fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဖိုးမှန်

ဖိုးမှန်

رفتن به کانال در Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
4 703
مشترکین
-1124 ساعت
-507 روز
-30630 روز
آرشیو پست ها
နေပြည်တော်၊ အောက်တိုဘာ ၆ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် တာဝန်ဖြစ်သည့်အတွက် ပြည်သူ့စစ်မ
နေပြည်တော်၊ အောက်တိုဘာ ၆ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် တာဝန်ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို စနစ်တကျဖြင့် အဆင့်အတန်းမီစွာ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ပြောကြား

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တိုက်ကြီးတပ်နယ်၊ အင်းတိုင်တပ်နယ်၊ ရဲ
+6
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တိုက်ကြီးတပ်နယ်၊ အင်းတိုင်တပ်နယ်၊ ရဲမွန်တပ်နယ်တို့ရှိ သင်တန်းကျောင်းများအား လှည့်လည်ကြည့်ရှု စစ်ဆေး။ အောက်တိုဘာလ- ၅ ရက်။

+5
အောက်တိုဘာ_၆_မြဝတီသတင်းစာ.pdf5.93 MB

လေယာဉ်လက်မှတ် ဈေးပိုပေးဝယ်ရပါက အထောက်အထားဖြင့် တိုင်ကြားနိုင်ကြောင်း DCA အသိပေး လေယာဉ်လက်မှတ်များကို သတ်မှတ်ဈေးနှုန်းထက် ပိုမ
လေယာဉ်လက်မှတ် ဈေးပိုပေးဝယ်ရပါက အထောက်အထားဖြင့် တိုင်ကြားနိုင်ကြောင်း DCA အသိပေး လေယာဉ်လက်မှတ်များကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုပေးဝယ်ခဲ့ရပါက တိကျသည့် အထောက်အထားများဖြင့် သက်ဆိုင်ရာလေကြောင်းလိုင်းများထံ တိုက်ရိုက်တိုင်ကြားနိုင်ပြီး ဈေးနှုန်းပိုမိုရောင်းချမှုများနှင့် လိမ်လည်ရောင်းချမှုများကို စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း လေကြောင်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DCA) က အသိပေးထားသည်။

ဂျာမနီထောက်လှမ်းရေးအဖွဲ အကြီးအကဲက ရုရှားဆင်နွှသည့် လျှိဝှက်စစ်ပွဲ အရှိန်မြင့်တက်လာသည်ဟု သတိပေး မော်စကိုက ညွှန်ကြားသည့် ပေါင်း
ဂျာမနီထောက်လှမ်းရေးအဖွဲ အကြီးအကဲက ရုရှားဆင်နွှသည့် လျှိဝှက်စစ်ပွဲ အရှိန်မြင့်တက်လာသည်ဟု သတိပေး မော်စကိုက ညွှန်ကြားသည့် ပေါင်းစပ်တိုက်ခိုက်မှုများ မြင့်တက်လာသောကြောင့် ဂျာမနီသည် ရုရှားနှင့်ဖြစ်ပွားသည့် ပဋိပက္ခထဲဆွဲသွင်းခံရမည့် အန္တရာယ်ရှိနေသည်ဟု ဂျာမနီ၏ပြည်ပထောက်လှမ်းရေးအကြီးအကဲက အောက်တိုဘာ ၅ ရက်တွင် သတိပေးခဲ့သည်။

Flydubai တွဲဖက်လေယာဉ်မှူးက ယခင်ကလည်း တဲလ်အဗစ်သိုသွားမည့် လေယာဉ်ကို ပြန်ပေးဆွဲရန် ရည်ရွယ်ခဲ့ပြီး နောက်မှ စိတ်ပြောင်းသွားဟုဆို
Flydubai တွဲဖက်လေယာဉ်မှူးက ယခင်ကလည်း တဲလ်အဗစ်သိုသွားမည့် လေယာဉ်ကို ပြန်ပေးဆွဲရန် ရည်ရွယ်ခဲ့ပြီး နောက်မှ စိတ်ပြောင်းသွားဟုဆို Flydubai လေယာဉ်ကို ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့သူဟု စွပ်စွဲခံထားရသည့် အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူးက ယခင်ကလည်း တဲလ်အဗစ်မြိုသို ပျံသန်းမည့် လေယာဉ်တစ်စင်းကို ပြန်ပေးဆွဲကာ ပျက်ကျစေရန် ရည်ရွယ်ခဲ့ပြီး နောက်မှ လေယာဉ်ပေါ်တွင် မိမိနှင့်သိကျွမ်းသူတစ်ဦး လိုက်ပါလာသည်ကို သိရသဖြင့် စိတ်ပြောင်းသွားခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများကို ထုတ်ပြောခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြိုနယ် နားလုံကျေးအနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၈၇ ဦးကို လုပ်ငန်းသုံးပစ္စည်း
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြိုနယ် နားလုံကျေးအနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၈၇ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီး

ရန်ကုန်-ပြည်ကားလမ်းတွင် ဆီဘောက်ဆာကားနှင့် စပါးများတင်လာသည့် (၆)ဘီးကား မျက်နှာချင်းဆိုင်တိုက် (၃)ဦးဒ-ဏ်ရာရ ပဲခူးတိုင်း၊ အုတ်ဖ
ရန်ကုန်-ပြည်ကားလမ်းတွင် ဆီဘောက်ဆာကားနှင့် စပါးများတင်လာသည့် (၆)ဘီးကား မျက်နှာချင်းဆိုင်တိုက် (၃)ဦးဒ-ဏ်ရာရ ပဲခူးတိုင်း၊ အုတ်ဖိုမြိုနယ်ရှိ ရန်ကုန်-ပြည်သွားကားလမ်းတွင် ဆီဘောက်ဆာကားနှင့် စပါးများတင်လာသည့် (၆)ဘီးကားတို မျက်နှာချင်းဆိုင်တို-က်မိခဲ့မှု ယနေ့ အောက်တိုဘာ ၅ ရက်ညနေ ၄ နာရီခွဲကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ကားနှစ်စီးသည် အုတ်ဖိုမြိုနယ်၊ ရန်ကုန်-ပြည်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၁၈/၂ တွင် မျက်နှာချင်းဆိုင်တို-က်မိခဲ့ခြင်းဖြစ်ကာ အုတ်ဖိုမြိုနယ်မီးသတ်စခန်းမှတပ်ဖွဲဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ Noted: ဘယ်လိုစဉ်းစား စဉ်းစားလုံးဝ စဉ်းစားမရဘူး။ မျက်နှာချင်းဆိုင်တိုက်တယ်ဆိုတာကြီးက။ အဖြစ်နိုင်ဆုံးကတော့ မင်းမတိန်းရင် ငါလည်းမတိန်းဘူးကွာဆိုပြီး လမ်းဖယ်မပေးပဲ မောင်းလို့သာဖြစ်ဖို့များပါတယ်။ ကားကြီးမောင်းတဲ့သူတွေကြည့်ရင် ဉာဏ်နည်းသူကများပါတယ်။ လူတိုင်းကိုတော့ မဆိုလိုပါဘူး။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်
+3
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား နိုင်ငံတော်သမ္မတ က လိုအပ်သည်များလမ်းညွှန်မှာကြား မိုးရာသီကာလမတိုင်မီအထိ အယ်လ်နီညိုရာသီ ဥတုဒဏ်ကိုကျော်ဖြတ်နိုင်ရေးအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများထိန်းသိမ်းခြင်း၊ အပူရှောင်စခန်းများဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ရေများ စုဆောင်းခြင်း၊ မလိုလားအပ်ဘဲ ရေဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ခြင်း၊ကြာရှည်စွာအထားခံ စားသောက်၍ ရနိုင်သည်များကို စုဆောင်းထားရှိခြင်းနှင့် သီးနှံများကို တိုးချဲ့စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖြစ်အောင် စီမံဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်သွားကြရန်မှာကြားသည်။ ပြည်ပဈေးကွက်လိုအပ်ချက် မြင့်မားစွာ ရှိနေသည့်အတွက် နိုင်ငံ့စီးပွားရေးအားကောင်းလာနိုင်ရန် လိုအပ်နေသည်မှာ မှန်မှန်ကန်ကန်နှင့် ကြိုးကြိုးစားစား အလုပ်လုပ်ကြရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ က မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲများအနေဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ နိုင်ငံဖွ
+5
ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲများအနေဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ နိုင်ငံဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လုပ်ငန်းအသုံးစရိတ်များကို စနစ်တကျအကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲကြရန် နိုင်ငံတော်သမ္မတမှာကြား လယ်ယာကဏ္ဍမြှင့်တင်ရေးသည် နိုင်ငံ့စီးပွားတိုးတက်ရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတိုအတွက် အရေးကြီးသည့် ပထမခြေလှမ်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ နိုင်ငံတော်အနေဖြင့် အဓိကကျသည့်ကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတို့တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အလေးထား ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နိုင်ငံတော် ဘဏ္ဍာငွေများကိုနှစ်စဉ်တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်းဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားရာတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

ပြင်သစ်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ European Left Alliance ကို စုံစမ်းစစ်ဆေးရန် ECR ကြိုးပမ်း 𝙊𝘾𝙏~𝟓 ဥရောပပါလီမန်အတွင်းရှိ E
ပြင်သစ်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ European Left Alliance ကို စုံစမ်းစစ်ဆေးရန် ECR ကြိုးပမ်း 𝙊𝘾𝙏~𝟓 ဥရောပပါလီမန်အတွင်းရှိ European Conservatives and Reformists (ECR) အဖွဲက ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး European Left Alliance (ELA) ကို ဥရောပသမဂ္ဂရဲ့ နိုင်ငံရေးပါတီများဆိုင်ရာ စောင့်ကြည့်ရေးအဖွဲက စုံစမ်းစစ်ဆေးနိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရန် လက်မှတ်တွေ စုဆောင်းနေတယ်လို POLITICO က ဖော်ပြပါတယ်။

ဆေးပညာနဲ့ ဇီဝကမ္မဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို သိပ္ပံပညာရှင် ၃ ဦး ဆွတ်ခူး ဆွီဒင်နိုင်ငံ၊ ကာရိုလင်စကာ အင်စတီကျု (Karolinska Institu
ဆေးပညာနဲ့ ဇီဝကမ္မဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို သိပ္ပံပညာရှင် ၃ ဦး ဆွတ်ခူး ဆွီဒင်နိုင်ငံ၊ ကာရိုလင်စကာ အင်စတီကျု (Karolinska Institutet) ရဲ့ နိုဘယ်လ်ကော်မတီကနေ ၂၀၂၆ ခုနှစ်အတွက် ဆေးပညာနဲ့ ဇီဝကမ္မဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို သိပ္ပံပညာရှင် ၃ ဦးဖြစ်တဲ့ ကားလ် ဒိုင်စရော့ (Karl Deisseroth)၊ ပီတာ ဟက်ဂ်မန်း (Peter Hegemann) နဲ့ ဂေါ့ဂျ် နာဂယ်လ် (Georg Nagel) တိုကို ချီးမြှင့်လိုက်ပါတယ်။ သူတို ၃ ဦးဟာ "အလင်းနဲ့ ထိန်းချုပ်နိုင်တဲ့ အိုင်းယွန်း လမ်းကြောင်းတွေ (light-gated ion channels) နဲ့ အော့ပ်တိုဂျင်နက်တစ် (optogenetics) နည်းပညာကို ရှာဖွေတွေ့ရှိခဲ့တာ" ကြောင့် အခုလို ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂညီလာခံ လာတက်သည့် အီရန်ကိုယ်စားလှယ်အဖွဲဝင် နှစ်ဦးကို အမေရိကန်က နှင်ထုတ် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့သည့် အီရန်ကိ
ကုလသမဂ္ဂညီလာခံ လာတက်သည့် အီရန်ကိုယ်စားလှယ်အဖွဲဝင် နှစ်ဦးကို အမေရိကန်က နှင်ထုတ် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့သည့် အီရန်ကိုယ်စားလှယ်အဖွဲဝင် နှစ်ဦးသည် အမေရိကန်နိုင်ငံမှ ထွက်ခွာရန် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိသဖြင့် ၎င်းတိုကို နှင်ထုတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။ “ကုလသမဂ္ဂ အထွေထွေညီလာခံ ပြီးသွားပြီးတဲ့နောက် အချိန်အတော်ကြာသည်အထိ နယူးယောက်မှာ ဆက်လက်ရှိနေတဲ့ အီရန်ကိုယ်စားလှယ်အဖွဲဝင် နှစ်ဦးကို အမေရိကန်နိုင်ငံကနေ နှင်ထုတ်လိုက်ပါပြီ” ဟု အမေရိကန်အရာရှိတစ်ဦးက AFP သတင်းဌာနကို ပြောသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထိုကိစ္စကို အလေးအနက်ထား ဆောင်ရွက်နေကြောင်းလည်း ၎င်းအရာရှိကပြောသည်။

