ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

EHS Myanmar

EHS Myanmar

الذهاب إلى القناة على Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

إظهار المزيد
868
المشتركون
لا توجد بيانات24 ساعات
+27 أيام
+230 أيام
أرشيف المشاركات
မြန်မာမှအပူဆုံးစံချိန်တင်နေရတဲ့ အကြောင်းအရင်း (၄) ချက် #EHSMyanmar #climatechange #hotweather
+4
မြန်မာမှအပူဆုံးစံချိန်တင်နေရတဲ့ အကြောင်းအရင်း (၄) ချက် #EHSMyanmar #climatechange #hotweather

ကျေးဇူးတင်ရှိခြင်း 🙏 ---------------------------------------------------------- [English Below] ❤ကျွန်မတို့၏ "EHS Myanmar In
ကျေးဇူးတင်ရှိခြင်း 🙏 ---------------------------------------------------------- [English Below] ❤ကျွန်မတို့၏ "EHS Myanmar Instagram" မှာ Page စဖွင့်ပြီး (၃) လတာကာလမှာ ယခုဆိုလျှင် Follower ပေါင်း (၁၈၀) ယောက်ရှိသွားပြီ ပဲဖြစ်ပါတယ်။ အခုလိုမျိုး IG ကို Follow ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီ ကိုကျေးဇူးအထူးတင်ပါတယ်။ IG မှာ တင်သမျှကို လက်မလွတ်ခံချင်တဲ့သူများ အခုပဲ Follow လိုက်ပါနော်။ 🌏Thank you to our followers on our "EHS Myanmar Instagram Account"! We now have 180 followers since 3 months created. If you don't want to miss out on environmental and sustainability contents. Follow us Now. EHS Myanmar's Instagram : https://www.instagram.com/ehsmyanmar/ #EHSMyanmar #appreciation #instagram #IG #environmental #sustainabledevelopment #education

Check Your Mail Box!!! Mother Earth Day webinar ကို စာရင်းပေးထားသူ အားလုံးဆီသို့ Zoom Link ပို့ပြီးသွားပြီဖြစ်လို့ email လေးတ
Check Your Mail Box!!! Mother Earth Day webinar ကို စာရင်းပေးထားသူ အားလုံးဆီသို့ Zoom Link ပို့ပြီးသွားပြီဖြစ်လို့ email လေးတွေ စစ်ကြည့်ပေးပါအုံးနော်🤗 အကယ်၍ email မရောက်ခဲ့ရင် EHS Myanmar Facebook page Messenger မှာလည်း Zoom Link လာတောင်းလို့ရပါတယ်ရှင့်💚 Webinar က မနက်ဖြန် မနက် ၁၀နာရီမှာ စတင်မှာဖြစ်လို့ reminder ထားဖို့ မမေ့နဲ့နော်✌ မနက်ဖြန် webinar မှာ တွေ့ကြပါမယ်🤩 #EHSMyanmar #InternationalEarthDay #Webinar #UNEP

