fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

သိင်္ခ

သိင်္ခ

رفتن به کانال در Telegram

အသိတိုး

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
1 085
مشترکین
-124 ساعت
-227 روز
-5530 روز
آرشیو پست ها
သမ္မတကြီးကျေးဇူးကို လုံးဝမမေ့ပါဘူး ဦးရဲပိုင်(ထန်းတပင်မြိုနယ်၊ ရန်ကုန်မြို) မိသားစုလာကြိုတာက သားဖြစ်သူကိုပါ။ သူ မလေးရှားနိုင်င
သမ္မတကြီးကျေးဇူးကို လုံးဝမမေ့ပါဘူး ဦးရဲပိုင်(ထန်းတပင်မြိုနယ်၊ ရန်ကုန်မြို) မိသားစုလာကြိုတာက သားဖြစ်သူကိုပါ။ သူ မလေးရှားနိုင်ငံကိုသွားတာ နှစ်နှစ်ရှိပါပြီ။ ဟိုမှာ အဖမ်းခံရလို ဒုက္ခရောက်တဲ့အပြင် အလုပ်လုပ်တဲ့အခါ၊ အလုပ်ရှာတဲ့အခါမှာလည်း ဒုက္ခရောက်တယ်လို ပြောပါတယ်။ သူတိုဗီဇာသက်တမ်းကုန်သွားလို အဖမ်းခံရပြီး ထောင်သုံးလကျပြီး Camp ထဲမှာ တစ်နှစ်ကျော်သွားပါတယ်။ ပြည်ပကိုထွက်သွားတာ ကျွန်တော်တိုလည်း မသိလိုက်ဘူး။ မိသားစုအဆင်မပြေတော့ သူထွက်သွားတာဖြစ်မယ်။ ပြည်ပကို ထပ်ပြီး လွှတ်ဖိုလည်းမရှိပါဘူး။ မိဘအနေနဲ့ သားကိုမျှော်ရတာ တော်တော်မောပါတယ်၊ အခုလို ပြန်ရောက်လာတာကို ပြောမပြတတ်အောင် ဝမ်းသာရပါတယ်။ အခုလိုပြန်ခေါ်ပေးတဲ့အတွက် မိဘတွေအနေနဲ့ နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်နဲ့ ဌာနဆိုင်ရာအဖွဲအစည်းအားလုံးကို လှိက်လှိက်လှဲလှဲ ကျေးဇူးအထူးတင်ပါတယ်။ အထူးသဖြင့် သမ္မတကြီးကျေးဇူးကို လုံးဝမမေ့ပါဘူးလို ပြောချင်ပါတယ်။

လူငယ်တွေရဲ့ ဘဝနဲ့သိက္ခာကို ကယ်တင်ပေးခဲ့တဲ့အပေါ် အတိုင်းထက်အလွန် ကျေးဇူးအထူးတင် ကိုသိန်းဌေး(ပန်းတနော်မြိုနယ် ဧရာဝတီတိုင်းဒေသကြ
လူငယ်တွေရဲ့ ဘဝနဲ့သိက္ခာကို ကယ်တင်ပေးခဲ့တဲ့အပေါ် အတိုင်းထက်အလွန် ကျေးဇူးအထူးတင် ကိုသိန်းဌေး(ပန်းတနော်မြိုနယ် ဧရာဝတီတိုင်းဒေသကြီး) ကျွန်တော်က နေရပ်ပြန်လာတဲ့ တူလေးကို လာကြိုတာပါ။ မလေးရှားမှာ အလုပ်လုပ်တာ နှစ်နှစ်မြောက်မှာ အဖမ်းခံရပါတယ်။ ထောင်ထဲမှာနေတုန်း ပြည်ပမှာ ဒုက္ခရောက်နေသူတွေကို ပြန်ခေါ်ပေးတဲ့ အစီအစဉ်ရှိတယ်လို ဆက်သွယ်ပြောကြားတာ သိလိုက်ရတော့ ဒီကထောက်ခံစာတွေကို အမြန်လုပ်ဆောင်ပြီး တာဝန်ရှိသူတွေဆီကို ပေးပိုပြီးတဲ့နောက်မှာ အခုလို တူလေးပြန်လာတာကို ကြိုဆိုခွင့်ရတာပါ။ နိုင်ငံတော်သမ္မတကြီးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ဒီနေရာကနေ မိမိနိုင်ငံက လူငယ်တွေရဲ့ ဘဝနဲ့သိက္ခာကို ကယ်တင်ပေးခဲ့တဲ့အပေါ် အတိုင်းထက်အလွန် ကျေးဇူးအထူးတင်ပါတယ်။ ကျန်းမာစွာပြန်လာတယ်သိရတော့ ရင်ထဲမှာ ဝမ်းသာကြည်နူးဖြစ်ရပါတယ်။ သမ္မတကြီးကျန်းမာပါစေ။

