သိင်္ခ
رفتن به کانال در Telegram
အသိတိုး
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
1 065
مشترکین
اطلاعاتی وجود ندارد24 ساعت
-367 روز
-7530 روز
آرشیو پست ها
1 065
ကမ္ဘောဇဘဏ်က ဧရာဝတီရေဘေးသင့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေ
ရန်ကုန်၊ စက်တင်ဘာ ၁၆
ကမ္ဘောဇဘဏ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားနေရသည့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ အရေးပေါ်ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
ငသိုင်းချောင်းမြိုနယ်ရှိ ကျေးရွာအုပ်စု ၂၃ ခုမှ အိမ်ထောင်စု ၂,၀၀၀၊ လူဦးရေ ၆,၅၉၃ ဦးအတွက် တစ်ပတ်စာစားနပ်ရိက္ခာ၊ တာပေါ်လင်မိုးကာရွက်ဖျင်၊ ရေသန့်စင်ဆေးပြားနှင့် အရေးပေါ်ဆေးဝါးများအပါအဝင် အခြေခံလိုအပ်သည့်ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။
1 065
အမေရိကန်နှင့် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရပြီးနောက် ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ်တင်ပိုမှု ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမေရိကန်ဈေးကွက်သို အထည်ချုပ်ပစ္စည်းတင်ပိုမှုသည် ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၈၀၆.၄၆ သန်းအထိ ရောက်ရှိခဲ့ပြီး ဇူလိုင်လနှင့် နှိင်းယှဉ်ပါက ၂၅.၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ပိုကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ အချက်အလက်များအရ သိရသည်။
အမေရိကန်ဈေးကွက်သို တင်ပိုရာတွင် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရရှိပြီးနောက် အထည်ချုပ်တင်ပိုမှုများ ပြန်လည်အားကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။
1 065
+9
ကမ္ဘောဇဘဏ်က ဧရာဝတီရေဘေးသင့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေ
ရန်ကုန်၊ စက်တင်ဘာ ၁၆
ကမ္ဘောဇဘဏ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားနေရသည့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ အရေးပေါ်ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
ငသိုင်းချောင်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၃ ခုမှ အိမ်ထောင်စု ၂,၀၀၀၊ လူဦးရေ ၆,၅၉၃ ဦးအတွက် တစ်ပတ်စာစားနပ်ရိက္ခာ၊ တာပေါ်လင်မိုးကာရွက်ဖျင်၊ ရေသန့်စင်ဆေးပြားနှင့် အရေးပေါ်ဆေးဝါးများအပါအဝင် အခြေခံလိုအပ်သည့်ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။
အကူအညီရရှိသူများတွင် မသန်စွမ်းသူ ၁၃၂ ဦး ပါဝင်ပြီး အထောက်အပံ့ပစ္စည်းများ ဖြန့်ဝေရာတွင် ဟင်္သာတနှင့် ကျုံပျော်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲများမှ ဝန်ထမ်းများလည်း ပါဝင်ကူညီခဲ့ကြောင်း သိရသည်။
1 065
မွန်ပြည်နယ်တွင် မြန်မာ့စတုတ္ထမြောက်အကြီးဆုံး ဖြစ်လာမည့် “ရာမည အတုလ ဓမ္မရာဇိက” ကြေးခေါင်းလောင်းကြီး သွန်းလုပ်မည်
ရေး၊ စက်တင်ဘာ ၁၆
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေးဆရာတော် သာသနာပြုနယ်မြေ၊ ပုပ္ဖရမ္မဓမ္မရာဇိကစေတီ ရင်ပြင်တော်တွင် ပြာသာဒ်ဆောင်ဖြင့် ချိတ်ဆွဲပူဇော်ရန် အလေးချိန် ၂၅ တန်ရှိ “ရာမည အတုလ ဓမ္မရာဇိက” ကြေးခေါင်းလောင်းကြီးကို သွန်းလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြေးခေါင်းလောင်းကြီးသည် ပိဿာချိန် ၁၅,၃၀၀ ခန့်ရှိမည်ဖြစ်ပြီး သွန်းလုပ်ပြီးစီးပါက မြန်မာနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံး ကြေးခေါင်းလောင်းကြီး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မင်းကွန်းခေါင်းလောင်းကြီး၊ သာယာဝတီမင်းခေါင်းလောင်းတော်နှင့် သီရိသုမနခေါင်းလောင်းတော်တို့ကို မြန်မာနိုင်ငံရှိ အကြီးဆုံးကြေးခေါင်းလောင်းကြီးများအဖြစ် အစဉ်လိုက် သတ်မှတ်ထားကြောင်း သိရသည်။
1 065
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် နိုင်ဝင်ဘာ ၁၈ ရက် စတင်ကျင်းပမည်
၂၀၂၆ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် မီးပုံပျံပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ ၁၈ ရက်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်တယ်လို့ သိရပါတယ်...
