fa
Feedback
ဇတ်ကားမြို့တော်

ဇတ်ကားမြို့တော်

رفتن به کانال در Telegram

မြန်မာစာတန်းထိုးများ

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
303
مشترکین
-424 ساعت
+17 روز
+130 روز
آرشیو پست ها
Repost from N/a
A*ll Wi*sh*es Co*me Tr*ue (2026) ဇာတ်လမ်းအကျဉ်း မတူညီတဲ့ စွမ်းအားနဲ့ နောက်ခံသမိုင်းကြောင်းအသီးသီးရှိကြတဲ့ နတ်သူတော်စင် ၈ ပါဟာ
A*ll Wi*sh*es Co*me Tr*ue (2026) ဇာတ်လမ်းအကျဉ်း မတူညီတဲ့ စွမ်းအားနဲ့ နောက်ခံသမိုင်းကြောင်းအသီးသီးရှိကြတဲ့ နတ်သူတော်စင် ၈ ပါဟာ မဟာပင်လယ်ကြီးကို ဖြတ်သန်းပြီး စွန့်စားခန်းထွက်ကြရပါတယ်။ ခရီးစဉ်အတွင်းမှာ မိစ္ဆာအန္တရာယ်များ၊ သဘာဝလွန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြရပြီး မိမိတို့ရဲ့ ကိုယ်ပိုင် အစွမ်းထက် တန်ခိုးပြိုင်ပစ္စည်း တွေကို အသုံးပြုကာ ညီညွတ်စွာ တိုက်ခိုက်ရင်း ဆုတောင်းများ ပြည့်ဝစေဖို့ ကြိုးပမ်းကြရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။

Repost from N/a
G.u.m.ra.a.h (2023)

Repost from N/a
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ မှုခင်းကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် "Gumraah"ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးပဲဖြစ်ပါ
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ မှုခင်းကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် "Gumraah"ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအစမှာဆိုရင် ရဲအရာရှိတွေကအာကတ်ရှ်ဆာဒါနာဆိုတဲ့ လူငယ်တစ်ယောက်အသတ်ခံရတာကို စုံစမ်းစစ်ဆေးနေတာနဲ့ စတင်ထားပါတယ် ရဲတပ်ဖွဲ့တွေဟာ အခင်းနေရာနဲ့ မျက်မြင်သက်သေတွေကို စုံစမ်းပြီးတဲ့နောက်မှာ သေဆုံးသူအာကတ်ရှ်ရဲ့နေအိမ်ဝရံတာမှာ အာဂျွန်ဆေဂယ်ရှိနေတာကို ‌တွေ့ရှိရတဲ့အတွက် အာဂျွန့်ကိုတရားခံအဖြစ်ဖမ်းဆီးလိုက်ပါတယ် ဒါပေမယ့် တရားခံဖမ်းမိပြီးအမှုပိတ်တော့မယ့်အချိန်မှာပဲ အာဂျွန်ဆေဂယ်နဲ့ တစ်ထေရာတည်းတူတဲ့နောက်ထပ် ဆိုရာ့ဂ်ျရာနာဆိုတဲ့သူကို ထပ်ပြီးဖမ်းမိခဲ့ပါတော့တယ် ဒီလုံးဝကိုချွတ်စွတ်တူနေတဲ့လူနှစ်ယောက်ထဲမှာ ဘယ်သူကတရားခံအစစ်ဖြစ်မလဲဆိုတာကို ရဲအရာရှိတွေခေါင်းစားရတော့တာပေါ့... ကဲ...ရုပ်ချင်းခွဲမရအောင်တူနေတဲ့ အာဂျွန်နဲ့ဆိုရာ့ဂ်ျတို့ရဲ့ပတ်သက်မှုက ဘယ်လိုများဖြစ်မလဲ၊ လူသတ်မှုရဲ့ တရားခံအစစ်ကရော ဘယ်သူဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် #Credit

Repost from N/a
Sanak (2021)

Repost from N/a
Sanak (2021) ဗီရွဒ်၊ နီဟား ဇာတ်လမ်းက ဆေးရုံတစ်ရုံမှာ အဓိကအခြေခံထားပါတယ်။ အကြမ်းဖက်သမားတွေက ဆေးရုံကို ဝင်ရောက်စီးနင်းပြီး လူတွ
Sanak (2021) ဗီရွဒ်၊ နီဟား ဇာတ်လမ်းက ဆေးရုံတစ်ရုံမှာ အဓိကအခြေခံထားပါတယ်။ အကြမ်းဖက်သမားတွေက ဆေးရုံကို ဝင်ရောက်စီးနင်းပြီး လူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားချိန်မှာ၊ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီဗန် (Vivaan) ဟာ အဲဒီဆေးရုံထဲမှာ ပိတ်မိနေတဲ့ သူ့ရဲ့ဇနီးသည်နဲ့ တခြားသူတွေကို ကယ်တင်ဖို့ အပြင်ကရဲတွေရဲ့ အကူအညီမပါဘဲ တစ်ယောက်တည်း အသက်စွန့်ပြီး ဘယ်လိုပြန်လည်တိုက်ခိုက်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားပါ။ ဟောလိဝုဒ်က Die Hard ဇာတ်ကားစတိုင်မျိုး ဆေးရုံထဲမှာ အကြမ်းဖက်သမားတွေနဲ့ တစ်ယောက်တည်း ချတဲ့ကားမျိုးပါပဲ။ ​ အိန္ဒိယ အက်ရှင်မင်းသား Vidyut Jammwal က ခေါင်းဆောင်ပါဝင်ထားပြီး Rukmini Maitra၊ Neha Dhupia နဲ့ Chandan Roy Sanyal တို့လည်း ပါဝင်ထားပါတယ်။

