fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ရွှေပြည်သစ်

ရွှေပြည်သစ်

رفتن به کانال در Telegram

တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
225
مشترکین
اطلاعاتی وجود ندارد24 ساعت
-27 روز
+830 روز

در حال بارگذاری داده‌ها

کانال‌های مشابه
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26
اکتبر '26
+2
در 3 کانال‌ها
سپتامبر '26
+21
در 11 کانال‌ها
Get PRO
اوت '26
+213
در 5 کانال‌ها
Get PRO
ژوئیه '260
در 14 کانال‌ها
Get PRO
ژوئن '26
+11
در 20 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
21 اکتبر0
20 اکتبر0
19 اکتبر0
18 اکتبر0
17 اکتبر0
16 اکتبر0
15 اکتبر0
14 اکتبر0
13 اکتبر0
12 اکتبر0
11 اکتبر0
10 اکتبر0
09 اکتبر0
08 اکتبر+1
07 اکتبر0
06 اکتبر0
05 اکتبر0
04 اکتبر0
03 اکتبر0
02 اکتبر0
01 اکتبر+1
پست‌های کانال
အဖြူမှ အရောင်ညစ်ဆီသို့ ၂၀၂၁ ခုနှစ်တုန်းက မြန်မာနိုင်ငံအရေးအခင်းမှာလည်း မိဖြူတို့ ပြည်သူတွေကို အစိုးရနဲ့ သွေးခွဲခဲ့တယ်၊ ကလေးတွ
အဖြူမှ အရောင်ညစ်ဆီသို့ ၂၀၂၁ ခုနှစ်တုန်းက မြန်မာနိုင်ငံအရေးအခင်းမှာလည်း မိဖြူတို့ ပြည်သူတွေကို အစိုးရနဲ့ သွေးခွဲခဲ့တယ်၊ ကလေးတွေကို တောထဲရောက်အောင်လော်ခဲ့တယ်၊ တိုင်းပြည်ကို ဖျက်ဆီးဖို့စိတ်ဓာတ်တွေကို တစ်စဆီ သွင်းပေးခဲ့တယ်။ အဲ့ကနေ မိဖြူက မြန်မာမှာနေလို့မရတော့ဘူး၊ ရာဇဝတ်သားဖြစ်တော့ နီပိတ်တွေအခေါ် ဒီမိုအစိုးရအုပ်ချုပ်တဲ့ ပြင်သစ်နိုင်ငံဆီ အဖီဆွဲပြီး သွားနေနေရတယ်၊ ခု သူနေတဲ့ ပြင်သစ်မှာလည်း အရေးအခင်းတွေဖြစ်နေတယ်၊ ဒါကို သူကတိုက်အပေါ်ကကုည့်နေပီး ပျော်နေတဲ့ post တစ်ခုကို တင်ထားတာ တွေ့ရတယ်၊ မိဖြူတို့ကတော့ အရေးအခင်းဖြစ်ရင် ပျော်နေတာပဲ၊ ပြည်သူတွေ တစ်ခုသတိထားရမှာက ပြင်သစ်အတွက် လိုင်းပေါ်ကနေ အလှူငွေတွေ ထပ်ကောက်ဖို့ မိဖြူ ကြံနေလောက်တယ်ဆိုတာပါပဲ...... ရွှေပြည်သစ်

2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က လာရောက်ဂါရဝပြုတွေ့ဆုံ နေပြည်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က လာရောက်ဂါရဝပြုတွေ့ဆုံ နေပြည်တော်၊ အောက်တိုဘာ - ၂၀ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် အထောက်အကူဖြစ်စေရေးနှင့် မြန်မာနိုင်ငံ၌ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီ ဆောင်ရွက်ပေးမည့် အခြေအနေများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြပါသည်။
38
3
အဖြူကောင်တွေ မြန်မာဘက်ကို လူပျိုလှည့်လာပြီ ဒေါ်စုကြည်နှင့်ပတ်သက်ပြီးတော့ ဒီနောက်ပိုင်းမှာခပ်စိပ်စပ်လေးတွေ့လာရတယ်။ ပြန်ပြီးဆက်စပ်ကြည့်ရင် ပြီးခဲ့တဲ့လတွေက အမေရိကန်အထူးလေယာဉ်မြန်မာနိုင်ငံကို လျှို့ဝှက်ရောက်လာတယ်ဆိုတဲ့အချက်။ Adam Michael Castillo ကိုပြန်ခေါ်ဖို့တစ်ခုအတွက်နဲ့တော့ အမေရိကန်လို ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံက သိုသိပ်စွာနဲ့ရောက်လာဖို့လိုလို့လားပေါ့။ နောက်တစ်ချက်က စက်တင်ဘာ နောက်ဆုံးအပတ်လောက်မှာ သမ္မတကြီးနှင့် အင်တာဗျူးတစ်ခုလုပ်တယ်။ ဒေါ်စုကြည်အကြောင်းကို ထည့်မေးသွားတယ်။ သမ္မတကြီးအနေနဲ့ကလည်း “သူ့အပေါ်မှာအများကြီးမူတည်သွားပါလိမ့်မယ်” ဆိုတဲ့ အဓိပ္ပာယ်များစွာရှိတဲ့ စကားလုံးလှလှလေးသုံးပြီးဖြေခဲ့တယ်။ ဒုတိယ သတိထားမိတဲ့ အချက်ကတော့ တိုကျိုမှာ တွေ့ဆုံခဲ့ကြတဲ့ကိစ္စ။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ သူတွေကတော့ သတိထားကောင်းထားမိပါလိမ့်မယ် အမေရိကန်အနေနဲ့ မြန်မာကို ဘာကြောင့် ခုနောက်ပိုင်း ခပ်စိပ်စိပ် ဆက်ဆံရေးလုပ်လာသလဲပေါ့။ ပုံမှန်တိုင်းကြည့်ရင် ရေခဲတုန်းလေးလို မြင်နေရပေမယ့် သေချာကြည့်တတ်ရင်တော့ ရေခဲတောင်ကြီး ဖြစ်နိုင်တယ်ဆိုတဲ့ သာဓက ကလည်း များစွာရှိခဲ့ပြီးဖြစ်တယ်လေ။ အမေရိကန်လူပျိုလှည့်တယ်ဆိုတာ အိမ်ထောင်ဖက်ရွေးချယ်ချင်လို့မှမဟုတ်ပဲ။ (နိုင်ငံရေး တစ်ချက်လောက် လှည့်လိုက်ရင် အရမ်းတော့ကြောက်ဖို့ကောင်းတယ်နော်)၊ စောင့်ကြည့်ရမှာပဲ။ U Uncle 🇲🇲 (၂၀/၁၀/၂၀၂၆)
52
4
ပြင်သစ်က ဆန္ဒပြ အကြမ်းဖက်ပွဲတွေမှာ ဖျက်ဆီးလုရက်တဲ့ လုပ်ရက်တွေကို လုပ်နေတာ ပြင်သစ်ရဲ့မူရင်း နိုင်ငံသား‌တွေ မဟုတ်တဲ့ migrations
ပြင်သစ်က ဆန္ဒပြ အကြမ်းဖက်ပွဲတွေမှာ ဖျက်ဆီးလုရက်တဲ့ လုပ်ရက်တွေကို လုပ်နေတာ ပြင်သစ်ရဲ့မူရင်း နိုင်ငံသား‌တွေ မဟုတ်တဲ့ migrations တွေက လုပ်ဆောင်နေတာကိုတွေ့ကတယ်။ မူရင်းနိုင်ငံသားတွေကတော့ ဘေးကရပ်ကြည့်နေရတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေ လက်မခံရတဲ့အချက်တသ်ချက်ပဲ။ လက်ခံခဲ့ရင် အခု‌လိုတွေဖြစ်လာနိုင်တယ်ဆိုတာ နိုင်ငံအကြီးအကဲတွေက သိနေကြတယ်။ အခု ဒုက္ခသည်ဆိုပြီး လက်ခံထားတဲ့ မလေးရှား၊ အင်ဒိုနီးရှားလို နိုင်ငံတွေလဲ ပြဿနာတတ်နေပြီဆိုတာသေချာတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာထိုးထည့်ချင်နေကြတာ။ ဒီလိုထိုးထည့်လိုရရအောင်လည်း NLD အစိုးရလက်ထပ်မှာ ဥပဒေပြင်ဆင်ဖို့ကြိုးစားခဲ့တာတွေရှိတယ်။ မြန်မာတွေ သတိထားသင့်တယ်။
73
5
အချိန်တစ်ခုရောက်ရင်တော့ ဖြည်းဖြည်းချင်းဖြေလျော့ပေးပါလိမ့်မယ်
အချိန်တစ်ခုရောက်ရင်တော့ ဖြည်းဖြည်းချင်းဖြေလျော့ပေးပါလိမ့်မယ်
50
6
လူမှုကွန်ရက်စာမျက်နှာများနှင့် အွန်လိုင်းမီဒီယာအချို့တွင် ၅၀,၀၀၀ ကျပ်တန် ငွေစက္ကူ အသစ်များ ထုတ်ဝေမည်ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုသတင်းမှာ သတင်းအမှားသာ ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ တရားဝင်ဌာနများ၏ ထုတ်ပြန်ချက်များမှတစ်ဆင့် စိစစ် အတည်ပြုကြရန်နှင့် သတင်းမှားများကြောင့် မလိုလားအပ်သော စိုးရိမ်ပူပန်မှုများ မဖြစ် ပေါ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။
57
7
အီကွေဒေါမှာ ဖြစ်သွားခဲ့တဲ့ အဖြစ်ပျက်တစ်ခုလို့သိရတယ်
အီကွေဒေါမှာ ဖြစ်သွားခဲ့တဲ့ အဖြစ်ပျက်တစ်ခုလို့သိရတယ်
57
8
တိုကျိုမှာ အမေရိကန်အနေနဲ့ မြန်မာအစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကြတယ်လို့ ဆိုထားတယ်။ မြေရှားကိစ္စတွေလည်း ပါတယ်လို့ဆိုထားတယ်။
