fa
Feedback
ရွှေပြည်သစ်

ရွှေပြည်သစ်

رفتن به کانال در Telegram

တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
233
مشترکین
-224 ساعت
+157 روز
+1330 روز
آرشیو پست ها
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော်၌ Times Magazine မှ သတင်းထောက် Charlie Campbell ၏ တွေ့ဆုံမေးမြန်းမှုများအပေါ် ဖြေကြားချက်

TIME Magazine’s Article Deviates from the Original Purpose of the Interview and Does Not Fully Reflect the President’s Responses   Nay Pyi Taw, September 23 The article concerning Myanmar published by TIME magazine deviates from the original proposal and purpose of the interview and does not fully reflect the actual responses provided by the President of the Republic of the Union of Myanmar. TIME magazine, through the Myanmar Embassy in Singapore, had initially requested an interview with the President for the purpose of publishing, under the title “The Future of Myanmar,” an article highlighting the historic role of the Myanmar Government in safeguarding the non-disintegration of the Union and national solidarity, its efforts toward peace and stability in Myanmar, and the achievements of the peace negotiations. As TIME is regarded as an internationally reputable media organization, the President responded positively to the proposal and granted an interview to TIME journalist Charlie Campbell, answering the questions presented during the meeting. However, when the interview was subsequently published on TIME’s online media platform, it was found that the content had been presented not in the original question-and-answer interview format but had instead been rewritten and presented as an article. Furthermore, the article does not fully reflect the actual responses provided by the President. In addition, the article includes interviews with other individuals, their assessments, and other unfavorable or non-constructive statements that went beyond the subjects originally discussed for the interview. It has also been observed that the article places emphasis on matters that were not part of the originally agreed purpose of the interview and uses expressions that could cause the international community to misunderstand the Myanmar Government and Myanmar. Therefore, in order for the people of Myanmar and the international community to directly understand what questions were actually asked during the interview and how the President responded to them, the actual question-and-answer exchange between the President and TIME journalist Charlie Campbell will be released and made public in due course. The article written by TIME journalist Charlie Campbell, which deviated from the original purpose of the interview, failed to fully reflect the President’s responses, and incorporated other matters and assessments into the report, constitutes reporting that does not uphold and adhere to media ethics and professional journalistic standards. Such reporting is therefore strongly condemned.