Repost from N/a
The Descent လို ဂူထဲက ပိတ်လှောင်မှုမျိုးခံစားရမယ့် ငါးမန်းရုပ်ရှင်အသစ် T*h*e D*e*v*i*l's M*o*u*t*h (2026)

Repost from N/a
The Descent လို ဂူထဲက ပိတ်လှောင်မှုမျိုးခံစားရမယ့် ငါးမန်းရုပ်ရှင်အသစ် T*h*e D*e*v*i*l's M*o*u*t*h (2026) ဇူလိုင်လ ၂၉ ရက်နေ့မ
The Descent လို ဂူထဲက ပိတ်လှောင်မှုမျိုးခံစားရမယ့် ငါးမန်းရုပ်ရှင်အသစ် T*h*e D*e*v*i*l's M*o*u*t*h (2026) ဇူလိုင်လ ၂၉ ရက်နေ့မှာ Amazon Prime Video ကနေ ထွက်ရှိလာတဲ့ Survival Thriller / Shark Horror ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Jeff Wadlow ရိုက်ကူးထားပြီး Kathryn Newton, Lana Condor, Gavin Casalegno နဲ့ Nico Hiraga တို့လို လူငယ်သရုပ်ဆောင်တွေ အဓိက ပါဝင်ထားပါတယ်။ ကျောင်းပြီးလို့ လူငယ်ဘဝကနေ လူကြီးဘဝကို မကူးပြောင်းခင် နောက်ဆုံးအမှတ်တရ ခရီးစဉ်အဖြစ် ကောလိပ်သူငယ်ချင်း ၅ ယောက် ထိုင်းနိုင်ငံကို ထွက်လာခဲ့ကြပါတယ်။ အဓိကဇာတ်ဆောင်မလေး Sara (Kathryn Newton) က ဆုံးပါးသွားပြီဖြစ်တဲ့ သူမရဲ့အဖေ ငယ်ငယ်က ရောက်ခဲ့ဖူးတဲ့ ထိုင်းကမ်းရိုးတန်းက မိစ္ဆာခံတွင်း လို့ခေါ်တဲ့ ရေမြုပ်ဂူကြီးထဲကို သူငယ်ချင်းတွေနဲ့အတူ ရေငုပ်လည်ပတ်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။ ဒါပေမဲ့ ပျော်စရာခရီးစဉ်ကနေ ရေအောက်ဂူထဲမှာ ပိတ်မိသွားတဲ့အခါ ငရဲခန်းစတင်ပါတော့တယ်။ ပိုဆိုးတာက ဂူထဲမှာ လတ်ဆတ်တဲ့ရေချိုနဲ့ ရေငန်နှစ်မျိုးလုံးမှာ ကျင်လည်နိုင်ပြီး အလွန်သောင်းကျန်း ကြမ်းတမ်းတဲ့ Bull Shark (ကျွဲငါးမန်း) တစ်ကောင်နဲ့ သွားတိုးမိတာပါပဲ။ အမှောင်ထုထဲမှာ အောက်ဆီဂျင်ကလည်း ကုန်လာ၊ အပြင်ထွက်ပေါက်ကလည်း ပျောက်၊ ဘေးကလည်း ငါးမန်းက အချိန်မရွေး ကိုက်သတ်ဖို့ ချောင်းနေတဲ့အခါ သူတို့အုပ်စုကြားမှာ ကြောက်ရွံ့မှုတွေ စတင်စိမ့်ဝင်လာပါတယ်။ ဘဝဆက်ရှင်သန်ဖို့ ရုန်းကန်ရင်း သူငယ်ချင်းအချင်းချင်းကြားက အရင်က ဖုံးဖိထားခဲ့တဲ့ ပြဿနာတွေ၊ မလိုမုန်းတီးမှုတွေပါ ပေါက်ကွဲထွက်လာပြီး အသက်ရှင်ကျန်ရစ်ဖို့ အသည်းအသန် ကြိုးစားကြရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ပုံမှန် ငါးမန်းကားတွေလို ငါးမန်းကိုပဲ အဓိကမထားဘဲ သူငယ်ချင်းတွေကြားက Toxic ဖြစ်နေတဲ့ ဆက်ဆံရေးနဲ့ စိတ္တဇဆန်ဆန် ဖိအားတွေကိုပါ သေချာပုံဖော်ထားတာ တွေ့ရပါတယ်။  ရေအောက်ဂူထဲ ပိတ်မိနေတဲ့ Claustrophobic (နေရာကျဉ်း ကြောက်စိတ်) ခံစားချက်နဲ့ ငါးမန်းရန်ကို ပါပေါင်းလိုက်တော့ ကြည့်ရှုသူတွေကို တောက်လျှောက် ရင်ဖိုစေမှာပါ။ ကြောက်လိုက်ကြပါဦး။

