ဇတ်ကားမြို့တော်
前往频道在 Telegram
မြန်မာစာတန်းထိုးများ
显示更多未指定国家未指定类别
303
订阅者
+224 小时
+17 天
+330 天
帖子存档
Repost from N/a
ဆောင်းရာသီ စစ်မြေပြင်
W_i-n-t_e-r: B-a_t-t_l-e-g_r-o-u_n-d (2-0-2-6)
IMDB ⭐️ 6.1/10
"AI တွေကြီးစိုးတဲ့ခေတ်မှာ နောက်ဆုံးကျန်ရစ်တဲ့ လွတ်လပ်သူတစ်ယောက်ဖြစ်လာတဲ့အခါ..."
ကဲ... Action နဲ့ Sci-Fi အကြမ်းစား သေနတ်ပစ်ခတ်ခန်းတွေ ကြိုက်တဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ ခုနှစ်ထွက် Survival Action ကားသစ်လေး တစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားမှာတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ UFC ဖိုက်တာဟောင်း Action မင်းသား Donald "Cowboy" Cerrone က အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ထားတာပါ။
ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင်တော့... အနာဂတ်ကမ္ဘာကြီးမှာ AI တွေက လူသားတွေအပေါ် ကြီးစိုးချယ်လှယ်တဲ့ စနစ်ဆိုးကြီးတစ်ခု အမြစ်တွယ်နေပါပြီ။
ဒီလို အမှောင်ကျနေတဲ့ ကမ္ဘာကြီးမှာ စနစ်ကိုတော်လှန်တဲ့ စစ်သားဟောင်းတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ တောနက်ကြီးထဲမှာ ပုန်းအောင်းနေထိုင်နေပါတယ်။
သူကတော့ ဒီကမ္ဘာပေါ်မှာ AI ရဲ့ ထိန်းချုပ်မှုအောက်ကနေ ကင်းလွတ်နေတဲ့ နောက်ဆုံးကျန်ရစ်တဲ့ လွတ်လပ်သူပေါ့။
ဒါပေမဲ့ ငြိမ်သက်နေတဲ့ တောအုပ်လေးထဲကို AI အစိုးရက စေလွှတ်လိုက်တဲ့ အထူးလေ့ကျင့်ထားတဲ့ လူသတ်သမား Elite Assassins တွေ ရောက်လာတဲ့အခါမှာတော့…
သူတစ်ယောက်တည်း အင်အားအများကြီးနဲ့ ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ လူသတ်သမားတွေကို ဘယ်လို ရင်ဆိုင်မလဲ။
AI တွေရဲ့ မျက်စိအောက်ကနေရော ဘယ်လို လွတ်မြောက်အောင် ရုန်းကန်မလဲဆိုတာကို အသက်ရှူမှားလောက်အောင် ကြည့်ရှုရမှာပါ။
Plot က ရိုးရှင်းပေမဲ့ တောထဲက Survival အကွက်တွေ၊ သေနတ်ပစ်ခန်းတွေနဲ့ Donald Cerrone ရဲ့ အကြမ်းပတမ်း ဖိုက်တင်ခန်းတွေကို အသားပေးရိုက်ကူးထားတာမို Action, Thriller, War ကားတွေ ကြိုက်ရင်တော့ လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦး။
Repost from N/a
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ မှုခင်းကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် "Gumraah"ဆိုတဲ့
အိန္ဒိယဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအစမှာဆိုရင် ရဲအရာရှိတွေကအာကတ်ရှ်ဆာဒါနာဆိုတဲ့ လူငယ်တစ်ယောက်အသတ်ခံရတာကို စုံစမ်းစစ်ဆေးနေတာနဲ့ စတင်ထားပါတယ်
ရဲတပ်ဖွဲ့တွေဟာ အခင်းနေရာနဲ့ မျက်မြင်သက်သေတွေကို စုံစမ်းပြီးတဲ့နောက်မှာ သေဆုံးသူအာကတ်ရှ်ရဲ့နေအိမ်ဝရံတာမှာ အာဂျွန်ဆေဂယ်ရှိနေတာကို
တွေ့ရှိရတဲ့အတွက် အာဂျွန့်ကိုတရားခံအဖြစ်ဖမ်းဆီးလိုက်ပါတယ် ဒါပေမယ့် တရားခံဖမ်းမိပြီးအမှုပိတ်တော့မယ့်အချိန်မှာပဲ အာဂျွန်ဆေဂယ်နဲ့
တစ်ထေရာတည်းတူတဲ့နောက်ထပ် ဆိုရာ့ဂ်ျရာနာဆိုတဲ့သူကို ထပ်ပြီးဖမ်းမိခဲ့ပါတော့တယ် ဒီလုံးဝကိုချွတ်စွတ်တူနေတဲ့လူနှစ်ယောက်ထဲမှာ
ဘယ်သူကတရားခံအစစ်ဖြစ်မလဲဆိုတာကို ရဲအရာရှိတွေခေါင်းစားရတော့တာပေါ့...
