ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

သိင်္ခ

သိင်္ခ

前往频道在 Telegram

အသိတိုး

显示更多
未指定国家未指定类别
1 060
订阅者
-124 小时
-237 天
-7030 天
帖子存档
အင်ဒိုနီးရှားနိုင်ငံ တောမီးလောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသည့် မီးခိုးများကြောင့် Tjilik Riwut လေဆိပ်ရှိ လေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်း

တောင်ကိုရီးယားက ဒရုန်းနှင့် AI ပေါင်းစပ်ထားသည့် စစ်ရေးလေ့ကျင့် ဆိုးလ်၊ အောက်တိုဘာ ၁၆ တောင်ကိုရီးယား စစ်တပ်သည် ဒရုန်းနှင့် AI
တောင်ကိုရီးယားက ဒရုန်းနှင့် AI ပေါင်းစပ်ထားသည့် စစ်ရေးလေ့ကျင့် ဆိုးလ်၊ အောက်တိုဘာ ၁၆ တောင်ကိုရီးယား စစ်တပ်သည် ဒရုန်းနှင့် AI နည်းပညာသုံး စက်ပစ္စည်းများကို ပေါင်းစပ်ထားသည့် Army TIGER+ စစ်ရေး လေ့ကျင့်မှုကို အောက်တိုဘာ ၁၄ ရက်က ယန်ဖြောင် (Yangpyeong) စစ်ရေး လေ့ကျင့်ရေးကွင်း၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း Korea Times မှ ဖော်ပြခဲ့သည်။ စစ်ဆင်ရေး သရုပ်ပြပုံစံဖြင့် ပြုလုပ်ခဲ့သည့် ထိုစစ်ရေး လေ့ကျင့်မှုတွင် အနာဂတ် စစ်မြေပြင်၌ နည်းပညာမြင့် ကင်းထောက်လှမ်းခြင်း၊ တိုက်ခိုက်ခြင်း၊ မိုင်းကွင်း ရှင်းလင်းခြင်း၊ ဒရုန်းတန်ပြန် ကာကွယ်ရေး၊ သံချပ်ကာတပ်ဖွဲ့ များ၏ စစ်ဆင်ခြင်းနှင့် ရိက္ခာ၊လက်နက် ထောက်ပံ့ခြင်း အစရှိသည့် ကဏ္ဍစုံကို လွှမ်းခြုံပြီး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ရန် ဦးကံမြင့်သန်း တိုက်တွန်း နေပြည်
+2
နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ရန် ဦးကံမြင့်သန်း တိုက်တွန်း နေပြည်တော်၊ အောက်တိုဘာ ၁၆ နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ဦးကံမြင့်သန်းက ကုန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းညှိနိုင်ရန် ဒေသအလိုက် တာဝန်ရှိသူများအနေဖြင့် လက်တွေ့ကျသည့် ဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်ကြရန်နှင့် ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် လိုအပ်ချက်အပေါ်မူတည်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။ ထို့ပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ သတ်မှတ်ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်ရန်၊ ပြည်ပမှ စားသုံးဆီတင်သွင်းနေရမှု လျှော့ချနိုင်ရေး ကြိုးပမ်းရန်လည်း ပြောကြားခဲ့သည်။

တာချီလိတ်တွင် ကျပ် ၇ ဒသမ ၈၄၅ ဘီလီယံတန်ဖိုးရှိ ကက်တမင်းအဆီရည်အပါအဝင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်၊ အောက်တိုဘာ ၁၆ ရှမ
တာချီလိတ်တွင် ကျပ် ၇ ဒသမ ၈၄၅ ဘီလီယံတန်ဖိုးရှိ ကက်တမင်းအဆီရည်အပါအဝင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်၊ အောက်တိုဘာ ၁၆ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ဒေသကာလတန်ဖိုး ကျပ် ၇ ဒသမ ၈၄၅ ဘီလီယံတန်ဖိုးရှိ ကက်တမင်းအဆီရည်အပါအဝင် စိတ်ပြောင်းဆေးဝါးများကို အောက်တိုဘာ ၁၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ စိုင်းငင်း(ခ)အိုက်အေးနှင့် မနန်းစံဖောင်းတို့၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ကက်တမင်းအဆီရည် ၂၆ ဒသမ ၁၅ လီတာ၊ စိတ်ကြွဆေးပြား ၂၀၀ ပြား၊ ကက်တမင်းအမှုန့် ၃၀ ဂရမ်၊ အနံ့ဆေးရည် ၉ လီတာနှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိသူ စိုင်းငင်း(ခ)အိုက်အေး၊ အသက် ၃၁ နှစ်နှင့် မနန်းစံဖောင်း၊ အသက် ၂၉ နှစ်တို့ကို တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

