fa
Feedback
BAM Channel

BAM Channel

رفتن به کانال در Telegram

တိုက်ခိုက်ရေးအားကစားများသတင်းများ တင်ဆက်ပါသည်။

نمایش بیشتر
4 694
مشترکین
-1124 ساعت
-647 روز
-26730 روز
آرشیو پست ها
ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ Khamzat vs. Strickland (Face Off ကတော့ ထင်တဲ့အတိုင်းပဲ တော်တော်လေးကို Chaos များခဲ့ပါတယ်။)
+2
ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ Khamzat vs. Strickland (Face Off ကတော့ ထင်တဲ့အတိုင်းပဲ တော်တော်လေးကို Chaos များခဲ့ပါတယ်။) Van vs. Taira ကတော့ သူတို့ထိုးတာကို ကြည့်ကောင်းမယ်၊ Khamzat vs. Strickland ကတော့ သူတို့ရဲ့ထိုးပွဲထက် သူတို့ရဲ့ အမုန်းတရား နှင့် ကွာခြားလွန်းတဲ့ Character တွေကြောင့် လူစိတ်ဝင်စားမှု ပိုပြီးမြင့်မားပါတယ်။ သူတို့ရဲ့ပွဲက အဲလောက်ကြည့်ကောင်းချင်မှ ကောင်းမှာပါ။ Khamzat vs. Du Plessis လို ပျင်းစရာကောင်းတဲ့ပွဲလည်းဖြစ်သွားနိုင်ပါတယ်၊ မဟုတ်ရင် Strickland ကလည်း မထင်ထားတာတွေ လုပ်ပြသွားနိုင်ပါတယ်။

Van vs. Taira Face Off

Joshua Van vs. Tatsuro Taira Face Off တွေလာပါပြီ။ မကြာခင်ဝိတ်ချိန်မယ်။ ပြီးရင်တော့ ကြိတ်ဖို့ပဲ ကျန်တော့မယ်။
+1
Joshua Van vs. Tatsuro Taira Face Off တွေလာပါပြီ။ မကြာခင်ဝိတ်ချိန်မယ်။ ပြီးရင်တော့ ကြိတ်ဖို့ပဲ ကျန်တော့မယ်။

Ready ဖြစ်နေပါပြီဗျာ်။
+2
Ready ဖြစ်နေပါပြီဗျာ်။

Thway Lin Htet နှင့် Ye Yint Naung ကတော့ အောက်ကြေးတွေပါ။ ရဲရင့်နောင်ကတော့ အောက်ကြေးကြမ်းပါတယ်။
+1
Thway Lin Htet နှင့် Ye Yint Naung ကတော့ အောက်ကြေးတွေပါ။ ရဲရင့်နောင်ကတော့ အောက်ကြေးကြမ်းပါတယ်။

Thway Lin Htet အသုံးပြုလို့ရမယ့် ပတ်တံတောင်အကွက်တစ်ခု 😅

Joshua Van ရဲ့ အကြိုက်ဆုံးပွဲ |Paris Moran vs. Joshua Van (2022) Van က UFC Flyweight Champ ဖြစ်လာသည့်တိုင် သူ့ကစားသမားဘဝရဲ့ အကောင်းဆုံးပွဲက လွန်ခဲ့တဲ့ ၃ နှစ်ကျော်တုန်းက Fury FC မှာ ထိုးခဲ့တဲ့ Paris Moran နဲ့ ပွဲလို့ ပြောပါတယ် (UFC မှာတော့ သူ့အကြိုက်ဆုံးပွဲက Edgar Chairez နဲ့ပွဲလို့ပြောပါတယ်)။ အကြောင်းရင်းကတော့ Paris က သူတို့ပြည်နယ်တစ်ဝိုက်မှာ အတော်လေး နာမည်ကြီးတဲ့သူဖြစ်တယ်၊ ပြည့်နယ်ကိုယ်စားပြုအနေနဲ့ ဆုတံဆိပ်များစွာဆွတ်ခူးခဲ့တဲ့သူဖြစ်တယ်။ ပြည်နယ်ချန်ပီယံ 7 ကြိမ်တောင် ဖြစ်ခဲ့တဲ့သူဖြစ်ပါတယ်။ Van က သူ့ကိုတောက်လျှောက်စိန်ခေါ်ခဲ့ပေမယ့် မင်းအဆင်သင့်မဖြစ်သေးဘူးဆိုပြီး သူ့ကိုပေးမထိုးကြပါဘူး၊ အဲတော့ Van ကိုယ်တိုင်ကပဲ Paris ပွဲတစ်ခုအပြီး စင်ပေါ်တက်ပြီး ငါတို့ထိုးရအောင်ဆိုပြီး သွားပြောခဲ့ပါတယ်။ သူတို့ထိုးတော့ ဒုတိယချီမှာပဲ Van က သူ့ကိုအလဲထိုးနဲ့/ဒိုင်ပွဲရပ်နဲ့ နိုင်လိုက်ပါတယ်။ Commentator တွေတောင် တအံ့အဩဖြစ်ခဲ့ကြတာပေါ့။ နောက်ပွဲမှာတော့ Van က Fury FC ရဲ့ Flyweight Championship ခါးပါတ်လုခွင့်ရခဲ့ပါတယ်။ ခါးပါတ်လုပွဲမှာ Cleveland McLean ကို ဒုတိယချီမှာပဲ ချုပ်ကွက်နဲ့နိုင်ပြီး Fury FC Flyweight Champion ဖြစ်လာခဲ့ပါတယ်။

