ရွှေပြည်သစ်
رفتن به کانال در Telegram
တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
233
مشترکین
-224 ساعت
+157 روز
+1330 روز
آرشیو پست ها
234
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှင်ကိုတို့ အလွတ်သဘောတွေ့ဆုံ
မင့်စ်၊ ဩဂုတ် ၂၀
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ H.E. Mr. Aleksandr Lukashenko တို့သည် ယနေ့ ဩဂုတ် ၂၀ ရက် ညပိုင်းတွင် မင့်စ်မြို့၌ အလွတ်သဘောတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် ဩဂုတ် ၂၁ ရက်တွင် မင့်စ်မြို့ရှိ လွတ်လပ်ရေးနန်းတော် (Palace of Independence) ၌ တရားဝင်အစီအစဉ်များ ဆက်လက်ပြုလုပ်ကာ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များအကြား တရားဝင်ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။
234
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့သွားရောက်ကြည့်ရှုလေ့လာ
နေပြည်တော်၊ ဩဂုတ် - ၂၀
ဘယ်လာရုသမ္မတနိုင်ငံ၊ မင့်စ်မြို့သို့တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီး စဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ တွင် မင့်စ်မြို့မှနေ၍ Grodno မြို့ရှိ Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ ရဟတ်ယာဉ်များဖြင့် သွားရောက်ကြည့်ရှုလေ့လာကြသည်။
234
မြန်မာနိုင်ငံတွင်လိုအပ်သည့် ကုန်ပစ္စည်းများ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး နည်းပညာလွှဲပြောင်းပေးမည်ဟု ဘယ်လာရုစ်ဝန်ကြီးချုပ် ပြော
ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍများသည် အပြိုင်အဆိုင်မဟုတ်၊အပြန်အလှန်ဖြည့်ဆည်းပေးနေတာဖြစ်ကြောင်း၊ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် သံန္နိဋ္ဌာန် ချထားကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန် အကန့်အသတ်မရှိကြောင်း နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံအဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ဘယ်လာရုစ်ဝန်ကြီးချုပ် H.E. Mr. Aleksandr Turchin က ပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၌လိုအပ်သည့် ကုန်ပစ္စည်းများကို ဘယ်လာရုစ်မှ တင်ပို့ရောင်းချရုံသာမက မြန်မာနိုင်ငံအတွင်း၌ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နည်းပညာလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ရန် တိကျသော အချိန်ဇယားရှိပါကြောင်း ယနေ့ ဩဂုတ် ၂၀ ရက်က မင့်စ်မြို့၌ ကျင်းပသည့် ဘယ်လာရုစ်-မြန်မာ စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ပါသည်။ ဘယ်လာရုစ်ဝန်ကြီးချုပ်မှ အဓိကထား ပြောကြားခဲ့သည်များမှာ -
မြန်မာနှင့် ဘယ်လာရုစ်အကြား ပထဝီအကွာအဝေးသာ ခြားနားသော်လည်း တူညီမှုများစွာရှိကြောင်း။
မြန်မာနိုင်ငံလိုအပ်သည့် ကုန်ပစ္စည်းများကို ရောင်းချခြင်းတစ်ခုတည်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နိုင်ရန် နည်းပညာလွှဲပြောင်းပေးပြီး စက်ရုံနှင့် ထုတ်လုပ်မှုလုပ်ငန်းများ ဖော်ဆောင်ရန် တိကျသည့်အချိန်ဇယားဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၌ လယ်ယာသုံး Tractor များ ထုတ်လုပ်နိုင်ရေးကို ၂၀၂၇ ခုနှစ်အစပိုင်းတွင် စတင်နိုင်ရန် ရည်မှန်းထားပြီး မြို့ပြသုံးယာဉ်များနှင့် စက်ယန္တရားများ ထုတ်လုပ်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းရန် အသင့်ရှိသကဲ့သို့ လမ်း၊ တံတား၊ လူနေအိမ်နှင့် အခြားဆောက်လုပ်ရေးလုပ်ငန်းများတွင် ဘယ်လာရုစ်၏ အတွေ့အကြုံနှင့် နည်းပညာများဖြင့် ပါဝင်ဆောင်ရွက်လိုကြောင်း။