နောင်ချို၊ ဝေါနှင့် ရွာငံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးနှင့် Happy Water စုစုပေါင်း ကျပ်သိန်း ၄၅၈၀ တန်ဖိုး သိမ်းဆည်းရမိ 《𝙊𝘾�
နောင်ချို၊ ဝေါနှင့် ရွာငံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးနှင့် Happy Water စုစုပေါင်း ကျပ်သိန်း ၄၅၈၀ တန်ဖိုး သိမ်းဆည်းရမိ 《𝙊𝘾𝙏~𝟏𝟔》 နောင်ချို၊ ဝေါနှင့် ရွာငံမြို့နယ်တို့တွင် စိတ်ကြွဆေးပြားနှင့် စိတ်ပြောင်းဆေးဝါး Happy Water စုစုပေါင်း ကျပ်သိန်း ၄၅၈၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သုံးရက်အတွင်း ဖမ်းဆီးသိမ်းဆည်းရမိခဲ့ပြီး သယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်ပတ်သက်သူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းက နောင်ချိုမြို့နယ် မကျီးရေရွာအနီးတွင် Toyota Kluger ယာဉ်ကို ရပ်တန့်စစ်ဆေးရာ စိတ်ကြွဆေးပြား ၆၁၀,၀၀၀၊ ဒေသတန်ဖိုး ကျပ်သိန်း ၃,၀၅၀ ကို သိမ်းဆည်းရမိခဲ့ပြီး ယာဉ်မောင်း စိုင်းဆောနန္ဒာ (ခ) အိုက်ပီး၊ ယာဉ်ပေါ်ပါ စိုင်းအိုက်စောနှင့် မနန်းဆိုင်ဖောင်းတို့ကို ဖမ်းဆီးရမိခဲ့သည်။ အောက်တိုဘာ ၁၃ ရက်တွင်လည်း နောင်ချိုမြို့နယ် ပါဟတ်ရပ်ကွက်အနီး၌ ဆိုင်ကယ်တစ်စီးပေါ်မှ စိတ်ကြွဆေးပြား ၂၆,၀၀၀၊ ဒေသတန်ဖိုး ကျပ်သိန်း ၁၃၀ ကို ထပ်မံသိမ်းဆည်းရမိခဲ့။

မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ ၄၁၂ တွဲ ရောင်းချနိုင်ခဲ့၊ ယနေ့ ကျောက်စိမ်းအတွဲ ၇၅၀ ဆက်လက်ရောင်းချမည်
မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ ၄၁၂ တွဲ ရောင်းချနိုင်ခဲ့၊ ယနေ့ ကျောက်စိမ်းအတွဲ ၇၅၀ ဆက်လက်ရောင်းချမည် နေပြည်တော်၊ အောက်တိုဘာ ၁၆ ၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ဖြစ်သည့် အောက်တိုဘာ ၁၅ ရက်တွင် ကျောက်စိမ်းအတွဲ ၄၁၂ တွဲ ရောင်းချနိုင်ခဲ့ပြီး ယနေ့ ပြပွဲနဝမနေ့တွင် ကျောက်စိမ်းအတွဲ ၇၅၀ ကို ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲအဋ္ဌမနေ့တွင် အုပ်စု (အေ) နှင့် အုပ်စု (ဘီ) မှ ကျောက်စိမ်းအတွဲအမှတ် (၁၁၀၁) မှ (၁၆၀၅) အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ကျောက်စိမ်းအတွဲ ၄၁၂ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

