fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

သိင်္ခ

သိင်္ခ

رفتن به کانال در Telegram

အသိတိုး

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
1 085
مشترکین
-1624 ساعت
-227 روز
-5430 روز
آرشیو پست ها
အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုနောက် ကုန်းမြေအသစ်နှစ်ခု ထွက်ပေါ် အင်ဒိုနီးရှားနိုင်ငံရှိ အာနက် ကရာကာတော (Anak Krakatau) မီး
အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုနောက် ကုန်းမြေအသစ်နှစ်ခု ထွက်ပေါ် အင်ဒိုနီးရှားနိုင်ငံရှိ အာနက် ကရာကာတော (Anak Krakatau) မီးတောင် မကြာသေးမီက ပေါက်ကွဲမှုများကြောင့် ချော်ရည်များစီးဆင်းခဲ့ပြီးနောက် မီးတောင်ဧရိယာမှာ ၈၁ ဧကခန့် ပိုမိုကျယ်ပြန့်လာသည့်အပြင် မီးတောင်အနီးတွင် ကုန်းမြေပုံစံသစ်နှစ်ခု ထွက်ပေါ်လာကြောင်း ဂြိုဟ်တုဓာတ်ပုံများအရ တွေ့ရှိခဲ့သည်။ ဩဂုတ် ၈ ရက်နှင့် စက်တင်ဘာ ၁၅ ရက်တိုတွင် ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများကို နှိင်းယှဉ်လေ့လာရာမှ မီးတောင်ဧရိယာ ကျယ်ပြန့်လာမှုကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား ဘူမိဗေဒအေဂျင်စီက ထုတ်ပြန်ထားသည်။

အမေရိကန် လေယာဉ်တင်သင်္ဘော USS George H.W. Bush ထိုင်းနိုင်ငံသို ရောက်ရှိ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်ဆင်ရေးများကို လပေါင
အမေရိကန် လေယာဉ်တင်သင်္ဘော USS George H.W. Bush ထိုင်းနိုင်ငံသို ရောက်ရှိ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်ဆင်ရေးများကို လပေါင်းများစွာ ကူညီပံ့ပိုးခဲ့သည့် အမေရိကန် လေယာဉ်တင်သင်္ဘော USS George H.W. Bush သည် တပ်ဖွဲဝင် ၄,၈၀၀ ခန့်နှင့်အတူ အပန်းဖြေအနားယူရေးခရီးစဉ်အဖြစ် အောက်တိုဘာ ၄ ရက်တွင် ထိုင်းနိုင်ငံ ဖူးခက်ကျွန်းအနီးသို ရောက်ရှိလာကြောင်း Reuters သတင်းအရ သိရသည်။ Nimitz အတန်းအစား လေယာဉ်တင်သင်္ဘောဖြစ်သည့် USS George H.W. Bush သည် အီရန်နှင့် ပဋိပက္ခဖြစ်ပွားနေစဉ် အာရေဗျပင်လယ်ပြင်၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြထားသည်။

တနင်္သာရီတိုင်းရေဘေးသင့်ခဲ့သူများအနက် လူဦးရေ (၆,၀၀၀)ခန့် ၎င်းတို၏နေအိမ်များသိုပြန်လည်နေထိုင် တနင်္သာရီတိုင်း၌ စက်တင်ဘာ ၂၆ ရက
တနင်္သာရီတိုင်းရေဘေးသင့်ခဲ့သူများအနက် လူဦးရေ (၆,၀၀၀)ခန့် ၎င်းတို၏နေအိမ်များသိုပြန်လည်နေထိုင် တနင်္သာရီတိုင်း၌ စက်တင်ဘာ ၂၆ ရက်မှစတင်ကာ မုန်တိုင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုများကြောင့် လူဦးရေ(၂၃,၈၇၄)ဦးရေ ဘေးသင့်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ ရေများပြန်လည်ကျဆင်းသွားကာ တင်ကျန်ခဲ့သော အမှိက်သရိုက်များ၊ နုန်းများ၊ ရွှနွံများကိုဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို တနင်္သာရီတိုင်းအစိုးရအဖွဲ၏ကြီးကြပ်မှုဖြင့်ဆောင်ရွက်လျက်ရှိရာ ရေဘေးသင့်ခဲ့သူများအနက် (၅,၈၇၄)ဦးမှာ ၎င်းတို၏နေအိမ်များသိုပြန်လည်ရွှေ့ ပြောင်းနေထိုင်ခဲ့ကြကြောင်း သိရသည်။