“အကြမ်းအားဖြင့် နိုဝင်ဘာလ ၁၈ ရက် ပွဲစမှာပါ။ ပြိုင်ပွဲတွေက ၂၄ ရက်အထိပါ။ ၂၅ ရက် ဆုပေးပွဲပေါ့။ မီးပုံးပျံ အရေအတွက်ပေါ် မူတည်ပြီးတော့ ပွဲရက်ကတော့ တိုးရင် တိုးနိုင်ပါသေးတယ်။ ခါတိုင်းနှစ်တွေလိုပဲ ပြိုင်ပွဲတွေ ရှိမယ်။ မီးပုံးပျံပြိုင်ပွဲ၊ ကထိန်လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ရက်လှူပူဇော် ပြိုင်ပွဲ၊ သီချင်းပြိုင်ပွဲတွေ ရှိပါမယ်” လို့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်...
တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲတေးသီချင်း ပြိုင်ပွဲကို အောက်တိုဘာလလယ်ခန့်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဓါတ်ပုံပြိုင်ပွဲမှာမူ ယခုနှစ်တွင် ပါဝင်ခြင်း မရှိသေးကြောင်း သိရပါတယ်...
1 065
+3
နယ်စပ်လမ်းကြောင်း မတည်ငြိမ်မှုနဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲတွေကြား ကျားကန်နေရတဲ့ ကုန်သွယ်မှုလုပ်ငန်းများ
၁၆.၉.၂၀၂၆
နယ်စပ်လမ်းကြောင်းတွေ မတည်ငြိမ်မှုနဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲတွေကြောင့် လက်ရှိ မြန်မာ့စီးပွားရေးလောကမှာ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပေမယ့် ပြည်တွင်း ဝယ်လိုအားရှိနေသရွေ့ သွင်းကုန် ကုန်သွယ်မှုဟာ လုံးဝရပ်တန့်သွားဖို့တော့ ရှိလာမှာ မဟုတ်ပါဘူး။
လမ်းကြောင်းတစ်ခု ပိတ်သွားပါက နောက်ထပ် လမ်းကြောင်းသစ်တစ်ခုကို ရှာဖွေစမြဲဖြစ်တဲ့ ကုန်သည်တို့ရဲ့ သဘောသဘာဝအတိုင်း နည်းလမ်းမျိုးစုံနဲ့ ကုန်စည်တွေဟာ ပြည်တွင်းကို စီးဝင်နေဆဲ ဖြစ်ပါတယ်။
1 065
+2
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်အဖွဲ့ ရုရှားဒူးမားလွှတ်တော်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရန်ထွက်ခွာ
စက်တင်ဘာ ၁၆
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်၏ (၉) ကြိမ်မြောက် လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲတွင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူအဖြစ် ပါဝင်တက်ရောက်ရန် ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါခရီးစဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
1 065
ထိုင်းရောက် မြန်မာလုပ်သား များ၏ အချက်အလက် စုဆောင်းပြီး တရားဝင်ငွေလွှဲလမ်းကြောင်း ဖော်ဆောင်မည် 《𝙎𝙀𝙋~𝟏𝟔》 ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အချက်အလက်များ စနစ်တကျစုဆောင်းနိုင်ရေးနှင့် မြန်မာနိုင်ငံသို့ တရားဝင်ငွေလွှဲပေးပို့နိုင်မည့် လမ်းကြောင်းများ ဖော်ဆောင်ရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝန်ကြီး မစ္စတာ Julapun Amornvivat နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးတို့ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဘန်ကောက်ရှိ ထိုင်းအလုပ်သမားဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးရာတွင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ၏ အချက်အလက်များကို စုဆောင်းရာ၌ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများနှင့် နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
