ဖိုးမှန်
رفتن به کانال در Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
4 357
مشترکین
-4824 ساعت
-2827 روز
-56930 روز
آرشیو پست ها
4 342
မုန်တိုင်းငယ် သတင်း (ဇူလိုင် ၂၈ ရက်၊ နံနက် ၇:၀၀ နာရီ) (အမှတ်စဉ် ၀၅/၂၀၂၆)
⛈ မုန်တိုင်းငယ်အခြေအနေနှင့် ခန့်မှန်းချက်: အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်သည် မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ကမ်းခြေဒေသများအကြားမှ ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
🌧 သတိပြုရန် (သဘာဝဘေးအန္တရာယ်): မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ငယ်/ချောင်းငယ်များအနီး နေထိုင်သူများ၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေယာဉ်/သင်္ဘောများ ကြိုတင်သတိပြုရန် လိုအပ်ပါသည်။
🌊 မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးမည်။ (လေတိုက်နှုန်း တစ်နာရီ ၃၀ မိုင်မှ ၃၅ မိုင်အထိ၊ လှိုင်းအမြင့် ၉ ပေ မှ ၁၁ ပေခန့် ရှိနိုင်ပါသည်)
#ဖိုးမှန်
Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
4 342
+9
🏆 အောင်ပွဲရ တပ်မ (၁၀၁) စစ်သည်တော်များရဲ့ အိမ်ပြန်ခရီး🎖
#ဖိုးမှန်
#Myanmar #Tatmadaw #Division101 #Pakokku #LocalNews
4 342
+9
🏆 အောင်ပွဲရ တပ်မ (၁၀၁) စစ်သည်တော်များရဲ့ အိမ်ပြန်ခရီး🎖
#ဖိုးမှန်
#Myanmar #Tatmadaw #Division101 #Pakokku #LocalNews
4 342
+9
🎉 အောင်ပွဲနှင့်အတူ ပြန်လည်ရောက်ရှိလာကြသည့် ပခုက္ကူတပ်မ (၁၀၁) မှ အောင်ပွဲရ တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို 🎖
📌 နိုင်ငံတော်ကာကွယ်ရေးနှင့် စစ်ဆင်ရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ကြပြီး အောင်ပွဲများနှင့်အတူ ဇာတိမြေသို့ ပြန်လည်ရောက်ရှိလာကြသော ပခုက္ကူတပ်မ (၁၀၁) မှ စစ်သည်တော်များကို တပ်မဌာနချုပ် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရပါတယ်၊၊
#ဖိုးမှန်
#Myanmar #Tatmadaw #Division101 #Pakokku #LocalNews
4 342
မြန်မာအာကာသအေဂျင်စီ ရက် ၁၀၀ စီမံချက်အောင်မြင်မှု
👩🚀🛰🚀🛸🇲🇲🇲🇲🇲🇲
https://t.me/phoehmann007
#ဖိုးမှန်
4 342
🇨🇳 တရုတ်ကြီးတို့က လုပ်လိုက်ရင် အဆန်းတွေချည်းပဲ။ "သက်ရှိအထည်အလိပ်" (Living Textile) ဆိုပါလား
ဖန်တီးသူ - Shenzhen Institutes of Advanced Technology သုတေသနအဖွဲ့။
အဓိကအချက်များ
သဘာဝမြေဆွေး - မှိုမျှင်များဖြင့် ပြုလုပ်ထားပြီး ၄၁ ရက်အတွင်း သဘာဝအတိုင်း ဆွေမြေ့ပျက်စီးနိုင်သည်။
ပြန်လည်ပြုပြင်နိုင်မှု - ရေမဝင်သည့်အပြင် ပေါက်ပြဲပါက မှိုအစေ့အဆန်သစ် တင်ပေးရုံဖြင့် အထည်အသစ် ပြန်လည်ထွက်ရှိ (ပြုပြင်) နိုင်။
စိတ်ကြိုက်ဖန်တီးနိုင်မှု - အဏုဇီဝသက်ရှိများကို အသုံးပြု၍ အရောင်နှင့် UV ကာကွယ်မှုများ စိတ်ကြိုက်ထည့်သွင်းနိုင်။
အနာဂတ်မျှော်လင့်ချက် - အဝတ်အထည်များကို စွန့်ပစ်မည့်အစား စိုက်ပျိုး၊ ပြုပြင်၊ မြေဆွေးပြုလုပ်နိုင်မည့် လမ်းစဖြစ်လာ။
The image is AI-generated
https://t.me/phoehmann007
#ဖိုးမှန်
4 342
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာ ၂ဝ၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားတက်ရောက်သည်။