ချွန်ဘူရီကမ်းခြေမှာ မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံးလျက်တွေ့ 𝙊𝘾𝙏~𝟓 ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဆတ္တဟိပ်မြိုနယ်ရှ
ချွန်ဘူရီကမ်းခြေမှာ မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံးလျက်တွေ့ 𝙊𝘾𝙏~𝟓 ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဆတ္တဟိပ်မြိုနယ်ရှိ တာဝန်ရွန်ကမ်းခြေမှာ အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတစ်ဦးကို အောက်တိုဘာ ၂ ရက်က သေဆုံးလျက်တွေ့ရှိခဲ့တယ်လို ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ သေဆုံးသူဟာ အနီးနားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်သူဖြစ်ပြီး ကမ်းခြေမှာထိုင်ကာ အရက်သောက်လေ့ရှိသူတစ်ဦးဖြစ်တယ်လို ရဲတပ်ဖွဲက ပြောပါတယ်။

မြန်မာ - ဂူအမ် အစဉ်အလာကို ပြန်လည်ပြသခဲ့တဲ့ မြန်မာ (ယူ-၁၇) အမျိုးသမီးအသင်း ယနေ့ အမျိုးသမီး (ယူ-၁၇)ပွဲစဉ်မှာ မြန်မာအမျိုးသမီးအသ
မြန်မာ - ဂူအမ် အစဉ်အလာကို ပြန်လည်ပြသခဲ့တဲ့ မြန်မာ (ယူ-၁၇) အမျိုးသမီးအသင်း ယနေ့ အမျိုးသမီး (ယူ-၁၇)ပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းဟာ အစဉ်အလာအားဖြင့် မြန်မာ - ဂူအမ် ပွဲစဉ်တွေမှာ မြင်တွေ့နေကျ ဖြစ်တဲ့ ဂိုးအရေအတွက်များစွာနဲ့ ပြန်လည်အနိုင်ယူပြခဲ့ပါတယ်။ မြန်မာလက်ရွေးစင်အသင်းကြီးတွေမှာ ယခင်က ဂူအမ်ကို ဂိုးအရေအတွက်များများ ဂိုးပြတ်အနိုင်ယူခဲ့တာတွေ ရှိပေမယ့် နောက်ပိုင်းမှာတော့ ဂိုးပြတ်အနိုင်ရရှိမှု နည်းပါးသွားခဲ့ပါတယ်။ ဒီနေ့မှာတော့ ယူ-၁၇ အမျိုးသမီးများက ဒီအစဉ်အလာကို ပြန်လည်ဖော်ထုတ် ပြသနိုင်ခဲ့ပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုအပိုင်းမှာ ဂူအမ် က သာတယ်လို ထင်ရပေမယ့် အကောင်သေးသေး မာမာစွာစွာ မြန်မာ(ယူ-၁၇) သမီးပျိုလေးများဟာ ဂူအမ်ကို ပြတ်ပြတ်သားသား (မြန်မာ ၉ - ၀ ဂူအမ်) အနိုင်ရယူပေးခဲ့ပါတယ်။

မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း တည်ထောင်သူ အသက်(၉၀)နှစ်ရှိသည့် ဂုဏ်ထူးဆောင်နာယက ဆရာကြီး ဒေါက်တာဦးသိန်း ယနေ့ ကွယ်လွန် ရန်ကုန်၊ အေ
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း တည်ထောင်သူ အသက်(၉၀)နှစ်ရှိသည့် ဂုဏ်ထူးဆောင်နာယက ဆရာကြီး ဒေါက်တာဦးသိန်း ယနေ့ ကွယ်လွန် ရန်ကုန်၊ အောက်တိုဘာ ၅ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း တည်ထောင်သူဖြစ်ပြီး အသက် ၉၀နှစ်အရွယ်ရှိသည့် ဂုဏ်ထူးဆောင်နာယက ဆရာကြီး ပါမောက္ခ‌ဒေါက်တာဦးသိန်း(ရန်ကုန်တက္ကသိုလ် ဘူမိဒေဌာန ပါမောက္ခ(ငြိမ်း) သည် ယနေ့ အောက်တိုဘာ ၅ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးမည် ၂၀၂၆ ခုနှစ် ဆောင်းရာသီတွင် သီးထပ်စိုက်ပျိုးမည့်
သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးမည် ၂၀၂၆ ခုနှစ် ဆောင်းရာသီတွင် သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က အသိပေးထားသည်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မိုး၊ ဆောင်းနှင့် မိုးကြိုရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်နှုန်းထားထက် ပျမ်းမျှနှစ်ဆတိုးမြှင့်၍ ထုတ်ချေးပေးလျက်ရှိသည်။