ကဲ...ရုပ်ချင်းခွဲမရအောင်တူနေတဲ့ အာဂျွန်နဲ့ဆိုရာ့ဂ်ျတို့ရဲ့ပတ်သက်မှုက ဘယ်လိုများဖြစ်မလဲ၊ လူသတ်မှုရဲ့ တရားခံအစစ်ကရော ဘယ်သူဖြစ်မလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
#Credit
Repost from N/a
အိမ်မက်ထဲက ပစ္စည်းတွေကို အပြင်ကို ထုတ်ယူ၍ ရလာသောအခါ...
➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪
ဒီတစ်ခါတော့ နက်ဖလစ် က မေလ ၈ ရက်နေ့ ထုတ်လွှင့်သွားတဲ့
တရုတ် စိတ်ကူးယဉ်ရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းအကျဉ်းကတော့ …..စန်းယွီဟာ မိဘမဲ့ဖြစ်ပြီး မွဲတေနေတဲ့ ဇာတ်ညွှန်းရေးဆရာလေး တစ်ယောက်ဖြစ်ပါတယ်။ပြီးတော့ အိပ်လိုက်တိုင်း အိပ်မက်ဆိုးတွေပဲ မက်ပြီး အိပ်မက်နဲ့ လက်တွေ့ ဘဝ မကွဲတော့သလို ကြောင်တောင်တောင်လည်း ဖြစ်လာနေပါပြီ။
ဒါပေမယ့် တစ်နေ့မှာတော့ သူ့အိပ်မက်ထဲမှာ တွေ့သမျှ၊ သူ ဖတ်ဖူးမြင်ဖူးရေးဖူးသမျှအရာတွေကို အိပ်မက်ထဲကနေ အပြင်လောကကို တကယ်ယူလာနိုင်တာကို သူသိလိုက်ရပါတော့တယ်။
ဒါကြောင့် ရှေးဟောင်းပစ္စည်းတွေ ရှားပါးပစ္စည်းတွေကို အိပ်မက်ထဲကနေ သွားယူပြီး ရောင်းချရင်း ချမ်းသာလာပါတော့တယ်။
ဒါပေမယ့် ဒီအစွမ်းရဲ့နောက်ဆက်တွဲ ပေးဆပ်ရတာတွေ၊ အပြင်လောကမှာပါ မှောင်ခိုဂိုဏ်းနဲ့အရှုပ်အရှင်းတွေ ဖြစ်လာတဲ့အခါ….
