fa
Feedback
သိင်္ခ

သိင်္ခ

رفتن به کانال در Telegram

အသိတိုး

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
1 086
مشترکین
اطلاعاتی وجود ندارد24 ساعت
-77 روز
-3830 روز
آرشیو پست ها
ဘီလာရုစ်နိုင်ငံသူ အဆိုတော်တစ်ဦးကို ကျားဖျန့်လုပ်ငန်းသို ပိုဆောင်ရောင်းစားသည့် မြန်မာနိုင်ငံသားငါးဦးအား အလုပ်နှင့် ထောင်ဒဏ် ၂၁
ဘီလာရုစ်နိုင်ငံသူ အဆိုတော်တစ်ဦးကို ကျားဖျန့်လုပ်ငန်းသို ပိုဆောင်ရောင်းစားသည့် မြန်မာနိုင်ငံသားငါးဦးအား အလုပ်နှင့် ထောင်ဒဏ် ၂၁ နှစ်စီချမှတ် ကျန်ကျူးလွန်သူ မြန်မာနိုင်ငံသားသုံးဦးနှင့် တာဂျစ်ကစ္စတန်နိုင်ငံသား နှစ်ဦးမှာ တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိ ရသည်။ လူမှုကွန်ရက်စာမျက်နှာ Hlaing Info မှ "မြန်မာကျားဖျန့်ဂိုဏ်းတွေက ဘီလာရုစ်အဆိုတော်ကို သတ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ထုတ်ယူသွားခဲ့တယ်လို သတင်းထွက်" ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြပါရှိသဖြင့် စိစစ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံသား ကျော်သူ(ခ)စောကျော်သူ၊ ဇင်မင်းထွန်း၊ ရဲလင်းထွန်း(ခ)ကိုရဲ၊ ညီညီသက်နှင့် မနန်းပေါင်းဟွမ်း(ခ) ဆိုဖီယာ(ခ)Li Li(ခ) ကျင်းကျင်းတို ငါးဦးက ဘီလာရုစ်နိုင်ငံသူ တစ်ဦးအား ငွေကြေးဖြင့် မက်လုံးပေးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းနောက် မြန်မာနိုင်ငံသား မျိုးဇော်လင်း၊ ၀သုန်အောင်(ခ)ဝသုန်၊ ရန်ပိုင်စိုး(ခ) အငယ်လေး၊ Tajikistan နိုင်ငံသား MUKAIR SHOEVRUSTAM နှင့် ODINAEN ALUDN တိုငါးဦးနှင့် ချိတ်ဆက်၍ Online ငွေကြေးလိမ်လည်သည့် လုပ်ငန်းသို ပိုဆောင်ကာ အဓမ္မအလုပ်ခိုင်းစေ၍ လုပ်အားခအပေါ်အကျိုးအမြတ်ရယူရန် ပူးပေါင်းကြံစည်ခဲ့သည်ဟု စိစစ်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်ထား မရရှိသေးသည့် ဆိုင်ကယ်များကို ယာယီနံပတ်များ တပ်ဆင်ပြီး ရောင်းချခြင်းအား ခွင့်ပြုထားခြင်း
မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်ထား မရရှိသေးသည့် ဆိုင်ကယ်များကို ယာယီနံပတ်များ တပ်ဆင်ပြီး ရောင်းချခြင်းအား ခွင့်ပြုထားခြင်း မရှိကြောင်း မန္တလေးတိုင်းလွှတ်တော်တွင် ပြောကြား မော်တော်ယာဉ်နှင့်ပတ်သက်သည့်အထောက်ထားမရရှိသေးသည့်ဆိုင်ကယ်များကို ယာယီနံပတ်များတပ်ဆင်ပြီး ရောင်းချခြင်းအား တရားဝင်ဖွင့်လှစ်ခွင့်ပြုထားသော မော်တော်ဆိုင်ကယ် အရောင်းပြခန်းများတွင် ရောင်းချခွင့်ပြုထားခြင်းမရှိကြောင်း မန္တလေးတိုင်းလွှတ်တော်တွင် ပြောကြားချက်အရ သိရသည်။

