ရွှေပြည်သစ်
رفتن به کانال در Telegram
တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
234
مشترکین
+124 ساعت
+167 روز
+1430 روز
آرشیو پست ها
232
အခုတလော ပြည်သူတွေက စားအုန်းဆီတစ်ပိဿာကို ဈေးကွက်ပေါက်ဈေး ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ကြား ပေးဝယ်နေရတယ်လို့ မီဒီယာတွေမှာ တွေ့မြင်နေရတာတွေရှိလို့ အနည်းငယ် ရှင်းပြချင်ပါတယ်။ နိုင်ငံတော်က ဒီစားသုံးဆီဖူလုံရေးကို အလေးထား ဆောင်ရွက်နေပါတယ်။ အခုလက်ရှိပြည်သူတွေရဲ့ စားသုံးဆီလိုအပ်ချက် မပြတ်လပ်စေဖို့နဲ့ ဈေးကွက်တည်ငြိမ်နေဖို့အတွက် နိုင်ငံတော်က နိုင်ငံခြားငွေအခြေအနေကို ချင့်ချိန်ပြီးတော့မှ စားအုန်းဆီတွေကို ဆက်တိုက် တင်သွင်းပေးနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် အပါအဝင် မြို့ကြီးတွေမှာဆိုရင် လုံလောက်စွာ ရရှိဖို့ကိုလည်း အလေးထား ဆောင်ရွက်နေပါတယ်။
ပြည်သူတွေရဲ့ စားသုံးဆီလိုအပ်ချက်ကို ဖြည့်ရှင်းဖို့ နိုင်ငံတော်က တစ်လကို စားအုန်းဆီတန်ချိန် ၅ သောင်းကျော် တင်သွင်းရပါတယ်။ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁,၁၅၀ နဲ့ဆိုတော့ အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် အကုန်အကျခံပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ တင်သွင်းလာတဲ့ စားအုန်းဆီတွေကိုလည်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းနဲ့ ဖြန့်ဖြူးပေးနေပြီးတော့မှ စားသုံးဆီဝယ်ယူခွင့် စာအုပ်ရှိတဲ့ ပြည်သူတွေ သက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေများပြားပြီးတော့မှ စားသုံးမှု လိုအပ်ချက်လည်း မြင့်မားတာကြောင့် အခြားဒေသတွေထက် ပိုပြီးတော့ခွဲတမ်းချပေးထားပါတယ်။ ရန်ကုန်တိုင်းမှာဆိုရင် လူတစ်ဦးကို တစ်လလျှင် ၁ ပိဿာ ၂၄ ကျပ်သားနှုန်းနဲ့ ခွဲတမ်းချပေး ထားပါတယ်,။
ကျွန်မတို့နိုင်ငံမှာ မြေပဲတို့ ပဲပုပ်တို့ နှမ်းတို့ နေကြာတို့ကနေ ထုတ်လုပ်တဲ့ စားသုံးဆီကနေ တစ်နှစ်ကိုတန်ချိန် ၁ သိန်း ၈ သောင်းခန့်ရှိပါတယ်။ ဒါပေမယ့် ဒီပမာဏက ပြည်သူတွေရဲ့ စားသုံးဆီလိုအပ်ချက်ကို မလုံလောက်သေးတာမို့လို့ ပြည်ပကနေပြီးတော့ တစ်နှစ်ကို စားအုံးဆီ တန်ချိန် ၆၄၁,၇၈၃ တန် တင်သွင်းနေရပါတယ်။ ပြည်တွင်းထုတ်လုပ်မှုနဲ့ ပြည်ပတင်သွင်းမှု နှစ်ခုကိုပေါင်းလိုက်ရင် တစ်နှစ်အတွင်းမှာ စားသုံးဆီစုစုပေါင်း တန်ချိန် ၉၂၁၀၀၀ ကျော်ရှိပါတယ်။ အဲဒီတော့ ဒီပမာဏကို ကျွန်မတို့နိုင်ငံရဲ့ လူဦးရေ ၅၁ သန်းနဲ့ တွက်ကြည့်မယ်ဆိုရင် လူတစ်ယောက်ဟာ တစ်နှစ်ကို ပျမ်းမျှ ၁၁ ပိဿာခန့် စားသုံးနေတာကို တွေ့ရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြံပြုချက်အရ လူတစ်ဦးဟာ တစ်ရက်ကို ဆီ ၁.