Joinရန်လင့်🔽🔽
https://t.me/wwcha124
Zကားလင့်🔽🔽
https://t.me/wwcha124/402
Repost from N/a
A*ll Wi*sh*es Co*me Tr*ue (2026)
ဇာတ်လမ်းအကျဉ်း
မတူညီတဲ့ စွမ်းအားနဲ့ နောက်ခံသမိုင်းကြောင်းအသီးသီးရှိကြတဲ့ နတ်သူတော်စင် ၈ ပါဟာ မဟာပင်လယ်ကြီးကို ဖြတ်သန်းပြီး စွန့်စားခန်းထွက်ကြရပါတယ်။ ခရီးစဉ်အတွင်းမှာ မိစ္ဆာအန္တရာယ်များ၊ သဘာဝလွန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြရပြီး မိမိတို့ရဲ့ ကိုယ်ပိုင် အစွမ်းထက် တန်ခိုးပြိုင်ပစ္စည်း တွေကို အသုံးပြုကာ ညီညွတ်စွာ တိုက်ခိုက်ရင်း ဆုတောင်းများ ပြည့်ဝစေဖို့ ကြိုးပမ်းကြရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။
Repost from N/a
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ မှုခင်းကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် "Gumraah"ဆိုတဲ့
အိန္ဒိယဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအစမှာဆိုရင် ရဲအရာရှိတွေကအာကတ်ရှ်ဆာဒါနာဆိုတဲ့ လူငယ်တစ်ယောက်အသတ်ခံရတာကို စုံစမ်းစစ်ဆေးနေတာနဲ့ စတင်ထားပါတယ်
ရဲတပ်ဖွဲ့တွေဟာ အခင်းနေရာနဲ့ မျက်မြင်သက်သေတွေကို စုံစမ်းပြီးတဲ့နောက်မှာ သေဆုံးသူအာကတ်ရှ်ရဲ့နေအိမ်ဝရံတာမှာ အာဂျွန်ဆေဂယ်ရှိနေတာကို
တွေ့ရှိရတဲ့အတွက် အာဂျွန့်ကိုတရားခံအဖြစ်ဖမ်းဆီးလိုက်ပါတယ် ဒါပေမယ့် တရားခံဖမ်းမိပြီးအမှုပိတ်တော့မယ့်အချိန်မှာပဲ အာဂျွန်ဆေဂယ်နဲ့
တစ်ထေရာတည်းတူတဲ့နောက်ထပ် ဆိုရာ့ဂ်ျရာနာဆိုတဲ့သူကို ထပ်ပြီးဖမ်းမိခဲ့ပါတော့တယ် ဒီလုံးဝကိုချွတ်စွတ်တူနေတဲ့လူနှစ်ယောက်ထဲမှာ
ဘယ်သူကတရားခံအစစ်ဖြစ်မလဲဆိုတာကို ရဲအရာရှိတွေခေါင်းစားရတော့တာပေါ့...
ကဲ...ရုပ်ချင်းခွဲမရအောင်တူနေတဲ့ အာဂျွန်နဲ့ဆိုရာ့ဂ်ျတို့ရဲ့ပတ်သက်မှုက ဘယ်လိုများဖြစ်မလဲ၊ လူသတ်မှုရဲ့ တရားခံအစစ်ကရော ဘယ်သူဖြစ်မလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
#Credit
Repost from N/a
Sanak (2021)
ဗီရွဒ်၊ နီဟား