ဒေသဆိုင်ရာလေ့လာရေးဗဟိုဌာနဖွင့်ပွဲနှင့် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံဆိုင်ရာ လေ့လာရေးညီလာခံရန်ကုန်၌ကျင်းပ 06 October 2026 ဒေသဆိုင်ရ
ဒေသဆိုင်ရာလေ့လာရေးဗဟိုဌာနဖွင့်ပွဲနှင့် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံဆိုင်ရာ လေ့လာရေးညီလာခံရန်ကုန်၌ကျင်းပ 06 October 2026 ဒေသဆိုင်ရာလေ့လာရေးဗဟိုဌာနဖွင့်ပွဲနှင့် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံဆိုင်ရာ လေ့လာရေးညီလာခံ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

စပါးလှိင်လှိင်‌ပေါ်ချိန်၌ သိုလှောင်ရုံကုန်အပ်စနစ်ဖော်ဆောင်မည် စပါးရိတ်သိမ်းပြီးနောက်ပိုင်း လေလွင့်ဆုံးရှုးမှုများလျော့ချနိုင်
စပါးလှိင်လှိင်‌ပေါ်ချိန်၌ သိုလှောင်ရုံကုန်အပ်စနစ်ဖော်ဆောင်မည် စပါးရိတ်သိမ်းပြီးနောက်ပိုင်း လေလွင့်ဆုံးရှုးမှုများလျော့ချနိုင်ဖိုနဲ့ စပါးစိုက်တောင်သူများ ဝင်ငွေပိုမိုရရှိနိုင်စေဖို လာမယ့်စပါးလှိင်လှိင်ပေါ်ချိန်မှာ သိုလှောင်ရုံကုန်အပ်စနစ်ကိုဖော်ဆောင်ဖို သက်ဆိုင်ရာလုပ်ငန်းများနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေသိရပါတယ်

FIFA ASEAN Cup ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ
FIFA ASEAN Cup ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ တက်ရောက် 06 October 2026 ■ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြိုရှိ Gelora Bung Karno အားကစားကွင်း၌ အောက်တိုဘာ ၅ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သည့် FIFA ASEAN Cup 2026 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇနှင့် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်တို တက်ရောက်ခဲ့ကြောင်းသိရသည်။

သံသယရှိ စစ်သွေးကြွ ၁၁ ဦးကို အင်ဒိုနီးရှား ဖမ်းဆီး အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲက ပြည်နယ်ခြောက်ခုတွင်
သံသယရှိ စစ်သွေးကြွ ၁၁ ဦးကို အင်ဒိုနီးရှား ဖမ်းဆီး အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲက ပြည်နယ်ခြောက်ခုတွင် သံသယရှိ စစ်သွေးကြွ ၁၁ ဦးကို ဖမ်းဆီးခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် လူသစ်စုဆောင်းခြင်းနှင့် လက်နက်ကိုင်တွယ်မှု လေ့ကျင့်သင်ကြားပေးခြင်းတို လုပ်ဆောင်နေသည်ဟု ယူဆရသည့် ကွန်ရက်တစ်ခုကို ဖော်ထုတ်ခဲ့ကြောင်း သိရသည်။

အနောက်တောင်မုတ်သုံလေ မြန်မာတစ်နိုင်ငံလုံးမှ လုံးဝဆုတ်ခွာပြီ ၂၀၂၆ ခုနှစ် မိုးရာသီ၏ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်
အနောက်တောင်မုတ်သုံလေ မြန်မာတစ်နိုင်ငံလုံးမှ လုံးဝဆုတ်ခွာပြီ ၂၀၂၆ ခုနှစ် မိုးရာသီ၏ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လုံးဝဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်သည်။ အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ စတင်ဆုတ်ခွာခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ အောက်တိုဘာ ၂ ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသများမှ အသီးသီးဆုတ်ခွာခဲ့သည်။

