သိင်္ခ
رفتن به کانال در Telegram
အသိတိုး
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
1 065
مشترکین
اطلاعاتی وجود ندارد24 ساعت
-367 روز
-7530 روز
آرشیو پست ها
1 065
ကနေဒါနိုင်ငံကို ပထမဆုံး တွဲဖက်အဖွဲဝင်နိုင်ငံအဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့သည့် EU ကို ထရန့်ခြိမ်းခြောက်
ကနေဒါနိုင်ငံကို ပထမဆုံး တွဲဖက်အဖွဲဝင်နိုင်ငံအဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့သည့် ဥရောပသမဂ္ဂ (EU) ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၁၆ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။
ကနေဒါနိုင်ငံကို EU ၏ တွဲဖက်အဖွဲဝင် ဖြစ်လာစေရန် လမ်းဖွင့်ပေးထားကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လီယန် ပြောကြားခဲ့ပြီးနောက် EU နှင့် ကုန်သွယ်ရေး ဖြတ်တောက်မည်ဟု ထရန့်က ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
1 065
အီရန်တွင် ပြည်တွင်းခရီးစဥ် ပျံသန်းနေသည့် ခရီးသည်တင်လေယာဥ်တစ်စင်း၏ မျက်နှာကြက်များနှင့် အိတ်များထားသည့် စင်အချို ပြိုကျခဲ့သဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရ
အီရန်နိုင်ငံတွင် ပြည်တွင်းခရီးစဥ် ပျံသန်းနေသည့် ခရီးသည်တင်လေယာဥ်တစ်စင်း၏ မျက်နှာကြက်များနှင့် အိတ်များထားသည့် စင်အချို ပြိုကျခဲ့သဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
1 065
ဘန်ကောက်မှာ တစ်လ ဘတ် ၉ သိန်းတန် ဇိမ်ခံအိမ်ငှားပြီး ဂျပန်တွေကို ငွေလိမ်နေတဲ့ မြန်မာအပါအဝင် Call Center ဂိုဏ်းဝင် ၁၅ ဦး ဖမ်းမိ
ထိုင်းနိုင်ငံ ဘန်ကောက်မြို ဘန်ဘွန်နူယာရပ်ကွက် Ekachai လမ်းသွယ် ၁၁၂ ရှိ ဇိမ်ခံအိမ်တစ်လုံးကို တစ်လလျှင် ဘတ် ၉ သိန်းပေး၍ ငှားရမ်းကာ ဂျပန်နိုင်ငံသားများကို ဖုန်းခေါ်ဆိုပြီး ငွေလိမ်နေသည့် Call Center ဂိုဏ်းတစ်ခုမှ မြန်မာအပါအဝင် သံသယရှိသူ ၁၅ ဦးကို ထိုင်းရဲတပ်ဖွဲက စက်တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
1 065
ကုန်းတွင်းပိတ်ဒေသများကို ပင်လယ်နှင့်ချိတ်ဆက်ပေးသည့် အဓိကတူးမြောင်းကြီး တရုတ်ဖွင့်လှစ်
တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ကုန်းတွင်းဒေသများမှ ကုန်ပစ္စည်းများကို ပင်လယ်ပြင်သို ပိုမိုလွယ်ကူလျင်မြန်စွာ သယ်ယူပိုဆောင်နိုင်မည့် အဓိကရေလမ်းကြောင်းဖြစ်သော ပင်လူးတူးမြောင်း (Pinglu Canal) ကို ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အရှည် ၈၃ မိုင်ခန့်ရှိသည့် ပင်လူးတူးမြောင်းကို လေးနှစ်ခန့် အချိန်ယူတည်ဆောက်ခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသရှိ နန်နင်းမြိုအနီးမှ တုံကင်ပင်လယ်ကွေ့ (Gulf of Tonkin) သို ဆက်သွယ်ပေးထားသည်။
ယခင်က တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှ ကုန်ပစ္စည်းများကို ပင်လယ်ပြင်သို တင်ပိုရန် ကွမ်ကျိုးဘက်သို လှည့်ပတ်သယ်ယူရသော်လည်း တူးမြောင်းအသစ်ကြောင့် သယ်ယူပိုဆောင်ရေးခရီးအကွာအဝေးကို ကီလိုမီတာ ၅၆၀ ကျော်အထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း ရှင်းဟွာသတင်းဌာနက ဖော်ပြသည်။
