Bee Kyal Football News
رفتن به کانال در Telegram
ဘောလုံး အားကစားသတင်းစုံ
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
593
مشترکین
اطلاعاتی وجود ندارد24 ساعت
-37 روز
-330 روز
آرشیو پست ها
( ရော်ဘတ်တို ဒီဇာဘီကို နည်းပြသစ်အဖြစ် ခန့်အပ်အပြီးမှာတော့ တော့တင်ဟမ်ဟော့စပါးအသင်း နိုင်ပွဲပြန်လည်ရရှိခဲ့ပါပြီ ။ ဒီနိုင်ပွဲဟာ စပါးအသင်းအတွက် ၂၀၂၆ အတွင်းပထမဆုံးသော အမှတ်ပေးပွဲစဉ်နိုင်ပွဲ ၊ တန်းဆင်းဇုန်ထဲကနေ ယာယီရုန်းထွက်နိုင်ခဲ့တဲ့ပွဲတွေ ဖြစ်ခဲ့ရပါတယ် ။ ဒီနိုင်ပွဲဟာ စပါးအသင်းနဲ့နည်းပြသစ်တို့ကိုလက်ကျန်ပွဲစဉ်တွေအတွက် ယုံကြည်မှုတွေတိုးပွားလာခဲ့ပါပြီ ။ စပါးတို့ ပရီးမီးယားလိဂ်မှာ ကျန်ရစ်အောင်စွမ်းဆောင်နိုင်မှာလားဆိုတာကတော့ . . . )
ဒီလိုမျိုးတွေတင်ဖို့ရေးထားပြီးကာမှ စပါးအသင်းချေပဂိုးပြန်ပေးလိုက်ရပြီး ဘရိုက်တန်အသင်းနဲ့ ၂ ဂိုးစီသရေရလဒ်ထွက်ပေါ်ကာ တန်းဆင်းဇုန်ထဲမှာပဲ ဆက်လက်ရပ်တည်နေခဲ့ရပါတယ် ။ ဘရိုက်တန်အသင်းရဲ့ ၉၀+၅ မိနစ်ချေပဂိုးဟာ စပါးအသင်းကိုအများကြီးနစ်နာစေခဲ့တာပါ ။
#BeeKyal
အက်သလက်တီကိုမက်ဒရစ်ကပဲညံ့တာလား ၊ ရီးရဲဆိုဆီဒက်ကပဲကောင်းခဲ့တာလား . . . ။ ဒီယေဂို ဆီမြွန်းနီတို့ကတော့ ဖလားတလုံးနဲ့ လက်တကမ်းအလိုကနေ လက်လွှတ်ခဲ့ရပါပြီ ။ ပွဲအစ ၁ မိနစ် ( ၄၄ စက္ကန့်တည်းနဲ့ ) မှာကတည်းက ဂိုးစပေးလိုက်ရပြီး နောက်ကလိုက်ကစားခဲ့ရတာပါ ။ ပင်နယ်တီမှာလည်း ဆိုဆီဒက်အရန်ဂိုးသမားရဲ့ လက်စွမ်းပြမှုတွေကြောင့် အက်သလက်တီကိုမက်ဒရစ်တို့ ရှုံးနိမ့်ခဲ့ရပါတယ် ။ ဆိုဆီဒက်အတွက်တော့ ကိုပါဒယ်ရေးဖလားကို ၄ ကြိမ်မြောက်ရယူဆွတ်ခူးသွားနိုင်ခဲ့တာပါ ။ သူတို့အတွက် ဂုဏ်ပြုရမှာပါပဲ ။
နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲကိုပြန်ကြည့်မယ်ဆိုရင် အက်သလက်တီကိုမက်ဒရစ်တို့ ပွဲသာနိုင်ခဲ့ပြီး ကျန်တဲ့ပွဲအားလုံးရှုံးပါတယ် ။ အဲဒီပွဲက ဘာစီလိုနာကိုနိုင်ခဲ့တာဖြစ်ပြီး ဘာဆာတို့ ချန်ပီယံလိဂ်ကနေထွက်ခဲ့ရပါတယ် ။ အခုမှပဲအဖြေပေါ်သွားပါတော့တယ် ။ အက်သလက်တီကိုမက်ဒရစ်က ဖလားရဖို့ကစားနေတာမဟုတ်ပါဘူး ၊ ဘာစီလိုနာအသင်းကို ဖလားပြိုင်ပွဲတွေကနေထွက်ရစေဖို့အတွက် ကစားနေတာပါ ။