Repost from N/a
Raju Gari Gadhi 2 (2017)

Repost from N/a
Raju Gari Gadhi 2 (2017) ___ ကောလိပ် ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်တဲ့ အက်ရ်ှဝင်း ကီရှောနဲ့ ပရာဗင်းတို့သုံးယောက်ဟာ အပန်းဖြေဟေ
Raju Gari Gadhi 2 (2017) ___ ကောလိပ် ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်တဲ့ အက်ရ်ှဝင်း ကီရှောနဲ့ ပရာဗင်းတို့သုံးယောက်ဟာ အပန်းဖြေဟော်တယ်၊တည်းခိုခန်း လုပ်ငန်းကို အတူလုပ်ကိုင်ကြတယ်။ အစပိုင်းမှာ ချောမွေ့နေပေမယ့် သူတို့ပိုင်ဆိုင်တဲ့ အပန်းဖြေစခန်းမှာ သဘယဝ နယ်လွန် ဖြစ်ရပ်ဆန်းတွေ ဖြစ်လာတယ်။ သိပ္ပံနည်းကျ အဖြေရှာမရတဲ့ ကိစ္စတွေမို့ အနီးအနား ချက်ကျောင်းက ဖာသာကို ခေါ်ပြီး အပန်းဖြေစခန်းမှာ ခိုကပ်နေတဲ့ အမှောင့်ပယောဂတွေကို ဖယ်ရှားစေပါတယ်။ ဖာသာလည်း မနိုင်တော့ ပယောဂဆရာလည်းဖြစ်၊ စိတ်ရောဂါကုဆရာဝန်လည်းဖြစ်တဲ့ ရူဒရာ့ကို ခေါ်ပြီး အဲ့ဒီအိမ်မှာ ခိုကပ်နေတဲ့ ပယောဂကို ရှင်းခိုင်းပါတယ်။ ရူဒရာဆိုတာက ဝိညာဉ်တွေကို ခေါ်ပြီး ဆက်သွယ် စကားပြောဆိုနိုင်တဲ့ အစွမ်းရှိရုံတင်မက မုသားဖော်ပေးတဲ့သူအဖြစ် ရဲဌာနကိုပါ အကျိုးပြုနေတဲ့သူပါ။ တကယ့် အဖြေကို ရှာလိုက်တော့ အပန်းဖြေစခန်းမှာ အမ်ရူသာဆိုတဲ့ ဝိညာဉ်ချောချောလေး ရှိနေတာပါ။ သူသေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကို သိချင်နေတဲ့ အမ်ရူသာ့ကို ရူဒရာ ကူညီဖို့ ဆုံးဖြတ်လိုက်တဲ့နောက်တော့. . . အမ်ရူသာဟာ ဘယ်လိုမိန်းကလေးမျိုးလဲ. . . ဘယ်လိုခါးသီးတဲ့ အတိတ်ကြောင့် သေဆုံးသွားခဲ့ပြီး အပန်းဖြေစခန်းမှာ ခိုကိုးရာမဲ့ ကပ်တွယ်နေရတာလဲ. #Crd Joinရန်လင်​့🔽🔽 https://t.me/wwcha124 Zကားလင့်🔽🔽 https://t.me/wwcha124/388