တောင်ကြီး တန်ဆောင်တိုင်ကာလ တောင်ကြီး-ပေါမူ အပျော်စီးရထား ၄ ရက် တိုးမြှင့်ပြေးဆွဲရန် စီစဉ်နေ လာမည့် တောင်ကြီးမြို့တော် တန်ဆောင
တောင်ကြီး တန်ဆောင်တိုင်ကာလ တောင်ကြီး-ပေါမူ အပျော်စီးရထား ၄ ရက် တိုးမြှင့်ပြေးဆွဲရန် စီစဉ်နေ လာမည့် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ခရီးသွားများနှင့် ဒေသခံများ လည်ပတ်နိုင်ရန်အတွက် တောင်ကြီး-ပေါမူ အပျော်စီးရထားကို ၄ ရက်အထိ တိုးမြှင့်ပြေးဆွဲရန် စီစဉ်နေကြောင်း  သိရသည်။ အဆိုပါ တောင်ကြီး-ပေါမူ အပျော်စီးရထားမှာ ပုံမှန်အားဖြင့် တနင်္ဂနွေနေ့များတွင်သာ တစ်ပတ်လျှင် တစ်ရက် ပြေးဆွဲပေးနေခြင်းဖြစ်သည်။ ယခုနှစ် ပွဲတော်ကာလအတွင်း ယခင်နှစ်ကဲ့သို့ပင် လေးရက်အထိ တိုးမြှင့်ပြေးဆွဲနိုင်ရန် ပြေးဆွဲမည့်ရက်နှင့် အချိန်ဇယားများကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အောက်တိုဘာ ၁၅ ရက်တွင် စစ်ကိုင်းမြို့၌ အမြင့်ဆုံးအပူချိန် ၃၆.၆ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့ပြီး နိုင်ငံတစ်ဝန်း အပူချိန်အမြင့်ဆု
အောက်တိုဘာ ၁၅ ရက်တွင် စစ်ကိုင်းမြို့၌ အမြင့်ဆုံးအပူချိန် ၃၆.၆ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့ပြီး နိုင်ငံတစ်ဝန်း အပူချိန်အမြင့်ဆုံးဖြစ်ခဲ့ အောက်တိုဘာ ၁၅ ရက်က တိုင်းထွာချက်များအရ စစ်ကိုင်းမြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၃၆.၆ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့ပြီး နိုင်ငံတစ်ဝန်း အပူချိန်အမြင့်ဆုံးမြို့ဖြစ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အခြားမြို့များ၏ အမြင့်ဆုံးနေ့အပူချိန်များမှာ အောင်လံမြို့တွင် ၃၅.၆ ဒီဂရီဆဲလ်စီးယပ်စ်၊ ရန်ကုန်မြို့ (ကမ္ဘာအေး) တွင် ၃၅.၅ ဒီဂရီဆဲလ်စီးယပ်စ်၊ တပ်ကုန်းမြို့နှင့် ချောက်မြို့တို့တွင် ၃၅.၄ ဒီဂရီဆဲလ်စီးယပ်စ်စီနှင့် ကော့ကရိတ်မြို့တွင် ၃၅.၁ ဒီဂရီဆဲလ်စီးယပ်စ်တို့ ဖြစ်သည်။ ထို့ပြင် ကွမ်းခြံကုန်း၊ ညောင်ဦး၊ ရွှေကျင်၊ ဖြူး၊ ရွှေဘို၊ ဘီးလင်းနှင့် မာန်အောင်မြို့တို့တွင်လည်း အမြင့်ဆုံးနေ့အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်စ်စီ ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်နဲ့ ဧရာဝတီတိုင်းက မိန်းကလေး ၂ ဦးကို တရုတ်မယားအဖြစ်ရောင်းစားဖို့ လုပ်တဲ့ မခိုင်သဇင်ထွန်း(ခ)မခိုင် ဆိုသူကို အလုပ်နဲ့ထော
ရန်ကုန်နဲ့ ဧရာဝတီတိုင်းက မိန်းကလေး ၂ ဦးကို တရုတ်မယားအဖြစ်ရောင်းစားဖို့ လုပ်တဲ့ မခိုင်သဇင်ထွန်း(ခ)မခိုင် ဆိုသူကို အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ ‌‌ရဲတပ်ဖွဲ့ရဲ့ သတင်း‌တွေအရ သိရှိရပါတယ်။ သူဟာ တရုတ်မယားအဖြစ် ၆ လကနေ ၁ နှစ်လုပ်ပေးရင် ယွမ် ၃၀,၀၀၀(သိန်း ၂၀၀ကျော်ဝန်းကျင်) ရမှာဖြစ်သလိုလစဥ်မုန့်ဖိုးသိန်း ကျပ် သိန်း ၂၀ ကနေ ၃၀ ကြားပေးမယ်လို့ TikTok ကနေ မက်လုံးပေး ခေါ်ယူခဲ့တာလို့ ဆိုပါတယ်။

