es
Feedback
Bee Kyal Football News

Bee Kyal Football News

Ir al canal en Telegram

ဘောလုံး အားကစားသတင်းစုံ

Mostrar más
El país no está especificadoLa categoría no está especificada
593
Suscriptores
Sin datos24 horas
-37 días
-330 días
Archivo de publicaciones
ယနေ့ခန့်မှန်းပွဲများ
+1
ယနေ့ခန့်မှန်းပွဲများ

မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍
+1
မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍

ရိုစင်ညာကို လမ်းဆုံးရောက်အောင် တွန်းပို့ပေးလိုက်တဲ့ မိုက်ကယ်ကားရစ်

ညနေခင်းကြေးလေးပါ😍😍
ညနေခင်းကြေးလေးပါ😍😍

( ရော်ဘတ်တို ဒီဇာဘီကို နည်းပြသစ်အဖြစ် ခန့်အပ်အပြီးမှာတော့ တော့တင်ဟမ်ဟော့စပါးအသင်း နိုင်ပွဲပြန်လည်ရရှိခဲ့ပါပြီ ။ ဒီနိုင်ပွဲဟာ
( ရော်ဘတ်တို ဒီဇာဘီကို နည်းပြသစ်အဖြစ် ခန့်အပ်အပြီးမှာတော့ တော့တင်ဟမ်ဟော့စပါးအသင်း နိုင်ပွဲပြန်လည်ရရှိခဲ့ပါပြီ ။ ဒီနိုင်ပွဲဟာ စပါးအသင်းအတွက် ၂၀၂၆ အတွင်းပထမဆုံးသော အမှတ်ပေးပွဲစဉ်နိုင်ပွဲ ၊ တန်းဆင်းဇုန်ထဲကနေ ယာယီရုန်းထွက်နိုင်ခဲ့တဲ့ပွဲတွေ ဖြစ်ခဲ့ရပါတယ် ။ ဒီနိုင်ပွဲဟာ စပါးအသင်းနဲ့နည်းပြသစ်တို့ကိုလက်ကျန်ပွဲစဉ်တွေအတွက် ယုံကြည်မှုတွေတိုးပွားလာခဲ့ပါပြီ ။ စပါးတို့ ပရီးမီးယားလိဂ်မှာ ကျန်ရစ်အောင်စွမ်းဆောင်နိုင်မှာလားဆိုတာကတော့ . . . ) ဒီလိုမျိုးတွေတင်ဖို့ရေးထားပြီးကာမှ စပါးအသင်းချေပဂိုးပြန်ပေးလိုက်ရပြီး ဘရိုက်တန်အသင်းနဲ့ ၂ ဂိုးစီသရေရလဒ်ထွက်ပေါ်ကာ တန်းဆင်းဇုန်ထဲမှာပဲ ဆက်လက်ရပ်တည်နေခဲ့ရပါတယ် ။ ဘရိုက်တန်အသင်းရဲ့ ၉၀+၅ မိနစ်ချေပဂိုးဟာ စပါးအသင်းကိုအများကြီးနစ်နာစေခဲ့တာပါ ။ #BeeKyal

