BAM Channel
رفتن به کانال در Telegram
4 696
مشترکین
-824 ساعت
-567 روز
-26730 روز
آرشیو پست ها
4 694
Van က "Pantoja ရေ... မကျေပွဲထိုးချင်ရင်ရတယ်၊ မင်းအရှုပ်ထုပ်ကိုသေချာ သေချာရှင်းထားပါ ဆိုပြီး" မှာလိုက်ပါတယ် 😂
Pantoja ကို ကြည့်ရတာ လုံးဝ မျက်နှာထားတင်းမာပါတယ်၊ ပုံမှန်ပြုံးတတ်တဲ့ဆရာကြီး အပြုံးလည်းမခြွေနိုင်တော့ပါဘူး။
ဆိုလိုတာက မကျေပွဲကတော်တော်လေးခက်ခဲမယ်ဆိုတာကို သိနေပုံပါပဲ။
4 694
+1
Sean Strickland က Khamzat Chimaev ကို Split Decision နဲ့ နိုင်လိုက်ပါပြီ။
ဒီနေ့တော့ Grappler တွေအတွက် ကံမကောင်းတဲ့နေ့ပါပဲ 😂😂
4 694
Joshua Van ကတော့ Two-Time UFC Flyweight Champion ဖြစ်သွားပါပြီ။ Flyweight သမိုင်းမှာ နာမည်တစ်ခု ကျန်ခဲ့ပါပြီ။
နောက်ပွဲမှာတော့ Pantoja နဲ့တွေ့ရဖို့များပါတယ်။
4 694
Van-Taira ဝိတ်ချိန်တဲ့နေရာ Pantoja ကလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။
အနိုင်ရတဲ့သူက သူနဲ့အရင်ဆုံးကာကွယ်ရမှာဖြစ်ပါတယ်။
4 694
UFC White House ရဲ့ Fight of the Night ကစားသမားနှစ်ယောက်က USD 600,000 ကို ခွဲဝေကြမယ်လို့ Dana White က ကြေငြာလိုက်ပါတယ်။ 300,000 စီရကြမှာပေါ့။
4 694
Mayweather vs. Pacquiao 2 (မကျေပွဲ) ကတော့ ဖြစ်မယ်လို့ နောက်ဆုံးသတင်းအရသိရပါတယ်။
အစကတည်းက အတည်ပွဲအတွက် လက်မှတ်ထိုးခဲ့ကြတာ၊ မေဝဲသာလ်က ဟိုတလောက သရုပ်ပြပွဲပါဆိုလို့ တော်တော်ကယက်ထခဲ့တယ်။
ဒီနေ့ပဲ မေဝဲသာလ်ဘက်က အတည်ပြုလိုက်တာပါ။ ဒါပေမယ့် ရက်ကတော့ ၁ ပတ်ရွှေ့လိုက်ကြပါတယ်။ အစက စက်တင်ဘာ ၁၉ ရက်ကနေ အခုတော့ စက်တင်ဘာ ၂၅ ရက်ကို ရွှေ့လိုက်ပါတယ်။ Netflix မှာပဲ ပြမှာပါ။
4 694
+1
Worapon က Casse ကို အမှတ်နဲ့ နိုင်သွားပါပြီ။ ပြင်သစ်ကစားသမား Casse က တော်တော်လေး မာခဲ့ပါတယ်။ ထိုင်းက အလဲထိုးဖို့ကြိုးစားပေမယ့် ဘယ်လိုမှမရခဲ့ပါဘူး။
နောက်ဆုံးချီဆိုရင် Casse ရဲ့ low kick တွေနဲ့ Worapon တောင်အထိနာသလိုဖြစ်ခဲ့ပါတယ်။ ထိုင်းက နာရီကို ၂ ကြိမ်လောက်မော့ကြည့်ခဲ့ရတယ်။ ပြီးတော့ သက်လုံလည်း ကျခဲ့တာတွေ့ရတယ်။
ဘယ်လိုပြောပြော Worapon က ဘယ်ခြေအမြင့်ကန်ချက်တွေနဲ့ အမှတ်ရသွားတာပါပဲ။
4 694
+1
Dedduanglek က တကယ်ကောင်းတဲ့သူပါ၊ လုံးဝ စိတ်မလောတဲ့သူပါ။ Cyber ကို အမှတ်နဲ့ နိုင်ပါတယ်။
4 694
Khamzat က ဝိတ်ရသွားပါပြီ၊ (185 lbs.) ကွက်တိပါ။ လူကတော့ တော်တော်လေး ပင်ပန်းနွမ်းနယ်နေပုံပါ။
ဒီပွဲက သူ့ရဲ့ 185 ပေါင်တန်း (Middleweight) ရဲ့ နောက်ဆုံးပွဲလို့ပြောပါတယ်။ ပြီးရင် Light Heavyweight (205) ကို ပြောင်းမယ်လို့ သတင်းတွေထွက်နေပါတယ်။
UFC 328 Main Event ပွဲကတော့ သေချာသွားပါပြီ။
4 694
Khamzat မှာ အချိန် ၂၂ မိနစ်ရှိပါသေးတယ် တဲ့။ ၂၂ မိနစ်အတွင်းဝိတ်မရရင်တော့ ခါးပါတ်ကို လက်လွှတ်ရတော့မှာပါ။ Sean Strickland ကတော့ ဝိတ်ရတဲ့အတွက် နိုင်ရင် ခါးပါတ်ရမှာပါ။
4 694
khamzat က ဝိတ်မရသေးပါဘူး။ အခု အဲဒါစောင့်နေကြပါတယ်၊ ဝိတ်ချိန်ဖို့သတ်မှတ်ချိန် ၁၀ မိနစ်လောက်ပဲ လိုပါတော့တယ်။
4 694
ဒီညက View အနည်းဆုံး Engagement အနည်းဆုံးဖြစ်မလား မသိ။ 😂😂
ခဏနေ ရဲရင့်နောင်ပွဲလာရင် ဘယ်လောက်တက်မလဲ စောင့်ကြည့်မယ်။😂
4 694
Chartpayak က Thway Lin Htet ကို အမှတ်ပြတ်နဲ့ အနိုင်ရပါတယ်။
ပွဲက မတိမ်းမယိမ်းပါပဲ၊ သိသိသာသာ လက်ရည်သာတဲ့သူမရှိခဲ့ပါဘူး၊ Chartpayak က သတိထားပြီး သူ့ရဲ့ပုံမှန်မဟုတ်တဲ့ပုံစံနဲ့ကစားသွားတယ် (အဲလောက် Aggression မရှိခဲ့ဘူး)။
ဒီလိုမျိုးအမှတ်ပေးသွားရင်တော့ ကိုယ့်လူအတွက် အခွင့်အရေးမရှိဘူးဆိုတာ သိနေခဲ့ပါတယ်။ အဲဒါကြောင့် အများကြီးလည်း မမျှော်လင့်ခဲ့ဘူး။
သွေးလင်းထက်ကတော့ သုံးပွဲဆက်ရှုံးခဲ့ပါပြီ။ ရလဒ်က အဆင်မပြေတော့ပါဘူး။ ပြုပြင်မှကိုရတော့မှာပါ။
ဒီထက်ကောင်းအောင် ပြန်လာနိုင်ပါစေ။
4 694
ခဏနေ ထိုးတော့မယ့် သွေးလင်းထက်ပွဲက Inner Circle ဖြစ်တဲ့အတွက် YouTube, Facebook မှာ ကြည့်လို့မရပါဘူးနော်။
ဒီမှာ လွှင့်ပေးမှာပါ။