TIME မဂ္ဂဇင်း၏ ရေးသားဖော်ပြမှု မူလအင်တာဗျူးရည်ရွယ်ချက်နှင့် ကွဲလွဲနေပြီး နိုင်ငံတော်သမ္မတ၏ ဖြေကြားချက်များကို အပြည့်အဝ ထင်ဟပ်ဖော်ပြခြင်းမရှိ နေပြည်တော်၊ စက်တင်ဘာ ၂၃ TIME မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် မြန်မာနိုင်ငံနှင့်ပတ်သက်သော ဆောင်းပါးသည် မူလအင်တာဗျူးအဆိုပြုချက်နှင့် ကွဲလွဲနေသည့်အပြင် နိုင်ငံတော်သမ္မတ၏ အမှန်တကယ် ဖြေကြားခဲ့မှုများကိုလည်း အပြည့်အဝ ထင်ဟပ်ဖော်ပြထားခြင်းမရှိပေ။ “TIME မဂ္ဂဇင်းအနေနဲ့ မြန်မာအစိုးရက ပြည်ထောင်စုမပြိုကွဲရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ နိုင်ငံတော်ရဲ့ သမိုင်းဝင်အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အောင်မြင်မှုတွေကို သူတို့ရဲ့ မဂ္ဂဇင်းမှာ ‘The Future of Myanmar’ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြဖို့ အင်တာဗျူးပြုလုပ်လိုကြောင်း မြန်မာသံရုံး၊ စင်ကာပူကတစ်ဆင့် မေတ္တာရပ်ခံ အဆိုပြုလာခဲ့တာ ဖြစ်ပါတယ်။ TIME မဂ္ဂဇင်းဟာ နိုင်ငံတကာမှာ ဂုဏ်သိက္ခာရှိတဲ့ သတင်းမီဒီယာတစ်ခုဖြစ်တဲ့အတွက် ဒီအဆိုပြုချက်အပေါ် အပြုသဘောဆောင် တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတော်သမ္မတက သတင်းထောက် Charlie Campbell ကို လက်ခံတွေ့ဆုံပြီး မေးမြန်းလာတဲ့ မေးခွန်းတွေကို ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ TIME မဂ္ဂဇင်းရဲ့ အွန်လိုင်းမီဒီယာမှာ ဖော်ပြလာတဲ့အခါ မူလဆောင်ရွက်ခဲ့တဲ့ အမေးအဖြေ အင်တာဗျူးပုံစံအတိုင်း ဖော်ပြတာမဟုတ်ဘဲ ဆောင်းပါးပုံစံနဲ့ ပြောင်းလဲရေးသားဖော်ပြခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံတော်သမ္မတက အမှန်တကယ် ဖြေကြားခဲ့တဲ့ အကြောင်းအရာတွေကိုလည်း အပြည့်အဝ ထင်ဟပ်ဖော်ပြထားခြင်း မရှိပါဘူး။ ဒါ့အပြင် မူလအင်တာဗျူးအတွက် ဆွေးနွေးထားတဲ့ အကြောင်းအရာတွေထက် ကျော်လွန်ပြီး အခြားပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေ၊ သူတို့ရဲ့ သုံးသပ်ချက်တွေနဲ့ မလိုလားအပ်တဲ့ အပြုသဘောမဆောင်တဲ့ ရေးသားချက်တွေကိုပါ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ ကနဦးဆွေးနွေးသဘောတူထားတဲ့ အင်တာဗျူးရဲ့ ရည်ရွယ်ချက်မှာ မပါဝင်တဲ့ အကြောင်းအရာတွေကို အလေးပေးဖော်ပြထားသလို မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားစေနိုင်တဲ့ အသုံးအနှုန်းတွေကိုလည်း အသုံးပြုပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဒါကြောင့် အင်တာဗျူးမှာ အမှန်တကယ် ဘာတွေမေးမြန်းခဲ့သလဲ၊ နိုင်ငံတော်သမ္မတက ဘယ်လိုပြန်လည်ဖြေကြားခဲ့သလဲဆိုတာကို ပြည်သူတွေနဲ့ နိုင်ငံတကာက တိုက်ရိုက်သိရှိနိုင်ဖို့ နိုင်ငံတော်သမ္မတနဲ့ TIME မဂ္ဂဇင်း သတင်းထောက် Charlie Campbell တို့အကြား အမှန်တကယ် မေးမြန်းဖြေကြားခဲ့တဲ့ အမေးအဖြေတွေကို ဆက်လက်ထုတ်လွှင့်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ မူလအင်တာဗျူးရဲ့ ရည်ရွယ်ချက်နဲ့ ကွဲလွဲပြီး နိုင်ငံတော်သမ္မတရဲ့ ဖြေကြားချက်တွေကို အပြည့်အဝ ထင်ဟပ်ဖော်ပြခြင်းမရှိဘဲ အခြားအကြောင်းအရာတွေနဲ့ သုံးသပ်ချက်တွေကို ရောနှောထည့်သွင်း ရေးသားဖော်ပြခဲ့တဲ့ TIME မဂ္ဂဇင်း သတင်းထောက် Charlie Campbell ရဲ့ ရေးသားမှုဟာ မီဒီယာကျင့်ဝတ်၊ မီဒီယာအကျင့်သိက္ခာကို စောင့်ထိန်းလိုက်နာမှုမရှိတဲ့ ရေးသားဖော်ပြမှုဖြစ်တဲ့အတွက် ပြင်းထန်စွာ ရှုတ်ချပါကြောင်း ဖော်ပြအပ်ပါတယ်။

