မောင်ဆူးလှည်း
📈 تحلیل کانال تلگرام မောင်ဆူးလှည်း
کانال မောင်ဆူးလှည်း (@phyoeweiwin) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 13 894 مشترک است و جایگاه 14 886 را در دسته اخبار و رسانهها و رتبه 9 381 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 13 894 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 28 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -279 و در ۲۴ ساعت گذشته برابر -10 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 27.06% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 9.87% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 3 761 بازدید دریافت میکند. در اولین روز معمولاً 1 372 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 235 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“MaungHsueHlae”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 29 ژوئیه, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانهها تبدیل کردهاند.
ရခိုင်ကနေ စစ်ရှောင်လာရင်း ဇွန် ၄ ရက်မှာ သန်လျင်ဆေးရုံမှာ ခွဲမွေးရမှာဖြစ်ပေမဲ့ ငွေကြေးအဆင်မပြေ ယောကျ်ားက ပစ်သွား၊ အသက် ၇၀ ကျော် အဘိုးနဲ့ မောင်လေးအတွက်ပါ စားဖို့ ရှာနေရလို့ မွေးကာနီး ၃ ရက်အလိုထိ ကိုယ်ဝန်ကြီးနဲ့ ပုံနှိပ်တိုက်မှာ အလုပ်လုပ်နေရတဲ့ မညွန့်ညွန့်ဆွေအတွက် သစ္စာကမ်းလက်က မွေးစရိတ် ငါးသိန်းကျပ် (ငွေထုတ်ခ၊ ခရီးစရိတ် ၁၀၀၀၀) ကို လှူဒါန်းပေးခဲ့တာမှာ ဇွန် ၅ ရက်က မိန်းကလေးမွေးပြီး ၆ ပေါင် ၆ အောင်စရှိပါတယ်တဲ့။ ဒါပေမဲ့ ကလေးက မီးပြနေရတယ်ဆိုလို့ ဆေးရုံက မဆင်းရသေးလို့ မွေးဖွားပြီးစ အထောက်အကူဖြစ်အောင် သစ္စာကမ်းလက်က ကျပ်တစ်သိန်းနဲ့ ကိုလင်းထိုက်စိုးက ကျပ်တစ်သိန်း ထပ်မံလှူဒါန်းပေးခဲ့ပါတယ်။ သစ္စာကမ်းလက်အလှူရှင်များအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာပါစေ။ ဘေသဇ္ဇဒါနကုသိုလ်တွေ မတောင်းဘဲ ပြည့်ပါစေ။ ဖြိုးဝေ သစ္စာကမ်းလက် မှတ်ချက်။ မနေ့က ဆေးရုံမှာလှူပေးခဲ့ပြီး နေ့ချင်းပဲ ဆေးရုံဆင်းသွားပါပြီ။ #သစ္စာကမ်းလက်အလှူတော်စဥ်_၁၈_၂၀၂၆ #စုစုပေါင်းအလှူငွေ_၂၀၅၀၀၀