မြန်မာနိုင်ငံ၌ ဖိနပ်နှင့် သားရေဆက်စပ်ပစ္စည်း စက်ရုံများ တည်ထောင်၍ နည်းပညာနှင့် ကျွမ်းကျင်မှုများ လွှဲပြောင်းပေးရန်၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းများကို မြန်မာဈေးကွက်သာမက အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်ရန် ရည်ရွယ်ကြောင်း။
ဘယ်လာရုစ်ဘက်က ရော်ဘာအပါအဝင် မြန်မာ့ကုန်ကြမ်းနှင့် လယ်ယာထွက်ကုန်များ ပိုမိုဝယ်ယူရန် စိတ်ဝင်စားပြီး အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း။
အရည်အသွေးရှိသည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို သင့်တင့်သည့်ဈေးနှုန်းဖြင့် ဖြည့်ဆည်းပေးပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ထုတ်လုပ်နိုင်ရေး Localization ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း။
နေပြည်တော်၌ Technology Park ဆောင်ရွက်နိုင်ကြောင်း၊ သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးနည်းပညာ၊ AI နှင့် အာကာသနည်းပညာကဏ္ဍများတွင် ဘယ်လာရုစ်ဘက်က နည်းပညာပံ့ပိုးပေးရန် အသင့်ရှိကြောင်း။
စက်ရုံများနှင့် နည်းပညာများ ပေးအပ်ခြင်းနှင့်အတူ မြန်မာနိုင်ငံတွင် နည်းပညာကျွမ်းကျင်သူများ မွေးထုတ်နိုင်ရေး အရေးကြီးပြီး ဘယ်လာရုစ်တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများမှတစ်ဆင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း။
စီမံကိန်းများ လက်တွေ့အကောင်အထည်ဖော်ရာတွင် ငွေကြေးနှင့် ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အရေးကြီးပြီး နှစ်နိုင်ငံအကြား ကုန်ပစ္စည်းများ ချောမွေ့စွာစီးဆင်းနိုင်မည့် လမ်းကြောင်းများကိုလည်း စဉ်းစားပြင်ဆင်ထားပြီးဖြစ်ကြောင်း။
နှစ်နိုင်ငံအကြားရှိ အဆင့်မြင့်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့စီးပွားရေးအကျိုးရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်ပြီး သဘောတူထားသည့် စီမံကိန်းများကို အမြန်ဆုံး စတင်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။
234
မြန်မာ–ဘယ်လာရုစ် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်၊ စိုက်ပျိုးရေး၊ စက်မှု၊ စွမ်းအင်နှင့် နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတ ဖိတ်ခေါ်
မြန်မာ–ဘယ်လာရုစ် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံ၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို မဟာဗျူဟာမြောက် အဆင့်သို့ တိုးမြှင့်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်မှု၊ စက်မှုကုန်ထုတ်လုပ်မှု၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ဒီဂျစ်တယ်နည်းပညာနှင့် အထူးစီးပွားရေးဇုန်များတွင် ဘယ်လာရုစ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာ–ဘယ်လာရုစ် နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲတွင် ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။ မိန့်ခွန်းကောက်နုတ်ချက်များမှာ -
၁။ မြန်မာ–ဘယ်လာရုစ် မိတ်ဖက်ဆက်ဆံရေး
နှစ်နိုင်ငံသည် ၁၉၉၉ ခုနှစ် စက်တင်ဘာလမှစ၍ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ၂၆ နှစ်ကျော်ကြာ ဆက်ဆံရေး ရှိပြီဖြစ်ကြောင်း။
မင့်စ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို မြန်မာသံရုံးအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးပါသည့် မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း။
ချစ်ကြည်ရေးကို စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အကျိုးရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်ရန် အလေးထားကြောင်း။
၂။ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်
မြန်မာ–ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး လမ်းပြမြေပုံ (၂၀၂၆–၂၀၂၈) ကို အတည်ပြုလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း။