၈ ကျပ်သား၊ အဲဒီတော့ တစ်လကို ၅၄ ကျပ်သားထက်မပိုဘဲ စားသုံးသင့်တယ်လို့ဆိုပါတယ်။ အဲဒီတော့ တစ်နှစ်အတွက်ဆိုရင် ၆.၅ ပိဿာ လောက်သာ စားသုံးသင့်တာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက လူတစ်ဦးဟာ တစ်နှစ်ကို ပျမ်းမျှ ၁၁ ပိဿာစားသုံးနေတယ်ဆိုတော့ လိုနေတဲ့ပမာဏထက် များစွာကျော်လွန်ပြီးစားသုံးနေတာဖြစ်ပါတယ်။ အဲဒီတော ဆီစားသုံးမှု များပြားလာတဲ့အတွက်ကြောင့် နိုင်ငံခြားငွေ သုံးစွဲရမှုလည်း များပြားလာပါတယ်။
အဲဒီတော့ ကျွန်မတို့က နိုင်ငံခြားငွေရရှိမှုအပေါ် မူတည်ပြီးတော့မှ ခြင့်ချိန်ဆောင်ရွက် ရတာကြောင့် ဆီကိုတာလျှော့ချရမှုတွေလည်း ရှိလာပါတယ်။ အဲဒီတော့ ရေရှည်မှာတော့ ပြည်ပတင်သွင်းမှုကို မှီခိုနေရတာကို လျှော့ချဖို့အတွက် နိုင်ငံတော်သမ္မတကြီးက ဆီထွက်သီးနှံ စိုကဧကတိုးချဲ့ရေး၊ အထွက်နှုန်း မြှင့်တင်ဖို့နဲ့ ဆီစက်တွေနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေကို နိုင်ငံခြားကနေ ဦးစားပေး တင်သွင်းနိုင်ဖို့လည်း အလေးထား လမ်းညွှန်ပေးနေပါတယ်။ ဒီလုပ်ငန်းတွေ အောင်မြင်လာရင်တော့ ပြည်တွင်းစားသုံးဆီ ဖူလုံမှုဟာ မြင့်မားလာမှာဖြစ်သလို နိုင်ငံခြားငွေ သုံးစွဲမှုကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာ နိုင်ငံတော်က သက်သာတဲ့ ဈေးနှုန်းနဲ့ စားအုံးဆီတွေ ဖြန့်ဖြူးပေးနေပေမယ့် တစ်ချို့ပြည်သူတွေကတော့ ဈေးကွက်ထဲမှာ ဈေးနှုန်းအပြည့်ပေးဝယ်နေရတာတွေရှိနေပါတယ်။ နိုင်ငံတော်က ဆီ ၁ ပိဿာကို ၇၀၀၀ နဲ့ ၉၀၀၀ ကြားနှုန်းနဲ့ ရောင်းပေးနေပေမယ့် စာအုပ်နဲ့မဟုတ်တဲ့ ပြည်သူတွေရဲ့ လက်ထဲကိုရောက်တဲ့အချိန်မှာ စားအုန်းဆီ တစ်ပိဿာကို ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ကြား ဖြစ်နေတာဟာ ဝိသမလောဘသားတွေကြောင့်ပါပဲ။ ဒါ့ကြောင့် ပြည်သူတွေ မနစ်နာရအောင် ဒါနဲ့ပတ်သက်ပြီးတော့လည်း စိစစ်ဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်းပြောကြားလိုပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး မှ
စားအုံးဆီ တင်သွင်းသုံးစွဲမှုအခြေအနေကိုရှင်းလင်းတင်ပြခြင်း
(၁၁-၇-၂၀၂၆)
232
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြင်ဦးလွင်မြိုရှိ မြိုမိမြိုဖများအား တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် မြို၏အစဉ်အလာကောင်းများအား စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်ရေး ဆွေးနွေး မှာကြား