လွိင်ကော်လေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေ လွိင်ကော်၊ အောက်တိုဘာ ၄ ကယားပြည်နယ် လွိင်ကော်မြိုရှိ လွိင်ကော်လေဆိပ
လွိင်ကော်လေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေ လွိင်ကော်၊ အောက်တိုဘာ ၄ ကယားပြည်နယ် လွိင်ကော်မြိုရှိ လွိင်ကော်လေဆိပ်တွင် VIP နားနေဆောင်၊ ယာဉ်ရပ်နားရန်နေရာနှင့် အခြေခံအဆောက်အအုံများ အပါအဝင် လေဆိပ်အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် အစိုးရအဖွဲဝင်များက အောက်တိုဘာ ၃ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အလျား ၆၈ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၅ ပေရှိ RC တစ်ထပ် VIP နားနေဆောင် တည်ဆောက်ခြင်းအပြင် ရေစင်၊ ရေစုကန်၊ မိလ္လာကန်၊ ယာဉ်ရပ်နားရန်နေရာ၊ အတွင်းအုတ်ခြံစည်းရိုးနှင့် ကွန်ကရစ်လမ်း တည်ဆောက်ခြင်း၊ မြေယာအလှပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ရေနံချောင်းမြိုနယ်၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး တောင်သူပညာပေး ဆွေးနွေးပွဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ် ရေနံ
ရေနံချောင်းမြိုနယ်၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး တောင်သူပညာပေး ဆွေးနွေးပွဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ် ရေနံချောင်း၊ အောက်တိုဘာ ၄ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြိုနယ်၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံဖြိုးတိုးတက်ရေး၊ အထွက်နှုန်းတိုးတက်မြင့်မားရေးနှင့် တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့က မြိုနယ်စိုက်ပျိုး‌ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

မတူပီမြိုတောင်ဘက်ကို ဗဟိုပြု၍ အင်အား ၄.၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ် ချင်းပြည်နယ်၊ မတူပီမြို၏ တောင်ဘက် (၂၇) မိုင်ခန့်အကွာ
မတူပီမြိုတောင်ဘက်ကို ဗဟိုပြု၍ အင်အား ၄.၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ် ချင်းပြည်နယ်၊ မတူပီမြို၏ တောင်ဘက် (၂၇) မိုင်ခန့်အကွာ ပြည်တွင်းနေရာတစ်ခုကို ဗဟိုပြု၍ အောက်တိုဘာလ (၄) ရက် (ယနေ့) မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

မိုးတိမ်တောင်များ ရွေ့လျားရာဒေသများတွင် လေပြင်း၊ မိုးကြိုးနှင့် မိုးသီးအန္တရာယ် သတိပြုရန်လို မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် တ
မိုးတိမ်တောင်များ ရွေ့လျားရာဒေသများတွင် လေပြင်း၊ မိုးကြိုးနှင့် မိုးသီးအန္တရာယ် သတိပြုရန်လို မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတိုအပြင် ချင်း၊ ကချင်၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တိုတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး မိုးတိမ်တောင်များ ရွေ့လျားရာဒေသများ၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ သတိပေးချက်အရ သိရသည်။ အဆိုပါဒေသများတွင် မိုးရွာသွန်းစဉ် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် လေပြင်းနှင့် မိုးကြိုးအန္တရာယ်များကို ကြိုတင်သတိပြုနေထိုင်ကြရန် အသိပေးထားသည်။ ထိုအပြင် မြန်မာ့ပင်လယ်ပြင်တွင် လှိင်းအသင့်အတင့်ရှိနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် လှိင်းအမြင့် ၅ ပေမှ ၇ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။