1 065
စီးပွားရေးတိုးတက်ရန် လွှတ်တော်နှင့် ဌာနပေါင်းစုံ၏ ဆောင်ရွက်မှု အရေးကြီး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၆
မြန်မာနိုင်ငံသည် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး စိန်ခေါ်မှုများစွာကို ရင်ဆိုင် ဖြေရှင်းနေရခြင်းဖြစ်၍ လွှတ်တော် နှင့် ဝန်ကြီးဌာန ပေါင်းစုံများအကြား ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးကြောင်း နိုင်ငံရေးနှင့် စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
တိုင်းပြည်ကြီး ဘက်ပေါင်းစုံ၌ တိုးတက်ရေးအတွက် လွှတ်တော်၏ ထိန်းကျောင်းစောင့်ကြည့်မှုနှင့် ဝန်ကြီးဌာန များ၏ မူဝါဒ အကောင်အထည်ဖော်မှု ပိုမို အားကောင်းလာရန် လိုအပ်ကာ နှစ်ဖက်အင်အားစုပေါင်း၍ ဟန်ချက် ညီညီ လုပ်ဆောင်သင့်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
1 065
RCSS နှင့် NSPNC ဘာတွေ ဆွေးနွေးလဲ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၆
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)တို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် RCSS ၏ အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်း လမ်းဖြင့် ဖြေရှင်းရေး၊ ပဋိပက္ခကြောင့် ရွှေ့ပြောင်း နေထိုင်ခဲ့ရသည့် ပြည်သူများ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည် ထူ ထောင်ရေး၊ ဒေသခံ ပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားနှင့် ဒေသ ဖွံ့ဖြိုးရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်ဖက် အပြန်အလှန် ဆက်သွယ် ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့အတွက် အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်ရေး စသည့်ကိစ္စများကို ဆွေးနွေးခဲ့ ကြသည်။
1 065
+2
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လ်မြို့တွင် ရဟတ်ယာဉ်တစ်စီးပျက်ကျရာ အနည်းဆုံး လူ သုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
၁၆.၉.၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လ်မြို့၊ ချတ်စ်ဝေါ့ရပ်ကွက်တွင် စက်တင်ဘာလ ၁၅ ရက်က ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး မီးလောင်ကျွမ်းခဲ့ရာ လူ သုံးဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် မီးငြှိမ်းသတ်ရေး ကြီးမားသောဆောင်ရွက်မှုများနှင့် ပြည်ထောင်စုလေကြောင်းဆိုင်ရာ အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
မီးသတ်ဌာန တာဝန်ရှိသူများကလည်း လော့စ်အိန်ဂျယ်လ်မြို့ ရဟတ်ယာဉ် ပျက်ကျ မီးလောင်ကျွမ်းမှု၌ အနည်းဆုံး လူသုံးဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စက်တင်ဘာလ ၁၅ ရက်က ပြောကြားခဲ့သည်။
1 065
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး အမေရိကန်သွားမည်