စက်မှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း။
နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အပြန်အလှန်အကာအကွယ်ပေးရေး သဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
B2B ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးတွဲစီမံကိန်းများကို တိုးမြှင့်ဖော်ဆောင်ရန် အားပေးဆောင်ရွက်မည်ဖြစ်ကြောင်း။
၃။ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍ
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍကို Smart Agriculture စနစ်သို့ ကူးပြောင်းရာတွင် ဘယ်လာရုစ်၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ပါကြောင်း။။
Farming မှ Food Processing အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ပူးပေါင်းဆောင်ရွက်ရန် အလေးထားကြောင်း။
ဘယ်လာရုစ်၏ လယ်ယာသုံးစက်ပစ္စည်း၊ စက်ယန္တရားနှင့် အကြီးစားစက်ပစ္စည်းများကို မြန်မာနိုင်ငံ၌ ပူးတွဲထုတ်လုပ်ရေး ဖိတ်ခေါ်ပါကြောင်း။
နို့နှင့်နို့ထွက်ပစ္စည်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း၊ လူသုံးကုန်ထုတ်လုပ်ရေးတို့တွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများရှိကြောင်း။
၄။ စွမ်းအင်နှင့် အခြေခံအဆောက်အအုံ
ရေအားလျှပ်စစ်၊ နေရောင်ခြည်၊ လေစွမ်းအင်နှင့် ဇီဝစွမ်းအင်အပါအဝင် စွမ်းအင်စီမံကိန်းများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ကြောင်း။
ခေတ်မီသိုလှောင်ရုံ၊ အအေးခန်း၊ ကုန်စည်ပို့ဆောင်ရေးနှင့် Logistics အခြေခံအဆောက်အအုံများတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံနိုင်ကြောင်း။
အဆင့်မြင့်နည်းပညာအသုံးပြု၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချနိုင်သည့် စွမ်းအင်စီမံကိန်းများ ဖော်ဆောင်နိုင်ရေး အလေးထားကြောင်း။
၅။ Digital Economy & Technology
ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ AI အသုံးချမှု၊ Digital Payment နှင့် Innovation ကဏ္ဍများတွင် ဘယ်လာရုစ်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ကြောင်း။
ရတနာပုံဆိုက်ဘာစီးတီးကို နည်းပညာနှင့် ဒီဂျစ်တယ်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံနိုင်သည့် အခြေခံအဆောက်အအုံတစ်ရပ်အဖြစ် ဖွင့်လှစ်ပေးထားကြောင်း။
၆။ အထူးစီးပွားရေးဇုန်နှင့် အကြီးစားစက်မှု
သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ၃ ခု တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှိကြောင်း။
ထားဝယ်အထူးစီးပွားရေးဇုန်တွင် တာယာ၊ အကြီးစားစက်ပစ္စည်းနှင့် အကြီးစားကုန်တင်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဘယ်လာရုစ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်း။
တနင်္သာရီဒေသတွင် သတ္တုတူးဖော်သန့်စင်ရေးနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း။
၇။ ASEAN–EAEU ချိတ်ဆက်မှု
မြန်မာနိုင်ငံ၏ ASEAN နှင့် RCEP ဈေးကွက်ချိတ်ဆက်မှု၊ ဘယ်လာရုစ်၏ EAEU အဖွဲ့ဝင်နိုင်ငံအဖြစ် အားသာချက်တို့ကို အသုံးချ၍ ဈေးကွက်နှစ်ခုအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ကြောင်း။
မြန်မာနိုင်ငံကို အာရှဈေးကွက်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်၊ ဘယ်လာရုစ်ကို EAEU ဈေးကွက်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်အဖြစ် အသုံးချကာ Win-Win Economic Partnership ဖော်ဆောင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။
234
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ထံ ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Alexander Turchin ကဂါရဝပြုတွေ့ဆုံ