အခုနောက်ပိုင်း ထွန်းမြတ်နိုင်အသံလည်း ထွက်မလာတော့ပါလား။ ဗလီတွေအောက်မှာ ပုံးနေတယ်ဆိုတာ ဟုတ်နေပြီပေါ့။ လူမြင်ကွင်းကိုတောင် အာရက္
အခုနောက်ပိုင်း ထွန်းမြတ်နိုင်အသံလည်း ထွက်မလာတော့ပါလား။ ဗလီတွေအောက်မှာ ပုံးနေတယ်ဆိုတာ ဟုတ်နေပြီပေါ့။ လူမြင်ကွင်းကိုတောင် အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင်ကြီး မထွက်ရဲတော့ပါလား။ ပြောလိုက်ရင် ဆင်ဖမ်းမယ်ကျားဖမ်းမယ်နဲ့။

ပျဉ်းမနားတွင် ယနေ့မှစ၍ လေးနာရီလာ လေးနာရီပျက်စနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည် အောက်တိုဘာ ၄
ပျဉ်းမနားတွင် ယနေ့မှစ၍  လေးနာရီလာ လေးနာရီပျက်စနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည် အောက်တိုဘာ ၄

#Local_News MIP၊ AWPT နှင့် MITT ဆိပ်ကမ်းများမှ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းကုန်ပစ္စည်းများ အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချမည် 4 Octobe
#Local_News MIP၊ AWPT နှင့် MITT ဆိပ်ကမ်းများမှ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းကုန်ပစ္စည်းများ အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချမည် 4 October 2026 ရန်ကုန်ရှိ MIP၊ AWPT နှင့် MITT ဆိပ်ကမ်းများတွင် ပြည်သူ့ဘဏ္ဍာသိမ်းဆည်းထားသော ကုန်သေတ္တာ ၄၂ လုံးအတွင်းရှိ ကုန်ပစ္စည်းများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ ကုန်ပစ္စည်းများအတွက် လက်ရှိဈေးကွက်ပေါက်ဈေးအပေါ် အခြေခံ၍ တင်ဒါဈေးနှုန်းသတ်မှတ်ကာ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက် နံနက် ၁၁ နာရီတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်သည်။

ရေကြီးရေလျှံမှုအန္တရာယ် လျှော့ချရန် နီပေါက ရေခဲမြစ်အိုင် ၄ အိုင်မှ ရေဖောက်ထုတ်မည် နီပေါနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့်
ရေကြီးရေလျှံမှုအန္တရာယ် လျှော့ချရန် နီပေါက ရေခဲမြစ်အိုင် ၄ အိုင်မှ ရေဖောက်ထုတ်မည် နီပေါနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရေခဲမြစ်ပြိုကျမှုနှင့် ဆက်စပ်သော ဘေးအန္တရာယ်ကြောင့် လူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့ပြီးနောက် အနာဂတ်တွင် ရေကြီးရေလျှံမှုအန္တရာယ် လျှော့ချနိုင်ရေးအတွက် တောင်တန်းမြင့်ဒေသရှိ ရေခဲမြစ်အိုင် ၄ အိုင်မှ ရေများကို စနစ်တကျ ဖောက်ထုတ်မည့် စီမံကိန်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း စတင်မည်ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