ဆရာများသည် နိုင်ငံ့လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးရေးအတွက် အဓိကကျသည့် အင်အားစုဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား 𝙊𝘾𝙏~𝟓
ဆရာများသည် နိုင်ငံ့လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးရေးအတွက် အဓိကကျသည့် အင်အားစုဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား 𝙊𝘾𝙏~𝟓 ဆရာ၊ ဆရာမများသည် နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များကို အစဉ်ပြုစုပျိုးထောင်ပေးနေသူများဖြစ်ပြီး နိုင်ငံ၏အနာဂတ်ကို ပုံဖော်ပေးနေသည့် အဓိကမဏ္ဍိုင်များဖြစ်ကြောင်း နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိင်က ယနေ့ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို ပေးပိုသည့် သဝဏ်လွှာတွင် ပြောကြားထားသည်။ နိုင်ငံတော်အနေဖြင့် ၂၁ ရာစု ပညာခေတ်နှင့်အညီ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ပညာရေးအဆင့်အတန်းတစ်ရပ် ဖြစ်ပေါ်လာစေရန် ဆရာများ၏ အခန်းကဏ္ဍနှင့် အခွင့်အရေးများကို မြှင့်တင်ပေးလျက်ရှိကြောင်း၊ ဆရာများ၏ လူမှုဘဝ အဆင်ပြေကောင်းမွန်ရေးနှင့် စွမ်းဆောင်ရည်တိုးတက်မြင့်မားရေးအတွက် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာ့မီးရထားတွင် အမျိုးသမီးစက်ခေါင်းမှူး ၅ ဦး စတင်တာဝန်ထမ်းဆောင်မည် မြန်မာ့မီးရထားမှာ အမျိုးသမီးစက်ခေါင်းမှူး ၅ ဦးဟာ သင်တန်
မြန်မာ့မီးရထားတွင် အမျိုးသမီးစက်ခေါင်းမှူး ၅ ဦး စတင်တာဝန်ထမ်းဆောင်မည် မြန်မာ့မီးရထားမှာ အမျိုးသမီးစက်ခေါင်းမှူး ၅ ဦးဟာ သင်တန်းအောင်မြင်ပြီးနောက် အောက်တိုဘာ ၅ ရက်ကစတင်ကာ ရန်ကုန်မြိုပတ်ရထားလမ်းပိုင်းရှိ DEMU နဲ့ RBE ရထားခရီးစဉ်တွေမှာ တာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီး ၅ ဦးဟာ မိတ္ထီလာမြိုရှိ ဗဟိုပိုဆောင်ဆက်သွယ်ရေးကျောင်းမှာ ၂၉ ပတ်ကြာ စက်ခေါင်းမှူးသင်တန်း တက်ရောက်ခဲ့ပြီး စာတွေ့၊ လက်တွေ့စစ်ဆေးမှုတွေအားလုံးကို အောင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

🙏🙏🙏
🙏🙏🙏

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ရန်ကုန်မြိုအခြေစိုက် ဗီယက်နမ်နိုင်ငံသံရုံးမှ သံအမတ်နှင့်အဖွဲအားတွေ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ရန်ကုန်မြိုအခြေစိုက် ဗီယက်နမ်နိုင်ငံသံရုံးမှ သံအမတ်နှင့်အဖွဲအားတွေ့ဆုံ ရန်ကုန်၊ အောက်တိုဘာ ၄ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် အစိုးရအဖွဲဝင်များသည် ရန်ကုန်မြိုအခြေစိုက် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား အောက်တိုဘာ (၂) ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရုံး သံတမန်ခန်းမတွင် လက်ခံတွေ့ဆုံသည်။ ထိုသိုတွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသဖွံဖြိုးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