https://t.me/phoehmann007
#ဖိုးမှန်
4 342
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)နှင့် အမျိုးသားပြတိုက်(ရန်ကုန်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး
https://t.me/phoehmann007
#ဖိုးမှန်
4 342
+9
🎖 အောင်ပွဲရ တပ်မ (၅၅) စစ်သည်တော်များ ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာမှုကို သောင်းသောင်းဖြဖြ ကြိုဆို
"အကြမ်းဖက်ချေမှုန်းရေး တာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ကြသည့် တပ်မ (၅၅) မှ တပ်မတော်သားများ ဇာတိမြေသို့ အောင်ပွဲခံ၍ ပြန်လည်ရောက်ရှိလာ..."📌 အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သား မိသားစုဝင်များနှင့် ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြ #ဖိုးမှန် #Myanmar #Tatmadaw #Division55 #EasternCommand #LocalNews
4 342
+3
🩺 မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးနေမှုများကို ကြည့်ရှုအားပေး
📌 မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ၃၉ ဦးကို အခမဲ့ အောင်မြင်စွာ ခွဲစိတ်ကုသပေးနေမှုကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်၊၊
🔹 ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လူနာများနှင့် မိဘများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အာဟာရစာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကုသပေးနေသည့် အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ကာ ကျန်ရှိသောလူနာများကိုလည်း ဆက်လက်ကုသပေးသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်၊၊🏥
#ဖိုးမှန်
#Myanmar #Magway #HealthCare #LocalNews
4 342
ကံမမြို့နယ်တွင် တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁,၀၄၁ သိန်း ထုတ်ချေးပေး
📌 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့ (ဇူလိုင် ၂၇ ရက်) နံနက်ပိုင်းက စပယ်ခြုံကျေးရွာအုပ်စုရှိ တောင်သူ ၁၂၂ ဦး၏ မိုးစပါးစိုက်ဧက ၃၄၇ ဧကအတွက် ကျပ် ၁,၀၄၁ သိန်းကို ထုတ်ပေးခဲ့ကြောင်း သိရပါတယ်၊၊
🔹 ကံမမြို့နယ်၌ စုစုပေါင်း ငွေကျပ် ၅၀,၅၀၀ သိန်း ထုတ်ချေးပေးရန် လျာထားပြီး မိုးစပါးတစ်ဧကလျှင် ၃ သိန်းကျပ်နှင့် အခြားသီးနှံ (မြေပဲ၊ နှမ်း) တစ်ဧကလျှင် ၂ သိန်း ၅ သောင်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဘဏ်မန်နေဂျာထံမှ သိရပါတယ်၊၊
#ဖိုးမှန်
#Myanmar #Magway #Thayet #Kanma #AgricultureLoan #LocalNews
4 342
Repost from ပျိုမေVlog
🌟အနာဂတ်ကြယ်ပွင့်တို့ တောက်ပရာတက္ကသိုလ်မြေ Part - 2🌟
💙အခု အချိန်ဆို ပျိုမေတို့ ပရိသတ်များထဲက Grade 12 ကျောင်းသား/ကျောင်းသူလေးတွေ ဘယ်တက္ကသိုလ်တက်ရမလဲ ခေါင်းစားနေကြမယ်ထင်တယ်နော်🫣
💙ဒါဆို ဘာမှ မပူနဲ့တော့ အကောင်းတကာ့ အကောင်းဆုံး တက္ကသိုလ်တွေအကြောင်း ပျိုမေတို့က စုစည်းတင်ဆက်ပေးထားတာမို့ ဝင်သာကြည့်လိုက်တော့နော်😘✨
❤️Video လေးကို သဘောကျရင် Like, share & Subscribe လုပ်ပေးဖို့လဲ မမေ့ပါနဲ့ဦးနော်❤️
#တက္ကသိုလ် #Grade12 #တပ်မတော် #pyomayvlog