ခရစ္စတာပိုက်ကို ကွပ်မျက်မှု မအောင်မြင်ပြီးနောက် တန်နက်ဆီပြည်နယ် အကျဉ်းထောင်ဌာန အကြီးအကဲ နုတ်ထွက်ၑ အမေရိကန်ပြည်ထောင်စု ၊ တန်နက
ခရစ္စတာပိုက်ကို ကွပ်မျက်မှု မအောင်မြင်ပြီးနောက် တန်နက်ဆီပြည်နယ် အကျဉ်းထောင်ဌာန အကြီးအကဲ နုတ်ထွက်ၑ အမေရိကန်ပြည်ထောင်စု ၊ တန်နက်ဆီပြည်နယ်တွင် အကျဉ်းသူခရစ္စတာပိုက်အား ကွပ်မျက်မှု မအောင်မြင်ခဲ့ပြီးနောက် ပြည်နယ်အကျဉ်းထောင်ဌာန အကြီးအကဲ ဖရန့်ခ် စထရာဒါ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဘီလ်လီက အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။ အသက် ၅၀ အရွယ် ခရစ္စတာပိုက်ကို ကွပ်မျက်ရာ မအောင်မြင်ခဲ့ဘဲ သတိလစ်ပြီး အသက်ရှူစက်တပ် ထားရသည့် အခြေအနေ ဖြစ်သွားခဲ့သည်။ ပြည်နယ်အစိုးရအဖွဲအတွင်း ယခုနုတ်ထွက်မှုသည် အကြီးစား အပြောင်းအလဲတစ်ရပ် ဖြစ်လာခဲ့သည်။ စထရာဒါသည် ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီတွင်စတင်ကာ တန်နက်ဆီ အကျဉ်းထောင်ဌာန၏ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။ Noted: တာဝန်ယူမှု တာဝန်ခံမှုဆိုတာ အဲလိုပဲ။ ကိုယ်လုပ်တဲ့အလုပ် ကိုယ်ဦးဆောင်တဲ့အရာတွေအတွက် အပြစ်လာခဲ့ရင်လည်း ဝန်ခံဖို့ ဝန်မလေးကြဘူး။ ဒီအချက်ကိုတော့ Respect ပါ။ အတုယူနိုင်ကြပါစေ။ သိင်္ခ

မော်လမြိုင်မြိုနယ်ရှိ KTV နှင့် Bar များအားညအချိန် ရှောင်တခင်ဝင်ရောက်စစ်ဆေး၊ ဧည့်စာရင်းမတိုင်သည့် ဆိုင်ဝန်ထမ်း(၄)ဦးကို အရေးယ
မော်လမြိုင်မြိုနယ်ရှိ KTV နှင့် Bar များအားညအချိန် ရှောင်တခင်ဝင်ရောက်စစ်ဆေး၊ ဧည့်စာရင်းမတိုင်သည့် ဆိုင်ဝန်ထမ်း(၄)ဦးကို အရေးယူ မွန်ပြည်နယ်၊ မော်လမြိုင်မြိုနယ်၌ ရပ်ရွာအေးချမ်းသာ ယာရေးနှင့် ဥပဒေမဲ့လုပ်ဆောင်မှုများမရှိစေရေးအ တွက် မြိုနယ်အတွင်းရှိ Bar / Unplugged နှင့် KTV များကို သက်ဆိုင်ရာပူးပေါင်းအဖွဲဝင်များက အောက် တိုဘာ ၃ ရက်ည ၉ နာရီခွဲမှ ည ၁၁ နာရီခွဲအထိ ရှောင် တခင်ဝင်ရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။ မော်လမြိုင်မြို၊ မြေနီကုန်းရပ်ကွက်၊ ကွင်းရပ်ရပ်ကွက်၊ ဈေးကြိုရပ်ကွက်နှင့် သီရိမြိုင်ရပ်ကွက်များအတွင်း ဖွင့်လှစ်ထားသည့်ဆိုင်များကို ရှောင်တခင်ဝင်ရောက်စစ် ဆေးခဲ့ကြကြောင်း သိရသည်။

လေးမျက်နှာမြိုနယ်၊ ရေကြည်မြိုနယ်၊ ငါးသိုင်းချောင်းမြိုနယ်၊ ကျုံပျော်မြိုနယ်နှင့် ကျောင်းကုန်းမြိုနယ်များရှိ ရေပြန်လည်ကျဆင်းသွ
လေးမျက်နှာမြိုနယ်၊ ရေကြည်မြိုနယ်၊ ငါးသိုင်းချောင်းမြိုနယ်၊ ကျုံပျော်မြိုနယ်နှင့် ကျောင်းကုန်းမြိုနယ်များရှိ ရေပြန်လည်ကျဆင်းသွားသည့် မြို၊ ရွာ၊ ရပ်ကွက်များ၌ တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိက်များအား ဖယ်ရှားရှင်းလင်း နေပြည်တော်၊ အောက်တိုဘာ ၄ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြိုနယ်အတွင်း ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြိုနယ်များရှိ မြိုပေါ်ရပ်ကွက်အချိုနှင့် ကျေးရွာအချိုတိုတွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။