သမိုင်းကြောင်းစဉ်လာကောင်းများဖြင့် ပြည့်စုံပြီး တန်ဖိုးကြီးမားလှသည့် ပြင်ဦးလွင်မြို၏ ထူးခြားသည့် ရေခံမြေခံနှင့် ဝိသေသဂုဏ်ပုဒ်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းသွားကြရမည်
ရွှေပြည်သစ်
https://t.me/shwepyithit01
232
ရခိုင်ပြည်နယ်မှာ ARSA ထကြွသောင်းကျန်းချိန် ရခိုင်ရွာတွေကို တပ်မတော်က ခက်ခက်ခဲခဲကယ်ခဲ့ရဖူးတယ်။ ၂၀၁၇ အရေးအခင်းတွေမှာ ရဲစခန်း ၃၀ ကျော် တိုက်ခံရချိန် ရခိုင်မြောက်ပိုင်းမှာ ရခိုင်ရွာတွေကို ဘင်္ဂါလီတွေက ဘယ်လိုအနိုင်ကျင့်နှိပ်စက်ခဲ့တယ် ဆိုတာကို ရခိုင်သားတွေ သိပါလိမ့်မယ်။ ဒီအခြေအနေတွေကို ကယ်တင်စောင့်ရှောက် ခဲ့တာ စစ်တပ်ပါလို့လည်း ဂုဏ်ယူဝင့်ကြွား ပြောနေရမယ့် အခြေအနေမဟုတ်တော့ပါ။
၁၉၄၈-၁၉၆၁ ကာလ ရခိုင်ပြည်နယ်မှာ မူဂျာဟစ် မူဆလင်သူပုန်တွေက သီးခြား မူဆလင်နိုင်ငံထူထောင်ရန် လက်နက်ကိုင်အကြမ်းဖက်ခဲ့ချိန် တပ်မတော်က စစ်ဆင်ရေးထိုး နှိမ်နင်းခဲ့တာကြောင့် မူဂျာဟစ်တွေ အလင်းဝင် လက်နက်ချခဲ့ကြတာဟာ ရခိုင်မျိုးချစ်တော်လှန်ရေးသမားတွေကြောင့်မဟုတ်ခဲ့ပါ။
ယနေ့ AA အနေနဲ့ ရခိုင်တပြည်နယ်တစ်ခုလုံးကို မဆိုထားနဲ့၊ မြောက်ပိုင်းကိုတောင် လုံခြုံမှုအပြည့်ပေးနိုင်ဖို့ဆိုတာ AA အတွက် အိပ်မက်ပဲဖြစ်မှာပါ။
မိုခါမုန်တိုင်းအလွန်ကာလ ကျော်ဖြတ်နိုင်ဖို့ တပ်မတော်သားတွေရဲ့ ခွန်အား တွေကို သုံးခဲ့ကြဖူးတယ်။ မိုခါဖြစ်ပွာချိန် တပ်မိသားစုတွေလည်း လွတ်ကင်းနေခဲ့ကြတာ မဟုတ်ပါ။ လူမျိုးစုကြား ပဋိပက္ခ မဖြစ်လေအောင် သတင်းဆိုးတွေကို ထိန်ချန်ခဲ့တယ် ဆိုပေမဲ့ လူ ၉၀၀ ကျော်ပါတဲ့ သင်္ဘောကို အလံဖြူပြခဲ့ရက်သားနဲ့တောင် သတ်ခဲ့ကြ တာကိုတော့ မမေ့သေးတာ သေချာတယ်။
မိုခါမစတင်မီကပင် ပြည်မထဲက ရဲသင်တန်းကျောင်းတွေကအစ၊ အလှူခံ ပရဟိတသမားတွေ အလယ်၊ မုန်တိုင်းလာမှာ သိသိနဲ့တောင် ကျန်းမာရေး ဝန်ထမ်း တွေကို အသင့်ကြိုစုဖွဲ့ စောင့်စားခဲ့ရတဲ့အထိ ပြည်ထောင်စု စိတ်ဓာတ်ဆန်ပြခဲ့ ပေမယ့်....အစွန်းရောက်တဲ့သူက အစွန်းရောက်တာပါပဲ။ ရခိုင်ပြည်သူတွေ ကံကောင်းကြ ပါစေလို့ပဲ ဆုတောင်းပေးပါတယ်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
+2
PDF တွေအချင်းချင်းသတ်ဖြတ်တဲ့ဖြစ်စဉ်တွေက
ခပ်စိပ်စိပ်ဖြစ်နေတော့
ဒီကိစ္စကစဉ်းစားရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။
တကယ် PDF တွေအချင်းချင်း လုပ်တာပိုဖြစ်နိုင်တယ်လို့ မြင်ပါတယ်။
အင်အားနည်းတဲ့ PDF တွေ အတွက် မလုံခြုံတော့တဲ့
အခြေအနေပါ။