ONE ကတော့ လုပ်ပြန်ပြီ၊ Marat နဲ့ Liu ပွဲဖြစ်ဖို့များနေတယ်လို့ သတင်းထွက်လာပြန်ပါတယ်။ Liu နဲ့ ခါးပါတ်ကာကွယ်ရမယ့် Superbon က မဖေ
ONE ကတော့ လုပ်ပြန်ပြီ၊ Marat နဲ့ Liu ပွဲဖြစ်ဖို့များနေတယ်လို့ သတင်းထွက်လာပြန်ပါတယ်။ Liu နဲ့ ခါးပါတ်ကာကွယ်ရမယ့် Superbon က မဖော်ပြတဲ့ဒဏ်ရာနဲ့နှုတ်ထွက်ပြီးနောက် Liu က အစားထိုးပြိုင်ဘက် Gabriel Pareira (2-0) နဲ့ ဒီလ ၂၂ ရက်မှာ ထိုးရမှာပါ။ ဒီမှာသာ Liu အနိုင်ရရင် ခါးပါတ်စိန်ခေါ်ခွင့် တိုက်ရိုက်ပြန်မရဘဲ Marat နဲ့ ထိုးဖို့ ပိုနီးစပ်နေတဲ့သတင်းတွေ အခိုင်အမာထွက်လာတာပါ။ ဒါက Liu နှင့် Marat နှစ်ယောက်လုံးအတွက် နစ်နာပါတယ်။ Liu ကကျတော့ ခါးပါတ်စိန်ခေါ်ခွင့်ရထားပြီးသား၊ အခုတော့ သူက အကြောင်းပြချက်မရှိဘဲ ပြန်တန်းစီရတဲ့သဘောဖြစ်နေပါတယ်။ သူကိုယ်တိုင်ကတော့ အတော်ကို ပေါက်ကွဲနေတယ်လို့သိရပါတယ်။ Superbon ကိုလည်း "ငကြောက်" လို့ ခေါ်ပြီးဒေါပွခဲ့ပါတယ်။ သူ့ဘက်ကကြည့်ရင်တော့ တကယ်စိတ်ပျက်စရာပါပဲ။ Marat ကျတော့လည်း ONE Samurai 1 မှာ တစ်မ္ဘာလုံးရှေ့မှာ ခါးပါတ်စိန်ခေါ်ခွင့် ဂတိပေးထားတာပါ။ ဒါပေမယ့် ဒီလိုပဲ လွယ်လွယ်လေးနဲ့ ဂတိကိုဖျက်လိုက်တဲ့သဘောပါ။ အခုတော့ သူ့ကိုလည်းအကြောင်းမရှိဘဲ ပြန်တန်းစီခိုင်းလိုက်တာပါ။

Pantoja ပွဲနဲ့ Edgar Chairez ပွဲတွေကို ဒဏ်ရာနဲ့ ထိုးခဲ့ရတယ်လို့ Van က ပြောလာပါတယ်။
Pantoja ပွဲနဲ့ Edgar Chairez ပွဲတွေကို ဒဏ်ရာနဲ့ ထိုးခဲ့ရတယ်လို့ Van က ပြောလာပါတယ်။

Taira က Ground game ကောင်းတယ်လေ၊ အဲတော့ သူကောင်းတဲ့နေရာမှာ ဘာလို့သွားယှဉ်နေရမှာလဲ၊ စနေနေ့မှာတော့ သူက ကျတော့်ကစားကွက်ထဲပဲရောက်
Taira က Ground game ကောင်းတယ်လေ၊ အဲတော့ သူကောင်းတဲ့နေရာမှာ ဘာလို့သွားယှဉ်နေရမှာလဲ၊ စနေနေ့မှာတော့ သူက ကျတော့်ကစားကွက်ထဲပဲရောက်လာမှာပါ။ သူ့ကစားကွက်ထဲရောက်ရင်လည်း ကျတော်တို့က သူ့ကိုအနိုင်ယူမှာပါ။