4 342
Repost from ပျိုမေVlog
🌟အနာဂတ်ကြယ်ပွင့်တို့ တောက်ပရာတက္ကသိုလ်မြေ Part - 1🌟
💙အခု အချိန်ဆို ပျိုမေတို့ ပရိသတ်များထဲက Grade 12 ကျောင်းသား/ကျောင်းသူလေးတွေ ဘယ်တက္ကသိုလ်တက်ရမလဲ ခေါင်းစားနေကြမယ်ထင်တယ်နော်🫣
💙ဒါဆို ဘာမှ မပူနဲ့တော့ အကောင်းတကာ့ အကောင်းဆုံး တက္ကသိုလ်တွေအကြောင်း ပျိုမေတို့က စုစည်းတင်ဆက်ပေးထားတာမို့ ဝင်သာကြည့်လိုက်တော့နော်😘✨
❤️Video လေးကို သဘောကျရင် Like, share & Subscribe လုပ်ပေးဖို့လဲ မမေ့ပါနဲ့ဦးနော်❤️
On Tiktok😘👇
https://vt.tiktok.com/ZSXGEwYbv/
#တက္ကသိုလ် #Grade12 #တပ်မတော် #pyomayvlog
4 342
+5
မိုးလေဝသ အကျဉ်းချုပ် (ဇူလိုင် ၂၇ ရက်)
🌀 မုန်တိုင်းနှင့် မိုးအခြေအနေ ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်သည် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိကာ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်တွင် ဗဟိုပြုနေပါသည်။ အားကောင်းသော မုတ်သုံလေကြောင့် ရခိုင်တွင် ဒေသအလိုက် မိုးကြီးနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နှင့် မွန်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (နောက် ၂ ရက်အထိ မိုးဆက်လက် ပိုနေမည်)
🌊 ပင်လယ်ပြင်နှင့် ဘေးအန္တရာယ် သတိပေးချက် ကမ်းရိုးတန်းတစ်လျှောက် လေတိုက်နှုန်း မိုင် ၃၀ မှ ၃၅ မိုင်အထိ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးမည် (လှိုင်းအမြင့် ၈ မှ ၁၂ ပေ)။ မိုးတိမ်တောင်များကြောင့် လေပြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရုတ်တရက် ရေကြီး/မြေပြိုမှုများကို အထူးသတိပြုရန် လိုအပ်ပါသည်။
🏙 မြို့ကြီးများ နေပြည်တော်နှင့် ရန်ကုန်တွင် မိုး (၁) ကြိမ် သို့မဟုတ် (၂) ကြိမ် ရွာမည်ဖြစ်ပြီး၊ မန္တလေးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမည်။
https://t.me/phoehmann007
#ဖိုးမှန်
4 342
+9
📰 ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနား ကျင်းပ
📌 နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်ဖြစ်သည့် ဝဇီရာကဇာတ်ရုံကို မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းမွမ်းမံကာ အဆင့်မြှင့်တင်ထားသည့် "ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ" ဖွင့်ပွဲအခမ်းအနားကို ယနေ့ (ဇူလိုင် ၂၇ ရက်) က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်၊၊
🔹 အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အဆင့်မြင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အပြင် ရုပ်ရှင်၊ သဘင်၊ ဂီတအစည်းအရုံးများမှ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်၊၊
🔹 ထိုသို့ဖွင့်လှစ်ရာတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ကဇာတ်ရုံကို မူလလက်ရာမပျက် ယခုကဲ့သို့ နိုင်ငံတကာအဆင့်မီ အောင်မြင်စွာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်၊၊
#ဖိုးမှန်
#Myanmar #Yangon #WaziraTheater #Culture #LocalNews
4 342
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
https://t.me/phoehmann007
#ဖိုးမှန်