သဘောတူညီချက်(၄၃)ချက်၊ ပြည်ထောင်စုသဘော တူညီချက်အပိုင်း ၁ ၊ ၂ နှင့် ၃ တို့အား လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မ
သဘောတူညီချက်(၄၃)ချက်၊ ပြည်ထောင်စုသဘော တူညီချက်အပိုင်း ၁ ၊ ၂ နှင့် ၃ တို့အား လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ပြော သဘောတူညီချက်(၄၃)ချက်၊ ပြည်ထောင်စုသဘော တူညီချက်အပိုင်း ၁ ၊ ၂ နှင့် ၃ တို့အား လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ နိုင်ငံတော်သမ္မတထံ NCA (၁၁)နှစ်မြောက် နှစ်ပတ် လည်နေ့အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခဲ့သည့် NCA လက်မှတ်ရေးထိုးရာတွင်ပါဝင်ခဲ့သော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များက အောက်တိုဘာ ၁၅ ရက်မွန်းလွဲပိုင်းတွင်လာရောက်ဂါရဝပြုတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပေါင်မြို့နယ် ဇင်းကျိုက်မြို့နှင့် ကျေးရွာတချို့ရှိ မိုးစပါးစိုက်ကွင်းများ ဆစ်ပိုးကျရောက်မှုများရှိ မွန်ပြည်နယ် ပေါင်မြို့နယ်
ပေါင်မြို့နယ် ဇင်းကျိုက်မြို့နှင့် ကျေးရွာတချို့ရှိ မိုးစပါးစိုက်ကွင်းများ ဆစ်ပိုးကျရောက်မှုများရှိ မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့နှင့်ကျေးရွာတချို့တွင် မိုးစပါးစိုက်ကွင်းများ ဆစ်ပိုး (Stem Bore) ကျရောက်မှုများရှိနေပြီး ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စပါးခင်းများသို့ ကွင်းဆင်းစစ်ဆေးမှု များလုပ်ဆောင်ခဲ့ကာ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန် အကြံပြုလမ်းညွှန်မှုပေးခဲ့ကြောင်း သိရသည်။ ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ဇင်းကျိုက်ရပ်ကွက် အမှိုက်ကန်လမ်းတစ်လျှေက်၊ ပန်းကုန်းကျေးရွာအတွင်းရှိ လယ်ကွင်းများ၌ ဆစ်ပိုးများကျရောက်နေကြောင်း ဒေသခံစပါးစိုက်တောင်သူတစ်ဦးက ပြောကြားသည်။

အမေရိကန်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမား အပါအဝင် ငါးဦးသေဆုံး အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ
အမေရိကန်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမား အပါအဝင် ငါးဦးသေဆုံး အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ် ဘန်းဒ်မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် အောက်တိုဘာ ၁၅ ရက်က အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး၏ ပစ်ခတ်မှုကြောင့် ကလေးသုံးဦးနှင့် ဆရာတစ်ဦး သေဆုံးခဲ့ပြီး သေနတ်သမားကို အရပ်သားတစ်ဦးက ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာ-ဗီယက်နမ် လွှတ်တော်ချင်းဆက်ဆံရေးကို အဆင့်ဆင့်တိုးမြှင့်ဆောင်ရွက်လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား 𝙊𝘾𝙏~𝟏6
မြန်မာ-ဗီယက်နမ် လွှတ်တော်ချင်းဆက်ဆံရေးကို အဆင့်ဆင့်တိုးမြှင့်ဆောင်ရွက်လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား 𝙊𝘾𝙏~𝟏6 မြန်မာ-ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များအကြား ဆက်ဆံရေးကို အဆင့်ဆင့်မြှင့်တင်သွားလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။