UFC White House မှာ ကစားမယ့် ကစားသမားတွေကို Trump က အိမ်ဖြုတော်မှာတွေ့ဆုံခဲ့ပါတယ်။ Justin Gaethje ကိုတော့ သူ့သူငယ်ချင်းလို့ သ
UFC White House မှာ ကစားမယ့် ကစားသမားတွေကို Trump က အိမ်ဖြုတော်မှာတွေ့ဆုံခဲ့ပါတယ်။ Justin Gaethje ကိုတော့ သူ့သူငယ်ချင်းလို့ သုံးနှုန်းသွားပါတယ်။

Superbon ဒဏ်ရာနဲ့ နှုတ်ထွက်၊ Liu ရဲ့ ပြိုင်ဘက်အသစ်။ ဒဏ်ရာတကယ်ရတာလား? အခြားအကြောင်းအရာရှိလား မသိပါဘူး။ ကျတော့်အထင်ပြောရရင်တော့
Superbon ဒဏ်ရာနဲ့ နှုတ်ထွက်၊ Liu ရဲ့ ပြိုင်ဘက်အသစ်။ ဒဏ်ရာတကယ်ရတာလား? အခြားအကြောင်းအရာရှိလား မသိပါဘူး။ ကျတော့်အထင်ပြောရရင်တော့ ဒဏ်ရာမရဘူးဆိုတာထက် Marat နဲ့ပွဲဖြစ်ဖို့အတွက် Superbon ကို ဖယ်ထားတာလည်းဖြစ်နိုင်ပါတယ်။ ONE Samurai 1 ကတည်းက Marat ကို ခါးပါတ်လုခွင့် ဂတိပေးထားတာမို့ Liu နဲ့ ပွဲဆက်ဖြစ်ရင် Superbon တစ်ခုခုလွဲချော်မှာစိုးလို့ ဖယ်ထားတာလည်းဖြစ်နိုင်ပါတယ်။ Liu က နာမည်မရှိဘဲ အန္တရာယ်ရှိလို့ပါ။ သူကသာ Superbon ကို အနိုင်ရခဲ့ရင် Liu vs. Marat က အဲလောက် ပရိတ်သတ်ဆွဲဆောင်မှုမရှိနိုင်ပါဘူး။ အကယ်၍ Liu က Gabriel Pareira ကိုလည်း အနိုင်ရမယ်ဆိုရင်၊ Superbon ဒဏ်ရာကနေပြန်ကောင်းတာနဲ့ Liu ကပဲ ခါးပါတ်လုခွင့် အရင်ပြန်ရသင့်ပါတယ်။ Pereira ကိုလည်း နိုင်လို့ သူနဲ့မတည်ဘဲ Superbon vs. Marat ကိုပဲ တည်မယ်ဆိုရင်တော့ Liu အတွက် မတရားနိုင်တော့ပါဘူး။ ဒီလိုအဖွဲ့အစည်းတွေက *တရားမျှတမှု* ဆိုတာကို ဂရုစိုက်တဲ့သူတွေလုံးဝမဟုတ်ဘူး၊ စီပွားရေးက အဓိကဖြစ်တဲ့အတွက် သူတို့အတွက်ငွေများနိုင်မယ့်လမ်းကြောင်းကိုပဲ ရွေးချယ်ကြမှာပါပဲ။ *ဒါကတော့ ကျတော်ထင်ကြေးသက်သက်ပါ။ ထင်မြင်ချက်တစ်ခုလို့ပဲ မှတ်ယူပါ။*

Khunponnoi Vs. Ye Yint Naung ဘယ်လိုမြင်လဲ? ရဲရင့်နောင်အတွက် အခွင့်အရေးရှိမလား? 🤔🤔 Khunponnoi ကတော့ အတွေ့အကြုံအများကြီးသာပါတ
Khunponnoi Vs. Ye Yint Naung ဘယ်လိုမြင်လဲ? ရဲရင့်နောင်အတွက် အခွင့်အရေးရှိမလား? 🤔🤔 Khunponnoi ကတော့ အတွေ့အကြုံအများကြီးသာပါတယ်။ Khunponnoi ကတော့ မြန်မာကစားသမားနဲ့တွေ့တိုင်းအနိုင်ရခဲ့ပါတယ်... Sonrak, Moe Htet Aung, Thant Zin တို့ကို အမှတ်နဲ့အနိုင်ယူခဲ့တာပါ။ ရဲရင့်နောင်ကတော့ သူ့ရဲ့ ၄ ယောက်မြောက် မြန်မာပြိုင်ဘက်ဖြစ်ပါတယ်။