နေပြည်တော်၊ ဩဂုတ် - ၂၀
ဘီလာရုသမ္မတနိုင်ငံ၊ မင့်စ်မြိုသို တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိင် ထံ ဘီလာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Alexander Turchin က ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မင့်စ်မြို၊ President ဟိုတယ်၌ ဂါရဝပြုတွေ့ဆုံသည်။
234
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ဘယ်လာရုစ်နိုင်ငံသို တရားဝင်ခရီးစဉ် ရောက်ရှိ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့ နံနက်ပိုင်းတွင် မော်စကိုမြိုမှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို အပြည်ပြည်ဆိုင်ရာလေဆိပ်သိုရောက်ရှိသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲအား ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Viktor Karankevich နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။
234
+1
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြစ်တစ်လျှောက် လှည့်လည်ကြည့်ရှုလေ့လာ
နေပြည်တော်၊ ဩဂုတ် - ၁၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူ ညနေပိုင်းတွင် မော်စကိုမြစ်အတွင်း ရှုခင်းကြည့်သင်္ဘောဖြင့် လိုက်ပါစီးနင်းကာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စနစ်တကျ မြို့ပြဖွံ့ဖြိုးတိုးတက်မှု ၊ မြစ်ကြောင်းများ ထိန်းသိမ်းထားရှိမှုနှင့် မြစ်ကမ်းတစ်လျှောက် Green Zone များ စနစ်တကျ ဖော်ဆောင်ထားရှိမှုတို့ကို ကြည့်ရှုလေ့လာကြသည်။
မော်စကိုမြစ်သည် မြို့တော်မော်စကို၏ အသက်သွေးကြောတစ်ခုဖြစ်ပြီး မြို့ပြရေပေးဝေရေးနှင့် စက်မှုလုပ်ငန်းများအတွက် အရေးပါသည့် မြစ်တစ်စင်းဖြစ်သည်။ မြစ်တစ်လျှောက် အပျော်စီးသင်္ဘောများနှင့် ကမ်းခြေပန်းခြံများရှိသဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ခရီးသွားလုပ်ငန်းအချက်အချာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
234
၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြား
234
မြန်မာ–ရုရှား မဟာဗျူဟာမြောက် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး တိုးမြှင့်မည်၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေး၊ နည်းပညာနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရုရှားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ရှိရင်းစွဲမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအထိ ပိုမိုနက်ရှိုင်းစွာ တိုးချဲ့သွားမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အခြေခံအဆောက်အအုံ၊ စက်မှုလုပ်ငန်း၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် AI အပါအဝင် အလားအလာရှိသည့်ကဏ္ဍများတွင် ရုရှားလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။ မိန့်ခွန်းကောက်နုတ်ချက်များမှာ -
၁၉၄၈ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာ–ရုရှား သံတမန်ဆက်ဆံရေးသည် ယခုအခါ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ ရောက်ရှိနေပြီး ၂၀၂၈ ခုနှစ်တွင် နှစ် ၈၀ ပြည့်မည်ဖြစ်ကြောင်း။
လက်ရှိ မြန်မာနိုင်ငံမှ သရက်သီးအနှစ်၊ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် အဝတ်အထည်များကို ရုရှားသို့ တင်ပို့နေပြီး ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ရေထွက်ပစ္စည်းများကိုပါ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း။
ရုရှားနိုင်ငံက မြန်မာနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စက်မှုကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅၉ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း။