Source: Telegram (@popularjournal) ဓာတ်ဆီဈေး ဆက်လက်မြင့်တက်နေသော်လည်း ဒီဇယ်တစ်လီတာ ၉၅ ကျပ် ပြန်ကျ ရန်ကုန်၊ အောက်တိုဘာ ၁၆ ပြည်
Source: Telegram (@popularjournal) ဓာတ်ဆီဈေး ဆက်လက်မြင့်တက်နေသော်လည်း ဒီဇယ်တစ်လီတာ ၉၅ ကျပ် ပြန်ကျ ရန်ကုန်၊ အောက်တိုဘာ ၁၆ ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ယခုတစ်ပတ်အတွင်း ဓာတ်ဆီဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့သော်လည်း ဒီဇယ်တစ်လီတာလျှင် ၉၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၃၅ ကျပ် ပြန်လည်ကျဆင်းခဲ့ကြောင်း အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအရ သိရသည်။

မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ ဟဂျ်ဘုရားဖူးခရီးစဉ် အဆင်ပြေစေရေး ဆောင်ရွက်ပေးနေဟုဆို 𝙊𝘾𝙏~16 မြန်မာနိုင်ငံတွင် မှီတင်းန
မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ ဟဂျ်ဘုရားဖူးခရီးစဉ် အဆင်ပြေစေရေး ဆောင်ရွက်ပေးနေဟုဆို 𝙊𝘾𝙏~16 မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် အစ္စလာမ်ဘာသာဝင်များ ဆော်ဒီအာရေဗျနိုင်ငံသို့ ဟဂျ်ဘုရားဖူးခရီးစဉ် သွားရောက်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M. Alhowishan နှင့် အောက်တိုဘာ ၁၅ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

UN ကစွန့်စားရမှာကို အရမ်းကြောက်နေပြီ" ဟု Rebeca Grynspan ပြော ++++++++++++++++++++++++++++++++ Published 16 October 2026 ■ ကု
UN ကစွန့်စားရမှာကို အရမ်းကြောက်နေပြီ" ဟု Rebeca Grynspan ပြော ++++++++++++++++++++++++++++++++ Published 16 October 2026 ■ ကုလသမဂ္ဂ (UN) ဟာ စွန့်စားရမှာကို အရမ်းကြောက်နေပြီး နောက်ထပ်တက်လာမယ့် ခေါင်းဆောင်ဟာ သံတမန်ရေးရာ ကျရှုံးမှု ဒဏ်တွေကို ခံယူရဲရမယ်၊ ပြီးရင် ထပ်ခါထပ်ခါ ကြိုးစားရဲရမယ်လို့ UN အကြီးအကဲနေရာအတွက် ရေပန်းစားနေသူ Rebeca Grynspan က ကြာသပတေးနေ့မှာ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Miss Asia Global 2026 အလှမယ်ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအနေနဲ့ အလှမယ် Tiara Zun Wai ဝင်ရောက်ယ
မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Miss Asia Global  2026 အလှမယ်ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအနေနဲ့ အလှမယ် Tiara Zun Wai ဝင်ရောက်ယှဉ်ပြိုင်မယ် မလေးရှားနိုင်ငံ ပီနန်းမြိုမှာ ကျင်းပမယ့်  Miss Asia Global 2026 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ဖို အလှမယ် Tiara Zun Wai က  အောက်တိုဘာ ၁၅ ရက်နေ့လယ်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာခဲ့ပါတယ်။

