiversity and its conservation Methods - Management of Biodiversity and Ecosystems, အစရှိတာတွေကို သင်ကြားရမှာဖြစ်ပြီး သင်တန်းပြီးသွားတဲ့အခါမှာ Biodiversity နဲ့ Ecosystem ရဲ့ သဘောတရားတွေကို သေချာနားလည်လာမှာဖြစ်ပြီး ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးအကြောင်းကိုလည်း ပိုမိုနားလည်လာမှာ ဖြစ်ပါတယ်။ #ဘယ်သူသင်မှာလဲ? သင်ကြားပေးမယ့် ဆရာမကတော့ ဇီဝမျိုးကွဲတွေအကြောင်းကို အနှစ်နှစ်အလလလေ့လာထားပြီး ယခုလက်ရှိလည်း လေ့လာနေဆဲဖြစ်တဲ့ ပညာရပ်တွေကို Biodiversity And Nature Conservation Association (BANCA) မှ ဆရာမ ဒေါက်တာသီရိဒေဝီအောင်က Course Material (Lecture video, Lecture slides, ebooks, quiz,etc) ဖြင့်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ #သင်တန်းကြေးနဲ့သင်တန်းကြာချိန်? သင်တန်းကြေးကတော့ မြန်မာငွေ (၃၂ ၀၀၀/-) ကျပ်သာ ကျသင့်မှာဖြစ်ပြီး EHS Myanmar ရဲ့ Alumni တွေကတော့ 10% လျှော့ဈေးရရှိမှာပဲ ဖြစ်ပါတယ်။ သင်ခန်းစာ ဗီဒီယိုတွေက စုစုပေါင်း (မိနစ် ၅၇၀) ကြာမြင့်မှာဖြစ်ပြီး ကိုယ်အဆင်ပြေတဲ့အချိန်မှာ ကြိုက်တဲ့နေရာမှာ ဖုန်းတစ်လုံးရှိရုံနဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။ #သင်တန်းရဲ့ထူးခြားချက်တွေကဘာတွေလဲ? ကျွန်တော်တို့ BCM Course ဟာဆိုရင် အခြား recorded class တွေနဲ့ မတူညီတဲ့အချက်ကတော့ သင်တန်းသားတွေအနေနဲ့ စာလေ့လာရာမှာ အဆင်ပြေစေဖို့အတွက် Lecturer - Student Live Discussion Session ကို ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်တန်းသားတွေ ကိုယ်တိုင်ပိုမို လေ့လာနိုင်ဖို့အတွက်လဲ Biodiversity နဲ့ ပတ်သတ်တဲ့ eBooks PDF File တွေကို အလွယ်တကူ Download ပြုလုပ်နိုင်အောင်လည်း Google Classroom နဲ့ စီစဉ်ပေးထားပါသေးတယ်။ ထို့အပြင် ဆရာမနဲ့အခြားကျောင်းသား တွေနဲ့အတူ Telegram Group ထဲမှာလဲ ဆွေးနွေးလို့ရပါသေးတယ်နော်။ #Certificate ပေးမှာလား? Assessment ပြည့်မှီတဲ့ သင်တန်းသားတွေ အနေနဲ့လည်း Certificate ကိုရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ Registration Form >>> https://forms.gle/P6Yvbsx4r7fahcKs8 အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09770501186 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ Learn more at www.ehsmyanmar.org #EHSMyanmar #biodiversity #conservation #ecosystem #management #onlinecourse #recorded

🌍♻️ Join us in celebrating Global Recycling Day 2024 with EHS Myanmar! 🎉 Let's turn our focus to the power of recycling in
🌍♻️ Join us in celebrating Global Recycling Day 2024 with EHS Myanmar! 🎉 Let's turn our focus to the power of recycling in preserving our planet. Together, we can reduce waste, conserve resources, and build a more sustainable future. Every action counts—let's recycle today for a better tomorrow! #GlobalRecyclingDay #EHSMyanmar 🌱🔄

photo content

Sharing is Caring Campaign Week-2 ------------------------------------------------------------------------------------------- EHS Myanmar - 17/03/2024 Hello! EHS Myanmar ရဲ့ Campaign လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ Sharing is Caring Campaign လေးကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မတ်လ ၂၁ ရက်နေ့မှာ ကျရောက်မယ့် “International Day of Forests” ကို ပါဝင်ဆင်နွှဲသော အနေဖြင့် ကမ္ဘာအဝှမ်း ပျက်စီးသွားတဲ့ သစ်တောနေရာတွေမှာ အစားထိုး စိုက်ပျိုးနေကြတဲ့ အဖွဲ့အစည်းတွေ၊ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ၊ အောင်မြင်မှုတွေကို မျှဝေပေးလိုသောကြောင့် ဖြစ်ပါတယ်ရှင့်။ ဒီအပတ်မှာ မျှဝေပေးသွားမယ့် အကြောင်းအရာလေးကတော့ Microsoft Edge website ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ E-Tree Program ပဲဖြစ်ပါတယ်ရှင့်။ Microsoft Edge website ကိုတော့ လူတိုင်းနီးပါး သိကြမယ်ထင်ပါတယ်။ သူက Chrome လို Search engine တစ်ခုပဲဖြစ်ပါတယ်။ Microsoft Edge ကို ဖွင့်လိုက်ရင် ညာဖက်ထောင့်မှာ Tools တွေကိုတွေ့ရမှာ ဖြစ်ပါတယ်။ Tools တွေထဲကမှ သစ်ပင်ပုံစံ အစိတ်အပိုင်းလေးကတော့ E-Tree feature ပဲဖြစ်ပါတယ်။ E-Tree program မှာ ပါဝင်ဖို့ကတော့ Microsoft account ရှိရုံနဲ့ ပါဝင်နိုင်ပြီး အခမဲ့ ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်ရှင့်။ ပထမဦးဆုံး ပါဝင်တဲ့သူအနေနဲ့ အပင်မျိုးစေ့တစ်ခုကို ရရှိမှာ ဖြစ်ပြီး မျိုးစေ့ကနေ အပင်ဖြစ်ဖို့အတွက်က နေ့စဉ်ရေလောင်းပေးရမှာ ဖြစ်ပါတယ်။ ရေလောင်းဖို့အတွက်ကတော့ အမှတ်ရအောင်စုရမှာ ဖြစ်ပြီး ထိုအမှတ်တွေကို daily tasks တွေမှ တဆင့် ရရှိမှာပဲ ဖြစ်ပါတယ်ရှင့်။ သင့်ရဲ့ မျိုးစေ့လေးက နောက်ဆုံးမှာ အပင်တစ်ပင်အဖြစ်ကြီးထွားလာပြီဆိုရင်တော့ Microsoft ကနေပြီးတော့ အရှေ့အာဖရိကမှာရှိတဲ့ မိုဇမ်ဘစ်(Mozambique) မြို့မှာ အပင်တစ်ပင်စိုက်ပေးမှာပဲ ဖြစ်ပါတယ်။ ဒီပရိုဂရမ်မှာ ကျွန်မသဘောကျတဲ့ အချက်က အမှတ်ရရှိအောင် နေ့စဉ်တာဝန်တွေလုပ်ဆောင်ရာမှာ သူတို့လုပ်ခိုင်းတဲ့ တာဝန်တွေပဲဖြစ်ပါတယ်။ ဘာတွေလဲဆိုတော့ ကိုယ့်ရဲ့ Search box မှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတစ်ခုခုကို ရှာခိုင်းတာ၊ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ စာပိုဒ်တွေကို ဖတ်ခိုင်းတာတို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ E-Tree ပရိုဂရမ်မှာ ပါဝင်ခဲ့မယ်ဆိုရင် သစ်ပင်စိုက်ရာလဲရောက်သလို သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ဗဟုသုတတွေကိုလဲ ပိုမိုရရှိနိုင်မှာပဲ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ Sharing is Caring ဆိုတဲ့ Campaign ခေါင်းစဉ်လေးအတိုင်း အခြားသူတွေ သိအောင်လဲ Share လုပ်ပေးသွားဖို့ မမေ့နဲ့နော်။ #EHSMM #ForestDay #IntlForestDay #GenerationRestoration #Campaign #E-Tree #Microsoft

photo content

“Preserving the Paradise” Panel Discussion —------------------------------------------------------------------------ EHS Myanmar - 16/03/2024 EHS Myanmar မှ လစဉ်ကျင်းပပြုလုပ်ပေးနေတဲ့ knowledge sharing အစီအစဉ်လေး ပြန်လာပါပြီ။ ဒီလအတွက် ပြုလုပ်ပေးမှာကတော့ မတ်လ ၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ World Wildlife Day ကို ဂုဏ်ပြုဆင်နွှဲသော အနေဖြင့် Panel Discussion ကို EHS Myanmar မှ Host အဖြစ် ကျင်းပပေးသွားမှာပဲ ဖြစ်ပါတယ်။ Panelist အနေနဲ့ကတော့ မြန်မာနိုင်ငံမှ လူငယ်တွေ ဦးဆောင်လုပ်ကိုင်နေတဲ့ "Native Species Conservation and Identification" မှ ကိုဝင်းပိုင်ဦး ဖြစ်ပါတယ်ရှင့်။ https://www.facebook.com/share/BxxZx6NmBSPLAEqm/?mibextid=qi2Omg ဒီ Panel Discussion လေးမှာတော့ မြန်မာနိုင်ငံမှ တောရိုင်းမျိုးရင်းစိတ်တွေအကြောင်းနဲ့ သူတို့ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးသွားမှာ ပဲဖြစ်ပါတယ်။ အခု Panel Discussion ကို စိတ်ဝင်စားလို့ စာရင်းပေးချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှာ မြန်မြန်ပဲ စာရင်းပေးလိုက်တော့နော်။ Registration Link>>>>>>>>>>>> https://docs.google.com/forms/d/e/1FAIpQLScFiFRILKAR7TnI9L1X0i5Z4vMQoKyeKA6KyQceWNLARsrTwQ/viewform?usp=sf_link Date - March 24, Sunday Time - 10 AM to 11 AM Platform - Zoom Deadline - March 22, Friday Panel Discussion လေးက UNEP မှာလည်း Official Register လုပ်ထားပြီးဖြစ်လို့ တက်ရောက်တဲ့ Participants တစ်ယောက်ချင်းစီတိုင်းကိုလည်း Certificate ပေးပို့သွားအုံးမှာပဲ ဖြစ်ပါတယ်ရှင့်။🤗 ဒါနဲ့ World Wildlife Day 2024 ရဲ့ Theme ကို သိတဲ့သူရှိရင် Comment မှာ ရေးပေးသွားအုံးနော်။🐾🐾 #WWD2024 #PanelDiscussion #EHSMyanmar

🛍️ Happy World Consumers Day from EHS Myanmar! 🎉 Today, we celebrate the power of informed choices and advocate for consume
🛍️ Happy World Consumers Day from EHS Myanmar! 🎉 Today, we celebrate the power of informed choices and advocate for consumer rights. Let's empower consumers with knowledge, promote sustainable consumption, and ensure fair practices in the marketplace. Join us in shaping a world where consumers are valued and protected! #WorldConsumersDay #EHSMyanmar 🌍🛒

မတ်လ (၃)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့တောရိုင်းတရိစ္ဆာန်ထိန်းသိမ်းရေးနေ့ ကိုဂုဏ်ပြုသောအားဖြင့် World Wildlife Day Organization
မတ်လ (၃)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့တောရိုင်းတရိစ္ဆာန်ထိန်းသိမ်းရေးနေ့ ကိုဂုဏ်ပြုသောအားဖြင့် World Wildlife Day Organization ၏လမ်းညွှန်ချက်များနှင့်အညီ စိတ်ဝင်စားဖွယ်ရာအစီအစဉ်လေးတစ်ခု မကြာခင်မှာပြုလုပ်ပါတော့မယ်။ 🦛 စိတ်ဝင်းစားတယ်ဆိုရင် ကျွန်မတို့ EHS Myanmar Page ကို see first လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်နော်။ 🤩 Don't forget to join us on Telegram: https://t.me/ehsmyanmar #EHSMyanmar #worldwilidlifeday #2024

🌊 Today, EHS Myanmar proudly celebrates the International Day of Action for Rivers! 🌏 Let's unite in safeguarding our preci
🌊 Today, EHS Myanmar proudly celebrates the International Day of Action for Rivers! 🌏 Let's unite in safeguarding our precious rivers, lifelines of our ecosystems. Together, we can advocate for sustainable river management and ensure access to clean water for all. Join us in protecting these vital resources! #DayOfActionForRivers #EHSMyanmar 💧🌿

တစ်ခါသုံးပလတ်စတစ်တွေကို ကော်ဖီဆိုင်တွေနဲ့စားသောက်ဆိုင်တွေမှာ အသုံးပြုခွင့်တားမြစ်ပိတ်ပင်ဖို့ ၂၀၃၀ပြည့်နှစ်မှစ မယ်လို့ ဥရောပသမ
တစ်ခါသုံးပလတ်စတစ်တွေကို ကော်ဖီဆိုင်တွေနဲ့စားသောက်ဆိုင်တွေမှာ အသုံးပြုခွင့်တားမြစ်ပိတ်ပင်ဖို့ ၂၀၃၀ပြည့်နှစ်မှစ မယ်လို့ ဥရောပသမဂ္ဂပြော ------------------------------------------------------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #NoPlastics #sustainabledevelopment #EuropeanUnion

photo content

သဘာဝတရား နှင့် ပျော်ရွှင်မှု သဘာဝနဲ့ ထိတွေ့ခြင်းက ပျော်ရွှင်မှုနဲ့ သုခချမ်းသာကို ရရှိ ခံစားရစေပါတယ်။ ဒါကြောင့် သဘာဝတရားနှင့် ပိုမိုထိတွေ့လေ့ရှိသူတွေက နေ့စဉ်ဘဝမှာလည်း ပိုမိုပျော်ရွှင်ကြတယ်လို့ သုတေသနတွေက အမြဲတစေ ဖော်ပြကြပါတယ်။ သဘာဝတရားက စိတ်ကို ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်း တိုးမြှင့်ပေးခြင်း စတဲ့ အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုများစွာကို ဖြစ်ပေါ်စေပြီး အာရုံစူးစိုက်မှုကိုပါ ပိုမိုအားကောင်းလာစေတယ်လို့ ဆိုပါတယ်။ သဘာဝနဲ့ နီးစပ်ဖို့ ကျွန်တော်တို့တွေ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ အာရုံခံစားမှုမှတဆင့် ကျွန်တော်တို့တွေဟာ သဘာဝရဲ့ အလှတရားကို ခံစားသိရှိပြီး ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေနိုင်တာကစလို့ ... စိတ်ခံစားချက်တွေကတဆင့် သဘာဝတရားနဲ့ ကျွန်တော်တို့ကြားက ဆက်နွှယ်မှုကို ပိုမိုခိုင်မြဲစေပါတယ်။ ဥပမာအားဖြင့် ... ငှက်လေးတွေရဲ့ တေးသီသံကို နားဆင်တာ ဒါမှမဟုတ် သစ်ပင် ပင်စည်ကို လက်နဲ့ ထိတွေ့ခြင်းကတဆင့် သဘာဝရဲ့အလှကို အာရုံစိုက်မိကြမယ်ထင်ပါတယ်။ ပန်းလေးတွေရဲ့ မွှေးရနံ့ကို ရှူရှိုက်တာ၊ အပင်လေးတွေ စိုက်နေရင်း လက်ချောင်းလေးတွေကြား မြေဆီလွှာကို ခံစားလိုက်ရတာ ... ဒါတွေဟာလည်း အာရုံခံစားမှုကတဆင့် သဘာဝနဲ့ ဆက်နွှယ်မိခြင်း ဖြစ်ပါတယ်။ သဘာဝတရားနဲ့ နီးစပ်ဖို့ဆိုတာ သဘာဝထဲမှာ အမြဲအချိန်ကုန်နေမှ မဟုတ်ပါဘူး။ ကမ္ဘာမြေအကြောင်း၊ သဘာဝအကြောင်း ကဗျာစပ်တာ ... ဒါမှမဟုတ် ကိုယ် လမ်းလျှောက်အချိန်ကုန်ဆုံးချင်တဲ့ စိတ်ကူးထဲက သဘာဝပတ်ဝန်းကျင်တစ်ခုကို တွေးတောမိတာမျိုးကလည်း ကျွန်တော်တို့ကို သဘာဝတရားရဲ့ ကောင်းကျိုးတွေကို နားလည်သဘောပေါက်စေမှာ အမှန်ပါပဲ။ စိတ်ဖိစီးမှုကို လျှော့ချတာကစလို့ တီထွင်ဖန်တီးနိုင်စွမ်း မြှင့်တင်စေတဲ့အထိ သဘာဝဟာ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် သဘာဝနဲ့ နီးစပ်လာခြင်းကြောင့် ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်ဘဝမှာ ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးတွေ ဖြစ်စေတဲ့ အပြုအမူများဆီ ဦးတည်စေကာ လူသားတွေနဲ့ ကမ္ဘာမြေကြား အပြန်အလှန် ပံ့ပိုးကူညီမှုကို ဖြစ်ပေါ်စေပါသည်။ သဘာဝတရားကို တန်ဖိုးထားခြင်းက ကျွန်တော်တို့အတွက်သာမက အနာဂတ်မျိုးဆက်အတွက်ပါ မရှိမဖြစ်လိုအပ်ပါတယ်။ ရေးသားသူ - မာရီယာ (EHS Myanmar) ကိုးကား - mentalhealth.org.uk --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #mentalhealth #naturehealing #naturetherapy