စိုက်ပျိုးရေးစက်ယန္တရား၊ မျိုးစေ့နည်းပညာ၊ သုတေသန၊ မွေးမြူရေး၊ စားသုံးဆီ၊ စားသောက်ကုန်နှင့် ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ရေးအပါအဝင် တန်ဖိုးမြှင့်စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း။
ရေနံတူးဖော်ရေးနှင့် ရေနံသန့်စင်ရေး၊ သဘာဝဓာတ်ငွေ့၊ ဓာတ်မြေဩဇာ၊ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာရှိကြောင်း။
မြန်မာ–ရုရှား ပူးပေါင်းအကောင်အထည်ဖော်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို မဟာဗျူဟာမြောက် စီမံကိန်းတစ်ရပ်အဖြစ် ဖော်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း။
ထားဝယ်စီမံကိန်းနှင့် ဆက်စပ်၍ LNG Terminal၊ ရေနံချက်စက်ရုံ၊ ဓာတ်အားပေးစက်ရုံများနှင့် သဘာဝဓာတ်ငွေ့အခြေခံ အဆောက်အအုံအဆင့်မြှင့်တင်ရေး စီမံကိန်းများကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ မဟာဗျူဟာမြောက်စီမံကိန်းများအဖြစ် သတ်မှတ်ထားကြောင်း။
ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် အစိုးရဝန်ဆောင်မှု ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ AI၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် High-Tech လုပ်ငန်းများတွင် ရုရှားနည်းပညာကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း။
Mir Card System နှင့် Myanmar Payment Union (MPU) ကွန်ရက်ကို ချိတ်ဆက်ထားပြီး ကျပ်–ရူဘယ် တိုက်ရိုက်အသုံးပြုငွေပေးချေမှုများလည်း စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း။
မြန်မာ–ရုရှား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်သည် ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်တွင် အသက်ဝင်ခဲ့ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး MoU ကို ဇွန် ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း။
မြန်မာထုတ်ကုန်များကို ဥရောပ–အာရှစီးပွားရေးသမဂ္ဂ (EAEU) ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေးနှင့် မြန်မာ–ရုရှား ကုန်သွယ်ရေးရုံးများ တည်ထောင်နိုင်ရေး ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။
234
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်း၊ မြန်မာ–ရုရှား ပညာရေး၊ သုတေသနနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ယနေ့ ဩဂုတ် ၁၉ ရက်တွင် တက္ကသိုလ်ဘုတ်အဖွဲ့၏ တစ်ညီတစ်ညွတ်တည်း ထောက်ခံဆုံးဖြတ်ချက်ဖြင့် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခဲ့ပြီး ယင်းမှတစ်ဆင့် မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ပညာရေး၊ သုတေသန၊ ပညာရပ်ဖလှယ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရန် ရည်မှန်းထားပါသည်။
ရုရှားနိုင်ငံ၏ ပညာရေးကဏ္ဍ၌ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ
■ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့
Plekhanov Russian University of Economics ဘုတ်အဖွဲ့က တစ်ညီတစ်ညွတ်တည်း ထောက်ခံဆုံးဖြတ်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခဲ့ပြီး ယင်းဂုဏ်ပြုမှုသည် မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ပညာရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုခိုင်မာလာမှုကို ထင်ဟပ်စေပါသည်။
■ နှစ်နိုင်ငံ ပညာရေးဆက်ဆံမှု
မြန်မာ–ရုရှား ပညာရေးပူးပေါင်းဆောင်ရွက်မှုသည် ဆိုဗီယက်ယူနီယံခေတ်ကတည်းက စတင်ခဲ့ပြီး မြန်မာကျောင်းသား ၇,၀၀၀ ကျော် ပညာသင်ကြားခဲ့ကာ လက်ရှိတွင်လည်း ပညာသင်ဆုနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်နေပါသည်။
■ ပညာရေးနှင့် လူသားအရင်းအမြစ်