ရေကြီးရေလျှံခဲ့သည့် တနင်္သာရီတိုင်းတွင် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်နေ တနင်္သာရီတိုင်းတွင် စက်တင်ဘာ ၂၆ ရက်ညနေပိုင်
ရေကြီးရေလျှံခဲ့သည့် တနင်္သာရီတိုင်းတွင် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်နေ   တနင်္သာရီတိုင်းတွင် စက်တင်ဘာ ၂၆ ရက်ညနေပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ကာ မြိုနယ်အချိုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့်အပြင် ထားဝယ်-မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နေရာအချိုတွင်လည်း ရေကျော်ခြင်းများ၊ မြေပြိုကျခြင်း၊ လမ်းပေါ်ရှိ တံတားများတွင် အမှိက်ပိတ်ဆိုခြင်းများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုကြောင့် မြေပြိုကျ၍လမ်းပိတ်နေသောနေရာများအားဖယ်ရှားရှင်းလင်းခြင်းနှင့် ရေဘေးသင့်သူများကိုကူညီကယ်ဆယ်မှုများပြုလုပ်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းတိုပြုလုပ်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ် လက်ရည်စစ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင်လှေလှော်အသင်း ငွေတံဆိပ် ငါးခုနှင့် ကြေးတံဆိပ်လေးခု ဆွတ်ခူးရရှိ ရန်ကုန်၊ အောက်တိုဘာ ၄ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃ ရက်အထိ တရုတ်နိုင်ငံ ဟန်ကျိုးမြို၌ ကျင်းပပြီးစီးခဲ့သည့် (World Cup) ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော် လက်ရည်စစ်ပြိုင်ပွဲသို မြန်မာ့လက်ရွေးစင် လှေလှော်အားကစားအသင်းသည် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စက်တင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် အမျိုးသားအလွတ်တန်း ၈ တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် ရုရှားအသင်းက ပထမ၊ စပိန်အသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယဆုများကိုလည်းကောင်း၊ အောက်တိုဘာ ၃ ရက်မှ ယနေ့အထိ ကျင်းပခဲ့သည့် အမျိုးသား/ အမျိုးသမီး အလွတ်တန်း ၁၀ တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် ရုရှားအသင်းက ပထမ၊ ဟန်ဂေရီအသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယဆုများကို လည်းကောင်း၊ အမျိုးသားအလွတ်တန်း ၁၀ တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် ရုရှားအသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယနှင့် ယူကရိန်းအသင်းက တတိယဆုများကိုလည်းကောင်း၊ အမျိုးသား/ အမျိုးသမီး အလွတ်တန်း ၁၀ တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် ဟန်ဂေရီအသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယနှင့် စပိန်အသင်းက တတိယဆုများကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့သည်။