ဇာတ်လမ်းက ဆေးရုံတစ်ရုံမှာ အဓိကအခြေခံထားပါတယ်။ အကြမ်းဖက်သမားတွေက ဆေးရုံကို ဝင်ရောက်စီးနင်းပြီး လူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားချိန်မှာ၊ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီဗန် (Vivaan) ဟာ အဲဒီဆေးရုံထဲမှာ ပိတ်မိနေတဲ့ သူ့ရဲ့ဇနီးသည်နဲ့ တခြားသူတွေကို ကယ်တင်ဖို့ အပြင်ကရဲတွေရဲ့ အကူအညီမပါဘဲ တစ်ယောက်တည်း အသက်စွန့်ပြီး ဘယ်လိုပြန်လည်တိုက်ခိုက်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားပါ။ ဟောလိဝုဒ်က Die Hard ဇာတ်ကားစတိုင်မျိုး ဆေးရုံထဲမှာ အကြမ်းဖက်သမားတွေနဲ့ တစ်ယောက်တည်း ချတဲ့ကားမျိုးပါပဲ။
အိန္ဒိယ အက်ရှင်မင်းသား Vidyut Jammwal က ခေါင်းဆောင်ပါဝင်ထားပြီး Rukmini Maitra၊ Neha Dhupia နဲ့ Chandan Roy Sanyal တို့လည်း ပါဝင်ထားပါတယ်။
Repost from N/a
The Descent လို ဂူထဲက ပိတ်လှောင်မှုမျိုးခံစားရမယ့် ငါးမန်းရုပ်ရှင်အသစ်
T*h*e D*e*v*i*l's M*o*u*t*h (2026)
Repost from N/a
The Descent လို ဂူထဲက ပိတ်လှောင်မှုမျိုးခံစားရမယ့် ငါးမန်းရုပ်ရှင်အသစ်
T*h*e D*e*v*i*l's M*o*u*t*h (2026)
ဇူလိုင်လ ၂၉ ရက်နေ့မှာ Amazon Prime Video ကနေ ထွက်ရှိလာတဲ့ Survival Thriller / Shark Horror ရုပ်ရှင်ကားဖြစ်ပါတယ်။
ဒါရိုက်တာ Jeff Wadlow ရိုက်ကူးထားပြီး Kathryn Newton, Lana Condor, Gavin Casalegno နဲ့ Nico Hiraga တို့လို လူငယ်သရုပ်ဆောင်တွေ အဓိက ပါဝင်ထားပါတယ်။
ကျောင်းပြီးလို့ လူငယ်ဘဝကနေ လူကြီးဘဝကို မကူးပြောင်းခင် နောက်ဆုံးအမှတ်တရ ခရီးစဉ်အဖြစ် ကောလိပ်သူငယ်ချင်း ၅ ယောက် ထိုင်းနိုင်ငံကို ထွက်လာခဲ့ကြပါတယ်။
အဓိကဇာတ်ဆောင်မလေး Sara (Kathryn Newton) က ဆုံးပါးသွားပြီဖြစ်တဲ့ သူမရဲ့အဖေ ငယ်ငယ်က ရောက်ခဲ့ဖူးတဲ့ ထိုင်းကမ်းရိုးတန်းက မိစ္ဆာခံတွင်း လို့ခေါ်တဲ့ ရေမြုပ်ဂူကြီးထဲကို သူငယ်ချင်းတွေနဲ့အတူ ရေငုပ်လည်ပတ်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။
ဒါပေမဲ့ ပျော်စရာခရီးစဉ်ကနေ ရေအောက်ဂူထဲမှာ ပိတ်မိသွားတဲ့အခါ ငရဲခန်းစတင်ပါတော့တယ်။ ပိုဆိုးတာက ဂူထဲမှာ လတ်ဆတ်တဲ့ရေချိုနဲ့ ရေငန်နှစ်မျိုးလုံးမှာ ကျင်လည်နိုင်ပြီး အလွန်သောင်းကျန်း ကြမ်းတမ်းတဲ့ Bull Shark (ကျွဲငါးမန်း) တစ်ကောင်နဲ့ သွားတိုးမိတာပါပဲ။