1 065
ဖလမ်းမြိုတွင် MPT ဖုန်းလိုင်း ပြန်လည်ရရှိ၊ SIM Card များ ပြန်လည်အသုံးပြုနိုင်ရေး ဝန်ဆောင်မှုပေးနေ
ဖလမ်း၊ စက်တင်ဘာ ၁၇
ဖလမ်းမြိုတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ Mobile ဖုန်းလိုင်းများ ပြန်လည်ရရှိလာပြီဖြစ်သဖြင့် ယနေ့မှစတင်ကာ ပြည်သူများ၏ MPT Mobile SIM Card များ ပြန်လည်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဖလမ်းမြို၌ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ပြီး ယခင်က MEC-CDMA ဖုန်းလိုင်းကိုသာ အသုံးပြုခဲ့ရကြောင်း သိရသည်။
ယခုအခါ MPT Mobile ဖုန်းလိုင်းများ ပြန်လည်ရရှိလာသဖြင့် ပြည်နယ် MPT ဝန်ထမ်းများက ဖလမ်းမြို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အခြေပြု၍ ပြည်သူများအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
1 065
QR Code ဖြင့် ဆီရောင်းချရာတွင် ညွှန်ကြားချက် မလိုက်နာသည့် စက်သုံးဆီဆိုင် ၂၀ အား အရေးယူ
စက်သုံးဆီအရောင်းဆိုင်များတွင် QR Code/ Barcode စနစ်အသုံးပြု၍ ရောင်းချရာ၌ သတ်မှတ်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာမှုမရှိသည့် ဆိုင် ၂၀ အား စိစစ်ဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
1 065
ဆူဒန်မြောက်ပိုင်း၌ ရွှေတွင်း ပြိုကျမှုကြောင့် အနည်းဆုံး လူ ၆၀ ခန့် သေဆုံး
ဆူဒန်မြောက်ပိုင်း၌ ရွှေတွင်းပြိုကျခဲ့သဖြင့် အနည်းဆုံး လူ ၆၀ ခန့် သေဆုံးခဲ့သည်ဟု အသက်ရှင်ကျန်ရစ်သူနှစ်ဦးက စက်တင်ဘာ ၁၆ရက်တွင် AFP သတင်းဌာနကိုပြောကြားသည်။
1 065
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားစာရင်း ကောက်ခံရေး ဆက်လက်ဆောင်ရွက်
ဗန်ကောက်၊ စက်တင်ဘာ ၁၇
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat နှင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။ ထိုသိုတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အပြီး နှစ်ဖက်အလုပ်သမားဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ အဖွဲအစည်းများအကြား ဆက်လက်တွန်းအားပေးဆောင်ရွက်ရမည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားစာရင်း ကောက်ခံရေးနှင့် ပြည်ပလုပ်သား တရားဝင်လွှပြောင်းငွေဆိုင်ရာ ကိစ္စရပ်များ၊ တရားဝင်အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု မြှင့်တင်ရေး၊ အလုပ်သမားစီမံခန့်ခွဲမှု ပိုမိုထိရောက်မှုရှိစေရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးတိုအတွက် ခင်မင်ရင်းနှီးစွာဖြင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
1 065
မြန်မာ-တရုတ် နယ်စပ်တည်ငြိမ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
JN《𝙎𝙀𝙋~𝟏𝟕》