တိုကျိုမှာ အမေရိကန်အနေနဲ့ မြန်မာအစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကြတယ်လို့ ဆိုထားတယ်။ မြေရှားကိစ္စတွေလည်း ပါတယ်လို့ဆိုထားတယ်။ ဒါဆို သေချာတယ် တရုတ်ကြီး ပြန်လှုပ်နိုင်တယ်။ မြန်မာ့မြေရှားကို တရုတ်က ဘယ်သူ့မှအထိခံနေတာမဟုတ်ဘူး။ ကျားကွက်တွေအရွေ့မှားရင်တော့ ……
73
9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်လှိုင်၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပေးပို့သည့် အဖွင့်မိန့်ခွန်း #NCA #President #UMinAungHlaing #Peace
91
10
ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးအပ်ခြင်း
ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးအပ်ခြင်း
80
11
တိုးတက်ဖွံ့ဖြိုး ရွှေဝယ်မြေအကျိုး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တနင်္သာရီတိုင်းဒေသကြီ
တိုးတက်ဖွံ့ဖြိုး ရွှေဝယ်မြေအကျိုး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့သွားရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မှတ်တမ်း။
81
12
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာများရရှိခဲ့သော တပ်မ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာများရရှိခဲ့သော တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တစ်ဦးချင်းလိုက်လံကြည့်ရှု အားပေးစကားပြောကြား နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင်ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူထားဝယ်မြို့ရှိနယ်မြေခံတပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာများရရှိခဲ့သော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တစ်ဦးချင်းလိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ဆေးရုံအတွက်လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်းပေးခဲ့ပြီး ဆေးရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
78
13
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံဖြိုး တိုးတက်မှုရရှိရေးဟူသည့် ဦးစားပေးရည်မှ+1
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံဖြိုး တိုးတက်မှုရရှိရေးဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
66
14
မိုးလုံလေလုံအားကစားအဆောက်အအုံနှင့် ကမ်းနားလမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့တွင် ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါဝင်သည့် မိုးလုံလေလုံ အားကစား အဆောက်အအုံ (Indoor Stadium) တည်ဆောက်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး နိုင်ငံတော်သမ္မတက အောက်ပါအချက်များကို မှာကြားခဲ့ပါသည်- - မိုးလုံလေလုံအားကစားအဆောက်အအုံကို ရေရှည်အသုံးပြုနိုင်ရေးအတွက် လိုအပ်ချက်များကို စနစ်တကျတွက်ချက်တည်ဆောက်ရန်နှင့် သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် - ထားဝယ်မြို့၏ အနာဂတ်ယာဉ်အသွားအလာ တိုးတက်များပြားလာနိုင်မှုကို ကြိုတင်ခန့်မှန်းတွက်ချက်၍ လမ်းများကို စနစ်တကျတိုးချဲ့ဖောက်လုပ်ရန် - ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများကို ကောင်းမွန်စွာ တည် ဆောက်ထိန်းသိမ်းရန် - ရေမြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရေး ပုံမှန်ရှင်းလင်း ဆောင် ရွက်ရန် - လမ်းဘေးဝဲယာတစ်လျှောက် လမ်းမီးများကို စနစ်တကျတပ်ဆင်ရန်နှင့် ရာသီဥတုဒဏ်ခံနိုင်သော အရိပ်ရလေကာပင်များ စိုက်ပျိုးရန် မှာကြားခဲ့ပါသည်။ လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော်ကြည်ညို ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ လောကမာရဇိန်ရုပ်ပွား တော်မြတ် ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ပြီး ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများနှင့် ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီး အတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပါသည်။ နိုင်ငံတော်သမ္မတက ရွှေတောင်စားစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း ဇိနသရဖူ လျောင်းတော်မူ ကျောက်တော်ကြီးရုပ်ပွားတော် တည်ထားကိုးကွယ်မည့်နေရာကို ကြည့်ရှု စစ်ဆေးပြီး အောက်ပါ အချက်များ မှာကြားခဲ့ပါသည်- - ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပြီးမှသာ စနစ်တကျ တည်ဆောက်သွားရန် - ဘုရားဖူးပြည်သူများ အဆင်ပြေချောမွေ့စွာ ဖူးမြော် ကြည်ညိုနိုင်ရေး စီစဉ် ဆောင်ရွက်ရန် - လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးတို့ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးအတွက် ထိန်းသိမ်း စောင့်ရှောက်မှုလုပ်ငန်းများကို စနစ်တကျနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် - စေတီတော်ရင်ပြင်ရှိ အက်ကွဲပျက်စီးနေသော ကြွေပြားများကို ပြန်လည် ပြုပြင်လဲလှယ်ရန်နှင့် ရင်ပြင်တော်တစ်လျှောက် အမြဲသန့်ရှင်းသာယာနေစေရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
56
15
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထားဝယ်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ အောက်တိုဘာ ၁၂ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နေမှု ကြည့်ရှု စစ်ဆေး ဦီးစွာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်တည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းများ ရေရှည်တည် တံ့ကောင်းမွန်စေရေး၊ လေယာဉ်များ ဘေးကင်းလုံခြုံစွာ ဆင်းသက် နိုင်ရေးနှင့် လေယာဉ်ပြေးလမ်းတစ်လျှောက် ရေဝပ်မှုမရှိစေရေးအတွက် ရေနုတ် မြောင်းများကို စနစ်တကျ တွက်ချက်တည်ဆောက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ရွှေဝယ်သီရိပညာဗိမာန်စာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေး ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ညောင်ရမ်း (တောင်) ရပ်ကွက်ရှိ ရွှေဝယ်သီရိပညာဗိမာန်စာကြည့်တိုက်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး စာဖတ်ခန်း၊ E-Library၊ သုတစာအုပ်စင်နှင့် သုတ၊ ရသစာအုပ်များ စနစ်တကျထားရှိမှုအခြေ အနေများကို ကြည်ရှုစစ်ဆေးခဲ့ပါသည်။ အများပြည်သူ၏ အသိဉာဏ်ပညာနှင့် ဗဟု