Repost from N/a
The Teacher (2022) The Teacherဇာတ်ကားမှာတော့ အားကစားဆရာမတစ်ဦးဖြစ်တဲ့Devikaဟာ ယောကျာ်းဖြစ်သူ Sejihနဲ့အတူ ဘဝကို ငြိမ်းငြိမ်းချမ
The Teacher (2022) The Teacherဇာတ်ကားမှာတော့ အားကစားဆရာမတစ်ဦးဖြစ်တဲ့Devikaဟာ ယောကျာ်းဖြစ်သူ Sejihနဲ့အတူ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းနေသူဖြစ်တယ်။ အိမ်ထောင်သက်လေးနှစ်ကြာတာတောင် ကလေးမရတဲ့ Devikaတစ်ယောက် ရုတ်တရတ်ကြီးကိုယ်ဝန်ရှိလာခဲ့ပေမဲ့ အားကစားပြိုင်ပွဲနေ့ညနေကဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် Devikaတစ်ယောက် ကလေးကိုမွေးရ မမွေးရဝေခွဲမရဖြစ်နေခဲ့ပါတယ်။စိတ်ရှင်းသွားအောင်လို့ အားကစားပြိုင်ပွဲနေ့ညနေက အကြောင်းကို Devikaတစ်ယောက် စုံစမ်းခဲ့တဲ့အချိန်မှာတော့ ကျောင်းသားတစ်ဖွဲ့က သူမကိုဆေးခတ်ကာ အဓမ္မကျင့်ခဲ့ကြောင်းကို Devikaတစ်ယောက်သိသွားခဲ့ရပါတယ်။Devikaတစ်ယောက် ကလေးကိုဖျက်ချဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်မှာတော့ ယောကျာ်းဖြစ်သူ Sejihက ကိုယ်ဝန်အကြောင်းကို သိသွားခဲ့ပါတယ်။ အဓမ္မကျင့်ခံရရင် နစ်နာသူကို အပြစ်တင်တဲ့လူပတ်ဝန်းကျင်ကြောင့် ရဲတိုင်ဖို့လဲ မလုပ်နိုင်တဲ့အပြင် ယောကျာ်းဖြစ်သူကိုပါ မပြောပြနိုင်ခဲ့တာကြောင့် Devikaတစ်ယောက် ဒီကျောင်းသားအဖွဲ့ကို ဘယ်လိုလက်တုံပြန်မလဲဆိုတာကို ကြည့်ရှုကြပါအုံး။ Joinရန်လင့်🔽🔽 https://t.me/wwcha124 Zကားလင့်🔽🔽 https://t.me/wwcha124/380    Credit.

Repost from N/a
𝗕𝗮𝘀𝘁𝗮𝗿 𝗧𝗵𝗲 𝗡𝗮𝘅𝗮𝗹 𝗦𝘁𝗼𝗿𝘆 (𝟮𝟬𝟮𝟰)

Repost from N/a
Bastar: The Naxal Story (2024) ========================= IMDB - 6.3/10 ဇာတ်လမ်းကတော့..... အိန္ဒိယနိုင်ငံ ချဟာတစ်ဂါ (Chhattisg
Bastar: The Naxal Story (2024) ========================= IMDB - 6.3/10 ဇာတ်လမ်းကတော့..... အိန္ဒိယနိုင်ငံ ချဟာတစ်ဂါ (Chhattisgarh) ပြည်နယ်၊ ဘတ်စတာ (Bastar) ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မာအိုဝါဒီ (Naxalite) သူပုန်တွေရဲ့ အကြမ်းဖက်မှု ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ နိုင်ငံရေး အက်ရှင် ဒရာမာ ဇာတ်ကားကြီး ဖြစ်ပါတယ်။ နာမည်ကြီး "The Kerala Story" ဇာတ်ကားကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာနဲ့ အဖွဲ့ကပဲ ဆက်လက်ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ သတ္တိခဲ ရဲအရာရှိမကြီး နီရာဂျာ မာဒဗန် (Adah Sharma) ဟာ ဘတ်စတာ ဒေသက ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ Naxal သူပုန်တွေကို အမြစ်ပြတ် နှိမ်နင်းဖို့ တာဝန်ပေးခံရပါတယ်။ သူပုန်တွေဟာ အပြစ်မဲ့ ရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေကြပြီး၊ နိုင်ငံရေးသမားတချို့နဲ့ အတုအယောင် လူ့အခွင့်အရေး လှုပ်ရှားသူတချို့ကလည်း သူပုန်တွေကို ကွယ်ရာကနေ ထောက်ပံ့ပေးနေကြပါတယ်။ ဒီလို ရှုပ်ထွေးလှတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ၊ သစ္စာဖောက်မှုတွေနဲ့ အင်အားကြီးမားတဲ့ ရန်သူတွေကြားထဲကနေ နီရာဂျာ တစ်ယောက် သူမရဲ့ တပ်ဖွဲ့ဝင်တွေနဲ့အတူ ရက်စက်တဲ့ သူပုန်တွေကို တောတွင်းစစ်ဆင်ရေးမှာ ဘယ်လို အသက်စွန့် တိုက်ခိုက်နှိမ်နင်းသွားမလဲ ဆိုတာကို အကြမ်းစား ရိုက်ကူးထားတာပါ။ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေး ပြဿနာတွေကို အရှိကိုအရှိအတိုင်း ပီပြင်စွာ ဖော်ပြထားပြီး၊ အက်ရှင် ဇာတ်ကွက်တွေနဲ့ သွေးထွက်သံယို မြင်ကွင်းတွေကို အသည်းယားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ Joinရန်လင့်🔽🔽 https://t.me/wwcha124 Zကားလင့်🔽🔽 https://t.me/wwcha124/373