ခြိမ်းခြောက်မှုများကြောင့် ဗြိတိန်လေတပ်စခန်းမှ B-1 ဗုံးကြဲလေယာဉ်များ ရွှေ့ပြောင်းခဲ့ဟု ထရမ့် ပြော အီရန်နှင့် ဆက်စပ်မှုရှိနိုင
ခြိမ်းခြောက်မှုများကြောင့် ဗြိတိန်လေတပ်စခန်းမှ B-1 ဗုံးကြဲလေယာဉ်များ ရွှေ့ပြောင်းခဲ့ဟု ထရမ့် ပြော အီရန်နှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ယူဆရသည့် ခြိမ်းခြောက်မှုအချိုကြောင့် ဗြိတိန်နိုင်ငံရှိ RAF Fairford လေတပ်စခန်းမှ အမေရိကန် B-1 ဗုံးကြဲလေယာဉ်များကို ရွှေ့ပြောင်းခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

မြန်မာ့ Esports သမိုင်းဝင် ရွှေတံဆိပ်ဆုနှင့် အမိမြေသို ပြန်လာသည့် Team Zanaka (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asi
မြန်မာ့ Esports သမိုင်းဝင် ရွှေတံဆိပ်ဆုနှင့် အမိမြေသို ပြန်လာသည့် Team Zanaka (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games) MLBB ပြိုင်ပွဲတွင် မြန်မာ့ Esports သမိုင်းအတွက် ပထမဆုံး Asian Games ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးခဲ့သည့် မြန်မာလက်ရွေးစင် Team Zanaka (MLBB) အသင်းသည် အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြိုသို ပြန်လည်ရောက်ရှိလာခဲ့သည်။ Team Zanaka သည် MLBB Grand Finals တွင် အင်ဒိုနီးရှားအသင်းကို (၄-၀) ရလဒ်ဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံတော်အလံကို အာရှအားကစားစင်မြင့်ထက်တွင် အမြင့်ဆုံးလွှင့်ထူနိုင်ခဲ့ခြင်းဖြစ်သည်။

ယီမင်၌ ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲများက မဟာဗျူဟာကျသော ဘက်အယ်မန်ဒက် ရေလက်ကြားတစ်ဝိုက်ရှိ အဓိကနေရာများကို ဟူရ်သီများထံမ
ယီမင်၌ ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲများက မဟာဗျူဟာကျသော ဘက်အယ်မန်ဒက် ရေလက်ကြားတစ်ဝိုက်ရှိ အဓိကနေရာများကို ဟူရ်သီများထံမှ ပြန်လည်သိမ်းပိုက် ယီမင်၌ တိုက်ခိုက်နေသော ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်း၏တပ်ဖွဲများက မဟာဗျူဟာကျသော ဘက်အယ်မန်ဒေဘ် ရေလက်ကြားတစ်ဝိုက်ရှိ အဓိကနေရာများကို ဟူသီများထံမှ ပြန်လည်သိမ်းပိုက်ခဲ့သည်ဟု ယီမင်တာဝန်ရှိသူများက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

သီပေါမြိုနယ် လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် မိုင်းရှင်းလင်းရေးအပါအဝင် လုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နေဟု ဆ
သီပေါမြိုနယ် လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် မိုင်းရှင်းလင်းရေးအပါအဝင် လုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နေဟု ဆို ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြိုနယ်အတွင်း လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် ပျက်စီးနေသည့် လျှပ်စစ်လိုင်းများ ပြန်လည်ပြုပြင်ခြင်း၊ လိုင်းသန့်ရှင်းရေးနှင့် ခွဲရုံများ ပြန်လည်တည်ဆောက်ခြင်းတိုအပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းများပါ ဆောင်ရွက်နေရကြောင်း သီပေါမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားသည်။ လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပထမဦးစားပေးအနေဖြင့် သီပေါနှင့် ကျောက်မဲကြားရှိ ကျေးရွာများသို မီးပြန်လည်ပေးနိုင်ရေး ဆောင်ရွက်နေပြီး ဘော်ကြိုအုပ်စု၊ လောဝ်ခွန်အုပ်စုတိုအပြင် အခြားဒေသများကိုလည်း အဆင့်ဆင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။