Haggerty ကတော့ Yuki Yoza ကို နိုင်ပြီးနောက် Muay Thai ခါးပါတ်ကို ပြန်လိုချင်တဲ့အကြောင်း၊ Rambolek နဲ့ ထိုးချင်ကြောင်းပြောခဲ့ပ
Haggerty ကတော့ Yuki Yoza ကို နိုင်ပြီးနောက် Muay Thai ခါးပါတ်ကို ပြန်လိုချင်တဲ့အကြောင်း၊ Rambolek နဲ့ ထိုးချင်ကြောင်းပြောခဲ့ပါတယ်။ Chatri ကိုယ်တိုင်ကလည်း သူ့ကိုသဘောကျနေတာဆိုတော့ ဒီပွဲကိုတည်ပေးလာနိုင်ပါတယ်။ သူကိုယ်တိုင် Superlek ဆီမှာ ရှုံးထားတဲ့ခါးပါတ်ဖြစ်ပါတယ်။ ဒီပွဲသာတကယ်ဖြစ်လာခဲ့ရင်တော်တော်လေး ကြည့်ကောင်းမှာပါ။ ဒီခါးပါတ်ကို ပြန်ရနိုင်ခဲ့ရင်တော့ တစ်ခါတည်း MMA ခါးပါတ်လည်း ဆက်တိုက်လုခိုင်းနိုင်ပါတယ်။ 😂 ဒါပေမယ့် 145 တန်း MMA ချန်ပီယံကြီးက Mongolia မကောင်းဆိုးဝါးကြီး အသက် 37 အရွယ် Enkh-Orgil Baatarkhuu ဖြစ်နေတာပါ။

May 15 ရက်မှာ Samingdam vs. Yodphupa တွဲဆိုင်းကို ထပ်ထည့်လိုက်ပါပြီ။ Yodphupa ကတော့ ONE မှာ ၆ ပွဲနိုင် ၄ ပွဲရှုံး (၂ ပွဲကို အ
May 15 ရက်မှာ Samingdam vs. Yodphupa တွဲဆိုင်းကို ထပ်ထည့်လိုက်ပါပြီ။ Yodphupa ကတော့ ONE မှာ ၆ ပွဲနိုင် ၄ ပွဲရှုံး (၂ ပွဲကို အလဲထိုးနဲ့နိုင်တဲ့) မှတ်တမ်းရှိထားပါတယ်။ အသက်ကတော့ ၂၂ ပါ။ ၈ နာရီခွဲနောက်ပိုင်းဖြစ်ုလို့ Facebook, YouTube မှာ Free ကြည့်လို့ရမှာပါ။

May 29 ရက်ပွဲပါ၊ Ramadan Ondash vs. Suriyanlek... တကယ် ဖျော်ဖြေမှုဆန်မယ့်ပွဲပါ။
May 29 ရက်ပွဲပါ၊ Ramadan Ondash vs. Suriyanlek... တကယ် ဖျော်ဖြေမှုဆန်မယ့်ပွဲပါ။

လွန်ခဲ့တဲ့ May 2 မှာထိုးသွားတဲ့ Inoue vs. Nakatani, Boxing ပွဲကတော့ ဂျပန်နိုင်ငံရဲ့ ငွေးကြေးဆိုင်ရာအအောင်မြင်ဆုံး အားကစားပွဲဖ
လွန်ခဲ့တဲ့ May 2 မှာထိုးသွားတဲ့ Inoue vs. Nakatani, Boxing ပွဲကတော့ ဂျပန်နိုင်ငံရဲ့ ငွေးကြေးဆိုင်ရာအအောင်မြင်ဆုံး အားကစားပွဲဖြစ်လာပါတယ်။ ဒီပွဲမတိုင်ခင်က ဂျပန်သမိုင်းတစ်လျှောက် ဝင်ကြေးအမြင့်ဆုံးအားကစားပွဲ မှတ်တမ်းကို 2022 မှာ Tenshin Nasukawa နှင့် Takeru တို့ထိုးခဲ့တဲ့ The Match ဆိုတဲ့ Kickboxing ပွဲက ဝင်ကြေးပေါင်း $25 Million ကျော်နဲ့ သိမ်းပိုက်ခဲ့တာပါ။ အခုတော့ Inoue vs. Nakatani တို့ရဲ့ Boxing ပွဲကြီးက အဲဒီကိန်းဂဏန်းကို ၂ဆ ကျော်နဲ့ ကျော်သွားခဲ့ပါပြီ။ ကွင်းတွင်းဝင်ရောက်ကြည့်ရှုသူ 55,000 ရှိပြီး၊ 650,000 PPVs ရောင်းခဲ့ရတယ်လို့ သိရပါတယ်။ အဲထဲက Inoue ကတော့ $12-20 Million ကြားရဖို့ရှိနေပြီး Nakatani ကတော့ $4-8 Million ဝန်းကျင်ရဖို့ဖြစ်ပါတယ်။ တိုက်ခိုက်ရေးစနစ်တွေများစွာရဲ့ အမိမြေဖြစ်တဲ့ ဂျပန်၊ ပြီးတော့ Kickboxing ကိုအားပြုတဲ့နိုင်ငံဖြစ်ပေမယ့် အနောက်တိုင်း Boxing က ဂျပန်နိုင်ငံမှာ အတော်လေးကိုလူကြိုက်များလာတာတွေ့ရပါတယ်။ ပြီးတော့ ငွေကြေးအရ ဝင်ငွေအကောင်းဆုံးဆိုတာလည်း တွေ့ရပါတယ်။

