ဖိုးမှန်
رفتن به کانال در Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
4 357
مشترکین
-4824 ساعت
-2827 روز
-56930 روز
آرشیو پست ها
4 342
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
https://t.me/phoehmann007
#ဖိုးမှန်
4 342
🚨 မော်တော်ယာဉ်မောင်းနှင်သူသည် မိမိရှေ့မှယာဉ်ကို ကျော်တက်လိုပါက သတိပြုရမည့်အချက်များ🚨
https://t.me/phoehmann007
#ဖိုးမှန်
4 342
ရာသီဥတုအကြောင်းပြ ကမ်းနီးဒေသအတွင်း ငါးပုဇွန်ဖမ်းဆီးပါက အရေးယူမည်...
https://t.me/phoehmann007
#ဖိုးမှန်
4 342
သဘာဝအလှအပကို ခံစားရင်း စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်ဖြတ်လိုသူများအတွက်....
https://t.me/phoehmann007
#ဖိုးမှန်
4 342
+8
ယနေ့ မိုးလေဝသ အခြေအနေ
☁️⛅️🌧☔️⛈🌦
🚨 သံလွင်မြစ်ရေ ဘားအံမြို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်။
☔️ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်။
https://t.me/phoehmann007
#ဖိုးမှန်
4 342
လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီပြေးဆွဲသည့် YBS ယာဉ် ၁၀ စီးကို ရာသက်ပန် CNG ဖြည့်သွင်းခွင့် ပိတ်သိမ်း
🔹 ပြည်သူများ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေစေရန် YBS များနှင့် Taxi များကို သဘာဝဓာတ်ငွေ့ (CNG) တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ဦးစားပေး ရောင်းချပေးလျက်ရှိပြီး အဆိုပါဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက လွန်စွာသက်သာမှုရှိသည့်အပြင် အာရှနိုင်ငံများထဲတွင် ဈေးနှုန်းအချိုသာဆုံး ဖြစ်ပါတယ်၊၊
📌 သို့သော် အချို့ YBS ယာဉ်များသည် သတ်မှတ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီပြေးဆွဲနေသည့် YBS ယာဉ် ၁၀ စီးကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းအရေးယူခဲ့ကြောင်း သိရပါတယ်၊၊
🔹 အဆိုပါယာဉ် ၁၀ စီး၏ နံပါတ်များကို CNG ဆိုင်များအားလုံးတွင် ကြေညာထားမည်ဖြစ်ပြီး အခြားယာဉ်များသို့ တရားမဝင်ရောင်းချခြင်းနှင့် လမ်းကြောင်းလွဲပြေးဆွဲမှုများကို ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရပါတယ်၊၊
#ဖိုးမှန်
#Myanmar #YBS #CNG #Yangon #LocalNews
4 342
🔎 "အမြင်တာ (Visibility)" ဆိုတာ ဘာလဲ?
👀 သင်္ဘော၊ လှေ၊ ရေယာဉ်ပေါ်မှ ရှေ့ဘက်ကို မျက်စိဖြင့် ရှင်းလင်းစွာ မြင်နိုင်သည့် အကွာအဝေး။ ယခု ခန့်မှန်းချက်အရ အမြင်တာမှာ ပုံမှန်အခြေအနေတွင် ၃ မိုင်ခန့်ရှိနိုင်ပြီး မိုးရွာနေစဉ် မိုင်ဝက်ခန့်သာ မြင်နိုင်မယ်လို့ ဆိုလိုတာပါ။
📍 ဘာကြောင့် အရေးကြီးတာလဲ။
အမြင်တာ နည်းသွားရင်—
⚠️ အခြားသင်္ဘော၊ လှေတွေကို နောက်ကျမှ မြင်ရနိုင်တယ်။
⚠️ ကျွန်း၊ ကျောက်ဆောင်၊ ရေယာဉ်လမ်းကြောင်း အမှတ်အသားတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။
🚢 ရေယာဉ်တိုက်မှုနှင့် ရေကြောင်းအန္တရာယ် ပိုမိုမြင့်မားလာနိုင်ပါတယ်။
⚠️ ရေဒါ (Radar)၊ GPS စတဲ့ လမ်းညွှန်ကိရိယာတွေကို ပိုမိုအားကိုးအသုံးပြုရတယ်။
https://t.me/phoehmann007
#ဖိုးမှန်
4 342
တပ်မတော်ဆေးတက္ကသိုလ်(အမျိုးသား/အမျိုးသမီး) ဗိုလ်လောင်းများခေါ်ယူခြင်း
❤️🇲🇲🕊👩⚕️👨⚕️
https://t.me/phoehmann007
#ဖိုးမှန်
4 342
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် (ဇူလိုင် ၂၆ ရက်၊ နံနက် ၁၀:၃၀ နာရီ)
🌀 လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေအခြေအနေ: ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၂ ရက်အတွင်း ပိုမိုအားကောင်းလာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။
⚓️ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်:
မိုးလေဝသ: နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