သစ္စာကမ်းလက်၏ ၅၆ ကြိမ်မြောက် လစဥ်ကုသိုလ်တော် 🙏🙏🙏 🙏🙏🙏 🙏🙏🙏 သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် ရဲ့ လစဥ်လှူဒါန်းမြဲဖြစ်တဲ့ သံဃာတော်အရှင်သူမြတ် ခုနစ်ပါးနဲ့ သီလရှင်တစ်ပါး (စုစုပေါင်း ၈ ပါး) တို့ကို ၅၆ ကြိမ်မြောက် လစဉ်ပြုမြဲကုသိုလ် ၃၀၀၀၀ ကျပ်စီနဲ့ ပခုက္ကူက အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းအမျိုးသမီး ၂၅ ဦး၊ ဒေါင်းဆင်ဒရုန်းအမျိုးသမီးငယ်တစ်ဦးနဲ့ ပိုလီယိုရောဂါသည် ၄ ဦးကိုလည်း ၅၆ ကြိမ်မြောက် တစ်ဦး ကျပ် ၂၅၀၀၀ စီ အခု ဇွန်လအတွက် လှူဒါန်းပြီးဖြစ်ပါတယ်။ သစ္စာကမ်းလက်အလှူရှင်များအားလုံး ကျန်းမာ ချမ်းသာပါစေ။ ဒီနေ့ကစ ဇွန် တစ်လလုံး၊ တစ်နှစ်လုံး ကံထူးပြီး မြန်မာထီ၊ စင်ကာပူထီ၊ ထိုင်းထီ (ချဲ) စတဲ့ နိုင်ငံတကာထီဆု ကြီးကြီးတွေ အကုန်ကံထူးကာ လက်ရှိဘဝအခြေအနေထက် ပိုမိုမြင့်မားတဲ့ဘဝကို ကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျ 🙏🙏🙏 ဖြိုးဝေ သစ္စာကမ်းလက် ၁. ၆. ၂၀၂၆ #သစ္စာကမ်းလက်အလှူစဥ်_၁၇_၂၀၂၆ #စုစုပေါင်းအလှူငွေ၁၀၄၀၀၀၀
သစ္စာကမ်းလက်၏ ၅၅ ကြိမ်မြောက် လစဥ်ကုသိုလ်တော်မှ ပခုက္ကူပုံရိပ်များ 🙏🙏🙏 🙏🙏🙏 🙏🙏🙏 သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက်ရဲ့ လစဥ်လှူဒါန်းမြဲဖြစ်တဲ့ သံဃာတော်အရှင်သူမြတ် ခုနစ်ပါးနဲ့ သီလရှင်တစ်ပါး (စုစုပေါင်း ၈ ပါး) တို့ကို ၅၅ ကြိမ်မြောက် လစဉ်ပြုမြဲကုသိုလ် ၃၀၀၀၀ ကျပ်စီနဲ့ ပခုက္ကူက အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းအမျိုးသမီး ၂၅ ဦး၊ ဒေါင်းဆင်ဒရုန်းအမျိုးသမီးငယ်တစ်ဦးနဲ့ ပိုလီယိုရောဂါသည် ၄ ဦးကိုလည်း ၅၅ ကြိမ်မြောက် တစ်ဦး ကျပ် ၂၅၀၀၀ စီ မေလအတွက် လှူဒါန်းပြီးတဲ့အထဲက ပခုက္ကူပုံရိပ်တွေ ဖြစ်ပါတယ်။ ဒီလမှာ ပခုက္ကူက ဆရာတော်ဦးပညာ ခရီးသွားနေလို့ အလှူငွေ ၃၀၀၀၀ ကို သစ္စာကမ်းလက်အတွက် ပြန်လည်လှူဒါန်းပေးခဲ့ပါတယ်။ ဒီလိုလစဥ်လူအများအပြား ကူညီနိုင်အောင် လှူဒါန်းပေးတဲ့ လစဥ်ကုသိုလ်တွေကြောင့် သစ္စာကမ်းလက်အလှူရှင်နဲ့ အလှူခံအားလုံး အပူမီးအားလုံးငြိမ်းပြီး ဘေးကင်းကျန်းမာ စိတ်ချမ်းသာ၊ သောကကင်းဝေး စိတ်အေးချမ်းပါစေ။ ဒီကောင်းမှုကုသိုလ် အဖို့ဘာဂကို ၃၁ ဘုံ ကျင်လည်အပ်ကုန်သော မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါတွေလည်း ရရှိကြပါစေ။ ဒီရက်မြတ်ကစ တစ်လလုံး၊ တစ်နှစ်လုံး ကံထူးပြီး မြန်မာထီ၊ စင်ကာပူထီ၊ ထိုင်းထီ (ချဲ) စတဲ့ နိုင်ငံတကာထီဆု ကြီးကြီးတွေ အကုန်ကံထူးကာ လက်ရှိဘဝအခြေအနေထက် ပိုမိုမြင့်မားတဲ့ဘဝကို ကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျ 🙏🙏🙏 ဖြိုးဝေ သစ္စာကမ်းလက် ၃၁. ၅ . ၂၀၂၆ #သစ္စာကမ်းလက်အလှူစဥ်_၁၄_၂၀၂၆ #စုစုပေါင်းအလှူငွေ၁၃၄၀၀၀၀