Repost from N/a
Kung Fu Soccer (2026) မစောင့်နိုင်လို့ကြိုကြည့်ချင်ကြတဲ့သူတွေအတွက် ဦးစွာ HDTC Version ကိုအရင်ဆုံးတင်ဆက်လိုက်ပါတယ်..အရသာပြည့်ပ
Kung Fu Soccer (2026) မစောင့်နိုင်လို့ကြိုကြည့်ချင်ကြတဲ့သူတွေအတွက် ဦးစွာ HDTC Version ကိုအရင်ဆုံးတင်ဆက်လိုက်ပါတယ်..အရသာပြည့်ပြည့်ဝဝခံစားချင်ရင်တော့ Digital Release သာ စောင့်ကြပါလို့ အကြံပေးလိုက်ပါတယ် ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်လွှားမှာ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ ဂန္ထဝင်ဟာသဇာတ်ကားကြီး "Shaolin Soccer" ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုဆိုရင်တော့ ဆယ်စုနှစ် နှစ်ခုကျော်အကြာမှာ ဟာသဘုရင်ကြီး စတီဖင်ချောင် (Stephen Chow) ကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ "Shaolin Women's Soccer" (သို့မဟုတ်) "Kung Fu Soccer" (功夫女足) ဆိုတဲ့ အသစ်စက်စက် ၂၀၂၆ ထွက် ဇာတ်ကားကြီးနဲ့အတူ ပရိသတ်တွေရှေ့ကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပါပြီ။ ဒီကားမှာတော့ နာမည်ကြီး တရုတ်မင်းသမီးချောလေး Dilraba Dilmurat ၊ Zhang Xiaofei နဲ့ နာမည်ကျော် အဆိုတော်/မင်းသား Lay Zhang တို့က အဓိကပါဝင်အားဖြည့်ထားပြီး Stephen Chow ရဲ့ နာမည်ကျော် အငွေ့အသက်တွေနဲ့အတူ အားရပါးရ ရယ်မောရမယ့် Sports Comedy ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ "Emei" (အော်မေ့) လို့ခေါ်တဲ့ အမျိုးသမီး ဘောလုံးအသင်းလေးရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီအသင်းဟာ အစပိုင်းမှာတော့ ဘယ်သူကမှ အထင်မကြီးတဲ့၊ ပျမ်းမျှအသက် ၃၀ ကျော်အရွယ် အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းလေးတစ်ခုပေါ့။ ဒါပေမဲ့ သူတို့တွေဟာ "Supreme Invincible Cup" ဆိုတဲ့ အကြီးမားဆုံး ဘောလုံးပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့... ရိုးရိုးဘောလုံးကန်တာမျိုးမဟုတ်ဘဲ တရုတ်ရိုးရာ သိုင်းပညာ (Kung Fu) တွေကို ဘောလုံးကစားကွက်တွေထဲမှာ ထည့်သွင်းအသုံးပြုလာကြပါတော့တယ်။ပြိုင်ပွဲတစ်လျှောက်မှာ သူတို့အသင်းလေးဟာ သိုင်းပညာနဲ့ ဘောလုံးပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ စွမ်းရည်တွေကြောင့် အောင်ပွဲတွေ ဆက်တိုက်ရလာခဲ့ပေမဲ့၊ မထင်မှတ်ထားတဲ့ အတွင်းလူရဲ့ သစ္စာဖောက်မှုကြောင့် အကြီးအကျယ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီလို အခက်အခဲတွေ၊ အကြပ်အတည်းတွေကြားထဲကနေ Emei အမျိုးသမီး ဘောလုံးအသင်းလေး ဘယ်လို ပြန်လည်ထလာမလဲ၊ ပြိုင်ဘက်တွေကို သိုင်းကွက်ဆန်းတွေနဲ့ ဘယ်လို အကြိတ်အနယ် ယှဉ်ပြိုင်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ အရင် Shaolin Soccer ရဲ့ အငွေ့အသက်တွေကို အပြည့်အဝ ပြန်လည်ခံစားရစေမယ့်အပြင်၊ Stephen Chow ရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ အဓိပ္ပါယ်မဲ့ ဟာသ (Nonsense Comedy) တွေ၊ အမိုက်စား CGI အထူးပြုလုပ်ချက်တွေနဲ့ သိုင်းကွက်ဆန်းတွေကို ခေတ်မီမီ မြင်တွေ့ရမှာပါ။ ဒါ့အပြင် Carina Lau နဲ့ ဂျပန်မင်းသား Takeru Satoh တို့လို နာမည်ကြီး သရုပ်ဆောင်တွေကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားသေးတာမို့ အရင် Shaolin Soccer ကို သဘောကျခဲ့တဲ့ ပရိသတ်တွေရော၊ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ချင်တဲ့ ပရိသတ်တွေပါ လုံးဝ (လုံးဝ) လက်မလွတ်သင့်တဲ့ ဇာတ်ကားကြီးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/wwcha124/364