အမှောင်ထုထဲမှာ အောက်ဆီဂျင်ကလည်း ကုန်လာ၊ အပြင်ထွက်ပေါက်ကလည်း ပျောက်၊ ဘေးကလည်း ငါးမန်းက အချိန်မရွေး ကိုက်သတ်ဖို့ ချောင်းနေတဲ့အခါ သူတို့အုပ်စုကြားမှာ ကြောက်ရွံ့မှုတွေ စတင်စိမ့်ဝင်လာပါတယ်။
ဘဝဆက်ရှင်သန်ဖို့ ရုန်းကန်ရင်း သူငယ်ချင်းအချင်းချင်းကြားက အရင်က ဖုံးဖိထားခဲ့တဲ့ ပြဿနာတွေ၊ မလိုမုန်းတီးမှုတွေပါ ပေါက်ကွဲထွက်လာပြီး အသက်ရှင်ကျန်ရစ်ဖို့ အသည်းအသန် ကြိုးစားကြရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ပုံမှန် ငါးမန်းကားတွေလို ငါးမန်းကိုပဲ အဓိကမထားဘဲ သူငယ်ချင်းတွေကြားက Toxic ဖြစ်နေတဲ့ ဆက်ဆံရေးနဲ့ စိတ္တဇဆန်ဆန် ဖိအားတွေကိုပါ သေချာပုံဖော်ထားတာ တွေ့ရပါတယ်။
ရေအောက်ဂူထဲ ပိတ်မိနေတဲ့ Claustrophobic (နေရာကျဉ်း ကြောက်စိတ်) ခံစားချက်နဲ့ ငါးမန်းရန်ကို ပါပေါင်းလိုက်တော့ ကြည့်ရှုသူတွေကို တောက်လျှောက် ရင်ဖိုစေမှာပါ။ ကြောက်လိုက်ကြပါဦး။
Repost from N/a
Raju Gari Gadhi 2 (2017)
___
ကောလိပ် ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်တဲ့
အက်ရ်ှဝင်း ကီရှောနဲ့ ပရာဗင်းတို့သုံးယောက်ဟာ
အပန်းဖြေဟော်တယ်၊တည်းခိုခန်း လုပ်ငန်းကို
အတူလုပ်ကိုင်ကြတယ်။
အစပိုင်းမှာ ချောမွေ့နေပေမယ့်
သူတို့ပိုင်ဆိုင်တဲ့ အပန်းဖြေစခန်းမှာ
သဘယဝ နယ်လွန် ဖြစ်ရပ်ဆန်းတွေ ဖြစ်လာတယ်။
သိပ္ပံနည်းကျ အဖြေရှာမရတဲ့ ကိစ္စတွေမို့
အနီးအနား ချက်ကျောင်းက ဖာသာကို ခေါ်ပြီး
အပန်းဖြေစခန်းမှာ ခိုကပ်နေတဲ့
အမှောင့်ပယောဂတွေကို ဖယ်ရှားစေပါတယ်။
ဖာသာလည်း မနိုင်တော့ ပယောဂဆရာလည်းဖြစ်၊
စိတ်ရောဂါကုဆရာဝန်လည်းဖြစ်တဲ့ ရူဒရာ့ကို ခေါ်ပြီး
အဲ့ဒီအိမ်မှာ ခိုကပ်နေတဲ့ ပယောဂကို ရှင်းခိုင်းပါတယ်။
ရူဒရာဆိုတာက ဝိညာဉ်တွေကို ခေါ်ပြီး
ဆက်သွယ် စကားပြောဆိုနိုင်တဲ့
အစွမ်းရှိရုံတင်မက မုသားဖော်ပေးတဲ့သူအဖြစ်
ရဲဌာနကိုပါ အကျိုးပြုနေတဲ့သူပါ။
တကယ့် အဖြေကို ရှာလိုက်တော့
အပန်းဖြေစခန်းမှာ အမ်ရူသာဆိုတဲ့
ဝိညာဉ်ချောချောလေး ရှိနေတာပါ။
သူသေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကို
သိချင်နေတဲ့ အမ်ရူသာ့ကို ရူဒရာ ကူညီဖို့
ဆုံးဖြတ်လိုက်တဲ့နောက်တော့. . .
အမ်ရူသာဟာ ဘယ်လိုမိန်းကလေးမျိုးလဲ. . .
ဘယ်လိုခါးသီးတဲ့ အတိတ်ကြောင့်
သေဆုံးသွားခဲ့ပြီး အပန်းဖြေစခန်းမှာ
ခိုကိုးရာမဲ့ ကပ်တွယ်နေရတာလဲ.