ဂျာမနီလေဆိပ်တွင် နိုင်ငံခြားသားတစ်ဦး၏ ခရီးဆောင်အိတ်အတွင်း မြွေနှင့်အိမ်မြှောင် အကောင် ၉၀ ခန့် ဝှက်သယ်လာသည်ကို တွေ့ရှိ ဂျာမနီလ
ဂျာမနီလေဆိပ်တွင် နိုင်ငံခြားသားတစ်ဦး၏ ခရီးဆောင်အိတ်အတွင်း မြွေနှင့်အိမ်မြှောင် အကောင် ၉၀ ခန့် ဝှက်သယ်လာသည်ကို တွေ့ရှိ ဂျာမနီလေဆိပ်တစ်ခုတွင် မက္ကဆီကိုနိုင်ငံမှ ရောက်ရှိလာသည့် ခရီးသည်တစ်ဦး၏ ခရီးဆောင်အိတ်အတွင်း အဆိပ်ရှိမြွေ ၃၇ ကောင်နှင့် အိမ်မြှောင် ၅၅ ကောင် စုစုပေါင်း တွားသွားသတ္တဝါ ၉၂ ကောင် ဝှက်သယ်လာသည်ကို တွေ့ခဲ့ရကြောင်း ဂျာမနီအကောက်ခွန်တာဝန်ရှိသူများက အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနှင့် အိန္ဒိယအစိုးရတို့အကြား QIP စီမံချက် MoU ၅ စောင် လက်မှတ်ရေးထိုး မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အ
မြန်မာနှင့် အိန္ဒိယအစိုးရတို့အကြား QIP စီမံချက် MoU ၅ စောင် လက်မှတ်ရေးထိုး မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် "မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (QIP)" နားလည်မှုစာချွန်လွှာ (MoU) ၅ စောင် လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည်။

ပျံသန်းနိုင်တဲ့ Roadster မော်တော်ယာဉ်အသစ် Tesla မိတ်ဆက် လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာ ပျံသန်းနိုင်တဲ့ Roadster မော်တော်ယာဉ်အသစ်ကို မိတ်ဆက်ပြသလိုက်ပြီး၊ ကားကို ဇောက်ထိုးမောင်းနှင်ပြခြင်း၊ တံတားစောင်းပြား (ramp) ကနေ ခုန်ထွက်ပြီး ခဏတာ ပျံသန်းပြခြင်းတိုပါဝင်တဲ့ သရုပ်ပြပွဲကို ပြုလုပ်ခဲ့ပါတယ်။ Tesla ရဲ့ ဖော်ပြချက်အရ ဖိသိပ်ထားတဲ့ လေတွန်းကန်အားကို အသုံးပြုထားတဲ့ ဒီကားဟာ ကမ္ဘာ့အမြန်ဆုံး ထုတ်လုပ်ရေးကား ဖြစ်လာစေမယ်လို ဆိုပါတယ်။ ခုံနှစ်လုံးပါတဲ့ Roadster မော်ဒယ်ဟာ half-pipe ပုံစံ စောင်းပြားပေါ်ကို မောင်းနှင်တက်သွားပြီး အပေါ်ဘက်ကနေ ခုန်ထွက်ခဲ့ကာ၊ တိုက်ရိုက်ထုတ်လွှင့်တဲ့ပွဲအတွင်း မြေပြင်ပေါ်ကို မဆင်းသက်ခင် လေထဲမှာ စက္ကန့်အနည်းငယ်မျှ ကြာအောင် ဆက်ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ပြားချပ်တဲ့မြေပြင်ပေါ်မှာ အရှိန်မြှင့်တင်ပြီးနောက် မြေပြင်ကနေလည်း လေထဲကို တက်သွားခဲ့ပြီး ရပ်ထားတဲ့ ကားတန်းကြီးတစ်ခုပေါ်ကို ကျော်လွန်ပျံသန်းပြခဲ့သလို၊ ရပ်တန့်နေတဲ့ အနေအထားကနေလည်း လေထဲကို ထွက်ပေါ်ပျံသန်းပြခဲ့ပါတယ်။ ကားအောက်ခြေနဲ့ နောက်ပိုင်းမှာ တပ်ဆင်ထားတဲ့ တွန်းကန်အားပေးစက်တွေက ကားကို လေထဲကို တွန်းတင်ပေးခဲ့ပြီး မြေပြင်ပေါ်ကို ဆင်းသက်ရာမှာလည်း ညင်သာစေခဲ့ပါတယ်။ဒီကားကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ် (Elon Musk) ဦးဆောင်တဲ့ Tesla နဲ့ SpaceX ကုမ္ပဏီနှစ်ခုစလုံးက ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး၊ ဒုတိယမျိုးဆက် Roadster ကို "ကမ္ဘာ့အကောင်းဆုံး ကားကုမ္ပဏီနဲ့ ကမ္ဘာ့အကောင်းဆုံး ဒုံးပျံကုမ္ပဏီတို ပူးပေါင်းဖန်တီးမှုတစ်ခု" လို အီလွန်မတ်စ်က ဖွဲဆိုခဲ့ပါတယ်။