ထိုင်းနိုင်ငံတွင် ကုန်တင်တွဲကားကြိတ်မိ၍ မြန်မာလုပ်သားတစ်ဦး သေဆုံး 𝙊𝘾𝙏~𝟔 ထိုင်းနိုင်ငံ၊ စမွတ်ပကန်ခရိုင်တွင် အသက် ၂၂ နှစ်အရ
ထိုင်းနိုင်ငံတွင် ကုန်တင်တွဲကားကြိတ်မိ၍ မြန်မာလုပ်သားတစ်ဦး သေဆုံး 𝙊𝘾𝙏~𝟔 ထိုင်းနိုင်ငံ၊ စမွတ်ပကန်ခရိုင်တွင် အသက် ၂၂ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦး အလုပ်ဝင်ရန်ပြင်ဆင်နေစဉ် ကုန်တင်တွဲကားကြိတ်မိသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ ကိုဇင်မင်းဦး ဆိုသူဖြစ်သည်ဟု သိရပြီး အောက်တိုဘာ ၃ ရက် နံနက် ၈ နာရီခန့်က အလုပ်ရုံရှေ့တွင် အလုပ်ဝင်ရန်ပြင်ဆင်နေစဉ် ကုန်တင်တွဲကားကြိတ်မိကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ တွဲကားမောင်းနှင်သည့် ထိုင်းနိုင်ငံသားက သေဆုံးသူ၏ ဇနီးနှင့် မိခင်ထံ တောင်းပန်ခဲ့ပြီး သေဆုံးမှုအတွက် လိုအပ်သည့် တာဝန်ယူမှုများ ဆောင်ရွက်ပေးမည်ဟု ပြောကြားထားကြောင်း သိရသည်။

ဒီအာကွန်ဂိုနိုင်ငံ၏ မြောက်ကီဗူး ပြည်နယ်တွင် အီဘိုလာရောဂါ ကူးစက်မှုများ မြင့်တက်လာကြောင်း MSF သတိပေး ဒီအာကွန်ဂိုနိုင်ငံ၏ မြောက
ဒီအာကွန်ဂိုနိုင်ငံ၏ မြောက်ကီဗူး ပြည်နယ်တွင် အီဘိုလာရောဂါ ကူးစက်မှုများ မြင့်တက်လာကြောင်း MSF သတိပေး ဒီအာကွန်ဂိုနိုင်ငံ၏ မြောက်ကီဗူးပြည်နယ်တွင် အီဘိုလာရောဂါ ကူးစက်မှုများ မြင့်တက်လာကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ (MSF) က အောက်တိုဘာ ၅ ရက်တွင် သတိပေးခဲ့ပြီး ကုသရေးဆိုင်ရာ လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

နိုင်ဂျီးရီးယား အနောက်တောင်ပိုင်းတွင် လေတပ် လေယာဉ်ပျက်ကျသဖြင့် အမှုထမ်းခုနစ်ဦး အပါအဝင် ၃၂ ဦး သေဆုံး နိုင်ဂျီးယား လေတပ် လေယာဉ်
နိုင်ဂျီးရီးယား အနောက်တောင်ပိုင်းတွင် လေတပ် လေယာဉ်ပျက်ကျသဖြင့် အမှုထမ်းခုနစ်ဦး အပါအဝင် ၃၂ ဦး သေဆုံး နိုင်ဂျီးယား လေတပ် လေယာဉ်သည် အောက်တိုဘာ ၅ ရက်တွင် နိုင်ငံ၏အနောက် တောင်ပိုင်းတွင် ပျက်ကျခဲ့သဖြင့် လေယာဉ် ပေါ်ရှိ လူ ၃၂ ဦးသေဆုံးခဲ့သည်ဟု သမ္မတဘို လာတီနူဘူးက ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံး သုံးရက်ကြာ ဝမ်းနည်းကြောင်း ကြေညာခဲ့သည်။