Repost from N/a
အရိပ်မဲ့အမှောင်ည (血夜行) Crimson Shadows 2026 Movie ဇာတ်လမ်းအကျဉ်း 📝 မင်ကော်ခေတ်ကာလ အမျိုးသမီး ရဲစုံထောက် Yun Man ဟာ သူမရဲ့ နယ
အရိပ်မဲ့အမှောင်ည (血夜行) Crimson Shadows 2026 Movie ဇာတ်လမ်းအကျဉ်း 📝 မင်ကော်ခေတ်ကာလ အမျိုးသမီး ရဲစုံထောက် Yun Man ဟာ သူမရဲ့ နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ ထူးဆန်းဆန်းပြားလှတဲ့ လူသတ်မှုကြီး နှစ်ခုကို စုံစမ်းဖို့အတွက် ဆွေမျိုးမိတ်ဆွေဆီ လာရောက်လည်ပတ်ဟန်ဆောင်ကာ ရှန်ရှီဒေသရဲ့ Wutong ကျေးရွာဆီကို လျှို့ဝှက်စွာ ရောက်ရှိလာခဲ့ပါတယ် ညဉ့်နက်သန်းခေါင် တောင်တက်လမ်းမှာ လျှို့ဝှက်စက္ကူလှေတွေ အလောင်းနှင်သူတွေနဲ့ ကြုံတွေ့ခဲ့ရပြီး လမ်းခုလတ်မှာ Kui Ye နဲ့ တွေ့ဆုံကာ အချင်းချင်း စည်းကမ်းချက် ၃ ချက် ထားရှိပြီး ခရီးဆက်ခဲ့ကြပါတယ် ကျေးရွာထဲ ရောက်ရှိချိန်မှာတော့ ရွာသူရွာသားတွေရဲ့ ထူးဆန်းလှတဲ့ အပြုအမူတွေ ဘိုးဘေးဘုရားကျောင်းမှာ တည်းခိုဖို့ ဖိတ်ခေါ်တဲ့ ရွာသား An Bo ရဲ့ စကားဝှက်တွေကို သတိပြုမိခဲ့ပါတယ် အဲဒီနောက် ရွာထဲက တံငါသည် Qiao San နဲ့ အုတ်သယ်သူ Chen Si တို့ ထူးဆန်းစွာ သေဆုံးခဲ့ပြီး Qiao San ရဲ့ အလောင်းပါ ပျောက်ဆုံးသွားတာကြောင့် ရွာသူရွာသားတွေက အလောင်းတ‌စ္ဆေကလဲ့စားချေတာလို့ သံသယဝင် ကြောက်ရွံ့နေကြပါတော့တယ် Yun Man နဲ့ Kui Ye တို့ အမှုမှန်ကို သွေးအေးအကွက်ချ စုံစမ်းလိုက်ချိန်မှာတော့ ..... အတိတ်က မိန်းကလေး Ling Yu ဟာ Qiao San, Chen Si နဲ့ An Bo တို့ရဲ့ ကောက်ကျစ်လှတဲ့ နတ်ဘုရားပူဇော်ပွဲဆိုတဲ့ အကြောင်းပြချက်နဲ့ အရှင်လတ်လတ် မြေမြှုပ်သင်္ဂြိုဟ်ခြင်း ခံခဲ့ရတာကို သိလိုက်ရတဲ့အခါ..... Joinရန်လင့်🔽🔽 https://t.me/wwcha124 Zကားလင့်🔽🔽 https://t.me/wwcha124/362

နာမည်ကျော်ဗင်နီဇွဲလား ရိုးရာပုံပြင်တစ်ပုဒ်‌ဖြစ်တဲ့"El Silbón" ကိုအခြေခံရိုက်ကူးထားတဲ့ အသစ်စက်စက်သရဲကားသစ် T*h*e W*h*i*s*t*l*e
နာမည်ကျော်ဗင်နီဇွဲလား ရိုးရာပုံပြင်တစ်ပုဒ်‌ဖြစ်တဲ့"El Silbón" ကိုအခြေခံရိုက်ကူးထားတဲ့ အသစ်စက်စက်သရဲကားသစ် T*h*e W*h*i*s*t*l*e*r (2026) IMDb Rating (5.6) နစ်ကိုးလ်နဲ့ဆတ်ဘေးရှန်းတို့လင်မယားဟာ တစ်ဦးတည်းသော သမီးငယ်ကိုဆုံးရှုံးရပြီးနောက် သောကတွေမပြေသေးခင်မှာ ဆတ်ဘေးရှန်းရဲ့ဖခင် သေဆုံးမှုကြောင့် သူ့ဇာတိ ဗင်နီဇွဲလားကိုပြန်လာခဲ့ကြရပါတယ်။ သူတို့ပြန်ရောက်ချိန်မှာ ဆတ်ဘေးရှန်းရဲ့ဖခင် သေဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေပြီးခြံမွေးတိရိစ္ဆာန်တွေပျောက်ဆုံးတာ၊ နောက်ထပ်လူသေဆုံးမှုတွေပါထပ်မံပေါ်ပေါက်လာချိန်မှာတော့ သူတို့ဟာကျူးကျော်သူလို့အမည်ပေးထားတဲ့ နတ်ဘုရားမ မာရီယာလီယွန်ဇာကို ကိုးကွယ်သူတစ်စုကိုအပြစ်ပုံချခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ သူတို့မှန်းဆလို့မရအောင် ကြောက်စရာကောင်းတဲ့ ရှေးဟောင်းနာမ်လောကပုဂ္ဂိုလ်တစ်ပါးဟာ ဒီပညာတွေကိုအလွဲသုံးသူတွေရဲ့မှားယွင်းမှုကြောင့် လွတ်မြောက်လာပြီး မည်းမည်းမြင်ရာသုတ်သင်တော့မယ်ဆိုတာ အသိနောက်ကျသွားတဲ့အခါ..။ နာမည်ကျော်ဗင်နီဇွဲလား ရိုးရာပုံပြင်တစ်ပုဒ်‌ဖြစ်တဲ့"El Silbón"  ကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒေသခံနတ်ဘုရားကိုးကွယ်မှု၊ လက်တင်အမေရိကားရဲ့ နာမည်ကျော် Urban Legend တစ်ခုကိုခေတ်ပေါ်ရုပ်ရှင်နည်းပညာတွေ၊ အထူးပြုလုပ်ချက်တွေနဲ့ပေါင်းစပ်ဖန်တီးထားတဲ့ Folk Horror ကားကောင်းတစ်ကားပါ။ Joinရန်လင့်🔽🔽 https://t.me/indch24 Zကားလင့်🔽🔽 https://t.me/indch24/90