Repost from Shwe Pyi Thit
မြန်မာနိုင်ငံကို လာချင်တုန်းကတော့ မြန်မာနိုင်ငံ၏ ပြည်ထောင်စုမပြိုကွဲရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်ထိန်းသိမ်းစောင
မြန်မာနိုင်ငံကို လာချင်တုန်းကတော့ မြန်မာနိုင်ငံ၏ ပြည်ထောင်စုမပြိုကွဲရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ နိုင်ငံတော်ရဲ့ သမိုင်းဝင်အခန်းကဏ္ဍ၊ နိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အောင်မြင်မှုတွေကို “The Future of Myanmar” ခေါင်းစဉ်နဲ့ Time မဂ္ဂဇင်းမှာဖော်ပြဖို့ အင်တာဗျူး လုပ်လိုကြောင်း စင်္ကာပူ မြန်မာသံရုံးကတဆင့် မေတ္တာရပ်ခံ အဆိုပြုလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုတော့ဂုဏ်သိက္ခာရှိပါတဲ့ဆိုတဲ့ Time မဂ္ဂဇင်းက သတင်းထောက် Charlie Campbellအနေနဲ့ အင်တာဗျူးမှာ အမှန်တကယ်ဖြေကြားခဲ့မှုတွေကို အလုံးစုံမဖော်ပြခဲ့သလို အပြုသဘောမဆောင်တဲ့ တခြားသူတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ၊ သုံးသပ်ချက်တွေနဲ့ရောပြီး မြန်မာနိုင်ငံအစိုးရကို နိုင်ငံတကာက အထင်အမြင်လွှဲမှားစေနိုင်တဲ့ အသုံးအနှုန်းတွေနဲ့ ရေးသားဖော်ပြခဲ့တာဟာ ဂုဏ်သိက္ခာရှိပါတယ်ဆိုတဲ့ Time မဂ္ဂဇင်းအနေနဲ့ လုံးဝကို သိက္ခာမရှိတဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ မီဒီယာကျင့်ဝတ်လိုက်နာခြင်းမရှိတဲ့ time magazine ရှက်စရာသိပ်ကောင်းပါတယ်ဗျာ

🌾🚜လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေးဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှာကြား -ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန် အောက်ပါအချက်များကို မှာကြားခဲ့ပါသည်- ၁။ မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများနှင့် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍတွင် လုပ်ကိုင်သူများပြားသဖြင့် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဆောင်ရွက်ကာ ကုန်ထုတ်လုပ်မှုနှင့် ကျေးလက်ဝင်ငွေ တိုးတက်စေရန် အလေးထားရန် လိုအပ်ပါကြောင်း ၂။ မိရိုးဖလာစိုက်ပျိုးရေးမှ စီးပွားဖြစ်လယ်ယာစိုက်ပျိုးရေးသို့ ကူးပြောင်းပြီး “မျိုး၊ မြေ၊ ရေ၊ နည်း” အခြေခံအချက်များ ပြည့်စုံစေရန်၊ လယ်ယာသုံးစက်ကိရိယာအသုံးပြုမှု၊ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရေးနှင့် ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးတို့ကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ၃။ လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဆင့်ဖြင့်သာ မရောင်းချဘဲ ကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းတို့မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲရန် လိုအပ်ပါကြောင်း ၄။ ဝါကို ဝါဂွမ်း၊ ချည်၊ ချည်ထည်နှင့် အဝတ်အထည်အထိ၊ ဝါးကို စက္ကူ၊ ပရိဘောဂနှင့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များအထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖော်ဆောင်နိုင်ရေး အလေးထားရန် လိုအပ်ပါကြောင်း ၅။ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် အခြားမွေးမြူရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုစနစ်၊ အစာစရိတ်၊ နည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ၆။ ဒေသထွက် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးလာပါက ဒေသတွင်းအလုပ်အကိုင်၊ ဝင်ငွေနှင့် စီးပွားရေးလည်ပတ်မှု တိုးတက်နိုင်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကဏ္ဍများကို တန်ဖိုးကွင်းဆက်တစ်ခုအဖြစ် ချိတ်ဆက်ဖော်ဆောင်ရန် လိုအပ်ပါကြောင်း ၇။ Digital Agriculture၊ Precision Agriculture နှင့် Artificial Intelligence နည်းပညာများကို မြေယာ၊ ရေ၊ ရာသီဥတု၊ သီးနှံနှင့် ဈေးကွက်အချက်အလက်များအပေါ် အခြေခံ၍ လက်တွေ့အသုံးချရန် လိုအပ်ပါကြောင်း ၈။ အစိုးရ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်၍ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် မူဝါဒနှင့် လုပ်ငန်းစီမံချက်များ ထွက်ပေါ်လာစေရန် ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