သီးထပ်စိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးမည် 𝙊𝘾𝙏~𝟔 ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုး
သီးထပ်စိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးမည် 𝙊𝘾𝙏~𝟔 ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်နှုန်းထားထက် ပျမ်းမျှနှစ်ဆတိုးမြှင့်ထုတ်ချေးပေးနေသည့်အပြင် သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက်လည်း တိုးမြှင့်သတ်မှတ်ထားသည့် ချေးငွေနှုန်းထားအတိုင်း ထပ်မံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က အသိပေးထားသည်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မိုး၊ ဆောင်းနှင့် မိုးကြိုရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်နှုန်းထားထက် ပျမ်းမျှနှစ်ဆတိုးမြှင့်၍ ထုတ်ချေးပေးလျက်ရှိသည်။

ဟိုပုံးမြိုနယ် နားလုံကျေးရွာအနီး အွန်လိုင်းလိမ်လည်လောင်းကစားလုပ်သူ ၈၇ ဦး ဖမ်းဆီးရမိ 𝙊𝘾𝙏~𝟔 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပ
ဟိုပုံးမြိုနယ် နားလုံကျေးရွာအနီး အွန်လိုင်းလိမ်လည်လောင်းကစားလုပ်သူ ၈၇ ဦး ဖမ်းဆီးရမိ 𝙊𝘾𝙏~𝟔 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြိုနယ် နားလုံကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၇၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦး၊ စုစုပေါင်း ၈၇ ဦးကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သည့် ပူးပေါင်းအဖွဲသည် ဒေသခံများ၏ သတင်းပေးပိုချက်အရ ဟိုပုံးမြိုနယ်အတွင်း ယာယီတဲများဆောက်လုပ်၍ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူများကို သတင်းကွင်းဆက်ရယူ စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် နံနက် ၇ နာရီခန့်တွင် နားလုံကျေးရွာအနီး၌ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါနေရာသည် မိုင်းပွန်မြို၏ အနောက်တောင်ဘက် ၂၁ ကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး ဖမ်းဆီးရမိသူများနှင့်အတူ အွန်လိုင်းလုပ်ငန်းလုပ်ကိုင်ရန် အသုံးပြုသည့် STARLINK စက် ၄ စုံ၊ All-in-One ကွန်ပျူတာ ၁၇ လုံး၊ လက်ပ်တော့ ၂ လုံးနှင့် ဖုန်းမျိုးစုံ ၅၂၄ လုံးတိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တပ်မတော်သားများ စစ်ပညာနှင့် ခေတ်မီလက်နက်နည်းပညာများကို အစဉ်လေ့လာလေ့ကျင့်ရန် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မှာကြား 𝙊𝘾𝙏~𝟔 တပ်
တပ်မတော်သားများ စစ်ပညာနှင့် ခေတ်မီလက်နက်နည်းပညာများကို အစဉ်လေ့လာလေ့ကျင့်ရန် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မှာကြား 𝙊𝘾𝙏~𝟔 တပ်မတော်သားများအနေဖြင့် ပြောင်းလဲတိုးတက်လာသည့် စစ်ပညာနှင့် ခေတ်မီစစ်လက်နက်နည်းပညာများကို အစဉ်လေ့လာလေ့ကျင့်ပြီး လက်တွေ့အသုံးချနိုင်သည့် စွမ်းရည်ရှိရန်လိုအပ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောကြားခဲ့သည်။ အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် တိုက်ကြီးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းသို သွားရောက်၍ နည်းပြအရာရှိများ၊ စစ်သည်များနှင့် သင်တန်းသားများကို တွေ့ဆုံစဉ် ထိုသို ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆော်ဒီကမ်းလွန်မှာ အမေရိကန်ရေတပ် ဟယ်လီကော်ပတာတစ်စီး ပျ-က်ကျသွားပုံရ ဆော်ဒီအာရေးဗီးယား ကမ်းလွန်မှာ အမေရိကန်ရေတပ်ရဲ့ MH-60R Seah
ဆော်ဒီကမ်းလွန်မှာ အမေရိကန်ရေတပ် ဟယ်လီကော်ပတာတစ်စီး ပျ-က်ကျသွားပုံရ ဆော်ဒီအာရေးဗီးယား ကမ်းလွန်မှာ အမေရိကန်ရေတပ်ရဲ့ MH-60R Seahawk တို-က်ခိုက်ရေး ဟယ်လီကော်ပတာတစ်စီး အရေးပေါ် အချက်ပြစနစ် ပိုပြီးတဲ့နောက် လေကြောင်းလိုင်း စောင့်ကြည့်စနစ် (flight-tracking platforms) တွေပေါ်ကနေ ပျေ-ာက်ကွယ်သွားတယ်လို BNO News က ဖော်ပြထားပါတယ်။ သတင်းဖော်ပြချက်တွေအရ ဒီဟယ်လီကော်ပတာဟာ အမြင့်ပေ ၄၇၅ ပေလောက်မှာ ပျံသန်းနေတုန်း အရေးပေါ်အခြေအနေ ကြေညာခဲ့တာပါ။ အဲဒီနောက်မှာတော့ ပြထားတဲ့ အမြင့်ပေက သုညအထိ ချက်ချင်းထိုးဆင်းသွားပြီး ရေဒါပေါ်ကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ ပိုစ်တွေမှာတော့ ဒီဟယ်လီကော်ပတာဟာ ပင်လယ်နီ (Red Sea) ထဲ ပျ-က်ကျသွားတာ ဖြစ်နိုင်တယ်လို ရေးသားနေကြကြောင်းလည်း သတင်းမှာ ပါရှိပါတယ်။

ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီး ကွယ်လွန် မြန်မာ့ရုပ်ရှင်နှင့် ဂီတလောက၏ ဝါရင့်ဂီတပညာရှင် ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မော
ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီး ကွယ်လွန် မြန်မာ့ရုပ်ရှင်နှင့် ဂီတလောက၏ ဝါရင့်ဂီတပညာရှင် ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီးသည် (၉၆)ပါးသော ရောဂါဝေဒနာဖြင့် ယနေ့ အောက်တိုဘာ ၆ ရက် နံနက် ၀၀:၂၅ နာရီတွင် ဘဝတစ်ပါးသို ပြောင်းရွှေ့ကွယ်လွန်သွားပြီဖြစ်ကြောင်း ကျန်ရစ်သူမိသားစု၏ အသိပေးချက်အရ သိရသည်။ ဂီတမှူး ဦးခင်မောင်ကြီးသည် မြန်မာ့ရုပ်ရှင်တေးဂီတလောကတွင် နှစ်ပေါင်းများစွာ ပါဝင်ဖြတ်သန်းခဲ့သည့် ဝါရင့်ဂီတပညာရှင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများအတွက် နောက်ခံတေးဂီတနှင့် တေးသံစဉ်များ ဖန်တီးပေးခဲ့သူဖြစ်သည်။

နေပြည်တော်၊ အောက်တိုဘာ ၆ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် တာဝန်ဖြစ်သည့်အတွက် ပြည်သူ့စစ်မ
နေပြည်တော်၊ အောက်တိုဘာ ၆ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် တာဝန်ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို စနစ်တကျဖြင့် အဆင့်အတန်းမီစွာ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ပြောကြား