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အွန်လိုင်းလိမ်လည်မှုအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ရေးအတွက် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတင်းရွှယ်ရှန်တို စက်တင်ဘာ ၁၆ ရက်တွင် နန်နင်းမြို၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
1 065
မန္တလေးတွင် Online မှ ကျောက်မျက်ရတနာလိမ်လည်ရောင်းချသည့် ပြည်ပနိုင်ငံသား ၁၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၇ ဦး ဖမ်းဆီးရမိ
JN (Sep 17)
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြိုနယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာအတုများနှင့် အရည်အသွေးမကောင်းသော ကျောက်မျက်အချောထည်များကို လိမ်လည်ရောင်းချနေသည့် ပြည်ပနိုင်ငံသား ၁၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၇ ဦး၊ စုစုပေါင်း ၂၈ ဦးတိုကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
1 065
ပြည်ပရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံကအလေးထားဟု မြန်မာသံအမတ်ကြီးပြော
ကိုရီးယား-မြန်မာ စီးပွားရေးလုံခြုံမှုဆိုင်ရာသုတေသနအသင်း(KMAESS)ဖွဲစည်းတည်ထောင်ရာတွင် စိတ်အားတက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအ မတ်ကြီးဦးမျိုးမြင့်မောင်အား KMAESS ဥက္ကဋ္ဌ Mr. Choi Shin Il က "ကျေးဇူးတင်အသိအမှတ်ပြုတံဆိပ်" ပေးအပ်ခဲ့ကြောင်း သိရသည်။
1 065
+6
ဗန်းမော်ရှေ့တန်းရောက်တပ်မတော်သားများအတွက်
တပ်မတော်ချစ်မြတ်နိုးသူများက
ကြက်သားဒံပေါက်ဂုဏ်ပြုပါသည်
#Bn
1 065
Repost from Gyar Nuu (ဂျာနူး)✍️
KNU မှ အမျိုးသမီးငယ်များကို အတင်းအဓမ္မ လူသစ်စုဆောင်း
စစ်ရေးတင်းမာမှု မြင့်တက်နေသည့် ကရင်ပြည်နယ်၊ လေးကေကော်ဒေသတွင် KNU ဘက်မှ စစ်အင်အား ဖြည့်တင်းရန် လိုအပ်ချက်များရှိနေပြီး စောဘောကျော်ဟဲ၏ ဦးဆောင်မှုအောက်တွင် အမျိုးသမီးများကို အတင်းအဓမ္မ စစ်သင်တန်းပေးကာ လူသစ်စုဆောင်းမှုများ ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ဤလုပ်ရပ်ကြောင့် - ဘေးအန္တရာယ်နှင့် စိုးရိမ်မှုများ: သေနတ်ကိုပင် စနစ်တကျ မကိုင်တွယ်တတ်သေးသည့် အမျိုးသမီးများ ရှေ့တန်းတိုက်ပွဲများသို့ ရောက်ရှိနေသဖြင့် ကျဆုံးမှုနှုန်း ပိုမိုမြင့်တက်လာမည်ကို ဒေသခံများက ဝေဖန်ထောက်ပြနေကြသည်။ ဒေသခံများ၏ အခြေအနေ: ရုတ်တရက် တပ်သားသစ် စုဆောင်းခံရမည့် အန္တရာယ်ကြောင့် ဒေသခံ မိန်းကလေးများမှာ ကြောက်လန့်ကာ အနီးအနား ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
သိင်္ခ
1 065
QR Code ဖြင့် ဆီရောင်းချရာတွင် ညွှန်ကြားချက် မလိုက်နာသည့် စက်သုံးဆီဆိုင် ၂၀ အား အရေးယူ
စက်သုံးဆီအရောင်းဆိုင်များတွင် QR Code/ Barcode စနစ်အသုံးပြု၍ ရောင်းချရာ၌ သတ်မှတ်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာမှုမရှိသည့် ဆိုင် ၂၀ အား စိစစ်ဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် အရောင်းဆိုင်များမှ ယာဉ်များ၏ QR/Barcode ကို Scan ဖတ်၍ ရောင်းချသည့် ပမာဏပေါ် မူတည်ပြီး စက်သုံးဆီဝယ်ယူခွင့် (PO) များကို ခွဲဝေပေးလျက်ရှိသည်။