ခပ်မြန်မြန် အစိုးရတပ်တွေဆီ လက်နက်ချအလင်းဝင်ဖို့
လုပ်သင့်နေပါပြီ။
ရွှေပြည်သစ် https://t.me/shwepyithit01
232
စားအုန်းဆီ တင်သွင်းသုံးစွဲမှု အခြေအနေနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး မှ ရှင်လင်းတင်ပြချက်
ရွှေပြည်သစ်
https://t.me/shwepyithit01
232
ပြီးတော့ မန္တလေး - လားရှိုး - မူဆယ် ကုန်သွယ်ရေးလမ်းမကြီးနဲ့ နီးကပ်စွာ တည်ရှိတာကြောင့် ကုန်းလမ်း၊ လေကြောင်းလမ်း နှစ်သွယ်ချိတ်ဆက်နိုင်ရင် ကုန်စည်စီးဆင်းမှုကို ပိုမိုမြန်ဆန်စေမှာ ဖြစ်တယ်။ ✈️🚛 အနီးစပ်ခန်းလေဆိပ်ကို လေယာဉ်ရပ်နားရန် နေရာအသစ်နှင့် လေဆိပ်အဆောက်အအုံသစ် တည်ဆောက်တာကို အရှိန်အဟုန်ဖြင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတာ တွေ့ရတယ်။ တစ်ရက်ကို ခရီးသွား ၁၀၀၀၀ လောက် ဝင်ထွက်နိုင်အောင် ဆောင်ရွက်သွားမယ်လို့လဲ သိရတယ်။ 🛫✈️
အဲ့တော့ ဒေသခံတွေက ဘာတွေ လုပ်ဆောင်သင့်သလဲ ဆိုရင် ရရှိလာတဲ့ အခွင့်အလမ်းတွေ (အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး စသဖြင့်) ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ လိုပါတယ်။ 💼🎓🏥 အရင်က ကိုယ့်ဒေသက ထွက်ကုန်တွေကို ကုန်လမ်းကသာ တင်ပို့နေရတာကို အခုဆိုရင် လေကြောင်းလမ်းကနေပါ တင်ပို့ခွင့် ရရှိလာမှာ ဖြစ်ပါတယ်။ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနဲ့ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်။ 🤝🌱
232
အနီးစခန်းလေဆိပ်ကို အကြီးစားပြင်ဆင်မှုတွေ လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ အကောင်အထည်ဖော်နိုင်ရင် ဘယ်လိုအကျိုးအမြတ်တွေ ရမလဲ ဆိုတာက ထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ချက် ဖြစ်ပါတယ်။ 🛫
ဒီလေဆိပ်ဟာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အနီးစခန်းမှာ တည်ရှိတာဖြစ်လို့ လက်ရှိအစိုးရ ဖော်ဆောင်မယ့် စီမံကိန်းတွေအတွက် မဖြစ်မနေ အရေးပါလာမှာ ဖြစ်ပါတယ်။ 🏗
တောင်ပေါ်အပန်းဖြေမြို့တစ်မြို့ ဖြစ်တဲ့ ပြင်ဦးလွင်မြို့ကို ခရီးသွားမြို့တော် အဖြစ် ပုံဖော်နိုင်ရင် နိုင်ငံရဲ့ခရီးသွားလုပ်ငန်း အဆင့်အတန်းမြင့်မားရေးအတွက် အကျိုးရှိမှာ ဖြစ်တယ်။ ✈️🌄
ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့် သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေ၊ စိုက်ပျိုးရေးအခြေခံ ခရီးသွားလုပ်ငန်းတွေ၊ ကျေးလက်ဒေသခရီးသွား လုပ်ငန်းတွေ၊ လူထုအခြေပြုခရီးသွား လုပ်ငန်းတွေနဲ့ အခြားခရီးသွားလုပ်ငန်းတွေအတွက် ဒီလေဆိပ်ဟာ အရေးပါလာမှာ ဖြစ်ပါတယ်။ 🌾🏡