အက်သလက်တီကိုမက်ဒရစ်ကပဲညံ့တာလား ၊ ရီးရဲဆိုဆီဒက်ကပဲကောင်းခဲ့တာလား . . . ။ ဒီယေဂို ဆီမြွန်းနီတို့ကတော့ ဖလားတလုံးနဲ့ လက်တကမ်းအလို
အက်သလက်တီကိုမက်ဒရစ်ကပဲညံ့တာလား ၊ ရီးရဲဆိုဆီဒက်ကပဲကောင်းခဲ့တာလား . . . ။ ဒီယေဂို ဆီမြွန်းနီတို့ကတော့ ဖလားတလုံးနဲ့ လက်တကမ်းအလိုကနေ လက်လွှတ်ခဲ့ရပါပြီ ။ ပွဲအစ ၁ မိနစ် ( ၄၄ စက္ကန့်တည်းနဲ့ ) မှာကတည်းက ဂိုးစပေးလိုက်ရပြီး နောက်ကလိုက်ကစားခဲ့ရတာပါ ။ ပင်နယ်တီမှာလည်း ဆိုဆီဒက်အရန်ဂိုးသမားရဲ့ လက်စွမ်းပြမှုတွေကြောင့် အက်သလက်တီကိုမက်ဒရစ်တို့ ရှုံးနိမ့်ခဲ့ရပါတယ် ။ ဆိုဆီဒက်အတွက်တော့ ကိုပါဒယ်ရေးဖလားကို ၄ ကြိမ်မြောက်ရယူဆွတ်ခူးသွားနိုင်ခဲ့တာပါ ။ သူတို့အတွက် ဂုဏ်ပြုရမှာပါပဲ ။ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲကိုပြန်ကြည့်မယ်ဆိုရင် အက်သလက်တီကိုမက်ဒရစ်တို့ ပွဲသာနိုင်ခဲ့ပြီး ကျန်တဲ့ပွဲအားလုံးရှုံးပါတယ် ။ အဲဒီပွဲက ဘာစီလိုနာကိုနိုင်ခဲ့တာဖြစ်ပြီး ဘာဆာတို့ ချန်ပီယံလိဂ်ကနေထွက်ခဲ့ရပါတယ် ။ အခုမှပဲအဖြေပေါ်သွားပါတော့တယ် ။ အက်သလက်တီကိုမက်ဒရစ်က ဖလားရဖို့ကစားနေတာမဟုတ်ပါဘူး ၊ ဘာစီလိုနာအသင်းကို ဖလားပြိုင်ပွဲတွေကနေထွက်ရစေဖို့အတွက် ကစားနေတာပါ ။ ဒီပုံစံနဲ့ဆိုရင်တော့ ချန်ပီယံလိဂ်မှာ အာဆင်နယ်ကို ဘယ်လိုမှအနိုင်ကစားနိုင်မှာမဟုတ်ပါဘူး ။ #BeeKyal

ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တဲ့ ကိုဗင်ထရီစီးတီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းဖန် ၅၀၀၀ ခန့်ကို ပရီးမီးယားလိဂ်ပွဲစဉ်တ
ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တဲ့ ကိုဗင်ထရီစီးတီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းဖန် ၅၀၀၀ ခန့်ကို ပရီးမီးယားလိဂ်ပွဲစဉ်တွေ အခမဲ့ကြည့်ရှုခွင့်ပေးမယ်လို့ သိရပါတယ် ။ ဒါဟာ ၂၅ နှစ်ကြာမှ ပရီးမီးယားလိဂ်ပွဲတွေကို ပြန်ကြည့်ခွင့်ရမယ့်အသင်းဖန်တွေအတွက် တကယ်ဝမ်းမြောက်စရာသတင်းကောင်းပါပဲ ။ အချို့ဖန်တွေဆိုရင် ကိုဗင်ထရီအသင်း ပရီးမီးယားလိဂ်မှာကစားတာကိုတောင် မြင်ဖူးကြဦးမှာမဟုတ်ပါဘူး ။ ကိုဗင်ထရီအသင်းဟာ ၂၀၂၃ ခုနှစ်တုန်းက တရာသီစာလက်မှတ်တွေကို ရောင်းချခဲ့ပြီး အဆိုပါလက်မှတ်တွေဝယ်ယူသူတွေကို ၅ နှစ်အတွင်းတန်းတက်ခဲ့မယ်ဆိုပါက ပရီးမီးယားလိဂ်ပွဲတွေကို ကြည့်ရှုခွင့်ပြုမယ်လို့ ကတိပေးခဲ့ပါတယ် ။ ၃ နှစ်အကြာမှာတော့ ဖရန့်လမ်းပတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ကိုဗင်ထရီအသင်း ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပါပြီ ။ လက်ကျန်ပွဲတွေမှာ သူတို့အတွက်လိုအပ်နေတာက အမှတ်ပေးချန်ပီယံဖလားနဲ့ အောင်ပွဲခံနိုင်ဖို့ပါပဲ ။ #Beekyal