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Hyun ဟာ စက်တင်ဘာ ၁၈ ရက်မှာ ဝါရှင်တန်ဒီစီကို သွားရောက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
-
ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေး၊ ကိုရီးယားကျွန်းဆွယ် လုံခြုံရေးနဲ့ ဒေသတွင်း၊ ကမ္ဘာ့အရေးကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်မှာ တောင်ကိုရီးယားရဲ့ ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရေးအစီအစဉ် ကို အကောင်အထည်ဖော်ဖို့ အသေးစိတ်ညှိနှိုင်းမှုတွေလည်း ဆက်လက်ရှိနေပါတယ်။
-
ဒါ့အပြင် လက်ရှိ အီရန်ပဋိပက္ခနဲ့ ဟောမုဇ်ရေလက်ကြား လုံခြုံရေးအခြေအနေတွေကြောင့် တောင်ကိုရီးယားရဲ့ ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးတဲ့ ဆွေးနွေးစရာအကြောင်းအရာတစ်ခု ဖြစ်လာနေပါတယ်။ တောင်ကိုရီးယားကတော့ ဟောမုဇ်ရေလက်ကြားမှာ တပ်ဖွဲ့စေလွှတ်ရေးနဲ့ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ်ချက် မချရသေးဘူးလို့ ပြောထားပါတယ်။
1 065
+1
ဥက္ကာမင်းမောင် ကို အော်ဟစ်၍ မောင်းထုတ်ခဲ့ကြသူများ နယူးယောက် ဥပဒေအရ အရေးယူခံရနိုင်
နယူးယောက်၊ စက်တင်ဘာ ၁၆
နယူးယောက်မြို့မှာအကြမ်း ဖက်လှုပ်ရှားမှုအတွက်မြန်မာပြည်က ပြည်ပြေးအဆိုတော်တွေနဲ့ကျင်းပခဲ့တဲ့ပွဲမှာဥက္ကာမင်းမောင်ကိုလိင်ခွဲခြားဆက်ဆံ(အခြောက်ဆိုသည့်စကားသုံးနှုန်း) "ထွက်သွား" ဆိုပြီးအော်ဟစ်နေကြ၊ နှင်ထုတ်ဖို့ကြိုးစားနေကြခြင်းဟာနယူးယောက်ဥပဒေအရ ပြစ်မှုမြောက်သလို၊အရပ်ဘက်ဥပဒေကိုလည်းချိုးဖောက်ရာရောက်ကြောင်းထောက်ပြပြောဆိုလိုက်ပါတယ်။
အမေရိကန်မှာ နေထိုင်တဲ့ မြန်မာအမျိုးသမီးတစ်ဦးဖြစ်တဲ့ Yu က "New Yorkမြို့မှာ ဖြစ်ပွားခဲ့တဲ့မြန်မာအဆိုတော်တွေရဲ့ဖျော်ဖြေမှုပွဲမှာ သူ့ပိုက်ဆံနဲ့သူ လက်မှတ်ဝယ်၊ အေးဆေးပွဲကိုကြည့်ရှု၊ဘာအနှောင့်အယှက်မှမပေးတဲ့ ပွဲကြည့်ပရိတ်သတ်ဖြစ်သူ မြန်မာပြည်မှရုပ်ရှင်မင်းသား၊ အနုပညာရှင်တစ်ယောက်ကို လူနည်းစုလေးကဆဲဆို အော်ဟစ်၊လိင်ခွဲခြားဆက်ဆံ ( အခြောက်ဆိုသည့်စကားသုံးနှုန်း)"ထွက်သွား"ဆိုပြီး အော်ဟစ်နေကြ၊နှင်ထုတ်ဖို့ ကြိုးစားနေကြခြင်းဟာနယူးယောက်ဥပဒေအရပြစ်မှုမြောက်သလို၊အရပ်ဘက်ဥပဒေကိုလည်းချိုးဖောက်ရာ ရောက်ပါတယ်ရှင်။ နယူးယောက်ဟာအမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုများကိုအလွန်တင်းကျပ်စွာ အရေးယူတဲ့ ပြည်နယ်ပဲဖြစ်ပါတယ်။
1 065
လူကြိုက်များသည့် ချယ်ရီပန်းပုံပါ YPS Card များ YPS အရောင်းကောင်တာများတွင် ပြန်လည်ဝယ်ယူနိုင်
စက်တင်ဘာ ၁၅၊ ၂၀၂၆
ရန်ကုန်မြို့တွင်း YBS ယာဉ်များ စီးနင်းရာတွင် ယာဉ်စီးခ ပေးချေနိုင်သည့် YPS Card များအနက် လူကြိုက်များသည့် ချယ်ရီပန်းပုံဖြင့် ထုတ်လုပ်ထားသော YPS Card များကို YPS အရောင်းကောင်တာများ၌ ပြန်လည်ဝယ်ယူနိုင်ပြီဖြစ် ကြောင်း သိရသည်။
အဆိုပါချယ်ရီပန်းပုံYPS Card များသည်အသုံးပြုရလွယ်ကူသည့်အပြင်ဒီဇိုင်းလှပသောကြောင့် ကိုယ်တိုင် အသုံး ပြုရန်အတွက်သာမက လက် ဆောင်အဖြစ်ပေးအပ်ရန်အတွက်ပါအသုံးဝင်သည့် ကတ်များဖြစ်ပြီးYPS Card များကို ဆူးလေ၊သခင်မြပန်းခြံ၊ မြန်မာပလာဇာ၊လှည်းတန်း၊၈ မိုင်(Junction 8 အရှေ့)၊ပန်းဆိုးတန်း၊သမိုင်းနှင့် မြေနီကုန်းတို့ရှိ YPS အရောင်းကောင်တာများတွင် ဝယ်ယူနိုင်ကြောင်းသိရသည်။