ဒေသထွက် သစ်သီး၊ ပန်းမန်းတွေကို ရန်ကုန်၊ မန္တလေး စသဖြင့် မြို့ကြီးတွေကို ပျက်စီးဆုံးရှုံးမှု အနည်းဆုံးနဲ့ အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ 🍎🍇🚚
232
ြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်
(၁၅-၆-၂၀၂၆ မှ ၁၉-၆-၂၀၂၆ ထိ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သို
နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့မှုနှင့် ပတ်သက်၍
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Phoenix သတင်းဌာန၏ မေးမြန်းချက်အပေါ်ဖြေကြားချက်
အပိုင်း(၂)
ရွှေပြည်သစ်
https://t.me/shwepyithit01
232
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်
(၁၅-၆-၂၀၂၆ မှ ၁၉-၆-၂၀၂၆ ထိ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သို
နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့မှုနှင့် ပတ်သက်၍
တရုတ် ပြည်သူ့ သမ္မတနိုင်ငံ Phoenix သတင်းဌာန၏ မေးမြန်းချက်အပေါ်ဖြေကြားချက်
အပိုင်း(၁)
ရွှေပြည်သစ်
https://t.me/shwepyithit01
232
ထွန်းမြတ်နိုင် သေဆုံး ပြီ လား
အေအေ အကြမ်းဖက်ခေါင်းဆောင် ထွန်းမြတ်နိုင်ဟာ ပြီးခဲ့တဲ့ဇွန်လ ၁၇ ရက်က ကျောက်ဖြူမြို့ ကို လေကြောင်းတိုက်ခိုက်မှုမှာ ဒဏ်ရာရပြီး ဘင်္ဂလာဒေရှ့် ဘက်မှာ ဆေးကုသမှု ခံနေရတယ်လို့ သတင်းတွေ ထွက်နေပါတယ်..
အမည်မဖေါ်လိုတဲ့ ဘင်္ဂလားအဆင့်မြင့် ထောက်လှမ်းရေးအရာရှိကြီး တစ်ဦးကတော့ ဒီလို နယ်စပ်ဖြတ် ကျော် ဝင်လာတယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့ပြောထားပါတယ်။ လေ့လာသုံးသပ်သူ တွေကလဲ ဘင်္ဂလားဒေရှ်နိုင်ငံ အနေနဲ့ နိုင်ငံရေး သံတမန်ရေးဖိအားတွေကြောင့် ထွန်းမြတ်နိုင်လို သူပုန် ခေါင်းဆောင်ကို လက်ခံထားဘို့ မဖြစ်နိုင်ဘူးလို့ဆိုပါတယ်..
ထွန်းမြတ်နိုင်အနေနဲ့ ဒဏ်ရာတွေရပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ဆေးကုဖို့သွားပေမယ့် လက်မခံလို့ ပြည်တွင်းက အေအေ ထိန်းချုပ်တဲ့နေရာတခုမှာ ကြိတ်ပြီး ဆေးကုရင်း သေဆုံးသွားတာလဲ ဖြစ်နိုင်ပါတယ် ဘာဘဲပြောပြော ထွန်းမြတ်နိုင်ကတော့ ဇွန်လ ၁၇ ရက်ကထဲက လူမြင်ကွင်းကပျောက်နေတာပါ။ အခုဆိုရင် အေအေအကြမ်းဖက်သမားတွေရဲ့ အဓမ္မ စုဆောင်းခံထားရတဲ့သူတွေဟာလည်း နီးစပ်ရာမြန်မာ့တပ်မတော်စခန်းတွေမှာ အမြန်ဆုံး လက်နက်ချအညံ့ခံကြဖို့ ပြင်ဆင်နေကြတယ်ဆိုတာလည်း အေအေ အတွင်း သတင်းတွေကနေသိရပါတယ်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
ဘဝ နေဝင်ချိန်