ရခိုင်ကနေ စစ်ရှောင်လာရင်း ဧပြီ ၄ ရက်မှာ သန်လျင်ဆေးရုံမှာ ခွဲမွေးရမှာဖြစ်ပေမဲ့ ငွေကြေးအဆင်မပြေ၊ ယောကျ်ားက ပစ်သွား၊ အသက် ၇၀ ကျော် အဘိုးနဲ့ မောင်လေးအတွက်ပါ ရှာနေရလို့ ကိုယ်ဝန်ကြီးနဲ့ ပုံနှိပ်တိုက်မှာ အလုပ်လုပ်နေရတဲ့ မညွန့်ညွန့်ဆွေအတွက် မွေးစရိတ် ငါးသိန်းကျပ် (ငွေထုတ်ခ၊ ခရီးစရိတ် ၁၀၀၀၀) ကို သစ္စာကမ်းလက်က လှူဒါန်းပေးခဲ့ပါတယ်။ သစ္စာကမ်းလက်အလှူရှင်များအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာပါစေ။ ဘေသဇ္ဇဒါနကုသိုလ်တွေ မတောင်းဘဲ ပြည့်ပါစေ။ ဖြိုးဝေ သစ္စာကမ်းလက် #သစ္စာကမ်းလက်အလှူတော်စဥ်_၁၆_၂၀၂၆ #စုစုပေါင်းအလှူငွေ_၅၁၀၀၀၀
နွေကာလ ရေသန့်ဘူးတွေ မှာသောက်ရပြီး ဘူးခွံလိုအပ်နေတဲ့ မကွေးက ကန်ဦးရတနာစာသင်တိုက်နဲ့ ပြည်တော်သာကျောင်းတိုက်အတွက် သစ္စာကမ်းလက်က ၂၀ လီတာ ရေသန့်ဘူးခွံသစ် ဆယ်ဘူးစီ လှူဒါန်းပေးခဲ့ပါတယ်။ သစ္စာကမ်းလက်အလှူရှင်များအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာပါစေ။ ရေအကျိုးဆယ်ပါးကုသိုလ်တွေလည်း မတောင်းဘဲ ပြည့်ပါစေ။ ဖြိုးဝေ သစ္စာကမ်းလက် #သစ္စာကမ်းလက်အလှူတော်စဥ်_၁၅_၂၀၂၆ #စုစုပေါင်းအလှူငွေ_၂၃၀၀၀၀
သစ္စာကမ်းလက်၏ ၅၅ ကြိမ်မြောက် လစဥ်ကုသိုလ်တော်နှင့် ဘုံတောင်ရွာအလှူ 🙏🙏🙏 🙏🙏🙏 🙏🙏🙏 သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် ရဲ့ လစဥ်လှူဒါန်းမြဲဖြစ်တဲ့ သံဃာတော်အရှင်သူမြတ် ခုနစ်ပါးနဲ့ သီလရှင်တစ်ပါး (စုစုပေါင်း ၈ ပါး) တို့ကို ၅၅ ကြိမ်မြောက် လစဉ်ပြုမြဲကုသိုလ် ၃၀၀၀၀ ကျပ်စီနဲ့ ပခုက္ကူက အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းအမျိုးသမီး ၂၅ ဦး၊ ဒေါင်းဆင်ဒရုန်းအမျိုးသမီးငယ်တစ်ဦးနဲ့ ပိုလီယိုရောဂါသည် ၄ ဦးကိုလည်း ၅၄ ကြိမ်မြောက် တစ်ဦး ကျပ် ၂၅၀၀၀ စီ မေလအတွက် လှူဒါန်းပြီးဖြစ်ပါတယ်။ ဒီလမှာလည်း စိတ်မကောင်းစရာတစ်ခုက သစ္စာကမ်းလက် လစဥ်လှူပေးနေတဲ့ တောင်တန်းသာသနာပြုဆရာတော်ဦးသုတရဲ့ ဌာနေဘုံတောင်မှာ သတင်းမှားလို့ ယူဆရတဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် လူဆယ်ဦးအထက်သေဆုံးသွားပြီး အားလုံးလိုလိုကလည်း ရှောင်တိမ်းနေရတဲ့အတွက် စစ်ရှောင်တွေ အထောက်အပံ့ဖြစ်စေဖို့ သစ္စာကမ်းလက်က လစဥ်အလှူတော်အပြင် ကျပ်သုံးသိန်း ထပ်မံလှူဒါန်းပေးခဲ့ပါတယ်။ ဘုံတောင်ရွာက အေးချမ်းစွာနေထိုင်ကြတဲ့ပြည်သူတွေလည်း ကောင်းရာသုဂတိရောက်ပါစေ။ ဒီကောင်းမှုကုသိုလ် အဖို့ဘာဂကို ၃၁ ဘုံ ကျင်လည်အပ်ကုန်သော မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါတွေလည်း ရရှိကြပါစေ။ ဒီနေ့ကစ မေ တစ်လလုံး၊ တစ်နှစ်လုံး ကံထူးပြီး မြန်မာထီ၊ စင်ကာပူထီ၊ ထိုင်းထီ (ချဲ) စတဲ့ နိုင်ငံတကာထီဆု ကြီးကြီးတွေ အကုန်ကံထူးကာ လက်ရှိဘဝအခြေအနေထက် ပိုမိုမြင့်မားတဲ့ဘဝကို ကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျ 🙏🙏🙏 ဖြိုးဝေ သစ္စာကမ်းလက် ၁. ၅. ၂၀၂၆ #သစ္စာကမ်းလက်အလှူစဥ်_၁၁_၂၀၂၆ #စုစုပေါင်းအလှူငွေ၁၃၄၀၀၀၀