ရေပြင်လေနှင့် လှိုင်း: အနောက် (သို့) အနောက်တောင်လေ တစ်နာရီ ၁၅-၂၀ မိုင် (တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ အထိ) တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ပါသည်။ (လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်)
အမြင်တာ: ၃ မိုင် (မိုးရွာစဉ် မိုင်ဝက်ခန့်)။
⚓️ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်:
မိုးလေဝသ: နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
ရေပြင်လေနှင့် လှိုင်း: တောင် (သို့) အနောက်တောင်လေ တစ်နာရီ ၁၅-၂၀ မိုင် (တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ အထိ) တိုက်ခတ်ပြီး လှိုင်းကြီးနိုင်ပါသည်။ (လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်)
အမြင်တာ: ၃ မိုင် (မိုးရွာစဉ် မိုင်ဝက်ခန့်)။
Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#ဖိုးမှန်
4 342
+1
မိုးကြီးမည့် သတိပေးချက် အကျဉ်းချုပ် (ဇူလိုင် ၂၆ ရက်၊ နံနက် ၈ နာရီ)
⛈မိုးကြီးနိုင်သော ဒေသများ: ယနေ့နံနက်မှ ဩဂုတ်လ ၃ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း(အထက်ပိုင်း)၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
🌧သတိပြုရန် (သဘာဝဘေးအန္တရာယ်): မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ငယ်/ချောင်းငယ်များအနီး နေထိုင်သူများ၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေယာဉ်/သင်္ဘောများ ကြိုတင်သတိပြုရန် လိုအပ်ပါသည်။
🌊မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုတ်သုံလေ အားကောင်းလာနိုင်ခြင်းနှင့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် တစ်ခါတစ်ရံ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးမည်။ (လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ မှ ၃၅ မိုင်အထိ၊ လှိုင်းအမြင့် ၉ ပေ မှ ၁၁ ပေခန့် ရှိနိုင်ပါသည်)
#ဖိုးမှန်
4 342
+1
မိုးလေဝသ သတင်းအကျဉ်းချုပ် (ဇူလိုင် ၂၆ ရက်၊ နံနက် ၇:၀၀ နာရီ)
⛈မိုးကြီးနိုင်သော ဒေသများ: ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ မွန်၊ ရခိုင်နှင့် ရှမ်း(တောင်ပိုင်း/အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (နောက် ၂ ရက်တွင် ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့တွင် မိုးပိုလာနိုင်ပါသည်)
🌧သတိပြုရန် (မိုးတိမ်တောင်): စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊ ရခိုင်နှင့် ရှမ်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
🌊မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုတ်သုံလေ အားကောင်းပြီး ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျကာ လှိုင်းကြီးနိုင်ပါသည်။ (လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ အထိ၊ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်)
🏙မြို့ကြီးများ: နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ပါသည်။ (ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်)
#ဖိုးမှန်
4 342
+8
ကမ်းလင့်လို့ကြိုဆို သူရဲကောင်းတို့ အိမ်အပြန်ခရီးကို
📌 ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ဇူလိုင် ၂၅ ရက် နေ့လယ်ပိုင်းက ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပခဲ့၊၊
🔹 အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများနှင့် ဆရာ၊ ဆရာမများက ရှေ့တန်းပြန်တပ်မတော်သားများကို အောင်သပြေပန်းများကမ်း၍ ပန်းကုံးစွပ်ကာ အိုးစည်ဒိုးပတ်၊ အကအခုန်များဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရှိရပါတယ်၊၊
#ဖိုးမှန်
#Myanmar #ShanState #Hsihseng #Tatmadaw #LocalNews