(အသက်-၅၀ကျော် နှင့် -၆၀ တန်း ဝင်တော့မယ့်သူများသို့ )
လူဟာ အသက်-၅၀ ကျော် -၆၀ ထဲ ဝင်လာပြီဆိုရင် စ,အိုပါပြီ။ နောက်လာမယ့် အချိန်တွေကို ပြင်ဆင်ထားရပါတော့မယ်၊ ဒါမှ မတုန်လှုပ် မခြောက်ခြားဘဲ ရင်ဆိုင် ကျော်လွှားနှိုင်မှာပါ။
ပထမဆုံးနေဝင်ချိန်
-------------------
အဖော်တွေ တဖြည်းဖြည်း နည်းလာတော့မယ်။ အဲ့အချိန်မှာ ကိုယ့်အဖော်ကတော့ အထီးကျန်ရက်တွေပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်လုပ်ရမှာကတော့ တယောက်တည်း နေထိုင်တတ်ဖို့နဲ့ အထီးကျန်ဘဝကို ရင်ဆိုင်နိုင်ဖို့ပါပဲ။
ဒုတိယလာမယ့်နေဝင်ချိန်
-------------------------
ပတ်ဝန်းကျင်က ကိုယ့်ကိုသတိထားနေမယ့်ရက်တွေ တဖြည်းဖြည်းနည်းလာတော့မယ်။ အရင်လုပ်ငန်းကြီးတွေ ဘယ်လောက် အောင်မြင်ခဲ့ (အောင်မြင်ခဲ့) ဘယ်လောက်ပဲ နာမည်ကြီး (ကြီး) အိုလာရင် ကိုယ်ဟာ သာမာန်အဖိုးကြီး၊အဖွားကြီး နေရာရောက်သွားပါပြီ။
နောက်ပြီး ဒေါင့်တဒေါင့်မှာ အေးအေးဆေးဆေး နေတတ်အောင်လည်း ကျင့်ရပါမယ်။ လူစုံတက်စုံနဲ့ ပျော်ပျော်ပါးပါး ပွဲတွေလည်း ကျဲလာတော့မယ်။
ပြီးတော့ နောက်ပေါက်ကလေးတွေရဲ့ ပျော်ရွှင် ဆူညံ သောင်းကျန်းမှုတွေကို မနှစ်မြို့ခြင်း၊ အပြစ်တင်ခြင်းမျိုး မလုပ်မိအောင် စိတ်ကိုထိန်းရမယ့် အချိန်ပါ။
တတိယလာမယ့်နေဝင်ချိန် ရှုခင်း
--------------------------------
တတိယလာမယ့်လမ်းကတော့ အန္တရယ်တွေနဲ့ပါ။အရိုးကျိုးနိုင်တယ်၊နှလုံးသွေးကြောတွေ ပိတ်သွားနိုင်ပြီး မှတ်ဉာဏ်တွေ အားနည်းကာ သတိတွေမေ့လာမယ်။ ရောဂါတွေနဲ့ သွားရမယ့်ဘဝကို ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီး၊ အရင်က သူငယ်ချင်းတွေရဲ့နေရာမှာ ခုရောဂါတွေက ဘော်ဒါတွေ ဖြစ်နေတော့မှာ။
ငါ ဘာရောဂါမှမရှိဘူး၊ ငါဒေါင်ဒေါင်မြည်ပဲလို့လည်း အတွေးတိမ် မနေပါနဲ့တော့။ အတတ်နိုင်ဆုံး အားကစားလေးတွေ လုပ်ပြီး ကိုယ့်ဟာကိုယ် စိတ်နဲနဲလျှော့ထားလိုက်ဖို့က အဓိကပါ။
စတုတ္ထလာမယ့်နေဝင်ချိန်
-------------------------
ဘဝကို ကုတင်ပေါ်မှာ ဖြတ်သန်းရတော့မယ်လို့ ကြိုတွေးထားရမယ်။ အမေ ပထမဆုံးခေါ်လာတဲ့ ကုတင်ပေါ်က ဘဝကို ခုပြန်စရတော့မယ်လို့ ပြောလို့ရပြီ။ ဘဝတလျောက်လုံး အပျော်တွေ၊ အခက်အခဲတွေနဲ့ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး နောက်ဆုံး နဂိုနေရာ ပြန်ရောက်သွားတာပါ။ အဲဒါကတော့ ကုတင်ပေါ်ပါပဲ။