ရမှတ်ပိုလိုအပ်တာ ချဲလ်ဆီး ဆိုပေမယ့် အိမ်ကွင်းမှာပဲ ယူနိုက်တက်ကို အရှုံးပေးခဲ့ရပြန်ပါတယ် ။ ဂိုးကံခေတာရော အဆုံးသတ် ညံ့တာကြောင့်
ရမှတ်ပိုလိုအပ်တာ ချဲလ်ဆီး ဆိုပေမယ့် အိမ်ကွင်းမှာပဲ ယူနိုက်တက်ကို အရှုံးပေးခဲ့ရပြန်ပါတယ် ။ ဂိုးကံခေတာရော အဆုံးသတ် ညံ့တာကြောင့်ပါ ကန်ချက် ၂၂ ကြိမ်ဟာ ဂိုးမရခဲ့ဘဲ ကန်ချက် ၄ ကြိမ်ပဲ ရှိခဲ့တဲ့ ယူနိုက်တက် က ကွန်ညာ ရဲ့ ဂိုးနဲ့ ၃ မှတ် ယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။ တခါမှ တွဲမကစားဖူးသေးတဲ့အထိ CB မှာ ပြဿနာတွေ ရှိနေပေမယ့် clean sheet ရတဲ့အထိ တောင့်ခံနိုင်ခဲ့တဲ့ မာဇရာဝီ × ဟီးဗန်း အတွဲကိုတော့ ချီးကျူးဖို့ ကောင်းပြီး နိုင်ပွဲနဲ့အတူ ယူနိုက်တက် အဖို့ ချန်ပီယံလိဂ် ဝင်ခွင့် ဟာ အခြေအနေ ပိုကောင်းခဲ့ပြီလည်း ဖြစ်ပါတယ် ။ #BeeKyal

ယနေ့ခန့်မှန်းပွဲများ
+9
ယနေ့ခန့်မှန်းပွဲများ

photo content
+4

မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍
+1
မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍

ဘာနာဒိုဆေ၊းလ်ဗားရဲ့ Skin care ကြောငြာပို့်စ်အောက်မှ ဘရူနိုရဲ့ မှတ်ချက်- "မင်းက သွားတို၊က်တံတော၊င် သုံးလို့လားကွာ" #BeeKyal
ဘာနာဒိုဆေ၊းလ်ဗားရဲ့ Skin care ကြောငြာပို့်စ်အောက်မှ ဘရူနိုရဲ့ မှတ်ချက်- "မင်းက သွားတို၊က်တံတော၊င် သုံးလို့လားကွာ" #BeeKyal

ပရီးမီးယားလိဂ်ကနေ ပြန်လည်ကြိုဆိုပါတယ် ဖရန်ကီလမ်းပတ်

ယနေ့ခန့်မှန်းပွဲများ
+9
ယနေ့ခန့်မှန်းပွဲများ

photo content
+4

လွန်ခဲ့တဲ့ ၂ ရက်လောက်က ဂါလာတာစာရေးအသင်းမထင်မှတ်ဘဲ သရေရလဒ်ထွက်ပေါ်မှုကြောင့် ဖီနာဘာချီအသင်း ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိလာခဲ
လွန်ခဲ့တဲ့ ၂ ရက်လောက်က ဂါလာတာစာရေးအသင်းမထင်မှတ်ဘဲ သရေရလဒ်ထွက်ပေါ်မှုကြောင့် ဖီနာဘာချီအသင်း ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိလာခဲ့ပြီဆိုတဲ့အကြောင်းနဲ့ တူရကီလိဂ်ရဲ့ ခန့်မှန်းလို့မရတဲ့ အနေအထားတွေကို ကျွန်တော်တို့ ပြောဆိုခဲ့ကြပါသေးတယ် ။ မနေ့ညကပွဲမှာတော့ ဒီကိစ္စကို အတည်ပြုပေးသွားခဲ့ပါပြီ ။ ဖီနာဘာချီအသင်းဟာ ဒီပွဲကိုနိုင်ခဲ့မယ်ဆိုရင် အဆင့် ၁ နေရာကို ယာယီရယူနိုင်မှာပါ ။ ပွဲချိန်မိနစ် ၉၀ အထိလည်း သူတို့ ၂-၁ နဲ့အနိုင်ရနေပါတယ် ။ ဒါပေမယ့် ၉၀+၈ မိနစ်မှာတော့ ကွင်းတဝက်ကျော်က ကန်တင်လိုက်တဲ့ဖရီးကစ်ကို ဖီနာဘာချီဂိုးသမား အီဒါဆင်က အိုနာနာပုံစံနဲ့ထွက်ဆွဲရာကနေ ဂိုးသမားမရှိတဲ့ဂိုးထဲကို ဂိုးဝင်သွားခဲ့ပြီး ချေပဂိုးပြန်ပေးလိုက်ရတော့တာပါပဲ ။ ဖီနာဘာချီရဲ့ အမှတ်ပေးချန်ပီယံအိပ်မက်ကလည်း ၂ ရက်အကြာမှာတင်ပြီးဆုံးသွားခဲ့ရပါပြီ ။ တူရကီလိဂ်နဲ့ပတ်သက်ပြီး မော်ရင်ညိုပြောခဲ့တာတွေက အခုထိမှန်ကန်နေတုန်းပါပဲ ၊ ဘာမှမပြောင်းလဲသေးပါဘူး ။ ဒါကြောင့်လည်း သူတို့အသင်းတွေ European competition တွေမှာ ဘာမှမဖြစ်လာခဲ့ကြတော့တာနေမှာပါ ။ #BeeKyal