ယင်းရောင်းချမှု အခြေအနေများကိုလည်း Online Monitoring Center မှတစ်ဆင့် စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။
စနစ်မှန်ကန်ရေးအတွက် ဆိုင်သို့ အမှန်တကယ် လာရောက်ဝယ်ယူသည့် ယာဉ်များကိုသာ Scan ဖတ်ရောင်းချရန်နှင့် မသမာသော နည်းလမ်းဖြင့် ရောင်းအားမြင့်တက်အောင် ဆောင်ရွက်ပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား ကြိုတင်အသိပေးထားပြီးဖြစ်သည်။
1 065
+2
Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင် (၂၈)ဦးကို မဟာအောင်မြေမြို့နယ်၌ဖမ်းမိ
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ Online အသုံးပြု၍ ကျောက်မျက်ရတနာများအားလိမ်လည်ရောင်းချလျက်ရှိသော တရုတ်နိုင်ငံသား Mr.Chen Xiao Dai(ချိန်ရှောင်းတိုက်)ဦးဆောင်သည့် တရုတ်နိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၄)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
1 065
+1
ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး
1 065
+2
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားစာရင်း ကောက်ခံရေး ဆက်လက်ဆောင်ရွက်
ဗန်ကောက်၊ စက်တင်ဘာ ၁၇
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat နှင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အပြီး နှစ်ဖက်အလုပ်သမားဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်လက်တွန်းအားပေးဆောင်ရွက်ရမည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားစာရင်း ကောက်ခံရေးနှင့် ပြည်ပလုပ်သား တရားဝင်လွှဲပြောင်းငွေဆိုင်ရာ ကိစ္စရပ်များ၊ တရားဝင်အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု မြှင့်တင်ရေး၊ အလုပ်သမားစီမံခန့်ခွဲမှု ပိုမိုထိရောက်မှုရှိစေရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးတို့အတွက် ခင်မင်ရင်းနှီးစွာဖြင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
1 065
ICC က အင်အားကြီးနိုင်ငံတွေရဲ့ ကြိုးဆွဲရုပ် မဖြစ်သင့်ဘူးလို ပြောပြီ
စက်တင်ဘာ - ၁၆ ( ဗုဒ္ဓဟူးနေ့ )
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့ အင်အားကြီးနိုင်ငံတွေကိုလည်း ကျန်တဲ့နိုင်ငံတွေနည်းတူ စံနှုန်းတစ်ခုတည်းနဲ့ အရေးယူနိုင်ဖို ဘက်ပေါင်းစုံကနေ အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို လိုအပ်နေပြီလို လူ့အခွင့်အရေး လှုပ်ရှားသူ ဒေဗစ်လိုပက်ဇ် က ပြောကြားလိုက်ပါတယ်။
ဟိဂ်မြိုမှာအခြေစိုက်တဲ့ ICC တရားရုံးကို ဂျီနိုဆိုက် (လူမျိုးတုံးသတ်ဖြတ်မှု)၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ကျူးကျော်စစ်ပွဲ ရာဇဝတ်မှုတွေကို အရေးယူဖိုအတွက် "ရုမ်း စတက်ကျု" သဘောတူညီချက် အရ ၂၀၀၂ ခုနှစ်မှာ စတင်ဖွဲစည်းခဲ့တာပါ။ ဒါပေမဲ့ ဒီတရားရုံးဟာ နိုင်ငံရေးအရ ဘက်လိုက်မှုတွေရှိပြီး အနိုင်ကျင့် ရွေးချယ်အရေးယူနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကာလရှည်ကြာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