photo content

🌿 သင့်က သဘာဝပတ်ဝန်းကျင်ပညာရပ်ကို စတင်လေ့လာပြီး အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများပြုလုပ်ရန် အဆင်သင့်ဖြစ်ပါပြီလား။ ဒါတွေကတော့ သင့်ပညာရပ်နယ်ပယ်မှာကျွမ်းကျင်ဖို့အတွက် မရှိမဖြစ် Soft Skills တစ်ချို့ကိုဖော်ပြ ပေးလိုက်ပါတယ်။ ၁။ သွက်လက်မှု (Agility) - အပြောင်းအလဲကို လက်ခံပြီး ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တွင် တက်ကြွသောစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ပွင့်လင်းပြီး တက်ကြွမှု သို့မဟုတ် သွက်လက်မှုလိုအပ်ပါတယ်။ ၂။ စူးစမ်းလိုစိတ် (Curiosity) - သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားအများစုသည် စူးစမ်းလိုစိတ်ရှိရပါတဘ်။ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုကို တွန်းအားပေးရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခေတ်ရေစီးကြောင်းများနှင့် နည်းပညာများကို စူးစမ်းလေ့လာဖို့ကအရေးကြီးလှပါတယ်။ ၃။ ပေါင်းသင်းဆက်ဆံရေး သို့မဟုတ် Communication - ပြည်တွင်းပြည်ပ အဖွဲ့အစည်း လူပုဂ္ဂိုလ်များနဲ့ ထိရောက်စွာ ပူးပေါင်းလုပ်ဆောင်ရန် နှင့်ဒေသခံလူထုများနှင့်ဆက်ဆံရေးအတွက် ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးပညာလိုအပ်ပါတယ်။ ၄။ တီထွင်ဖန်တီးနိုင်စွမ်း (Creativity) - တီထွင်ဖန်တီးနိုင်စွမ်း၊ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း နှင့် ဆန်းသစ်သော စိတ်ကူးများဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုဖြေရှင်းဖို့အတွက် Creativity သမားများကိုပိုမိုလိုအပ်လာပါ တယ်။ Creativity ကောင်းဖို့ဆို စာဖတ်မပျင်းတော့လိုမယ်နော်။ ၅။ သဟဇာတနေနိုင်မှု (Flexibility) - သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများသည် သဘာဝ၊ ဇီဝမျိုးစုံမျိုးကွဲများ နှင့် လူသားတို့အားလုံးနှင့် သဟဇာတဖြစ်အောင်နေထိုင်နိုင်သည့် သို့မဟုတ် ဖြေရှင်းနိုင်သည့် ကျွမ်းကျင်မှုလိုအပ်ပါတယ်။ ဒါတင်မက မမျှော်လင့်ထားသော စိန်ခေါ်မှုများနှင့် လိုက်လျောညီထွေသည့် ကြိုးပမ်းမှုများကို ချောမွေ့စွာလုပ်ဆောင်ရာမှာ လဲအရေးပါလှပါတယ်။ ဖော်ပြပါ Softskills (၅) ခုကိုသင့်အနေနဲ့ ပိုင်ဆိုင်ထားပြီးဆိုလျှင်တော့ ရေရှည်တည်တံ့ခိုင်မြဲသောနိုင်ငံတော်သစ်ကြီးကို ဖန်တီးဖို့ ကျွမ်းကျင်မှုပညာရပ်တွေပိုင်ဆိုင်ထားနေပြီလို့ဆိုနိုင်ပါတယ်နော်....🌿 ရေးသားသူ - နိုင်ကျော်လူ ----------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #SustainabilitySkills #MakeAnImpact #GreenLiving

🦖🌿 Happy Velociraptor Awareness Day! 🎉 Let's celebrate these fascinating creatures from the past and raise awareness about
🦖🌿 Happy Velociraptor Awareness Day! 🎉 Let's celebrate these fascinating creatures from the past and raise awareness about their importance in paleontological research. Join us in learning more about velociraptors and their contributions to our understanding of prehistoric life. Together, let's appreciate the wonders of the ancient world! #VelociraptorAwarenessDay #EHSMyanmar 🌍🦕

photo content

Mother Earth Day မှာ ဘယ်လိုပါဝင်ဆင်နွှဲဖို့ စဉ်းစားပြီးပြီလား?🧐 မစဉ်းစားရသေးရင်တော့ EHS Myanmar မှ ပြုလုပ်ပေးမယ့် Webinar လေးကို လာရောက်နားထောင်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🤗 Webinar လေးကတော့ April 21 ရက် တနင်္ဂနွေနေ့ မနက် ၁၀ နာရီမှ ၁၁ နာရီထိ ပြုလုပ်သွားမှာဖြစ်ပြီး “Tackling Plastics Waste: Introduction to Circular Economy” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်ရှင့်။ Speaker အနေနဲ့ကတော့ EHS Myanmar မှ Project Associate လည်းဖြစ်သလို သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ trainingတွေ ဆွေးနွေးပွဲတွေကို Internal, External ပေးနေတဲ့ မယွန်းနန္ဒာခိုင် က မျှဝေပြောပြ ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။ Webinar လေးကို လာရောက်နားထောင်ချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှာ ဝင်ပြီးစာရင်းပေးသွားလို့ ရပါတယ်နော်။ Registration Link>>>>> https://docs.google.com/forms/d/e/1FAIpQLScM0l1Wg5Dh5X08k4TMDLs-mEZ_QHxTAqMcbt03qxjNJ07A0g/viewform?usp=sf_link Webinar လေးအကြောင်းကို အခြားသူတွေသိအောင်လဲ မျှဝေပေးသွားပါအုံးနော်။ #Webinar #EHSMyanmar #MotherEarthDay