DEMU ရထား လက်မှတ်ကုန်သည်အထိ ခရီးသည်စီးနင်းမှုများပြားနေ ရန်ကုန်–နေပြည်တော်–မန္တလေး ရထားလမ်းပိုင်းတွင် ခေတ်မီလေအေးပေးစက်ပါ DEM
DEMU ရထား လက်မှတ်ကုန်သည်အထိ ခရီးသည်စီးနင်းမှုများပြားနေ ရန်ကုန်–နေပြည်တော်–မန္တလေး ရထားလမ်းပိုင်းတွင် ခေတ်မီလေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများကို လက်မှတ်ကုန်သည်အထိ ခရီးသည်များ စီးနင်းမှုများပြားလာကြောင်း သိရသည်။ ထိုကြောင့် မြန်မာ့မီးရထားအနေဖြင့် ရထားပြေးဆွဲမှုများ တိုးချဲ့ဆောင်ရွက်ထားပြီး ခရီးသွားပြည်သူများအနေဖြင့် လက်မှတ်များကို ကြိုတင်ဝယ်ယူရန် လိုအပ်လျက်ရှိကြောင်း သိရသည်။ " ရထားလက်မှတ်ကအွန်လိုင်းကနေတောင်တော်တော်နဲ့ဝယ်မရတာများတယ်။ လက်မှတ်ကုန်တာမြန်တယ်။ သူကစီးရတာလည်းအဆင်ပြေတယ်။ အချိန်ကလည်း မှန်တော့ ကားထက်ပိုအဆင်ပြေတယ်။ လက်မှတ်ကိုတော့ သတ်မှတ်ရက်ထက်ကြိုဖြတ်ဖိုလိုတယ်" ဟု ရထားစီးခရီးသည်တစ်ဦးကပြောသည်။

အီရန်နိုင်ငံမှာ အရပ်ဘက်သုံး နျူကလီးယား အစီအစဉ် လုပ်ဆောင်ဖို 'တရားဝင် အခွင့်အရေး' ရှိတယ်လို တရုတ်ကိုယ်စားလှယ်ပြောကြား နျူကလီးယ
အီရန်နိုင်ငံမှာ အရပ်ဘက်သုံး နျူကလီးယား အစီအစဉ် လုပ်ဆောင်ဖို 'တရားဝင် အခွင့်အရေး' ရှိတယ်လို တရုတ်ကိုယ်စားလှယ်ပြောကြား နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်(NPT) မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် အီရန်နိုင်ငံအနေနဲ့ ငြိမ်းချမ်းတဲ့ နျူကလီးယား အစီအစဉ်တစ်ခု လုပ်ဆောင်ခွင့်ရှိတယ်လို ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံရဲ့ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ကြာသပတေးနေ့က ကျင်းပတဲ့ အထွေထွေညီလာခံမှာကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံရဲ့ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဆွန်လိုင်(Sun Lei)က အခုလို ပြောကြားခဲ့တာပါ။

ပုဂံဒေသ၌ သီတင်းကျွတ်ရုံးပိတ်ရက်အတွက် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၈၈ လုံး အခန်းကြိုတင်မှာယူမှု ပြည့်သွားပြီ မန္တလေးတိုင်းဒေသကြီး
ပုဂံဒေသ၌ သီတင်းကျွတ်ရုံးပိတ်ရက်အတွက် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၈၈ လုံး အခန်းကြိုတင်မှာယူမှု ပြည့်သွားပြီ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို သီတင်းကျွတ်ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်အတွင်း လာရောက်မည့် ဘုရားဖူးခရီးသွားများ၏ ကြိုတင်အခန်းမှာယူမှုများကြောင့် အောက်တိုဘာ ၂၄ ရက်မှစတင်၍ ဒေသတွင်းရှိ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ ၈၈ လုံးတွင် အခန်းကြိုတင်မှာယူမှု ပြည့်သွားပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။