#Crd
Joinရန်လင့်🔽🔽
https://t.me/wwcha124
Zကားလင့်🔽🔽
https://t.me/wwcha124/388
Repost from N/a
The Teacher (2022)
The Teacherဇာတ်ကားမှာတော့
အားကစားဆရာမတစ်ဦးဖြစ်တဲ့Devikaဟာ ယောကျာ်းဖြစ်သူ Sejihနဲ့အတူ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းနေသူဖြစ်တယ်။
အိမ်ထောင်သက်လေးနှစ်ကြာတာတောင် ကလေးမရတဲ့ Devikaတစ်ယောက် ရုတ်တရတ်ကြီးကိုယ်ဝန်ရှိလာခဲ့ပေမဲ့ အားကစားပြိုင်ပွဲနေ့ညနေကဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့်
Devikaတစ်ယောက် ကလေးကိုမွေးရ မမွေးရဝေခွဲမရဖြစ်နေခဲ့ပါတယ်။စိတ်ရှင်းသွားအောင်လို့ အားကစားပြိုင်ပွဲနေ့ညနေက အကြောင်းကို Devikaတစ်ယောက်
စုံစမ်းခဲ့တဲ့အချိန်မှာတော့ ကျောင်းသားတစ်ဖွဲ့က သူမကိုဆေးခတ်ကာ အဓမ္မကျင့်ခဲ့ကြောင်းကို Devikaတစ်ယောက်သိသွားခဲ့ရပါတယ်။Devikaတစ်ယောက်
ကလေးကိုဖျက်ချဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်မှာတော့ ယောကျာ်းဖြစ်သူ Sejihက ကိုယ်ဝန်အကြောင်းကို သိသွားခဲ့ပါတယ်။
အဓမ္မကျင့်ခံရရင် နစ်နာသူကို အပြစ်တင်တဲ့လူပတ်ဝန်းကျင်ကြောင့် ရဲတိုင်ဖို့လဲ မလုပ်နိုင်တဲ့အပြင် ယောကျာ်းဖြစ်သူကိုပါ မပြောပြနိုင်ခဲ့တာကြောင့်
Devikaတစ်ယောက် ဒီကျောင်းသားအဖွဲ့ကို ဘယ်လိုလက်တုံပြန်မလဲဆိုတာကို ကြည့်ရှုကြပါအုံး။
Joinရန်လင့်🔽🔽
https://t.me/wwcha124
Zကားလင့်🔽🔽
https://t.me/wwcha124/380
Credit.
Repost from N/a
Bastar: The Naxal Story (2024)
=========================
IMDB - 6.3/10
ဇာတ်လမ်းကတော့.....
အိန္ဒိယနိုင်ငံ ချဟာတစ်ဂါ (Chhattisgarh) ပြည်နယ်၊ ဘတ်စတာ (Bastar) ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မာအိုဝါဒီ (Naxalite) သူပုန်တွေရဲ့ အကြမ်းဖက်မှု ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ နိုင်ငံရေး အက်ရှင် ဒရာမာ ဇာတ်ကားကြီး ဖြစ်ပါတယ်။ နာမည်ကြီး "The Kerala Story" ဇာတ်ကားကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာနဲ့ အဖွဲ့ကပဲ ဆက်လက်ရိုက်ကူးထားတာပါ။
ဒီဇာတ်ကားမှာတော့ သတ္တိခဲ ရဲအရာရှိမကြီး နီရာဂျာ မာဒဗန် (Adah Sharma) ဟာ ဘတ်စတာ ဒေသက ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ Naxal သူပုန်တွေကို အမြစ်ပြတ် နှိမ်နင်းဖို့ တာဝန်ပေးခံရပါတယ်။ သူပုန်တွေဟာ အပြစ်မဲ့ ရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေကြပြီး၊ နိုင်ငံရေးသမားတချို့နဲ့ အတုအယောင် လူ့အခွင့်အရေး လှုပ်ရှားသူတချို့ကလည်း သူပုန်တွေကို ကွယ်ရာကနေ ထောက်ပံ့ပေးနေကြပါတယ်။
ဒီလို ရှုပ်ထွေးလှတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ၊ သစ္စာဖောက်မှုတွေနဲ့ အင်အားကြီးမားတဲ့ ရန်သူတွေကြားထဲကနေ နီရာဂျာ တစ်ယောက် သူမရဲ့ တပ်ဖွဲ့ဝင်တွေနဲ့အတူ ရက်စက်တဲ့ သူပုန်တွေကို တောတွင်းစစ်ဆင်ရေးမှာ ဘယ်လို အသက်စွန့် တိုက်ခိုက်နှိမ်နင်းသွားမလဲ ဆိုတာကို အကြမ်းစား ရိုက်ကူးထားတာပါ။
အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေး ပြဿနာတွေကို အရှိကိုအရှိအတိုင်း ပီပြင်စွာ ဖော်ပြထားပြီး၊ အက်ရှင် ဇာတ်ကွက်တွေနဲ့ သွေးထွက်သံယို မြင်ကွင်းတွေကို အသည်းယားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။
Joinရန်လင့်🔽🔽
https://t.me/wwcha124
Zကားလင့်🔽🔽
https://t.me/wwcha124/373
Repost from N/a
Kung Fu Soccer (2026)
မစောင့်နိုင်လို့ကြိုကြည့်ချင်ကြတဲ့သူတွေအတွက် ဦးစွာ HDTC Version ကိုအရင်ဆုံးတင်ဆက်လိုက်ပါတယ်..အရသာပြည့်ပြည့်ဝဝခံစားချင်ရင်တော့
Digital Release သာ စောင့်ကြပါလို့ အကြံပေးလိုက်ပါတယ်
၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်လွှားမှာ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ ဂန္ထဝင်ဟာသဇာတ်ကားကြီး "Shaolin Soccer" ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုဆိုရင်တော့
ဆယ်စုနှစ် နှစ်ခုကျော်အကြာမှာ ဟာသဘုရင်ကြီး စတီဖင်ချောင် (Stephen Chow) ကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ "Shaolin Women's Soccer" (သို့မဟုတ်) "Kung Fu Soccer"
(功夫女足) ဆိုတဲ့ အသစ်စက်စက် ၂၀၂၆ ထွက် ဇာတ်ကားကြီးနဲ့အတူ ပရိသတ်တွေရှေ့ကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပါပြီ။ ဒီကားမှာတော့ နာမည်ကြီး တရုတ်မင်းသမီးချောလေး
Dilraba Dilmurat ၊ Zhang Xiaofei နဲ့ နာမည်ကျော် အဆိုတော်/မင်းသား Lay Zhang တို့က အဓိကပါဝင်အားဖြည့်ထားပြီး Stephen Chow ရဲ့ နာမည်ကျော် အငွေ့အသက်တွေနဲ့အတူ
အားရပါးရ ရယ်မောရမယ့် Sports Comedy ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ "Emei" (အော်မေ့) လို့ခေါ်တဲ့ အမျိုးသမီး ဘောလုံးအသင်းလေးရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီအသင်းဟာ အစပိုင်းမှာတော့ ဘယ်သူကမှ
အထင်မကြီးတဲ့၊ ပျမ်းမျှအသက် ၃၀ ကျော်အရွယ် အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းလေးတစ်ခုပေါ့။ ဒါပေမဲ့ သူတို့တွေဟာ "Supreme Invincible Cup" ဆိုတဲ့ အကြီးမားဆုံး
ဘောလုံးပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့... ရိုးရိုးဘောလုံးကန်တာမျိုးမဟုတ်ဘဲ တရုတ်ရိုးရာ သိုင်းပညာ (Kung Fu) တွေကို
ဘောလုံးကစားကွက်တွေထဲမှာ ထည့်သွင်းအသုံးပြုလာကြပါတော့တယ်။ပြိုင်ပွဲတစ်လျှောက်မှာ သူတို့အသင်းလေးဟာ သိုင်းပညာနဲ့ ဘောလုံးပေါင်းစပ်ထားတဲ့ ထူးခြားတဲ့
စွမ်းရည်တွေကြောင့် အောင်ပွဲတွေ ဆက်တိုက်ရလာခဲ့ပေမဲ့၊ မထင်မှတ်ထားတဲ့ အတွင်းလူရဲ့ သစ္စာဖောက်မှုကြောင့် အကြီးအကျယ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