🤝🌍 Happy International Microvolunteering Day! 🎉 Let's celebrate the power of small acts and big impacts. Join us in dedica
🤝🌍 Happy International Microvolunteering Day! 🎉 Let's celebrate the power of small acts and big impacts. Join us in dedicating a few moments of your day to make a difference in your community or for a cause you care about. Whether it's sharing a post, signing a petition, or offering a kind word, every action counts! #MicrovolunteeringDay #EHSMyanmar 🌿🤲

photo content

"Tackling Plastic Waste: Introduction to Circular Economy" Webinar —------------------------------------------------------------------------ EHS Myanmar - 13/04/2024 EHS Myanmar မှ လစဉ်ကျင်းပပြုလုပ်ပေးနေတဲ့ knowledge sharing အစီအစဉ်လေး ပြန်လာပါပြီ။ ဒီလအတွက် ပြုလုပ်ပေးမှာကတော့ ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ International Mother Earth Day ကို ဂုဏ်ပြုဆင်နွှဲသော အနေဖြင့် Webinar ကို EHS Myanmar မှ Host အဖြစ် ကျင်းပပေးသွားမှာပဲ ဖြစ်ပါတယ်။ Speaker အနေနဲ့ကတော့ EHS Myanmar မှာ Climate Change နဲ့ပတ်သက််ပြီးလုပ်ဆောင်နေတဲ့ EHS Myanmar ရဲ့ Project Associate “မယွန်းန္ဒာခိုင်” ပဲဖြစ်ပါတယ်။ မယွန်းန္ဒာခိုင်ဟာဆိုရင်ဖြင့် 2023 JENESYS Alumnus တစ်ဦးလည်းဖြစ်သလို Climate Change, Plastics Pollution စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး training ပေးနေသူတစ်ယောက်လဲဖြစ်ပါတယ်။ ဒီ Webinar မှာတော့ လူတစ်ဉီးတစ်ယောက်ချင်းစီအတွက် Circular Economy နဲ့ပတ်သတ်ပြီး ပလတ်စတစ်တွေကိုပြန်လည်အသုံးပြုပုံနှင့် အမှိုက်ကင်းစင် သောနေထိုင်မှုပုံစံများနှင့် ပတ်သတ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးသွားမှာ ပဲဖြစ်ပါတယ်။ အခု Webinar ကို စိတ်ဝင်စားလို့ စာရင်းပေးချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှာ မြန်မြန်ပဲ စာရင်းပေးလိုက်တော့နော်။ Registration Link>>>>>>>>>>>> https://docs.google.com/forms/d/e/1FAIpQLScM0l1Wg5Dh5X08k4TMDLs-mEZ_QHxTAqMcbt03qxjNJ07A0g/viewform?usp=sf_link Date - April 21, Sunday Time - 10 AM to 11 AM Platform - Zoom Deadline လေးကတော့ April 19 ရက်နေ့ထိ ဖွင့်ပေးထားမှာဖြစ်လို့ တခြားသူငယ်ချင်းတွေလဲ သိအောင် post ကို share ပေးသွားပါအုံးနော်။ #Webinar #EHSMyanmar #MotherEarthDay #CircularEconomy

photo content

နှစ်သစ်ဆုတောင်း ၁၃၈၆ —————————————————————— [English Below] မြန်မာသကရာဇ် ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းသော နှစ်သစ်အခါသမယဝယ်မြန်မာပြည်သူပြည်သား အပေါင်းစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဘေးဘယာကင်းကွာ ပူပန်ကြောင့်ကြမှုမရှိပဲ ပျော်ရွှင်ချမ်းမြေ့လိုတရနိုင်ပါစေကြောင်း ကျွန်မတို့ EHS Myanmar အဖွဲ့သားများမှတောင်းဆုပြု လိုက်ပါတယ်ရှင့်။🙏 🙏၁၃၈၅တစ်နှစ်လုံး ကျွန်မတို့ EHS Myanmar နှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းအသိပညာပေးခြင်းတွင် စိတ်ပါဝင်စားစွာ ပါဝင်ပေးခဲ့ကြသောတစ်ယောက်ခြင်းစီ တိုင်းကိုလည်း ကျေးဇူးတင်ရှိပါတယ်။ယခုလာမည့် နှစ်သစ်ကိုလည်း မျှဝေခြင်း ချိတ်ဆက်ခြင်း များဖြင့် ပို၍ တိုးတက်ကောင်းမွန်သော အနာဂါတ်များဆီသို့ လက်တွဲလျှောက်လှမ်းရန်လည်း ဖိတ်ခေါ်ခြင်ပါတယ်။ 🙏🎉လူဟောင်းစိတ်ဟောင်းကိုထားရစ်ခဲ့ပြီး ငြိမ်းချမ်း၍ သာယာဝပြောပျှော်ရွှင်ရသော နှစ်သစ်ဖြစ်ပါစေကြောင်း EHS Myanmarမှထပ်လောင်းဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့်။ ---------- We EHS Myanmar team members would like to wish “may this Myanmar New Year 1386 bring physical and mental well being, a safe paradise with no worries and a happy life with wishes being fulfilled to all of you Myanmar 🇲🇲 people.” We also would like to extend our heartfelt thanks to all of you who actively participated in the environmental awareness sections offered by EHS Myanmar in the whole year. We look forward to going through this new year with all of you by sharing and connecting to build a better future as well. 🙏 Let’s wash away the old and here’s to a peaceful and fantastic year ahead, full of hopes and promises.🙏 #MyanmarNewYear #EHSMyanmar #Thingyan2024 #NewBeginnings