နိုင်ငံ၏ တည်ငြိမ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား၍ အခြေခံပညာ၊ အသက်မွေးဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာရေးကဏ္ဍများ တိုးတက်ရေး ဆောင်ရွက်နေပါသည်။
■ ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု
ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြုမှုကို ၁၀ ရာခိုင်နှုန်းအထိ သုံးစွဲသွားရန် ရည်မှန်းထားသည်။
■ ပညာရပ်နှင့် သုတေသနပူးပေါင်းမှု
မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ပညာရပ်ဖလှယ်မှု၊ ပူးတွဲသုတေသန၊ ပညာတော်သင်စေလွှတ်မှုနှင့် တက္ကသိုလ်ချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့သွားရန် ရည်မှန်းထားသည်။
■ အာကာသသိပ္ပံနှင့် နည်းပညာ
မြန်မာအာကာသအေဂျင်စီနှင့် Plekhanov Russian University of Economics အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး ယင်းကိုအခြေခံ၍ မြန်မာတက္ကသိုလ်များနှင့် အာကာသဆိုင်ရာကိစ္စရပ်များအပါအဝင် သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် မျှော်မှန်းထားပါသည်။
■ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု
ယခုဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းမှုနှင့် ပညာရေးဆိုင်ရာ ချိတ်ဆက်မှုများမှတစ်ဆင့် Plekhanov University နှင့် မြန်မာတက္ကသိုလ်များအကြား ပညာရေး၊ သုတေသန၊ လူသားအရင်းအမြစ်နှင့် နည်းပညာကဏ္ဍများ၌ ရေရှည်မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုချဲ့ထွင်သွားနိုင်မည်ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခြင်းသည် မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ရှည်လျားစွာတည်ရှိလာသည့် ပညာရေးဆက်ဆံမှုကို ပိုမိုခိုင်မာစေသည့် အဆင့်တစ်ရပ်ဖြစ်ပြီး ပညာရပ်ဖလှယ်ရေး၊ ပူးတွဲသုတေသန၊ ပညာတော်သင်စေလွှတ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအပြင် အာကာသသိပ္ပံနှင့် နည်းပညာကဏ္ဍအထိ တက္ကသိုလ်နှင့် အဖွဲ့အစည်းချင်း လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့နိုင်မည့် အခြေခံတစ်ရပ် ဖြစ်လာမည်ဖြစ်ပါသည်။
234
နှစ်နိုင်ငံ သမ္မတတွေ ခရင်မ္မလင် နန်းတော်မှာ တွေ့ဆုံတဲ့အခါ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ကို "наш дорогой друг" (ကျွန်ုပ်တို့၏ ချစ်လှစွာသော သူငယ်ချင်း) လို့ သုံးနှုန်းသွားတာဟာ ရုရှား သံတမန်ရေးရာ စကားပြောဟန်မှာ ဒီအသုံးအနှုန်းဟာ အလွန်ရင်းနှီးပြီး မဟာဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှုကို ပြသလိုတဲ့အခါ သုံးလေ့ရှိတဲ့ ထိပ်တန်းအဆင့် လေးစားသမှုပြ သုံးနှုန်းမှုဖြစ်ပါတယ်။
သံတမန်ရေးရာ အဓိပ္ပာယ်သက်ရောက်မှုအနေနဲ့ကတော့ ပုံမှန် သံတမန်အခေါ်အဝေါ် ("Mr. President", "Excellency") များထက် ပိုမို ရင်းနှီး စိတ်ချရသော မဟာမိတ်ဖြစ်ကြောင်း ပြသခြင်းဖြစ်ပါတယ်။
နိုင်ငံတကာ အခင်းအကျင်းမှာ အချင်းချင်း အပြည့်အဝ ထောက်ခံရပ်တည်ကြောင်း သတင်းစကားပါးလိုသည့်အခါ အသုံးပြုလေ့ရှိပါတယ်။
ဒီလိုသံတမန် အသုံးအနှုန်းကို၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ကျင်းပတဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန် (Xi Jinping) နဲ့ မော်စကို ခရင်မ္မလင် နန်းတော်မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) နဲ့ ၂၂ ကြိမ်မြောက် ရုရှား-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲနှင့် တရားဝင် စကားပြောဆိုမှုတွေမှာ သုံးနှုန်းခဲ့ဖူးပါတယ်။
တစ်နည်းအားဖြင့် အခုလို သုံးနှုန်းမှုဟာ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အတိမ်အနက်နဲ့ မဟာဗျူဟာမြောက် နီးကပ်မှုကို တိုက်ရိုက် ဖော်ပြနေတာလည်း ဖြစ်ပါတယ်။