ပြီးတော့ သူများပြုစုတာကို လက်ခံရတော့မှာပါ။ ဒါပေမယ့် အမေပြုစုတာနဲ့တော့ တူနိုင်မယ် မထင်ဘူး။ ကိုယ်လာတုန်းကတော့ အမေ့ပြုစုမှုအောက်မှာ ကြီးပြင်းခဲ့ရပေမယ့် ကိုယ်သွားရမယ့်အချိန်ကျရင် ကိုယ့်အနားမှာ ပြုစုမယ့်သူက ဆွေမျိုးသားချင်းတွေဖြစ်မှာ မသေချာသလို၊ ရှိခဲ့ရင်လည်း အမေပြုစုခဲ့သလို နွေးထွေးမှာမဟုတ်ဘူးလို့ လက်ခံထားပါ။
ဖြစ်နိုင်ခြေအများဆုံးကတော့ မျက်နှာက အပြုံးလေးနဲ့ စိတ်ထဲက ကျိန်ဆဲနေမယ့် လူနာပြုစုတဲ့ လူနဲ့မတွေ့နိုင်ဘူးလို့ ပြောလို့မရပါဘူး။ ဒါပေမယ့် ကိုယ်က ခေါင်းငုံ့ သည်းခံပြီး ပြုစုပေးမယ့်သူကို ကျေးဇူးတင် နေရမှာပါ။
နောက်ဆုံးညမမှောင်ခင်
----------------------
လူ့ဘဝရဲ့ နေဝင်ချိန်လမ်းဟာ အလင်းရောင်တဖြည်းဖြည်းနဲ့ လျော့ပါးလာပါပြီ။ လမ်းဟာ တဖြည်းဖြည်း လျှောက်ရ ခက်လာမယ်။ ၆၀-ကျော်တာနဲ့ အရာရာကို လက်လွတ်ဖို့ အဆင်သင့်လုပ်ထား ရပါ့မယ်။ ဘဝကြီးကို အာရုံကောင်းလေးတွေနဲ့ ခံစားသွားရမယ်။ ပတ်ဝန်းကျင်နဲ့သွားပြီး အငြင်းပွားတာတွေ မလုပ်တော့ပဲ၊ သားသမီး မြေးမြစ်တွေနဲ့ပါ အငြင်းအခုံမဖြစ်မိအောင် နေရပါ့မယ်။
အကောင်းဆုံးကတော့ နှစ်သက်ရာ ဘာဝနာလေးကိုပွားနေပါ။ ကိုယ့်ကိုယ်ကို မောက်မာ မနေဖို့ကလည်း အရေးကြီးပါတယ်။ နောက်ဆုံးရက်ကျန်လေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်ကျော်နိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။
(အင်တာနက်မှာတွေ့တဲ့ ဆောင်းပါးလေးကို ဘာသာပြန် ထားတာပါ)
ဓမ္မဒါနဖြင့်ကုသိုလ်ပြုပါသည်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို အာဆီယံပဋိညာဉ်ပါအတိုင်း ဆောင်ရွက်ရခြင်း ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် အာဆီယံနှင့်ပုံမှန်အတိုင်း ထိတွေ့ဆက်ဆံသွား နိုင်မည်ဟုယုံကြည်ပါကြောင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် နှင့် တွေ့ဆုံစဉ်နှစ်နိုင်ငံဆွေးနွေးချက်များမှကောက်နုတ်ချက်
"နှစ်ပြည်ထောင်အပြုံး"
ရွှေပြည်သစ်
https://t.me/shwepyithit01
232
"နှစ်ပြည်ထောင်အပြုံး"
လာအိုနိုင်ငံ သမ္မတ H.E. Mr. Thongloun Sisoulith ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ၏ ၅-၇-၂၀၂၆ ရက်နေ့ ဆောင်ရွက်မှုများ မှတ်တမ်း
ရွှေပြည်သစ်
https://t.me/shwepyithit01
232
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
(၃-၇-၂၀၂၆ မှ ၅-၇-၂၀၂၆ ထိ) လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့
နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍
နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ
ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုး၏ ပြောကြားချက်
https://t.me/shwepyithit01