Repost from N/a
ဘတ်ဂျတ် ရူပီး ကုဋေ ၄၀၀ရင်းပြီး ရိုက်ကူးထားကာ ကုဋေ ၇၀၀ ပြန်ရခဲ့လို့ ဘာဟူးဘလီထွက်ပြီးကတည်းက ရုပ်ရှင် ၃ကားဆက်တိုက် အရှုံးပေါ်ခဲ့
ဘတ်ဂျတ် ရူပီး ကုဋေ ၄၀၀ရင်းပြီး ရိုက်ကူးထားကာ ကုဋေ ၇၀၀ ပြန်ရခဲ့လို့ ဘာဟူးဘလီထွက်ပြီးကတည်းက ရုပ်ရှင် ၃ကားဆက်တိုက် အရှုံးပေါ်ခဲ့တဲ့ ပရာဘာစ် အတွက် Comeback လို့ ပြောလို့ရပါတယ်။ IMDB rating 6.6 ရထားတဲ့ Salaar က Part I ဖြစ်တာမို့ အပိုင်း ၂ အတွက် ဇာတ်အိမ် ပိုခိုင်မာအောင် နောက်ကြောင်းပြန်ထားတဲ့အပိုင်း အများစုကိုပဲ တွေ့ရမှာဆိုပေမဲ့ overpowered ဖြစ်တာမျိုး ကြိုက်သူ‌‌တွေ၊ လူဆိုး အယောက် ၁၀၀ နဲ့ တယောက် ချတဲ့စော်တဲ့အခန်းတွေကိုမှ အားရပါးရ ကြည့်ချင်သူတွေ အတွက် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ နယ်ပိုင်ရဲ့သား ဒီဗာ (Prabhas) ငယ်ဘဝတုန်းက ကန်ဆာဘုရင်ရဲ့သား ဗရက်ဟာနဲ့ ဆိုးတူကောင်းဖက် သူငယ်ချင်းတွေပါ။နောက်ပိုင်း နယ်မြေတွေလုကြ‌ရင်း ဒီဗာရဲ့ အဖေ အသတ်ခံလိုက်ရပြီး ဒီဗာတို့မိသားစုကို နယ်မြေလုတဲ့ကောင်တွေက သတ်အံ့ဆဲဆဲဖြစ်နေချိန် ဗရက်ဟာ ရောက်လာပြီးတော့ သူပိုင်တဲ့နယ်နဲ့ ဒီဗာတို့ သားအမိကို လဲပြီး ကယ်လိုက်တယ်။ အဲ့မှာ ဒီဗာလည်း သူနဲ့ သူ့အမေတို့ကို ကယ်တင်ပေးခဲ့တဲ့ ဗရက်ဆာကို ဘယ်နေရာ ဘယ်ချိန်ရောက်ရောက် မင်းဖြစ်စေချင်တာ မှန်သမျှ ကူညီပေးမယ်ဆိုပြီး ကတ်ိပေးလိုက်ပါတယ်။ တစ်နေ့ အမေရိကရောက် သူဌေးသမီး ရူရ်သီးဟာစန် (အက်ဒရာ) အိန္ဒိယထဲ ခိုးဝင်လာတာကို သူဌေးကြီးနဲ့ ရန်စရှိတဲ့ ကန်ဆာဂိုဏ်းက သိသွားပြီး အက်ဒရာကို သတ်ဖို ကြိုးစားပါတယ်။ သူဌေးကြီးလည်း ဒီဗာရဲ့သူငယ်ချင်း ဘီလားကို လှမ်းအကူအညီတောင်းတော့ ဒီဗာရဲ့ ရွာမှာ ကောင်မလေးကို လာဖွက်ထားပါတယ်။ ကန်ဆာကလူတွေ အက်ဒရာကို လိုက်ရှာရင်း ဒီဗာတို့ ရွာကိုရောက်လာပြီး ကန်ဆာနဲ့ အတိတ်သမိုင်းကြောင်း ရှိခဲ့ဖူးတဲ့ ဒီဗာနဲ့ ထိပ်တိုက်တွေ့ချိန်မှာတော့.... Joinရန်လင့်🔽🔽 https://t.me/wwcha124 Zကားလင့်🔽🔽 https://t.me/wwcha124/359