လျှပ်စစ်ဓာတ်အား အလှည့်ကျစနစ်ဖြင့် အောက်တိုဘာ ၅ ရက်မှ စတင် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ထုတ်ပြန် ပြင်းထန်သည့် အယ်လ်နီညို ရာသီဥတု
လျှပ်စစ်ဓာတ်အား အလှည့်ကျစနစ်ဖြင့် အောက်တိုဘာ ၅ ရက်မှ စတင် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ထုတ်ပြန် ပြင်းထန်သည့် အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန်များ မြင့်တက်ကာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပိုမိုမြင့်မားလာသည့်အတွက် အလှည့်ကျစနစ်ဖြင့် ဝန်အားထိန်းညှိ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ကိယက်ဗ်မြိုတော်ကို အကြီးအကျယ် ဆက်လက်တိုက်ခိုက်မည်ဖြစ်ပြီး နိုင်ငံခြားသံတမန်များကို မြိုမှထွက်ခွာရန် ရုရှားသတိပေး ရုရှားက ယူကရ
ကိယက်ဗ်မြိုတော်ကို အကြီးအကျယ် ဆက်လက်တိုက်ခိုက်မည်ဖြစ်ပြီး နိုင်ငံခြားသံတမန်များကို မြိုမှထွက်ခွာရန် ရုရှားသတိပေး ရုရှားက ယူကရိန်းမြိုတော် ကိယက်ဗ်အပါအဝင် အခြားမြိုများကို လက်တုံပြန်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၃ ရက်တွင် ပြောကြားလိုက်ပြီး နိုင်ငံခြားသားများနှင့် သံတမန်များ ကိယက်ဗ်မြိုမှ ထွက်ခွာရန် သတိပေးထားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ယူကရိန်းစစ်တပ်က ရုရှားနိုင်ငံအတွင်းရှိ အရပ်သားများနှင့် အရပ်ဖက်အခြေခံ အဆောက်အအုံများကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ရုရှားစစ်တပ်ကလည်း ကိယက်ဗ်နှင့် ယူကရိန်းရှိ အခြားမြိုများမှ စစ်ရေးပစ်မှတ်များကို စနစ်တကျ ရွေးချယ်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။

18+ Movie၊ Website နှင့် Game Link များဖြင့် ငွေကြေးလိမ်လည်မှုများရှိလာ၍ သတိထားရန် KBZPay သတိပေး ငွေကြေးလိမ်လည်သူများသည် နည်း
18+ Movie၊ Website နှင့် Game Link များဖြင့် ငွေကြေးလိမ်လည်မှုများရှိလာ၍ သတိထားရန် KBZPay သတိပေး ငွေကြေးလိမ်လည်သူများသည် နည်းပညာကို အသုံးချကာ လိမ်လည်သည့် နည်းလမ်းအသစ်များကို အသုံးပြုလာပြီး 18+ Movie၊ Website နှင့် Game Link များအပါအဝင် အရင်းအမြစ်မသိရသည့် Link များဖြင့် ဆွဲဆောင်ကာ ငွေကြေးလိမ်လည်ရန် ကြိုးပမ်းမှုများရှိလာသဖြင့် သုံးစွဲသူများ သတိပြုရှောင်ရှားကြရန် KBZPay က အသိပေးထားသည်။ KBZPay ၏ လေ့လာတွေ့ရှိချက်များအရ မသမာသူများသည် ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားမှုနှင့် အရွယ်ရောက်သူများ၏ အလိုဆန္ဒတိုကို အသုံးချကာ လိမ်လည်ရန် ကြိုးပမ်းလာကြောင်း သိရသည်။ ယင်းသို လိမ်လည်ရာတွင် အမျိုးသားများကို မိန်းကလေးပုံများအသုံးပြု၍ ဟန်ဆောင်ဆက်သွယ်ခြင်း၊ အမျိုးသမီးများကို ယောကျ်ားလေးပုံများအသုံးပြု၍ ဟန်ဆောင်ဆက်သွယ်ခြင်းတို ပြုလုပ်ကာ 18+ Movie နှင့် Website များ ကြည့်ရှုရန် ဖိတ်ခေါ်ခြင်း၊ 18+ Character များပါဝင်သည့် Game များ ဆော့ကစားရန် Download Link များ ပေးပိုခြင်းတိုဖြင့် ဆွဲဆောင်လိမ်လည်ရန် ကြိုးပမ်းကြောင်း ဖော်ပြထားသည်။