Suerpbon vs. Liu ပွဲပျက်သွားပါပြီ။ Superbon ဒဏ်ရာရပြီး ပွဲကနေနှုတ်ထွက်သွားတာပါ။ ဘာဒဏ်ရာလဲတော့ အသေးစိတ်မသိရသေးပါ။ အစက ဒီလ May
Suerpbon vs. Liu ပွဲပျက်သွားပါပြီ။ Superbon ဒဏ်ရာရပြီး ပွဲကနေနှုတ်ထွက်သွားတာပါ။ ဘာဒဏ်ရာလဲတော့ အသေးစိတ်မသိရသေးပါ။ အစက ဒီလ May 22, Inner Circle Main Event အဖြစ်တည်ထားတာပါ။ အခုတော့ Yod IQ vs. Nabati က ခေါင်ပွဲပြန်ဖြစ်သွားပါပြီ။ Liu ကတော့ တွဲဆိုင်းမှာ အခြားပြိုင်ဘက်နဲ့ ဆက်ထိုးမှာပါ။ ပြိုင်ဘက်အသစ်ကတော့ Gabriel Pereira ဖြစ်ပါတယ်။ သူကတော့ ONE မှာ Kickboxing ၂ ပွဲထိုးထားပြီး နှစ်ပွဲလုံးနိုင်ထားတဲ့ အသက် ၂၆ နှစ်အရွယ် Venezuela သား ဖြစ်ပါတယ်။

Van ကို အနိုင်ယူ၊ ခါးပါတ်သိမ်းပြီး ပထမဆုံး ချန်ပီယံဟောင်း Pantoja နဲ့ ခါးပါတ်ကာကွယ်ချင်ပါတယ်။ အခြေအနေဖန်လာရင် (Japan သားချင်း
Van ကို အနိုင်ယူ၊ ခါးပါတ်သိမ်းပြီး ပထမဆုံး ချန်ပီယံဟောင်း Pantoja နဲ့ ခါးပါတ်ကာကွယ်ချင်ပါတယ်။ အခြေအနေဖန်လာရင် (Japan သားချင်းဖြစ်တဲ့) Horiguchi နဲ့လည်း ကာကွယ်ချင်ပါတယ်။

ကယ်... Autograph ထိုးတဲ့အစီအစဉ်တော့ ပြဿနာမရှိဘဲပြီးသွားခဲ့ပါတယ်။ မကြာခင် ဝိတ်ချိန်ရောက်တော့မယ်နော်။ ဝိတ်ချိန်ပြီးရင် Face Off
+3
ကယ်... Autograph ထိုးတဲ့အစီအစဉ်တော့ ပြဿနာမရှိဘဲပြီးသွားခဲ့ပါတယ်။ မကြာခင် ဝိတ်ချိန်ရောက်တော့မယ်နော်။ ဝိတ်ချိန်ပြီးရင် Face Off ရှိမှာပါ။ အဲမှာတော့ Khamzat နှင့် Strickland တို့ကြား တစ်ခုခုဖြစ်နိုင်တယ် 😂😂 ဒီနှစ်ယောက်ကြောင့် ဒီပွဲက တော်တော်လေး လူစိတ်ဝင်စားမှုမြင့်မားနေပါတယ်။ သူတို့ရဲ့ အငြိုုးက အရင်က Khabib နှင့် Conor နီးပါးဖြစ်နေပါတယ်။