Repost from N/a
ကြည့်တတ်ရင်မြင်ပါတယ်
+1
ကြည့်တတ်ရင်မြင်ပါတယ်

Repost from N/a
အမေရိကန်အထူးလေယာဉ် ဒီကိစ္စတစ်ခုတည်းအတွက်တော့ လာတာဟုတ်ပါ့မလား စီးပွါးရေးလုပ်ငန်းရှင်တစ်ချို့နဲ့လည်း တွေ့ခဲ့ကြသေးတာဆိုတော့ နိုင
အမေရိကန်အထူးလေယာဉ် ဒီကိစ္စတစ်ခုတည်းအတွက်တော့ လာတာဟုတ်ပါ့မလား စီးပွါးရေးလုပ်ငန်းရှင်တစ်ချို့နဲ့လည်း တွေ့ခဲ့ကြသေးတာဆိုတော့ နိုင်ငံရေးက ထင်သလောက်တော့ရိုးရှင်းမနေပါဘူး ကြည့်တတ်ရင်တော့ ရုပ်လုံးပေါ်မှာပါ Respect ပါ သမ္မတကြီး ဒီ ခြုံကိုတော့ထွင်လိုက်ပြီ ဒီယုန်ကတော့ သိပ်ကြာမယ်မထင်.. ဒီကြားထဲ မလေးကလည်း ချစ်ကြည်ရေးခရီးစဉ် ဖိတ်ခေါ်မယ်ဆိုတဲ့သတင်း အကုန်သိပြီးလောက်ပီထင်..