၂၀၂၆ ပညာသင်နှစ်မှစ၍ International စာမေးပွဲ အောင်မြင်သူများ ပြည်တွင်းတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို တက်ရောက်နိုင် ၂၀၂၆ ပညာသင်န
၂၀၂၆ ပညာသင်နှစ်မှစ၍ International စာမေးပွဲ အောင်မြင်သူများ ပြည်တွင်းတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို တက်ရောက်နိုင် ၂၀၂၆ ပညာသင်နှစ်မှစ၍ International စာမေးပွဲ အောင်မြင်သူများ ပြည်တွင်းတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို တက်ရောက်နိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည်။ ယင်းစာအုပ်တွင် GCE/ International 'A' Level သိုမဟုတ် International Baccalaureate IB Diploma Programme အောင်မြင်သူများ တက်ရောက်နိုင်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များကို ဖော်ပြထားသည်။

မြန်မာ U-17 နှင့် အိန္ဒိယ U-17 တို ၁ ဂိုးစီ သရေကျ ၂၀၂၇ AFC U-17 Asian Cup ခြေစစ်ပွဲအတွက် ပြင်ဆင်မှုအဖြစ် ရန်ကုန်မြိုတွင် ခြေစ
မြန်မာ U-17 နှင့် အိန္ဒိယ U-17 တို ၁ ဂိုးစီ သရေကျ ၂၀၂၇ AFC U-17 Asian Cup ခြေစစ်ပွဲအတွက် ပြင်ဆင်မှုအဖြစ် ရန်ကုန်မြိုတွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာ U-17 အသင်းနှင့် အိန္ဒိယ U-17 အသင်းတို၏ ပထမပွဲစဉ်မှာ အချိန်ပြည့်ကစားပြီးနောက် ၁ ဂိုးစီ သရေ ဖြင့် ပြီးဆုံးခဲ့သည်။ ပွဲချိန် ၄၂ မိနစ်တွင် အောင်မြတ်သာက မြန်မာအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သော်လည်း အိန္ဒိယအသင်းက ပွဲချိန် ၇၂ မိနစ်တွင် Gangte က ပင်နယ်တီမှတစ်ဆင့် ချေပဂိုးပြန်လည်သွင်းယူခဲ့သဖြင့် ၁-၁ ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။မြန်မာ U-17 အသင်းနှင့် အိန္ဒိယ U-17 အသင်းတိုသည် ဒုတိယခြေစမ်းပွဲအဖြစ် အောက်တိုဘာ ၇ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲများကို ရန်ကုန်မြို၊ သန်လျင်မြိုနယ်ရှိ Star City ကွင်းတွင် ကျင်းပခြင်းဖြစ်ပြီး မြန်မာအသင်းသည် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၇ AFC U-17 Asian Cup ခြေစစ်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ အာကာသပြတိုက် (ရန်ကုန်) တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများအား သွားရောက
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ အာကာသပြတိုက် (ရန်ကုန်) တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး ရန်ကုန်၊ အောက်တိုဘာ ၄ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ (၃) ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရုံး အစည်းအဝေးခန်းမ (၄) တွင် အာကာသပြတိုက် (ရန်ကုန်) (၃-ထပ်) အဆောက်အဦ တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