ဒီလို အခက်အခဲတွေ၊ အကြပ်အတည်းတွေကြားထဲကနေ Emei အမျိုးသမီး ဘောလုံးအသင်းလေး
ဘယ်လို ပြန်လည်ထလာမလဲ၊ ပြိုင်ဘက်တွေကို သိုင်းကွက်ဆန်းတွေနဲ့ ဘယ်လို အကြိတ်အနယ် ယှဉ်ပြိုင်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ အရင် Shaolin Soccer ရဲ့ အငွေ့အသက်တွေကို အပြည့်အဝ ပြန်လည်ခံစားရစေမယ့်အပြင်၊ Stephen Chow ရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ အဓိပ္ပါယ်မဲ့ ဟာသ
(Nonsense Comedy) တွေ၊ အမိုက်စား CGI အထူးပြုလုပ်ချက်တွေနဲ့ သိုင်းကွက်ဆန်းတွေကို ခေတ်မီမီ မြင်တွေ့ရမှာပါ။ ဒါ့အပြင် Carina Lau နဲ့ ဂျပန်မင်းသား Takeru Satoh တို့လို
နာမည်ကြီး သရုပ်ဆောင်တွေကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားသေးတာမို့ အရင် Shaolin Soccer ကို သဘောကျခဲ့တဲ့ ပရိသတ်တွေရော၊ ပေါ့ပေါ့ပါးပါးနဲ့
ရယ်ရယ်မောမော ကြည့်ချင်တဲ့ ပရိသတ်တွေပါ လုံးဝ (လုံးဝ) လက်မလွတ်သင့်တဲ့ ဇာတ်ကားကြီးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်။
ဇာတ်ကားလင့်🔽🔽🔽
https://t.me/wwcha124/364
Repost from N/a
အရိပ်မဲ့အမှောင်ည (血夜行) Crimson Shadows 2026 Movie
ဇာတ်လမ်းအကျဉ်း 📝
မင်ကော်ခေတ်ကာလ အမျိုးသမီး ရဲစုံထောက် Yun Man ဟာ သူမရဲ့ နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ ထူးဆန်းဆန်းပြားလှတဲ့ လူသတ်မှုကြီး နှစ်ခုကို စုံစမ်းဖို့အတွက် ဆွေမျိုးမိတ်ဆွေဆီ လာရောက်လည်ပတ်ဟန်ဆောင်ကာ ရှန်ရှီဒေသရဲ့ Wutong ကျေးရွာဆီကို လျှို့ဝှက်စွာ ရောက်ရှိလာခဲ့ပါတယ်
ညဉ့်နက်သန်းခေါင် တောင်တက်လမ်းမှာ လျှို့ဝှက်စက္ကူလှေတွေ အလောင်းနှင်သူတွေနဲ့ ကြုံတွေ့ခဲ့ရပြီး လမ်းခုလတ်မှာ Kui Ye နဲ့ တွေ့ဆုံကာ အချင်းချင်း စည်းကမ်းချက် ၃ ချက် ထားရှိပြီး ခရီးဆက်ခဲ့ကြပါတယ်
ကျေးရွာထဲ ရောက်ရှိချိန်မှာတော့ ရွာသူရွာသားတွေရဲ့ ထူးဆန်းလှတဲ့ အပြုအမူတွေ ဘိုးဘေးဘုရားကျောင်းမှာ တည်းခိုဖို့ ဖိတ်ခေါ်တဲ့ ရွာသား An Bo ရဲ့ စကားဝှက်တွေကို သတိပြုမိခဲ့ပါတယ် အဲဒီနောက် ရွာထဲက တံငါသည် Qiao San နဲ့ အုတ်သယ်သူ Chen Si တို့ ထူးဆန်းစွာ သေဆုံးခဲ့ပြီး Qiao San ရဲ့ အလောင်းပါ ပျောက်ဆုံးသွားတာကြောင့် ရွာသူရွာသားတွေက အလောင်းတစ္ဆေကလဲ့စားချေတာလို့ သံသယဝင် ကြောက်ရွံ့နေကြပါတော့တယ်
Yun Man နဲ့ Kui Ye တို့ အမှုမှန်ကို သွေးအေးအကွက်ချ စုံစမ်းလိုက်ချိန်မှာတော့ .....
အတိတ်က မိန်းကလေး Ling Yu ဟာ Qiao San, Chen Si နဲ့ An Bo တို့ရဲ့ ကောက်ကျစ်လှတဲ့ နတ်ဘုရားပူဇော်ပွဲဆိုတဲ့ အကြောင်းပြချက်နဲ့ အရှင်လတ်လတ် မြေမြှုပ်သင်္ဂြိုဟ်ခြင်း ခံခဲ့ရတာကို သိလိုက်ရတဲ့အခါ.....
Joinရန်လင့်🔽🔽
https://t.me/wwcha124
Zကားလင့်🔽🔽
https://t.me/wwcha124/362