လက်ရှိတွင်လည်းYBSစီးနင်းရာတွင် ယာဉ်စီးခပေးချေရန် YPS ကတ်သုံးစွဲသူ ၅သိန်းခန့်ရှိလာပြီး YPS Cardအသုံးပြုခြင်းဖြင့် YBSယာဉ်များစီးနင်းရာတွင် ယာဉ်စီးခအတွက် ငွေအကြွေရှာဖွေရသည့် အခက်အခဲများကိုလျှော့ချနိုင်မည်ဖြစ်သည်။သိရှိလိုသူများအနေဖြင့်YPS Call Center ဖုန်းနံပါတ် ၀၉ ၇၇၂၆၆၆၆၉၉သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
1 065
တီးတိန်မြိုနယ်တွင် သင်းအုပ်ဆရာတစ်ဦး PDF-Zoland အဖွဲ၏ ပစ်ခတ်မှုကြောင့် သေဆုံး
🌲 ချင်းပြည်နယ်၊ တီးတိန်မြိုနယ် လမ်းဇန်ကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ ဒါလ်ထွန်းတွောင် သည် စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် တီးတော့်ရွာမှ လမ်းဇန်ရွာသို ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကပ်တဲလ်ကျေးရွာ ချောင်းကူးတံတားအနီး၌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
🌲 ဖြစ်စဉ်မှာ PDF-Zoland အဖွဲက ဆိုင်ကယ်ကို တားဆီးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်သွားသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုသို ပစ်ခတ်မှုကြောင့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် သင်းအုပ်ဆရာ ဒါလ်ထွန်းတွောင် ကျည်ထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သည့် ၎င်း၏အစ်ကိုဖြစ်သူမှာလည်း အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
🌲 ဖြစ်စဉ်အပြီးတွင် သင်းအုပ်ဆရာ၏ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
1 065
မန္တလေး ကျောက်တော်ကြီးဘုရားပွဲကို သမိုင်းတစ်လျှောက် အစည်ကားဆုံးနှစ်ဖြစ်စေရန် ပြင်ဆင်နေ
မန္တလေး၊ စက်တင်ဘာ ၁၆
မကြာမီကျင်းပမည့် မန္တလေးမြို့၏ အထင်ကရ သီတင်းကျွတ် ကျောက်တော်ကြီးဘုရားပွဲတော်ကို ယခုနှစ်တွင် သမိုင်းတစ်လျှောက် အစည်ကားဆုံးနှစ်တစ်နှစ်အဖြစ် မှတ်တမ်းတင်နိုင်ရန် ကြိုတင်စီစဉ်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ဒေသတွင်းအခြေအနေများကြောင့် နှစ်အတန်ကြာ ယခင်ကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့သည့် ကျောက်တော်ကြီးဘုရားပွဲတော်ကို ယခုနှစ်တွင် ယခင်နှစ်များထက် ပိုမိုစည်ကားစွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ကျောက်တော်ကြီးဘုရား ဂေါပကအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
သီတင်းကျွတ် ကျောက်တော်ကြီးဘုရားပွဲတော်ကို မန္တလေးတောင်ခြေအနီးရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရား သုံးဆူအတွက် စုပေါင်းကျင်းပခြင်းဖြစ်ပြီး နှစ်စဉ် သီတင်းကျွတ်လဆန်း ၈ ရက်မှ လပြည့်ကျော် ၃ ရက်အထိ ကျင်းပလေ့ရှိသည်။
1 065
+2