လွှတ်တော်သည် နိုင်ငံသူနိုင်ငံသားများအား ဥပဒေအကာအကွယ်အောက်တွင် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဥပဒေများကို ပြင်ဆင်၊ ဖြ
လွှတ်တော်သည် နိုင်ငံသူနိုင်ငံသားများအား ဥပဒေအကာအကွယ်အောက်တွင် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ပြဋ္ဌာန်းပေးရန် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား လွှတ်တော်သည် နိုင်ငံသူနိုင်ငံသားများအား ဥပဒေအကာအကွယ်အောက်တွင် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ပြဋ္ဌာန်းပေးရန် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ နေရပ်ပြန်ပြည်သူများအား မိဘရပ်ထံသို စနစ်တကျ လွှပြောင်းပေးအပ
မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ နေရပ်ပြန်ပြည်သူများအား မိဘရပ်ထံသို စနစ်တကျ လွှပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်ပေး ပဲခူး၊ အောက်တိုဘာ ၄ မလေးရှားနိုင်ငံမှာ အခက်အခဲနဲ့ ဒုက္ခမျိုးစုံ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံသားများကို တပ်မတော် စစ်ရေယာဉ်ကြီးဖြင့် ဒီနေ့ အောက်တိုဘာ ၄ ရက်မှာတော့ အမိမြန်မာနိုင်ငံသို ရောက်ရှိလာခဲ့သည်။ အဆိုပါ နေရပ်ပြန်ပြည်သူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ တိုင်းဒေသကြီးအစိုးရအဖွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက မော်တော်ယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်လာခဲ့ရာ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲရုံးဝန်းအတွင်းသို ရောက်ရှိခဲ့သည်။

သမ္မတဗလာဒီမာပူတင်က ယူကရိန်းနှင့်ပတ်သက်၍ အမှားကို ဝန်ခံနိုင်မည်မဟုတ်ဟု ရုရှားဝန်ကြီးချုပ်ဟောင်း ပြောကြား စီးပွားရေး အကျပ်အတည်းများ ပိုမိုကြီးမားလာပြီး အာဏာပိုင်အဖွဲအစည်းများနှင့် သာမန်ရုရှားပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည့်တိုင် သမ္မဗလာဒီမာပူတင်သည် ယူကရိန်စစ်ပွဲကို အဆုံးသတ်ရန် ညှိနှိင်းဆွေးနွေးလိုသည့် ဆန္ဒမရှိသေးကြောင်း ၎င်း၏ ဝန်ကြီးချုပ်ဟောင်းက အောက်တိုဘာလ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ Noted: စစ်တို့ရဲ့သဘောက ခုစာကလေး တော်နေဆီထမင်းလုပ်လို့ မရဘူး။ ကိုယ်ကလုပ်ချင်ပါသော်လည်း ဂုဏ်သိက္ခာနဲ့ နိုင်ငံရေးသဘောတရားတွေက လုပ်ခွင့်မပြုနိုင်တာတွေကအများသား။ ပုံမှန်လူတစ်ယောက်အတွက်က မခက်ပေမဲ့ နိုင်ငံ့ခေါင်းဆောင်တွေအတွက်ကျ အဲလိုမဟုတ်ဘူး။ ပြောချင်တာက စစ်ဆိုတာ အစမလုပ်မိအောင် ၂ ဖက်စလုံးကရှောင်တာပဲကောင်းတယ်။ မရှောင်နိုင်ခဲ့ရင်တော့ အဆုံးထိသွားဖို့က များသွားပြီ။ အခုကြည့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို NUG ဟာစတုန်းကတော့ ဟုတ်နိုးဟုတ်နိုးနဲ့ စခဲ့ပြီး အခုကြ မဖြစ်နိုင်တော့မှန်းသိသွားကြပြီ၊ ဒါပေမဲ့ ဆုတ်ဖို့ကျ မြေပြင် PDF လူငယ်တွေရဲ့အသက်တွေအတွက် တာဝန်မခံရဲတော့ ဇာတ်မျောလုပ်နေရပြီ။ လက်အောက်ကလူငယ်တွေ ဒီသဘောတရားတွေကို နားလည်ပြီး အလင်းဝင်တဲ့လမ်းကလွဲပြီး အခြားမရှိနိုင်တော့ပါ။ အားလုံး ငြိမ်းချမ်းကြပါစေ။ သိင်္ခ