ဒီပုံစံနဲ့ဆိုရင်တော့ ချန်ပီယံလိဂ်မှာ အာဆင်နယ်ကို ဘယ်လိုမှအနိုင်ကစားနိုင်မှာမဟုတ်ပါဘူး ။
#BeeKyal
ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တဲ့ ကိုဗင်ထရီစီးတီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းဖန် ၅၀၀၀ ခန့်ကို ပရီးမီးယားလိဂ်ပွဲစဉ်တွေ အခမဲ့ကြည့်ရှုခွင့်ပေးမယ်လို့ သိရပါတယ် ။ ဒါဟာ ၂၅ နှစ်ကြာမှ ပရီးမီးယားလိဂ်ပွဲတွေကို ပြန်ကြည့်ခွင့်ရမယ့်အသင်းဖန်တွေအတွက် တကယ်ဝမ်းမြောက်စရာသတင်းကောင်းပါပဲ ။ အချို့ဖန်တွေဆိုရင် ကိုဗင်ထရီအသင်း ပရီးမီးယားလိဂ်မှာကစားတာကိုတောင် မြင်ဖူးကြဦးမှာမဟုတ်ပါဘူး ။
ကိုဗင်ထရီအသင်းဟာ ၂၀၂၃ ခုနှစ်တုန်းက တရာသီစာလက်မှတ်တွေကို ရောင်းချခဲ့ပြီး အဆိုပါလက်မှတ်တွေဝယ်ယူသူတွေကို ၅ နှစ်အတွင်းတန်းတက်ခဲ့မယ်ဆိုပါက ပရီးမီးယားလိဂ်ပွဲတွေကို ကြည့်ရှုခွင့်ပြုမယ်လို့ ကတိပေးခဲ့ပါတယ် ။ ၃ နှစ်အကြာမှာတော့ ဖရန့်လမ်းပတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ကိုဗင်ထရီအသင်း ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပါပြီ ။
လက်ကျန်ပွဲတွေမှာ သူတို့အတွက်လိုအပ်နေတာက အမှတ်ပေးချန်ပီယံဖလားနဲ့ အောင်ပွဲခံနိုင်ဖို့ပါပဲ ။
#Beekyal
ရမှတ်ပိုလိုအပ်တာ ချဲလ်ဆီး ဆိုပေမယ့် အိမ်ကွင်းမှာပဲ ယူနိုက်တက်ကို အရှုံးပေးခဲ့ရပြန်ပါတယ် ။ ဂိုးကံခေတာရော အဆုံးသတ် ညံ့တာကြောင့်ပါ ကန်ချက် ၂၂ ကြိမ်ဟာ ဂိုးမရခဲ့ဘဲ ကန်ချက် ၄ ကြိမ်ပဲ ရှိခဲ့တဲ့ ယူနိုက်တက် က ကွန်ညာ ရဲ့ ဂိုးနဲ့ ၃ မှတ် ယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။
တခါမှ တွဲမကစားဖူးသေးတဲ့အထိ CB မှာ ပြဿနာတွေ ရှိနေပေမယ့် clean sheet ရတဲ့အထိ တောင့်ခံနိုင်ခဲ့တဲ့ မာဇရာဝီ × ဟီးဗန်း အတွဲကိုတော့ ချီးကျူးဖို့ ကောင်းပြီး နိုင်ပွဲနဲ့အတူ ယူနိုက်တက် အဖို့ ချန်ပီယံလိဂ် ဝင်ခွင့် ဟာ အခြေအနေ ပိုကောင်းခဲ့ပြီလည်း ဖြစ်ပါတယ် ။
#BeeKyal
ဘာနာဒိုဆေ၊းလ်ဗားရဲ့ Skin care ကြောငြာပို့်စ်အောက်မှ ဘရူနိုရဲ့ မှတ်ချက်-
"မင်းက သွားတို၊က်တံတော၊င် သုံးလို့လားကွာ"
#BeeKyal