သုတများ တိုးပွားလာစေရေး၊ စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုလေ့လာ နိုင်ရေးအတွက် စာကြည့်တိုက်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်နှင့် စာဖတ် သူများ ပိုမိုများပြားလာစေရေး စည်းရုံးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး စာကြည့် တိုက်၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုး ခဲ့ပါသည်။ ရွှေဝယ်သီရိအားကစားကွင်း ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ရွှေဝယ်သီရိ အားကစားကွင်းသို့ သွားရောက်ကြည့်ရှု၍ ပွဲကြည့်စင်အသစ် တည်ဆောက်ရန် လျာထားဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်သမ္မတက ပွဲကြည့်စင်အသစ် တည်ဆောက်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် အားကစားကွင်းကို ရေရှည်ထိန်းသိမ်း ထားရှိနိုင်ရေးတို့အတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ပါသည်။ ယဉ်ကျေးမှုပြတိုက်သို့ သွားရောက် ကြည့်ရှုစစ်ဆေး ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီ ရပ်ကွက်၊ ကမ်းနားလမ်းရှိ တနင်္သာရီတိုင်း ဒေသကြီးယဉ်ကျေးမှုပြတိုက်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်သမ္မတက အောက်ပါအချက်များမှာကြားခဲ့ပါသည်- - ပြတိုက်ရှိ ရှေးဟောင်းပစ္စည်းများ၊ သမိုင်းဝင်မှတ်တမ်းများနှင့် အထောက်အထား များကို တန်ဖိုးမဖြတ်နိုင်သော အမျိုးသားအမွေအနှစ်များအဖြစ် သတ်မှတ်ကာ ရေရှည်တည်တံ့စေရန် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် - တနင်္သာရီတိုင်းဒေသကြီးရှိ ရှေးဟောင်းမြို့တော်များ၏ ပုံစံငယ်များကို ခေတ်နှင့် လျော်ညီစွာ ပြန်လည်ပြုပြင်ပြသရန် - ပြခန်းများရှိ ရှေးဟောင်းပစ္စည်းများ၊ စေတီပုထိုးများနှင့် ဘုရားများ၏ သမိုင်း ကြောင်း၊ ခုနှစ်၊ သက္ကရာဇ်နှင့် သက်တမ်းတို့ကို စစ်ဆေး၍ လာရောက်လေ့လာ သူများ နားလည် လွယ်စေရန် ရှင်းလင်းစွာ ဖော်ပြထားရန် - ရှေးဟောင်းပေစာနှင့် ပုရပိုက်စာများတွင် ပါဝင်သည့် အကြောင်းအရာများကို နောင်လာနောက်သားများ သိရှိနိုင်စေရန် နည်းပညာအသုံးပြု၍ ပြန်လည်ကူးယူ မှတ်တမ်းတင်ထိန်းသိမ်းရန်နှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ပူးပေါင်း၍ သမိုင်းနောက်ခံနှင့် အဓိပ္ပာယ်များကို ဖော်ထုတ်ရန် - ထားဝယ်ရိုးရာ မိကျောင်းစောင်းကြိုးတပ် တူရိယာကို ပြန်လည်ဖော်ထုတ်ရန် - အခြေခံပညာကျောင်းသား၊ ကျောင်းသူများအပါအဝင် ရပ်နီးရပ်ဝေးမှ ပြည်သူများ ပြတိုက်သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ရန် - ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ၊ လူမျိုးနှင့် ဒေသ၏ သမိုင်းကြောင်း၊ အမျိုးသားရေးလက္ခဏာနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များအပေါ် နားလည် တန်ဖိုးထားမှု တိုးပွားလာစေပြီး အနာဂတ်မျိုးဆက်များက ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သည့် အလေ့အထများ ဖြစ်ထွန်းလာစေရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
51
16
بدون متن...