သတ်မှတ်ချက်များပြည့်စုံမှသာ Telematics စက်တပ်ဆင်/သက်တမ်းတိုးခွင့်ပြုမည်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအားအသုံးပြုသွားလာလျက်ရှိသော ကုန်တင်ယာဥ်များနှင့် အဝေးပြေးခရီးသည်တင်(Express)ယာဥ်များအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က Telematics စနစ်တပ်ဆင်ပြီးမှသာဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။
ထို့ကြောင့် Telematics စက်တပ်ဆင်/သက်တမ်းတိုးလိုသူများအနေဖြင့် ယာဉ်၏ တာယာပန်း၊ ဘရိတ်၊ ဆိုင်းထိန်းစနစ်(Suspension System)၊ ဟွန်း၊ ရှေ့မီး၊ နောက်မီး၊ ဘေးမီးနှင့် အချက်ပြမီးစနစ်များကောင်းမွန်ရန်လိုပြီး ယာဉ်၏ ကိုယ်ထည်နှင့် ဖရိန်များကြံ့ခိုင်၍ ကိုယ် ထည်ဆေးရောင်တောက်ပသစ်လွင်မှုရှိမှသာ စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
1 065
စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအချို့၌ မိုးကြီးနိုင်
မုတ်သုံလေ အားကောင်းမှုကြောင့် စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ နိုင်ငံတစ်ဝန်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။
အဆိုပါ ကာလအတွင်း မကွေး၊ စစ်ကိုင်း၊ ကချင်၊ ချင်းနှင့် ရှမ်းတို့တွင် နေရာကျဲကျဲ ရွာသွန်းနိုင်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ မွန်နှင့် ရခိုင်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား ရွာသွန်းနိုင်မည်ဖြစ်သည်။ ထို့ပြင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် တောင်ကုန်းတောင်တန်းများ၊ မြစ်ချောင်းအနီး ရေဘေးစိုးရိမ်ရသည့် ဒေသများရှိ ပြည်သူများ ကြိုတင်သတိပြုရန် လိုအပ်
ပါသည်။
1 065
ရန်ကုန် စက်တင်ဘာ ၁၅
နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယသာသနာပိုင် သီတဂူဆရာတော်ကြီးသည် နီပေါနိုင်ငံ၌ ရေဘေးနှင့်ကြုံတွေ့ခဲ့သည့် နီပေါနိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာတစ်သောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ကျင်းပခဲ့ပြီး သီတဂူဆရာတော်ကြီးက ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့်် ရေကြီးရေလျှံမှုများကြောင့် အိုးအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့် နီပေါနိုင်ငံသားများအား ကူညီထောက်ပံ့နိုင်စေခြင်းအကျိုးငှာ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ယင်းနောက် သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ တစ်သောင်းကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးက လက်ခံရယူခဲ့ပြီး သံအမတ်ကြီးက မိတ်ဖက်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအစိုးရ၏ ကရုဏာထား လှူဒါန်းမှုများလည်းရှိပါကြောင်း၊ ယင်းအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ဆရာတော်ကြီးမှလည်း ယခုကဲ့သို့ မေတ္တာကရုဏာထားပြီး စောင့်ရှောက်လှူဒါန်းမှုပြုလုပ်ပေးသည့်အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။
1 065
သီတဂူဆရာတော်ကြီးက ရေဘေးနှင့်ကြုံတွေ့ခဲ့သည့် နီပေါနိုင်ငံသားများအား အမေရိကန်ဒေါ်လာ တစ်သောင်းလှူဒါန်း