လွန်ခဲ့တဲ့ ၂ ရက်လောက်က ဂါလာတာစာရေးအသင်းမထင်မှတ်ဘဲ သရေရလဒ်ထွက်ပေါ်မှုကြောင့် ဖီနာဘာချီအသင်း ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိလာခဲ့ပြီဆိုတဲ့အကြောင်းနဲ့ တူရကီလိဂ်ရဲ့ ခန့်မှန်းလို့မရတဲ့ အနေအထားတွေကို ကျွန်တော်တို့ ပြောဆိုခဲ့ကြပါသေးတယ် ။ မနေ့ညကပွဲမှာတော့ ဒီကိစ္စကို အတည်ပြုပေးသွားခဲ့ပါပြီ ။
ဖီနာဘာချီအသင်းဟာ ဒီပွဲကိုနိုင်ခဲ့မယ်ဆိုရင် အဆင့် ၁ နေရာကို ယာယီရယူနိုင်မှာပါ ။ ပွဲချိန်မိနစ် ၉၀ အထိလည်း သူတို့ ၂-၁ နဲ့အနိုင်ရနေပါတယ် ။ ဒါပေမယ့် ၉၀+၈ မိနစ်မှာတော့ ကွင်းတဝက်ကျော်က ကန်တင်လိုက်တဲ့ဖရီးကစ်ကို ဖီနာဘာချီဂိုးသမား အီဒါဆင်က အိုနာနာပုံစံနဲ့ထွက်ဆွဲရာကနေ ဂိုးသမားမရှိတဲ့ဂိုးထဲကို ဂိုးဝင်သွားခဲ့ပြီး ချေပဂိုးပြန်ပေးလိုက်ရတော့တာပါပဲ ။ ဖီနာဘာချီရဲ့ အမှတ်ပေးချန်ပီယံအိပ်မက်ကလည်း ၂ ရက်အကြာမှာတင်ပြီးဆုံးသွားခဲ့ရပါပြီ ။
တူရကီလိဂ်နဲ့ပတ်သက်ပြီး မော်ရင်ညိုပြောခဲ့တာတွေက အခုထိမှန်ကန်နေတုန်းပါပဲ ၊ ဘာမှမပြောင်းလဲသေးပါဘူး ။ ဒါကြောင့်လည်း သူတို့အသင်းတွေ European competition တွေမှာ ဘာမှမဖြစ်လာခဲ့ကြတော့တာနေမှာပါ ။
#BeeKyal
လွန်ခဲ့တဲ့ ၂ နှစ်၊ နိုဝင်ဘာလတုန်းက အဆင့် (၁၇) မှာ မျက်နှာငယ်နေရတဲ့ အသင်းဟာ လမ်းပတ်ရဲ့ လက်ထဲရောက်မှ အတောင်ပံဖြန့်နိုင်ခဲ့တာပါ
ရှုံးပွဲမရှိသလောက် ကစားပြခဲ့တဲ့ ကိုဗင်ထရီဟာ ဒီရာသီမှာလည်း ဇယားထိပ်ကနေ ဘယ်သူ့ကိုမှ အကျော်မခံခဲ့ပါဘူး
တန်းဆင်းဇုန်အနားကနေ ပရီးမီးယားလိဂ်ဆီ အရောက်လှမ်းနိုင်ခဲ့တဲ့ ဒီခရီးစဉ်ဟာ တကယ့်ကို အံ့မခန်းပါပဲ
ကြိုဆိုပါတယ် ကိုဗင်ထရီစီးတီး
#BeeKyal
ပေါ်တိုအသင်းဟာ ချန်ပီယံလိဂ်မှာ အစဉ်အလာရှိတဲ့အသင်းတသင်းပါ ။ ဒီရာသီ ပေါ်တူဂီလိဂ်မှာလည်း အဆင့် ၁ နေရာမှာရပ်တည်နေပါတယ် ။ ဒါပေမယ့် သူတို့ နော်တင်ဟမ်ဖောရက်စ်အသင်းကို ဒီရာသီမှာ လုံးဝမနိုင်ခဲ့ပါဘူး ။ ယူရိုပါလိဂ်မှာ ၃ ကြိမ်တွေ့ဆုံခဲ့ပြီး ၂ ပွဲရှုံးကာ ၁ ပွဲသရေကျခဲ့ပါတယ် ။ နော်တင်ဟမ်ဖောရက်စ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာပါ ။
ဒါက ပရီးမီးယားလိဂ်အသင်းတွေဟာ အခြားလိဂ်အသင်းတွေထက် သာလွန်ကောင်းမွန်နေပြီဆိုတာကို ပြသလိုက်သလို ပရီးမီးယားလိဂ်ဟာ အခြားလိဂ်တွေလိုမျိုး ၁ သင်း ၂ သင်းလောက်ပဲ ကောင်းတာမျိုးမဟုတ်ဘူးဆိုတာကိုလည်း သိသာမြင်သာစေခဲ့ပါတယ် ။
#BeeKyal
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