Repost from N/a
အရှေးကူးမားစခဲ့တဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဟာသရုပ်ရှင်ကြီးရဲ့ သုံးကားမြောက်သရဲကားကြီးကို လာပါပြီး ဒီရုပ်ရှင်မှာတော့ နှစ်ကားမ
အရှေးကူးမားစခဲ့တဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဟာသရုပ်ရှင်ကြီးရဲ့ သုံးကားမြောက်သရဲကားကြီးကို လာပါပြီး ဒီရုပ်ရှင်မှာတော့ နှစ်ကားမြောက်ရုပ်ရှင်က မင်းသားချောကာသစ်နဲ့ မင်းသမီးတရီပတီဒင်မ်ရီတို့ ပါဝင်ထားပါတယ် အပနှင်တဲ့ ပယောဂဆရာကြီးဘာဘာအဖြစ် လူတွေကို လိမ်စားနေတဲ့ ရူဟန်တစ်ယောက် ဒီတစ်ခါကြုံရမှာက ရော့တ်ခတ်တိုင်းပြည်က နန်းတော်ကြီးမှာရှိတဲ့ သရဲပါ ငြင်းလို့မရတဲ့ အကြောင်းပြချက်တွေနဲ့ နန်းတော်ကြီးဆီ လိုက်သွားတဲ့အခါမှာ  သွားတိုက်ဆေးတစ်ဘူးကို တစ်နှစ်သုံး၊ နွားကို နို့ပြန်တိုက်ပြီး ကိုယ်ရံတော်ကို ပြန်စောင့်ရှောက်နေကြတဲ့ တော်ဝင်မိသားစုကြီးနဲ့ ကြုံရဆုံရပါတယ် ဘယ်လိုအလွဲတွေနဲ့ ရယ်ရမောရပြီး ဘယ်လိုတွေ ခြောက်လှန့်မလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး Joinရန်လင့်🔽🔽 https://t.me/wwcha124 Zကားလင့်🔽🔽 https://t.me/wwcha124/357

Repost from N/a
De*li*v*er U*s fr*om Ev*il (2020)

မူးယစ်ရာဇာကြီးရဲ့အကိုဖြစ်သူကိုမှ လုပ်ကြံမိတဲ့အေးဂျင့်ဟောင်း ーーーーーーーーーーーーーーーーーーー NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေ
မူးယစ်ရာဇာကြီးရဲ့အကိုဖြစ်သူကိုမှ လုပ်ကြံမိတဲ့အေးဂျင့်ဟောင်း ーーーーーーーーーーーーーーーーーーー NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေးဂျင့်လောကကနေ အနားယူတော့ သူဆက်လုပ်တဲ့အလုပ်က ဆန်းတယ်လို့ပြောရမလား အတိုက်အခိုက်အသတ်အပုတ် ကျွမ်းကျင်တော့ ကြေးစားလူသတ်သမားဆက်လုပ်တယ် ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီး လူတစ်ယောက်ကို သတ်ခဲ့လိုက်တယ် နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားပြန်ချေဖို့ ကြိုးစားပါတော့တယ် ရေးဆိုတာကလည်း ဒီလောကမှာ ဆရာတစ်ဆူ ဉာဏ်ကောင်းထက်မြက်တဲ့အပြင် အတိုက်အခိုက်မှာလည်းဆရာကျတဲ့သူ…သူတို့(၂)ယောက်ထိပ်တိုက်ဆုံကြတဲ့အပြင် တခြားပြဿနာကြီးတစ်ခုကပါ ထပ်တိုးလာတဲ့အခါမှာတော့…. Joinရန်လင့်🔽🔽 https://t.me/indch24 Zကားလင့်🔽🔽 https://t.me/indch24/86

Repost from N/a
ကြည့်ဖူးသူတိုင်း မျက်ရည်မကျရင်တောင် ရင်ထဲထိစေမဲ့ အချစ်ဇာတ်ကားကောင်း 😢
😀➡️➡️➡️➡️➡️➡️➡️➡️➡️ ⚠️ Copyright DisclaimerNo copyright infringement intended. I do not own any of the videos or music. Use only for the entertainment purpose only under the principle of Fair Use. All rights reserved goes to its rightful owner