52
17
ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်၊ နိုင်ငံတော်၏ ကျန်းမာရေးရည်မှန်းချက်များနှင့်အညီ ပြည်သူ့ကျန်းမာရေးကို အပြည့်အဝ စောင့်ရှောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်းမှာကြား ရန်ကုန်၊ အောက်တိုဘာ ၁၂ ကျန်းမာရေးဝန်ကြီးဌာန၏ ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပခဲ့ရာ မိမိတို့၏ပညာများကို အသုံးချ၍ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် စေတနာထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက အဓိကထားပြောကြားခဲ့သည်များမှာ- ■ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် မူဝါဒနှင့်အညီ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။ ■ လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု၊ “ဆေးရုံရှိလျှင်၊ ဆရာဝန်ရှိရမည်” ဆိုသည့် ရည်မှန်းချက်ထားပြီး မြို့ပြနှင့်ကျေးလက် မကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း။ ■ မျှော်မှန်းသက်တမ်း တိုးမြှင့်ရေး၊ လက်ရှိ မြန်မာပြည်သူများ၏ မျှော်မှန်းသက်တမ်း ၆၉ နှစ်မှ ၂၀၃၀ ပြည့်နှစ်တွင် နှစ် ၇၀ ကျော်အထိ တိုးမြှင့်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း။ ■ ဘဏ္ဍာငွေ တိုးမြှင့်ချထားပေးမှု၊ ကျန်းမာရေးကဏ္ဍအတွက် ၂၀၀၀ ပြည့်နှစ်တွင် စုစုပေါင်းအသုံးစရိတ်၏ ၁.၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ရာမှ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၂.၈ ရာခိုင်နှုန်း (ကျပ်သန်း ၁,၃၉၁ ဘီလီယံကျော်) အထိ တိုးမြှင့်ပေးထားကြောင်း။ ■ နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ် ပြောင်းလဲထားမှု၊ Naypyitaw State Academy တွင် ဆေးသိပ္ပံပညာ မဟာဌာနကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး လက်ရှိ ဆေးတက္ကသိုလ် (၆) ခုနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ် (၁၁) ခု၊ စုစုပေါင်း (၁၇) ခုရှိလာကာ သင်ရိုးညွှန်းတမ်းများကိုလည်း နိုင်ငံတကာအဆင့်မီ စုစည်းချိတ်ဆက် သင်ကြားရေးစနစ်သို့ ပြောင်းလဲပေးထားကြောင်း။ ■ ဆေးရုံများနှင့် ဆေးပစ္စည်းများ အဆင့်မြှင့်တင်ပေးမှု၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ခုတင် ၂၀၀ ဆံ့ ဆေးရုံများကို ခုတင် ၃၀၀ ဆံ့ ဆေးရုံများအဖြစ် အဆင့်မြှင့်ပေးခြင်း၊ အခြေခံမရှိမဖြစ် ဆေးဝါးများ၊ ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းသုံး ဆေးပစ္စည်းများနှင့် ခေတ်မီစက်ကိရိယာများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိကြောင်း။ ■ လူ့စွမ်းအားအရင်းအမြစ် ဖြည့်ဆည်းမှု၊ ပြည်သူ့ဆေးရုံများတွင် ဆရာဝန်လစ်လပ်နေရာများ မြန်မြန်ဆန်ဆန် ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် အလုပ်သင်ဆရာဝန်ကာလ ပြီးမြောက်သူများကို တိုက်ရိုက်ခန့်အပ်ပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှာလည်း သစ်လွင်ဆရာဝန် (၁,၂၇၆) ဦးနှင့် သွား/ခံတွင်းဆရာဝန် (၂၃) ဦးတို့ကို ခန့်အပ်ပေးခဲ့ပြီးဖြစ်ကြောင်း။ ■ မိသားစုစိတ်ဓာတ်ဖြင့် စောင့်ရှောက်ရန်၊ လူနာများကို ကုသရာတွင် စေတနာ၊ ဂရုဏာ ရှေ့ထား၍ မိမိတို့၏ မိဘ၊ မောင်နှမ၊ ဆွေမျိုးများသဖွယ် မိသားစုစိတ်ဓာတ်ဖြင့် ကုသပေးရန်နှင့် ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များကို ထိန်းသိမ်းရန် လိုအပ်ကြောင်း။ ■ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေး၊ ရောဂါဖြစ်မှ ကုသပေးရုံတင်မဟုတ်ဘဲ ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးရေး၊ မိခင်နှင့်ကလေး ကျန်းမာရေးနှင့် ကျောင်းကျန်းမာရေး/အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။ ■ သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု၊ ကလေးသူငယ်များ၏ သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးခြင်း၊ သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများ ကြိုတင်ကာကွယ်ခြင်းတို့ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန်တိုက်တွန်းကြောင်း။ ■ ပြည်သူများ၏ စရိတ်စက လျှော့ချပေးရေး၊ ပြည်သူ့ဆေးရုံများတွင် လူနာများကို တတ်နိုင်သမျှ ကုန်ကျစရိတ်မရှိစေဘဲ စိုက်ထုတ်သုံးစွဲငွေ လျော့နည်းစေရေးနှင့် သန့်ရှင်းသပ်ရပ်စွာဖြင့် စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးကြရန်တိုက်တွန်းကြောင်း။ ■ စဉ်ဆက်မပြတ် လေ့လာသင်ယူရန်၊ ဆေးပညာရပ်များ အမြဲတိုးတက်ပြောင်းလဲနေသဖြင့် ဘဝတစ်လျှောက်လုံး စာဖတ်ခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် မဟာဘွဲ့၊ ပါရဂူဘွဲ့များ ဆက်လက်ဆည်းပူးရန် အားပေးကြောင်း ။ ■ လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်လာစေရေး၊  မိမိတို့၏ ပညာရပ်ဆိုင်ရာ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတော်က အားကိုးရသည့် တာဝန်ယူမှုရှိသော လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်လာအောင် ကြိုးစားကြရန် တိုက်တွန်းကြောင်း။ ■ ပြည်သူ့ကျန်းမာရေးနှင့် မိသားစုအနာဂတ်၊ ပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်းသည် မိသားစုတစ်စု၏ အနာဂတ်ကို စောင့်ရှောက်ခြင်း ဖြစ်သဖြင့် မိမိတို့၏ ပညာနှင့် စေတနာကို ပြည်သူ့အကျိုးအတွက် အကောင်းဆုံး အသုံးချကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
73
18
بدون متن...
59
19
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးငယ်များနေ့ (International Day of the Girl Child) နှစ်စဉ် အောက်တိုဘာလ ၁၁ ရက်နေ့ တွင် အပြည်ပြည်ဆိုင်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးငယ်များနေ့ (International Day of the Girl Child) နှစ်စဉ် အောက်တိုဘာလ ၁၁ ရက်နေ့ တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးငယ်များနေ့ (International Day of the Girl Child) ကျင်းပကြပါတယ်။ ဒီနေ့ဟာ မိန်းကလေးငယ်များ၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ရန်၊ ပညာသင်ယူခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘေးကင်းလုံခြုံမှုနှင့် လူမှုဘဝတွင် တန်းတူပါဝင်ခွင့်တို့၏ အရေးပါမှုကို အသိပညာပေးသည့် နေ့တစ်နေ့ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဆောင်ပုဒ် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးငယ်များနေ့၏ ဆောင်ပုဒ်မှာ — “ကလေးသူငယ်လက်ထပ်မှုကို အဆုံးသတ်ပြီး မိန်းကလေးငယ်များ၏ အခွင့်အရေးများတွင် ရင်းနှီးမြှုပ်နှံကြပါစို့” PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)
105
20
အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက် နေပြည်တော် အောက်တိုဘာ ၁ဝ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာခဲ့သည့်စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်အတွက် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျော့ချရန်ရည်ရွယ်၍ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊အဆောင်များတွင်သာ ရုံးလုပ်ငန်း ဆောင်ရွက်ခြင်းအား၂၀၂၆၊ မတ်လ ၂၅ ရက်နေ့မှစတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွင် (work from home) ဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာခဲ့သည်။ ထို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် (work from home) ဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာချက်အား အောက်တိုဘာ ၁၀ ရက်မှ စ၍ ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိပါသည်။
101