photo content

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းညှိနှိင်းအစည်းအဝေး ပြုလုပ် ■နိုင်ငံတော်သမ္မတ၏ တာဝန်ပေးအချ
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းညှိနှိင်းအစည်းအဝေး ပြုလုပ် ■နိုင်ငံတော်သမ္မတ၏ တာဝန်ပေးအချက်အရပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် အစွမ်းကုန်ကြိုးစားဆောင်ရွက်နေဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြော ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြည်လည်တည်ဆောက်ရေးလုပ်ငန်းညှိနှိင်းအစည်းအဝေးကို အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက ဟားခါးမြိုရှိ ချင်းပြည်နယ် အစိုးရအဖွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုနောက် ကုန်းမြေအသစ်နှစ်ခု ထွက်ပေါ် အင်ဒိုနီးရှားနိုင်ငံရှိ အာနက် ကရာကာတော (Anak Krakatau) မီး
အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုနောက် ကုန်းမြေအသစ်နှစ်ခု ထွက်ပေါ် အင်ဒိုနီးရှားနိုင်ငံရှိ အာနက် ကရာကာတော (Anak Krakatau) မီးတောင် မကြာသေးမီက ပေါက်ကွဲမှုများကြောင့် ချော်ရည်များစီးဆင်းခဲ့ပြီးနောက် မီးတောင်ဧရိယာမှာ ၈၁ ဧကခန့် ပိုမိုကျယ်ပြန့်လာသည့်အပြင် မီးတောင်အနီးတွင် ကုန်းမြေပုံစံသစ်နှစ်ခု ထွက်ပေါ်လာကြောင်း ဂြိုဟ်တုဓာတ်ပုံများအရ တွေ့ရှိခဲ့သည်။ ဩဂုတ် ၈ ရက်နှင့် စက်တင်ဘာ ၁၅ ရက်တိုတွင် ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများကို နှိင်းယှဉ်လေ့လာရာမှ မီးတောင်ဧရိယာ ကျယ်ပြန့်လာမှုကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား ဘူမိဗေဒအေဂျင်စီက ထုတ်ပြန်ထားသည်။

အမေရိကန် လေယာဉ်တင်သင်္ဘော USS George H.W. Bush ထိုင်းနိုင်ငံသို ရောက်ရှိ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်ဆင်ရေးများကို လပေါင
အမေရိကန် လေယာဉ်တင်သင်္ဘော USS George H.W. Bush ထိုင်းနိုင်ငံသို ရောက်ရှိ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်ဆင်ရေးများကို လပေါင်းများစွာ ကူညီပံ့ပိုးခဲ့သည့် အမေရိကန် လေယာဉ်တင်သင်္ဘော USS George H.W. Bush သည် တပ်ဖွဲဝင် ၄,၈၀၀ ခန့်နှင့်အတူ အပန်းဖြေအနားယူရေးခရီးစဉ်အဖြစ် အောက်တိုဘာ ၄ ရက်တွင် ထိုင်းနိုင်ငံ ဖူးခက်ကျွန်းအနီးသို ရောက်ရှိလာကြောင်း Reuters သတင်းအရ သိရသည်။ Nimitz အတန်းအစား လေယာဉ်တင်သင်္ဘောဖြစ်သည့် USS George H.W. Bush သည် အီရန်နှင့် ပဋိပက္ခဖြစ်ပွားနေစဉ် အာရေဗျပင်လယ်ပြင်၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြထားသည်။

တနင်္သာရီတိုင်းရေဘေးသင့်ခဲ့သူများအနက် လူဦးရေ (၆,၀၀၀)ခန့် ၎င်းတို၏နေအိမ်များသိုပြန်လည်နေထိုင် တနင်္သာရီတိုင်း၌ စက်တင်ဘာ ၂၆ ရက
တနင်္သာရီတိုင်းရေဘေးသင့်ခဲ့သူများအနက် လူဦးရေ (၆,၀၀၀)ခန့် ၎င်းတို၏နေအိမ်များသိုပြန်လည်နေထိုင် တနင်္သာရီတိုင်း၌ စက်တင်ဘာ ၂၆ ရက်မှစတင်ကာ မုန်တိုင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုများကြောင့် လူဦးရေ(၂၃,၈၇၄)ဦးရေ ဘေးသင့်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ ရေများပြန်လည်ကျဆင်းသွားကာ တင်ကျန်ခဲ့သော အမှိက်သရိုက်များ၊ နုန်းများ၊ ရွှနွံများကိုဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို တနင်္သာရီတိုင်းအစိုးရအဖွဲ၏ကြီးကြပ်မှုဖြင့်ဆောင်ရွက်လျက်ရှိရာ ရေဘေးသင့်ခဲ့သူများအနက် (၅,၈၇၄)ဦးမှာ ၎င်းတို၏နေအိမ်များသိုပြန်လည်ရွှေ့ ပြောင်းနေထိုင်ခဲ့ကြကြောင်း သိရသည်။