photo content

ကိုရီးယားကျွန်ဆွယ်မှာ စစ်မီးမွှေးဖို ယူကရိန်းကြိုးပမ်းနေတယ်လို စွပ်စွဲပြီ အောက်တိုဘာ - ၄ ( တနင်္ဂနွေ ) ယူကရိန်းဟာ ကိုရီးယားကျ
ကိုရီးယားကျွန်ဆွယ်မှာ စစ်မီးမွှေးဖို ယူကရိန်းကြိုးပမ်းနေတယ်လို စွပ်စွဲပြီ အောက်တိုဘာ - ၄ ( တနင်္ဂနွေ ) ယူကရိန်းဟာ ကိုရီးယားကျွန်းဆွယ်မှာ စစ်မီးမွှေးဖို ကြိုးပမ်းနေတယ်လို တောင်ကိုရီးယားက စွပ်စွဲလိုက်ပြီး၊ လျှိဝှက်ထိန်းသိမ်းရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တာနဲ့ ပတ်သက်လို ကိယက်ဗ် (ယူကရိန်း) ဘက်က ပြန်လည်တောင်းပန်ခြင်း မရှိရင် တုံပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို သမ္မတ လီဂျေမြောင် က ခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။ ယူကရိန်းဘက်က ဖမ်းဆီးရမိထားတဲ့ မြောက်ကိုရီးယား စစ်သုံပန်း ၂ ဦးကို တောင်ကိုရီးယားထံ လွှပြောင်းပေးခဲ့တယ်လို ဗလာဒီမာ ဇီလန်းစကီးက ပြီးခဲ့တဲ့အပတ်က လူသိရှင်ကြား ကြေညာခဲ့တာပါ။ ဒီအစီအစဉ်ကို လျှိဝှက်ထားဖို သဘောတူထားတာဖြစ်တယ်လို ဆိုးလ် (တောင်ကိုရီးယား) ဘက်က ပြောပေမဲ့ ကိယက်ဗ်ဘက်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

ဝယ်ယူသူများနှင့် အငြင်းပွားမှုများ ဖြစ်ပွားနေသည့် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ The Central အရောင်းပြခန်းကို စသုံးလုံးက ချိတ်ပိတ်စ
ဝယ်ယူသူများနှင့် အငြင်းပွားမှုများ ဖြစ်ပွားနေသည့် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ The Central အရောင်းပြခန်းကို စသုံးလုံးက ချိတ်ပိတ်စစ်ဆေးနေကြောင်း သိရ ဝယ်ယူသူများနှင့် အငြင်းပွားမှုများ ဖြစ်ပွားနေသည့် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ The Central အရောင်းပြခန်းကို စသုံးလုံးက ချိတ်ပိတ်စစ်ဆေးနေကြောင်း သိရသည်။ အောက်တိုဘာ ၃ ရက် နံနက်တွင် စသုံးလုံးမှ ခေါ်ယူစစ်ဆေးနေပြီး မွန်းလွဲပိုင်းတွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ The Central အရောင်းပြခန်းကို ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲအစည်းများကို ဆက်လက်ဆက်သွယ်မေးမြန်းလျက်ရှိပြီး သိရှိရသည်များကို ဆက်လက်ဖော်ပြသွားပါမည်။ အလားတူ The Central မှာ တာဝန်ရှိသူအချိုထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပေ။

မီးရထားလမ်းခုံးကျော်တံတားများတည်ဆောက်ရာ၌ Master Plan ရေးဆွဲဆောင်ရွက်ထားရန် နိုင်ငံတော်သမ္မတ မှာကြား လမ်းအသုံးပြုသူများလာမည်ဖြ
မီးရထားလမ်းခုံးကျော်တံတားများတည်ဆောက်ရာ၌ Master Plan ရေးဆွဲဆောင်ရွက်ထားရန် နိုင်ငံတော်သမ္မတ မှာကြား လမ်းအသုံးပြုသူများလာမည်ဖြစ်၍ မီးရထားလမ်းခုံးကျော်တံတားများတည်ဆောက်ရာ၌ Master Plan ရေး ဆွဲဆောင်ရွက်ထားရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ယနေ့ အောက်တိုဘာ ၃ ရက်နံနက်ပိုင်းတွင် နေပြည်တော်အတွင်း မြိုပြအင်္ဂါရပ်နှင့်အညီဖွံဖြိုးတိုးတက်စေရေးဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ နေပြည်တော်-တောင်တွင်းကြီး မီးရထားလမ်းခုံးကျော်တံတားနှင့် ရန်ကုန်-မန္တလေး မီးရထားလမ်းခုံးကျော်တံတားများတည်ဆောက်နေမှုတိုကိုကြည့်ရှုစစ်ဆေးခဲ့သည်။