Repost from N/a
photo content
+1

Repost from N/a
သမ္မတကြီးရဲ့ ကမ္ဘောဒီးယား ခရီးစဉ်မှာ ဒေသတွင်းနိုင်ငံတွေတိုက်ရိုက်ဖြတ်သန်းလို့ရမယ့် လမ်းကြောင်းနှင့်ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြတာကိုတွေ့တယ်။ တကယ်တော့ ကမ္ဘောဒီးယားက အိန္ဒိယကနေပစ္စည်းတွေ သွင်းချင်တယ်။ အိန္ဒိယဘက်ကိုလည်းပစ္စည်းတွေပို့ချင်တယ်။ ဒီအတွက် အိန္ဒိယသမုဒ္ဒရာအနောက်ဘက် ထွက်ပေါက်ကို တိုက်ရိုက်ဆက်သွယ်ချင်နေတာကြာပြီလို့ပြောလို့ရတယ်။ အဲ့တော့ ဟိုချီမင်းကနေ ဖနောင်ပင်၊ ဖနောင်ပင်ကနေ ဘန်ကောက်၊ ဘန်ကောက်ကနေထားဝယ်ရေနက်ဆိပ်ကမ်း၊ အဲ့ဒီကနေ ဘင်္ဂလားပင်လယ်အော်၊ ပြီးရင်အိန္ဒိယ၊ ဒီကနေတစ်ဆင့် အရှေ့အလယ်ပိုင်း-အာဖရိက-ဥရောပ ထိကိုချိတ်ဆက်နိုင်ဖို့အတွက် မြန်မာနိုင်ငံက အဓိကချက်ပွိုင့် ဖြစ်နေတယ်။ ပြောရရင် တောင်တရုတ်ပင်လယ်ဘက်ကနေ ကုန်ပစ္စည်းတွေကို ကမ္ဘောဒီးယား-ထိုင်း-မြန်မာကုန်းလမ်းကနေ ထားဝယ်ကိုပို့ပြီးတော့ အိန္ဒိယသမုဒ္ဒရာဘက်ကို ထွက်နိုင်တဲ့ “ Land Bridge” သဘောတရားပဲ။ ဒါကြောင့်မို့ Dawei SEZ ကိုလည်း ထားဝယ်–ဘန်ကောက်–ဖနောင်ပင်–ဟိုချီမင်း land bridge လို့ သတ်မှတ်ထားတာဖြစ်တယ်။ မြန်မာ-ကမ္ဘောဒီးယားလို Sister City အတွက် လက်တွေ့အမြန်ဆုံးအကောင်အထည်ပေါ်လာမှာက တိုက်ရိုက်လေလိုင်းတွေတိုးချဲ့ပျံသန်းဖို့အတွက် သဘောတူထားခဲ့ကြပြီးလည်းဖြစ်တယ်။ နောက်တစ်ချက်ကတော့ ဖနောင်ပင်-ဘန်ကောက်-ထားဝယ်-အိန္ဒိယသမုဒ္ဒရာ ချိတ်ဆက်မှုက မလက္ကာရေလက်ကြားကိုရှောင်ပြီးသားဖြစ်တာကြောင့် ဒေသတွင်း အရှေ့-အနောက် ကုန်သွယ်ရေး Gateway အဖြစ် အရေးပါနေတာဖြစ်တဲ့အတွက် ဒီစီမံကိန်းကိုသာ လက်ရှိ အစိုးရသက်တမ်းမှာ အပြည့်အဝအကောင်အထည်ဖော်နိုင်ခဲ့ရင်တော့ နိုင်ငံ့စီးပွားရေးအတွက် ရောင်နီစသန်းပြီလို့ပြောလို့ရပြီ။ နောက်ပြီး သမိုင်းသစ်တစ်ခုအနေနဲ့လည်း ကျန်ခဲ့မှာသေချာတယ်။ U Uncle 🇲🇲 (၁၄/၉/၂၀၂၆)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၁၁-၉-၂၀၂၆ မှ ၁၂-၉-၂၀၂၆ ထိ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Prak Sophoan က လာရောက်ဂါရဝပြု တွေ့ဆုံ၊ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ပူးပေါင်းတိုးမြှင့်ရေး ဆွေးနွေး ဆီရမ်ရိ၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ယနေ့ စက်တင်ဘာ ၁၂ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး  Mr. Prak Sophoan က လာရောက်ဂါရဝပြုတွေ့ဆုံ၍ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ - ■ နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည့်အချက်များ   ခရီးသွားကဏ္ဍဖွံ့ဖြိုးသည့် ဆီရမ်ရိပြည်နယ်သို့ ပြီးခဲ့သည့်၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၁ သန်းခန့် လာရောက်ခဲ့မှုအပေါ် ဝမ်းမြောက်မိပါကြောင်းနှင့် မြန်မာနိုင်ငံရှိ ပုဂံကိုလည်း ဆီရမ်ရိကဲ့သို့ ခရီးသွားကဏ္ဍဖွံ့ဖြိုးစေလိုပါကြောင်း။   ယခုခရီးစဉ်သည် အောင်မြင်သည့်ခရီးစဉ် ဖြစ်ပြီး မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများရှိလာမည်ဖြစ်ပါကြောင်း။   ဆီရမ်ရိမြို့မှာ မြန်မာအလုပ်သမားများ ရောက်ရှိနေသည်ဟုသိရပြီး အဆိုပါ မြန်မာအလုပ်သမား များအား ကမ္ဘောဒီးယားဥပဒေဘောင်အတွင်းမှ စောင့်ရှောက်ပေးရန်နှင့် အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိစေရန် မေတ္တာရပ်ခံလိုပါကြောင်း။   ■ ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး၏ ဆွေးနွေးချက်များ   သမ္မတကြီးအား တွေ့ဆုံဂါရဝပြုခွင့်ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း။   သမ္မတကြီး လာရောက်လည်ပတ်သည့်အခါတိုင်းအသစ်အသစ်တွေသာ တွေ့ရမည်ဟု ယုံကြည်ပါ ကြောင်း။   ယမန်နေ့က ဖနွမ်းပင်မြို့သို့ ရောက်ရှိပြီး အကြီးအကဲများနှင့် အောင်မြင်စွာ တွေ့ဆုံရသည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။   သမ္မတကြီး၏ ဆွေးနွေးခဲ့မှုများနှင့် MoU လက်မှတ်ရေးထိုးခဲ့မှုများကို သိရှိရပြီး ၎င်းတို့နှင့်ပတ်သက်၍ ဆက်လက်ပူးပေါင်းအကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း။   သမ္မတကြီး ဆက်လက်တိုးတက်အောင်မြင်ပါစေရေး ဆုတောင်းပါကြောင်းဆွေးနွေးခဲ့ကြပါသည်။