photo content

“Preserving the Paradise - Panel Discussion on Wildlife Conservation” Podcast Available Now on EHS Myanmar —------------------------------------------------------------------------------------------- Preserving the Paradise podcast မှာ ဆိုရင် မြန်မာနိုင်ငံတွင်းမှာ တွေ့ရှိရတဲ့ ဒေသမျိုးရင်းစိတ်တွေ၊ သူတို့ရဲ့ ဂေဟစနစ်အပေါ် အကျိုးပြုပုံတွေနဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ အကြောင်းကို Native Species Conservation and Identification မှ ကိုဝင်းပိုင်ဦးနှင့်အတူ ဆွေးနွေးအကြုံပြုချက်တွေကို နားထောင်နိုင်မှာပဲ ဖြစ်ပါတယ်။ Podcast လေးဟာ ကြာချိန်ဘယ်လောက်မှမရှိလို့ လူငယ်တွေကော လူကြီးတွေအနေနဲ့ကော ကိုယ်ပိုင် အားလပ်ချိန်တွေမှာ ဝင်ရောက်နားထောင်ဖို့လဲ တိုက်တွန်းလိုက်ရပါတယ်နော်။ အခု Podcast ကိုတော့ EHS Myanmar ရဲ့ Official Website ဖြစ်တဲ့ www.ehsmyanmar.org မှာ နားဆင်နိုင်သလို့ Spotify, Apple Podcast, Google Podcast, Anchor FM, Aamzon Music, Pocket Casts, Radio Public စသည့် Podcast Platform တော်တော်များများမှာ နားဆင်လို့ရနေပါပြီပဲ ဖြစ်ပါတယ်။ Website - https://www.ehsmyanmar.org/podcast-1 Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq Apple Podcast - https://podcasts.apple.com/.../ehs.../id1554795854... Google Podcast - https://www.google.com/podcastsfeed... Amazon Music - https://music.amazon.com/.../c7d725f7-4521-4fec-9886... --------------------------------------------- Don't forget to join our Telegram Channel - https://t.me/ehsmyanmar #EHSMyanmr #NSCI #WWD2024 #Panel

photo content

ရေးသားသူ - မာရီယာ (EHS Myanmar) ကိုးကား - www.getbring.com --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #foodwste #stopfoodwaste #kitchentips #zerowaste

အစားအစာ လေလွင့်မှုကို လျှော့ချရန် အလွယ်ကူဆုံး နည်းလမ်း ၄ သွယ် ----------------------------------------------- EHS Myanmar | 8.4.2024 အစားအစာလေလွင့်မှုဆိုတာ ယနေ့ခေတ်မှာ ကြီးမားတဲ့ ပြဿနာတစ်ရပ်ဖြစ်ပြီး နေ့စဉ်နဲ့အမျှ များပြားလှတဲ့ အစားအစာတွေကို စွန့်ပစ်လျက်ရှိပါတယ်။ ဆွစ်ဇာလန်နဲ့ ဂျာမနီလို နိုင်ငံတွေမှာတောင် အစားအစာထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံခန့်က အမှိုက်ပုံကို ရောက်သွားတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ အကျိုးဆက်အနေနဲ့ အစားအစာ အလွန်အကျွံထုတ်လုပ်မှုကို ဖြစ်စေပြီး သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကို အားပေးအားမြှောက်ပြုရုံသာမက သဘာဝအရင်းအမြစ်များနှင့် ငွေကြေးကိုလည်း ဆုံးရှုံးစေပါတယ်။ ဒီနေ့မှာတော့ အစားအစာလေလွင့်မှုကို လျှော့ချဖို့ အချိန်ကုန်၊ ငွေကုန် သက်သာစေတဲ့ နည်းလမ်း (၄) ခု ကို ဝေမျှသွားမှာဖြစ်ပါတယ်။ ဒီလွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေကို ရွေးချယ်လုပ်ဆောင်ခြင်းဖြင့် အစားအစာလေလွင့်မှုကို လျှော့ချရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်။ ၁။ သေချာစဉ်းစားပြီးမှ ဝယ်ပါ။ အစားအသောက်လေလွင့်မှုကို ရှောင်ရှားဖို့ ပထမအဆင့် အရေးကြီးတဲ့နေရာမှာ ပါဝင်နေတာကတော့ ကုန်စုံဆိုင်ပဲ ဖြစ်ပါတယ်။ ဈေးဝယ်တဲ့အခါ စဉ်းစားချင့်ချိန်ပြီးမှ ဝယ်ယူဖို့ အင်မတန် အရေးကြီးပါတယ်။ ပညာရှင်တွေကတော့ အစားအစာတွေကို တစ်ပတ်စာ ကြိုတင်စဉ်းစားပြီး ကိုယ်ချက်ပြုတ်မယ့် ဟင်းလျာအမျိုးအစားနဲ့ အရေအတွက်ပေါ်မူတည်ပြီး စျေးဝယ်စာရင်းဖန်တီးဖို့ အကြံပြုကြပါတယ်။ စျေးဝယ်စာရင်း ဖန်တီးခြင်းအားဖြင့် မလိုအပ်ဘဲ ပစ္စည်းတွေ ဝယ်ယူခြင်းကို ရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မီးဖိုချောင်ထဲမှာ ရှိပြီးသား ပစ္စည်းတွေနဲ့ ထပ်ဝယ်ဖို့ လိုအပ်တဲ့ ပစ္စည်းပမာဏကို သိရှိနားလည်ထားခြင်းကလည်း အလွန်အကျွံဝယ်ယူခြင်းကို လျှော့ချနိုင်ပါတယ်။ မိမိတို့အိမ်ရဲ့ စျေးဝယ်စာရင်းကို မိသားစုဝင်တွေကိုပါ အသိပေးထားခြင်းကလည်း အမျိုးအစားတူ ပစ္စည်းတွေကို ထပ်တလဲလဲဝယ်ယူခြင်းကနေ တားဆီးနိုင်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ဘယ်တော့မှ ဗိုက်ဟောင်းလောင်းနဲ့ ဈေးဝယ်မထွက်ပါနဲ့။ ဗိုက်ဆာဆာနဲ့ ဈေးဝယ်ထွက်ရင် လိုတာထက်ပိုပြီး ဝယ်မိလိမ့်မယ်နော်။ ၂။ အစားအသောက်ကို နည်းလမ်းမှန်မှန်နဲ့ စနစ်တကျ သိမ်းဆည်းပါ။ ဈေးကနေ အိမ်ကိုပြန်ရောက်တာနဲ့ ဝယ်လာတဲ့ စားသောက်ကုန်တွေကို လက်လွတ်စပယ် မထားနဲ့နော်။ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနဲ့ စားသောက်ကုန်တွေကို စနစ်တကျ သိမ်းဆည်းခြင်းက ပစ္စည်းတွေရဲ့ လတ်ဆတ်မှုကို ကြာရှည်ခံစေသလို အစားအသောက်တွေ ပုပ်သိုးမှုကိုလည်း လျှော့ချပေးပါတယ်။ ပုပ်သိုးပျက်စီးလွယ်တဲ့ စားသောက်ကုန်တွေကို ရေခဲသေတ္တာရဲ့ မြင်သာတဲ့နေရာမှာ သိမ်းဆည်းထားတာ အကောင်းဆုံးပါပဲ။ ဒါမှသာ သူတို့ကို စားဖို့ မေ့သွားတာမျိုး မဖြစ်တော့ဘဲ ဝယ်ယူပြီး ရက်အနည်းငယ်အတွင်း စားသုံးဖို့ သတိပြုမိမှာပေါ့။ ၃။ အစားအသောက်ကို အပြည့်အဝသုံးပါ။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ မကြာခဏ စွန့်ပစ်ခြင်းခံရတဲ့ စားသောက်ကုန်တွေ ဖြစ်ပါတယ်။ အသီးအနှံတွေရဲ့ အစိတ်အပိုင်းအမျိုးမျိုးကို အလွယ်တကူ အသုံးပြု ချက်ပြုတ် စားသုံးနိုင်ပေမယ့် များသောအားဖြင့် ကျွန်တော်တို့က စွန့်ပစ်မိတတ်ကြပါတယ်။ အကယ်၍ ကျွန်တော်တို့မှာသာ တီထွင်ဖန်တီးတတ်တဲ့ ဟင်းချက်စွမ်းရည်ရှိမယ်ဆိုရင် မလိုတဲ့ သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက် အပိုင်းအစတွေကို စွန့်ပစ်မယ့်အစား အရသာရှိတဲ့ ဟင်းလျာတွေ ဒါမှမဟုတ် သရေစာအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဥပမာအားဖြင့် ... မုန်လာဥနီ (ခါကြက်ဥ) အရွက်ကို နံနံပင်လို ဟင်းခတ်အမွှေးအကြိုင် ဒါမှမဟုတ် ဟင်းလျာကို အလှဆင်ဖို့ သုံးနိုင်ပါတယ်။ ဒါ့အပြင် ပန်းသီးအခွံတွေကို အခြောက်လှန်းပြီး အရသာရှိတဲ့ သရေစာအဖြစ် စားသုံးနိုင်ပါတယ်။ ၄။ မကုန်ဘဲ ကျန်နေတဲ့အစားအစာ (leftover) တွေကို ပြန်နွှေးစားပါ။ မကုန်ဘဲ ကျန်နေတဲ့အစားအစာ (leftover) တွေကို ပြန်နွှေးစားခြင်းက အစားအစာလေလွင့်မှုကို လျှော့ချဖို့နဲ့ အစားအစာချက်ပြုတ်ရာမှာ အချိန်ကုန်၊ ငွေကုန် သက်သာစေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘေးကင်းအောင် နည်းလမ်းမှန်မှန်နဲ့ သိမ်းဆည်းသင့်သလို ဘယ်အစားအစာတွေကို ပြန်နွှေးပြီး စားသင့်၊ မစားသင့်ဆိုတာ ကိုလည်း လေ့လာထားဖို့လိုပါတယ်။ အစားအစာလေလွင့်မှုကို လျှော့ချခြင်းက ပတ်ဝန်းကျင်အတွက်သာမက လူတစ်ဦးချင်းစီရဲ့ မီးဖိုချောင်စရိတ်ကိုလည်း သက်သာစေပါတယ်။ ဒီနေ့ ဝေမျှပေးသွားတဲ့ နည်းလမ်း လေးခုကိုကျင့်သုံးခြင်းအားဖြင့် အစားအစာလေလွင့်မှုကိုလျှော့ချနိုင်ပြီး ရေရှည်တည်တံ့မှုကိုမြှင့်တင်ဖို့လည်း အထောက်အကူပြုနိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့တစ်နေ့တာရဲ့ စျေးဝယ်ခြင်းနဲ့ ချက်ပြုတ်ခြင်းအလေ့အထတွေမှာ ဒီလိုရိုးရှင်းလွယ်ကူတဲ့ အပြောင်းအလဲတွေ ပြုကျင့်ခြင်းအားဖြင့် စားကြွင်းစားကျန်အမှိုက်တွေကိုလျှော့ချနိုင်သလို ရေရှည်မှာလည်း မီးဖိုချောင်အတွက် အပိုထွက်ကုန်တွေ လျော့နည်းလာမှာဖြစ်လို့ ဒါဟာ အရင်နဲ့မတူတဲ့ သိသာထင်ရှားတဲ့ ခြားနားချက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် စူပါမားကတ်ကို သွားတဲ့အခါ စမတ်ကျကျ ဈေးဝယ်ပြီး အစားအစာလေလွင့်ဖြုန်းတီးမှု လျော့နည်းအောင် ဝယ်ဖို့ သတိရပါ။

EHS Myanmar - إحصائيات وتحليلات قناة تيليجرام @ehsmyanmar