လွန်ခဲ့တဲ့ ၂ နှစ်၊ နိုဝင်ဘာလတုန်းက အဆင့် (၁၇) မှာ မျက်နှာငယ်နေရတဲ့ အသင်းဟာ လမ်းပတ်ရဲ့ လက်ထဲရောက်မှ အတောင်ပံဖြန့်နိုင်ခဲ့တာပါ
လွန်ခဲ့တဲ့ ၂ နှစ်၊ နိုဝင်ဘာလတုန်းက အဆင့် (၁၇) မှာ မျက်နှာငယ်နေရတဲ့ အသင်းဟာ လမ်းပတ်ရဲ့ လက်ထဲရောက်မှ အတောင်ပံဖြန့်နိုင်ခဲ့တာပါ ရှုံးပွဲမရှိသလောက် ကစားပြခဲ့တဲ့ ကိုဗင်ထရီဟာ ဒီရာသီမှာလည်း ဇယားထိပ်ကနေ ဘယ်သူ့ကိုမှ အကျော်မခံခဲ့ပါဘူး တန်းဆင်းဇုန်အနားကနေ ပရီးမီးယားလိဂ်ဆီ အရောက်လှမ်းနိုင်ခဲ့တဲ့ ဒီခရီးစဉ်ဟာ တကယ့်ကို အံ့မခန်းပါပဲ ကြိုဆိုပါတယ် ကိုဗင်ထရီစီးတီး #BeeKyal

မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍
+1
မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍

ပေါ်တိုအသင်းဟာ ချန်ပီယံလိဂ်မှာ အစဉ်အလာရှိတဲ့အသင်းတသင်းပါ ။ ဒီရာသီ ပေါ်တူဂီလိဂ်မှာလည်း အဆင့် ၁ နေရာမှာရပ်တည်နေပါတယ် ။ ဒါပေမယ့်
ပေါ်တိုအသင်းဟာ ချန်ပီယံလိဂ်မှာ အစဉ်အလာရှိတဲ့အသင်းတသင်းပါ ။ ဒီရာသီ ပေါ်တူဂီလိဂ်မှာလည်း အဆင့် ၁ နေရာမှာရပ်တည်နေပါတယ် ။ ဒါပေမယ့် သူတို့ နော်တင်ဟမ်ဖောရက်စ်အသင်းကို ဒီရာသီမှာ လုံးဝမနိုင်ခဲ့ပါဘူး ။ ယူရိုပါလိဂ်မှာ ၃ ကြိမ်တွေ့ဆုံခဲ့ပြီး ၂ ပွဲရှုံးကာ ၁ ပွဲသရေကျခဲ့ပါတယ် ။ နော်တင်ဟမ်ဖောရက်စ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာပါ ။ ဒါက ပရီးမီးယားလိဂ်အသင်းတွေဟာ အခြားလိဂ်အသင်းတွေထက် သာလွန်ကောင်းမွန်နေပြီဆိုတာကို ပြသလိုက်သလို ပရီးမီးယားလိဂ်ဟာ အခြားလိဂ်တွေလိုမျိုး ၁ သင်း ၂ သင်းလောက်ပဲ ကောင်းတာမျိုးမဟုတ်ဘူးဆိုတာကိုလည်း သိသာမြင်သာစေခဲ့ပါတယ် ။ #BeeKyal

ဘောလုံးအသင်းပိုင်ရှင်ဖြစ်လာတဲ့ တုနှိုင်းမဲ့မက်ဆီ