လက်ရှိအစိုးရအနေနဲ့ သက်တမ်း ၁ နှစ်နီးပါးဝန်ကျင်ဖြစ်လာပြီဆိုရင် လွှတ်တော်မှာ သေချာပေါက်ငြင်းခုန် ဖြေရှင်းရနိုင်တဲ့ အချက် (၂) ချ
လက်ရှိအစိုးရအနေနဲ့ သက်တမ်း ၁ နှစ်နီးပါးဝန်ကျင်ဖြစ်လာပြီဆိုရင် လွှတ်တော်မှာ သေချာပေါက်ငြင်းခုန် ဖြေရှင်းရနိုင်တဲ့ အချက် (၂) ချက်တွေ့ရတယ်။ တစ်ချက်ကတော့ ပညာရေးစနစ်။ ကျောင်းသားမိဘတွေနှင့် ပညာရေးစနစ်တွေကြားမှာ ခလုတ်တိုက်နေတာတစ်ခုရှိတယ်။ အစိုးတစ်ဆက်ပြောင်းရင်

မော်တော်ယာဉ်များ စုံ/မ စနစ်ဖြင့် မောင်းနှင်သုံးစွဲခြင်းအား ယနေ့မှစတင်၍ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

တပ်မတော်က ထိုးစစ်တစ်ခုစပြီဆိုရင် တစ်ချို အဖွဲစည်းတွေကလူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ နိုင်ငံတကာဆိုတဲ့ အသုံးအနှုန်းတွေသု
+1
တပ်မတော်က ထိုးစစ်တစ်ခုစပြီဆိုရင် တစ်ချို အဖွဲစည်းတွေကလူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ နိုင်ငံတကာဆိုတဲ့ အသုံးအနှုန်းတွေသုံးပြီးတော့ မြန်မာ့တပ်မတော်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ စွပ်စွဲတော့တာပဲ။ 4926 Operation ရခိုင်ဘက် စပြီဆိုကတည်းက အသံတော့ ထွက်လာတော့မှာပဲဆိုတာ တွေးတော့တွေးခဲ့မိသား။ တပ်မတော်ဆိုတာ အလုပ်တစ်ခုစပြီဆိုရင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘို
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည်